သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, March 30, 2011

နအဖ စစ်ကောင်စီ ဖျက်သိမ်း၊ အစိုးရသစ်ဖွဲ့

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရအဖွဲ့ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း MRTV-4 ရုပ်သံ မှ ယနေ့ နေ့လယ်ပိုင်းက ကြေညာသည်။


နိုင်ငံ့ဥသျှောင် အဖွဲ့တွင်ပါဝင်မည့် ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး
သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်းလိုက်ကြောင်း၊ အာဏာလွှဲပြောင်းလိုက်ချိန်မှစ၍ နအဖ အစိုးရအဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး ဖြစ်ကြောင်း ကြေ ညာသွားသည်။

အစိုးရသစ်အဖွဲ့တွင် ဗိုလ်ချုပ်လှမင်း ကို ကာကွယ်ရေးဝန်ကြီး၊ ဒု ဗိုလ်ချုပ်ကြီး ဦးကိုကိုအား ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်ချုပ် သိန်းဌေး ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် အမျိုးသားစက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဦးဝဏ္ဏမောင်လွင်အား နိုင်ငံခြားရေးဝန်ကြီး စသည်တို့ကို သမ္မတသစ် ဦးသိန်းစိန်၏ အမိန့်ဖြင့် ခန့်အပ်ကြောင်း
ကြေညာချက်၌ ပါရှိသည်။

ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် အဖွဲ့တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးများ အားလုံးနီးပါးသည် ယခင်ဌာန၌ပင် ၀န်ကြီးနေရာကို ပြန်လည် ခန့်ထားသည်ကိုတွေ့ရပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား ယာဉ်ကျေးမှု ၀န်ကြီးဌာနကိုပါ ပူးတွဲခန့်ထားသည်။

ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာထွန်းရှင်နှင့် ပြည်ထောင်စု တရားသူကြီးချုပ် အဖြစ် ဦးထွန်းထွန်းဦး တို့ကိုခန့်ထား သည်။

နအဖ အစိုးရ၏ အကြီးအကဲနေရာအား စွန့်လွှတ်ကာ သမ္မတသစ်ကို အာဏာလွှဲပေးလိုက်ပြီး ကာကွယ်ရေးစီးချုပ်ရာထူးကို လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် သမ္မတ အစိုးရသစ် လက်ထက်တွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟူသည်ကို စိတ်ဝင်စားမှုများ ရှိနေကြသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအဖွဲ့ နိုင်ငံ့ဥသျှောင် အဖွဲ့ကို ဖေဖော်ဝါရီလ အတွင်း ကပင် ဖွဲ့ထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့မှ တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည်ဖြစ်ကြောင်း၊ အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်း၏ ပြော ဆိုချက်အရ သိရသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်ကြောင်းလည်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

Tuesday, March 29, 2011

theory မှသည်practical သို.

ယနေ.ကျွန်တော်တို.onlineနိုင်ငံရေးဆွေးနွေးပွဲများ၊စကားဝိုင်းများအားရကျေနပ်ဖွယ်ကောင်း
လှတာကိုတွေ.လာရပါသည်၊ဘာပဲပြောပြောနိုင်ငံရေးကိုစိတ်ဝင်စားသောလူငယ်တွေကို
အများအပြားတွေ.ရတဲ.အတွက်ကျေနပ်ပါသည်၊
onlineပေါ်ဆိုတော.လူမျိုးစုံတွေ.ရပါသည်၊တချို.ကဘာသာရေးလိုင်း၊တချို.ကအနုပညာလိုင်း၊
တချို.ကဆောင်းပါးသီးသန်.၊တချို.ကနိုင်ငံရေးလိုင်း၊တချို.ကတော.အချစ်လိုင်းသီးသန်.၊
တချို.ကျတော.အသိပညာလိုင်း၊လိုင်းပေါင်းအစုံတွေ.နေရပါသည်၊ကိုယ်အားသန်ရာသန်ရာ
ဝါသနာတွေစုကြသည်.သဘောဖြစ်သည်။ကောင်းလှပါသည်၊

Monday, March 28, 2011

နိုင်ငံရေးသိပ္ပံ ဘာသာရပ်

နိုင်ငံရေးသိပ္ပံ ဘာသာကို မြန်မာနိုင်ငံမှာ လေ့လာသင်ကြားခွင့်မရပါဘူး။ ကိုလိုနီခေတ် ပညာရေးစနစ်မှာတုန်းကတော့ PS လို့ အင်္ဂလိပ်လို အတိုကောက်ခေါ်တဲ့ နိုင်ငံရေးသိပ္ပံဘာသာကို တက္ကသိုလ်ပညာရေးစနစ်မှာ ပြဌာန်းခဲ့တယ်လို့ ကြားသိဖူးပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်နေ
ဝင်း နိုင်ငံတော်အာဏာကို ရယူခဲ့ချိန်ကစပြီး ခေတ်အဆက်ဆက် အခြေခံအဆင့် ရော တက္ကသိုလ်အဆင့် ပညာရေး သင်ရိုးညွှန်းတမ်းမှာပါ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ပြဌာန်းခြင်း မရှိတော့ပါဘူး။ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို သင်ယူခွင့် မရရှိတာဟာ တိုင်းပြည်အတွက် အလွန် နစ်နာတယ်လို့ ယူဆမိပါတယ်။ နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ အတူ ဆက်နွယ်နေတဲ့ တခြားဘာသာရပ်တွေ - နိုင်ငံတကာဆက်ဆံရေး၊ ပြည်သူ့ ရေးရာ မူဝါဒ ဆိုင်ရာ ဘာသာရပ်တွေကို မြန်မာနိုင်ငံမှာ လေ့လာသင်ကြားခွင့်ရပေမယ့် နက်နက်နဲနဲ နှိုက်နှိုက်ချွတ်ချွတ် သင်ယူခွင့် မရတဲ့အတွက် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းမှာ တစ်ထောင့်တစ်နေရာက ပါ
ဝင်စွမ်းဆောင်နိုင်မယ့်၊ ခေတ်မှီဖွံ့ ဖြိုးတိုးတက်အောင်၊ လွတ်လပ်တဲ့၊ တရားမျှတတဲ့ နိုင်ငံတစ်ခုဖြစ်အောင် စွမ်းဆောင်နိုင်မယ့် အနာဂါတ် နိုင်ငံ့ခေါင်းဆောင်တွေ ကို မွေးထုတ်မပေးနိုင်ပါဘူး။

အဲ့ဒါကြောင့် နိုင်ငံရေးကို စိတ်ဝင်စားသူ၊ နိုင်ငံရေးဘာသာ နဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို စိတ်ဝင်စားသူတွေ အတွက် အကျိုးရှိရာရှိကြောင်းကို မျှော်ကိုးပြီး ဒီဘလော့ (ဂ်) စာစုလေးကို ဖန်တီးလိုက်ပါတယ်။ နိုင်ငံရေးသိပ္ပံ လို့ ခေါင်းစဉ်တပ်ထားပေမယ့် နိုင်ငံရေးသိပ္ပံဘာသာရပ် ကိုလေ့လာသူတိုင်း လေ့လာကြတဲ့ တစ်ခြားဆက်ဆပ်နေတဲ့ ဘာသာရပ်ဆိုင်ရာ အတွေးအခေါ်အယူအဆ၊ သဘောတရားများကို ပါတင်ပြသွားမှာ ဖြစ်ပါတယ်။

တတ်နိုင်သလောက် အမှားအယွင်းကင်းအောင် ကြိုးစားပြုစုထားပြီး အမှားအယွင်းများရှိခဲ့ရင် ဝေဖန်အကြံပြုနိုင်သလို
ဝင်ရောက်ဆွေးနွေးခြင်း အသိပညာဗဟုသုတများ ဖလှယ်ခြင်းများကို အမြဲတံခါးဖွင့် ကြိုဆိုနေပါတယ်။ ဒီပညာရပ်ကို စိတ်ဝင်စားတဲ့ လူကြီး၊ လူငယ်မရွေး၊ ပညာရပ် နယ်ပယ် အစုံက အတတ်ပညာရှင်၊ အသိပညာရှင်အားလုံးကို လည်းဝင်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်တိုက်တွန်းအပ်ပါတယ်

နိုင်ငံရေး ကို လေ့လာခြင်း

နိုင်ငံရေးသိပ္ပံ လို့ တိုက်ရိုက် နာမည်တပ်ပြီး သင်ကြားတဲ့ ဘာသာရပ်တွေ ရှိပေမယ့် နိုင်ငံရေး နှင့် သမိုင်း၊ ခေတ်ပြိုင်နိုင်ငံရေးသဘောတရားများ စသည်ဖြင့် နာမည်တွေ အမျိုးမျိုး ကွဲပြားပြီး တစ်ခြားဘာသာရပ်တွေ နဲ့ ယှဉ်တွဲပို့ ချတာမျိုးတွေရှိသလို ပင်မ နိုင်ငံရေးသိပ္ပံဘာသာရပ်ကြီးရဲ့ လက်အောက်က တစ်ခြားဘာသာခွဲတွေကို အထူးပြု သင်ကြားပို့ ချပေးတာကိုလည်း သတိထားမိကြပါလိမ့်မယ်။ ဒီနေ့ ဒီအချိန်အခါမှာတော့ တက္ကသိုလ်တွေအလိုက် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တွေကို အဆင့်ဆင့် သီးသန့် ခွဲခြားပြီး သင်ကြားပို့ ချနေတာကို တွေ့ နိုင်ပါတယ်။ နိုင်ငံရေး-ဒဿနိကဗေဒ၊ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးသီအိုရီများကို လေ့လာခြင်း စသည်ဖြင့် အမျိုးမျိုး ခွဲခြား-အထူးပြုပြီးသင်ယူနိုင်ပါတယ်။

နိုင်ငံရေးဘာသာရပ် ကြီးကို လေ့လာမယ်ဆိုရင် ဒီတစ်ခြား ဆက်စပ်ယှက်နွယ်နေတဲ့ ဘာသာရပ်တွေရဲ့ အခြေခံသဘောတရားတွေကိုပါ လေ့လာကြရပါတယ်။ နောက်မှ တဆင့်တက်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ ဘာသာရပ်တွေကို အထူးပြုလေ့လာကြပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ဘာသာခွဲတွေကို တိုက်ရိုက်လေ့လာသင်ယူ နိုင်ပေမယ့် ပင်မနိုင်ငံရေးဘာသာရပ်ကြီးရဲ့ အခြေခံသဘောတရားတွေကို ကောင်းကောင်းမကြေညက်ဘူးဆိုရင် လေ့လာသင်ယူတဲ့နေရာမှာ အခက်အခဲတွေရှိနိုင်ပါတယ်။

နိုင်ငံရေးကို ဘာသာရပ်တစ်ခုအနေနဲ့ လေ့လာရာမှာ ဒီဘာသာရပ်ကို သင်ကြားပို့ ချပေးတဲ့ တက္ကသိုလ် အတော်များများက ပြဌာန်းတဲ့ အခြေခံစာအုပ်တစ်အုပ်ကို ဘာသာပြန်ဆို တင်ပြချင်ပါတယ်။ ဒီစာအုပ် ကိုရေးသားပြုစုသူ ကိုယ်တိုင်က ဒီစာအုပ်ဟာ နိုင်ငံရေးဆိုင်ရာ မည်သည့်ဘာသာခွဲကို မဆိုလေ့လာသင်ယူနေကြတဲ့ ကျောင်းသားတွေအပြင် နိုင်ငံရေးဘာသာရပ်ကို စိတ်ဝင်စားသူ မည်သူမဆို လေ့လာဖတ်ရှုနိုင်အောင် ရည်ရွယ်ရေးသားထားပါတယ်လို့ ဆိုပါတယ်။

စာအုပ်ရဲ့ အမည်က "နိုင်ငံရေး" ဖြစ်ပြီး ရေးသားပြုစုသူကတော့ အင်ဒရူးဟေးဝု (ဒ်) ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက အရေးကြီးမယ်လို့ ထင်ရတဲ့ အကြောင်းအရာတွေကို ဘာသာပြန်ဆို တင်ပြသွားချင်ပါတယ်။ ဒါပေမယ့် ပထမဆုံး နိုင်ငံရေးသိပ္ပံ ကိုရှင်းလင်းဖွင့်ဆိုထားတဲ့ စာပုဒ်လေးတစ်ပုဒ်ကို အင်တာနက်မှာတွေ့ မိတာနဲ့ အဲ့ဒီစာစုလေးကို အရင်ဆုံးပြန်ဆိုပါရစေ။ နိုင်ငံရေးသိပ္ပံ ဆိုတဲ့ခေါင်းစဉ် နဲ့ အင်တာနက်စွယ်စုံကျမ်း ၀ီကီပေးဒီးယား မှာ ဖော်ပြထားတာလေးတစ်ခုပါ။

နိုင်ငံရေးသိပ္ပံ

နိုင်ငံရေးသိပ္ပံ ဆိုတာ နိုင်ငံရေးဆိုင်ရာ သီအိုရီတွေ၊ ကျင့်ထုံးတွေ စတာတွေ နဲ့ သက်ဆိုင်တဲ့ လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးစနစ်တွေ နဲ့ နိုင်ငံရေးဆိုင်ရာ အပြုအမူတွေကို ဝေဖန်သုံးသပ်တဲ့၊ ဖွင့်ဆိုရှင်းပြတဲ့ ဘာသာရပ် တစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံရးသိပ္ပံဘာသာရပ် ဟာ "ဘယ်သူ က ဘာ ကို ဘယ်အချိန်မှာ ဘယ်လို ရတယ်" ဆိုတဲ့ ("ဘာကြောင့်" ဆိုတဲ့ အကြောင်းအရင်းကို များသောအားဖြင့်ချန်လှပ်ထားတဲ့) နိုင်ငံရေး ရဲ့ ဝိဇ္ဇာ၊သိပ္ပံဆိုင်ရာ လက်တွေ့ ကျကျအသုံးချတဲ့ပညာရပ်တစ်ခုအဖြစ် မကြာခဏ ဖော်ပြခံရတယ်လို့ လဲဆိုကြပါတယ် (လက်စ်ဝဲလ်၊ ၁၉၃၅)။ နိုင်ငံရေးသိပ္ပံ ဘာသာရပ် မှာ နိုင်ငံရေးသီအိုရီ၊ ပြည်သူ့ ရေးရာမူဝါဒ၊ အမျိုးသားနိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးဆိုင်ရာ နှိုင်းယှဉ်လေ့လာမှု စသဖြင့် အမျိုးမျိုးကွဲပြားတဲ့ ဘာသာခွဲများစွာ ရှိပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ လေ့လာသုံးသပ်မှုဆိုင်ရာ နည်းပညာရပ်တွေ (လေ့လာသုံးသပ်တဲ့ ရှုဒေါင့်တွေ) အမျိုးမျိုးကွဲပြားခြားနားပါတယ်။ ဂန္တ၀င်မြောက် နိုင်ငံရေးဒဿနိကဗေဒ ကနေ အနက်ဖော်ဆောင်ရှင်းလင်းမှုဗေဒ၊ ဖွဲ့ တည်မှုဗေဒ၊ အပြူအမူဆိုင်ရာလေ့လာသုံးသပ်မှုဗေဒ၊ လက်တွေ့ ဝါဒ၊ ဗဟုဝုစ်ဗေဒ၊ အသင်းအဖွဲ့ ဝါဒ စသည်ဖြင့် လေ့လာသုံးသပ်တဲ့ ရှုဒေါင့်တွေ ကွဲပြားပါတယ်။ တစ်ခြား လူမှုရေးသိပ္ပံဘာသာရပ်တွေလိုပဲ မိမိ စူးစမ်းလေ့လာချင်တဲ့ အကြောင်းအရာအမျိုးအစား ကိုလိုက်ပြီး သက်ဆိုင်ရာ ချည်းကပ်နည်းတွေ၊ ရှုဒေါင့်တွေကို အသုံးပြုကြပါတယ်။ အခြေခံ အရင်းအမြစ်တွေဖြစ်တဲ့ သမိုင်းကြောင်းဆိုင်ရာ စာရွက်စာတမ်းတွေ၊ ရုံးပိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာတွေ နဲ့ ဆင့်ပွား အရင်းအမြစ်တွေ ဖြစ်တဲ့ ပညာရေးဆိုင်ရာ ဂျာနယ်မှာပါတဲ့ ဆောင်းပါးတွေ၊ သုတေသန စစ်တမ်းတွေ၊ စာရင်းအင်းဆိုင်ရာ ဝေဖန်သုံးသပ်မှုတွေ၊ အမှုကိစ္စ-အခြေအနေ၊ အကြောင်းအရာအလိုက် လေ့လာမှုတွေ နဲ့ စံနမူနာ တည်ဆောက်မှု စတာတွေ ကို နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ လေ့လာကြပါတယ်။

ဒါကတော့ အင်တာနက် စွယ်စုံကျမ်း ၀ီကီပေးဒီးယား မှာ "နိုင်ငံရေးသိပ္ပံ" ဆိုတဲ့ခေါင်းစဉ် နဲ့ ဖော်ပြထားတာထဲက ကောက်နှုတ်ထားတာပါ။ လွယ်လွယ် နဲ့ ရှင်းရှင်း ဖော်ပြထားတာကြောင့် ပြန်လည်ကူးယူ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ ပညာရပ်ဆိုင်ရာ သုတေသန တွေပြုလုပ်ပြီဆိုရင်တော့ တက္ကသိုလ်တွေက ပညာရှင်တွေ၊ ဆရာတွေက ၀ီကီပေးဒီးယား ကို ကိုးကားရည်ညွှန်းတာမျိုးကို သိပ်သဘောမတွေ့ ပါဘူး။ ၀ီကီပေးဒီးယား မှာ လေ့လာသူတွေ၊ တတ်ကျွမ်းသူတွေ၊ ပညာရှင်တွေ စသည်ဖြင့် လူအမျိုးမျိုး ၀င်ရောက်ရေးသားနိုင်ကြပြီးတော့ အယ်ဒီတာတွေက ပြန်လည်တည်းဖြတ်၊ ၀င်ရောက်ရေးသားသူတွေ ရဲ့ ရေးသားချက်တွေ မှန်မမှန် စစ်ဆေးကြပေမယ့် ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေ တရားဝင် သုတေသနပြူလုပ် ထုတ်ဝေထားတဲ့ စာအုပ်စာပေတွေ လောက်တော့ ကိုးကားရည်ညွှန်းဖို့ တန်းမ၀င်ဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးသိပ္ပံ ဆိုတာ ဘာလဲ ဆိုတာကို အခြခံ အနေနဲ့ နားလည်အောင် ပြန်လည်ဖော်ပြလိုက်တာပါ

မင်းလားကွမြန်မာ

၊ကျနော်လဲရေးမယ်ရေးမယ်နဲ.အားခဲထားတာတော.ကြာပါပြီ၊

သူများတိုင်းပြည်မှာနေရတာဆိုတော.အလုပ်ကလဲတဖက်နဲ.မို.နားရတယ်ကိုမရှိပါဘူး၊

အခြေအနေအကြောင်းအမျိုးမျိုးကြောင်.ပြည်ပကိုရောက်နေပေမယ်.အိမ်ကိုလွမ်းမိတာ

ကတော.အကြိမ်ကြိမ်ပါပဲ၊အိမ်ကိုပြန်ချင်တာကတော.အမှန်ပါ၊ဒါပေမဲ.အခြေအနေမပေး

သေးတာကြောင်.လဲမျိုသိတ်ကြိတ်မှိတ်ပြီးနေနေရတာပေါ.ဗျာ၊ တခါတလေစဉ်းစားမိရင်

ဘယ်သူ.ကိုစိတ်ဆိုးလို.စိတ်ဆိုးရမှန်းတောင်မသိတော.ပါဘူး။ဘဲဥအစရှာမရသလိုမျိုးပေါ.၊

ဒါပေမယ်.မြန်မာပြည်ကိုတော.ချစ်သေးတာအမှန်ပါပဲ။တချို.မြန်မာပြည်ကိုသူများတိုင်းပြည်

တွေနဲ.ယှဉ်ပြီးနှိမ်.ချတဲ.စကားပြောလာရင်မခံမရပ်နိုင်အောင်ဖြစ်မိတာအမှန်ပါပဲ၊မြန်မာပြည်

မကောင်းမှန်းသိပေမယ်.နှိမ်ပြောပြောတာကိုလက်မခံနိုင်အောင်ဖြစ်မိတယ်၊ဒါနဲ.ပတ်သက်ပြီး

နိုင်ငံသားတယောက်နဲ.ဆက်စပ်ပြီးတော.ပြောကြရင်းနဲ.ဒါလေးရေးဖြစ်သွားတာပါ၊

သူကမေးလာလို.လဲပါပါတယ်၊

သူကစပြီးမင်းဘာလူမျိုးလဲလို.မေးလာလို.ငါမြန်မာကွ ပြန်ပြောလိုက်

ပါတယ်၊ကိုယ်.ကိုကိုယ်တော.တခြားလူမျိုးလို.တော.မလိမ်ပြောနိုင်ပါ၊

သူကသြော်မြန်မာကိုးဆိုပြီးအထင်သေးသလိုနဲ.ကြည်.ပြီးဆက်မေးပါတယ်၊

မင်းတို.လူမျိုးတွေဒီမှာတော်တော်များတယ်နော်လို.ရှုံ.ချချင်သလိုနဲ.ပြောလာ

ပါတယ်

ဒီကကောင်ကလဲဘယ်ရမလဲ၊ပြန်တွယ်မယ်ဆိုပြီးပြင်လိုက်ပါတယ်၊

တချို.ကမြန်မာလို.ပြောလိုက်ရင်အထင်သေးသလိုလို.နဲ.၊နလပိန်းကောင်

တွေလို.များထင်နေကြလားမသိ၊သူကိုပြန်ရှင်းပြရပါတယ်၊ငါတို.မြန်မာတွေ

ကိုပညာမတတ်တဲ.ကောင်တွေ၊ဗဟုသုတမရှိတဲ.ကောင်တွေလို.များမင်းတို.

ထင်နေသလား၊မြန်မာပြည်သားတွေဟာအခြေအနေအရပ်ရပ်ကြောင်.တိုင်း

တပါးကိုထွက်လာကြပေမယ်.အောက်တန်းတော.မကျသေးပါဘူး။

မင်းတို.အလုပ်ယှဉ်လုပ်ကြည်.၊မြန်မာဆိုတာတလက်မပြရင်ကမ္ဘာတခုလုံး

တောင်မြင်တဲ.ကောင်တွေကွ၊ဥာဏ်ရည်ဥာဏ်သွေးမှာလဲအကုန်ထက်ပြီးသား၊

လူတော်တွေလို.ပြန်ပြောလိုက်ရင်းဒါဆိုဘာလို.ငါတို.နိုင်ငံအလုပ်လာလုပ်နေ

သေးလဲ၊မြန်မာပြည်ပြန်ပါလားလို.ပြန်ပြောခံရပါတယ်၊အဲဒီအခါကိုယ်ကလဲအောက်ကျမခံ

ဟငါတို.နိုင်ငံကပညာတတ်တွေပေါများပြီးပေးစရာအလုပ်ရှားလို.ပေါ.ကွ၊

ပြီးတော.မြန်မာပြည်အစိုးရအကြောင်းလဲမင်းတို.သိသားပဲ၊သူတို.တွေက

အသုံးမှမကျပဲ။အတင်းအစိုးရဝင်လုပ်နေတာကွ၊လူတွေကိုကြောက်အောင်အကြောက်

တရားပေါင်းစုံနဲ.အုပ်ချုပ်နေတာ၊ငါတို.တွေအတွက်ဘယ်လိုမှမကောင်းလို.

နိုင်ငံခြားကိုထွက်လာရတာပေါ.လို.ရှင်းရှင်းလေးပြန်ပြောလိုက်ပါတယ်၊

သူကလဲမင်းတို.မြန်မာတွေကတချိန်ကလူတော်တွေဆိုတာငါလက်ခံပါတယ်။

ဒါပေမယ်.အခုတော.လူညံ.တွေဖြစ်သွားကြပြီ၊မင်းတို.မှားမှားမှန်မှန်သူများ

တိုင်းပြည်မှာအလုပ်အကိုင်လာလုပ်ကြရတယ်ဆိုကတည်းက

မင်းတို.ညံ.လို.ပေါ.ကွ၊မင်းတို.မှမတော်လှန်နိုင်ကြတာ၊၊မင်းတို.နဲ.ထိုက်တန်တဲ.

အစိုးရပဲမင်းတို.ရမှာပေါ.ကွာ။မင်းတို.မှမညီညွတ်ကြတာ၊မင်းတို.မှာခေါင်းဆောင်

နိုင်တဲ.အရည်အချင်းရှိတဲ.သူရှိနေတာပဲ၊အောင်ဆန်းစုကြည်လေကွာ၊သူ.ကိုဆို

တကမ္ဘာလုံးကခေါင်းဆောင်တွေကအစလေးစားကြတာ၊

အမေရိကန်သမ္မတကတောင်သူရဲ.သူရဲကောင်းပါလို.ပြောထားတာ၊နိုင်ငံတကာ

အသိအမှတ်ပြုခံထားရတာနည်းတဲ.အရည်အချင်းလား၊ဒါပေမယ်.ငါမြင်တာကို

ငါပြောရရင်မင်းတို.နိုင်ငံကတယောက်တပေါက်တွေများနေတယ်၊

ညီညွတ်မှုမရှိကြဘူး၊ဘယ်လိုလုပ်ရမှာလဲ၊မင်းတို.ပြောနေတဲ.အာဏာရှင်ဆိုတာ

ညီညွတ်မှုနဲ.တည်ဆောက်ထားတာ၊မင်းတို.သူ.တို.ကိုဖြိုခွဲချင်ရင်မင်းတို.အားလုံး

လဲသူတို.လိုပြန်ညီညွတ်မှရမှာကွ၊ပြီးတော.မင်းတို.မြန်မာတွေဟာသစ္စာမရှိကြဘူး၊

အစိုးရနဲ.တကယ်တမ်းသာဆက်ဆံရမယ်ဆိုရင်ဖားချုင်တဲ.ကောင်တွေများတယ်၊

အစိုးရမကောင်းကြောင်းနောက်ကွယ်မှာပြောပြီး၊ရှေ.ရောက်ရင်ခေါင်းညိတ်ပြီး

yes manတွေကြီးပဲ၊ပြီးတော.ကိုယ်.အတ္တထက်ပိုပြီးဘာကိုမှဦးစားမပေးတတ်ကြဘူး၊

ဘယ်လိုလုပ်ရမှာလဲ၊အောင်ဆန်းစုကြည်လဲမောပြီးလျှာသာထွက်မယ်၊မင်းတို.တိုင်းပြည်

ဘာမှဖြစ်လာမှာမဟုတ်ပါဘူး၊မင်းတို.ကိုယ်တိုင်ညီညွတ်မှုရအောင်အရင်ဆုံးကြိုးစား၊

ဒါမှအာဏာရှင်ကိုမင်းတို.အနိုင်ရမှာပေါ.ကွာ၊မင်းတို.တိုင်းပြည်ကလူတော်တွေထွက်တဲ.

တိုင်းပြည်ဆိုတာငါမငြင်းပါဘူး၊ဒါပေမယ်.စိတ်ဓာတ်ပိုင်းမှာဆိုရင်တော.ခံနိုင်ရည်မရှိကြ

တာများတယ်၊ဒါတောင်မင်းတို.အောင်ဆန်းစုကြည်လိုမိန်းမတယောက်ရှိနေလို.ဒီလောက်အထိဖြစ်နေတာ၊သူသာမရှိရင်မြန်မာပြည်မြေပုံတောင်မင်းတို.ပြန်ဆွဲကြရမယ်.

ကိန်းပါပဲ။ဘာလို.လဲဆိုတော.မြန်မာပြည်ဆိုတာဘယ်သူမှသိကြမှာမဟုတ်တော.လို.ပဲကွ၊

အင်းကျနော်ကသူ.ကိုဇာတိမာန်နဲ.ပြန်ပြောတာအခုတော.သူကအလုံးလိုက်ပစ်ထက်လိုက်

တဲ.စကားများကြားမှာအလူးအလဲပြန်ပြောနိုင်စွမ်းတောင်မရှိတော.ပါဘူး၊

ဒါနဲ.ပဲစကားဖြတ်ပြီးအိမ်ကိုတချိုးတည်းပြန်လာခဲ.ပါတော.တယ်၊

အိမ်ရောက်တော.ရေချိုးရင်းမှန်ကြည်.မိတော.ကိုယ်.ကိုကိုယ်ပြန်မကြည်.ချင်

လောက်အောင်ကိုရှက်သွားမိပါတော.တယ်၊

မင်းလားကွမြန်မာဆိုပြီးတွေပြီးကြည်.မိနေပါတော.တယ်၊

Monday, March 21, 2011

စာဖတ်ခြင်း စာမဖတ်ခြင်းနှင့် ယနေ့ခေတ်လူငယ်

''အရှေ့ကနေဝန်း ထွက်သည့်ပမာပ၊ တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ'' အထက်ပါ စာသားလေးကို ရွတ်မိ ဖတ်မိရလေတိုင်း စိတ်ထဲ၌ ကြက်သီးထမျှ တက်ကြွမှုကို ပေးစွမ်းလေ့ရှိပေသည်။ ထိုစာသားသည်ကား တေးရေးဆရာ ဝိုင်အမ်ဘီဆရာတင်၏ 'တို့ဗမာ'သီချင်းမှ စာသားပင်၊ တစ်နည်းအားဖြင့် သခင် ဘသောင်းတို့၏ ကြိုးပမ်းမှုမှထွက်ပေါ်လာသော ပြည်သူတို့၏ ငုပ်လျှိုးနေသည့် အမျိုးသားရေးစိတ်ဓာတ်ကို လှုပ်နှိုးစေခဲ့သော စာသားပင်။
သခင်ဘသောင်း၊ သခင်လေးမောင်၊ သခင်ဗဟိန်းအစရှိသော တက္ကသိုလ်ကျောင်းသားကြီးများ လက်ထက် (၂ဝ)ရာစုဆန်းတွင်မှ 'နယ်ချဲ့ကိုမဖြစ်မနေ တော်လှန်ဆန့်ကျင်ရမည်'ဟူသော အသိစိတ်များနိုးကြားလာခဲ့ကြသည်။ အရှေ့တောင် အာရှနိုင်ငံများ၏ အမျိုးသားရေးလှုပ်ရှားမှုကို ကြည့်လျှင် (၂ဝ)ရာစုဆန်း၊ ခေတ်ပညာတတ်များ ပေါ်ပေါက်လာချိန်မှ စတင်လာကြသည်ကိုတွေ့ရမည်။

ထိုအချိန်ထိုကာလတွင်မှ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ တိုက်ဆိုင်စွာ ပေါ်ပေါက်လာရသည့် အကြောင်းရင်းကို အဖြေရှာကြည့်ပါလျှင် ခေတ်ပညာတတ်များ ပေါ်ပေါက်လာသောကြောင့် ဖြစ်ကြောင်းတွေ့ရပေမည်။ အဘယ်ကြောင့် ခေတ်ပညာတတ်များက နယ်ချဲ့ဆန့်ကျင်ရေးကို ဦးဆောင်ရပါသနည်းဟု ထပ်ဆင့်တွေးကြည့်သောအခါ ခေတ်ပညာတတ်များသည် အတွေးအခေါ် အသိပညာများ တိုးပွားလာ၍ နားမျက်စေ့ပွင့်လာသောကြောင့် ဖြစ်ကြောင်း၊ အသိပညာတိုးပွား၍ နားမျက်စေ့ပွင့်လာကြသော အကြောင်းရင်းမှာကား ထိုသခင် ကျောင်းသားများ ပညာတတ်လာကြသောကြောင့် စာပေဖတ်ရှုလာကြသောကြောင့် ဟူသည့် ရှင်းလင်းသော အဖြေကို ထင်ရှားစွာ သဘောပေါက်လာရပါသည်။

''ဗာဟုဿဉ္စ၊ သိပ္ပဉ္စ'' ဗဟုသုတ အကြားအမြင်များခြင်း၊ အတတ်ပညာတို့ရှိခြင်း၊ တတ်မြောက်ခြင်းသည် 'မင်္ဂလာ'မည်ကြောင်း မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ သကဲ့သို့ပင် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး ကျွန်ဘဝ ရောက်နေရာမှ ခေတ်နောက်ကျနေရာမှ သခင်မင်းသားစိတ်ကို သွတ်သွင်း၍ အထက်တန်းကျသော ဘဝသို့ အရောက်ပို့ပေးခြင်းမှာ ပညာ၊ ဗဟုသုတ၊ စာပေလေ့လာလိုက်စားခြင်းသည် အဓိကဟု ကျွန်တော်ထင်မြင် ယူဆပါသည်။

ဗဟုသုတ အကြားအမြင်ရှိသူ တစ်ယောက်က ဘာမှမသိသော 'အန္ဓ' တစ်ယောက်ကို လှည့်စား၍ရပါသည်။ ပညာတတ်ခြင်း၊ဗဟုသုတအကြားအမြင်များခြင်းဖြင့် အခြားသူအပေါ် လွှမ်းမိုးလူလည်ကျရန်ဆိုလိုခြင်းမဟုတ်ပါ။ အခြားသူ အခြားလူမျိုး၏ လှည့်စားလွှမ်းမိုးခြင်း မခံရရန် 'အန္ဓ' ဘဝမရောက်ရန်သာဆိုလိုပါသည်။

သည်တော့ လူငယ်တွေ ပညာရှာရပါမည်။ ဗဟုသုတ အကြားအမြင်များရန် စာဖတ်ရပါမည်။ ကျွန်တော့်အတွေ့ အကြုံအရပြောရလျှင် ယနေ့လူငယ် တော်တော်များများ စာဖတ်အင်မတန် နည်းပါးပါသည်။ ခြုံငုံပြောရလျှင် စာမဖတ်ကြတော့ပါ ဟုပင် ပြောလိုက်ချင်ပါသည်။ စာပေကိုမလိုက်စားဘဲကျောင်းစာကို အဓိကထား၍ ကြိုးပမ်းနေသည်ဟု ဆိုလျှင်လည်း မထောင်းတာလှသေးပါ။ ကျောင်းစာထဲမှ အသိအမြင် ဥာဏ်ပညာများ တိုးပွားလာနိုင်ပါသေးသည်။ ကျောင်းစာအပြင် ပြင်ပစာပေ ဖတ်ရှုလေ့လာ လိုက်စားသူများအဖို့မူ အလှတွင် အယဉ်ဆင့်၍ တင့်ချင်တိုင်း တင့်နေပေတော့သည်။

ယခုကာလရုပ်ဝတ္ထုများကား တိုးပွားများပြား လှစွာ၏။ အတွေ့အကြုံ နုနယ်သေးသော၊ အတွေးအခေါ် မရင့်ကျက်သေးသော လူငယ်လေးများအတွက် အန္တရာယ်ပေးနိုင်သည့် ပတ်ဝန်းကျင် ရုပ်ဝတ္ထု၊ အခြေအနေတွေက များလှသည်။ 'မိမိ ပညာ၊ သတိသာလျှင် မဟာသြသဓ၊ ဆေးမည်စွရှင့်' ဟူသကဲ့သို့ပင် မိမိ၏အသိပညာသာ အားကိုးရာ ပဲ့ကိုင်ရာဖြစ်ပေသည်။ ထိုအရေးကြီးလှစွာသော အသိပညာ၊ အတွေးအခေါ် တိုးပွားစေရန်မှာ စာဖတ်မှသာ ရပေမည်။

ကျွန်တော်တို့ ငယ်စဉ်ကဆိုလျှင် ဆရာကြီး ဦးတင်ဆောင်၊ ဆရာကြီး ဦးထွန်းမြင့်၊ ဆရာမကြီးဒေါ်မြင့်မူမူ စသော မြန်မာစာအသင်ကောင်း သည့်ကျေးဇူးရှင်ဆရာ ဆရာမကြီးများ၏ အားပေးမှု၊ လမ်းညွှန်မှုဖြင့် စာဖတ်ချင် စိတ်တွေတိုးပွားလာရသည်။ စာတွေဖတ်ရသည်။ ဖတ်ပြီးရင်း ဖတ်ချင်သိပြီးရင်းသိချင်လာကြသည်။

စာဆိုသည်မှာလည်း ဖတ်ပါများမှသာ စာပေ၏ကျေးဇူး၊ စာပေ၏ အရသာကိုသိပြီး မဖတ်ရမနေနိုင်ဖြစ်လာကာ စာပေသမားတစ်ယောက်၊ အသိပညာတိုးပွားသူတစ်ယောက်ဖြစ်လာပေမည်။ ယနေ့ကျောင်းသား ကျောင်းသူလူငယ် အတော်များများသည် မြန်မာစာကို ဝါသနာပါရန်ဝေးစွ၊ အထင်သေးကြသည်လျစ်လျူရှုကြသည်။

'ဒီဘာသာလောက်တော့ အောင်ပါတယ်' ဟူ၍ ခံယူထားကြသည်။ အောင်ရုံလောက်ကိုသာ အာရုံထားနေကြသည်။ ကိုယ့်လူမျိုး၏ဘာသာစကား၊ ကိုယ့်လူမျိုးစာပေ၏နက်ရှိုင်းမှု ကိုယ့်စာပေကပေးသော အသိပညာ၊ အတွေး အခေါ်တွေကို သူတို့မသိ၊ အလေးမထား၊ မခံစားတတ်၊ ဤသည်မှာလည်း ဆန်းတော့မဆန်းပါပေ။ တစ်ခါမျှမမြင်ဖူး၊ မစားဖူးသော မုန့်တစ်မျိုး၏ အကြောင်းကို မည်သို့ပင် ပြောပြသော်လည်း နားထောင်နေသူကလေး အဖို့ သွားရည်ယိုမိမည် မဟုတ်သကဲ့ သို့ပင်။ မစားဖူး၍ထိုမုန့်၏ ထူးကဲသော အရသာကို မသိနိုင်သကဲ့သို့ စာမဖတ်ဖူးသော လူငယ်များအနေနှင့်လည်း စာပေ၏ ကျေးဇူးတရား၊ စာပေ၏ အနှစ်သာရကို သိနိုင်မည်မဟုတ်ပါ။ မြတ်နိုးနှစ်သက်မည် မဟုတ်ပါ။

တစ်ခါက မှတ်သားခဲ့ဖူးသော ဆရာကြီးပီမိုးနင်း၏ အဆိုအမိန့်လေးတစ်ခုကိုသတိရမိသည်။ ဆရာကြီးက- '' လူကို 'စိတ်' အုပ်ချုပ်သည်၊ စိတ်ကို 'ပညာ' အုပ်ချုပ်သည်၊ ပညာကို 'ဗဟုသုတ' အုပ်ချုပ်သည်၊ သို့အတွက် 'ဗဟုသုတ' များအောင်၊ စာအုပ်မျိုးစုံကိုဖတ်ရှုကြကုန်လော့'' ဟူ၍ စာဖတ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ မြန်မာစာသင်ရင်းနှင့် ကြုံဆုံပတ်သက်လာသောအခါ မြန်မာစာပေကျေးဇူးရှင်ကြီးများဖြစ် ကြသောဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်စသည့် ပုဂ္ဂိုလ်ကြီးများအကြောင်းပြောပြသောအခါ ကျောင်းသားက ကျောင်းသူလူငယ် အတော်များများသည် ထိုပုဂ္ဂိုလ်ကြီးများ အကြောင်းကို သူစိမ်းဆန်ဆန် နားထောင် နေကြလေသည်။

'ဆရာသိပ္ပံမောင်ဝ'ဟု ဆိုလိုက်သည်နှင့် ''မြန်မာပြည်ရဲ့ သိပ္ပံပညာရှင်ကြီးလား'' ဟုမေးသူကမရှား၊ 'လုဒ္ဒကဆိုတာ သောနုတ္တရမုဆိုးရဲ့ ငယ်နာမည်လားဆရာ''ဟုမေးသူလည်း ရှိရဲ့ သည့်ထက်သည့်ထက် ဆိုးသည်က ''ဆရာသခင်မြတို့က နယ်ချဲ့ကိုတော်လှန်ဖို့ မြေအောက်တော်လှန်ရေး လုပ်ရတယ်ဆိုတော့ တွင်းတွေ လိုဏ်ခေါင်းတွေ တူးရမှာပေါ့နော်''ဟု ဆိုလာသူ တပည့်နှင့် တွေ့ရလေသောအခါ ကျွန်တော်ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိပါတော့သည်။

သည်တော့ ယနေ့ကျောင်းသားကျောင်းသူ လူငယ်များကို မေးလိုက်ချင်ပါသည်။

''ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး တိုးတက်ဖို့အတွက် တို့ခေတ်ရောက်မှ ညံ့ရတော့မှာလား'' ဟူ၍ မညံ့စေလိုလျှင် ဘာလုပ်ရမည်နည်း။

''ပညာကိုကြိုးစားပါ၊ အဓိက 'စာဖတ်ပါ၊ စာဖတ်ပါ စာကိုလေးလေး စားစားဖတ်ကြပါ'' ဟူ၍ ပြင်းပြင်းထန်ထန် တိုက်တွန်း လိုက်ချင်ပါသည်။

မြင့်ငွေ(မော်ကျွန်း)
Next >

Sunday, March 20, 2011

ကျွန်စော်နံ ပြန်လိုက်ဦး

သခင်ဆိုသော အဓိပ္ပါယ်

“ငါတို့ဟာ အခိုက်အတံ့ အခါတွင် အဆင်မသင့်၍ အင်္ဂလိပ်တို့၏ ကျွန်များဖြစ်နေကြသော် လည်း မျိုးရိုး ဇာတိက ကျွန်တွေမဟုတ်ဘူး သခင်တွေသာ ဖြစ်သည်။ သခင်ဆိုတာ နေလည်း ရဲရဲနေသည်။ သေလည်းရဲရဲ သေသည်။ နောက်ဆုံး စက်တိုင်ကို တက်ရတောင် လက်ခမောင်း ခတ်တက်သည်။ ဝမ်းဝဖို့ ကိစ္စလေး တစ်ခုအတွက် ဘယ်သူ့ အလိုကိုမျှ လိုက်ပြီး ဟုတ်ပါ့ဘုရား မှန်ပါ့ဘုရား မပြောဘူး။ ဟုတ်သည်ထင်လျှင် ဟုတ်သည်။ မဟုတ်ဘူး ထင်လျှင် မဟုတ်ဘူးလို့ မကွယ်မထောက် ရဲရဲကြီး ပြောတတ်သည်။ ကျွန်များ ကမူ ထိုသို့ မှန်သည့် အတိုင်း မပြောဝံ့ ။ကျွန်များတွင် သူတို့ ကိုယ်ပိုင် အလိုဆန္ဒမရှိ ။ သူတို့ သခင် ၏ အလိုဆန္ဒကို သူတို့ အလိုဆန္ဒဟု သဘောထားသည်။ ”
အထက်ပါစာပိုဒ်မှာ သခင်ဟူသော အသုံးအနှုန်းကို စတင် တီထွင်သော သခင်ဘသောင်း ၏ တို့ဗမာ သီချင်း အပေါ် အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြစ်ပါသည်။

သခင်ဆိုသော စကားလုံး၏အစ

တောင်တွင်းကြီးမြို့နယ် ဝက္ကသေး ရွာလေးကစတယ်လို့ ဆိုပါတယ်။ အဲဒီ ရွာအနီးက ဆတ်သွား ရွာသူ တယောက်ဟာ အင်္ဂလိပ် နယ်ပိုင်ဝန်ထောက် တယောက်နဲ့ အိမ်ထောင် ကျတဲ့ အခါ မိဘတွေက သမက်ကို သခင်ကြီး သခင်ကြီးလို့ မိုးမွှန်အောင် ခေါ်ကြတာကို ဆတ်သွားတက် ဈေးဝယ် ဈေးရောင်းကြတဲ့ ဝက္ကသေး ရွာသူ ရွာသားတွေက ကြားတဲ့အခါ နားကြားပြင်းကပ် လွန်းလို့ အရွဲ့တိုက်ပြီး ကိုယ့်ရွာသားချင်း သခင်တပ်ခေါ်ကြတယ်။ တချို့ က ကိုယ့်အိမ်ရှေ့မှာ ကိုယ့်အမည်မှာ သခင်လို့ တပ်ပြီး ဆိုင်းဘုတ်ချိတ်ကြတယ်။
သခင်အစ ဝက္ကသေးကလို့ ပြောရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ လူမျိုးတွေ ကျွန်စိတ်က လွတ်မြောက်အောင်၊ ကျွန်ဘဝကို စက်ဆုတ်အောင် တကယ် စတင်ကြိုးစားခဲ့သူကတော့ သခင်ဘသောင်းဖြစ်ပါတယ်။ အမှန်တကယ် မှာတော့ သခင်အစ သခင်ဘသောင်းကလို့ သာ မော်ကွန်းထိုးရမှာ ဖြစ်ပါတယ်။


သခင်အခေါ်အဝေါ် ပေါ်ပေါက်လာပုံ

၁။မြန်မာလူမျိုးဆိုတာ ကိုယ့်တိုင်းပြည် ကိုယ့်ထီးနန်းနဲ့ နေခဲ့တဲ့ လူမျိုးတွေ ဖြစ်တယ်။
၂။မြန်မာ လူထုဟာ မြန်မာနိုင်ငံရဲ့ မူလပိုင်ရှင်တွေ ဖြစ်တယ်။
၃။အင်္ဂလိပ်လူမျိုး ဘုရင်ခံ၊ အရေးပိုင်၊ မြို့ပိုင် စတာတွေက လခစားတွေ တနည်းပြောရရင် အခွန်ပေးဆောင် နေရတဲ့ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ပေး ရမယ့် ပြည်သူ့အစေခံ (Government Servant) တွေသာ ဖြစ်တယ်။ ထိုကြောင့် အခွန် ထမ်း ပြည်သူတွေသာ အရှင်သခင်တွေ ဖြစ်တယ်လို့ ယုံကြည်တဲ့ သခင်ဘသောင်း ဟာ သူ့ ကိုယ်သူ သခင်လို့ အမည်တပ်ခဲ့ပြီး သူနဲ့ ယုံကြည်ချက်တူသူ တွေကိုလည်း စည်းရုံးခဲ့ ပါတယ်။ အဲဒီ စုစည်းမှုကနေ ဒို့ဗမာ အစည်းအရုံးကြီး ပေါ်ပေါက်လာခဲ့ပြီး ၊ အဲဒီအစည်းအရုံး ကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့အထိ ဦးဆောင်မှု ပေးခဲ့ပါတယ်။
ကျွန်တော်တို့၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင် သူ့ကိုယ် သူ သခင်အောင်ဆန်းဟု အမည်တပ်ကာ နိုင်ငံရေး လှုပ်ရှားမှုများကို ဦးဆောင်ခဲ့ပြီး မြန်မာ့ လွတ်လပ်ရေးရသည် အထိ ဆောင်ရွက်ပေးခဲ့သည်ကို အများ အသိပင် ဖြစ်ပါ သည်။

သခင်စိတ်ဓါတ် သခင်အကျင့်

ဒို့ဗမာ အစည်းအရုံးကြီး စတင်တည်ထောင်လို့ သိပ်မကြာခင်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် တခုတွင် “ လိမ္မာ သည် ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိနည်းခြင်း၊ ဒူးတုန်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အမေနှင့် ငါမာလျှင် ပြီးရော ဆိုသော စိတ်ရှိခြင်း၊ ကိုယ့်ကိုကိုယ်မှ မှတ်တတ်ခြင်း၊ ကိုယ့်အိမ်ကိုမှ အိမ်မှတ်တတ်ခြင်း၊ ကိုယ့်အကျိုး စီးပွါး တစ်ခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့် ဘေးကို စည်းလုံး၍ ခုခံ ရမှန်း မသိခြင်း ဖြစ်ပါမူ။ အို …အချင်းတို့ ၊ ငါတို့သည် မလိမ္မာလိုပါ ၊ မိုက်သာမိုက် လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့ မိုက်ပါရစေ” ဟု ဖေါ်ပြခဲ့ပါသည်။
သခင်တို့၏ ခရီးစဉ်သည်လည်း ပန်းခင်းလမ်း မဟုတ်ခဲ့ပါ။ အုပ်စိုးနေသူများ၏ အညှိုးထား ဖိနှိပ်မှု အမျိုးမျိုးကို ခါးစည်း ရင်ဆိုင်ခဲ့ရသလို ကျွန်စိတ်ရှိသူများ၏ တိုက်ခိုက်ရှုံချမှု၊ ပူးပေါင်း ဖိနှိပ်မှု၊ ကျွန်ဘဝတွင် အခွင့်အရေး များစွာရနေသူတို့၏ တိုက်ခိုက်မှု၊ ကျွန်ဖြစ်နေရခြင်းကို မသိနားမလည်သူများ၏ ဆန့်ကျင်မှု အမျိုးမျိုးကို ရင်ဆိုင်ခဲ့ ကြရပါသည်။ ထို့အတူ ခပ်ကြောင်ကြောင် အယူအဆဟုထင်မြင်သော သူများ၏ လှောင်ပြောင်မှုများ ကိုပါ ရင်ဆိုင်ခဲ့ ရပါသည်။ ထိုသို့သော ဖြစ်ရပ်များတွင် မိရင်း ဘရင်းများနှင့်ပင် ရင်ဆိုင် ခဲ့ရသော အဖြစ်များ ပင် ပါဝင်ခဲ့သော်လည်း သခင်များသည် ကျွန်မခံလိုသော သခင် စိတ်ဓါတ်ဖြင့် ရဲဝန့်စွာ ရင်ဆိုင်ခဲ့ကြရပါသည်။ ထိုရဲဝန့်ခိုင်မာ ပြတ်သားသော စိတ်ဓါတ်တို့သည်ပင် မြန်မာ့ လွတ်လပ်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ခဲ့ရပါသည်။


စစ်အုပ်ချုပ်ရေးမှ စစ်ကျွန်ပြုရေးသို့

၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းခဲ့ချိန်မှ စ၍ အရပ်ဘက်အရေးပါသော လုပ်ပိုင်ခွင့် အားလုံးကို စစ်ဗိုလ်များက အဓ္ဓမ သိမ်းယူခဲ့ကြသည်။ ဆိုရှယ်လစ် အယောင်ပြ လမ်းစဉ် ပါတီ၏ ထိပ်ပိုင်းနှင့် အရပ်ဘက် တာဝန်ကြီးများ အားလုံးကို အရပ်ဝတ် စစ်သားများဖြင့် အစားထိုးခဲ့ရာမှ လုပ်ပိုင်ခွင့် အာဏာများအပေါ် သာယာလာသော စစ်ခေါင်းဆောင်များ သည် အာဏာကို အမြဲချုပ်ကိုင်ထားနိုင်ရန် အမျိုးမျိုး ကြိုးစားလာခဲ့ကြသည်။ အကျင့် ပျက် ခြစားမှု အမျိုးမျိုးတို့သည်လည်း ထိုအချိန်မှစ၍ ဆိုးရွားစွာ အစပြုလာခဲ့သည်။ အဆိုး ဆုံးမှာ တိုင်းပြည်အတွက် လွန်စွာ အရေးကြီးသော တရားစီရင်ရေး မဏ္ဍိုင်ကိုပါ ဝင်ရောက် စွက်ဖက် လွှမ်းမိုးခဲ့ရာ တရားဥပဒေ အပေါ်မှ လူသားများ ဖြစ်လာခဲ့ကြသည်။
၈၈၈၈ အရေးတော်ပုံကြီးကြောင့် မဆလ အရေခြုံ စစ်ပါတီကြီး ပြုတ်ကျခဲ့ ရသော် လည်း ပြည်သူတို့၏ ဆန္ဒနှင့်ဆန့်ကျင်ကာ စစ်အာဏာသိမ်း ခဲ့ကြပြန်သည်။ ထိုမှတဖန် ထာဝရ အာဏာတည်မြဲရေးအတွက် နည်းလမ်းရှာခဲ့ကြပြီး စစ်ကျွန်ပြုရေး Road Map ၇ချက် ကို ချမှတ်ခဲ့ကြသည်။ ထို Road Map ၏ အဓိက ရည်ရွယ်ချက်မှာ တတ်နိုင်သမျှ အချိန် ဆွဲရေးနှင့် အလုံးစုံ စစ်ကျွန်ပြုရေးသာ ဖြစ်သည်။

Road Map ၏ အဓိကရည်မှန်းချက်

၈၈ အရေးအခင်းကြီးကြောင့် စစ်အာဏာသိမ်းကာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရ သော် လည်း ထင်သလို မဖြစ်ပဲ NLD မှ အပြတ်အသတ် နိုင်သွားသည့်အခါ အာဏာလွှဲ မပေးရ ရေးအတွက် နည်းမျိုးစုံဖြင့် အချိန်ဆွဲရာတွင် အပြကောင်းအောင် လမ်းကြာင်းတခု အနေဖြင့် Road Map ကို ဖေါ်ထုတ်လိုက်ခြင်းသာ ဖြစ်သည်။ ၁၄နှစ်ကြာအောင် အချိန် ဆွဲခဲ့သည့် ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တိုင်းပြည်အား စစ်တပ်မှ အမြဲချုပ်ကိုင် ကျွန်ပြုနိုင်ရန် အချက်အလက်များကို စနစ်တကျ ထည့်သွင်း ရေးဆွဲခဲ့ပြီး ။ လူပေါင်း သန်းချီ သေကြ ပျက်စီးခဲ့ရသည့် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး တပါတ်အကြာတွင် မဲလိမ်ကာ အတည်ပြု ခဲ့သည်။
ထိုအခြေခံ ဥပဒေအရ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် ယူနီဖေါင်းဝတ် စစ်ခေါင်းဆောင်နှင့် အရပ်ဝတ် စစ်ခေါင်းဆောင်များက တရားမဝင် အာဏာသိမ်း စစ်အစိုးရ အဖြစ်မှ တရားဝင် အစိုးရအဖြစ် မျက်လှည့်ပြကာ တိုင်းပြည်ကို စစ်ကျွန်ပြုတော့မည် ဖြစ် သည်။

၂၀၁၀ ရွေးကောက်ပွဲ၏ ရိုက်ခတ်မှုများ

အင်္ဂလိပ်ခေတ် ဒိုင်အာခီ အုပ်ချုပ်ရေးကို ကာလကို ပြန်သတိရစရာပင် ဖြစ်သည်။ “ငွေငါးထောင် အစာ ဒုလ္လဘရယ်ကြောင့် ပြည်အားတောင် မဖြုန်သပရယ်လို့ မဟာသူပုန် ထခဲ့တဲ့ အရေးတတ်တွေ အမွှေးခပ်ရှည်ရှည်ရယ်နှင့် အမိုက်ဝါသနာကိုး။ (အရီးစိမ်း ကြီးရယ်) ခွေး အငတ် မပြေ တပြေတွေမှာဖြင့် ကိုက်စရာ အရိုး” လို့ အဲဒီအချိန် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ရေးခဲ့တဲ့ “ခွေးဠီကာ” ကို ကြားယောင် မိပါတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေး မှာ ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့် ကနေ အငြင်းပွါးခဲ့ကြရာက ဂျီစီဘီအေ အသင်းကြီး အစိတ်စိတ် အမွှာမွှာ ကွဲတော့တာပါပဲ။ အင်္ဂလိပ်က ၅၀၀၀ စား၊ ၄၀၀၀ စားက စလို့ ၅၀၀စား၊ ၂၅၀ စား စသည်ဖြင့် အရိုး အသီးသီး ချပေးလိုက်တဲ့ အခါ ကွဲကြပုံကို ဆရာကြီးက ရင်နာနာ နဲ့ ခွေးဠီကာကြီးကို ရေးခဲ့ပါတယ်။
အခုဟာက ရွေးကောက်ပွဲ ဥပဒေဆိုတာတောင် မထွက်သေး၊ ဘာပေးမယ် ညာပေးမယ်မှ မသိရသေးပဲတောင် ဟန်ရေးပြင်နေကြတာတွေဟာ အရိုးတောင်မှ မတွေ့ရသေးပဲ၊ အနံလေး နဲနဲ ရရုံနဲ့ သွားရည် တမြှားမြှား ကျနေတာနဲ့ အတူတူပါပဲ။ အခွင့်အရေးလေး နဲနဲရတာနဲ့ ကျွန်သွေးပြကြတဲ့ အကျင့်စရိုက်တွေကြောင့် မြန်မာ့ သမိုင်းမှာ အကွဲအပြဲတွေ အများ ကြီး ဖြစ်ခဲ့ရပြီးပါပြီ။ ဒါ့အပြင် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့် ကွဲကြပြဲကြတာတွေလဲ အများ ကြီးပါ။ တနည်းပြောရရင် မြန်မာ့ သမိုင်းရဲ့ အရှက်ရစရာ အမဲစက်ကြီး တွေပါပဲ။ ဒီထက်မက ဆိုးတာတခုက မိမိကိုယ်တိုင် အမြှီးပြတ်တာကို မရှက်မကြောက် လှသလို ဟန်ရေးပြ သူများတွေပါ အမြှီးပြတ်ကြအောင် သွေးဆောင် စည်းရုံးနေတာပါပဲ။ ကျွန်တော်တို့ အလိုပြောရရင်ဖြင့် အရိုးကိုက်ချင်တာဖြင့် အမြင်ကောင်းအောင် အကြောင်းတွေ ပြမနေပဲ ၊ ပြေးသာကိုက်လိုက်ပါလို့ ပြောချင်တာပါပဲ။ သူများတွေလဲ အနှောင့်အယှက် မဖြစ်တော့ ဘူးပေါ့။

ကျွန်စော်နံပြန်လိုက်ပါဦး

သူ့ကိုယ်သူ အနော်ရထာ ဝင်စားတယ်လို့ ရှုးနှမ်းစွာ ထင်နေတဲ့ စစ်အာဏာရှုး မှူးကြီး သန်းရွှေကတော့ အာဏာလွှဲ မပေးရရေး၊ စစ်ဘုရင်ကြီးဘဝနဲ့ အနော်ရထာ အိမ်မက်ကြီး ဆက်မက်ဖို့ တိုင်းပြည်ရဲ့ သယံဇာတနဲ့ တွင်းထွက်ပစ္စည်းတွေ၊ တိုင်းပြည်မှာ မတရား အမြတ် ထုတ် စီးပွါးရေး လုပ်ခွင့်တွေနဲ့ ကမ္ဘာ့ နိုင်ငံ အသီးသီးကို စည်းရုံးနေပါပြီ။ လူသား ကျင့်ဝတ် ကို မစောင့်စည်းနိုင်တဲ့၊ လူကို လူလို တန်ဘိုးထားရမှန်း မသိတဲ့ နိုင်ငံ အချို့လဲ သူတို့ဘက်ပါ ကောင်းပါနိုင် ပါလိမ့်မယ်။
ဘုရင်ရှုးရှုးဖို့ဆိုတာ အရှုးဘုံမြှောက်ပေးမယ့် ငယ်ကျွန်ကြီးငယ် များစွာလဲ ထပ်လိုနေ ပါသေး တယ်။ အဲဒီအတွက်လဲ အရိုးကြီးငယ် များစွာ အဆင်သင့် ပြင်ထားပြီးလောက်ပါပြီ။ အင်္ဂလိပ် ကိုလိုနီခေတ်ကထက် ခေတ်မှီစွာ ကားပါမစ်၊ ဖုန်း၊ မြေကွက် စတာတွေ အပြင် သူတို့ကို မထိခိုက်ရင် ပြည်သူလူထုတွေကို အနိုင်ကျင့် ဖိနှိပ်ခွင့် အရေးတွေ စတာတွေလဲ ပါနိုင်ပါ တယ်။ အခု အနံလေး ပေးထားပေမယ့် မကြာခင်မှာ သူတို့ စိတ်တိုင်းကျ ရေးဆွဲထား တဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ အတူ ထုတ်ဖေါ်ပြလာ ပါလိမ့်မယ်။
ပြန်ကြမယ်ဆို အထုတ်ပြင် ပြန်နိုင်ပါတယ်။ အဲဒီအတွက် ဘယ်လိုပဲ အကြောင်းပြပြ တချိန်ကျရင် သမိုင်းအမှန် ပေါ်လာမှာပါ။ ကိုလိုနီခေတ်တုန်းက အကြောင်းအမျိုးမျိုးပြ ရာထူးနောက် လိုက်ကြသူတွေဟာ အဲဒီ အချိန်က သူတို့ အကြောင်းပြချက်တွေ အောင်မြင်ရင် အောင်မြင်ခဲ့မှာ ဖြစ်ပေမယ့် ၊ယနေ့ခေတ်မှာတော့ သူတို့ဟာ အာဏာရှုး သူတွေ ၊ တိုင်းပြည်ကို သစ္စာဖေါက်ခဲ့ သူတွေအဖြစ် သမိုင်းရေး ခံနေရပါပြီ။
ခွဲရေးတွဲရေး တရားပွဲ တခုမှာ ခွဲရေး တွဲရေးနှင့်ပါတ်သက်ပြီး သခင်ဘသောင်း ဆွေးနွေးခဲ့တာ တခုကို တင်ပြလိုပါသည်။ “ခွဲရေးဖြစ်စေ၊ တွဲရေးဖြစ်စေ အင်္ဂလိပ် နယ်ချဲ့သမား လက်အောက် ခံချည်း ဖြစ်တယ်။ ကျွန်နဲ့ ဒါသ စကားလုံး ခြား နားသော်လည်း တစ်မျိုးတည်း ဖြစ်သလို ကျွန်ဟာ ကျွန်ပဲဖြစ် တယ်။ ဒီခွဲရေး တွဲရေး ပြဿနာရဲ့ အဓိပ္ပါယ်ကတော့ အင်္ဂလိပ် နယ်ချဲ့ အစိုးရက သူရဲ့ ဘယ်ဘက်ဖိနပ် အောက်မှာနေမလား၊ ညာဘက် ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့သဘောပါပဲ။ ဒါကြောင့် ကျုပ်တို့ သခင်တွေ သဘော ကို ပြောရရင် သတိုးမင်းဖျားက နာမည်ကျော် သူခိုးကြီး ငတက်ပြားကို ဖမ်းမိတော့ “မောင်မင်းကို သံလျှက်နဲ့ ခုတ်သတ်တာကြိုက်လား၊ လှံနဲ့ ထိုးသတ်တာကြိုက် လား မေးတော့ ငတက်ပြားက “ငါ့အကြိုက်ပြောရရင် သံလျှက်ရော လှံပါ ဘယ်ဟာမှ မကြိုက်။ အသင်မင်းကြီးရဲ့ မိဘုရားခေါင်ကြီး စောဥမ္မာကိုသာ ကြိုက်တယ်” လို့ ပြောခဲ့ သလို ခွဲရေးလဲ မကြိုက်၊ တွဲရေးလဲမကြိုက် အင်္ဂလိပ် နယ်ချဲ့အောက်က လုံးဝ လွတ်မြောက်ရေးကိုသာ ကြိုက် ပါတယ်လို့ ရဲရဲတောက် ဆွေးနွေးခဲ့ဘူးပါတယ်။
ကျွန်တော်တို့ သဘောကလည်း ထိုသို့ တထပ်တည်း ဖြစ်ပါတယ်။ “တရားမဝင် အာဏာ သိမ်းထားတဲ့ စစ်အာဏာရှင် တွေကိုလဲ မကြိုက်၊ တရားဝင် စစ်ကျွန်ပြုမယ့် ယူနီဖေါင်းချွတ် အာဏာရှင် တွေကိုလဲ မကြိုက်။ စစ်မှန်၍ တရားမျှတသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ကိုသာ ကြိုက်ပါတယ်။” အမြင်မတူလို့ ရတာလေး ယူချင်သူတွေကို စကားတခွန်း ပါးလိုက်ချင်တာ ကတော့ “ကျွန်စော်နံ ခံလိုက်ပါဦး (သို့မဟုတ်) ကျွန်စော်နံ ပြန်လိုက်ပါဦး” ဟူ၍ပင် ဖြစ်ပါသည်။ အချိန်တန်လျှင် သမိုင်းက စကားပြောပါ လိမ့်မည်။


D-Wave



ကိုးကား- ဒို့ဗမာ အစည်းအရုံးသမိုင်း။
-တင်မောင်သန်း၏ သခင်စိတ်ဓါတ် သခင်အကျင့် ဆောင်းပါး။

Friday, March 18, 2011

နန်းမတော်မယ်နု

မယ်နုဟု လူသိများသည့် ဘကြီးတော်(စစ်ကိုင်းမင်း) ၏မိဖုရားခေါင်ကြီးသည် မြတောင်မြို့စား စုဖုရား(သီပေါမင်း၏ မိဖုရား စုဖုရားလတ်)၏အဘွားပင် ဖြစ်ပါသည်။

“မောင်းထောင်ဆရာတော်သည် လေးကြိမ်မြောက် အဝတည် မင်းတရား၏ မိဖုရားခေါင်ရှင် မယ်နုကို 'အသမႝန္နခတ္တိယအနွယ် ဖြစ်တော်မူသော ရှင်မိဖုရားသည်' ဟု နိဂုံးအုပ် သမိုင်းထိုးရချေသည်။ စင်စစ်ကား ထိုရှင်မိဖုရားသည် ဒီပဲရင်းကျေး ဖလံကုန်းရွာသူ သမီး ဖြစ်သည်။ (ဝိနန္ဒသဘ ၊ သီလဝိသောဓနိ ၊ ရန်ကုန် ၊ သုဓမ္မဝတီ၊ ၁၉၅၈ ၊ ၈၈။)“ဟူ၍ မှတ်ချက်အရ ရိုးရိုးတောရွာသူတစ်ယောက် အဖြစ်မှ ရှင်ဘုရင်မှ မိဖုရားအရာမြှောက်စားသဖြင့် မင်းမျိုးနွယ်အဖြစ် သတ်မှတ်လိုက်ရခြင်းကို ဆိုလိုပေသည်။ အပျိုဖြန်းအရွယ် မယ်နုမြစ်ဆိပ်၌ရေချိုးစဉ် ကမ်းပေါ်တွင်ချန်ရစ်သည့် ထမီကိုငှက်ကချီယူပြီး ဘုရင့်နန်းတော်မှန်ကင်းတွင်ထားရာမှ ထင်ရှားလာပြီးနောက်တွင် ဘုရင့်မိဖုရားအဖြစ်ကောက်ယူခံခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ မိဘုရားခေါင်ကြီးကွယ်လွန်ပြီးနောက်တွင် မယ်နု၏သြဇာမှာ နန်းတွင်းတွင်ပင် ဘုရင့်ကိုကျော်လွန်ကာကြီးထွားလာပြီး မောင်တော်စပ်သူ စလင်းမြို့စား မောင်အိုအား မင်းဆွေမင်းမျိုးအဆောင်အယောင်ဖြင့် မင်းသားတစ်ပါးကဲ့သို့ ချီးမြှောက်စေသည်။ ဘကြီးတော်ဘုရား၏ ညီတော် သာယာဝတီမင်းသားမှ ပုန်ကန်ရာအောင်မြင်ခဲ့ပြီး နောင်တော်ဖြစ်သူ ဘကြီးတော်ဘုရားနှင့် နန်းမတော်မယ်နုတို့နှစ်ဦးအား အကျယ်ချုပ်ဖြင့်နေစေသော်လည်း မကြာမီ စိတ်မချသဖြင့် မယ်နုနှင့် အပေါင်းအပါများအား ကွပ်မျက်ခဲ့သည်။
သံတော်ဆင့် ငရွှေသားကို တောင်ဥယျာဉ်တော် အတွင်း ရှေ့တော်တွင် စစ်မေးကာလ နောင်တော်မင်းတရား မိဖုရားကြီးက မောင်တော်သူ “စလင်းစားဦးအိုနှင့် အကျဉ်းခံနေရသူ မှူးတော် မတ်ဟောင်းတို့ကို တိတ်တဆိတ် တိုင်ပင် စည်းကြပ်ရကြောင်း စည်းကြပ်ရာတွင် ပါဝင်သူ မှူးဟောင်း မတ်ဟောင်းတို့ကလည်း မင်းဧရာဇ် ရန်ကင်းတောင်သို့ ထွက်တော်မူသည့် အတွင်း ညဥ့်အခါ အမရပူရ ရွှေနန်းတော်သို့ ဝင်၍ တိုက်ခိုက် စီးနင်းမည့် သူပုန်တို့နှင့် စကားချိန်းချက်၍ လာစေကြောင်းများကို အစစ်ခံချက် ရသည်ဖြစ်၍ နောင်တော် မင်းတရား မိဖုရားကြီးကိုလည်း တောင် ဥယျာဉ်တော် အတွင်း သံတော်ဆင့် ငရွှေသားနှင့် တိုက်ဆိုင် စစ်မေးရာ ဖြောင့်ဆို စစ်မေးချက်ရ၍ မိဖုရားကြီးကိုလည်း ထုံးစံနှင့်အညီ ၁၂ဝ၂ ကဆုန်လဆန်း ၁၂ ရက်နေ့ (၁၂ မေ ၁၈၄ဝ) ရေတွင် ဖျောက်တော်မူ၏။ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၅၉၈။)
ရေတွင်ဖျောက်ဖျက်သည်ဟုဆိုသည်ကို ကြည့်ခြင်းအားဖြင့် မင်းမျိုးနွယ်အဖြစ် လက်ခံကြောင်းထင်ရှားပါသည်။ နန်းတက်ဘွဲ့အမည်အားဖြင့် သီရိပဝရ မဟာရာဇိန္ဒာ ရတနာဒေဝီ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၂၃ဝ) ဖြစ်ကာ မိဖုရားကြီးရဲ့သမီးတော်မှာ နောင်မင်းတုန်းမင်းလက်ထက်တွင် ဆင်ဖြူမရှင်မိဖုရားဟု ထင်ရှားလာမည့် သီရိပဝရတိလာက မဟာရတနာဒေဝီ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၄၈၄) ဖြစ်ပါတယ်။ မင်းတုန်းမင်းက ၂၆ မတ် ၁၈၅၃မှာ အလယ်နန်းတော်မိဖုရား အဖြစ် ဆင်ဖြူမရှင်အား တင်မြှောက်ခဲ့ရာမှ ကုန်းဘောင်ခေတ်ဇာတ်သိမ်းကို ဖော်ဆောင်သူများအနက် တစ်ဦးဖြစ်သည့် ဆင်ဖြူမရှင်သည် မိဖုရားအရာသို့ရောက်ခဲ့သည်။ (ကုန်းဘောင်ဆက်၊ တတိယတွဲ၊ ၁၉၆၈၊ ၁၅ဝ)

ကျမ်းကိုး
1.↑ 'သန်းထွန်း M.A., B.L., Ph.D., D,Lit., (London)' ရဲ့ 'မြန်မာ ထွေထွေရာရာ သမိုင်း စာအုပ်' မှ

.

မင်းကျင်.တရား၁၀ပါး

မင်းကျင့်တရားဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် အဓွန့်ရှည်အောင် စိုးအုပ်ခွင့်ရရန် ပေးတဲ့အကြံဥာဏ်ကို ခေါ်ပါသည်။ မင်းကျင့်တရား (၁၀)ပါးရှိပါသည်။[1]
  1. အလှူပေးခြင်း
  2. ငါးပါးသီလ ဆောက်တည်ခြင်း
  3. ပေးကမ်း စွန့်ကြဲခြင်း
  4. ဖြောင့်မတ်ခြင်း
  5. နူးညံခြင်း
  6. ရှစ်ပါးသီလ ဆောက်တည်ခြင်း
  7. အမျက်မထွက်ခြင်း
  8. ပြည်သူတို့ကို မညှဉ်းဆဲခြင်း
  9. သည်းခံခြင်း
  10. ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း

ကျန်းမာရေး

ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်တစ်ခု (သို့) Super Bug

လွန်ခဲ့သော လပိုင်းများမှ စ၍ အင်တာနက် စာမျက်နှာများ ပေါ်တွင် Super Bug (စူပါရောဂါပိုး) ဆိုသော စကားလုံးသစ် တစ်လုံး စတင်ခေတ်စားလာခဲ့ပြီး ယခုရက်ပိုင်းအတွင်းတွင် နိုင်ငံပေါင်းစုံ၏ သတင်းစာ စာမျက်နှာများတွင် ဖော်ပြသတိပေးလာရသည် အထိ ကျယ်ပြန့်လာခဲ့ရသည်။ ထို့ကြောင့် မက်ဖန်ပရိသတ် များလည်း သတင်းကောင်း တစ်ပုဒ်ကို ကမ္ဘာနှင့်တပြေးညီ တိကျပြည့်စုံစွာ သိရှိနိုင်စေရန် ယခုလ ၁၈ ရက်နေ့ထုတ် Moscow Time သတင်းစာပါ “အသစ်ပေါ်လာသော စူပါရောဂါပိုးက ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိ” သတင်းဆောင်းပါးနှင့် တကွ စူပါရောဂါပိုးဆိုင်ရာ အချက်အလက်များကို စုစည်းတင်ပြ ပေးလိုက်ပါသည်။

စူပါရောဂါပိုးဆိုသည်မှာ လက်ရှိကမ္ဘာပေါ်တွင် ရှိရှိသမျှသော ပိုးသတ် ပဋိဇီဝဆေး (antibiotics) များ အားလုံးနီးပါးကို ခံနိုင်ရည်ရှိပြီး ထိုဆေးများနှင့် ထိတွေ့နေသော်လည်း အသက်ဆက်ရှင်သန်နိုင်သော ရောဂါပိုးမွှားများ ဖြစ်ပါသည်။

ရှေးယခင်ကတည်းက စူပါရောဂါပိုးဆိုသော ဝေါဟာရ ရှိနှင့်ပြီး ဖြစ်သော်လည်း ထိုဝေါဟာရသည် ယနေ့ကဲ့သို့ မတွင်ကျယ် သေးသည့်အပြင် ထိုစဉ်က စူပါပိုးများကလည်း ယနေ့ရှိသော ပိုးများလောက် ခံနိုင်ရည် မကောင်းခဲ့ပါ။ ယနေ့ခေတ် အင်တာနက် သတင်းများတွင် အပုဒ်ရေများစွာ အနေဖြင့် ဖော်ပြလာကြသည့် အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်၊ အိန္ဒိယ စသော နိုင်ငံများတွင် တွေ့ရှိလာခဲ့သော စူပါရောဂါပိုး မျိုးစိတ် အသစ်များသည် ရောဂါပေးနိုင်စွမ်း၊ ပဋိဇီဝဆေး ခံနိုင်ရည် ရှိမှု စသည့် အချက်များတွင် လွန်စွာ ထိပ်တန်း ရောက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသည်။ ထိုပိုးများသည် ကမ္ဘာလှည့် ခရီးသွားများမှ ကမ္ဘာအနှံ့ ပျံ့နှံ့နိုင်သည်ဟု သိရပြီး ကုန်ကျစားရိတ် ပိုမိုသက်သာသော ဇီဝဓာတုလက်နက် (Biochemical Weapon) အဖြစ် အသုံးပြုလာမည်ကိုပင် စိုးရိမ်ရသည်ဟု သုတေသီများက မှတ်ချက်ပြုကြသည်။

ထိုသို့ ဖြစ်ရခြင်းမှာ သဘာဝတရား၏ (Evolutionary Stress) ဟုခေါ်သော ဆင့်ကဲဖြစ်စဉ်ဖြစ်စေရန် ဖိအားပေးမှုကြောင့် ဖြစ်သည်။ ဘက်တီးရီးယားများသည် ပဋိဇီဝဆေးများ၏ သုတ်သင်ခြင်းဆိုသော ဖိအားဒဏ်ကို ခံရသောအခါ ထိုပဋိဇီဝဆေးကို ခံနိုင်ရည် ရှိသော မျိုးဗီဇသွင်ပြင် (Trait) ကို ပြောင်းလဲတည်ဆောက် လိုက်ကြပြီ်း လက်ဆင့်ကမ်း ပေးကြသောကြောင့် စူပါရောဂါပိုးများ ဖြစ်လာကြခြင်းပင် ဖြစ်ပါသည်။ မည်သည့်သတ္တ၀ါ၏ မျိုးရိုးဗီဇ ပုံစံတွင်မဆို မိမိ ရှင်သန်ကျန်ရစ်ရေးအတွက် သဘာဝတရားနှင့် ကိုက်ညီအောင် ရွေးချယ်နေထိုင်မှု (Natural Selection) ရှိခြင်းကြောင့် ဖြစ်ပါသည်။



စူပါပိုးများ ပေါ်လာရခြင်း၏ အဓိကအကြောင်းအရင်းများမှာ လူတို့သည် ပိုးသတ်ဆေးများ သောက်သုံးရာတွင်
(၁) တကယ်မလိုအပ်ဘဲ မိမိသဘောနှင့်မိမိ သောက်သုံးခြင်း
(၂) ဆရာဝန်ညွှန်ကြားချက်ကာလ (Course) ပြည့်အောင် မသောက်ခြင်း၊ ပမာဏ (Dose) ပြည့်အောင် မသောက်ခြင်း
(၃) ဆရာဝန်၏ အမှားကြောင့် ပိုးသတ်ဆေးနှင့် ပိုးအမျိုးအစား ကာလကြာရှည်စွာ လွဲ၍ သောက်သုံးမိနေခြင်း
(၄) လူသားကုဆေးပညာနှင့် တိရိစ္ဆာန်ကုဆေးပညာ နှစ်ခုစလုံးတွင် ပိုးသတ်ဆေးအများစုကို တူညီစွာ အသုံးပြုကြခြင်း
(၅) ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများက သန့်စင်မှု နှင့် အရည်အသွေး မပြည့်မီသော ကုန်ကြမ်းများကို သုံးခြင်း
(၆) တူညီသော ပိုးသတ်ဆေး တစ်မျိုးတည်းကို တူညီသော အ၀န်းအ၀ိုင်းတစ်ခု (ဥပမာ ဆေးရုံ၊ ဒေသ၊ ရပ်ကွက်၊ မြို့နယ် စသည်တို့) တွင် ကာလကြာရှည် စွဲသုံးခြင်း
(၇) ဆပ်ပြာ၊ ပန်းကန်ဆေးရည် စသော အိမ်သုံးပစ္စည်းများတွင် မလိုအပ်ဘဲ ပိုးသတ်ဆေးများ ထည့်သွင်း အသုံးပြုခြင်း
စသည်တို့ကြောင့် အဓိက ဖြစ်ရသည်ဟု ပညာရှင်များက တွေ့ရှိထားကြသည်။ လက်ရှိတွေ့ရှိထားသော စူပါရောဂါပိုး မျိုးစိတ်များမှာ

1. Staphylococcus aureus (methicillin-resistant Staphylococcus aureus , MRSA)
2. Streptococcus pyogenes
3. Streptococcus pneumoniae
4. Pseudomonas aeruginosa
5. Clostridium difficile
6. Salmonella
7. E. coli
8. Acinetobacter baumannii
စသည်တို့ ဖြစ်သည်။

ဆက်လက်၍ ယခုလ ၁၈ ရက်နေ့ထုတ် Moscow Time သတင်းစာပါ သတင်းဆောင်းပါးကို ဆက်လက် ဖတ်ရှုနိုင်ပါသည်။

“ပေါ်ထွန်းလာသော စူပါရောဂါပိုးများက ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိ”
မော်စကို၊ သြဂုတ် ၁၈

ကမ္ဘာ့သတင်း မီဒီယာများတွင် ခရီးသွားခြင်းများမှ ကူးစက်ပျံ့နှံ့နိုင်သော အသစ် ပေါ်ပေါက်လာသော စူပါရောဂါပိုးများ အကြောင်း တွင်တွင်ကျယ်ကျယ် ဖော်ပြလာချိန်တွင် ထိုပိုးများကို နိုင်နင်းသော ဆေးများ လတ်တလော မရှိသေးဟု ဆေးသိပ္ပံပညာရှင်များက ဖော်ထုတ်ပြောဆိုခဲ့သည်။

လက်ရှိ ကမ္ဘာ့အစွမ်းအထက်ဆုံး ဆိုသော ပဋိဇီဝဆေးများကိုပင် မြင့်မားစွာ ခုခံရှင်သန်နိုင်စွမ်း ရှိသော New Delhi Metallo-beta-lactamase (NDM-1) ဟု အမည်ပေးထားသည့် ဗီဇပိုင်ဆိုင်သော စူပါပိုးတစ်မျိုးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လွန်ခဲ့သော ရက်သတ္တပတ်က တွေ့ရှိခဲ့သည့် အကြောင်း အပြည့်အစုံကို ဗြိတိန်အခြေစိုက် Lancet Infectious Diseases ဂျာနယ်တွင် ဖော်ပြပါရှိခဲ့ပါသည်။ ထို NDM-1 ဗီဇပိုင်ဆိုင်သော ပိုးများကြောင့် တီဘီ၊ နမိုးနီးယား စသော ကူးစက်ရောဂါများတွင် လူသားများအနေဖြင့် အကာအကွယ်မဲ့ ဆိုးရွားစွာ ကူးစက်ခံနိုင်ဖွယ် ရှိကြောင်း၊ ယခုဖြစ်ရပ်သည် ပဋိဇီဝဆေးများ သုံးစွဲပုံ စနစ်မကျခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုများ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း တွက်ဆသိရှိရသည်ဟု ထိုဂျာနယ်တွင် ဖော်ပြပါရှိသည်။

တီဘီရောဂါပိုးကို အီလက်ထရွန် မိုက်ကရိုစကုပ်အောက်တွင် မြင်ရပုံ

အထူးသဖြင့် အိန္ဒိယနိုင်ငံကဲ့သို့ လူနေမှုအဆင့်အတန်း နိမ့်ကျသော နေရာများ ရှိနေပြီး အလှအပခွဲစိတ်ပြုပြင်မှု (Cosmetic Surgery) လုပ်ငန်းများကို အမေရိကန်နှင့် ဥရောပနိုင်ငံများအောက် ဈေးချိုချိုနှင့် ပြုလုပ်ပေးမှုကြောင့် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု သိသိသာသာ မြင့်မားလာနေသော နိုင်ငံမျိုးသည် စူပါရောဂါပိုးများ ပေါ်ပေါက်လာခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်စေသည်ဟု ကမ္ဘာ့သုတေသီများက ၄င်းတို့၏ စာတမ်းများကို ထည့်သွင်းရေးသား တင်ပြကြသော်လည်း အိန္ဒိယအစိုးရကမူ ထိုဝေဖန်ချက်များသည် သူတို့နိုင်ငံ၏ အကျိုးစီးပွားများလှသော ဆေးဝါးဆိုင်ရာ ခရီးသွားလုပ်ငန်းများအပေါ် တိုက်ခိုက်ရန် လျှို့ဝှက် ပူးပေါင်းကြံစည်မှု တစ်ရပ်ဖြစ်သည်ဟု ပြန်လှန် စွပ်စွဲပြောဆို ကြကြောင်း သတင်းရရှိသည်။

ထိုသို့စွပ်စွဲမှုနှင့် ပတ်သက်၍ ဤလေ့လာမှု၏ ခေါင်းဆောင်သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ တင်မိုသီက ရုရှမီဒီယာများ မှတစ်ဆင့် ကမ္ဘာသို့ အောက်ပါအတိုင်း ရှင်းလင်းပြောဆိုသွားခဲ့သည်။

“သိပ္ပံပညာရှင်တွေ ဖြစ်တဲ့ ကျွန်တော်တို့ဟာ မှန်တဲ့ အချက်အလက်တွေကိုပဲ အရှိအတိုင်း မှတ်တမ်းတင်ပါတယ်။ NDM-1 ဆိုတာ မျိုးရိုးဗီဇဆိုင်ရာ DNA အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ရိုးရိုးသာမန် ဘက်တီးရီးယား တစ်ကောင်ကနေ စူပါဘက်တီးရီးယား စဖြစ်လာပြီး လျှင်မြန်စွာ ပွားများ လာတတ်တဲ့ သဘော ရှိပါတယ်။ လက်ရှိ ဒီလို NDM-1 ဗီဇတွေ့ရတဲ့ နိုင်ငံတွေကတော့ အမေရိက၊ ကနေဒါ၊ သြစတြေးလျား၊ နယ်သာလန်နဲ့ ပြင်သစ်တို့မှာ ဖြစ်ပြီး တူညီတိုက်ဆိုင်နေတဲ့ အချက်တွေကတော့ အဲဒီပိုးတွေ့တဲ့ သူတိုင်းဟာ မကြာသေးမီကမှ အိန္ဒိယကနေ ပြန်လာကြတာ ဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ပြောခဲ့တဲ့ အိန္ဒိယက စပေါ်လာတာ ဆိုတဲ့ အချက်ဟာ သေချာပါတယ်။ လက်ရှိ ဒီစူပါပိုးတွေကို နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေး လောလောဆယ် မရှိသေးတာလည်း သေချာပါတယ်”

ထိုအကြောင်းခြင်းရာများကြောင့် လူဦးရေ သန်းတစ်ထောင်ခန့်ရှိသော အိန္ဒိယနိုင်ငံတွင် ဤအရေးကိစ္စကို ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ အနေဖြင့်လည်း ၄င်းတို့ တကယ် ထိရောက်စွာ အကောင်အထည် မဖော်ခဲ့သော အမျိုးသား ကျန်းမာရေးစောင့်ကြည့်မှုစနစ် (National Surveillance System) ကို စနစ်တကျ ခိုင်မာစွာ တည်ဆောက်ကျင့်သုံးကာ သောက်သုံးရန် မသင့်တော်သော ဆေးဝါးများ ဖြန့်ချိခြင်းကို ထိရောက်စွာ ပိတ်ပင်တားဆီး သင့်ပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုထားသည်။


အိန္ဒိယအဏုဇီဝဗေဒ ပညာရှင်များအစည်းအရုံး၏ ဥက္ကဌဖြစ်သူ ဒေါက်တာ အက်ဘ်ဟေးချောက်ဒရီကမူ “ရောဂါပိုးတွေဟာ ရှေ့ဆက် ပိုပြီး ဆေးယဉ်လာကြမှာ အသေအချာပါပဲ။ ဒေလီမြို့တစ်မြို့တည်း အိန္ဒိယ တစ်နိုင်ငံတည်းမှာပဲ ဒီဒဏ်ကို ခံရမှာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ရှိတာမို့ ကာကွယ်ဖို့ တစ်ကမ္ဘာလုံးက ပညာရှင်တွေမှာ တာဝန်ရှိပါတယ်” ဟု မီဒီယာများသို့ ယမန်နေ့က ပြောကြားခဲ့သည်။

လွန်ခဲ့သော ရက်များက စူပါရောဂါပိုးများကြောင့် ပါကစ္စတန်နိုင်ငံမှ ပြန်လာသော ဘရပ်ဆဲလ်မြို့သားတစ်ဦး သေဆုံးသွားကြောင်းကို ဘရပ်ဆဲလ်တက္ကသိုလ်ဆေးရုံမှ အဏုဇီဝဗေဒပညာရှင် ဒေါက်တာဒဲန်းနစ်ပီရာရက်၏ အတည်ပြုချက်ကို ကိုးကား၍ ဂျာမနီနိုင်ငံထုတ် German Bild သတင်းစာက ဖော်ထုတ်ရေးသားခဲ့သည်။

ထို့ကြောင့် ကမ္ဘာတစ်ဝန်း ခရီးသွားလာမှု အရှိန်အဟုန်များ အထူးမြင့်မား လာနေသော ယနေ့ခေတ်တွင် ပိုးသတ်ဆေးမတိုးသော စူပါရောဂါပိုးများ ကမ္ဘာအနှံ့ ပျံ့ပွားကူးစက်ခြင်း မရှိစေရန် ကာကွယ်ရာတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အထူးဂရုစိုက်သွားရန် လိုအပ်လှပေသည်။ လက်ရှိ ဥရောပနှင့် အမေရိကနိုင်ငံ အတော်များများတွင်လည်း NDM-1 ဗီဇပါစူပါရောဂါပိုးများကို အထူးဂရုပြု ရှာဖွေစစ်ဆေးနေကြပြီး ပဋိဇီဝဆေးအသစ်များ ဖော်ထုတ်နိုင်ရန် နိုင်ငံတော်အဆင့် အတိုင်းအတာ သတိပေးချက်ဖြင့် ဆောင်ရွက်လျက် ရှိကြကြောင်း သတင်းရရှိသည်။

အချုပ်ပြောလိုသည်မှာ ကျွန်တော်တို့ လူသားများသည် သိပ္ပံနှင့် နည်းပညာ၏ စွမ်းအားကို ယုံကြည်သင့်ပါသည်။ စူပါရောဂါပိုးများ၏ DNA ခေါ် မျိုးရိုးဗီဇ အမျှင်ခွေလေးထဲတွင် သိုဝှက်ထားသော ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကြီးကို ရင်ဆိုင်အနိုင်ယူနိုင်ရန် နည်းလမ်းများကို ဆေးသိပ္ပံပညာရှင်များ သေချာပေါက်ရှာတွေ့မည်ဟု ယုံကြည်သင့်ပါသည်။ လူသားအားလုံး တစ်ခုသတိချပ်ရန်မှာ အ၀ိဇ္ဇာ နှင့် တဏှာများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ကြယ်တာရာစစ်ပွဲများ၊ အစွမ်းထက် လက်နက်များ၊ နျူကလီးယား ခြိမ်းခြောက်မှုများ၊ လူမျိုးရေးနယ်ပယ်ရေး ပြဿနာများ နှင့် ပတ်သက်၍ ကျွန်တော်တို့ အငြင်းအခုံတွေ လုပ်နေကြစဉ်မှာပင် လူသားများအတွက် တကယ့်အန္တရာယ် အစစ်ကတော့ လာနေပြီဆိုသော အချက်ပင် ဖြစ်ပါသည်…………. ဟု ယခုလ ၁၈ရက်နေ့ထုတ် Moscow Time သတင်းစာတွင် ရေးသားဖော်ပြပါရှိခဲ့ပါသည် ။


Probe by : သီဟသစ်(ဆေး-၂) Mutdfan.com

မူရင်းလင့်ကို သွားဖတ်ချင်ရင်www.mutdfan.com



ဂျပန်ငလျင်၊ ဆူနာမီနှင့် အနုမြူပြဿနာ (ဘိုဘိုကျော်ငြိမ်း) ဆောင်းပါး - မဇ္ဈိမသတင်းဌာန .

မတ်လ ၁၁ ရက်နေ့က လှုပ်သွားတဲ့ ဂျပန်ငလျင်ဟာ  ၁၉ဝဝ ခုနှစ် စရင်းစကောက်ချိန်ကစပြီး ပဉ္စမအကြီးဆုံး ငလျင်ကြီးတခု ဖြစ်တယ်။ ဂျပန်ကျွန်းဟာ ၁၂-၁၃ ပေ အရှေ့ဘက်ကို ရွေ့သွားပြီး ကမ္ဘာ့ဝင်ရိုးတောင် ၆.၅ လက်မ ပြောင်းလဲသွားတယ်။ ကမ္ဘာကြီးလည်ပတ်မှုတောင် ၁.၈ မိုက်ခရိုစက္ကန့် (၁ စက္ကန့်=  မိုက်ခရိုစက္ကန့် ၁သန်း) နှေးသွားတယ်လို့ နာဆာ ပညာရှင် Richard S Gross ရဲ့ တွက်ချက်မှုအရ သိရတယ်။ ဒါကြောင့် ဒီငလျင်ဟာ ဒုတိယကမ္ဘာ စစ်အပြီး ဂျပန်နိုင်ငံအတွက် အဆိုးဆုံး သဘာဝဘေးဒဏ်ဖြစ်တယ်။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ ရှိတာကြောင့် ငလျင်အတွက် ပြင်ဆင်မှုရှိတယ်။

ပြဿနာက ငလျင်ကြောင့်ဖြစ်လာတဲ့ ဆူနာမီပဲ။ ဆူနာမီ ဆိုတာကလည်း ဂျပန်စကားပါပဲ။ တိုက်တွေလောက်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ကမ်းပေါ်ကို ရောက်လာပြီး၊ ကမ်းခြေမှာရှိတဲ့ အိမ်ခြေ မြို့ရွာတွေကို တိုက်စားသွားနိုင်တဲ့ လှိုင်းကြီးတွေကို ဆူနာမီလို့ခေါ်တာပါ။

ပိုရှင်းသွားအောင် ဘာကြောင့် ငလျင်လှုပ်တာလဲ၊ ငလျင်ကြောင့် ဆူနာမီဘယ်လို ဖြစ်ရတာလဲဆိုတာကို ကြည့်ကြရအောင်။

ကျနော်တို့ရဲ့ကမ္ဘာကြီးဟာ တကယ်တော့ အသေမဟုတ်ဘူး၊ အရှင်လို့ပြောရလိမ့်မယ်။ ဆိုလိုတာက ကျနော်တို့ ရပ်နေတဲ့ မြေပြင်ကြီးဟာ တကယ်တော့ (ရွေ့)နေတာပါ။ ဥပမာ ရန်ကုန်မြို့အောက်မှာ ကမ္ဘာမြေကြီးရှိတယ်။ ဒီကမ္ဘာမြေကြီးဟာ အမြဲဒီနေရာမှာပဲ တည်တန့်နေမှာ မဟုတ်ဘူး။ ရွေ့နေတာက တနှစ်မှာ ၁ စင်တီမီတာ၊ ၂ စင်တီမီတာ ရွေ့တာဆိုတော့ တိုတောင်းလှတဲ့ လူ့သက်တန်းမှာ ရွေ့တယ်လို့ မထင်ရဘူးပေါ့။ ဒါပေမဲ့ နှစ်ပေါင်း သန်းရာနဲ့ ထောင်နဲ့ချီပြီး ကြာတဲ့ကာလမှာမှ ရွေ့ရှားမှုဟာသိသာလာပါတယ်။ ဥပမာ ကမ္ဘာတည်ပြီးစ တည်ငြိမ်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၃,၁ဝဝ လောက် ကာလမှာ အခုလို ကုန်းတိုက်ကြီး ၇ တိုက် မရှိပါ။ ကုန်းမြေတွေအားလုံးဆက်နေတဲ့ တိုက်ကြီးတတိုက်ပဲရှိပြီး၊ ရေတွေ ဝိုင်းရံလျက်ရှိပါတယ်။ Super Continentလို့ ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေက နောက်နှစ်ပေါင်း သန်း ၁,ဝဝဝ ကျော်ရင် တိုက်တွေအားလုံး စုပေါင်းလာပြီး၊ Super Continent ပြန်ဖြစ်မယ်လို့ ကွန်ပြူတာ စင်မြူလေးရှင်းလို့ခေါ်တဲ့ တွက်ချက်နည်းအရ ကြိုတင် ဟောကိန်းထုတ်ထားကြပါတယ်။ လက်ရှိ အိန္ဒိယတိုက်ငယ်ဟာ နှစ်သန်းပေါင်းများစွာက အာဖရိကတိုက်နဲ့ ကပ်လျက်ရှိရာကနေ အခုနေရာဆီ တဖြည်းဖြည်း ရွေ့လာတာပါ။

တိုက်ကြီးတွေနဲ့ သမုဒ္ဒရာတွေအောက်မှာ တက်တောနစ်ပလိပ် Tectonic Plates လို့ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာထုကြီးတွေ ရှိပါတယ်။ စက်ရုံတွေမှာ တွေ့လေ့တွေ့ထရှိတဲ့ သံမဏိအပြား Iron Plates ဒါမှမဟုတ် Iron Sheets တွေကို ပြေးမြင်ကြည့်ပါ။ ဘေဆော့ basalt နဲ့ ဂရင်နိုက် granite လို့ ခေါ်ကြပြီး၊ ၅ မိုင်ကနေ မိုင် ၃ဝ အထိ ထူပါတယ်။ ဒီကျောက်လွှာထုတွေအောက်မှာ တဝက်တပျက် အရည်ပျော်နေတဲ့ စီးကပ်ကျောက်အရည် Viscous semi-molten rocks တွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ကမ္ဘာ့ကျောက်လွှာထုကြီး Tectonic Plates တွေဟာ ရွေ့လျားနေကြပါတယ်။

ဒီ Tectonic Plates တွေဟာ တခုနဲ့တခု ထိတွေ့တဲ့ နေရာမှာ အစဉ်တွန်းလျက် အားပြိုင်နေကြပါတယ်။ Tectonic Plate တွေ ထိတွေ့ဆက်စပ် တွန်းအားပြိုင်ရာ လမ်းကြောင်းတွေကို Fault Line ငလျင်အကြောလို့ ခေါ်ကြပါတယ်။ စာဖတ်သူတို့ ကျွဲ ၂ နှစ်ကောင် ခေါင်းချင်းဝှေ့နေတာကို ပြေးမြင်ကြည့်ပါဦး။ အားချင်းမျှနေလို့ ကျွဲနှစ်ကောင် ရွေ့တယ်လို့ မထင်ရပေမယ့် ကျွဲနှစ်ကောင်ရဲ့ တွန်းအားဟာ ထိတွေ့တဲ့နေရာမှာ အားတွေ စုနေပါတယ်။ တချက်လှုပ်ခါသွားမှ အားလွတ်ထွက်ပြီး၊ အားနဲ့ရွေ့လျားသွားတတ်ပါတယ်။ အဲဒီနည်းတူစွာ Tectonic Plates တွေဟာ သူတို့ထိတွေ့ရာမှာ တခုနဲ့တခု အတင်းတွန်းနေပါတယ်။ ဒီတွန်းအားတွေကြောင့် စွမ်းအင် Energy ဟာ အဲဒီဆုံမှတ်နေရာမှာ (စု) နေပါတယ်။ အဲဒီအင်အားတွေ လျှပ်တပြက် အတင်းတုန်ခါ လွတ်မြောက်သွားရင် ငလျင်အကြော Fault Line အတိုင်း ငလျင်လှုပ်တာ ဖြစ်ပါတယ်။

တကယ်တော့ ငလျင်လှုပ်တယ်ဆိုတာက ပလိပ် Plate တွေ တိုက်ပြီး၊ စုနေတဲ့ စွမ်းအင်၊အင်အားတွေ လွတ်ထွက်သွားတာပါ။ ငလျင်လှုပ်ရင် ဘေးတိုက်လှုပ်တာ ရှိသလို၊ အပေါ်အောက်လှုပ်တာ ရှိပါတယ်။ ကံဆိုးတာက ဂျပန်နိုင်ငံဟာ Tectonic Plates ၄ ခု ဆုံရာ ငလျင်ကြောတွေပေါ်မှာ တည်ရှိနေတာပါ။ ဒါကြောင့် ငလျင် ခဏခဏ အလှုပ်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီနည်းတူ အမေရိကန် အနောက်ဘက်ကမ်း တခုလုံးဟာလည်း ငလျင်ကြောတွေအပေါ် တည်ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ငလျင် ခဏခဏ အလှုပ်ခံရပါတယ်။

ဂျပန်ဟာ မြောက်အမေရိကား၊ ပစိဖိတ်၊ ယူရိုအာရှ Eurasian နဲ့ ဖိလစ်ပိုင် Plates တွေ လာ(စုံ)ရာ ဖြစ်ပါတယ်။ ဂျပန်မြောက်ပိုင်းဟာ မြောက်အမေရိကား Plate ရဲ့ အနောက်အစွန်းဖျားမှာ တည်ရှိပြီး၊ ဂျပန်တောင်ပိုင်းက ယူရိုအာရှ Plate အပေါ် တည်ရှိပါတယ်။

အခုလှုပ်သွားတဲ့ ငလျင်မှာ တိုကျိုမြို့ကနေ အရှေ့မြောက် ၂၃၁ မိုင်နဲ့ ဟွန်ရှူးကျွန်း စင်ဒိုင်မြို့ အရှေ့ဘက် မိုင် ၈ဝ ပစိဖိတ်သမုဒ္ဒရာအောက် Japan Trench အနီး ဖြစ်ပွားတာပါ။ ဒီနေရာမှာ ပစိဖိတ် ပလိပ်ဟာ မြောက်အမေရိကား ပလိပ်နဲ့ အားချင်းပြိုင် ထိပ်တိုက်တွန်းကြရာကနေ ပစိဖိတ်ပလိပ်ဟာ မြောက်အမေရိကား ပလိပ်အောက်ထဲ တဖြည်းဖြည်း ထိုးဆင်းသွားခြင်းပါ။ ဒီလိုနေရာကို Seduction zone (Trench) လို့ ခေါ်ကြပါတယ်။ တချိန်မှာ (အား) တွေ စုစည်းနေရာကနေ လွတ်ထွက်ပြီး၊ အပြင်းအထန် လှုပ်ရှားတာလည်း ဖြစ်တန်ပြန်ပါတယ်။ အပေါ်အောက် လှုပ်ရှားခြင်းပါ။ အဲဒီလို ပစိဖိတ် Plate က အောက်ထဲ လျှိုဝင်အဖိခံခြင်းကနေ ရုန်းထွက်ပြီး၊ အပေါ်ကို ပြန်ဦးမော့လာတာကြောင့် သမုဒ္ဒရာအောက် မြေကြီးဟာ အပေါ်ကိုမြင့်တက်လာကာ အရှေ့ဘက်ဆီ ၁၂-၁၃ ပေလောက် ရွေ့သွားပါတယ်။ ဗဟိုချက်မဟာ သမုဒ္ဒရာအောက် ၁၅.၂ မိုင်မှာ ဖြစ်ပွားတာကြောင့် တိမ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို သမုဒ္ဒရာအောက် ကမ္ဘာမြေကြီး ပြောင်းလဲမှုကြောင့် အရှိန်နဲ့ဖယ်ရှားခံရတဲ့ ပင်လယ်ရေတွေဟာ အရပ်လေးမျက်နှာဆီ လှိုင်းနှစ်ခုသဏ္ဍာန် ရွေ့လျားသွားကြပါတယ်။ တနာရီမှာ မိုင် ၅ဝဝ နှုန်းနဲ့ ရွေ့လျားတယ်လို့ တွက်ချက်လို့ ရပါတယ်။

လှိုင်းတွေဟာ သမုဒ္ဒရာရေကြောကို ဖြတ်သန်းရာမှာ အတိုက်ခံမရှိလို့ မကြီးမားပေမယ့် ကမ်းခြေနဲ့ နီးလာတာနဲ့အမျှ အနောက်က ပါလာတဲ့ အရှိန်နဲ့၊ အရှေ့က ကာဆီးထားမှုကြောင့် လှိုင်းလုံးကြီးတွေဟာ ကမ်းခြေနဲ့ နီးလေကြီးလာလေ ဖြစ်ပါတယ်။ ဆူနာမီဆိုတာက လှိုင်းတခုထဲ မဟုတ်ပါဘူး။ အရှိန်ကြီးရင် ကြီးသလို လှိုင်းလုံးကြီးတွေ ဆက်တိုက် လိုက်လာပြီး၊ Plates တွေ နှစ်ပေါင်းများစွာ ထိပ်တိုက်တွန်းကြရင်း စုပြုံနေတဲ့ စွမ်းအားတွေဟာ လှိုင်းအရှိန်အဖြစ် ပြောင်းလဲသွားတာကြောင့် ဒီလှိုင်းတွေရဲ့ အင်အားဟာ အလွန်ပဲ ကြီးမားလှပါတယ်။ ငလျင်လှုပ်ရာ ဗဟိုနဲ့နီးလေ အင်အားကြီးမားလေ ဖြစ်ပါတယ်။ အခုလှုပ်တဲ့ ဗဟိုဟာ ဂျပန်ကျွန်းနဲ့  မိုင် ၈ဝ ပဲဝေးတာမို့၊ ထွက်ပြေးဖို့လည်း သိပ်အချိန်မရ၊ လှိုင်းအရှိန်ကလည်း ကြီးမားလှပါတယ်။ ဒါကြောင့် တနေရာမှာ အတွင်းပိုင်းထဲ ၆ မိုင်အထိ ရေတွေဝင်လာကြပါတယ်။ အလွန်အင်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေဟာ အိမ်တွေ၊ ကားတွေကို အရုပ်လေးတွေလိုပဲ ဖယ်ရှားသယ်ဆောင်သွားနိုင်တာ ဖြစ်ပါတယ်။ လှိုင်းအမြင့်က ပေ ၂ဝ အထိ မြင့်တယ်လို့ ဆိုကြပါတယ်။

ဒီငလျင်ကြီး ပြီးသွားတဲ့အခါ Plate နှစ်ခုဟာ ဆက်တွန်းနေကြပြန်ပြီ။ နောင်နှစ်ပေါင်း ၅ဝဝ-၁ဝဝဝ လောက်မှ တခါ ငလျှင်ကြီး ထပ်လှုပ်ပါမယ်။ တချို့ပညာရှင်တွေက ဒီငလျင်မျိုးဟာ နှစ် ၅ဝဝ မှာမှ တခါလှုပ်တတ်တယ်လို့ ဆိုသလို၊ တချို့က ၁၇ဝဝ ခုနှစ် လောက်တုန်းက တခါလှုပ်ဖူးကြောင်း ရာဇဝင်မှာ မှတ်တမ်းရှိတယ်လို့ ထောက်ပြကြပါတယ်။

ငလျင်ကို လေ့လာကြတဲ့ သိပ္ပံရဲ့ ပြဿနာမှာ နောက်တခါလှုပ်ဖို့ အချိန်တန်ပြီလို့ ပြောနိုင်ပေမယ့် ဘယ်အချိန်မှာ ဒီစွမ်းအင် အင်အားတွေ လွှတ်ထွက်မှာကို မသိနိုင်ကြသေးပါ။ ဥပမာ ငလျင်လှုပ်မှု အချိန်ဇယားကို ကြည့်ပြီး၊ အနှစ် ၁ဝဝ မှာ တခါလှုပ်တယ်၊ အနှစ် ၂ဝဝ မှာ တခါလှုပ်မယ်လို့ ခန့်မှန်းခြေ ပြောနိုင်ပေမယ့် အတိအကျ ဘယ်တော့လှုပ်မယ်လို့ ပြောနိုင်လောက်အောင် သိပ္ပံက မထွန်းကားသေးပါ။ ကမ္ဘာမြေပြင်ပေါ်မှာပင် ကိရိယာတွေ မြှုပ်နှံပြီး၊ tremor လို့ ခေါ်တဲ့ တုန်ခါမှု အသေးတွေကို တိုင်းထွာခန့်မှန်းနိုင်ပေမယ့် Plate အဆင့်အထိ ဖြစ်စဉ်ကို မတိုင်းနိုင်ကြသေးပါ။

ဒါကြောင့် ဒီ ၂ဝ၁၁ ခု ဂျပန်ငလျင်မှာ ဆူနာမီက ငလျင်ထက် ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေပါတယ်။ ဆူနာမီ ဖျက်စီးမှု နောက်ဆက်တွဲမှာ အနုမြူဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲမှုကြောင့် Radiation အနုမြူရောင်ခြည် ပျံ့နှံ့မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာမှာ စွမ်းအင်အသုံးဆုံး ၂ နေရာ ရှိပါတယ်။ လျှပ်စစ်နဲ့ ကား၊ လေယာဉ်၊ ရထားတွေ မောင်းနှင်ဖို့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ လူနေအိမ်တွေ မီးရဖို့ လျှပ်စစ်ထုတ်လုပ်ရပါတယ်။ ဒီနေ့ခေတ်မှာ လျှပ်စစ်အပေါ် အားလုံး မီခိုနေကြရရာ လျှပ်စစ်မရှိရင် မည်ရွေ့မည်မျှ ဒုက္ခရောက်ကြောင်း မြန်မာနိုင်ငံသားတွေ အသိဆုံးပါ။ လျှပ်စစ်ထုတ်လုပ်ဖို့ လျှပ်စစ်တာဘိုင် စက်ကြီးတွေကို လည်စေရပါတယ်။ ရေအားဖြင့်သော်လည်းကောင်း၊ အပူအားဖြင့်သော်လည်းကောင်း၊ လေအားဖြင့်သော်လည်းကောင်း ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည်တို့ကို မီးရှို့ခြင်းဖြင့်သော်လည်းကောင်း ဒီ လျှပ်စစ် တာဘိုင်တွေကို လည်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ရပါတယ်။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စတာတွေကို မီးရှို့တဲ့အခါ ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထွက်ကာ၊ ဒီဓာတ်ငွေ့ဟာ လေထုကို ညစ်ညမ်းစေပြီး၊ နေမှ အပူဓာတ်ကို စုပ်ယူထားတာကြောင့် Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေပါတယ်။

သိပ္ပံညာရှင် အိုင်စတိုင်းရဲ့ ကမ္ဘာကျော် ဖော်မြူလာ ရှိပါတယ်, E=mc2 ။ Mass ဒြပ်ထုနဲ့ စွမ်းအင် Energy ရဲ့ ဆက်စပ်မှုကို ဖော်ထုတ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အနုမြူဗုံးဟာ အနုမြူတွေ ခွဲထုတ်ပြီး၊ ဆက်တိုက်ပြိုကွဲစေပြီး ထွက်ပေါ်လာတဲ့စွမ်းအင်ကို လက်နက်အဖြစ် သုံးတာပါ။ အဲဒီနည်းတူ အနုမြူစွမ်းအင်ကို ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ အကျိုးရှိရှိသုံးနိုင်ပြန်ပါတယ်။ လွယ်လွယ်နားလည်အောင် ပြောရရင် သဘာဝအရ မတည်ငြိမ်တဲ့ ယူရေနီယမ် ၂၃၈ ဟာ ပိုပေါ့ပါးတဲ့ ယူရေနီယမ် ၂၃၄ ဘဝဆီ ကူပြောင်းစဉ် စွမ်းအင်အဖြစ် ဂန္မာရောင်ခြည် (Gamma Rays) တွေ ထွက်ပြီး၊ နြူထရွန် neutron တွေ ထွက်ကျလာပါတယ်။ သဘာဝအရ ဒီဖြစ်စဉ်ဟာ နှစ်ပေါင်း သန်းပေါင်းများစွာ ကြာပါတယ်။ ဒါကြောင့် ထွက်ကျလာတဲ့ နြူထရွန်တွေကို တခြား ယူရေနီယမ် နြူကလီးယပ်စ်နဲ့ တိုက်စေရာမှာ နြူထရွန်တွေ ထွက်ကျစေတာကို ဆက်တိုက်ပြိုကွဲစေပြီး Chain Reaction လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကနေ (အပူ) ဓာတ်ထွက်ပါတယ်။ ဒီအပူဓာတ်ကိုသုံးပြီး ရေကို (ဆူ) စေကာ၊ ရလာတဲ့ (ရေနွေးငွေ့) ရဲ့ စွမ်းအားနဲ့ လျှပ်စစ် တာဗိုင်တွေကို လည်စေကာ လျှပ်စစ်ထုတ်ပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ယူရေနီယမ် ၂၃၄ ဟာ အနုမြူရောင်ခြည်လို့ခေါ်တဲ့ Radiation ကို ထုတ်လွင့်ပြီး၊ ဒီရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်တွေကို ဖျက်ဆီးနိုင်တာကြောင့် လူသားတွေအတွက် အလွန်အန္တရာယ် ကြီးမားလှပါတယ်။ ဒါကြောင့် Radiation ကို ထုတ်လွင့်နေတဲ့ ယူရေနီယမ် ၂၃၄ တွေ အပြင်ဘက် ပြန့်မထွက်ဖို့ အလွန်ထူတဲ့ သံမဏိသံပေါင်းဖိုတွေမှာထားပြီး၊ ထပ်ဆင့်အလွန်ထူတဲ့ ကွန်ကရစ်အကာ အဆောက်အအုံတွေထဲ ထားရပါတယ်။

ထပ်တူအရေးကြီးတာက အပူလွန်ပြီး ပေါက်ကွဲမှုမဖြစ်စေဖို့၊ လျှပ်စစ်တာဘိုင်တွေကို လည်စေတဲ့ ရေနွေးငွေ့တွေကို ရေကန်ထဲဖြတ်စေကာ အပူကို လျော့ချစေရပါတယ်။ ဒီရေကန်ထဲဆီ ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့ ရေစုပ်စက်တွေမှ ပိုက်တွေကတဆင့် (ရေ) တွေကို ပို့ပေးရပါတယ်။ တချိန်ထဲမှာ သံမဏိ သံပေါင်းဖိုတွေကို ရေလှည့်ပတ်မှုနဲ့ အပူမလွန်ဖို့ ထိန်းပေးထားရပါတယ်။

ဒီအနုမြူဓာတ်ပေါင်းဖို ဒီဇိုင်းမှာ ၁၉၇ဝ ခေတ်ကဖြစ်ပြီး၊ နှစ် ၄ဝ ကျော်ပါပြီ။ ခေတ်ပေါ် ဒီဇိုင်းတွေမှာ ရေကိုသုံးပြီး၊ အအေးခံတဲ့ စနစ်ကို မသုံးကြတော့ပါ။ ဂျပန်ရဲ့ ပြဿနာမှာ တာဝန်ရှိသူတွေဟာ ငလျင်ရန်ကို စိုးရိမ်ကြလို့ ငလျင်ဖြစ်တာနဲ့ အလိုလျောက် ရပ်ဆိုင်းခြင်း Automatic Shutdown ကို အလေးပေးခဲ့ကြပေမယ့် ဆူနာမီရန်ရဲ့ အန္တရာယ်ကို အလေးမပေးမိကြ။ ဒါ့အပြင် နားလည်သူတွေက သတိပေးတဲ့ကြားက ဒီဇယ် ရေစုပ်စက်တွေကို နေရာမရွှေ့မိခဲ့ကြ။ ဒီအနုမြူဓာတ်ပေါင်းဖို ၆ ခုကို တနေရာတည်းမှာ စုပြုံထားမိတာကလည်း တဒုက္ခ။

ပြဿနာမှာ ဆူနာမီကြောင့် အရန်အပို မီးပေးစနစ် Backup electricity system ပျက်သွားပြီး လျှပ်စစ်မရှိလို့ ရေစုပ်စက်တွေ မလည်နိုင်။ ဒါ့ကြောင့် ရေပြတ်သွားတာကြောင့် ဒီအနုမြူဓာတ်ပေါင်းဖိုတွေ အပူလွန်ကာ ပြဿနာတက်ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်ထုတ်လုပ်တဲ့ ဒီအနုမြူဓာတ်ပေါင်းဖိုမှာ လျှပ်စစ်ပြတ်သွားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး အပူလွန်ပြီး အဆောက်အအုံတွေ ပေါက်ကွဲကာ Radiation တွေ လေထဲလွင့်သွားပါရင်၊ ကမ္ဘာ့လေကြောင်းတွေမှတဆင့် တခြားနိုင်ငံတွေဆီ ပျံ့နှံ့ကုန်ပါရင် လူတွေအတွက် အန္တရာယ်ရှိပါတယ်။ Radiation ပျံ့နှံ့မှုများရင်သော်လည်းကောင်း၊ အနီးကပ်ဖြစ်ရင်သော်လည်းကောင်း၊ အန္တရာယ် ပိုကြီးပြီး၊ Radiation နည်းနည်း လေထဲမှ ရှူမိရင် ရေရှည်မှာ ကင်ဆာဖြစ်နိုင်တာကြောင့် လူတွေ စိုးရိမ်ကြခြင်း ဖြစ်ပါတယ်။

ပြဿနာမှာ Radioactive ဖြစ်နေတဲ့ အရာဝတ္ထုတွေ လေမှတဆင့် မိုးရေနဲ့ ရောသွားပါရင် Radiation Rain ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အက်စစ်မိုး Acid Rain နဲ့ ဘာမှမဆိုင်ပါ။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို မီးရှို့ပြီး၊ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ စီအိုတူးလို့ခေါ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့တွေကို လေထဲမှုတ်ထုတ်ကြပါတယ်။ အဲဒီနည်းတူ အကြီးစားစက်မှုလက်မှု စက်ရုံတွေဟာလည်း ဆာလ်ဗါဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်တွေကို လေထုထဲ စွန့်ထုတ်ပါတယ်။  အလားတူပင် သန်းပေါင်းများစွာသော ကားတွေကနေ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို မှုတ်ထုတ်ကြကာ လေထုထဲ ပျံ့နှံ့စေပါတယ်။

ဒီဓာတ်ငွေ့တွေဟာ မိုးရေနဲ့ ပေါင်းမိတဲ့အခါ အက်ဆစ်တွေအဖြစ် ပြောင်းလဲကာ မိုးထဲမှာ အက်ဆစ်တွေ ပါလာတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဥပမာ အက်ဆစ်ကြောင့် သစ်ပင်တွေ၊ ပန်းပင်တွေ သေစေနိုင်ပါတယ်။ အဆောက်အအုံတွေ သံချေးတက်နိုင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်မှာ လေထုထဲကို ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေ မှုတ်ထုတ်မှုကို အသေအချာ သုတေသနပြုပြီးမှ ဥပဒေနဲ့ တားမြစ်လာရပါတယ်။ ဒါပေမဲ့ Radiation နဲ့ အက်ဆစ်မိုးနဲ့က ဘာမှ မဆိုင်ပါ။

နောက် မိုးလေဝသပညာအရ ကမ္ဘာ့လေကြောတွေဟာ နာရီပတ်တံနဲ့ ပြောင်းပြန် (လက်ဝဲရစ်) လည်ပတ်ပါတယ်။ ဒါကြောင့် ဂျပန်၊ တရုတ်ပြည်မှ လေတွေဟာ မြန်မာနိုင်ငံဆီ တိုက်ခတ်မလာပါ။ အမေရိကန် နိုင်ငံဘက်သာ သွားနိုင်တယ်။ အိန္ဒိယ သို့မဟုတ် မြန်မာရဲ့ အရှေ့မှာရှိတဲ့ နိုင်ငံတွေ (အီရန်လိုနိုင်ငံမျိုး) ဖြစ်ခဲ့ရင် အန္တရာယ် ရှိနိုင်ပါတယ်။ ကျနော် ဥာဏ်မီသလောက် တင်ပြခြင်းပါ။

အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အနုမြူ ကောလာဟလတွေကိုယုံပြီး၊ မြန်မာပြည်သူတွေ စိုးရိမ်စိတ် များနေမှာကို စိုးလို့ ဒီဆောင်ပါး ရေးရခြင်းပါ။ မကြာခင် ဟိုက်ထရိုဂျင်ခေတ်ဆီ ရောက်လာရမှာက မော်တော်ကားတွေဟာ ရေနံမှဖြစ်တဲ့ ဓာတ်ဆီအစား ဟိုက်ထရိုဂျင်ကို လောင်စာအဇြစ်သုံးပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်အစား ရေသာ ထွက်လာကာ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မယ်။

အခုအသုံးပြုနေတဲ့ အနုမြူနိဿရမှာ ဖစ်ရှင် Fission လို့ ခေါ်ပါတယ်။ နေမင်းကြီးမှာ သဘာဝအလျောက် စွမ်းအင်ထုတ်လုပ်တဲ့ နည်းမှာ ဖြူရှင် Fusion လို့ ခေါ်ပါတယ်။ ဖြူရှင် Fusion ဟာ ဖစ်ရှင် Fission ရဲ့ ပြောင်းပြန်ဖြစ်တယ်။ ဖစ်ရှင် Fission ဟာ ပိုကြီးတဲ့ အနုမြူကို ခွဲပြီး၊ ပိုငယ်တဲ့ အနုမြူကို ဖော်ထုတ်ခြင်းပါ။ ဖြူရှင် Fusion မှာ ပိုငယ်တဲ့ အနုမြူ နှစ်ခုကို ပေါင်းစပ်ပြီး၊ ပိုကြီးတဲ့ အနုမြူကို ဖော်ထုတ်တာပါ။ ဒါပေမဲ့ စွမ်းအင်ထုတ်လုပ်မှုမှာ ဖြူရှင် Fusion က ဖစ်ရှင် Fission ထက် ၃ - ၄ ဆ ပိုထုတ်နိုင်ပါတယ်။

အနုမြူဗုံး (Atomic Bomb) ထက် အစွမ်းထက်တဲ့ ဟိုက်ထရိုဂျင်ဗုံး ဆိုတာက ဖစ်ရှင် Fission ကို သုံးပြီး၊ ဖြူရှင် Fusion ဖြစ်စဉ် Reaction ရအောင် လုပ်ကာ လက်နက်အဖြစ် သုံးခြင်းပါ။ ဖြူရှင် Fusion ဖြစ်ဖို့ ဖိအားနဲ့ အပူလိုတယ်။ သိပ္ပံပညာရှင်တွေ ဖြူရှင် Fusion အနုမြူဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ သုတေသန လုပ်နေတာ နှစ်ပေါင်း ၅ဝ ကျော်ပြီ။ မအောင်မြင်သေးပါ။ သုံးရတဲ့ စွမ်းအင်က ထွက်လာတဲ့ စွမ်းအင်ထက် များနေလို့ပါ။ ဖြူရှင် Fusion ရဲ့ အားသာချက်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ radioactive particles အနုမြူရောင်ခြည်လွှမ်းအရာတွေ များများစားစား မဖော်ထုတ်ခြင်းဖြစ်ပြီး၊ ပိုအသုံးဝင်တဲ့ သိပ္ပံနည်းပညာ ဖြစ်ပါတယ်။

လောလောဆယ် အနုမြူအတတ်ပညာမှာလည်း သုံးပြီးသား ယူရေနီယမ် အချောင်းတွေကို လောင်စာအဖြစ် အသုံးပြုတဲ့ Breeder Reactor ဆိုတာ ပေါ်နေပါပြီ။ ဒါ့ကြောင့် Radioactive ဖြစ်တဲ့ လောင်စာတွေကို မြေကြီးအောက်မှာ မြှုပ်ပြီး စွန့်လွှတ်စရာ မလိုတော့ပါ။

ဒီမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဂျပန်တွေကို အတုယူသင့်တာတွေ ရှိပါတယ်။ ဂျပန်တွေဟာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့စိတ် အင်မတန် ပြင်းထန်တယ်။ ဂျပန်ထုတ်ပစ္စည်းမှ ကောင်းတယ်။ ဂျပန်ဆန်ကမှ တကယ့် ဆန်ဆိုပြီး ဂျပန်မှ ဂျပန်စိတ် ရှိပါတယ်။ စည်းကမ်းရှိတဲ့ နေရာမှာလည်း စံယူသင့်ပါတယ်။ သဘာဝ ဘေးဒုက္ခ ရောက်တာတောင် ခိုးဝှက်မယ့်သူတွေ မရှိတာကြည့်ပြီး ကမ္ဘာက ချီးကျူးရတယ်။ ဟေတီမှာ ငလျင်လှုပ်တော့ ခိုးလိုက်ကြတာ သောက်သောက်လဲ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သူခိုးတွေ။

နောက် သတိပြုစေချင်တာက အနုမြူပညာဆိုတာ လူတွေ သေကြေဖို့ ဗုံးအဖြစ် သုံးနိုင်သလို ထိန်းချုပ်နိုင်တဲ့ ပတ်ဝန်းကျင်မှာ လူတွေကို အလင်းပေးတဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်ထုတ်လုပ်ရာမှာလည်း အသုံးချနိုင်ပါတယ်။ စစ်တပ်ဆိုတာလည်း ထိုနည်းတူပါပဲ။ စိတ်ထားမှန်ရင် တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုနိုင်တဲ့ ကဏ္ဍကနေ ရပ်တည်နိုင်ပါတယ်။

မြန်မာပြည်ကြီး တိုးတက်ချမ်းသာပါစေ။
စာဖတ်သူတို့ အသိကြွယ်၍ စိတ်အေးမှု ရပါစေ။

(မှတ်ချက်။ စာရေးသူသည် အင်ဂျင်နီယာဖြစ်၍ သိပ္ပံပညာကို ဝါသနာပါသဖြင့် တသက်လုံး လေ့လာဖတ်ရှုခဲ့ရာ တသက်လုံး စုဆောင်းလာသည့် အသိကြောင့် သိပ္ပံအကြောင်းအရာများကို နားလည်လွယ်လာပါသည်။ ဤဆောင်းပါးအတွက် အသုံးပြုရသည့် ဆောင်းပါးနှင့် စာစောင်များမှာလည်း များပြားလွန်းပါသဖြင့် အညွှန်းကို မဖော်ပြတော့ပါ။ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံး များသဖြင့် နားလည်မလွဲရန် မူလ အင်္ဂလိပ် အခေါ်အဝေါ်များကို မလွှဲမရှောင်သာ အသုံးပြုရသည်ကိုလည်း ခွင့်လွှတ်စေချင်ပါသည်။)

ဘိုဘိုကျော်ငြိမ်း။

Thursday, March 17, 2011

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာ လှိုင်မြင့် ၏ ကျမ်းမာရေး ဆိုင်ရာ ထောင်တွင်း ကိုယ်တွေ ဖြစ်ရပ်ဆိုးများ နှင့် ဆောင်ရန် ရှောင်ရန်များ

ကျနော် တို့ နိုင်ငံရေး သမားများ..ယခုအခါ ထောင်ထဲမှာ ကျနော်တို့ ထောင်ကျစဉ်က ထက်ကို ကျပ်းတည်း နေတာမို့ ယခုနေအခါ ထောင်ထဲမှာ ဖျားနာရင် အသက် အတွက်လဲ ပိုစိုးရိမ် ရသလို ရောဂါဒါဏ် ဆေးဒါဏ်လည်း တော်တော်လေးကို ခံစားရမယ် ဆိုတာ မြင်ယောင်မိ လို့ ဒီဆောင်းပါးကို ရေးလိုက်ရတာပါ ။ တလောက မနီမိုးလှိုင် ဖျားနာတဲ့ သတင်းဖတ်ရတော့ ပထမပိုင်း ငှက်ဖျားဆေး ပေးထားတယ် နောက်မှ မသက်သာလို့ တိုက်ဖွိုက် ( Typhoid ) ဆေးထပ် ပြောင်းပေးတယ် ဆိုတာကို ဖတ်လိုက်ရတော့ သူ့ အတွက် အတော်လေးကို စိုးရိမ် သွားမိပါတယ် ။

အဟာရက ချို့တဲ့ ရတဲ့ အထဲ..ဖျားနာတော့ လူက မျော့နေပြီ..ပြိး ရောဂါလွဲနေလို့ ဆေး ထပ် ပြောင်းသောက် ရတော့..ဘယ်လောက်ခံရမယ် ဆိုတာ ကိုယ်ချင်းစာ တရားလဲ ရှိမယ်.. ထောင်ထဲမှာ..မနဲမျိုနေရတဲ့ အလွန်ကိုညံ့တဲ့ ထမင်းတွေနဲ့ ..အကြောင်း..သိထားသူဆိုရင် ( နေမကောင်းလို့  ဘာမှ သီသန့်  မရနိင်တဲ့နေရာ...)...ကိုယ်ချင်းစာနာမိကြမှာပါ ။

ထောင်တွင်း အတွက် အဓိက ထားရေးပေမဲ့ တနိုင်ငံ လုံး ဒီရောဂါတွေနဲ့ လုံးခြာ ရိုက်နေတာမို့  နိုင်ငံသား အားလုံးအတွက်..သက်ဆိုင်နေတာမို့ .. ဒီဆောင်းပါးပါ ..အချက် အလက်တွေကို ..နီးစပ်ရာမျှ ဝေဋ္ဌ ကပ်ရန်နင့်...ကိုယ်တိုင်လဲ ဟုတ်မဟုတ် စူးစူး စမ်းစမ်းလေး..သတိထား.ခံစါးပြီး .. ဆင်ခြင် ကြည့်ကြ ပြီး ..ဝေဖန် ချက်လေးတွေ..ပေးကြဘို့ လဲ ပန်ကြားအပ်ပါသည် ။ အခြား ဆရာဝန်များ..ကျန်းမာရေး စိတ်ဝင် စားသူများ..ကြုံဆုံရ ဘူးတာလေး များကိုလည်း ( အာရောဂျံ..ပရမံလာဘံ ) လို့  နလုံး ပိုက်ပြီး.. နိုင်ငံသူ နိုင်ငံသား အားလုံး အရေးမို့ ..မျှဝေပေးကြပါလို့ လည်း..ထပ်မံ ပန်ကြားအပ်ပါသည် ။

ထောင်ကျနေသူတိုင်း ကျန်းမာရေးနဲ့ ပါတ်သက်လာရင်သိထားသင့်သော
( ၁ ) ဆောင်ရန် နင့် ရှောင်ရန် များ
( ၂ ) နေထိုင်မကောင်းဖြစ်စေနိင်သော အဋ္ဌေကာင်းအရာများ ကို ဆင်ခြင်မိ သလောက် များကို တင်ပြ သွားပါမယ်..ပြိးပြည့်စုံသည်ဟု မမှတ်ယူမိ ကြပါရန်လည်း တဆက်ထဲ ပြောပါရစေ ခင်ဗျာ ။


ရှောင်ရန်များ

ထောင်ထဲမှာက..လေ၀င်လေသန့် မရှိ လေ၀င်ပေါက်ကမရှိတော့ အလွန်ပူအိုက်ပါတယ်...။ တော်ရုံ ချက်ဟင်း ဆိုရင်..နောက်တနေ့ ဆို သိုးကုန် ပါတယ် ။.မသိုးဘူး ဆိုရင်တောင် မစားသင့် တော့ပါ ။ (ဖွံ့ ဖြိုးပြီး နိုင်ငံကြီးများတွင်....အစားအသောက်တခုကို..အခန်းအပူချိန်တွင်...အစားအသောက်ပေါ်မူတည်ပြိး...၂ -နာရီ မှ ၄- နာရီ ထက်ကျော်လွန်ရင်..မစားရတော့ပါ ) ။ သူတို့ အခန်း အပူချိန် ဆိုတာက...လေအေးစက်နဲ့  အပူချိန် ကိုပြောတာပါ ။ ထောင်ထဲ က အပူချိန်ဆိုလျှင်.....စဉ်းစား ဆင်ခြင်ကြည့်ပါ ။


အကျဉ်းသားတွေကလဲ...၂-လ ၃-လ နေမှတခါတရံ..စားရတဲ့ချက်ဟင်းမို့ ..ချွေချွေတာတာတ နဲ့ နောက်နေ့အထိ ထားစားတတ်ကြတာမို့ ..ထောင်ထဲ အခန်းအပူချိန်နဲ့..၀မ်းကိုက်ရောဂါ ပိုး မွေးပေးမိ လျှက်သား ဖြစ်နေပါတယ် ။ မိသားစုများကလဲ စေတနာထက် ဝေဒနာကို အရှည်ကြည့်ပြီး...တတ်နိုင်သလောက် ဟင်းချက်ပေးတာကို ဆင်ခြင်ကြဘို့အထူးပင် အရေးကြီးလှပါတယ် ။ ပေးကြရင်လဲ..တခါထဲ စားကြဘို့သတိပေးကြပါရန် ။ ၀မ်းကိုက်ရောဂါ ပိုး နှစ်မျိုး ရှိပါတယ်
Amoeba - ၀မ်းကိုက်ပိုးနဲ့
Shigella ( bacillary ) - သွေးစိမ်းကျ ၀မ်းကိုက်ပိုး အသက်အန္တရာယ်ပေးနိင်တဲ့ပိုးပါ


အကြော် အလှော် ဟင်းများကိုလဲ (ဆီ ) ဟာ Preservative အထားသို ခံတဲ့ အာဏိသင် ရှိတာကြောင့်...ဆီများများနဲ့ ထဲ့ပေးကြဘို့ လဲ လိုပါတယ် ။ အကျဉ်းသားကလဲ ဟင်းတွေကို နေ့ စဉ် ပြန်ထုပ် သိမ်းတဲ့ အခါ...ဟင်းတွေကို ဆီ မြုတ်နေရန်...ဆီ ထိပြီး ဆိုနေရန့် မကြာခဏ..လုပ်ပေးရန်လဲ လိုပါတယ် ။ ကျနော်ကတော့ အိမ်ကို ချက်ဟင်း မပေးရန်ကို အပြတ်ပြောထားပါတယ် ။


ချက်ပြုတ်တဲ့အခါမှာလဲ..ဥပမာ..၀က်သားကို ချက်ပို့ ရင်..အသားကို အတုံး အသေးလေး တွေ လုပ်....ဆီနဲ့ လုံးနေအောင်း ကြော်ရပါတယ် ။ ပြီး ပဲငပိ စတာတွေရော..( အမဲရောင် ပြောင်းသွားအောင်ပါ ထောင်မှာက ၀က်သား သွင်းခွင့်မပေးပါ ) ပြီးဆီမျာများမြုတ် နေအောင်ထားရင်...တလထားလဲရပါတယ် ။ ပြီးတော့ အမဲသား..၀က်သားကို..နူးနေအောင် ပြုတ်ပါတယ်..ပြီး အသား အမျှင်တွေ ဖြစ်အောင်...လုပ်ပြီး ခြောက်သွားသည်အထိ..ဆီနဲ့ကြော်ပေးတော့....အသားအမျှင်ကြော်ဆိုတော့..အကြာကြီးထားစားလို့ရပါတယ် ။


တတ်နိင်သမျှလဲ..တနေ့စားမဲ့ဟင်းကို..ထမင်းလာပေးတာနဲ့ပလပ်စတစ် နဲ့ထုပ်လို့ သော်၎င်း ထမင်းပူပူထဲ မြုပ်ပြီး..အဲဒီထမင်းကို စောင်နဲ့ထုပ်ထားလိုက်ရင် ကိုယ်စားချိန်ကျရင် ထမင်းလဲ အပူမပျက်သေး..ဟင်းထဲ ရှိတဲ့ပိုးတွေ သတ်ပြီးသားဖြစ်ပါမယ် ။ ဟင်းများ ချောက်နေရာကနေ နူး သွားပါတယ်။


ဆောင်ရန်ကတော့...
ကျန်မာရေး အသိရှိကြရန်နဲ့ ..ဆေးဝါးလေးတွေ ဆောင်ထားကြဘို့ ပါ ။ ရောဂါဖြစ်မှ ဆေးမှာဘို့ တော့မစဉ်းစားပါနဲ့  ။ အဓိက ကတော့ ၀မ်းကိုက်ပိုး က အဖြစ်အများဆုံးမို့  ၀မ်းကိုက်ပျောက်ဆေးကို အဓိက ထားဆောင်ထားကြဘို့ပါ ။ ၁၉၉၀ ၀န်းကျင်က..ထောင်ထဲ မှာ ကျဆုံးသွားတဲ့...ကိုတင်မောင်ဝင်း..နဲ့  ကိုစိန်ဝင်းတို့ နှစ်ဦးဟာဆိုရင်...အထက်ကပြောခဲ့တဲ့ ( ရှီဂဲလား ၀မ်းကိုက်ပိုး ဝေဒနာ ကို..အလွန် နာကျင်စွာ ခံစားရပြိး...၀မ်းကိုက်လွန်းလို့  ၀မ်းကို ညှစ်တဲ့အခါ...အူတွေပါ စအိုက ကျလာတဲ့အထိ ဝေဒနာကို ပျင်းပျင်း ထန်ထန် ခံစား သည်းတွားပြီး ကျဆုံး သွားကြရပါတယ် ။ တကယ်လို့ သာ....( NORFLOXACIN...400mg ( ၂-လုံးလောက် ) တိုက်လိုက်ရင် ကို ပြောက်သွားပါမယ်..ကုထုံးကတော့.. 400-mg တနေ့  နှစ် ကြိမ်..၅-ရက်ပါ ။ သူတို့ နှစ်ယောက်ဟာ အာဇာနည်တွေပါ ။ ဒီလိုဘဲ NLD တတ်သိ ဦးသိန်းတင် ( စာရေးဆရာ..တင်သိန်းမောင် ) ဟာလဲ ဒီ ရှီဂဲလားနဲ့ ကျဆုံး ခဲ့ရပါတယ် ။


( တခြားဆေးတွေဖြစ်တဲ့..Clotrimxozole ( Septrin ) Ampicillin တွေပေးရင်ကို ပြောက်ပေမဲ့ ထောင်က ယုတ်မာတာကော..ထောင်ဆရာဝန် ဆိုတာကလဲ.....စာခပ် ညံ့ညံ့ အကောင်တွေကို ခန့် တဲ့ဌာန ဆိုတော့..မတတ်တာလဲ ပါပါတယ် ။


ယခုဆောင်းပါးတွင်.....အသက်အန္တရာယ်ရှိနိင်သော....SHIGELLA . dysentry ရှီဂဲလား ၀မ်းကိုက် ရောဂါ ရဲ့လက္ခဏာ...ဆေးသောက် နည်းနဲ့ အမိးဘား Amoeba ၀မ်းကိုက်အကြောင်း တင်ပြပါမယ် ။


SHIGELLA..၀မ်းကိုက်ပိုးက..ယင်ကောင်ကနေကူးတာပါ ။ အမီးဘားက( AMOEBA )..သူ့ ဟာသူ ဟင်းသိုးထဲ မှာ ပေါက်ပွားလာတာ ပိုများတတ်ပါတယ် ။ ယင်ကောင်ကနေလဲ ကူးပါတယ် ။ နည်းတော့ နည်းပါတယ် ။ ရှီဂဲလားက ၀မ်းသွားပြီးရင်လဲ..အိမ်သာကမထ နိုင်အောင် ဆက်ရစ်နေ ပါတယ် ။ နာတာလဲ တော်တော်ပျင်း ထန်တော့ ၀မ်းသွားပြီးရင်လဲ ဗိုက်က မတရားကို ရစ်နေတာမို့ အိမ်သာကနေ မထနိုင်ကြပါဘူး ။ တနေ့ ကိုလဲ ၀မ်းက ( အခါ ၂၀ ကနေ ၄၀ လောက်သွားတာ ) တိုတော့ အိမ်သာ တက်ပြိးရင်..ခြေတွေ မသယ်နိင်တော့ဘူး ။ ခြေလက်တွေ ကြွက်တက်ပါတယ် ။


အဆင်မသင့်ရင် ၂-ရက်လောက်နဲ့  အသက်ပါသွားနိင်သည် အထိ ပြင်းပါတယ် ။ ကျနော်တို့ ဆေးကျောင်း ( မန်း ) တက်နေတုံး က ၁၉၇၁-ခုနစ်တွင် ဆေးကျောင်းသား နှစ်ဦး ဒီရှီဂဲလားနဲ့ တလ အတွင်း ၂-ယောက်သေလိုက်တာ..ဆေးကျောင်းမှာ တော်တော်လေး လန့် သွားဘူးပါတယ် ။

ကုသနည်းကတော့....

( ၁ ) NORFLOXACIN x400 mg တနေ့  (၂) ကြိမ်.........( ၅ ) ရက်
( ၂ ) CLOTRIMOXAZOLE ( SEPTRIN ) တနေ့  (၂) ကြိမ်.........( ၅ ) ရက်
( ၃ ) AMPICILLIN ( 1000mg ) တနေ့  (၄) ကြိမ်.........( ၅ ) ရက် သောက်သုံး ရပါမည် ။



AMOEBA ၀မ်းကိုက် ( အဖြစ်အများဆုံး )
ဒီပိုးကတော့ သိုးနေသော ဟင်း အစားအသောက် တွေမှာ ပေါက်ပွားလာတာပါ ။ လက်ဖက် တွင်လဲ အထားအသို မကောင်းလျှင် ပါတတ်ပါသည် ။ မြန်မာ နိုင်ငံ သားတိုင်း ဒီဝမ်းကိုက် ကိုမကြာခဏ ခံစား နေရပါသည် ။ လူအတော်များများ လည်းဝမ်းကိုက်လျှင် ( မက်ထရို ) ဆေးသောက်တတ်ကြပါသည် ။ ဒါပေမဲ့ ဒီမက်ထရိုဆေးက စိတ်ဝေဒနာ ရာဇ၀င်ရှိထားဘူးသူ စိတ်ကျရောပါရှိသူတွေ ( လုံးဝ ) မသောက်သုံးရန် တားမြစ် ထားတာကိုတော့ ဆရာဝန် အတော်များများ ပင်မသိရှိ ထားကြပါ ။ ထောင်ကျ နေသူတွေနဲ့  ဒီဆေးကို ရှောင်ရန် အထူးပင် အရေးကြီးပါသည် ။၁၉၇၅- ၀န်းကျင်က...ယူနီဆက်ဆေးဘူး ( မက်ထရိုဘူး )များ၏ ဘူးအခွံ ပေါ်တွင် စာလုံး အမဲဖြင့်

(၁) ကိုယ်ဝန်ဆောင်ပထမ ၃ လ အတွင်း
(၂) သွေးအားနည်းရောဂါရှိသူများ
(၃) စိတ်ရောဂါရာဇ၀င်ရှိဘူးသူများကို လုံးဝမ ပေးရန် အထိပင် သတိပေး ထားပါသည် ။ နောက်ပိုင်း ဆေးအသစ် အမျိုးအစားများ ကိုသာသုံး သင့်ပါသည် ။

ဆေးအညွန်း

( ၁ ) METRONIDAZOLE 200mg ( ၂ - မှ ၃ ပြား ) တနေ့ (၃) ကြိမ် ၆ - ၁၀ ရက်
( ၂ ) TINIDAZOLE ( FASIGYN )500mg ( ၄ ပြား တကြိမ်ထည်းသောက်ရန် )သို့ မဟုတ် ၂ ပြား တနေ့  -၂ ကြိမ် ၃- ရက်သောက် ရန် ။ နှင့် အခြားဆေးများရှိပါသေးသည် ။


ကျနော် အနေဖြင့် ထောင်ကျနေသူများ ၀မ်းကိုက်လျှင် TINIDAZOLE ကိုသာ သုံးစေချင်ပါသည် ။ ပိုမို ထိရောက် ပြိး ဘေးထွက် ဆိုးကြိုး နဲပါးပါသည် ။


တခါ အထူး သတိပေးလိုသည် မှာ ဒီအမိးဘားဝမ်းကိုက်ပိုး အကြာင်းသိထားဘို့လိုပါသည် ။ ဆေးကို ဆေးပတ် လည်အောင် မသောက်လျှင်...၀မ်းကိုက် တာတော့ သက်သာ သွားပေမဲ့...ပိုးအားလုံး ကုန်စင်အောင် မသေဘဲ ငုတ်နေကာ ပိုးတွေဟာအသဲသို့ ရောက်ရှိသွားကာဝမ်းကိုက်ပိုးအသဲရောင်ရောဂါ ( Amoebic Hepatitis ) နှင့် ကြာလျှင် အသဲ ပြည်တည်နာ( Amoebic Liver Abscass ) ပါ ဖြစ်တတ် ပါသည် ။ အသဲရောင်လျှင် နဲနဲ ပင်ပန်းလျှင် နဲနဲ အအေး မိတာနင့် ဖျားနာတတ်ပါသည် ။ ဖျားလျှင် ငှက်ဖျားလိုပင်..ချမ်းတတ်ပါသည် ။ ထိုအခါ ဆရာဝန်ကကော..မိမိ ကိုယ် ကပင် ငှက်ဖျား ရောဂါ ဟု ထင်ကာ ငှက်ဖျား ဆေးတွေ သောက်တတ် ကြပါသည် ။ အထိုက် လျှောက်လဲ သက်သာ စေပါသည် ။ သို့သော် အမြစ်မပြတ်ပါ ။


တကယ်တော့ ချမ်းတာချင်းတူပေမဲ့ ချမ်းပုံခြင်း ကွဲခြားပါသည် ။ ၄က်ဖျားကကြာလာလျှင် သွေးအားနည်းလာပြီး ဖြူဖတ်ဖြူရော် ရှိပြီး ..ချမ်းလျှင် အချိန် အကြာကြီး ချမ်းတတ်ကာ အဖျား လိုက်လာ ပြီးနောက် ချွေးများများ ထွက်တတ်ပါသည် ။ ၀မ်းကိုက် အသဲရောင် ကြောင့် ချမ်းတာက လေလေးတိုးလျှင် ချမ်းစိမ့် လာပေမင့်....စောင်ခြုံလိုက်လျှင်..အနွေးထည် ထပ်လိုက်လျှင် ချွေးကလေးနဲနဲ စို့ကာ ပြန်အိုက် လာပြန်ပါသည် ။ တနည်း သူက ချမ်းလိုက် အိုက်လိုက် တနည်း မတ်တပ်ဖျားဟု ဆိုရပါမည် ။ အဓိက ကတော့ အဆီ ပါတာတွေ မစားချင်အသားကလဲ မဲညစ်ညစ် ဖြစ်လာပါသည် ။ ပိုသိသာ ချင်လျှင် အသဲနေရာကို လက်ဖ၀ါးလေးနဲ့ သာသာလေး ဆတ်ထုကြည့်လျှင် အသက်ရှူ ရပ်သွား လောက်အောင်ကို အောင့်သွား ပါသည် ။


အားလုံးကို တိုက်တွန်း လိုပါသည် ။ ကိုယ်ခံစား နေရတာတွေ ကို..ဆင်ခြင်ကြည့်ပြီး..ဒီနှစ် မျိုးကိုခွဲ ခြားနိုင်ပါသည် ။ဒီလို စူးစူး စမ်းစမ်းလေး သတိထား လိုက်ရင် ကိုယ်ဖျား နေတာ ငှက်ဖျားလား အသဲရောင်ဖျားလား သိနိုင်ပါသည် ။

ဒေါက်တာ လှိုင်မြင့်

ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်တစ်ခု (သို့) Super Bug

လွန်ခဲ့သော လပိုင်းများမှ စ၍ အင်တာနက် စာမျက်နှာများ ပေါ်တွင် Super Bug (စူပါရောဂါပိုး) ဆိုသော စကားလုံးသစ် တစ်လုံး စတင်ခေတ်စားလာခဲ့ပြီး ယခုရက်ပိုင်းအတွင်းတွင် နိုင်ငံပေါင်းစုံ၏ သတင်းစာ စာမျက်နှာများတွင် ဖော်ပြသတိပေးလာရသည် အထိ ကျယ်ပြန့်လာခဲ့ရသည်။ ထို့ကြောင့် မက်ဖန်ပရိသတ် များလည်း သတင်းကောင်း တစ်ပုဒ်ကို ကမ္ဘာနှင့်တပြေးညီ တိကျပြည့်စုံစွာ သိရှိနိုင်စေရန် ယခုလ ၁၈ ရက်နေ့ထုတ် Moscow Time သတင်းစာပါ “အသစ်ပေါ်လာသော စူပါရောဂါပိုးက ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိ” သတင်းဆောင်းပါးနှင့် တကွ စူပါရောဂါပိုးဆိုင်ရာ အချက်အလက်များကို စုစည်းတင်ပြ ပေးလိုက်ပါသည်။

အရက်သောက်ခြင်းနှင်.ကျန်းမာရေး

အရက် ကို ၂ နာရီအတွင်း ၁ ပတ် သောက်ရင်တော့ မမူးတဲ့ အပြင် အသည်းက အရက်ရဲ့ အဆိပ်တွေ ကို ခြေဖျက်နိုင်တဲ့ အချိန်လုံလောက်မှုတွေ
ရရှိပါတယ်။

လူ့ ကိုယ်ခန္ဓာ က အရက်ကိုလုံးဝလက်မခံနိုင်ပါဘူး
တနေ့ မှ ၁ ပတ် ဒီ ၁ပတ်တောင် ၂ နာရီပါ

အသည်းရဲ့ လုပ်ဆောင်ချက်တွေက တစ်နေ့ တစ်နေ့ မိမိတို့ စားလိုက်တဲ့ အစာတွေမှာ အဆိပ်တွေပါပါတယ်
အဲ့ ဒီအဆိပ်တွေကို အဆိပ်မသင့်အောင် အသည်းက ခြေမှုန်းမှုတွေလုပ်ဆောင်နေရပါတယ်။

ဒီအချိန်တွင်းတောင်မှ အရက်က ထပ်သောက်တယ်ဆိုရင် အသည်းက လုပ်ဆောင်မှုတွေများလာတော့
မနိုင်တော့ပါဘူး။

တကယ်တမ်းကျတော့ အသည်းက လူ့ ခန္ဓာကိုယ်ထဲမှာ အသည်းတစ်ခြမ်းထဲနဲ့ တောင်အသက်ရှင်နိုင်ပါတယ်။
အဲ့ဒီအသည်းက အရက်မသောက် ကွမ်းမစားပဲနဲ့  နေမယ်ဆိုရင် အရမ်းကောင်းတာပေါ့။
အရာက်သောက်မယ် စားမယ်ဆိုရင်တော့ တစ်ခြမ်းကနေ လုံးပါးပါးသွားလိမ့်မယ်။
နောက်ဆုံး လူသေသွားတယ် ခွဲကြည့်လိုက်တော့ အသည်းမရှိပဲ သေနေတာတို့ ပေါ့။

အသည်းက ... လူတွေနေမကောင်းရင် ဆေးတွေရဲ့ ဒဏ် ၊ တစ်နေ့ တစ်နေ့  စားသောက်တဲ့ အစားတွေရဲ့ အဆိပ်ကို ခြေပ ရတဲ့ ဒဏ်
လူကိုယ်ခန္ဓာကိုယ်ထဲ ပြင်ပကရောဂါပိုးတွေကို ကာကွယ်ရမယ့်ဒဏ်တွေနဲ့  တင်အလုပ်ရှုပ်ထွေးလှပါပီ။

အသည်းရဲ့ လုပ်ဆောင်ချက်တွေက တဖြည်းဖြည်းနဲ့ မသိမသာ ပျက်စီးလာပါတယ်။
အခြားရောဂါတွေလို ချက်ချင်းမသိသာတာကတော့ အသည်းက ပြန်လည်မွေးဖွားလာတာပါ
ငယ်တုန်းတော့သိမှာမဟုတ်ပါဘူး အသက် ၆၀ နားနီးရင်တော့ သိသာပါလိမ့်မယ် ဘာလို့ လည်းဆိုတော့
လူ့ ကိုယ်ခန္ဓာက အဲ့ဒီအချိန် မှာ ဆဲလ်တွေ အသစ်မွေးဖွားမှုမှာ လူ ငယ်ဘ၀ထက် ယုတ်လျော့လာလို.့ပဲဖြစ်ပါတယ်။

အရက်သောက်ရင် အသည်းတစ်ခုထဲဖြစ်တာမဟုတ်ပါဘူး

သောက်လိုက်တဲ့ ပါးစပ်ကနေ တောက်လျှောက် ဆီးထွက်တဲ့ လမ်းကြောင်းအထိပေါ့။
သောက်လိုက်တော့ အရင်ဆုံး လည်ချောင်းပေါ့ လည်ချောင်းမှာ အသံကြိုးတွေရှိပါတယ်
အရမ်းပူလွန်း အေးလွန်းရင် အသံကြိုးတွေ ပျက်သွားပါတယ်။
အသံကြိုးဆိုတာ သွေးကြော ကြိုး မျှင်မျှင်လေးတွေပါ အပ်ချည်မျှင်လောက်သာရှိပါတယ် အဲ့ကြိုးလေးတွေ တုန်ခါပြီးမှု လိုရာအသံကို
အာသီးနဲ့  လျှာက ပဲ့တင်ထိန်းပေးပြီး နှုတ်ခမ်းတွေ က လေကို ဖျက်ဖျက်ပေးပြီးမှ အသံကောင်းထွက်လာတာပါ။

အူတွေဆိုတာကလည်း စက္ကူဖြူလို ပါးပါးလေးတွေပါ။ အရက်သောက်လိုက်တဲ့ အတွက် စက္ကူကို ရေနဲ့ ပတ်လိုက်သလိုပဲပေါ့။

အစာအိမ်ဆိုတာကလည်း အက်စစ်ဓာတ်တွေထုတ်ပေးပါတယ် တစ်ခါတစ်လေအစာမစားပဲနေရင်တော့ အက်စစ်အရည်တွေက
အော်တို ထုတ်ပေးနေတာပါ ဒါကို လူ က အရက်သောက်မယ်ဆိုရင် အက်စစ်အရည်နဲ့  အယ်လ်ကိုဟော တွေပေါင်းစပ်ပြီး
အပျင်းစားတွေ ပြန်လည် ပေါင်းစပ်ပြီး အရည်တစ်မျိုးဖြစ်ပေါ်လာပါတယ်။

နောက် အဲ့ဒီအရည်တွေက ကျောက်ကပ်ကိုသွားပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်က
အနည်ကျစေခြင်း နှင့် ရေကို စိစစ်ပေးရတာပါ ဒါကို လူကအရာက်သောက်တဲ့အတွက်ကြောင့် ကျောက်စီရောက်တော့
ကျောက်ကပ်က ရေအမှတ်နဲ့ စစ်ပါတယ် သို့ ပေမယ့် ရေမဟုတ်ပဲ အရက်ဖြစ်နေတဲ့အတွက် လုပ်ဆောင်ချက်တွေရဲ့ လမ်းကြောင်း
ပြွှန်ပိုက်လမ်းကြောင်း နောက် ကျောက်ကပ်ရဲ့ အနည်စစ် ဇကာပိုက်လေးတွေ ပျက်စီးပေါက်ပြဲသွားပါတယ်။

အရက်သောက်ခြင်းကြောင့် ကြာလာတာနှင့်အမျှ တစ်ခါတစ်လေ မိမိ ဘာလုပ်မိလို့ လုပ်မိမှန်းမသိအောင်ဖြစ်တတ်ပါတယ်။
ဒီအဆင့်ရောက်နေရင်တော့ အရက်ဖြတ်လိုက်တာကောင်းပါတယ်။
(ဒီအဆင့်ရောက်ဖို့ အသက်အပိုင်းအခြားမရှိပါဘုး)

ဒီထက်ကျော်လွန်ပြီး သောက်လာရင်တော့ မှတ်ဥာဏ်ဟာ ၃ စက္ကန့် လေးသာ မှတ်မိနိုင်ခြေသာရှိပါတော့တယ်။

အရက်အကောင်းစားပဲသောက်သောက် မကောင်းတာပဲသောက်သောက်
အနှေးနှင့်အမြန်ပဲ မသိစိတ်က အနိုင်ယူ အရက်လူ့ ဘ၀ကိုစုတ်ပျက်သတ်သွားအောင် ပိုင်းသွားမှာပါ။
 
 

Dr Kyaw Thet - ဒေါက်တာကျော်သက် (1957)

ဟိုးအရင်အတိတ်ကတက္ကသိုလ်ဆိုတာဒီလိုပါ


Bogyoke Aung San

Wednesday, March 16, 2011

သီပေါမင်း

သီပေါမင်း(၁၈၇၈-၁၈၈၅)သည် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်ပြီး မြန်မာဘုရင်စနစ်၏ နောက်ဆုံးမင်းလည်းဖြစ်သည်။ ဘွဲ့တော်မှာ သိရီပ၀ရ ၀ိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ပြီး နန်းသက် ခုနှစ်နှစ်ဖြစ်သည်။ မင်းတုန်းမင်း နှင့် လောင်းရှည်မိဖုရားတို့၏ သားတော်ဖြစ်ပြီး နံတော် စနေသား၊ ငယ်မည် မောင်ရေစက် ဖြစ်လေသည်။ ငယ်စဉ်အခါက ဘာသာရေးနှင့် စာပေအရာ၌ ထူးချွန်သူဖြစ်သည်။ ထီးနန်းဆက်ခံရန် အလားအလာအလွန်နည်းသော်လည်း မိဖုရားခေါင်ကြီး ဆင်ဖြူမရှင်၏ သမီးတော် စုဖုရားလတ်နှင့် ရည်ငံနေခြင်းကြောင့်၎င်း၊ စည်းမျဉ်းခံဘုရင်စနစ်ကို အသက်သွင်းလိုသည့် ကင်းဝန်မင်းကြီးဦးကောင်းက ၄င်း၏ပျော့ပျောင်းမှုကို လိုလားသည်ကြောင့်၎င်း အခြားမင်းညီမင်းသားများကို ကျော်ဖြတ်ကာ ထီးနန်းဆက်ခံခွင့်ရခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော်သို့ အင်္ဂလိပ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့်အတူ အိန္ဒိယနိုင်ငံ ရတနာဂီရိ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

နန်းတက်စ အခြေအနေ

စုဖုရားလတ်နှင့် သီပေါမင်း
ကုန်းဘောင် ထီးနန်းကို ဆက်ခံသော သီပေါမင်းသည် နန်းစည်းစိမ် ခိုင်မြဲရေး အတွက် အစဉ်အလာ အတိုင်း ပြုလုပ်ရာတွင် ထီးနန်းကို လုပ်ကြံမည်ဟု သင်္ကာမကင်းသူ မှန်သမျှတို့ကို သတ်ဖြတ် သုတ်သင်ရလေသည်။ သြဇာ အာဏာ ရှိသူတို့၏ ညွတ်ကွင်း ထောင်ချောက်မှ လွတ်သူ အချို့ တို့သည်လည်း ဗြိတိသျှတို့ထံ ပြေးလွှား ခိုဝင်ကြသည်။ ဗြိတိသျှ စည်းမျဉ်း ဥပဒေ အရ အုပ်ချုပ်ပုံ စနစ်ကဲ့သို့ မြန်မာ့ အုပ်ချုပ်ရေး စနစ် ဖြစ်ပေါ် လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ် ရှောသည်၊ အဆိုပါ သတ်ဖြတ်မှု အခြင်းအရာတို့ကို မြင်သော အခါ သက်ဦးဆံပိုင် ဘုရင်စနစ် လိုလား စွဲလမ်းကြသော မြန်မာတို့၏ စိတ်ဓာတ်ကို အတွက်မှားခဲ့ကြောင်း သိနားလည် လာလေသည်။ သီပေါ မင်းသား ဘုရင် အဖြစ်သို့ ရောက်၍ နေပြည်တော်ကို သိမ်းလိုက် ပြီးသည်နှင့် တပြိုင်နက် သီပေါမင်းနှင့် အပေါင်းအပါ တစုတို့သည် ထားခဲ့သော ကတိသစ္စာကို ထိန်းသိမ်းရန် မလိုတော့ဘဲ အရာရှိ အရာခံ မှူးမတ်များကို ဘုရင့် သစ္စာတော်ခံ လုံးဝ ဖြစ်စေရေး အတွက် သစ္စာရေ တိုက်ရန်သာ အားသစ် နေကြသည်။ ရှော မူကား မကျေမနပ် ဖြစ်၍ မြန်မာ ထီးနန်းကို ဒေါမာန်ပွားကာ၊ မင်းညီမင်းသား ဆွေတော် မျိုးတော်တို့အား သတ်ဖြတ်ခြင်းကို အကြောင်းပြ၍ ထိုသတ်ဖြတ်မှုများကို မရပ်စဲလျှင် နေပြည်တော်မှ သူ ထွက်ခွာ သွားမည်ဟု ခြိမ်းခြောက်တော့သည်။ နိုင်ငံခြားသား ကုန်သည်စုကလည်း ရှောနှင့် တသံတည်း ထွက်ကြလေသည်။ အိန္ဒိယ နိုင်ငံရှိ ဘုရင်ခံချုပ် လတ်မင်းကြီး လစ်တန်သည် ဤပြဿနာကို ဖြေရှင်းဖို့ လိုသည်ဟု အင်္ဂလန်သို့ အကြောင်းကြား တိုက်တွန်း၍ မြန်မာ နယ်စပ်သို့ စစ်တပ်များ ပို့စေလေသည်။
အင်္ဂလိပ်တပ်များ နန်းတွင်းကို သိမ်းပိုက်စဉ်
သီပေါမင်းနှင့် မှူးကြီး မတ်ကြီးတို့သည် အင်္ဂလိပ်တို့ ကျေနပ်အောင် လက်ဆောင် ပဏ္ဏာများဖြင့် ကာလကတ္တားသို့ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ တခု စေလွှတ်ကာ အင်္ဂလိပ် မြန်မာ ချစ်ကြည်ရေး တည်မြဲမှုကို ထိန်းသိမ်းထားရန် ပန်ကြားလေသည်။ မြန်မာနိုင်ငံ၌ ရှိကြသော ဗြိတိသျှ အာဏာပိုင်များကမူကား မိမိတို့ အလိုကျ အတိုင်း မြန်မာတို့က မလိုက်လျောလျှင် မစ်ရှင် အဖွဲ့ကို သရက်မြို့ထက် ကျော်လွန်၍ သွားခွင့် မပေးဟု လည်းကောင်း၊ မဟာဝန်ရှင်တော် မင်းကြီးနှင့်လည်း ဆက်သွယ်ခွင့် မပေးဟု လည်းကောင်း၊ ငြင်းဆိုကြသည်။ ထို ဗြိတိသျှတို့၏ အဆိုမှာ မစ်ရှင် အဖွဲ့သည် သာမန် ချစ်ကြည်ရေး ပြုလုပ်ရန်သာ ဖြစ်၍ အကျိုးထူးလှမည် မဟုတ်သည့် အပြင် မစ်ရှင် အဖွဲ့၌လည်း အမှုတို့ကို ဆောင်ရွက်နိုင်သော အာဏာမရှိ ဟူ၍ ဖြစ်လေသည်။ ဤတွင် မန္တလေး နန်းတော်သည် မစ်ရှင် အဖွဲ့ခေါင်းဆောင် သံအမတ်များအား "ပြောရေး ဆိုခွင့် အာဏာများကို သာမက ခေတ္တ စာချုပ် ဖြစ်စေ၊ ရာသက်ပန် စာချုပ် ဖြစ်စေ၊ ချုပ်ဆိုနိုင်ခွင့် ရှိသော အာဏာကို လည်းကောင်း၊ ယခု မျက်မှောက် ဖြစ်ပျက်နေသော နှစ်နိုင်ငံ ပြဿနာ အရေးအခင်းတို့ကို ဖြေရှင်းရေး အတွက် ပြောဆိုနိုင်သော၊ စီစဉ်နိုင်သော၊ တိုင်ပင်နိုင်သော အာဏာကို လည်းကောင်း၊ အနာဂတ်၌ နှစ်နိုင်ငံ အရေးအခင်း ရှုပ်ထွေးမည့် ကိစ္စကြီးငယ် မှန်သမျှကို ပြေလည်စွာ ဆောင်ရွက်နိုင်သော အာဏာကို လည်းကောင်း" လွှဲအပ် လိုက်လေသည်။ ရာသက်ပန် ချစ်ကြည်ရေး မဟာမိတ် စာချုပ်တွင် တိုင်းပြည် အသီးသီး၏ အချုပ်အချာ အာဏာပိုင်မှုကို လေးစားခြင်း၊ နိုင်ငံခြားသား ရာဇဝတ်သားကို ဆိုင်ရာ အာဏာပိုင်သို့ ပေးအပ်ရခြင်း၊ ကုန်သည်များ အခွန် ပေးဆောင်ရန် မလိုဘဲ အခမဲ့ ဝင်ရောက် ကုန်ကူးသန်းခွင့် ပေးခြင်း စသည်တို့ ပါဝင်လေသည်။
စင်စစ်မှာ ဗြိတိသျှတို့ကလည်း မန္တလေး နန်တော်ကဲ့သို့ပင် မန္တလေး နန်တော် အပေါ်၌ ငြိမ်းချမ်းရေး လိုလားကြောင်း ပြစေသည် သဘော ဖြစ်လေသည်။ ဗြိတိသျှတို့ ဘက်ကမူ အထက် မြန်မာနိုင်ငံကို နှိမ်နင်းလိုလျှင် အောက်မြန်မာနိုင်ငံရှိ ဗြိတိသျှ စစ်တပ် အပြင် နောက်ထပ် စစ်သည် ၅,ဝဝဝ လိုကြောင်း စစ်ဘက် အကြံပေး အရာရှိက အစီရင်ခံ ထားလေသည်။ ထိုအခါကသော် ဗြိတိသျှတို့သည် အာဖဂန်နီ စတန်နှင့် အာဖရိက တောင်ပိုင်းတွင် နယ်ချဲ့ စစ်ပွဲ ဆင်နွှဲ နေရသည့် အတွက် မြန်မာတို့ကို တိုက်ခိုက်ခဲ့လျှင် ဝန်ထုပ် တခု တိုးလာမည် ဖြစ်လေသည်။ ထို့ကြောင့် မြန်မာတို့အား နှိမ်နင်းရန် အရေးကို ခေတ္တ ရွှေ့ဆိုင်း ထားကြရလေသည်။ ထိုအချိန်တွင် သီပေါမင်းသည် ခမည်းတော် မင်းတုန်းမင်း အမြှော်အမြင် ကြီးစွာ ဆောင်ရွက်ခဲ့ သဖြင့် ရအပ်သော အကျိုး ကျေးဇူးတို့ကို ခံစားလျက် နေရသည်။ နန်းတက်စ နှစ်များတွင် မြန်မာဘုရင် အုပ်စိုးသော အထက် တခွင်၌ ကူးသန်း ရောင်းဝယ်ရေးသည် တိုးတက် ဖွံ့ဖြိုး ခဲ့လေသည်။
အင်္ဂလိပ်တို့ ဆက်ဆံမှု တင်းမာလာခြင်း။
တင်းမာချင်သော ဆန္ဒရှိသည့် ဗြိတိသျှ တို့သည် ၁၈၇၆ ခုနှစ်၌ မန္ဈလေး ကိုယ်စားလှယ် ရှော ကွယ်လွန်သော အခါ ပိုမို၍ ခက်ထန်လာသည်။ ရှော၏ နေရာတွင် ကိုယ်စားလှယ်သစ် ခန့်အပ်ခြင်း မပြုတော့ချေ။ မန္ဈလေးရှိ ဗြိတိသျှ ကိုယ်စားလှယ်ကို မြန်မာတို့က လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်ကြသည် ဟူသော သတင်းကို ဗြိတိသျှပိုင် အောက်မြန်မာ နိုင်ငံ၌ ပျံ့နှံ့အောင် လွှင့်ကြလေသည်။ စင်စစ်မှာ မြန်မာတို့သည် မိမိ လည်ပင်းကို မိမိ ကြိုးတပ်သည့် အမှားမျိုးကို ကျူးလွန်ရန် အိမ်မက်မျှပင် မက်ရဲကြမည် မဟုတ်ချေ။ ထိုအချိန်၌ မန္ဈလေးသို့ ဗြိတိသျှ ကုန်သည်များ ရောက်လာကြသော အခါ မြန်မာမင်း ကိုယ်တိုင်ပင် ကြည်ဖြူ လေးစားစွာ လက်ခံကြသည်ကို ထောက်ထားခြင်း အားဖြင့် သိနိုင်သည်။ သို့ရာတွင် ဗြိတိသျှတို့သည် မြန်မာတို့နှင့် ဆက်ဆံရန် မဖြစ်တော့ ဟူသော ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သဖြင့် မန္ဈလေးရှိ ဗြိတိသျှ ကိုယ်စားလှယ် သံရုံး အရာရှိ အားလုံးကို ရွှေ့ပြောင်းရန် အမိန့် ထုတ်လိုက်လေသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် သံရုံး အရာရှိ အားလုံးတို့သည် မန္ဈလေးမှ ထွက်ခွာ ကြလေသည်။ ထိုအခါမှ စ၍ ဗြိတိသျှ မြန်မာ နှစ်ဦး နှစ်ဖက် ပြေလည်စွာ ဆက်ဆံရေး အတွက် စည်းကမ်း နည်းလမ်း အတိုင်း ဆောင်ရွက်ရန်မှာ မဖြစ်နိုင်တော့ချေ။

ဥရောပသို့ မစ်ရှင် အဖွဲ့စေလွှတ်ခြင်း။
မြန်မာတို့နှင့် တင်းမာစွာ ဆက်ဆံမည် ဟူသော ဗြိတိသျှတို့၏ ရည်ရွယ်ချက်သည် ဥရောပ သတင်းစာများ၌ လည်းကောင်း၊ ဥရောပ ကုန်သည်တို့၏ မကျေမနပ် သံများ၌ လည်းကောင်း၊ သိသာ ထင်ရှား နေပေပြီ။ ထိုကြောင့် မြန်မာမင်းသည် အခက်အခဲ ကြုံတွေ့ နေရလေတော့သည်။ အခွန်တော်များမှာလည်း လျော့ပါး၍သာ လာရာ မန္ဈလေး အစိုးရသည် အစွန်အဖျား ဒေသများကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘဲ တနေ့တခြား လက်လွှတ် ထားရဘိ သကဲ့သို့ ရှိလာလေသည်။ ထို့ပြင် မန္ဈလေး အစိုးရသည် ဗြိတိသျှတို့၏ ခြိမ်းခြောက်မှု များပြားလာခြင်းကို အာရုံ စိုက်နေရ သဖြင့် မိမိ၏ ပြည်တွင်းရေး ကိစ္စများကို အာရုံ စူးစိုက်ခြင်း မပြုနိုင် ရှိခဲ့ရာ တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်၍ လာသည်။ ထိုသို့ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေခြင်းသည် ဗြိတိသျှတို့၏ ခြေလှမ်းကို ရှေ့သို့ တလှမ်း တိုးစေရန် ဖန်တီးပေး သကဲ့သို့ ဖြစ်လေသည်။
အခြေအနေ တနေ့တခြား ဆိုးဝါးလာသည့် အတွက် မန္ဈလေး နန်းတော်သည် အကာအကွယ် အလို့ငှါ ကမ္ဘာ့ နိုင်ငံကြီးများ၏ အသိအမှတ် ပြုခြင်းကို ရယူရန် ကြိုးစား လာကြ ရလေသည်။ ၁၈၈၃ ခုနှစ်တွင် ဥရောပတိုက်သို့ တကြိမ် ထပ်မံ၍ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ စေလွှတ်ပြန်သည်။

ပြင်သစ် မြန်မာ ဆက်ဆံရေး။
သီပေါမင်းက မစ်ရှင် အဖွဲ့ စေလွှတ်သော ကာလသည် အမေရိကန်နှင့် ဥရောပ နိုင်ငံကြီးများမှ တပါး ကျန်ရှိသော နိုင်ငံ မှန်သမျှကို ဥရောပ တိုက်သားတို့၏ နယ်ချဲ့ စားကျက် ဒေသ ဟူ၍ ယုံကြည် ယူဆနေသော ဥရောပသားတို့၏ နယ်ချဲ့ ဝါဒ ထွန်းကားနေသော ကာလနှင့် တိုက်ဆိုင် နေလေသည်။ အထူးသဖြင့် ပြင်သစ်တို့သည် နိုင်ငံ ချဲ့ထွင်ရန် လွန်စွာ စိတ်ထက်သန်လျက် ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် ဥရောပတွင် တတိယမြောက် နပိုလီယံ၏ ဆောင်ရွက်ချက်များသည် အောင်မြင်မှု မရှိခဲ့သည့် အတွက် အာရှဘက်သို့ လှည့်၍ အာရှ နိုင်ငံများကို သိမ်းပိုက် နယ်ချဲ့ခြင်းဖြင့် ပြင်သစ်တို့၏ အသရေကို ပြန်လည် ဆယ်တင် နိုင်လိမ့်မည်ဟု ယူဆကောင်း ယူဆသောကြောင့် ဖြစ်ပေလိမ့်မည်။ ထိုအခါကသော် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဂျူလဖေရီ၏ နယ်ချဲ့ လမ်းစဉ် အရ ပြင်သစ်တို့သည် အင်ဒိုချိုင်းနား အရေးတွင် စွက်ဖက်ခဲ့ပြီး ဖြစ်လေရာ မြန်မာနိုင်ငံတွင် စွက်ဖက်နိုင်ခွင့် ရလာလျှင် လက်လွှတ်ခံမည် မဟုတ်သည်မှာ သဘာဝ ကျလှသည်။
ပြင်သစ်နှင့် မြန်မာ ဆက်ဆံမှု လွန်စွာ ရင်းနှီးလာလျှင် အရေးအခင်းများ ပိုမို ရှုပ်ထွေး လာမည်ကို ဗြိတိသျှတို့က ကောင်းစွာ သိမြင်ပြီး ဖြစ်လေသည်။ ထို့ကြောင့် မူလ ကထဲက အထက်အောက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဗြိတိသျှတို့တွင် အထူး အခွင့်အရေးများ ရှိကြောင်းကို ဥရောပ နိုင်ငံကြီးများအား သတိ ပေးထားခဲ့သည်။ သဘောမှာ ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို လက်ဝါးကြီး အုပ်ရန် ဆုံးဖြတ်ပြီး ဖြစ်လေသည်။ မြန်မာနိုင်ငံသည်လည်း ဗြိတိသျှ အင်ပါယာတွင်းသို့ ကျရောက်ရန် နီးကပ်လျက် ရှိနေပေပြီ။ ပြင်သစ်တို့သည် ဗြိတိသျှတို့ကို အတိအလင်း ဆန့်ကျင်ခြင်း မပြုနိုင်ချေ။ ဖေရီသည် မြန်မာ မစ်ရှင် အဖွဲ့၏ လိုလားချက်နှင့် မည်ရွေ့ မည်မျှအထိ ပြင်သစ်က ဝင်ရောက် စွက်ဖက်နိုင်သည် ဟူသော အချက်တို့ကို လျှို့ဝှက် ထားလေသည်။ ဗြိတိသျှတို့က အဖန်တလဲလဲ အတင်းအကြပ် မေးမြန်းသည့် အခါကျမှ ဖေရီသည် မြန်မာတို့က ပြင်သစ်နှင့် စာချုပ် ချုပ်ဆိုရန် လိုလားကြောင်းကို ဖွင့်ဟ ဝန်ခံခြင်း ပြုလေသည်။ ၁၈၈၅ ခုနှစ်ဦး၌ ဖေရီသည် ဗြိတိသျှ သံအမတ်အား ပြင်သစ် မြန်မာ စာချုပ် အကယ်ပင် ချုပ်ဆိုပြီးခဲ့ကြောင်း၊ စာချုပ်သည် ကူးသန်း ရောင်းဝယ်ရေး စာချုပ် သက်သက်မျှသာ ဖြစ်၍ နိုင်ငံရေး၊ စစ်ရေး၊ လုံးဝ မပါကြောင်း ပြောဆိုသည်။ သို့ရာတွင် ထိုစာချုပ်နှင့် အတူ မြန်မာတို့ထံသို့ လျှို့ဝှက် သဝဏ်လွှာ တစောင် ပါးလိုက်သည်။ ထိုစာ၌ အကယ်၍ အင်ဒိုချိုင်းနားရှိ ပြင်သစ် စစ်အရာရှိများကို ဖြစ်နိုင်မည်ဟု ယူဆလျှင် မြန်မာတို့ထံသို့ တုံကင်းနယ် မှတဆင့် လက်နက် ခဲယမ်း မီးကျောက်များ သွင်း၍ ပေးမည်ဖြစ်ကြောင်း ပါလေသည်။
မြန်မာ ထီးနန်းသည် ပြင်သစ်တို့၏ မရောရာလှသော ကတိ စကားကို အားကိုး အားထားကြီး ပြုမိလေသည်။ ပြင်သစ်တို့သည် ထိုအချိန်က မြန်မာနိုင်ငံတွင်းသို့ ခဲယမ်းမီးကျောက် သွင်းပေးရန် အကယ်ပင် ရည်ရွယ်ကောင်း ရည်ရွယ် ခဲ့လိမ့်မည်။ သို့ရာတွင် တကြိမ်တခါမျှ မသွင်းဖြစ်ခဲ့ချေ။ ပြင်သစ် မြန်မာ စာချုပ် ချုပ်ဆိုပြီးသည်နှင့် တပြိုင်နက် ပြင်သစ်တို့၏ ကူညီမှုသည် အားကိုးလောက်ဖွယ် မရှိကြောင်း သိရတော့သည်။ ပြင်သစ်တို့ လက်နက် အားကိုးဖြင့် နယ်ချဲ့မှုသည် ပြင်သစ်နိုင်ငံ ဘဏ္ဍာရေး အရ စရိတ် ကြီးလွန်း၍ နိုင်ငံရေး အရလည်း မတတ်နိုင်သောကြောင့် ပြင်သစ်တွင် မတ်လ၌ ဖေရီသည် ရာထူးမှ လျှောကျ လေတော့သည်။ ထိုအချိန်၌ပင် ဗြိတိသျှပိုင် ဘုံဘေ ဘားမား ကုမ္ပဏီကို မြန်မာ အစိုးရက သစ်ခိုး ထုတ်သည်ဟု စွပ်စွဲ၍ ၁၈၈၅ ခုနှစ်၊ သြဂုတ်လဆန်း၌ ကုမ္ပဏီကို သစ်ဖိုး စတာလင်ပေါင် ၁၄၆,၆၆၆ နှင့် မြန်မာ သစ်တော အရာရှိများအား လျော်ကြေးငွေ စတင်လင်ပေါင် ၃၃,ဝဝဝ ပေးဆပ်ရမည်ဟု ဒဏ်တပ်လိုက်သည်။ ဗြိတိသျှတို့သည် ဖေရီနှင့် မြန်မာတို့၏ လျှို့ဝှက် အစီအစဉ်ကို သိပြီး ခဲ့ပေပြီ။ မန္ဈလေးရှိ ပြင်သစ် ကောင်စစ်ဝန် ဟတ်စ်၏ ဇနီး အင်္ဂလိပ် ကပြား ဖြစ်သူသည် လျှို့ဝှက်စာ၏ မိတ္ထူကို ခိုးကာ ဗြိတိသျှ အာဏာပိုင်သို့ ပေးအပ် လိုက်လေသည်။ ဤ မိတ္ထူစာကို လက်တွင်း ရလျှင်ပင် ဗြိတိသျှ နိုင်ငံခြားရေးရုံးသည် ပြင်သစ်တို့ကို အဖန်တလဲလဲ ခြိမ်းခြောက် လေတော့သည်။ ပြင်သစ်တို့သည် အခိုက်အတန့် အားဖြင့် မြန်မာနိုင်ငံတွင် ဆက်လက် နေကြသော်လည်း ကြာရှည် ခံနိုင်ရည် မရှိသောကြောင့် မြန်မာတို့က ပြင်သစ် အကူအညီကို လွန်စွာ လိုလားနေသည့် အချိန်၌ပင် မြန်မာနိုင်ငံမှ ထွက်ခွာ သွားရ လေတော့သည်။

အင်္ဂလိပ်တို့က မြန်မာတို့အား နိုင့်ထက် စီးနင်း ပြုလာခြင်း။
ဗြိတိသျှတို့သည် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ရန် နှစ်ပေါင်း များစွာကပင် ပြင်ဆင် ခဲ့ကြသည်။ ကလကတ္တားရှိ ဗြိတိသျှ စစ်ဌာနသည်လည်း မြန်မာနိုင်ငံကို သိမ်းပိုက်ရန် အဆင့်သင့် စီမံပြီး ဖြစ်လေသည်။ ယခုအခါတွင် ဗြိတိသျှ အစိုးရသည် မြန်မာတို့ အတွက် အကျိုး ပျက်စီးဖွယ် ဖြစ်မည့် တောင်းဆိုချက်များ တင်ပြရန် အချိန် ကျလာပြီ ဖြစ်လေသည်။ ထို တောင်းဆိုချက်များကို မန္ဈလေးက လက်ခံပါကလည်း အထက် မြန်မာနိုင်ငံ အလုံးသည် ဗြိတိသျှ လက်အောက်ခံ အဖြစ် ကျရောက်တော့မည် ဖြစ်သည်။ လက်မခံလျှင်လည်း ဗြိတိသျှတို့၏ အလျင်အမြန် တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံရတော့မည် ဖြစ်လေသည်။ ၁၈၈၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် သစ်ကုမ္ပဏီသို့ လျော်ကြေး တောင်းထားသော အမိန့်ပြန်တမ်းကို မြန်မာ နန်းတော်က ရုပ်သိမ်း၍ ဘုရင်ခံချုပ် ခန့်အပ်လိုက်သော ခုံသမာဓိ အရာရှိကို လက်ခံပြီးလျှင် ၎င်း၏ ဆုံးဖြတ်ချက်ကို ကြိုတင်၍ နာယူပါမည့် အကြောင်း တောင်းဆို လိုက်သည်။
ဗြိတိသျှ ကုန်သည်ကြီးတို့၏ ရည်ရွယ်ရင်းကို လန်ဒန် ကုန်သည်ကြီးများ အသင်း၏ အစီရင်ခံစာတွင် ပွင့်လင်းစွာ တွေ့နိုင်လေသည်။ ထို အစီရင်ခံစာတွင် အထက် မြန်မာနိုင်ငံမှ အခွန်တော်သည် တနှလျှင် စတာလင်ပေါင် တသန်းမျှ ပိုလျှံ နေကြောင်း ပါဝင်လေသည်။ ဂလက်စဂို ကုန်သည်ကြီးများ အသင်းကမူ မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာ အနောက်တောင် ဈေးကွက်ကို ဖွင့်လှစ်ရန် အာသီသ ပြင်းပြလျက် ရှိလေသည်။ ပဲရစ်မြို့တွင် ရှိသော မြန်မာ သံမှူးသည် ဗြိတိသျှတို့၏ အလိုကို မိမိ၏ အရှင်က လုံးဝ လိုက်လျော၍ အရေးခင်း မှန်သမျှ ပြေလည်ရေးကို လည်းကောင်း၊ ချစ်ကြည်ရေးကို လည်းကောင်း၊ အစွမ်းကုန် ဆောင်ရွက် ပါလိမ့်မည်ဟု ဗြိတိသျှ အစိုးရအား အောက်ကြို့ ပန်ကြားရှာသည်။ သို့ရာတွင် ဗြိတိသျှတို့သည် မြန်မာသံမှူး၏ ပန်ကြားချက်ကို အသိအမှတ် မပြု လစ်လျူရှု၍ အောက်တိုဘာလ ၂၂ ရက်နေ့တွင် မန္ဈလေး နန်းတော်သို့ ရာဇသံစာ ပို့လိုက်လေသည်။
ရာဇသံ စာတွင် အချက်ကြီး ၅ ချက် ပါဝင်သည်။ အရေးကြီးဆုံး အချက်မှာ အထက်မြန်မာနိုင်ငံတွင် နောင် အနာဂတ် အဖို့၌ နိုင်ငံခြားရေး ဆက်ဆံမှုကို ဗြိတိသျှတို့ကသာ အုပ်စီး ချယ်လှယ်မည့် အကြောင်း ဖြစ်သည်။ ထိုအချိန်ခန့်တွင် ပြင်သစ်သံမှူး ဟတ်စ်သည် မန္ဈလေးမှ ရွှေ့ပြောင်းမည် ဖြစ်လေရာ ပြင်သစ်တို့၏ အကူအညီကို ရနိုင်ရန် မန္ဈလေး နန်းတော်၏ မျှော်လင့်ချက်သည်လည်း ပြိုကွဲ လေတော့သည်။
ဤ အခြေနေ၌ ဗြိတိသျှတို့၏ တောင်းဆိုချက်များကို မြန်မာတို့က လိုက်လျောနိုင်သည့် တိုင်အောင် မည်မျှ ကြာရှည် ခံမည်ကို မသိနိုင်တော့ချေ။ အမှန်မှာ ထိုထက်မက တိုး၍ ထိရောက်သည့် တောင်းဆိုချက်များကို ဗြိတိသျှတို့က တောင်းဆိုနိုင်သည်။ မြန်မာတို့သည် ဗြိတိသျှတို့၏ အင်အားကို တောင့်ခံနိုင်မည်ဟု မမျှော်လင့်နိုင်သော အခြေသို့ ဆိုက်ရောက် နေလေပြီ။ ထိုကြောင့် ကူးသန်း ရောင်းဝယ်ရေးနှင့် ပတ်သက်သော ဗြိတိသျှတို့၏ တောင်းဆိုသမျှသော အချက်အလက်များကို လိုက်လျော ပေးအပ်ရန် အသင့် ပြင်ဆင် ထားကြလေသည်။ သို့ရာတွင် မြန်မာတို့ကို ဗြိတိသျှတို့က နိုင်ငံရေးအရ စိုးမိုးချယ်လှယ်မည့် အချက်ကိုကား မြန်မာ့ ထီးနန်းက လက်မခံဘဲ နေခဲ့လေသည်။
ထိုသို့ လက်မခံဘဲ နေခဲ့သောကြောင့် မိုက်မှားခဲ့ပြီဟု ယူဆလိုလျှင် ယူဆနိုင်ပါ၏။ သို့သော် ယခုခေတ် မြန်မာများသည် လည်းကောင်း၊ အနာဂတ် ခေတ်တွင် ပေါက်ဖွားလာမည့် မြန်မာတို့သည် လည်းကောင်း၊ ဗြိတိသျှတို့၏ နိုင့်ထက်စီးနင်း တောင်းဆိုချက်ကို သတ္တိကြောင်စွာ လိုက်လျောရခြင်းထက် ငြင်းပယ်လိုက်ခြင်းက ပို၍ သင့်တော်သည်ဟု သဘောတူညီ ကြမည်သာ ဖြစ်လေသည်။ မြန်မာနိုင်ငံ ပြည်ပ ဆက်သွယ်ရေးတွင် ဗြိတိသျှတို့ ကြိုးကိုင် ဦးစီးမည့် အချက်အား မြန်မာ ထီးနန်းက အချိန်ဆွဲ၍ စဉ်းစားနေခြင်းကို ဗြိတိသျှတို့က မိမိတို့၏ ရာဇသံစာကို မြန်မာတို့က ငြင်းပယ်သည်ဟု ကောက်ယူလေသည်။ ထိုကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အိန္ဒိယ နိုင်ငံဆိုင်ရာ ဗြိတိသျှ အတွင်းဝန် လတ်မင်းကြီး ရန်ဒေါ့ ချာချီသည် အသင့် စီမံထားပြီး ဖြစ်သော ဗြိတိသျှ ဗိုလ်မှူးထံသို့ အထက်မြန်မာနိုင်ငံကို တိုက်ခိုက်ရန် သံကြိုးစာ ပို့လိုက်သည်။ သီပေါမင်းသည် အင်္ဂလိပ်တို့ကို ခုခံရန် ပြည်သူ လူထုကို ဆင့်ခေါ်၍ အရပ်ရပ်မှ စစ်သည် အမှုထမ်းများကိုလည်း စုရုံးသည်။ သို့ရာတွင် ခုခံခြင်း မပြုနိုင်မီပင် ဗြိတိသျှ စစ်တပ်သည် မန္ဈလေးသို့ ရောက်လာလေတော့သည်။

သီပေါမင်း ပါတော်မူခြင်း။
သီပေါမင်းကို လက်နက်ချရန် ဖြောင်းဖျ၍ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သူရိယ သင်္ဘောဖြင့် တင်ဆောင်ကာ ရတနာဂီရီသို့ ခေါ်ဆောင် သွားလေသည်။ ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုရင်ခံချုပ် လတ်မင်းကြီး ဒပ်ဖရင် အမိန့်ပြန်တမ်း ထုတ်ပြန်သည်မှာ "ဝိတိုရိယ ဘုရင်မကြီး၏ အမိန့်အရ သီပေါမင်း အုပ်ချုပ်ခဲ့သော ပိုင်နက် ဒေသ အားလုံးသည် သီပေါမင်း လက်အောက်ခံ မဟုတ်တော့၍ အရှင်သခင် ဘုရင်မကြီး၏ ပိုင်နက်တွင် တစိတ် တဒေသ အဖြစ် ပါဝင်ခဲ့ပြီ ဖြစ်သည်။ အရှင်သခင် ဘုရင်မကြီး၏ အလိုတော် အတိုင်း ထိုဒေသများကို အိန္ဒိယ ဘုရင်ခံချုပ်နှင့် ဘုရင်ခံတို့က အခါအားလျော်စွာ ခန့်အပ်သွားမည့် အရာရှိများမှ တဆင့် စီရင် အုပ်ချုပ်လိမ့်မည် ဖြစ်ကြောင်း ကြေညာအပ်သည်" ဟု ဖြစ်လေသည်။ လွတ်လပ်သော အထက် မြန်မာနိုင်ငံသည်လည်း တစခန်း သိမ်း၍ ဗြိတိသျှ အင်ပါယာ အတွင်းတွင် အိန္ဒိယ ပြည်နယ်များ ကဲ့သို့ပင် ပြည်နယ် တခု ဖြစ်လာရ လေတော့သည်။

ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး
ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး ခရီး မည်မျှ ပေါက်ရောက် ခဲ့သည်ကို ဆန်းစစ်လျှင် ထိုခေတ် ရောင်းဝယ်ရေး အခြေအနေကို နားလည်နိုင်စရာ အကြောင်း ရှိလေသည်။ ၁၇၈၃ ခုနှစ်တွင် ရန်ကုန်သို့ ရောက်လာသော အင်္ဂလိပ် လူမျိုး တဦးက ကုန်းဘောင်ခေတ် ကူးသန်း ရောင်းဝယ်ရေးသည် ကျယ်ပြန့် ရှုပ်ထွေးခြင်း မရှိဟု မှတ်ချက် ချခဲ့သည်။ ဤဒေသတွင် အရင်းငွေ အနည်းငယ်မျှဖြင့်ပင် အရောင်းအဝယ် ပြုပါက အမြတ်အစွန်း များများရရန် လွယ်ကူသည်ဟု သူ ဧကန် သိနေဟန် တူသောကြောင့် ဖြစ်လေသည်။
ထိုခေတ်က ပြောကြ ဆိုကြသည်မှာ မည်သူမဆို အိန္ဒိယရှိ ကိုရိုမန်ဒယ် ကမ်းခြေ၌ ရွက်သင်္ဘောငယ် တစင်းကို ဝယ်ယူနိုင်သည့် အခြေရှိလျှင် ထိုသင်္ဘော၌ ဆေးရွက် အနည်းငယ်၊ ချည်ထည်နှင့် အိမ်သုံး သံထည် အချို့ကို နဂဘာရီက္ဆွန်းသို့ တင်ဆောင် သွားနိုင်သည်။ ထို့နောက် ထိုကုန်များကို နဂဘာရီ အုန်းသီးများနှင့် လဲလှယ်၍ သင်္ဘော အပြည့်တင်ကာ ပဲခူးသို့ ယူလာနိုင်သည်။ ထိုနောက် ပဲခူးဒေသ (ရန်ကုန်ကို ဆိုလိုသည်) တွင် က္ဆွန်းသစ်များနှင့် တဖန် လဲလှယ်၍ ထို က္ဆွန်းသစ်တို့ကို ကိုရိုမန်ဒယ် ကမ်းခြေ၌ ဖြစ်စေ၊ ဘင်္ဂလား၌ ဖြစ်စေ ရောင်းချပါက၊ အမြတ်အစွန်း ကြီးစွာ ရနိုင်သည်ဟု အပြောအဆို ရှိခဲ့လေသည်။
က္ဆွန်းသစ်သည် စင်စစ်အားဖြင့် နိုင်ငံခြားသား ကုန်သည်များ လွန်စွာ တပ်မက် လိုလားကြသော ကုန်ပစ္စည်းပင် ဖြစ်လေသည်။ အများအားဖြင့် က္ဆွန်းသစ်ကို နိုင်ငံခြားသို့ ရောင်းချရာ၌ သင်္ဘော ဆောက်လုပ်ရန် အတွက် ရည်ရွယ်သည် ဖြစ်ရာ က္ဆွန်းသစ်များကို တဆင့် တင်ပို့ နေခြင်းဖြင့် စရိတ်စက ကုန်ကျခြင်းကို သက်သာရာ ရစေရန် က္ဆွန်းသစ်ထွက်သည့် နေရာ ဌာန၌ပင် သင်္ဘောများ ဆောက်လုပ်ရန် ကြိုးစားကြမည်မှာ မလွဲပေ။ က္ဆွန်းသစ်ကို လိုရာသို့ တင်ပို့၍ သင်္ဘော ဆောက်လုပ်သည့် စရိတ်နှင့် မြန်မာ့ ပင်လယ် ကမ်းခြေ၌ပင် သင်္ဘော ဆောက်လုပ်သည့် စရိတ်ကို ယှဉ်ကြည့်လျှင် မြန်မာ့ ကမ်းခြေ၌ ဆောက်လုပ်၍ ကုန်ကျသည့် စရိတ်က လွန်စွာ သက်သာနေသည့် အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများကို ဆွဲဆောင် နေသကဲ့သို့ ဖြစ်သည်။ ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော တစင်း ဆောက်လုပ်၍ အစုံအလင် တပ်ဆင်ပြီးနောက် ရေချရန် အသင့်ရှိသော အခါ သင်္ဘော တစင်း၏ ကုန်ကျစရိတ်သည် တတန်လျှင် စတာလင်ပေါင် ၁၂ မှ ၁၃ အထိသာ ဖြစ်လေသည်။ ကလကတ္တားတွင် ဆောက်လုပ်လျှင် သင်္ဘောတစင်း၏ ကုန်ကျငွေသည် တတန်လျှင် ပေါင် ၁၆ မှ ၁၇ ဖြစ်၍၊ ဘုံဘေတွင် ပေါင် ၁၉ မှ ၂ဝ အထိ ကုန်ကျသည်။ မြန်မာ ဆိပ်ကမ်းတွင် သင်္ဘော ဆောက်လုပ်ရာ၌ အခက်အခဲများ ရှိသည်။ ထို အခက်အခဲများမှာ ပထမတွင် ရန်ကုန်၌ က္ဆွမ်းကျင်စွာ ကြီးကြပ်မည့်သူ လိုခြင်း ဖြစ်သည်။ ဒုတိယတွင် မြန်မာ့ ကမ်းခြေသို့ ရောက်လာသော ကုန်သည်များနှင့် သင်္ဘောများကို လွတ်လပ်စွာ ဆိုက်ကပ်ခွင့် ပေးသည်ဟု မြန်မာဘုရင်က အမိန့် ထုတ်ပြန် ထားသည်ဟု ဆိုသော်လည်း၊ ရန်ကုန်ရှိ မြန်မာ မင်းမှုထမ်းတို့က ကောက်ခံ စည်းကြပ်သော အခွန်ငွေသည် များပြားခြင်း ဖြစ်လေသည်။
ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော ကျောက်ချ ပြီးသည်နှင့် တပြိုင်နက် သင်္ဘော၌ ပါသော သင်္ဘောသားဦးရေ၊ ပစ်ခတ် ကာကွယ်ရန် ယူဆောင်လာသည့် လက်နက်များ၊ ကုန်ထုပ်များ မည်မျှ ပါကြောင်း အစီရင် ခံရသည်။ သင်္ဘောပါ ပစ္စည်းများကို စစ်ဆေးပြီးသော အခါ၌ အားလုံးကို ကုန်လှောင်ရုံ အတွင်းသို့ ပို့ဆောင်ရသည်။ ထိုကိစ္စများ ပြီးစီးသော အခါ ဝတ္တရား အရ မြို့ဝန် ဖြစ်သူက သင်္ဘောပေါ်သို့ တက်ရောက် စစ်ဆေးသည်။ မြို့ဝန်ွ့ကရောက် ကြည့်ရှု ပြီးသည့်နောက် ပေးဆပ်နေကြ လက်ဆောင် ပစ္စည်းများ ဖြစ်သည့်ွွေ့ကပန်းကန်များ၊ သကြားနှင့် လဘက်ခြောက် သေတ္တာများကို ပေးအပ်ရသည်။ ထိုနောက်မှ ရောင်းဝယ်ရေးကို စတင် လေတော့သည်။
ကုန်များကို ရောင်းဝယ်ခြင်း မပြုသေးမီ စစ်ဆေး ကြည့်ရှု၍ အခွန်တော် ကောက်ရန် ကုန်ထုတ်များကို ဖွင့်လှစ်၍ ပြရသည်။ ဘုရင်မင်းမြတ် အတွက် ၁ဝ ရာခိုင်နှုန်း ကောက်ခံ၍ စာရေးများ၊ ကုန်ရုံစောင့်များ နှင့် တံဆိပ်တော် ခပ်နှိပ်သူတို့က ၂ ½ ရာခိုင်နှုန်း အစု ခွဲယူကြသည်။ မင်းတုန်းမင်း လက်ထက် မတိုင်မီကသော် အရာရှိ အရာခံများအား လစာ မှန်မှန်ပေးသော စနစ် မရှိခဲ့သဖြင့် မြန်မာ ဆိပ်ကမ်း အရာရှိ အချို့တို့သည် ပစ္စည်း အမျိုးမျိုးကို တံစိုး လက်ဆောင် အဖြစ်ဖြင့် ယူလို ကြသည်မှာ သဘာဝပင် ဖြစ်လေသည်။
တဦး၏ ထုံးတမ်း စဉ်လာများကို တဦးက နားလည်မှု နည်းပါးသောကြောင့် ပေါ်ပေါက်ခဲ့သော အထင်လွဲမှုများမှ အပ၊ နိုင်ငံခြား ကုန်သည်များ အဖို့ ကျေနပ်လောက်ဖွယ် ရှိလေသည်။ မကြာခဏ အခက်အခဲ ပေါ်ပေါက်တတ်ခြင်းမှာ အတွေ့အကြုံ နဲသော မာလိန်မှူးနှင့် ကုန်သည်တို့သည် သင်္ဘောဆိပ် လူလိမ် လူကောက်တို့နှင့် ဆက်သွယ်၍ မိမိတို့ ကုန်ကို ရောင်းချရာ၌ ဖြစ်လေသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် လုံးဝ အားကိုး အားထား ပြုနေရသော ဆန်သည် ကုန်းဘောင်ခေတ်တွင် လွန်စွာ ဈေးပေါသည့် ကုန်ဖြစ်လေသည်။ ယခုခေတ်တွင် ဆန်ဈေးသည် တတန်လျှင် ကျပ် ၆ဝဝ ရှိ၍ ထိုခေတ် အခါကသော် တတန်လျှင် ၁၄ ကျပ်သာ ရှိလေသည်။ သို့ရာတွင် ထိုခေတ်ကသော် ဆန်ကို ပြည်တွင်းသုံး အဖြစ်ဖြင့်သာ အဓိက စိုက်ပျိုးစေ၍ နိုင်ငံခြားသို့ တင်ပို့ရန် တားမြစ် ထားလေသည်။ က္ဆွန်းသစ် အပြင် ရန်ကုန်မှ တင်ပို့သော ကုန်းဘောင်ခေတ်ထွက် ကုန်များသည် ရေနံချောင်းမှ ထွက်သော ရေနံချေး ဖြစ်၍ တတန်လျှင် ၃ဝ ကျပ်ခန့် ပေးရသည်။ ရှားစေးကို တနှစ်လျှင် ပိဿာ ၄ဝဝ,ဝဝဝ မက တင်ပို့ ရလေသည်။ ထိုနောက် ဖာလာစေ့ကိုလည်း တင်ပို့ ရောင်းချ၍ တခါတရံ ဆင်စွယ်နှင့် ငွေသားများကို ခိုးထုတ်လေ့ ရှိသည်။ ငမန်းတောင်၊ ငှက်သို့က်၊ ချိပ်၊ ထန်းလျက်၊ ခဲ၊ သံဖြူ၊ ပယင်း၊ မဲနယ်၊ ပုရပိုက်၊ စက္ကူနက်နှင့် ထီးများကိုလည်း ရောင်းချလေသည်။
မြန်မာနိုင်ငံထွက် အဖိုးတန် ကျောက်မျက် ရတနာများကို နိုင်ငံခြားသား ကုန်သည်များက အထူးသဖြင့် တပ်မက် ကြလေသည်။ ပတ္တမြားနှင့် ကျောက်စိမ်းကို လွန်စွာ လိုလားကြ သော်လည်း ဘုရင်က ကူးသန်း ရောင်းဝယ်ခြင်း မပြုရဟု တားမြစ်ထားသည်။ နိုင်ငံခြားသား ကုန်သည်များ အထူးသဖြင့် အင်္ဂလိပ် လူမျိုးများ လိုလားသော အခြား ထွက်ကုန်သည် ဝါဂွမ်း ဖြစ်လေသည်။ ဗြိတိန်နိုင်ငံရှိ လန်ကက်ရှားယား ဒေသတွင် ထူထောင် ဖွင့်လှစ်ထားသော ချည်စက်ရုံကြီးများ ကလည်း မြန်မာ့ ဝါဂွမ်းကို လွန်စွာ လိုလားကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင်သာ ဝါဂွမ်းထွက်၍ တရုတ်တို့က ထွက်သမျှသော ဝါဂွမ်းကို ဝယ်ယူ ကြလေသည်။ အပြန်အလှန် အားဖြင့် မြန်မာနိုင်ငံက ပိုးရိုင်း၊ ပိုးထည်၊ ကတ္တီပါ၊ ရွှေခြည်ထိုး အထည်များ၊ ရွှေခြည်၊ ရွှေဆိုင်း၊ ကော်ဇော၊ ဆေး၊ ကြေးနီ၊ ရောင်စုံစက္ကူ၊ သစ်သီးခြောက်၊ လက်ဖက်ရည်အိုး၊ သံထည်နှင့် ကစားစရာ အရုပ်များကို တရုတ်တို့ထံမှ ဝယ်ယူ ကြလေသည်။

ဒေါက်တာကျော်သက်

Tuesday, March 15, 2011

အရပ်ကူပါ၊လူဝိုင်းပါ



 အင်းဒီနေ.စဉ်းစားမိတာလေးရေးချင်လို.ပါ၊
မြန်မာနိုင်ငံနဲ.ပတ်သက်လို.ပါ၊ကိုယ်ကလဲဝါသနာပါတယ်၊
ဒါပေမယ်.တွက်မရတဲ.ပုစ္ဆာတပိုဒ်လိုပဲအဖြေရှာမရဖြစ်နေပါတယ်၊
တချို.တွေကလည်းနိုင်ငံရေးကိုအကြမ်းဖက်သက်သက်ဖြေရှင်းမှသာရနိုင်မယ်၊
တချို.ကြတော.လည်းအကြမ်းမဖက်နည်းကိုပဲလက်ကိုင်ထားသင်.တယ်တယ်၊
တချို.ကြတော.အကြမ်းကော၊အနုကော၂မျိုးလုံးသုံး၊
အဲတချို.ကြတော.အစိုးရကိုဝင်ပူးပြီးပြုပြင်ပြောင်းလဲဖို.ကြိုးစား။နဲ.အစုံကြားနေရတာပါကပဲ၊
အဲဒီတော.ဘယ်သူလမ်းကအမှန်ပါလဲဆိုတာဆုံးဖြတ်ရခက်နေတော.တာပေါ.နိုင်ငံရေးသမားကြီးတွေ
ကလည်းရွေုပြည်အေးတရားဟောနေ၊အင်း...လူထုကတော.ဒီလိုပါပဲ

Monday, March 14, 2011

တခါကတက္ကသို​လ်နှင်.၉၆ေ​ကျာင်းသားအေ​ရးတော်ပုံ

တခါတုန်းကဒီနေရာလေးမှာအာဇာနည်တွေပေါ်ထွက်ခဲ.ကြတယ်
တခါတုန်းကဒီနေရာလေးမှာသမိုင်းတင်လောက်တဲ.ကဗျည်းတွေထိုးထားခဲ.ကြတယ်၊
တခါတုန်းကဒီနေရာလေးမှာပြောင်မြောက်လှတဲ.မိန်.ခွန်းတွေပြောခဲ.ကြတယ်၊
ဒီနေရာလေးမှာကံကော်တွေလည်းဝေခဲ.တယ်၊ကံကော်တွေလည်းကြွေခဲ.တယ်
ဂျက်ဆင်အိုလည်းရယ်ခဲ.ရတယ်၊ဂျက်ဆင်အိုလည်းငိုခဲ.ရတယ်၊
သစ်ပုတ်ပင်ကြီးလည်းလန်းးခဲ.ရတယ်၊သစ်ပုတ်ပင်ကြီးလည်းညှိုးခဲ.ရတယ်၊
ရနံ.ပေါင်းစုံမွေုးထုံသလို၊ယမ်းနံ.ပေါင်းစုံလွုမ်းခြုံခဲ.ရတယ၊်
သြော်အမိတက္ကသိုလ်။သင်.ကိုလူအပေါင်းက
တသသနဲ.မေ.မရခဲ.ကြဘူး၊
သင်လွတ်လာမယ်.နေ.
တို.တတွေအရိုးဆွေးတောင်
စောင်.နေဦးမယ်ဆိုတာကို
မှာလိုက်ပါရစေ၊
မမေနဲ.နော်အမိမြေ၊

တကယ်တော.မြန်မာပြည်ရဲ.လွတ်လပ်ရေးခေတ်ကနေ၊
ယနေ.အာဏာရှင်တော်လှန်ရေးအချိန်အထိကျနော်တို.
တက္ကသိုလ်ကျောင်းသားတွေဟာသမိုင်းတလျှောက်မှာ
ခမ်းနားစွာပါဝင်လာခဲ.ကြတာကြီးပါပဲ၊၊

1996 ကျောင်းသားအရေးအခင်းမတိုင်မီတက္ကသိုလ်ကျောင်းသား
တွေရဲ.ပုံရိပ်လေးတွေကိုအရင်ဆုံးပြောပါရစေ၊ကျနော်တက္ကသိုလ်
စတက်တဲ.အချိန်ကတော.1995ခုနှစ်ကပါ၊ပထမနှစ်ဖြစ်ပါတယ်၊ကျနော်တို.
တုန်းကတက္ကသိုလ်တက်ရတာပျော်ဖို.လဲကောင်းပါတယ်၊

တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်နေတာကိုဂုဏ်ယူမိတာပါပ၊ဲ
တက္ကသိုလ်မတက်ခင်ကတည်းက၊တက္ကသိုလ်တက်ဖို.ရင်ခုန်မိခဲ.
တာအမှန်ပါ၊၊ဘာလို.လဲဆိုတော.ကျနော်တို.တက္ကသိုလ်အကြောင်း
ကြားလိုက်ရင်အရမ်းလွတ်လပ် ပြီး၊ဘယ်လိုပျော်ဖိုကောင်းတာဆိုတာ
အပါအဝင်၊အဆောင်နေကျောင်းသားတွေဆိုရင်လည်းလွတ်လွတ်
လပ်လပ်အဆောင်တွေရှေ့မှာဂစ်တာတီးသီချင်းတွေဆိုကြ၊အပေါင်း
အသင်းတွေကလည်းအနယ်နယ်အရပ်ရပ်ကဆိုတော.လူမျိုးစုံပါတာပေါ.။

အနယ်နယ်ကနေတက္ကသိုလ်လာတက်ကြတာဆိုတော.ဗဟုသုတလည်း
အစုံရတာပေါ.၊အတွေးအမြင်လဲစုံပါပေ.ဆိုတာကြီးပဲ၊နောက်တက္ကသိုလ်
တခုနဲ.တခုလည်းခြေဆန်.လျှောက်လည်နေကြတာဆိုတော.တဦးနဲ.
တဦး ကြားအပြန်အလှန်သိလာကြတာပေါ.၊
ကျနော်တို.ဆိုကျောင်းမှာpractical နှင်.tutorial အချိန်တွေလောက်ပဲ
ကိုယ်.စာသင်ခန်းမှာရှိပြီး၊ကျန်တဲ.နေ.တွေဆိုကျောင်းပေါင်းစုံလျှောက်
လည်နေတာများတယ်၊ဒါပေမယ်.အရေးကြီးတဲ.lecture အချိန်တွေလောက်
ကိုတော.မဖြစ်မနေတက်ရတာတွေလည်းရှိပါတယ်၊

တက္ကသိုလ်ဆိုတော.stateကျောင်းတုန်းကနဲအများကြီးကွာသွားတာပဲ၊
ဆရာမတွေကလည်းကျောင်းသားတွေအတွက်အသေးစိပ်လိုက်မပြော
နေနိုင်တော.ဘူး၊ကိုယ်.စာကိုယ်လိုက်မှတ်၊အမြန်လိုက်မှတ်ရတာပါပဲ၊
နောက်ကျလို.လဲစောင်.ခေါ်မနေတော.ပါ၊
တက္ကသိုလ်ဆိုတာကလေးတွေလို၊ကကြီးကနေအ၊အထိလိုက်လံရှင်းပြ
နေစရာမလိုတော.ဟုလည်းမှတ်ယူတာလည်းပါသည်၊ကျောင်းသားတွေက
လည်းဆရာမတွေသင်တာမမ်ီလို.ဆိုပြီးလဲဘာမှမဖြစ်ကြတော.ပါဘူး၊
စိတ်မပါရင်ကင်န်တင်းသွားထိုင်နေလိုက်ရုံပဲရှိသည်၊ဒါကတက္ကသိုလ်
ကျောင်းသား၏အကြမ်းဖျဉ်းဘဝ၊

ကျနော်တို.တုန်းက တက္ကသိုလ် နောက်ဆုံးနှစ်qualifyဖြစ်ရင်
ရန်ကုန်ပင်မတက္ကသိုလ်သို.ပြောင်းရသည်၊ဘွဲ.ယူလျှင်Main
 တက္ကသိုလ်တွင်သွားယူရသည်၊ဒါကလဲကျနော်တို.အသုတ်တွေက
နောက်ဆုံးအခွင်.အရေးဖြစ်သည်၊နောင်ကျရင်တက်လို.မရတော.၊
နောက်တခုကတက္ကသိုလ်ကျောင်းသားအရှိန်နဲနဲပါးရှိသည်၊
အများအားဖြစ်တက္ကသိုလ်ကျောင်းသားကိုသိပ်ပြီးမထိရဲကြ၊
တက္ကသိုလ်ကျောင်းသားတွေကလဲတကယ်အရေးအကြောင်းဆို
ညီညွတ်ကြသည်၊ကျောင်းခွဲခြားခြင်းမရှိတော.၊

မန္တလေးတိုမော်လမြိုင်တက္ကသိုလ်တိုတွင်လည်းဒီအတိုင်းပင်ဖြစ်သည်၊
အရေးကြီးရင်မန္တလေးကျောင်းသားတွေလည်းဆင်းချလာကြသည်၊
ထိုကြောင်.ပင်ကျောင်းသားဆိုနဲနဲတော.လက်ရှောင်ကြ
သည်၊

ခုခေတ်များကြတောညီငယ်တွေဆီကနေပြန်ကြားလိုက်ရင်ပဲ
တော်တော်စိတ်ပင်ပန်းမိပါတယ်၊ကျောင်းသားတွေလည်းအ
ဝေးတွေမှာဆိုတော.ဖြစ်ချင်တိုင်းဖြစ်နေကြတာပါပဲတဲ.၊
ကျနော်ကတော.သူတို.ကျောင်းကိုထမင်းချိုင်.လေးတွေ
ကိုယ်ဆီနဲ.သွားတာတွေ.နေရတိုင်းစိတ်ထဲဘဝင်မကျမိတာ
အမှန်ပါပဲ၊ထားလိုက်ပါလေ၊

ကျနော်.အကြောင်းလေးပြန်ဆက်ပါဦးမယ်
ကျနော်ပထမနှစ်စတက်တော.ကျောင်းတက်ရတာရှိုးတို.ရှန်းတန်.
ဖြစ်နေသည်၊အပေါင်းအသင်းကလည်းမရသေးတော.ဘယ်မှမရောက်
ဖြစ်၊စာသင်ခန်းထဲမှာပဲအချိန်ပြည်.၊နောက်ပိုင်းကျမှအပေါင်းအသင်းမိတ်
ဆွေရလာသည်၊ထပ်ပြီးရည်းစားလေးပါထပ်ရလိုက်တော.အတိုင်းမသိတော.၊
တက္ကသိုလ်ဆိုတာတကယ်.ကိုပျော်စရာနေ.ရက်တွေသာဖြစ်ခဲ.သည်၊
ပျော်လိုက်ပါးလိုက်အဆောင်တွေကူးလိုက်၊ကျောင်းတွေလျှောက်လည်လိုက်၊
ကျောင်းအားကစားပွဲတွေဝင်နွဲလိုက်နှင်.လုံးလယ်ချာလည်လိုက်နေခဲ.ပါသည်၊

အချိန်တန်တော.လည်းစာလေးဘာလေးနဲနဲပါးပါးကျက်။စာမေးပွဲဝင်ဖြေ၊ပြီးတော.
လည်းအောင်သွားတာပါပဲ၊အခက်အခဲမရှိအေးအေးလူလူပါပဲ၊
ဒီလိုနှင်.ပဲစာသင်နှစ်တနှစ်ပြီးသွား၏၊်ဒုတိယစာသင်နှစ်ကိုရောက်လာပြီ
ဖြစ်သည်။လူကလဲပထမနှစ်တုံးကလိုကြောင်စီစီဖြစ်မနေတော.ပါ၊

စီနီယာနဲနဲဖြစ်လာတော.အသံပါနဲနဲထွက်လာပါသည်၊fresheတွေကို
ဦးဏှောက်စားတတ်လာသည်၊ဘယ်အတန်းမှာဘယ်ကောင်မလေးချော
သလဲလိုက်ကြည်.ကြမည်၊အပေါင်းအသင်းလဲပိုစုံလာသည်၊
နေရာတကာဆရာကြီးလဲလုပ်ချင်လာပါသည်၊
အဲဒါကတော.စီနီယာတိုင်း၏အကျင်.ဖြစ်မည်လို.ပဲထင်သည်၊
ဒုတိယနှစ်စတက်တော.ကျနော်လည်းစတိုင်ပြောင်းဝတ်မိပါသည်၊
အင်္ကျီအဖြုကော်လာဂတုံးနှင်.ကချင်ပုဆိုးကိုပဲလှိမ်.ဝတ်သည်၊
တရက်မှတ်မှတ်ရရပါချုပ်ကခေါ်ပြောပါသည်၊ပါချုပ်ခေါ်တာ
ဆိုတော.နဲနဲတော.လန်.သွားသည်၊ပါချုပ်ကအဲဒီလိုဝတ်စုံမျိုး
မဝတ်ဖို.ပြောသည်၊ကျနော်ကလည်းနဲနဲတော.အထွန်.ပြန်တက်
လိုက်ပါသည်၊ဆရာကြီးအားယဉ်ယဉ်ကျေုးကျေးပင်ပြန်မေးခွန်း
ထုတ်ခဲ.ပါသည်၊ကျနော်.ဝတ်စုံသည်အမျိုးသားဝတ်စုံဖြစ်ပါသည်၊
ဤဝတ်စုံတွင်ဘာများအမှားပါလို.ပါလဲဆရာကြီးဟုမေးမိပါသည်၊
ဆရာကြီးကလည်းအမှားမပါကြောင်းနှင်.သားအတွက်ထင်ရောင်
ထင်မှားမဖြစ်စေလိုတဲဆန္ဒနဲပြောတာဖြစ်ကြောင်း၊ဖြစ်နိုင်လျှင်
မဝတ်စေလိုပဲဆရာစကားနားထောင်စေချင်ကြောင်းပြောပြပါသည်၊

ကျနော်လည်းပါချုပ်ဖြစ်တာကြောင်.တကြောင်း၊ဆရာကြီးအားလည်း
ပြန်လှန်ငြင်းခုံလျင်စော်ကားသလိုဖြစ်မိမှာစိုးတာနဲ.နောက်မဝတ်တော.
ပါဟုကတိပေးလိုက်ပြီးပြန်ခဲ.လေသည်၊

ဒီလိုနှင်.နေလာရင်း၊
အောက်တိုဘာလတွင်ကျနော်တို.အကိုတော်ကြီးများဖြစ်ကြတဲ.
စက်မှုတက္ကသိုလ်ကနေစပြီးဆူဆူပူပူအသံတွေကြားလာရသည်၊
စက်မှုတက္ကသိုလ်ကျောင်းသားများနှင်.စည်ပင်ရဲများစကားများ
ရန်ဖြစ်ကြရာမှကျောင်းသားများကိုဖမ်းဆီးသွားကြတဲ.သတင်းကို
စကြားရသည်၊

ကျနော်တို.လည်းနားစွင်.နေကြရသည်၊ကျနော်တွင်တခုခက်သည်က
ကျနော်သူငယ်ချင်းအရင်းများကနိုင်ငံရေးကိုသိတ်စိတ်မဝင်စားကြ၊
ကျနော်တယောက်တည်းစိတ်ဝင်စားနေခြင်းဖြစ်သည်၊

ကိုယ်လိုပဲဘယ်သူတွေကစိတ်ဝင်စားသလဲဆိုတာလိုက်စုံစမ်းရသည်၊
ကျနော်.ရည်းစားကလဲကျနော်နှင်.ဆန်.ကျင်ဘက်၊လုံးဝစိတ်မဝင်စား၊
ကျနော်စိတ်ဝင်စားမှန်းသူသိတော.အပြင်းအထန်တားတော.သည်၊သူက
ကျနော်.ကိုနိုင်ငံရေးမလုပ်ရဘူး။သူနိုင်ငံရေးသမားရဲ.မယားမဖြစ်လိုကြောင်း
ပြောသည်၊နိုင်ငံရေးသမားရဲ.မယားဆိုရင်အာလုံးဒုက္ခရောက်
ကြောင်း၊သားတကွဲမယားတကွဲနှင်.ထောင်ဝင်စာလိုက်
တွေ.ရသည်မှာမကောင်းကြောင်း၊စီးပွါးရေးပါအဆင်မပြေနိုင်
တော.ကြောင်းပြောပြီးကျောင်းသားကိစ္စထဲဝင်မပါရန်တားမြစ်ပါသည်၊

ကျနော်လည်းပူပူနွေးနွေးရည်းစားဖြစ်နေတာကြောင်.အင်းဟုသာတလုံး
ထဲပြောပြီးခေါင်းငြိမ်.နေလိုက်ပါသည်၊စိတ်ထဲတွင်ငါခိုးသွားရင်သူသိတာ
ကျလို.ဟုသာပြန်ပြောလိုက်ပါသည်၊

သည်.နောက်မှာကျနော်ကောင်မလေးကိုသူ.အိမ်ကကျောင်းမလွုတ်တော.
ကျနော်လွပ်လပ်သွားသည်၊ကျနော်တယေက်တည်းဘာလုပ်လို.လုပ်ရမှန်း
မသိ၊အဆက်အသွယ်လဲမရှိနှင်.၊

နောက်ဆုံးတော.ကျနော်.လဲR.I.Tဘက်သွားကြည်.ဖို.ဆုံးဖြတ်လိုက်သည်၊
ကျောင်းရောက်တော.လူတွေမရှိကြတော.၊
လှည်းတန်းဘက်မှာဆန္ဒပြဖို.ထွက်သွားကြပြီတဲ.၊
ကျနော်လည်းယောင်ချာချာတယောက်ထဲမို.အိမ်ပြန်တာပဲကောင်းမည်လို.
ဆုံးဖြတ်လိုက်ပြီးပြန်ခဲ.တော.သည်၊

ပထမတော.စက်မှုတက္ကသိုလ်ပြဿနာမို.တခြား တက္ကသိုလ်ကျောင်းသား
တွေသိပ်ပါဝင်မှုမရှိကြသေး၊ဒီလိုနဲအစိုးရကကျောင်းသားတွေကျေနပ်အောင်
စည်ပင်ရဲတွေကိုအဖမ်းပြလိုက်ပြီးကျောင်းသားတွေကိုတောင်းပန်ခိုင်းလိုက်တော.
ကျောင်းသားတွေဘက်ကကျေအေးသွားကြသည်။ဒါပေမယ်.ကျောင်းပြန်တက်ကြတော
.စက်မှုတက္ကသိုလ်နှစ်ကြီးသမားတွေကိုဖမ်းထားကြပြီးကျောင်းထုတ်ဖို.လုပ်သည်၊ပြီးတော.

ကျောင်းသားများကြားစာတွေထွက်လာကြသည်၊ကျောင်းသားတွေသည်ရိုင်းပြကြသည်၊
တက္ကသိုလ်ကျေုာင်းသားမပီသကြ၊လူတိုင်းနှင်.ရန်ဖြစ်သည်၊ကားစပါယ်ရာတွေကိုပိုက်ဆံ
ပေးပြီးဘယ်တော.မှမစီး၊ဆရာတွေဆရာမတွေအပေါ်လည်းရိုင်းပြသည်ဟုအသံတွေ
ထွက်လာသည်၊ကျောင်းသားတွေရဲ.လုပ်ရပ်ကိုရှုံ.ချထားကြောင်းဖော်ပြထားသည်၊
ကျောင်းသားအားလုံးမခံရပ်နိုင်တော.။ပေါက်ကွဲကြပြီ၊တက္ကသိုလ်ကျောင်းသားအားလုံး
ပါဝင်ဆန္ဒပြကြဖို.စိုင်းပြင်းတော.သည်။သူ.ကျောင်းကိုယ်ကျောင်းခွဲမနေနိုင်တော.၊
တနိုင်ငံလုံးကျောင်းသားများဆန္ဒပြတော.သည်။

အဲဒီအချိန်တုန်းကမှတ်မိပါသေးသည်မြန်မာ.ခရီးသွားနှစ်လုပ်နေကြသည်.အချိန်၊
ကျောင်းသားတွေရဲ.ဆန္ဒပြပွဲတွေကြောင်.တော်တော်အထိနာသွားခဲ.သည်၊

ဒီဇင်ဘာ၂ရက်နေ.မှာကျောင်းသားတိုက်ပွဲအစွမ်းကုန်မြုင်.လျက်ရှိနေသည်၊
နောက်ပိုင်းတက္ကသိုလ်ပေါင်းစုံကကျောင်းသားတွေလှည်းတန်းမှာစုရပ်လုပ်
ပြီးထိုင်သပိတ်ဆင်နွဲကာဆန္ဒပြကြသည်၊အဲဒီနောက်တော.ညဘက်ကြီး
လုံထိန်းနှင်.စစ်တပ်ကမီးသတ်ပိုင်းများနှင်.ထိုးကာကျောင်းသားတွေကို
အတင်းဝင်ရိုက်နှက်ဖမ်းဆီးပါတော.သည်၊ကျောင်းသားတွေလဲလူစုကွဲ
သွားခါတပ်ပြန်ခေါက်ခဲ.ကြပါသည်၊

ကျနော်တို.လည်းအဆက်အသွယ်ပြန်ပြတ်သွားသည်၊အိမ်ကလည်းပေးမထွက်၊
နောက်တနေ.တော.အမေ.ကိုကျုရှင်ရှိတယ်လို.ညာပြီးထွက်ခဲ.သည်။
လွယ်အိတ်ထဲတွင်အဖြူရောင်အဝတ်အစားတစုံနှင်.၊ကချင်ပုဆိုးကိုတော.
အိမ်မှာကတည်းကဝတ်လာခဲ.သည်၊

ကျောင်းရောက်တော.သူငယ်ချင်းတွေစုလိုက်ပြီး ပစ်ကပ်ကားတစီးငှားလိုက်ပြီး
စက်မှုကျောင်းဘက်ထွက်ခဲ.ကြသည်၊စက်မှုကျောင်းရောက်တော.ဘယ်သူမှ
မရှိကြ၊ကျောင်းထဲလည်းဝင်ခွင်.မရပါ၊ဒီလိုနှင်.main ဘက်ကူးတော.လည်းဒီ
အတိုင်းပဲဖြစ်သည်၊ဒီလိုနှင်.ဘယ်သွားရမလဲဖြစ်နေစဉ်၊RC -3 ကျောင်းရှေ.တွင်
ကျောင်းသားအနည်းငယ်လူစုနေကြသည်လို.ကြားတော.ကြည်.မြင်တိုင်ဘက်
ထွက်ခဲ.ကြလေသည်၊

ကြည်.မြင်တိုင်ရောက်တော.ကျောင်းသားတွေစုကာဆန္ဒပြနေကြသည်ကို
တွေရသည်၊ကျနော်တိုလည်းအားတက်သွားကာကားကိုအဲဒီနေရာတွင်ရပ်ခါ
ကျောင်းသားကဒ်ကိုထုတ်ပြပြီးပူးပေါင်းကြသည်၊
အဲဒီတုန်းက ကျနော်တို.တတွေကပြည်သူများကိုမပါဝင်ခိုင်းကြပါဘူး၊
ရောကုန်မှာစိုးလို.လဲပါသည်၊ကျောင်းသားအရေးမို.ကျောင်းသားတွေ
ကပဲလုပ်မည်၊ပြည်သူတွေကိုအထိခိုက်မခံချင်တာလည်းပါသည်၊

ဒါကြောင်.လဲကျောင်းသားကဒ်တွေဆောင်ထားခြင်းဖြစ်သည်၊
ဒါပေမယ်.ပြည်သူတွေကိုဘေးမှအားပေးကြရန်ကိုတော.ပြောပါသည်
ဒီလိုနှင်.ကျောင်းသားတွေတော်တော်များလာကြသည်၊
ကျောင်းသားတွေကတက္ကသိုလ်အလိုက်ကျောင်းသားတွေထဲမှပြောရဲတဲ.
သူများကိုဟောပြောစေချင်းဖြင်.ဆန္ဒပြကျောင်းသားနှင်.ပရိတ်သတ်ကို
ဆက်ထိန်းထားကြသည်၊

ဆက်လက်ပြီးကျနော်တို.ကျောင်းသားများခေါင်းခြင်းဆိုင်ဆွေးနွေးကြသည်၊
ကျနော်တို.ဘာဆက်လုပ်ကြမည်နည်း၊ကျောင်းသားတွေကိုဆက်လက်ထိန်း
ထားနိုင်ဖို.အရေးကြီးသည်၊

ဆွေးနွေးနေစဉ် ပညာရေးဝန်ကြီးဦးပန်းအောင်ရောက်လာသည်၊
သူ.ရဲ.PAလဲပါလာသည်၊ဝန်ကြီးကတော.ချိုချိုသာသာပင်ကျောင်း
သားတွေကိုစည်းရုံးသည်၊ကျောင်းသားတွေလူစုခွဲကြဖို.နဲ.ကျောင်း
သားများကိစ္စကိုဖြေရှင်းပေးမှာဖြစ်ကြောင်းပြောသည်၊

လူစုခွဲပေးဖို.ပန်ကြားသွားသည်၊သူ.ရဲ.PA ကတော.ကျောင်းသားတွေကို
ရှုသိုးသိုးမျက်နှာဖြင်.ကြည်.နေသည်၊သူ.ရဲ.အကြည်.မှာကိုက 
ဒေါသတွေ၊မာနတွေပါနေသည်၊မင်းတို.ကောင်တွေနာတော.မယ်ကွာဆိုတာ
ကိုသူ.မျက်လုံးထဲမှာမြင်နေရသည်၊ကျောင်းသားတွေကလည်းအကြောတင်းသည်၊
လက်မခံနိုင်တော.ကြောင်းပြန်ပြောလိုက်သည်၊ဝန်ကြီးရှင်းပေးတာများနေပြီဖြစ်သည်၊
ဘာတခုမှလည်းမရခဲ.၊ဒါကြောင်.ကျနော်တို.တွေရှေ.ဆက်တိုးကြဖို.သာဆုံးဖြတ်လိုက်
ကြတော.သည်၊ဝန်ကြီးလည်းပြန်သွားသည်။

ကျနော်တို.လည်းဆူးလေဘုရားမှာစုရပ်လုပ်ဖို.တိုင်ပင်လိုက်သည်၊
ပထမဆူးလေဘုရားဘက်ကိုကျောင်းသားများအုပ်စုလိုက် BMဟီးနိုး
ကားကြီးနှင်.သွားကြဖို.ဖြစ်သည်၊နောက်တော.ဤအစီအစဉ်သည်
လူစုကွဲသွားနိုင်သည်၊ဒါကြောင်.ဒီနေရာကနေပဲညီညီညွတ်ညွတ်
ချီတက်ကြရင်းလမ်းတလျှောက်လူတွေကိုစည်းရုံးသွားလို.ရမည်
ဖြစ်ကြောင်းတင်ပြရင်းသဘောတူလိုက်ကြသည်၊

ထိုအချိန်တွင်ြကည်.မြင်တိုင်တက္ကသိုလ်ပါမောက္ခချုပ်နှင်.ဆရာ
ဆရာမများရောက်လာကာ'သားတို.ရှေ.ဆက်မသွားကြဖို.နှင်.
ရှေ.ဆက်လျှင်အန္တရာယ်ရှိကြောင်းဖြောင်းဖျပြောဆိုကြသည်၊
'ဆရာတွေဆရာမတွေဆိုတော.သားသမီးနဲ.မိဘလိုဖြစ်နေ
ကြသည်၊သူတို.မျက်နှာမကောင်းကြ၊စိတ်ထိခိုက်နေကြသည်၊
ကျနော်တို.ကျောင်းသားတွေကလည်းဆရာတွေကိုတောင်းပန်
ကြသည်၊ကျနော်တို.ရှေ.ဆက်တိုးဖို.ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း
ပြောပြပါသည်၊ပြီးတော.ဆရာ။ဆရာမတွေ၏စကားကိုနားမထောင်
မိတဲ.အတွက်အပြစ်ရှိကြောင်းဝန်ခံပြောဆိုကာဆရာကြီးနှင်.တကွ
အားလုံးသောဆရာမတွေကိုနောက်ဆုံးအကြိမ်ထိုင်ကန်တော.ကြဖို.
ပြောလိုက်ပြီးအပြစ်ရှိရင်ခွင်.လွူတ်ပေးကြဖို.တောင်းပန်ရင်းကန်တော.
လိုက်ကြပါသည်၊ပါချုပ်ကြီးနဲ.ဆရာမတွေလည်းသတိထားသွားကြဖို.၊
ထိတ်တိုက်ရင်မဆိုင်ကြဖို.မျက်ရည်တွေဝဲလျက်ပြန်ပြောပါသည်၊

ကျောင်းသားတွေလည်းဆရာတွေရဲ.မျက်ဝန်းတွေကိုကြည်.ရင်း
မျက်ရည်များဝဲတက်လာပါတော.သည်၊တဦးနှင်.တဦးအပြန်အလှန်
ကြည်.ရင်းရင်ထဲမှာဆို.နင်.လာသည်၊ဆရာမများကားမိန်းမသားပီပီ
ငိုပါတော.သည်၊
နှုတ်မှလည်းသားတို.သေချာဂရုစိုက်ဖို.အတန်တန်မှာနေပါသည်၊

တိုက်ပွဲကားစပြီဖြစ်သည်၊
ကြွေးကြော်သံများစတိုင်လိုက်သည်၊အားလုံးလဲလှုပ်လှုပ်ရွရွဖြစ်သွား
ကြသည်၊
ကျောင်းသားသမဂ္ဂဖွဲ.စည်းရေး  ---ဒို.အရေး
စစ်အာဏာရှင်အစိုးရ --အလိုမရှိ
ဒို.ကျောင်းသားတွေညီရဲ.လားဟေ.--ညီတယ်ဟေ.ညီတယ်ဟေ.
အရေးတော်ပုံ--အောင်ရမည် ဆိုတဲ.ကြွေးကြော်သံတွေနဲ.အတူ
ကျောင်းသားအားလုံးတန်းဆီလိုက်ကြပါသည်၊

ပြီးတော.မိန်းခလေးတွေကိုဝိုင်းရံပေးကြဖို.နဲ.တခြားသူတွေဝင်မလာ
နိုင်အောင်လက်တွေချိတ်ဆွဲထားံလိုက်ပါတော.သည်၊
လူထုကြီးရဲလက်ခုပ်သံတွေကလဲတခဲနက်ပေါ်ထွက်လာကြပါသည်၊
လူထုကြီးကလဲကျောင်းသားတွေနားမှာဝန်းရံပြီးလိုက်ပါလာကြသည်၊
ကျောင်းသားတွေအားလုံးနေရောင်အောက်မှာတညီတညာနဲ.ချီတက်
လာကြပါပြီ၊

ရှေ.မှာလမ်းရှင်းကျောင်းသားတွေကလဲအရင်ဆုံးလမ်းကြောင်းရှင်းမရှင်း
အချက်ပြကြပြီးရှင်းတဲ.နေရာမှချီတက်ကြဖို.ပြောရင်းအလုပ်လုပ်ပေးကြပါသည်

ဆရာတွေကလည်းစိုးရိမ်စိတ်တွေအပြည်.နဲ.လိုက်ပါလာကြပါသည်၊
ကျောင်းသားများချီတက်ရာလမ်းတလျောက်လူထုကြီးကသောက်စရာ
ရေဘူးများပေးခြင်း၊လက်ခုပ်သြဘာများဖြင်သောင်းသောင်းဖျဖျကြိုဆို
ကြပါသည်၊

လူအုပ်ကြီးလဲများသထက်များလာကြပါသည်၊ပြည်သူအားလုံးလဲပြုံးပျော်
နေကြပါပြီ၊အားလုံး၏ရင်ထဲမှာငါတိုရဲသားတွေငါတိုကိုယ်စားတိုက်ပွဲဝင်
နေကြပြီ၊အောင်မြင်ကြရမယ်ဟုစိတ်တွေမှာဖြစ်ပေါ်နေကြတာကိုအတိုင်းသား
မြင်တွေ.နေရပါသည်၊

ဒီလိုနှင်.ကြည်.မြင်တိုင်မှကျော်လာပြီးအလုံEPC လျှပ်စစ်ရုံးကိုကျော်ဖြတ်ပြီး
မှာတော.ဆရာတွေဆရာမတွေကရှေ.ဆက်မသွားကြဖို.နဲ.သားတို.အားလုံး
ကိုနှိမ်နင်းတော.မည်အကြောင်းလာပြောပါသည်၊တကယ်လည်းဟုတ်ပါသည်၊
ကျနော်တို.နှင်.မလှမ်းမကမ်းအကွာအဝေးတွင်သူတို.လဲညာသံပေးရ်ျချီတက်
လာနေပြီဖြစ်ပါသည်၊

ကျနော်တို.အားလုံးရပ်လိုက်ကြသည်၊သူတို.နှင်.ကျနော်တို.အကြားတွင်၁၅ပေ
လောက်သာကွာပါတော.သည်၊

ထိတ်တိုက်တွေ.ကြလေပြီ၊ကျနော်တို.ကမိန်းခလေးတွေကိုအဓိကအကာအကွယ်
ပေးဖို.ဝိုင်းရံလိုက်ပါသည်၊လုံထိန်းတွေကလဲသူတို.တွင်ပါလာသောဒိုင်းတွေကို
်ရာဘာတုတ်တွေနှင်.သံဗုံးရိုက်သလိုတီးကာပါးစပ်မှလဲစစ်ချီသံတွေရွတ်ဆိုနေ
ကြပါသည်၊ဘာမှတော.မလုပ်သေး၊

နှစ်ဘက်စလုံးလှုပ်ရှားမှုကိုမပြုကြ၊ကျနော်တို.တတွေလည်းရုတ်တရက်
ဘာလုပ်ရမှန်းမသိ၊ဒါပေမယ်.ကျောင်းသားတွေကိုထွက်မပြေးကြဖို.နဲ.
ထိုင်ချလိုက်ကြဖို.နှိုးဆော်ရပါသည်၊ဒါပေမယ်.လဲအချိန်မမီလိုက်တော.

ညာဘက်ခြမ်းမှကျောင်းသားတွေရုတ်တရက်ထပြေးကြပါသည်၊
ကျောင်းသူတွေလဲပြေးကြပါပြီ၊အားလုံးဝရုံးသုန်းကားဖြစ်ကုန်သည်၊
သူတို.ကလဲဒီအခွင်.အရေးကိုလက်လွတ်မခံ၊ကျောင်းသားတွေကို
လိုက်ရိုက်ပါတော.သည်၊သူတို.ရိုက်နည်းကတမျိုးဖြစ်သည်၊
တုတ်နဲအရင်ဦးဆုံးမရိုက်၊ဒိုင်းနှင်ဆောင်တွန်းလိုက်ပါသည်၊
လဲကျမှအသေရိုက်ပါသည်၊အားလုံးအုတ်အော်သောင်းနင်း
ဖြစ်သွားကြသည်၊အဖွားကြီးတယောက်ဆိုလျှင်သူအသက်ကို
တောင်ဂရုမစိုက်၊အရိုက်ခံနေရသောကျောင်းသားတွေကိုသူ၏
ကိုယ်လုံးကလေးနဲ.ကာထားပေးပြီး၊ပါးစပ်မှလဲငါ.သားတွေကို
မရိုက်ကြပါနဲ.၊အဖွားတောင်းပန်ပါတယ်ဟုငိုပြီးပြောပါလေသည်၊
ကျောင်းသူတွေလဲသနားပါသည်။သူတို.ရင်စိအင်္ကျီတွေပြုတ်ထွက်
ကုန်သည်၊ဘယ်လိုမှမတတ်နိုင်တော.၊အလုံလူထုကြီးမှမကြည်.ရက်ရ်ျ
ခဲလုံးတွေနှင်.ပြန်လည်ပစ်ကြပါသည်၊

ကျနော်တို.တတွေလည်းနီးရာအိမ်ဝန်းထဲဝင်ပြေးရပါသည်၊တော်သေးသည်
အိမ်တအိမ်မှကျနော်တို.တအုပ်စုလုံးကိုခေါ်ထားလိုက်ပါသည်၊အယောက်၂၀
လောက်တော.ရှိမည်ဖြစ်သည်၊

စစ်တပ်မှအိမ်တွေအထိကျောင်းသားတွေကိုလိုက်ရှာနေရ်ျကျနော်တို.အားလုံး
ထပ်ခိုးတွေပေါ်ဝင်ပုန်းကြရပါသည်၊အတော်အတန်စိတ်ချရမှအောက်ကိုဆင်း
စေပြီးထမင်းဟင်းများပြင်ထားကာကျောင်းသားအားလုံးကိုစားစေပါသည်၊
ကျနော်တိုအားလုံးလဲဆာဆာနှင်စားလိုက်ကြပါသည်၊

ပြေးထားရတာလည်းတော်တော်မောနေပြီမှတ်လား၊ရှက်မနေနိုင်၊
အိမ်ရှင်တွေကလည်းသဘောကောင်းလွန်းပါသည်၊
မုန်.တွေကော၊အအေးတွေပါထပ်ချပေးပြီးကျောင်းသားလှုပ်ရှားမှုကို
ထောက်ခံအားပေးကြောင်းပြောပါသည်၊ဒီလိုနှင်.ညနေစောင်းလို.လမ်း
ကြောင်းရှင်းမှပြန်လွုတ်ပါတော.သည်၊ကျွန်တော်လည်းအိမ်ရောက်တော.
ရေမိုးချိုးကာအိပ်ရာဝင်ဖို.ပြင်လိုက်ပါသည်၊အိပ်ရာထဲရောက်တော.အိပ်လို.
မပျော်၊နေ.ခင်းကအဖြစ်အပျက်ကိုပြန်စဉ်းစားရင်း၊မနက်ဖြန်ကောဘာလုပ်
ကြမှာလဲ၊ဘယ်မှာပြန်စုံကြမှာလဲဆိုတာကိုတွေးနေမိပါသည်၊
မနက်အိပ်ရာကထတော.အမေဈေးဝယ်သွားနေပါသည်၊
အမေဈေးသွားနေတုန်းအမြန်လစ်ထွက်ခဲ.ပါသည်၊
ကိုယ်.ကျောင်းကိုပဲပြန်သွားဖို.ဆုံးဖြတ်လိုက်ပါသည်၊
ကျောင်းရောက်တောကျောင်းတွေပိတ်ထားပါသည်၊

အပြင်ဘက်တွင်လည်းစစ်တပ်မှလာရောက်တပ်စွဲထားလိုက်ပါသည်၊
ကျောင်းပတ်လည်မှာစစ်သားများကင်းစောင်.နေကြပါသည်၊
ကျနော်လည်းကျောင်းအပြင်ဘက်ကလက်ဘက်ရည်ဆိုင်ကိုထွက်လာ
ခဲ.ပါသည်၊

ဆိုင်တွင်မနေ.ကစုခဲ.ကြသောကျောင်းသားများလည်းရောက်နေကြပါပြီ၊
ကျနော်လည်းလဘက်ရည်တခွက်မှာလိုက်ပြီးဒီနေ.ဘာအစီအစဉ်ရှိသေး
သလဲဟုမေးလိုက်ပါသည်၊

ဒီနေ.အမေရိကန်သံရုံးရှေ.ဆန္ဒပြဖို.ရှိကြောင်း၊နေ.လည်၁၂ နာရီတိတိအချိန်
မှာစတင်မှာဖြစ်တဲ.အကြောင်းပြောပါတယ်၊ဒါပေမယ်.အခြေအနေမကောင်း
တာကြောင်.လူအုပ်ကိုခွဲထားပြီးအချိန်မစမီ၅မိနစ်လောက်အလိုအသင်.ပြင်
ထားရမည်ဖြစ်ကြောင်းပြောပါသည်၊ပြီးလျင်ရွေုဘုံသာလမ်းတွင်ပြန်စုံကြမည်
ဖြစ်ကြောင်း၊အဲဒီနောင်ဗိုလ်ချုပ်ဈေးဘက်တွင်ထပ်မံပြကြမည်ပြောပြီးလူစုခွဲ
လိုက်ကြပါတော.သည်၊
ကျနော်လည်းသူငယ်ချင်းတယောက်နှင်.ဆူလေးစေတီဘက်ထွက်ခဲ.ပြီး
ဘုရားပေါ်မှာပင်အချိန်ဖြုန်းနေလိုက်ပါသည်၊၁၁နာရီခွဲလောက်တွင်ထမင်း
အမြန်ဝယ်စားလိုက်ပြီး၅မိနစ်အလိုလောက်တွင်အနီးအနားကွမ်းယာဆိုင်တွင်
ရပ်စောင်.နေလိုက်ပါတော.သည်၊ကိုယ်.လူတွေကိုကြည်.လိုက်တော.လည်းတ
ယောက်မှမတွေ.၊ရင်တထိတ်ထိတ်နှင်.သာစောင်.နေလိုက်ပါတော.သည်၊
၁၂နာရီတိတိထိုးလေပြီ၊မီးပွိုင်.လဲနီသွားပြီ၊အဲဒီအချိန်မှာပဲကိုယ်.လူတွေပေါ်
လာကြပြီးအချက်ပြလိုက်ပါသည်၊ကျောင်းသားများအယောက်
၅၀ကျော်ခန်.လောက်တော.ရှိမည်၊အားလုံးလက်ခုပ်တွေတီးပြီးလမ်းမအလယ်
ကိုစတင်ဝင်ရောက်လိုက်ကြ၏၊၊

သည်နောက်.ကြွေးကြော်သံများကိုတယောက်မှတိုင်ပေးပြီးကျန်တဲ.သူများက
လိုက်အော်ကြပါသည်၊ထိုနောက်ဆူးလေစေတီဘက်မှတောက်လျောက်အော်
သွားပါသည်၊ထိုစဉ်နောက်မှစစ်ကားတစီးလိုက်လာသည်ကိုတွေ.ရ်ျအမြန်
လူစုခွဲပြီးလမ်း၃၀ဘက်ဝင်ပြေးကြပါသည်၊
လမ်း၃၀ သို.ပြေးဝင်လာစဥ်ရ. ဝ. တရုံးထဲရှိကြံ.ဖွံ.အဖွဲ.ဝင်တရောက်က
ကျောင်းသားတွေပြေးဝင်လာနေကြပြီ၊စစ်တပ်ကိုဖုန်း
ဆက်အကြောင်းကြားဖို.သူ.အဖွဲ.ဝင်တယောက်ကိုလှမ်းပြော
လိုက်သည်ကိုကျွန်တော်ကိုယ်တိုင်ကြားလိုက်ပါသည်၊

ကျနော်လဲတော်တော်စိတ်ဆိုးသွားပြီးကျန်တဲ.အဖွဲ.သားတွေကိုပြောဖို.
ကြိုးစားပြီးမှပြဿနာထပ်မဖြစ်ချင်တော.ရ်ျစိတ်ကိုထိန်းလိုက်ခါမသိချင်
ယောင်ဆောင်ပြီးရွေုဘုံသာလမ်းမှာထပ်စောင်.နေလိုက်ပါသည်၊

သိပ်မကြာမီအဖွဲ.သားများပြန်ဆုံကြပြီးရွေုဘုံသာထိပ်မှုာထပ်ပြကြပါသည်၊
နောက်မှစစ်ကားလိုက်လာသောကြောင်.အမြန်လူစုခွဲလိုက်ကြပါပြီး
ကျနော်လဲအိမ်ပြန်လာခဲ.ပါသည်၊
နောက်နေ.တွေကျောင်းဘက်ထပ်သွားကြည်.ပေမယ်.လဘက်ရည်ဆိုင်
တွေလဲပိတ်ထားပြီးသူငယ်ချင်းတယောက်နှင်.တွေ.ရ်ျအဖွဲ.သားများအကြောင်း
မေးကြည်.ရာမနေ.ညနေဗိုလ်တထောင်ပြန်နားစဉ်၊ဗိုလ်တထောင်စခန်းမှုးမှ
ကျောင်းသားတွေကိုဖမ်းမယ်.ပုံစံစစ်မေးနေစဉ်အဖွဲ.ထဲမှသူငယ်ချင်းတယောက်
နှင်ဗိုလ်တထောင်စခန်းမှုးတိုအချင်းများကာထိုသူငယ်ချင်းမှစခန်းမှုးအားပါးရိုက်
ပြီးထွက်ပြေးသွားရ်ျရဲစခန်းမှအပူတပြင်းလိုက်လံရှာဖွေနေသောကြောင်.ထွက်
ပြေးသွားပြီဖြစ်ကြောင်းပြောပြပါသည်၊
ထို.ကြောင်.ကျနော်တိုတတွေကျောင်းနားပတ်ဝန်းကျင်ကိုမလာလျှင်ပိုကောင်းမည်
ဟုပြောရင်းလူခွဲခါအိမ်ပြန်လာခဲ.ပါတော.သည်၊
ဤတွင်ကျောင်းသားလှုပ်ရှားမှုကြီးလဲငြိမ်သက်သွားကာဟိုနားစာရွက်တွေဝေလိုက်၊
ဒီနားသွားစုလိုက်နှင်.သာပြီးသွားခဲ.ပါပြီ၊
ကျနော်တို.ကျောင်းတွေလည်းနှစ်ရှည်ပိတ်လိုက်ပါတောသည်၊
ကျောင်းသားတိုက်ပွဲလည်းဤတွင်ပြီးရ်ျစစ်အစိုးရမှလည်းကျောင်းတွေ
အားလုံးကိုအဝေးကိုပို.လိုက်ပြီးစက်မှုတက္ကသိုလ်ကျောင်းကိုလည်း
မျက်မုန်းကြိုး၊အငြိုးထားကာအပြီးပိတ်လိုက်ပါတော.သည်၊

ကျနော်သည်လည်းကျနော်မယုံကြည်သည်.ပညာရေးကြီးကို
ဆက်လက်မတက်တော.ပဲဒီမိုကရေစီရမှပဲကျောင်းဆက်တက်
တော.မည်ဟုဆုံးဖြတ်ချက်ချလိုက်ခါကျောင်းမှအပြီးထွက်လိုက်ပါတော.သည်၊

၊၊ဝန်ခံချက်၊၊ကျနော်တို.ပါဝင်ခဲ.တဲ.အချိန်တုန်းကကျနော်သည်
နိုင်ငံရေးနားလည်လို.လုပ်ခဲ.ခြင်းမဟုတ်၊တက်ကြွသောလူငယ်
သဘာဝစိတ်ဓာတ်အတိုင်းမိမိတို.နောင်တော်ကြီးများအရေး။
တို.အရေးပဲ၊တို.ကျောင်းသားတွေညီရဲ.လားဟေ.ဆိုရင်ညီတာပေါ.
ဟုသဘောထားခါလုပ်ခဲ.ခြင်းပင်ဖြစ်ပါသည်၊
စွဲကျန်ရစ်ခဲ.သောဆူးတချောင်းကားယနေ.တိုင်နှုတ်လို.မရနိုင်တော.သည်ကား
အမှန်ပင်ဖြစ်ပါတော.သည်၊