2012-01-18
၂၀၁၀ ရွေးကောက်ပွဲမှာ ဒုတိယ အင်အား အများဆုံး ၀င်ပြိုင်ခဲ့တဲ့ တစည ခေါ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီဟာ ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် နေရာ ၂၀ ခန့် ၀င်ပြိုင်မယ်လို့ သိရပါတယ်။
(Photo: AFP)
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီ ဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်က ပါတီ ၂၂ နှစ်မြောက် အခမ်းအနား ကျင်းပစဉ် တက်ရောက်လာသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
အခု ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်ဆောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ ပါတီက နေရာ အပြည့် ၀င်ပြိုင်မှာ ဖြစ်ပေမယ့် တစညပါတီ အတွက် စိန်ခေါ်မှု မရှိနိုင်ဘူးလို့ ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဟန်ရွှေက ပြောပါတယ်။ တစညပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် သုံးရပ် အတွက် ကိုယ်စားလှယ် နေရာ ကိုးရာကျော် ၀င်ပြိုင်ခဲ့ပြီး ၆၄ နေရာ အနိုင်ရခဲ့ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ ခု ရှိပေမယ့် နေရာ ၂၀ ကျော်ပဲ ၀င်ပြိုင်ရတာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲရရှိခဲ့မှု၊ တစညပါတီ အပေါ် ပြည်သူတွေရဲ့ လက်ရှိ ထောက်ခံ အားပေးမှု စတဲ့ အခြေအနေ အပေါ် ချင့်ချိန်ပြီး ဆုံးဖြတ်ခဲ့တာ လို့လည်း ဦးဟန်ရွှေက ပြောပါတယ်။
2012-01-18
မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကို အားပေးတဲ့ အနေနဲ့ ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကို လာမယ့် ဖေဖေါ်ဝါရီလမှာ ပြန်လည် ရုပ်သိမ်းဖွယ် ရှိတယ်လို့ အီးယူ သံတမန် အသိုင်းအ၀န်းက ပြောပါတယ်။
Photo: RFA
ဥရောပသမဂ္ဂ ဒုတိယ ဥက္ကဌလည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ မစ္စတာ ရောဘတ်ကူးပါး ခေါင်းဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က လာရောက်တွေ့ဆုံ ဆွေးနွေးအပြီး တွေ့ရပုံ။ ဥရောပ သမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ပဲရို ဖာစီနို (၀ဲ)၊ မစ္စတာ ရောဘတ်ကူးပါး (အလယ်)။ ဓါတ်ပုံ -
ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြန်မာအစိုးရ
နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိကြောင်း အင်္ဂါနေ့က အကြောင်းပြန်ကြားလိုက်ပြီဟု အဖွဲ့ပြောခွင့်ရသူ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း
စောခင်စိုး လက်မှတ်ထိုး၍ ကိုယ်တိုင် လာရောက်ပေးပို့သည့် ဇန်န၀ါရီ ၁၀ ရက်စွဲပါ ကမ်းလှမ်းစာကို အကြောင်းပြန် လိုက်ခြင်းဖြစ်သည်။
ဇာဂနာပြောတဲ့ ဇာဂနာ ဘာကြောင့် ဦးခင်ညွှန့်နဲ့ တွေ့ရလဲ
ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၅၉ မိနစ်
The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ကိုသူရ (ဇာဂနာ) ကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
(ဇာဂနာနှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာသည် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများကြဖြစ်သော ဇင်ဝိုင်း၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်တို့နှင့်အတူ စစ်အစိုးရလက်ထက် ထောက်လှမ်းရေးညွှန်မှူး၊ အတွင်းရေးမှူး-၁ နှင့် ဝန်ကြီးချုပ်တာဝန်များ ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ဇန်နဝါရီလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။
တနင်္လာနေ့က ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်ကိုလည်း ကိုဇင်ဝိုင်းနှင့်အတူ တွေ့ဆုံခဲ့သေးသည်။
၈၈ မျိုးဆက်များက ရွှေညဝါ ဆရာတော်ဘက်တွင် ရပ်တည်သွားမည်ဟု ဆို
By featured, မြတ်မိုး on January 19, 2012 11:52 am
အကျဉ်းထောင် အသီးသီးမှ မကြာမီက လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် ရွှေညဝါ ဆရာတော် အရှင် ပညာသီဟဘက်တွင်
ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ထာဝရ ရပ်တည်ပေးသွားမည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းကိုနိုင်က ပြောလိုက်သည်။

ရွှေညဝါ ဆရာတော်အား ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ သွားရောက်တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)
By featured, ရန်ပိုင် on January 18, 2012 2:05 pm
NLD ၏ နိုင်ငံရေး လုပ်ငန်းစဉ်များကို အမြဲတမ်း ထောက်ခံနေခြင်း မပြုဘဲ လိုအပ်လျှင် ဝေဖန်အကြံပြုရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ယနေ့ ပြောဆိုလိုက်သည်ဟု သိရသည်။

(ဓာတ်ပုံ - ဧရာဝတီ)