သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ
Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

Friday, March 18, 2016

ကမ္ဘာအကျော်ကြားဆုံး ကွန်ပြူတာ ဟက်ကာများအကြောင်း





Hacker လို့ဆိုလိုက်တာနှင့် Anonymous မျက်နှာဖုံးများကို ၀တ်ဆင်ထားသော မျက်နှာဖုံးပိုင်ရှင်များကို မျက်စိထဲ ပြေးမြင်မိမည် ဖြစ်သည်။ (အပြစ်ရှာအလစ်ချောင်းပေါ့လေ ခိခိ)Hacker ဆိုသည်မှာ System စံနစ်တစ်ခုအတွင်းသို့ ထိုးဖောက် ၀င်ရောက်နိုင်သူများကို ခေါ်ဆိုနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသည့် စံနစ်ဆိုသည်မှာ ကမ္ဘာကြီးပျက်စီးသည့်တိုင်အောင် ရှိမည်မဟုတ်ချေ၊ System တိုင်းတွင် အားနည်းချက်များရှိနေမည် ဖြစ်သည်။ Hacker များသည် ထိုအားနည်းချက်များကို စူးစမ်းရှာဖွေလေ့လာပြီး ထိုးဖောက်ရန် ကြိုးစားနေသူများဖြစ်သည်။ Hacker တစ်ယောက်ဖြစ်ရန် လွယ်ကူပါသလားဟုမေးလာလျှင်တော့ ပျင်းရိသောသူများအတွက် Hacker တစ်ယောက်ဖြစ်ရန် ခက်ပြီး ကြိုးစားနေသူများအတွက် Hacker တစ်ယောက်ဖြစ်ရန် အခက်အခဲမရှိနိုင်ပေ။ အမြဲ တစိုက်မတ်မတ်နှင့် ကြိုးစားအားထုတ်မည်ဆိုပါက တနေ့တွင် Hacker ကောင်းတစ်ယောက်ဖြစ်မည်ဆိုတာကို အာမခံဝံ့ပါသည်။


1) Jonathan James

Jonathan James သည် အသက် ၁၆ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံရှိ Defense Threat Reduction Agency 
၏ ကွန်ပြူတာ ကွန်ယက် စံနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ DTRA Server ပေါ်တွင် Backdoor ကို Install လုပ်ခဲ့ပြီး ကွန်ယက်အတွင်းရှိ ကွန်ပြူတာများအားလုံးကို ထိန်းချူပ်နိုင်ခဲ့သည်။

Sunday, November 3, 2013

အပိုင်း(၄) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

အပိုင်း(၄) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

November 2, 2013 at 2:01am
အပိုင်း(၄) ပေါလ် လဖာ့ဂ် မှတ်မိသော မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော သူ့ အဘိဓမ္မာ( ၁၈၉၀)


ပညာဝယ်၊ အလုပ်သင် ကျနော် နဲ့ မာ့က်စ်

ကျနော် မာ့က်စ်ဘေးကနေ အလုပ်လုပ်ပေးခဲ့ရဖူးတယ်။ ကျနော် လုပ်သမျှက တော့ သူ စာချပေးတာ နှုတ်ကပြောတာကို နောက်က လိုက်ရေး၊ မှတ်စုထုတ် ဒီလောက်ပါပဲ။ ဒါပေမဲ့ သည်လောက်လေး လုပ်ရတာနဲ့ တင်၊ သူ ဘယ်လိုတွေးသလဲ၊ သူဘယ်လိုရေးသလဲ ဒါတွေကို အနီးကပ်လေ့လာခွင့် ရခဲ့တယ်။ ကျနော့် အတွက် မဟာ အခွင့်အရေးကြီးပေါ့။
စာရေးတဲ့ အလုပ်ဟာ၊ မာ့က်စ်အတွက် လွယ်လည်းလွယ် ခက်လည်းခက်၊ သည်လို ပြောလို့ ရတယ်။

ဘာကြောင့် လွယ်သလဲ။ မာ့က်စ်ဟာ သက်ဆိုင်တဲ့ အကြောင်းအရာတခု ကို ရေးတဲ့အခါ သူလိုချင်တာတွေကို စုဆောင်းသိုမှီးထားတဲ့ သူ့ ခေါင်းထဲက အခက်အခဲ မရှိ၊ ကျွမ်းကျင်စွာ ထုတ်နှုတ် ယူသုံး နိုင်စွမ်း ရှိလို. ဖြစ်တယ်။တချိန်တည်းမှာပဲ စာရေးခြင်းဟာ သူ့ အတွက် ခက်ခဲနေပြန်တယ်။ ဘာကြောင့်လဲဆိုတော့ သူပြောချင်တဲ့ အချက်အလက် ၊ငြင်းဆိုချက်တွေ ကို အနုစိတ်နေ အောင် ရေးတတ်တဲ့ သူ့ အကျင့်ကြောင့်ဖြစ်တယ်။ သူ့ စာ တွေဟာ လစ်ဟာမှုမရှိစေရဖူး။ တိတိကျကျ လည်းရှိတယ်။ လိုအပ်လျှင် သူက စုံစေ့နေအောင် ရှည်ရှည်ဝေးဝေး ရေးတတ်တယ်။ ဒီလို ဟာပေါက်ကျပေါက် မရှိ အောင် ရေးသားဖို့ ဆိုတာ အမြဲ တစေ အားထုတ်နေရတဲ့အလုပ်ဖြစ်တဲ့အတွက် စာရေးခြင်းကို မာ့က်စ်က သာသာလေး လုပ်ဖို့ မဖြစ်နိုင်ခဲ့တာပါ။ အမှန်လည်း မာ့က်စ်ဟာ စာပြည့်စုံမှုရှိအောင် နေ့ ညမအား အလုပ်လုပ်သူ၊ အပင်ပန်းခံ စာရေးတတ်သူကြီးဖြစ်တယ်။

အပိုင်း(၃) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

အပိုင်း(၃) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

October 29, 2013 at 7:20am
မာ့က်စ် ၏လက်ရေး။
၁၈၄၇ ဒီဇင်ဘာ-၁၉၄၈ ဂျန်န၀ါရီ မှာ မာ့က်စ် နှင့် အန်ဂဲလ်စ် အတူတကွရေးခဲ့သော
ကွန်ြမူနစ် ကြေငြာစာတမ်း၏
မူရင်း ပထမ လက်ရေးမူ။ 
ထို ပထမ လက်ရေးမူ တအုပ်လုံးပျက်စီးသွားခဲ့။ ၁၈၈၃ တွင် အန်ဂဲလ်က ဘားစတိန်းသို့  လှမ်းပို့ ပေးသော နောက်ဆုံးလက်ကျန် ရှားပါး လက်ရေးမူ စာမျက်နှာ။
အပေါ်ဆုံး မာဂျင်လိုင်းပေါ်က ၂ကြောင်း က ဇနီး ဂျန်နီမာ့က်စ်၏ လက်ရေးဖြစ်တယ်။
မာ့က်စ် ၏လက်ရေး။ ၁၈၄၇ ဒီဇင်ဘာ-၁၉၄၈ ဂျန်န၀ါရီ မှာ မာ့က်စ် နှင့် အန်ဂဲလ်စ် အတူတကွရေးခဲ့သော ကွန်ြမူနစ် ကြေငြာစာတမ်း၏ မူရင်း ပထမ လက်ရေးမူ။ ထို ပထမ လက်ရေးမူ တအုပ်လုံးပျက်စီးသွားခဲ့။ ၁၈၈၃ တွင် အန်ဂဲလ်က ဘားစတိန်းသို့  လှမ်းပို့ ပေးသော နောက်ဆုံးလက်ကျန် ရှားပါး လက်ရေးမူ စာမျက်နှာ။ အပေါ်ဆုံး မာဂျင်လိုင်းပေါ်က ၂ကြောင်း က ဇနီး ဂျန်နီမာ့က်စ်၏ လက်ရေးဖြစ်တယ်။


===============================================================
အပိုင်း(၃) ပေါလ် လဖာ့ဂ် မှတ်မိသော မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော သူ့ အဘိဓမ္မာ( ၁၈၉၀)


နိုင်ငံခြားဘာသာစကားများ နှင့်  မာ့က်စ်

မာ့က်စ် ဟာ ဘာသာစကားအရာမှာလည်း ထူးချွန်တယ်။ ဥရောပသုံး အဓိက ဘာသာစကားတွေဖြစ်တဲ့ ဂျာမာန်၊ ပြင်သစ်၊အင်္ဂလိပ် ၃ ခုစလုံးကို ဖတ်နိုင်၊ ရေးနိုင်တယ်။ သူကျွမ်းကျင်ပုံက ဘယ်လောက်အထိလဲဆိုတော့ သည်ဘာသာရပ်တွေ၏ ပါရဂူများကပင် သူ့ ကို တအံ့တသြဖြစ်၊ အထင်မကြီးပဲ မနေနိုင်ရလောက်တဲ့ အဆင့်အထိ ဖြစ်တယ်။ သူပြောလေ့ရှိတာကတော့၊ သည်လိုပါ။ "နိုင်ငံခြားဘာသာစကားတခု တတ်တယ်ဆိုတာ ဘ၀ကို ရုန်းကန်ဖို့ ဆောက်၊ လက်နက်၊ ကရိယာတခုရထားတာနဲ့ အတူတူပဲ" တဲ့။

အပိုင်း(၂) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

အပိုင်း(၂) Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

October 27, 2013 at 12:50pm
Manchesterရှိ Chetham's library တွင်တွေ့ ရသော
အလုပ်စားပွဲ ၁၈၄၅--၁၈၄၈ အတွင်း ကွန်မြူနစ်ကြေငြာစာတမ်း မတိုင်မီ မာ့က်စ်၊ အန်ဂဲလ်စ် အလုပ်စားပွဲ။ မာ့က်စ် နဲ့  နေ့ တိုင်းလိုလို စာပေးစာယူ လုပ်ချိန်မှာ အန်ဂဲလ်စ် တောက်ရှောက်သုံးခဲ့သောစားပွဲ။
Manchesterရှိ Chetham's library တွင်တွေ့ ရသော အလုပ်စားပွဲ ၁၈၄၅--၁၈၄၈ အတွင်း ကွန်မြူနစ်ကြေငြာစာတမ်း မတိုင်မီ မာ့က်စ်၊ အန်ဂဲလ်စ် အလုပ်စားပွဲ။ မာ့က်စ် နဲ့  နေ့ တိုင်းလိုလို စာပေးစာယူ လုပ်ချိန်မှာ အန်ဂဲလ်စ် တောက်ရှောက်သုံးခဲ့သောစားပွဲ။

Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

Paul Lafargue ပြောသည့် ကားလ်မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော အဘိဓမ္မာ

October 26, 2013 at 7:49am
သူဟာယောင်္ကျားတယောက်ဖြစ်ခဲ့သူ။
သူ့ ကို သူ့ အရှိအတိုင်း၊ သူ့ အရှိတန်ဖိုး အတိုင်း ပဲ နားလည်ရမယ်။
ဒါပေမဲ့  သူ့ အရည်အသွေးမျိုးနဲ့  သူ့ လိုလူမျိုး နောက်တယောက်၊ ငါ ထပ်မျှော်ကြည့် ဖြစ်မှာတော.မဟုတ်ဘူး။

ဟမ်းမလက် ပြဇတ် (ရှိတ်စပီးယား)
အခန်း ၁၊ ဇတ်ဝင်ခန်း၂
----------------------------------------------------------------------------------------------------------------------------

ပေါလ် လဖာ့ဂ် မှတ်မိသော မာ့က်စ်၊ တော်လှန်သော စကော်လာ၊ သူ့ အကျင့်စရိုက်နှင့်  တော်လှန်သော သူ့ အဘိဓမ္မာ( ၁၈၉၀)

မာ့က်စ် နှင့် ပထမဆုံးအကြိမ်တွေ့ ခြင်း

ကျနော် ကားလ်မာ့က်စ်ကို ဖေဖေါ်ဝါရီလ ၁၈၆၅ မှာ ပထမဆုံးအကြိမ် စတွေ့ ခဲ့တယ်။ ပထမအင်တာနေရှင်နယ် ကို စိန့် မာတင်ခန်းမမှာ စက်တင်ဘာ၂၈၊ ၁၈၆၄ မှာ ဖွဲ့ စည်းခဲ့ကြတာဖြစ်တယ်။ ပထမအင်တာနေရှင်နယ်ဖွဲ့  အပြီး၊ ကျနော်နေတဲ့ ပြင်သစ်မှာ၊ သက်တန်းနုနယ်သေးတဲ. သည်အစည်းအရုံး ဘယ်လို တိုးတက်ဖြစ်ပေါ်လာနေသလဲဆိုတဲ. သတင်းတွေ မာ.က်စ် ကို ပြောပြဖို. ကျနော် ပါရီကနေ လန်ဒန်ကိုရောက်လာခဲ.တယ်။ ပြင်သစ် ဘူဇွာသမ္မတနိုင်ငံတော်ရဲ့ ဆီနိတ်တာ တော်လိန်းက မာ.က်စ် စီသွားမဲ့ ကျနော်. အတွက် မိတ်ဆက်စာတစောင် ရေးပေးလိုက်တယ်။

Paul Lafargue and Laura Marx 
မာ့က်စ် အမှတ်တရ ဤစာတမ်းရေးသူ ပေါလ်လာဖာ့ဂ် နှင့်  မာ့က်စ် သမီးလတ် လောရာ
Paul Lafargue and Laura Marx မာ့က်စ် အမှတ်တရ ဤစာတမ်းရေးသူ ပေါလ်လာဖာ့ဂ် နှင့်  မာ့က်စ် သမီးလတ် လောရာ

ဘာသာပြန် အပိုင်း(၄) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

ဘာသာပြန် အပိုင်း(၄) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

September 4, 2013 at 12:08am
ဘာသာပြန် အပိုင်း(၄)
George Novack’s Understanding History: Marxism Versus Existentialism (ဘာသာပြန်)

တကိုယ်တော် လူသား၏ အဓိပ္ပါယ်သတ်မှတ်ချက် ဆိုတာ မာ.က်စ်ကျောင်းသားတွေအတွက် ဒီလိုပါ။
ပြင်ပက တိုက်ပွဲနဲ. စိမ်ခေါ်မှုတွေကို အများအကျိုး အတွက် ရင်ဆိုင်ယှဉ်ပြိုင်ခြင်း ဖြင်.သာ လူတယောက်၏စွမ်းရည် အစစ် ပေါ်ထွက်၏။

ဒီတော. မာ.က်စ်အတွေးအခေါ်ကို ယုံလည်းယုံ လက်ခံကျင်.ကြံနေတဲ. ကျနော်တို.ဟာ အောက်ပါမေးခွန်းကိုမေးရပါလိမ်.မယ်။ ကျနော်တို. ကိုယ်ထဲက ဘာကို နှိုက်ထုတ်ပြီး၊ ဘယ်လို အသုံးဝင်စေဖို. ဘယ်နည်းနဲ. မိမိ အဇ္ဈတ္တကို ကြည်.ကြမလဲ။
ဖြစ်တည်မှုသမားတွေ ပြောသလို အထဲကြည်.၊ အတွင်းကြည်.။ ဟုတ်ပြီ။ ကျနော်တို.ဟာ လူဖြစ်နေတဲ.အတွက်၊ လူဆိုတာ တွေးနေတဲ. သတ္တ၀ါဖြစ်တဲ.အတွက် ဘ၀၏ အချိန်ပိုတိုင်းမှာ လူ.အနှစ်သာရ ကို ထုတ်ချင်းပေါက်၊ အောက်ဆုံးထိ ရောက်အောင်ကြည်.မယ်။(ဒါပေမဲ. ပုဂ္ဂလိက လွတ်လပ်ခြင်းကို ဖြစ်တည်မှုသမားတွေ ခဏခဏကိုးကားတဲ. သေခြင်း ဆိုတဲ. အရာကို ခေါင်းထဲ ထည်.၊ ဘ၀အမှောင်ထုကြီး မှာသမိုင်းနှင်.မဆိုင်သည့်  အက်ဆိဒန်.များ၊ ကမောက်ကမ အဖြစ်အပျက် တွေရှိနေတယ်--သည်လိုတွေး သည်လိုပိုင်းဖြတ်ထားတဲ. existentialists တွေ ကြည့်သလိုမျိုးမဟုတ်ဘူး။) ကျနော်ကြည်.ပုံက မိမိပါဝင် သက်ဆိုင်တဲ. ပတ်ဝန်းကျင်၊ သမိုင်းနောက်ခံ စာအုပ် နဲ. တရွက်စီ တိုက်ကြည်.တာမျိုးဖြစ်တယ်။ ကျနော်တို. အတွက် အချိန်ကတန်ဘိုးကြီးတယ်။ လူသားဘ၀ ဟာ အလွန် အရေးကြီးတယ်။ အဖိုးတန်တဲ. လူ့ ဘ၀မှာ ဟိုးတနေရာလူ့ ဒုက္ခဘုံ အောက်ခြေက ဟင်းလင်းပြနေတဲ. သေခြင်း ကြီးနဲ့ ၊ ဒီသေခြင်းကို လန်.ဖြန်.နေရတဲ.စိတ်နဲ့ ကျနော်တို. ၏အဖိုးတန်လှတဲ.ဘ၀ကို မကုန်ဆုံးသင်.ဘူး။

ဘာသာပြန် အပိုင်း(၃) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

ဘာသာပြန် အပိုင်း(၃) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

August 6, 2013 at 6:04am
ဘာသာပြန် အပိုင်း(၃)

George Novack’s Understanding History: Marxism Versus Existentialism (ဘာသာပြန်)

ဤလောကမှာ မသေခြာမှု ပြဿနာ၊ တကယ်ရှိနေတာကိုတော. ကျနော်တို.၀န်ခံရလိမ်.မယ်။ ဖြစ်ရတဲ.အကြောင်းရင်းကိုလည်းသိရမယ်။ မသေချာမှု၏ အကြောင်းရင်းအစစ်အမှန်ကတော. လူ.ပတ်ဝန်းကျင်က ထိပ်တိုက်ဖြစ်နေသောဆန်.ကျင်ဖက်တရားတွေ ကြောင်.သာဖြစ်တယ်။ စင်္ကြ၀ဠာရဲ. အစီအစဉ်ဟာ သူ.ချည်းသက်သက်ဆို၊ ပိုင်းဖြတ်သေခြာမှုတွေရှိတယ်။ အရာဝတ္ထုတွေ ဖြစ်ပေါ်ပြောင်းလဲတဲ. ဖြစ်စဉ် ဆိုတာကလည်း ပညာသိနဲ.သိနိုင်တဲ.အရာ ပါ။ ဒါပေမဲ.စင်္ကြ၀ဠာထဲက ဓါတ်တွေက ရှုပ်ထွေးနက်နဲပြီး အစဉ်မပြတ်ပြောင်းလဲနေကြတယ်။

ဒီလို ပြောင်းလဲတဲ.အခါမှာလည်း “အလျှင်မပြတ်ဖြစ်ပျက်ပြောင်းလဲမှု”အစဉ်တန်းကြီးကြောင်. ရုပ်အသွင်သဏ္ဍန်တွေက ရှုတ်ထွေးလာတာဖြစ်တယ်။ ဒီတော. ပဟေဠိဆန်တဲ.ရုပ်သတ္တလောက ကို မေးခွန်းထုတ်စရာဖြစ်လာတယ်။
(ထုံးစံလိုဖြစ်ခဲ.ရသော၊ ဧကရာဇ်နှင်. ဘုရားကျောင်း
ပေါင်းစားသည်. ကြေးကျွန်ပိုင်
ပဒေသရာဇ် စနစ်၊ဖျူဒယ်လစ်ဇင်
)
(ထုံးစံလိုဖြစ်ခဲ.ရသော၊ ဧကရာဇ်နှင်. ဘုရားကျောင်း ပေါင်းစားသည်. ကြေးကျွန်ပိုင် ပဒေသရာဇ် စနစ်၊ဖျူဒယ်လစ်ဇင်)

ဘာသာပြန် အပိုင်း(၂) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

ဘာသာပြန် အပိုင်း(၂) George Novack ၏ မာ့က်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း Marxism Versus Existentialism

July 26, 2013 at 7:50am
ဘာသာပြန် အပိုင်း(၂)

George Novack’s Understanding History: Marxism Versus Existentialism (ဘာသာပြန်)


ွစာရေးဆရာကြီးဂျော.ခ်ျနိုဗက်
၁၉၀၅-၁၉၉၂
ွစာရေးဆရာကြီးဂျော.ခ်ျနိုဗက် ၁၉၀၅-၁၉၉၂
အားလုံးနဲ.ဆိုင်၊ ယူနီဗာဆယ် ဖြစ်တဲ. ရုပ်ကမ္ဘာ ဖြစ်ပေါ်ပြောင်းလဲဖြစ်စဉ်တွေ မှာ ၁-ယုတ္တိကျကျ ဆင်ခြင်ဥာဏ် အသုံးချနိုင်ခွင်. (rationality)ပါတယ်။ ၂-သေခြာပေါက် ဖြစ်တတ်တဲ.တရား(determinism) ပါတယ်၊၃- အကြောင်းရှိလာလို.အကျိုးဖြစ်နေခြင်း ဆိုတဲ. (causality) ဒါတွေ ကပြဌာန်းပါဝင်နေပြီး ….ဒီလို
ဓမ္မဓိဌာန်ကျတဲ. ကြောင်းကျိုး ဖြစ်စဉ်က မည်သည်.အရာကိုမှ အကြောင်းအကျိုးနိယာမ ဥပဒေက လွန်မြောက်တယ်လို. ခြွင်းချက်ထား သတ်မှတ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီ.အပြင် ကြောင်းကျိုးဆက်စပ်သဘာဝ တရားက …. မတော်တဆ တိုက်ဆိုင်မှု (accident) ၊ကမောက်ကမဖြစ်နေမှု (absurdity) ၊ ဖြစ်ခြင်းမဖြစ်ခြင်း မသေခြာမှု ( indeterminism) ၊ ဒါတွေရဲ. အရေးကြီးမှုကိုပါအသိအမှတ်ပြုတယ်။ ထည်. စဉ်းစားတယ်။ (ဒီတော. ကြောင်းကျိုးဖြစ်စဉ်မှာ Accident- Absurdity တွေလည်း ခြွင်းချက်မရှိ ပါဝင်နေတယ်။)

အပိုင်း၁-မာက်စ်ဝါဒ နှင်.ဖြစ်တည်မှုဝါဒနှိုင်းယှဉ်လေ.လာခြင်းGeorge Novack’s Understanding History:Marxism Versus Existentialism

အပိုင်း၁-မာက်စ်ဝါဒ နှင်.ဖြစ်တည်မှုဝါဒနှိုင်းယှဉ်လေ.လာခြင်းGeorge Novack’s Understanding History:Marxism Versus Existentialism

July 24, 2013 at 1:52am
ဘာသာပြန် အပိုင်း(၁)

George Novack’s Understanding History: Marxism Versus Existentialism (ဘာသာပြန်)


ဂျော.ခ်ျ နိုဗက် ၏် သမိုင်းကို နားလည်ခြင်း--
မာက်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း (၁၉၇၂)

ဖြစ်တည်မှုဝါဒ နှင်. မာ.က်စ်ဝါဒကို ကျနော်တို.ခေတ်၏ အဘိဓမ္မာ သမားအတော်များများက အကျယ်တ၀ံ. ဆွေးနွေးခဲ့ကြပါတယ်။ ဖြစ်တည်မှုဝါဒက အနောက် ဥရောပနိုင်ငံတွေမှာ စတယ်။ ပထမဦးဆုံး ဥရောပမှာ ခေတ်စားတယ်။ သူ.ကြော်ကြားမှု က နောက်ပိုင်းမှာ အမေရိကန်နိုင်ငံသို. ကူး ဆက်လာပါတယ်။ မာ.က်စ် ၀ါဒကတော. ကွန်မြူနစ်စနစ်ရှိတဲ. နိုင်ငံ အားလုံး ၏ တရားဝင် သဘောတရားကိုယ်ထည်ပါ။ ဒီ.အပြင် ကမ္ဘာကြီးပေါ်မှာ ဖြစ်ဖြစ်ခဲ.သမျှ လူထုလှုပ်ရှားမှု တွေ ၊ လူနှင်. လူထုကို အခြေပြုတဲ. ပါတီနဲ. အသင်းအဖွဲ. တွေ အားလုံး၏ သဘောတရား လမ်းညွှန်အဖြစ် ခုထိ လက်ခံထားကြဆဲဖြစ်ပါတယ်။

ေ၈ျာ.နိုဗက်၏သမိုင်းကိုနားလည်ခြင်း စာအုပ်မျက်နှာဖုံး
ေ၈ျာ.နိုဗက်၏သမိုင်းကိုနားလည်ခြင်း စာအုပ်မျက်နှာဖုံး

Monday, February 27, 2012

ဦးနှောက်နှင့်တူသော စက်ဦးနှောက်များ

အင်တာနက်ဂျာနယ်

အတွဲ(၁၃) အမှတ်(၈)
Wednesday, 22 February 2012 20:58

လူဦးနှောက်လို အလုပ်လုပ်နိုင်တဲ့စက်၊ ဦးနှောက်စွမ်းရည်ထက် သာလွန်တဲ့စက်မျိုး တီထွင်နိုင်ဖို့ကိစ္စဟာ လူသားတွေရဲ့ အဆုံးစွန်သော ရည်မှန်းချက်ဖြစ်ပါတယ်။ ဆင့်ကဲတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ ကွန်ပျူတာကို တီထွင်ခဲ့ကြတာလည်း ဒီရည်ရွယ်ချက်ပါပဲ။ ဒါပေမဲ့ စက်တွေရဲ့ အလိုအလျောက်လုပ်မှုဟာ ဦးနှောက်နဲ့တော့မတူသေးပါဘူး။ သူတို့ကို ပုံစံချပေးထားတဲ့အတိုင်းပဲ အလုပ်လုပ်တတ်ပါသေးတယ်။

အပြီးသတ်ပြင်ဆင်ထားသည့် Twitter ဒီဇိုင်းသစ်ကို ပွဲထုတ်မိတ်ဆက်

အင်တာနက်ဂျာနယ်

အတွဲ(၁၃) အမှတ်(၈)
Sunday, 26 February 2012 19:55

ဝက်ဘ်အသုံးပြုသူများမှ အရေးကြီးသည့် tweet များနှင့် topic များကို အလွယ်တကူရှာဖွေနိုင်ရန်အတွက် ရည်ရွယ်ကာ ပြန်လည်ပြင်ဆင်ထားသည့် ဒီဇိုင်းသစ်အား ပြီးခဲ့သည့်ဒီဇင်ဘာလက မိတ်ဆက်ပေးခဲ့ပြီးနောက် အပြီးသတ်ပြင်ဆင်ထားသည့် New Twitter အား အသုံးပြုသူအားလုံးထံ မိတ်ဆက်ပေးလိုက်ကြောင်း Twitter မှကြေညာခဲ့သည်။

Saturday, February 18, 2012

Email Spam နဲ့ Scam တွေကို ဘယ်လိုကာကွယ်မလဲ

Email Spam နဲ့ Scam တွေကို ဘယ်လိုကာကွယ်မလဲ
အတွဲ(၁၃) အမှတ်(၇)
Friday, 17 February 2012 16:19

အီလက်ထရွန်နစ်စာပို့စနစ် (Email) ဟာ ဆက်သွယ်မှုများအတွက် အဓိကလိုအပ်တဲ့ အရာတစ်ခုဖြစ်လာသလို လိမ်လည်သူများ (scammers), ဆိုက်ဘာဒုစရိုက်သမားများ (cybercriminals) နဲ့ ကြော်ငြာကုမ္ပဏီများ (advertising companies) အတွက် အဓိကပစ်မှတ်ထားတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။
Email အသုံးပြုသူများအနေနဲ့ phishing scam များနဲ့ malware များအန္တရာယ်မှ ကာကွယ်နိုင်ဖို့အတွက် အသုံးပြုသူများရဲ့ mail တွေကို လုံခြုံစွာထိန်းချုပ်စီမံဖို့လိုပါတယ်။

Monday, February 6, 2012

အွန်လိုင်းပေါ်မှ အခမဲ့ပညာရတနာသိုက်များ


by Lu Cifer on Monday, February 6, 2012 at 10:25pm


မူကြိုမှသည် ဘွဲ့ရတဲ့အထိ ပညာလမ်းကြောင်းကို ပြန်လေ့လာကြည့်ရင် အလွန်ခက်ခဲ ပင်ပန်းတယ်လို့ ထင်ရတယ်။ ဒီနေ့ ခေတ်ပညာရေးက မိဘရော၊ ကျောင်းသားပါ အေးအေးသက်သာနေရတဲ့ခေတ်မဟုတ် ပါဘူး။ ပညာဆိုတာကို မရ ရအောင်ယူနေကြရတာကလည်း ပညာဗဟုသုတ အသိဥာဏ်ပြည့်ဝပြီး ဘ၀မှာရပ်တည်နိုင်အောင် ဆိုတာထက်၊ အလုပ်အကိုင်ရအောင်ဆိုတဲ့ ဦးတည်ချက်ကများနေတာကလည်း ဘ၀င်မကျစရာပါ။ အစဉ်အလာပညာရေးရဲ့ လမ်းကြောင်းအဆုံးဟာ အလုပ်ဖြစ်နေပြီး၊ အလုပ်အကိုင်နဲ့ ဘ၀ရပ်တည်လို့ရသွားရင် ပညာဆိုတာ လမ်းဆုံးသွားတတ်ပါတယ်။ အလုပ်ရပြီးချိန်မှာမှ ပညာ လမ်းကြောင်း ကို ပြန်သွားမယ်၊ ပညာပြန်သင်မယ်ဆိုတဲ့ စိတ်ကူးမျိုးတွေလည်း နည်းကြပါတယ်။ ပညာအခွင့်အလမ်းဆိုတာ ယူချင်ရင်ရနိုင်တဲ့၊ ယူချင်သူကို ပေးနိုင်တဲ့အနေအထားမျိုးကို ဖြစ်နေရလိမ့်မယ်။ ပညာရေးဆိုတာ အချိန် မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ရှာမှီးနိုင်အောင် စီစဉ်ထားရမယ်။

Friday, January 6, 2012

အမျိုးသမီးများသည် ရူပဗေဒဘာသာရပ်ထက် ရှုပ်ထွေးကြောင်း စတီဖင်ဟော့ကင်း ပြောဆို

အမျိုးသမီးများသည် ရူပဗေဒဘာသာရပ်ထက် ရှုပ်ထွေးကြောင်း စတီဖင်ဟော့ကင်း ပြောဆို


ကမ္ဘာတ၀ှမ်းရှိ သိပ္ပံပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ လေးစားခြင်းခံရသော ဗြိတိသျှ ရူပဗေဒပညာရှင်ကြီး စတီဖင်ဟော့ဖ်ကင်း၏ အသက် ၇၀ ပြည့်မွေနေ့ပွဲကို ဗြိတိန်နိုင်ငံ၌ ကျင်းပခဲ့သည်။
ဟော့ဖ်ကင်းကို အသက် ၂၁ အရွယ်တွင် အာရုံကြောရောဂါအား ဆေးဝါးကုသမှု ခံယူစဉ် နှစ်အနည်းငယ်အတွင်း သေးဆုံးမည်ဟု ဆရာဝန်များမှ ပြောဆိုခဲ့သော်လည်း၊အသက် ၇၀ ပြည့်မွေးနေ့ကို ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။

Saturday, August 20, 2011

ဆူပါမင်းဇာတ်ကားထဲက ကဲ့သို့ ဖန်သားမှတ်ဥာဏ် Drive များ မကြာခင် အသုံးပြုနိုင်တော့မည်

ဆူပါမင်းဇာတ်ကားထဲက ကဲ့သို့ ဖန်သားမှတ်ဥာဏ် Drive များ မကြာခင် အသုံးပြုနိုင်တော့မည်

ဆောက်သမ်ပတန် ၊ သြဂုတ် ၁၅

ကမ္ဘာကျော် ဆူပါမင်းဇာတ်ကားများထဲမှ “မှတ်ဥာဏ်ပုံဆောင်ခဲ” (Memory Crystals) များနှင့် တူသော ဖန်သားဖြင့် ပြုလုပ်ထားသည့် External Hard Drives မှတ်ဥာဏ်များကို ကွန်ပျူတာများပြု၌ မကြာခင် ကာလတွင် စတင်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း Daily Mail သတင်းတစ်ရပ်အရ သိရသည်။

နည်းပညာရှင်များက လေဆာရောင်ခြည်များကို အသုံးပြု၍ ဖန်သားကို အချက်အလက်များ ထည့်သွင်းမှတ်သားနိုင်သော အခြေအနေ ရောက်အောင် ပြောင်းလဲပစ်လိုက်နိုင်ပြီ ဖြစ်ပြီး ထိုတီထွင်မှု ရလဒ်သည် Fortress of Solitude အမည်ရှိ ဆူပါမင်းဇာတ်ကားထဲ၌ ဇာတ်ကောင် ကလာခ့်ကန့် အသုံးပြုခဲ့သည့် ကြည်လင်သည့် မှတ်ဥာဏ်ပစ္စည်းနှင့် တူသော အရာမျိုး ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဆိုပါဇာတ်ကားထဲတွင် ဆူပါမင်းကလေးဘ၀က ၄င်း၏ မိဘများက မွေးရပ်မြေ ခရစ်ပတွန်ဂြိုဟ်၌ ဖြစ်သော စစ်ပွဲမှ လွတ်မြောက်စေရန် အာကာသယာဉ်အတွင်း ၄င်းနှင့် အတူတူ မိဘနှစ်ပါး၏ အသံဖိုင်ပါသော ဖန်သားမန်မိုရီစတစ်ကို ထည့်သွင်းပေးလိုက်သည့် ဇာတ်ကွက် ပါရှိခဲ့သည်။

တီထွင်သူ ပညာရှင်များက မှတ်ဥာဏ်ပုံဆောင်ခဲများသည် လက်ရှိ အသုံးပြုနေသော Hard Drives အမျိုးအစားများထက် အချက်အလက် များစွာ ပိုမိုသိုမှီးနိုင်သလို အပူလွန်ကဲမှုကြောင့် ပျက်စီးခြင်းလည်း ဖြစ်ခဲကြောင်း ရှင်းပြခဲ့သည်။ လတ်တလော တီထွင်နိုင်မှု အခြေအနေ၌ပင် သာမန်မိုဘိုင်းဖုန်း စက္ကရင် အရွယ်အစားခန့်ရှိ မှန်သားတစ်စသည် အချက်အလက် 50 GB ခန့်အထိ သိုလှောင်နိုင်ပြီး နောက်ဆုံးပေါ် မှတ်ဥာဏ်နည်းပညာတစ်မျိုးဖြစ်သည့် Blu-ray အခွေ တစ်ခွေ၏ သိုလှောင်နိုင်စွမ်းနှင့် ညီမျှနေပြီ ဖြစ်လေသည်။ ၄င်းဖန်သားပုံဆောင်ခဲ မှတ်ဥာဏ်ကိရိယာများ၏ အခြား သာလွန်သော အချက်များမှာ အပူချိန် ၁၈၀၀ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည် ရှိခြင်းနှင့် အချက်အလက်များ မပျောက်ပျက်အောင် နှစ်ထောင်ပေါင်းများစွာ သိမ်းဆည်းနိုင်ခြင်းတို့ ဖြစ်ကြောင်း သိရှိရသည်။



ယခုလေ့လာတီထွင်မှု၏ ဦးဆောင်သုတေသီဖြစ်သူ ဆောက်သမ်ပတန်တက္ကသိုလ်၏ အလင်းလျှပ်စစ် သုတေသနဌာနမှ Martynas Beresna က “အချက်အလက်တွေ ထာဝရမှတ်သားနိုင်မယ့် မှန်သားကို တီထွင်နိုင်ခဲ့ပါပြီ။ သမိုင်းအဆက်ဆက် အချက်အလက်တွေ မြောက်မြားစွာ သိမ်းဆည်းထားရတဲ့၊ ငါးနှစ်ကနေ ဆယ်နှစ်တစ်ကြိမ်လောက် Hard Drive တွေ သက်တမ်းကုန်လို့ အသစ်တွေ ပြောင်းပြောင်းသုံးနေရတဲ့ အဖွဲ့အစည်းကြီးတွေ အတွက် အထူးအသုံးဝင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖန်သားပုံဆောင်ခဲ မှတ်ဥာဏ်ကိရိယာများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ ရောင်းချရန် Lithuanian ကုမ္ပဏီနှင့် ပူးပေါင်းကာ သုတေသီများ လုပ်ဆောင်နေကြကြောင်း Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့သည်။

Translated by : ဇေယျသက်ငြိမ်

Wednesday, August 10, 2011

ဟိုရှေးအနှစ် ၂ဝ ကျော်က

ဟိုရှေးအနှစ် ၂ဝ ကျော်က


(ဤဆောင်းပါးကို ဘိုဘိုလန်းစင် ဘာသာပြန်ဆိုထားသည်)

အနီးသမိုင်းဟု ထင်ခဲ့စေကာမူ ၂ဝ အောက်တန်း လူငယ်များ အတွက်ကား ၈၈ အရေးအခင်းမှာ ယုံတမ်းသဖွယ်
ဖြစ်နေလေပီ။ ကျနော်တို့ရွယ် ၃ဝ တန်းများလောက်သာ အရေးအခင်းတုန်းက ဟူသော အသံကြားတိုင်း လတ်ဆတ်သော မကျေမချမ်းမှုများ ပေါ်လာစမြဲ။ လမ်းမပေါ်မှ ပျောက်ကွယ်သွားသော လူစုလူဝေးကြီး၏ အသံများကို ပြန်ကြားဆဲ။ မကြုံဘူးသူများမှာကား ဘုန်းကြီးဆန္ဒပြပွဲ ကျမှ နိုင်ငံရေး မူလတန်းကို အောင်စာရင်း ထွက်ခဲ့ကြသည် မဟုတ်ပါလား။ သို့မဟုတ်က နှစ်ပေါင်းကြာညောင်းအောင် လူတွေထောင်ကျ တောခို ထွက်ပြေး
ရေဒီယိုမှ စကားပြောနေကြတာ ဘာကြောင့်ဆိုတာ နားမလည်နိုင် သီချင်းတပုဒ် ဂိမ်းတခုလောက်မှ စိတ်မဝင်စား
နိုင်သူတွေသာ များလာလိမ့်မည်။ ခေတ်မတူ ဘဝမတူ၍ ခံစားချက်ချင်းကား တူပေမည်မဟုတ်။ သို့သော် ဤတိုင်းပြည်တွင် နေထိုင်သူတိုင်း ဆင်းရဲမွဲတေမှု၊ ဖိနှိပ်အကျင့်ပျက်မှု၊ ခေတ်နောက်ပြန်ဆွဲမှု အဆိုးကျော့သံသရာ ကြီးကို မသိနိုးနားလုပ်ထား၍ မရစကောင်း။ ထို့ကြောင့် လူတိုင်း နိုင်ငံရေး နားမလည်သော်လည်း နိုင်ငံ အခြေအနေ ကို ကျေနပ်ကြသည် မဟုတ်ဟု ယေဘုယျ ပြောသင့်သည်။

၈၈ မှာ ပြည်ပြေးတစု ပြည်တွင်းက လှုပ်ရှားသူတစု လူစိတ်ဝင်စားအောင် လုပ်သည့်ပွဲဟု ထင်ချင်ကြသူများ အဖို့ အတိတ်ကို ပြန်သိချင် တူးဆွချင်စိတ်ပေါ်လာမှ မိမိတို့ မိဘဆွေမျိုး သင်္ဂဟများ မည်သို့ ခေတ်ကျပ်ကြီးကို ဖြတ်သန်း ခဲ့ကြသည်ကို ရိပ်စားစာနာမိကြပေမည်။ ဤသို့သိလာအောင်လည်း နိုင်ငံရေးလှုပ်ရှားသူများ၏ ဇာတ်ကြောင်း
ပြန်မှတ်တမ်းများထက် အခြေအနေ သုံးသပ် ဆင်ခြင်သည့် စာပေသုတေသနများ ပို၍ များများ ထွက်ဖို့ လိုသည်။ ဥပမာ အရေးအခင်းကာလ စာစောင်များ လေ့လာချက်၊ လှုပ်ရှားခဲ့သူများကို တွေ့ဆုံမေးမြန်းပီး ဘက်စုံက ပိုကျယ်ပြန့်သည့် အမြင်ကို ရအောင် အားထုတ်ခြင်းမျိုး။

နမူနာအနေနှင့် အရေးအခင်းပြီးစ ၁၉၈၉ ဇွန်က ဘာကီလီ
လွတ်လပ်ရေးရထဲက အနှစ် ၄ဝ တွေ့ကြုံခဲ့ ရသော ခေတ်ပူခေတ်ပျက်ကြီးကို ၁၉၈၈ တွင် တဘရိတ်ထဲ ပြန်ပေါ်လာသကဲ့သို့
ကယ်လီဖိုးနီးယား တက္ကသိုလ်ထုတ် အာရှစစ်တမ်း စာစောင်မှ ရန်ကုန်မြို့နေ မြန်မာနိုင်ငံသား Moksha Yitri ရေး ' Crisis in Burma Back from the Heart of Darkness? ' ဆောင်းပါးကို အကျဉ်းရုံးပြန်ဆို မိတ်ဆက်ပေးလိုက်သည်။ ယစ်ထရီမှာ
ပြည်ပတွင် ပညာသင်ခဲ့ဖူးသော လူလတ်တန်းစား ပညာတတ် အလွှာမှ ဖြစ်ပီး နိုင်ငံရေးတွင် ပါဝင်နေသော်လည်း
ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ထားသော ၁၈၃ ပါတီနှင့် မပတ်သက်သူ ဖြစ်သည်။

သူက လွတ်လပ်ရေးရထဲက အနှစ် ၄၀ တွေ့ကြုံခဲ့ရသော  ခေတ်ပူ ခေတ်ပျက်ကြီးကို ၁၉၈၈ တွင် တဘရိတ်ထဲ
ပြန်ပေါ်လာသကဲ့သို့ တွေ့ရသည် ဆိုသည်။ ဆန္ဒပြပွဲ၊ လူဖမ်းပွဲနှင့် ရက်စက်စွာ သတ်ဖြတ်မှုများနှင့်အတူ သမ္မတ
၃ ပါး ဆက်တိုက် ပြုတ်ကျပီး စစ်အာဏာသိမ်းပွဲကိုပါ တွေ့ခဲ့ရသည်။ ပြည်သူ ၄ဝ ရာနှုန်းမှာ ၁၉၈၅ ထဲက စုန်းစုန်းမြုပ်အောင် မွဲနေကြသည်ဟု ယူနီဆက် ကိန်းဂဏန်းများကို ကိုးကားရုံ သာမက ၁၉၈၈တွင် အခြေအနေမှာ ပိုဆိုးဖို့သာ ရှိသည်ဟုလည်း ဆိုသည်။ ဓာတ်ဆီ ရှားပါးမှုကြောင့် ဆန်တင်ပို့မှု နှောင့်နှေးပီး ရှားပါးမှုနှင့် ရင်ဆိုင်နေ
ရသည်။ ( အရေးအခင်းတွင် ဂိုဒေါင်များ ဖွင့်ပေးလိုက်၍ လုယက်မှုများ၊ လုယက်သူများကို ပစ်သတ်မှုများ၊
နွမ်းပါးသူများကို သပိတ် ကော်မတီများက ဆန်ပြုတ်တိုက်ပွဲများကို သတိရသည်- ဘာသာပြန်သူ)

၂၆ နှစ် ယိုယွင်းမှု၏ အဆုံးသတ် လက္ခဏာများမှာ လွန်ခဲ့သည့် ၅ နှစ်အတွင်း သိသာလာသည်။ အစိုးရ စာရင်း အင်းများတွင်ပင် ဖွံ့ဖြိုးမှုနှုန်းမှာ ၁၉၈ဝ-၈၅ အတွင်း ပျမ်းမျှ ၃.၃ ရာနှုန်းရှိရာမှ ဝ.၄၅ ရာနှုန်းထိ ဆုတ်ယုတ်ခဲ့ငြား အာဏာပိုင်များက နိုင်ငံတကာ စီးပွားရေး အခြေအနေကိုသာ လက်ညှိုးထိုးနေခဲ့သည်။ ၁၉၈၇ နှောင်းပိုင်းတွင် မခံသာအောင် ဆိုးရွားလာခဲ့သည်။ သြဂုတ်လတွင် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းက အမှားအယွင်းများရှိခဲ့
ကြောင်း ဝန်ခံပီး အပြောင်းအလဲ ဆိုသည်မှာ ရှောင်ရှား မရရုံမက လိုအပ်ကြောင်း၊ အရာရှိများက အချက်အလက် များကို ထိမ်ချန်ခဲ့ကြောင်း အပြစ်တင်ကာ မူဝါဒ အပြောင်းအလဲ အတွက် ၁၉၈၉ နှောင်းပိုင်းတွင် ကျင်းပချိန် တန်သည့် နောက်ပါတီ ညီလာခံ အမီ ပြင်ဆင်ထားရန် ညွှန်ကြားသည်။

၁၉၈၇ စက်တင်ဘာတွင် ဆန်ကို ထိန်းချုပ်မှုမှ လွှတ်လိုက်သော်လည်း တပတ်အတွင်း စက်တင်ဘာ ၅ တွင်ပင် အစိတ်တန် ၃၅ ကျပ်နှင့် ၇၅ ကျပ်တန်များ တရားမဝင် ကြေညာသည်။ ၁၉၈၅ ကပင် ရာတန်တခါ သိမ်းခဲ့ပီး ယခုတခါတွင် ပြန်လဲပေးမည့် အစီအစဉ် မပါတော့ပေ။ အစိုးရဘဏ် စနစ် မကောင်း၍ အများစုက ပိုက်ဆံအဖြစ်
သာ သိမ်းတတ်ရာ အခြေအနေမှာ အတော်ဆိုးပါသည်။ ရန်ကုန် စက်မှု တက္ကသိုလ်ကျောင်းသား အချို့ ဆူပူမှုကြောင့် သီတင်းကျွတ် ကျောင်းပိတ်ရက်အဖြစ် ကျောင်းများ ပိတ်လိုက်သည်။ အများစုကြီးက ဤဒုက္ခများကို သည်းခံ
နေကြသေးသည်။

၁၉၈၇ ဒီဇင်ဘာတွင် ကုလသမဂ္ဂက မြန်မာပြည်ကို အဆင်းရဲဆုံး နိုင်ငံများ စာရင်းတွင် ထည့်သွင်းသည်။ ကြွေးမြီ
ပေးလျော်ရေးအတွက် လျှောက်ထားစဉ်ကရော ကြေညာခံရစဉ်ပါ အစိုးရက အသိမပေးသော်ငြား ပြည်ပ သတင်း ဌာနများနှင့် ပါးစပ်စကားက လူထုကြားပျံ့လာသည်။ လွတ်လပ်ရေးအနှစ် ၄၀ ပြည့်သည့် ၁၉၈၈ ဇန်နဝါရီတွင် အနောက်ဂျာမနီက မြန်မာ့ကြွေးမြီများကို လျော်ပေးကြောင်း သဝဏ်လွှာပို့ချိန်တွင် လူထုအကြား (အထူးသဖြင့်
ကျောင်းသားများ အကြား) တိုင်းပြည်အတွင်း အံချော်နေမှုများကို မကျေမလည် ဖြစ်လာကြသည်။

မတ်လလယ် စက်မှုတက္ကသိုလ်မှ မီးပွားများက မကျေနပ်မှုတာဘောင်ကို ပွင့်ကျလာစေသည်။ ကျောင်းပြင်ပ ကိစ္စ
တခုမှ ဆန္ဒပြပွဲ ပေါ်လာပီး နှိမ်နင်းမှုကြောင့် အသေအပျောက် များခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့လည်း ပျံ့နှံ့လာ
ကာ အစိုးရ ဆန့်ကျင်ရေး ဟောပြောမှုများနှင့် မတ်လ ၁၇ ရက် လုံထိန်း တပ်သားများ တက္ကသိုလ် စီးချိန်တွင် အပျက်အစီးများလည်း ဖြစ်လာခဲ့သည်။ ဆန္ဒပြပွဲက နောက်နေ့မြို့ထဲ ဆက်သွားပီး အစိုးရဆိုင်များ ရုံးများ ကားများ မီးရှို့ခံရသည့် အပြင် လူအုပ်ထဲ ပစ်ခတ်မှုကြောင့် အသေအပျောက်လည်း များသည်။ ရာချီပီး အစုအပြုံနှင့် ဖမ်း
သဖြင့် အချုပ်ကားထဲ ၄၁ ယောက် လေပိတ်သေရသည်။ လုံထိန်းများ နာမည်ဆိုး ထွက်လာသော်လည်း မဆလ အတွင်းရေးမှူး ဦးစိန်လွင် ကွပ်ကဲမှုအောက်က ခြေမြန်တပ်ရင်း ၂၂ လှုပ်ရှားမှုများကို လူမသိလှသေး။ အလျင်အမြန် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် အခြေအနေ ပြန်တည်ငြိမ်သွားပြီး စီးပွားရေး ဒုက္ခများနှင့် လည်ပတ်နေဆဲ ဖြစ်သည်။

ဥက္ကဋ္ဌကြီး ဦးနေဝင်းက အမှားအယွင်းများ ရှိခဲ့ကြောင်း ဝန်ခံပီး အပြောင်းအလဲ ဆိုသည်မှာ
ရှောင်ရှားမရရုံမက လိုအပ်ကြောင်း၊ အရာရှိ များက အချက်အလက်များကို ထိမ်ချန်ခဲ့
ကြောင်း အပြစ်တင်ကာ
အဓိကရုဏ်း အတိုင်းပမာဏကို အာဏာပိုင်များ မသိကျိုးကျွံ
ပြုသည့်ပုံရှိပီး စက်မှု တက္ကသိုလ် ဆူပူမှု စုံစမ်းရေး ကော်မရှင် ထံမှလည်း အကြောင်းရင်း တိတိပပ ထွက်မလာသည့်ပြင်
ဧပြီလ ဘက်ဂျက် လွှတ်တော်မှာလည်း တိုင်းပြည် ပကတိ အခြေအနေကို လျစ်လျူရှုကာ ပြီးဆုံးခဲ့သည်။ ဇွန်လ တက္ကသိုလ်ပြန်ဖွင့်ချိန်တွင် ကျောင်းသားများ၏ မကျေနပ်မှု ပမာဏမှာ ပိုကြီးလာပီး ဆန္ဒပြပွဲကြီးများ ပေါ်လာခဲ့သည်။ ဇွန် ၁၇ ဆန္ဒပြပွဲတွင် ကောလိပ်နှင့် အထက်တန်းကျောင်း အများစု ပါဝင်လာပီး အဖမ်းခံရသူများ ပြန်လွှတ်ပေးရေး၊
ကျောင်းထုတ်ခံရသူများ အရေးနှင့် ကျောင်းသား သမဂ္ဂ ဖွဲ့စည်းရေး တောင်းဆိုမှုများမှ ဒီမိုကရေစီနှင့် လွတ်လပ်ရေး
တောင်းဆိုမှု၊ မဆလ အစိုးရနှုတ်ထွက်ရေးများ ဘက်သို့ ရွေ့လျားလာသည်။

ထုံးစံအတိုင်း ဇွန် ၂ဝ တွင် ရန်ကုန် တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များ ပိတ်လိုက်ရာမှ ဆန္ဒပြပွဲများ လမ်းမပေါ်သို့ ပျံ့နှံ့သွားကာ လူထုပါဝင်မှုလည်း ကြီးလာခဲ့သည်။ နောက်တနေ့ မြေနီကုန်းအရေးအခင်းတွင် ကျောင်းသားများနှင့် လုံထိန်းများပါ သေကျေကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။ ပဲခူးတွင်လည်း ရဲနှင့် ကျောင်းသားများသေကြေကြသည်။

ဇူလိုင် ၂၃ တွင် အရေးပေါ်ပါတီညီလာခံ ကျင်းပမည်ဟု ၇ ရက်နေ့တွင် ကြေညာသည်။ အထိန်းသိမ်းခံ
ကျောင်းသားများ ပြန်လွတ်လာပီး ကျောင်းပြန်တက်ခွင့်လည်းရကြသည်။ ပါတီညီလာခံတွင် စီးပွားရေးနှင့် ပါတီဖွဲ့စည်းပုံ ပြုပြင်ရေးများ ဆွေးနွေးမည်ဟုလည်း ဆိုသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ပြန်ဖွင့်ပေးမည်ဟု
မျှော်လင့်ရုံမှအပ ဦးနေဝင်း နှုတ်ထွက်ပေးမှု အပါအဝင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်လာမည်ဟု မည်သူမှ မထင်မိကြသေး။

ညီလာခံအဖွင့်မှာပင် ဦးနေဝင်းက ဆိုင်းမဆင့်ပဲ စစ်ပီးခေတ် တိုင်းပြည်သမိုင်းတွင် သွေးထွက်သံယိုအဖြစ်ဆုံး လမ်းကြောင်းကို တင်မိသားဖြစ်ခဲ့သည်။ မိန့်ခွန်းအရ မတ်လနှင့် ဇွန်လအရေးအခင်းများတွင် ပါဝင်ထောက်ခံ သူများ အနေဖြင့် ပါတီဦးဆောင်မှုကို မယုံကြည်တော့ကြောင်း ပြနေသည်။ တိုင်းပြည်၏ လူဦးရေမည်မျှက ထိုသဘောထား ရှိမရှိ သိရအောင် တပါတီနှင့် ပါတီစုံစနစ် မည်သည်ကို လိုလားကြောင်း ဆန္ဒသဘောထား ခံယူကြည့်မှ သိမည်
ဖြစ်သည်ဟု ပါတီညီလာခံကို ဦးနေဝင်း အဆိုပြုသည်။ ပါတီစုံစနစ်ကိုရွေးချယ်လျှင် ရွေးကောက်ပွဲသစ်များ အမြန်ကျင်းပရမည်။ စိတ်မချမ်းမြေ့ဖွယ် အရေးအခင်းများ အတွက် သွယ်ဝိုက် တာဝန်ရှိသည်ဟု ယူဆပီး ဦးနေဝင်း
နှင့် ဦးစန်းယုစသည့် ထိပ်ဆုံးက လူကြီး ၅ ယောက် အနားယူလိုကြောင်း ဆိုသည်။

ဦးနေဝင်းက အဓိကရုဏ်းများ အတွင်း ဥပဒေမဲ့ ရမ်းကားမှုများနှင့် ပြည်မြို့တွင် တင်းမာနေမှုများကြောင့် မနေ့က
စ၍ တပ်စွဲထားရကြောင်း ဆိုသည်။ နောင် ဆူဆူပူပူလုပ်လာခဲ့လျှင် သည်းညည်းခံမည် မဟုတ်ကြောင်း၊ သေနတ် ဆိုတာ တည့်တည့် ပစ်တတ်ကြောင်း၊ မိုးပေါ် ထောင်ဖောက်မည် မဟုတ်ဟု မိန့်ခွန်း အဆုံးသတ်တွင် သတိပေး သွားသည်။ ဤစကားများက ၁၉၆၂ ဇူလိုင် ရန်ကုန် တက္ကသိုလ် သမဂ္ဂ ဗုံးခွဲမှုအပေါ် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး
ဖော်ထုတ်ချက်များကို ရည်ညွှန်းနေသလို ရှိသည်။

ထင်ထားသည့် အတိုင်း အကျိုးစီးပွား မျှော်လင့်ချက်များနှင့် ဘဝများစွာကို ရင်းနှီးထားရ၍ ပါတီညီလာခံက
ဦးနေဝင်း၏ တပါတီစနစ် ဖျက်သိမ်းရေးနှင့် ထိပ်တန်း အာဏာပိုင်များ ဖယ်ရှားရေး အလောသုံးဆယ် စိတ်ကူးများ
ကို လက်မခံခဲ့ပါ။ သူကြာရှည် ဦးဆောင်ခဲ့သည့် ပါတီနှင့် သူ မည်မျှ ကင်းကွာနေသည် သူ့အာဏာအခြေကို
သူသေချာ မသိ ဖြစ်နေသည်က ထင်ရှားလာသည်။ မှန်းရခက်သော်လည်း သူဆင်သည့်ဖဲ သူပြန်ချိုးတတ်သည့် ဦးနေဝင်းသည် အာဏာကို စွန့်လိမ့်မည် မဟုတ်ဟု ယူဆသူများလည်း ရှိသည်။ အထင်အမြင်ထက် ပိုသေချာအောင် သုံးသပ်နိုင်ဖို့က မြန်မာသမိုင်းကို ပြန်ကြည့်ဖို့သာ ရှိသည်။ (ဦးနေဝင်းနေရာ ဆက်ခံသည့် ဦးစိန်လွင်ပင်လျှင် သူ့ကို
၁၇ ရက် နန်းအပ်ပီး ပြန်ဖယ်ရှားသွားသည့် သူ့ဥက္ကဋ္ဌကို နားလည်ဟန် မတူ)

မြန်မာများ တွက်ဆထားသကဲ့သို့ ဦးနေဝင်းသည် သူ့အုပ်စိုးမှုကို မြန်မာရာဇဝင်ထဲ ထည့်ချင်သူဖြစ်၍ အလိုလိုပင် ပဒေသရာဇ် ဇာတ်သွင်းပီးသား ဖြစ်သွားတော့သည်။ အသက်ကြီးလာသည်နှင့် အမျှ သမိုင်းတွင် ကျန်ရစ်မည့် သူ့ကဏ္ဍကိုလည်း တွက်ဆလာရာ အထူးသဖြင့် သူနှင့်ခေတ်ပြိုင် သူ့အထက်လူကြီးဟောင်း အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သွားသွားယှဉ်နေသည်။ သူပြုခဲ့သမျှ အမှားများကို ပြန်ပြင်လိုပုံ ပေါ်သော်လည်း နိုင်ငံရေး အရေမထူမှု၊ သမာဓိမခိုင်မှုတို့ကြောင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို ခေါင်းဆောင်နိုင်မည့်သူ မဟုတ်ပေ။

မြန်မာဘုရင်များသည် ဘုန်းသမ္ဘာကြီးသည့် သာသနာ့ ဒါယကာများ ဖြစ်လိုသည့် အပြင် အမှားများကိုလည်း
ချေဖျောက်လို၍ ဘုရားတည်လေ့ ရှိကြသည်။ ဦးနေဝင်းသည် ရွှေတိဂုံ တောင်ဘက်တွင် မဟာဝိဇယစေတီကို တည်ခဲ့သော်လည်း မြန်မာပြည်အတွက် ဤမျှနှင့် မကျေပျောက်နိုင်သေးပေ။ ထို့ပြင် ပါတီ ညီလာခံသည် ဘုရင့် အတိုင်ပင်ခံ တာဝန်ကို မကျေပွန်နိုင်ပဲ ဦးနေဝင်းအလိုကို ဆန့်ကျင်ခဲ့သည်။ ဇူလိုင် ၂၄ ဒုတိယနေ့တွင် ကိုယ်စားလှယ်ကြီးများက ဦးနေဝင်းကို စော်ကားသည်လည်းမဖြစ်ရအောင် ပါတီစုံစနစ် ဗမာပြည်နှင့် မသင့်တော်
ဟု ငြင်းပယ်ခဲ့ကြသည်။ ဦးနေဝင်းနှင့် ခေါင်းဆောင်များ အနားယူမှုကိုလည်း ပြန်စဉ်းစားရန် တောင်းပန်ကြသည်။ စီးပွားရေး ပြုပြင်မှုအကြောင်း အဓိကထား မဆွေးနွေးနိုင်သော်လည်း ကုန်စည်နှင့် စက်မှုလုပ်ငန်း တချို့ကို
ပြည်တွင်းနှင့် ပြည်ပ ပုဂ္ဂလိက ကဏ္ဍသို့ ဖွင့်ပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။

ညီလာခံ နောက်ဆုံးရက် နောက်တနေ့တွင်လည်း ဆန္ဒခံယူပွဲ အဆိုကို ပယ်ချကြသည်။ ဦးနေဝင်းနှင့် သမ္မတ ဦးစန်းယုတို့ အနားယူသွားသော်လည်း ပါတီ အတွင်းရေးမှူး ဦးစိန်လွင် တက်လာ၍ အံ့အားသင့်စရာ ဖြစ်ရသည်။
ပါတီ အဓွန့်ရှည် ကြံ့ခိုင်ရေးအတွက် တင်လိုက်ခြင်း ဖြစ်သော်လည်း အများလူထု မျှော်မှန်းချက်နှင့် ဝေးကွာနေသည်။ စိန်လွင်လို လူကြမ်းကို တင်လိုက်သည်ထက် ဆိုးသော အဖြစ်က မရှိနိုင်တော့။

လူထု မကျေနပ်မှုကို သိ၍ သြဂုတ် ၃ တွင် ရန်ကုန်၌ မာရှယ်လော ထုတ်ကာ ကျောင်းများ ပိတ်လိုက်သဖြင့် သပိတ်ကို ရွှေတိဂုံသို့ရွှေ့လာသည်။ ဝါဆိုလပြည့် ဇူလိုင် ၂၈ ရွှေတိဂုံဘုရား လူစည်ချိန်တွင် ပြောက်ကျားဆန္ဒပြမှု
များက သြဂုတ် ၈ ရက်နေ့တွင် တနိုင်ငံလုံး ဆန္ဒပြဖို့ နှိုးဆော်ပေးသည်။ စစ်အုပ်ချုပ်ရေးအတွင်း တပ်များကို မြို့တွင်းလမ်းဆုံများနှင့် အရေးကြီးသည့်ဌာနများသို့ ရွှေ့လာသည်။ သို့နှင့် အရေးအခင်းတကယ်စချိန်တွင် အရှိန်အဟုန်နှင့် ပမာဏကို အားလုံးအံ့သြစရာဖြစ်တော့သည်။ သတ်မှတ်ထားသည့် သြဂုတ်လ ၈ ရက်နေ့တွင် မြို့ကြီးများနှင့် မြို့ငယ်များတွင် ဆန္ဒပြလူအုပ်ကြီးများ ပေါ်ထွက်လာသည်။ ရန်ကုန် ဆူးလေဘုရားအနီးက လူအုပ်ကို စစ်တပ်က လူစုခွဲခိုင်းချိန်တွင် မခွဲ၍ ပထမဆုံးအပစ်ခံရသည်။ နောက်နေ့များတွင်လည်း ရန်ကုန် နေရာ အတော် များများနှင့် အခြားမြို့များတွင်ဆက်လက်ပစ်ခတ်ခံနေရသည်။ မည်းမည်းမြင်ရာပစ်၍ ရာနှင့်ချီသေဆုံးရသည်။ ရန်ကုန် ဆင်ခြေဖုံး တနေရာတွင် ရုံးလာသော အမေရိကန် သံတယောက် စစ်တပ် ဝိုင်းခံနေရသော ဆန္ဒပြ လူအုပ်နှင့် သွားတိုးသည်။ လူအုပ်ကြား တိုးနေချိန်မှာပင် စစ်တပ်က ပစ်၍ သူ့ကားနှင့် ဆန္ဒပြသူများပါ ထိကုန်သည်။ ပြန်လှည့်
မောင်းကာ ဒဏ်ရာရသူများကို သယ်လာရသည်။

ဆက်လက် ပစ်ခတ်နေ၍ အသေအပျောက်ဒဏ် မခံနိုင်တော့သော ရန်ကုန်ဆေးရုံကြီး သူနာပြုများက သြဂုတ် ၁ဝ
တွင် အပစ်အခတ်ရပ်ရန် မေတ္တာရပ်ခံသည်။ ဆေးရုံဝသို့ ဆိုင်းဘုတ်ကိုင် ချီတက်လာစဉ်ပင် လမ်းပေါ်က ထရပ်ကားပေါ်မှ စစ်သားများ လှမ်းပစ်၍ သူနာပြုအချို့ ဒဏ်ရာရကာ ဆန္ဒပြသူများ သေဆုံးကုန်သည်။ ရန်ကုန်နှင့် စစ်ကိုင်းတွင် အသေအပျောက် အများဆုံး ဖြစ်သည်။ ရန်ကုန်အချို့ နေရာများမှာ လွတ်လပ်စွာ ပစ်နိုင်သော free-fire zone များဖြစ်ကုန်ပီး လက်ဖက်ရည်ဆိုင် ကားမှတ်တိုင်နှင့် အိမ်ထဲကလူများပါ အပစ်ခံနေရသည်။ အရပ်သားများ လမ်းကို သစ်တုံးများနှင့် ပိတ်ပီး ရရာလက်နက်နှင့် ကာကွယ်နေကြရသည်။

သြဂုတ် ၁၁ ရက်နေ့တွင် စစ်စခန်းများကို သူပုန်နယ်တွင်းရောက်နေသည့်အလား ပြင်ဆင်လာသည်။ နောက်တနေ့ ဦးစိန်လွင် မထင်မှတ်ပဲ နှုတ်ထွက်သွားမှ မြို့ပေါ်စစ်ဖြစ်တော့မည်ထင်နေရသည့်ဘဝက သက်သာရာရကြသည်။ ဇူလိုင်လပါတီညီလာခံက ဦးနေဝင်းထွက်ပေးခဲ့သော်လည်း လတ်တလောသွေးချောင်းစီးမှုများက ဦးစိန်လွင်ကို ဖယ်ရှားပီး သူ့မူလလမ်းကြောင်းကိုဆက်သွားဖို့ဖြစ်လာသည်။ ဦးစိန်လွင်ထွက်သွား၍ အနှံ့အပြား အောင်ပွဲခံကြကာ
ပြည်သူ့အာဏာ၏အောင်ပွဲဟု ယုံကြည်လာပီး ပြည်တင်းလျှင် မင်းမခံနိုင်ဟု ယူဆလာကြသည်။

ဒေါက်တာမောင်မောင်သာ အခြေအနေကို နားလည်ပီး ဆုပ်ဆုပ်ကိုင်ကိုင်လုပ်နိုင်ခဲ့လျှင် လူထုဒေါသနှင့် စိတ်မရှည်မှုကို အနည်းဆုံးတော့ အုပ်စီးမိပေလိမ့်မည်။
ပြည်သူ့လွှတ်တော် ဗဟိုကော်မတီအစည်းအဝေးကို သြဂုတ် ၁၉ တွင် ကျင်းပရန်ကြေညာသည်။ ဤတကြိမ်တွင်တော့ အရပ်သား ပါတီလူကြီး ဒေါက်တာမောင်မောင်ကို လစ်လပ်သွားသော ဥက္ကဋ္ဌနေရာရွေးချယ်လိုက်သည်။ သူ့ပထမခြေလှမ်းတခု ဖြစ်သော ၁၁ ဦးပါ ပြည်သူ့ဆန္ဒ ခံယူရေး ကော်မရှင်တွင် ဦးနေဝင်း အကြံပါနေမည်က မလွဲ။ မူလအကြံဖြစ်သော ပြည်သူ့ဆန္ဒခံယူပွဲကို ပါတီက ပယ်ချခဲ့သည်မဟုတ်ပါလား။ ဦးနေဝင်း၏ ဇူလိုင် ၂၃ ရက်အဆိုပြုချက်များကို ယခုမှ အကောင်အထည် ဖော်နေရသော်လည်း ဒေါက်တာ မောင်မောင်အနေဖြင့်  လွှတ်တော်နှင့် ပါတီလုပ်ထုံးလုပ်နည်းများကို လိုက်နာနေရသည့်ပုံပေါ်သည်။ ပါတီကို သစ္စာစောင့်သိမှုက သူ့ကိုဖင့်နှေးစေသည့်အပြင် အကူးအပြောင်းတွင် အခြေခံ ဥပဒေ ခိုင်ခိုင်မာမာ ရှိစေချင်သည့် စိတ်ကလည်း သူ့ကိုနှောင့်နေသည်။ ထိုနှောင့်နှေးမှုများက ကြုံနေရသည့်ကာလနှင့် အဟပ်ကွာနေသည်။ အစိုးရအတွက် ဂယ်ပေါက်ရအောင် အချိန်ဆွဲနေသည်ဟု ယူဆနေကြသည်။ အကယ်၍ ဒေါက်တာမောင်မောင်သာ အခြေအနေကို နားလည်ပီး ဆုပ်ဆုပ်ကိုင်ကိုင်လုပ်နိုင်ခဲ့လျှင် လူထုဒေါသနှင့် စိတ်မရှည်မှုကို အနည်းဆုံးတော့
အုပ်စီး မိပေလိမ့်မည်။

အသစ်ပြန်ပေါ်လာသည့် နိုင်ငံရေးအတိုက်အခံများနှင့် ပူးတွဲပီး ပြုပြင်ရေးလုပ်သည်က တထစ်ချင်းလျှော့ပေးရမည်
ထက် ပိုအကျိုးကြီးပေလိမ့်မည်။ နိုင်ငံရေးအရိပ်အခြည်ကို ကြည့်ကစားတတ်လျှင် ပိုနေရာကျပေမည်။ သူ့အာဏာကို အားဖြည့်မည့် မာရှယ်လောကိုရုပ်လိုက်သော်လည်း ဒေါက်တာမောင်မောင်သည် တဖက်ကမြင့်တက်လာသည့် လူထုဆန္ဒရေချိန်နှင့် မညှိနှိုင်းနိုင်ဖြစ်နေသည်။ လစာတိုးခြင်း၊ သီးနှံခွန်များလျှော့ပေးခြင်း၊ နိုင်ငံခြားသွားလာခွင့်စသည့် လိုက်လျောမှုများ အစိုးရဘက်ကလုပ်လာသည်။ နိုင်ငံရေးမှ အာရုံလွှဲရန် ကုန်သွယ်ရေးနှင့် စီးပွားရေး အခွင့်အရေးများ ကမ်းလှမ်းပေးသော်လည်း မအောင်မြင်ခဲ့။

ဆန္ဒခံယူရေးကော်မရှင်မှာလည်း တပတ်သာကြာသည်။ နမူနာမေးခွန်းများနှင့် ပထမကြညာချက်ကို ထုတ်ပြန်ချိန်
တွင် ငြိမ်းချမ်းစွာဆန္ဒပြပွဲများ ထပ်ပေါ်လာသည်။ သြဂုတ် ၂၂ တွင် လမ်းမတော်မှ ဆေးရုံကြီး၊ အမေရိကန်သံရုံးတို့
သို့ လှည့်လည်ဆန္ဒပြကြသည်။ သြဂုတ် ၂၄ စစ်အုပ်ချုပ်ရေး ရပ်စဲချိန်တွင် သံဆူးကြိုးကာထားသည့် မြို့တော်ခန်းမထဲ လူအုပ်များ ဝင်လာသည်။ ဆန္ဒခံယူရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်ပီး အရေးပေါ် ပါတီညီလာခံနှင့် ပြည်သူ့ လွှတ်တော်ကို စက်တင်ဘာ ၁၂ ၁၃ ရက်များတွင် ခ်ါယူလိုက်သည်။ ပြည်သူလိုလားသည့် နိုင်ငံရေးပုံစံကို ရရန်
ပြည်သူ့ဆန္ဒခံယူပွဲကော်မရှင်ကိုဖွဲ့မည်ဟု ဒေါက်တာမောင်မောင်က မိန့်ခွန်းပေးသော်လည်း နောက်ကျသွားပီ
ဖြစ်သည်။ လူထုက ထိုမျှနှင့် မကျေနပ်တော့ပဲ မဆလ အစိုးရ နှုတ်ထွက်ပေးပီး ကြားဖြတ် အစိုးရဖွဲ့ကာ ဒီမိုကရေစီ အမြန်ဆုံး ပေးဖို့ တောင်းဆိုနေသည်။

နိုင်ငံရေး လွတ်လပ်ခွင့် အတော်ရလိုက်သည့် ကာလတို အတွင်း ဦးအောင်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း
ဦးတင်ဦးနှင့် ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်တို့ လူထုမိန့်ခွန်းကြီးများ ပေးကြသည်။ သို့သော် ဥပဒေမဲ့ လုပ်ရပ်များက မင်းမဲ့ အခြေအနေ ဆိုက်ရောက်နေပီ ဖြစ်သည်။ နိုင်ငံပိုင် ပစ္စည်းများ လုယက် ဖျက်ဆီး
နေကြသည့်ပြင် ရဲသား၊ အစိုးရ သတင်းပေးဟု မသင်္ကာသူများ၊ အဆိပ်ခတ်သည်ဟု စွပ်စွဲခံရသူများကို လူအုပ်နှင့် သတ်ဖြတ်နေကြသည်။ အစိုးရယန္တရားလည်း ရပ်ဆိုင်းသွားကာ နေ့စဉ် ဆန္ဒပြနေကြသည်။ အကျပ်အတည်းမှ သက်သာစေရန် စက်တင်ဘာ ၁ တွင် ဒေါက်တာမောင်မောင်က အခြေခံ ဥပဒေအတိုင်း လိုက်နာဖို့ လိုပုံကို ရှင်းပြသည်။ ကျောင်းသား သမဂ္ဂ အဆောက်အအုံသစ် ပြန်ဆောက်ပေးမည်ဟုပင် ကတိပေးသော်လည်း
သူ့စကားမှာ အရာမထင်တော့ပေ။

ပါတီညီလာခံကို စက်တင်ဘာ ၁ဝ တွင် ၂ ရက်စောကျင်းပသည်။ အခြေအနေကြောင့် ဆန္ဒခံယူပွဲမလုပ်တော့ပဲ ၃ လအတွင်း ပါတီစုံ ရွေးကောက်ပွဲ လုပ်ရန် ဆုံးဖြတ်သည်။ နောက်နေ့တွင် ပြည်သူ့ လွှတ်တော်က ၅ ဦးပါ ရွေးကောက်
ပွဲ ကော်မရှင်ဖွဲ့စည်းသည်။ နောက်တပတ်အတွင်း မဆလနှင့် ပင်မအာဏာဒေါက်တိုင် တပ်မတော်တို့ အိုးစားခွဲ
ကြသည်။ အစိုးရ ဝန်ထမ်းများကို ပါတီမှ နှုတ်ထွက်ခွင့်နှင့် မည်သည့် ပါတီကိုမှ မဝင်ရန်လည်း ကြေညာသည်။
 မြန်မာပြည်၏ အနာဂတ်လမ်းကြောင်း ကောင်းလာတော့မည်ဟု ခန့်မှန်းရသော်လည်း လက်တွေ့ ဖြစ်မလာခဲ့။ အတိုက်အခံများက လက်မခံနိုင်ပဲ မဆလ ဖျက်သိမ်းရေးနှင့် အစိုးရ နှုတ်ထွက်ရေးကိုသာ တောင်းဆိုနေရာ
မရွယ်ပဲနှင့် တပ်က အာဏာသိမ်းဖို့ လမ်းခင်းပေးနေသလိုရှိသည်။

Wednesday, August 3, 2011

မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး By ဦးသန်းလွင်ထွန်း

မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး


ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်း ဆက်လက်မလုပ်ဆောင်သင့် ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လျစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့  မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတဲ့ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။
ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ် ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။
ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ကြီး တမြို့ စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို ၁၀၀ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဘက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဘက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။ အဲဒီလိုမျိုးဟာတွေ ကြားရတယ်။
ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ကြောလို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ် လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပြတ်ရွေ့ ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကျတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ ကြောကိုသွားပြီး လှုံ့ဆော်သလို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေ ပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့ နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့  သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တန်းကျတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့ အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။
ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် ဆန်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တခုကိုပဲ ဆန်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရိယာ ပတ်ဝန်းကျင် ကိုပဲ ဆန်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။
ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက - အခုန ပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင် ကုမ္မဏီ ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူး လို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေ ကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလျစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။
ဦးမင်းဇင် ။ ။ တချို့အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ် ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာ ရွှေ့ ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နှံမှုရဲ့  ၁၀% လောက်ကို လျော်ကြေးပေးခိုင်း ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း တကယ့် တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့  အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီးတော့ အစောက ကိုမင်းဇင် ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရိယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံ့ဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။
ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့ သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင် (၇) ခု ဆောက်စရာမလိုဘူး။ အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါ-ပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်တွေက လုံးဝလျစ်လျူရှုတာကို တွေ့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI - ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူး ထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာ ပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိက ပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နှံနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။
ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့  အချက်အလက် အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားတော့ ရမယ့်အကျိုးအမြတ်ရဲ့  ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။ ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကျတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကျတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာ ကိုက သူတို့အတွက် ပိုက်ဆံ ရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။
မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။ ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့ လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ဖို့ အမိန့်ပေးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့  လုံခြုံရေး၊ သူတို့ရဲ့ စစ်တပ် မဟာဗျူဟာ ကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။
ဦးမင်းဇင် ။ ။ ရင်းနှီးမြှုပ်နှံမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်က တော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင်က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သေဘာၤဆိပ္ကေန ထြက္သြားတဲ့ သေဘာၤေတြမွာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေးတကျော်ပါနေတာပါ။
ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင် လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။
ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံး ဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။ အဲဒီ စာတမ်းတွေမှာ တချို့ အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။
နောက်တခါ ပြတ်ရွေ့ ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့  အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့ အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။ ၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဖူးပါတယ်။ အဲဒါ ရေကြီးလို့ပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့  တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကိုပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့ ၊ မြန်မာပညာရှင်တချို့ နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့  သဘောထားတွေက ဘယ်လိုရှိပါသလဲ။
ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်ငြင်း ခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာ အန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။ ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။
ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နုန်းမြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။ အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင် ဖြစ်ပါတယ်။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့  နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်း ရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည် ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့  အကြံဉာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံး ဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေအားလုံး ပါနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။

Friday, July 22, 2011

အိန္ဒိယ အရှေ့မျှော်ဝါဒ လားရာ

အိန္ဒိယ အရှေ့မျှော်ဝါဒ လားရာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မဟာဗျူဟာအရ အရေးကြီးပြီး၊ မြန်မာနဲ့ ဆက်ဆံရေးအတွက်ပါ အရေးပါတဲ့ မူဝါဒပါ။ ဒီဝါဒကို စစ်အေးတိုက်ပွဲနောက်ပိုင်း ချမှတ်ခဲ့ပြီး အိန္ဒိယရဲ့ အဓိကကျတဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်လာပါတော့တယ်။ ၁၉၉၁ ခုနှစ် အိန္ဒိယဝန်ကြီးချုပ် ပီဗီ နာရာဆင်ဟာဝရောင်း အစိုးရလက်ထက်မှာ ချမှတ်ခဲ့တာပါ။ အရှေ့တောင်အာရှ၊ အရှေ့အာရှ နိုင်ငံတွေနဲ့ စီးပွားရေးအရ၊ မဟာဗျူဟာအရ ထိတွေ့ဆက်ဆံပြီး အိန္ဒိယရဲ့ ကမ္ဘာ့အမြင် မဟာဗျူဟာ အရွေ့လို့ ယူဆပါတယ်။  မစ္စတာဝရောင်းနောက်ပိုင်း ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဘတ်ဂ်ျပါယီး၊ လက်ရှိဝန်ကြီးချုပ်
 ဒေါက်တာမန်မိုဟန်ဆင်းက ဆက်ကိုင်စွဲပြီး အကောင်အထည် ဖော်ပါတယ်။

အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေဟာ ဆင်းရဲနွမ်းပါးမှု၊ ခိုးကိုးရာမဲ့မှု၊ ခေတ်နောက်ကျမှု၊ မဖွံ့ဖြိုးမတိုးတက်၊ မတည်ငြိမ်မှုတွေ ရှိနေပါတယ်။ ဒီပြည်နယ်တွေရဲ့ ဆိုးဝါးနိမ့်ကျတဲ့ အခြေအနေတွေနဲ့ တိုင်းပြည်အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ သြဇာနယ်ပယ်ကို ပြောင်းလဲချဲ့ထွင်ဖို့အတွက် အရှေ့မျှော်ဝါဒဟာ တဖြည်းဖြည်းနဲ့ အရေးပါလာခဲ့တာပါ။
 နောက်တချက်က တရုတ်နိုင်ငံရဲ့ ကြီးမားကျယ်ပြန့်လာတဲ့ သြဇာအာဏာကို ပြန်ထိန်းညှိနိုင်ဖို့ လက်တွေ့ကျတဲ့ မူဝဒါအဖြစ်ပါ အများက မှတ်ယူကြပါတယ်။ ပင်မမူဝါဒအဖြစ်တောင် ဆိုနိုင်တယ်။ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ မဟာဗျူဟာသမားတွေကလည်း ဒီအရှေ့မျှော်ဝါဒအပေါ် ဆွေးနွေးဝေဖန် အကြံပြုတာတွေ၊ လေ့လာသုံးသပ်တာတွေ အထပ်ထပ် လုပ်ကြပါတယ်။

၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယ နယ်စပ်စစ်ပွဲပြီးကတည်းက
အိန္ဒိယဟာ တချိန်တုန်းက မြန်မာပြည်သူတွေ ရဲ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံ
အားပေးတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်က စပြီး မြန်မာစစ်အုပ်စု အပေါ် တောက်လျှောက် ကိုင်စွဲခဲ့တဲ့ မပူးပေါင်းရေး၊ ဆန့်ကျင်ရေး မူဝါဒဟာ ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်က စပြီး အိန္ဒိယဟာ မြန်မာစစ်အုပ်စုကို ဝေဖန်
 ထောက်ပြတာတွေ ရပ်တန့်ပြီး ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ခဲ့ပါတယ်။
ဒီနှစ်နိုင်ငံဟာ တောင်အာရှနဲ့ အရှေ့အာရှဒေသတွင်းမှာ မဟာဗျူဟာအရ ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။ တရုတ်က အိန္ဒိယရဲ့ အိမ်နီးချင်းနဲ့ ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နဲ့ ကုန်သွယ်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အနီးကပ် ဆောင်ရွက်လာပြီး မြန်မာ၊ နီပေါနဲ့ ဘင်္ဂလာဒေ့ခ်ျကို လွှမ်းမိုးဖို့ ကြိုးစားလာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် တရုတ်မှာ တိန့်ရှောင်ဖိန် အာဏာရပြီးနောက် အာရှနိုင်ငံတွေကို လက်ဝဲဝါဒအခြေခံမူအပေါ် အခြေခံတဲ့ ဆက်ဆံရေးပုံစံထက် စီးပွားရေးနဲ့ ကုန်သွယ်ရေးကို အခြေခံတဲ့ ဆက်ဆံရေး မူဝါဒကို ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။ တချိန်က မြန်မာအစိုးရကို တိုက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ ကို လူအား၊
 ငွေအား၊ လက်နက်အား ကူညီခဲ့တဲ့ တရုတ်နိုင်ငံဟာ နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားလာခဲ့ပါတယ်။

တရုတ်ရဲ့ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ စီးပွားရေးအရ၊ မဟာဗျူဟာအရ သြဇာနယ်ပယ်ချဲ့ထွင်လာနေမှုကို ဟန့်တားနိုင်ဖို့ အိန္ဒိယဟာ စစ်အေးကာလတုန်းက ကိုင်စွဲခဲ့တဲ့ မူဝါဒတွေ၊ လုပ်ရပ်တွေကို စွန့်လွှတ်ခဲ့ပါတယ်။ အဲဒီနောက် အရှေ့မျှော်ဝါဒကို စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ တခြားအာရှနိုင်ငံတွေကို စီးပွားရေး ကုန်သွယ်ရေးအရ ပိုမိုနီးစပ်အောင်၊ မဟာဗျူဟာအရ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ယဉ်ကျေးမှုအရ သမိုင်းနောက်ခံအရ နီးစပ်မှုတွေ အားဖြည့်လုပ်ဆောင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ဒေသတွင်း ဈေးကွက်တခု ဖြစ်လာဖို့၊ နောက်ထပ်ချဲ့ထွင်ဖို့ ကြိုးပမ်းလာခဲ့ ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတွေနဲ့  မဟာဗျူဟာအရ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ကိုလည်း လုပ်လာခဲ့ပါတယ်။ ဒီမူဝါဒရဲ့ အကျိုးဆက်အရ အိန္ဒိယ-မြန်မာ ဆက်ဆံရေးပုံစံဟာ အကြီးအကျယ်
 ပြောင်းလဲ လာစေတော့တာပဲ ဖြစ်ပါတယ်။

အိန္ဒိယဟာ တချိန်တုန်းက မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်ကစပြီး မြန်မာစစ်အုပ်စုအပေါ် တောက်လျှောက်ကိုင်စွဲခဲ့တဲ့ မပူးပေါင်းရေး၊ ဆန့်ကျင်ရေး မူဝါဒဟာ
 ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယဟာ မြန်မာစစ်အုပ်စုကို ဝေဖန်ထောက်ပြတာတွေ ရပ်တန့်ပြီး ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြစ်လာတဲ့အချိန် အိန္ဒိယက မြန်မာ့အရေးကို စောင့်ကြည့်ခဲ့ပါတယ်။ ပြည်တွင်းရေး ဝင်မစွက်လိုဘူး၊ ဒီမိုကရေစီထွန်းကားဖို့
 မြန်မာပြည်သူတွေကပဲ ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။ အိန္ဒိယရဲ့ မြန်မာအပေါ် ထိတွေ့ဆက်ဆံတာက
 နိုင်ငံတကာ အလယ် စစ်အစိုးရအပေါ် ဝေဖန်မှုတွေ လျော့ကျစေခဲ့ပါတယ်။

တရုတ်ကို ဟန့်တားဖို့၊ ကုန်းတွင်းပိတ် ပြည်နယ်တွေ ပင်လယ်ထွက်ပေါက်ရဖို့၊ အရှေ့တောင်အာရှနဲ့ အရှေ့အာရှ
 နိုင်ငံတွေကို ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် မြန်မာဟာ အိန္ဒိယအတွက် မရှိမဖြစ် နိုင်ငံဖြစ်လာနေပါပြီ။ ဒါကြောင့် အိန္ဒိယ အနာဂတ်ခရီးကို စတင်ဖို့ ပထမဆုံးတွေ့တဲ့ နိုင်ငံကတော့ မြန်မာပါပဲ။ လက်ရှိမှာ မြန်မာရဲ့ စတုတ္တအများဆုံး ကုန်သွယ်ဘက်က အိန္ဒိယပါ။ မြန်မာကို မဆက်ဆံမပေါင်းသင်းဘဲ အိန္ဒိယဟာ သူ့အရှေ့မျှော် ဝါဒကို ဘယ်လိုမှ
 ရှေ့ဆက်တိုးလို့ မရနိုင်ပါဘူး။ ဒါကြောင့် မြန်မာပြည်ဟာ အိန္ဒိယရဲ့ မဟာဗျူဟာ တခုလုံအးတွက် အရေးပါတဲ့ အနေအထားအထိ ရောက်လာခဲ့ပါတယ်။ အိန္ဒိယဆက်ဆံထိတွေ့လိုတဲ့ နိုင်ငံတွေဆီ အရောက်သွားဖို့ ပထမဦးဆုံး တံတားအဖြစ် မြန်မာက ရှိနေတာပါ။ တရုတ်က မြန်မာကို မဟာဗျူဟာ မိတ်ဖက်အဖြစ် တိုးမြှင့်ဆက်ဆံသလို၊ အိန္ဒိယကလည်း သူ့မဟာဗျူဟာနိုင်ငံအဖြစ် ဆက်ဆံလိုတဲ့ ဆန္ဒရှိပါတယ်။ မြန်မာဟာ အရှေ့အာရှ၊ အရှေ့တောင် အာရှနဲ့ တောင်အာရှ ၃ ခုဆုံရာမှာ တည်ရှိနေတဲ့အတွက် ပထဝီအနေအထားအရ အရေးပါတဲ့ နိုင်ငံပါပဲ။

တနည်းအားဖြင့်ဆိုရင် မြန်မာနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မြန်မာကို တရုတ်ရင်ခွင်ထဲကနေ
ဆွဲထုတ်ပြီး သူ့ရင်ခွင်ထဲ ရောက်လာအောင် ဆောင်ရွက်ရေးနဲ့ မြန်မာကို သူတို့ရဲ့ တံခါးပေါက်တခုသဖွယ် အသုံးပြုနိုင်ရေးပဲ ဖြစ်ပါတယ်။ ဆက်ဆံတဲ့နေရာမှာ အိန္ဒိယရဲ့ အားနည်းချက်ကတော့ တရုတ်လို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီဆိုအာဏာ မရှိတာဘဲ ဖြစ်ပါတယ်။

အိန္ဒိယဟာ မြန်မာ-တရုတ် ဆက်ဆံရေးတိုးမြှင့်လာတာကို သိပ်သဘောမတွေ့ပါဘူး။ အရှေ့မျှော်ဝါဒ အောင်မြင်ဖို့
 မြန်မာအစိုးရနဲ့ ပေါင်းသင်းဆက်ဆံနေရတာပါ။ ဒါကို သဘောပေါက်တဲ့ မြန်မာအစိုးရကလည်း တရုတ်ကို ထိန်းညှိဖို့ အိန္ဒိယနဲ့ ဆက်ဆံတာပါ။ ဒါကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဆိပ်ကမ်းဆောက်ခွင့် ပေးပြီးတော့ စစ်တွေမှာ အိန္ဒိယကို ဆောက်ခွင့်ပေးထားတာပါ။ အိန္ဒိယ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က အရှေ့မျှော်ဝါဒ အကောင် အထည်ဖော်ရာမှာ လမ်းပြမြေပုံ မရှိဘူး၊ ဒါကြောင့် မြန်မာနဲ့ ပေါင်းသင်းဆက်ဆံရာမှာ တရုတ်နဲ့ ယှဉ်လိုက်ရင် အမြဲပဲ နောက်ကောက်ကျနေတယ်လို့ ဝေဖန်ကြပါတယ်။ အိန္ဒိယ-မြန်မာဆက်ဆံရေးမှာ တရုတ်ဟာ အဓိက ဇာတ်ကောင် အနေနဲ့ ရှိနေတယ်ဆိုတာ အိန္ဒိယ သဘောပေါက်ပါတယ်။

မြန်မာဟာ တရုတ်ကို စီးပွားရေးအရရော၊ စစ်လက်နက်ပစ္စည်းအရပါ မီခိုနေတာဟာ အိန္ဒိယ ရေရှည် အကျိုးစီးပွား
ကို ထိခိုက်စေတယ်လို့ အိန္ဒိယက တွက်ဆပါတယ်။ ဒါကြောင့် မြန်မာနဲ့ တိုးမြှင့်ဆက်ဆံတာတွေ လုပ်ခြင်းအားဖြင့် တရုတ်ရဲ့ ဒေသတွင်း ကျယ်ပြန့်လာနေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးသြဇာကို လျှော့ချနိုင်မယ်လို့ ယူဆထား
တာပါ။ တရုတ်ကတော့ အိန္ဒိယ အရှေ့မျှော်မူဝါဒကို အလုပ်မဖြစ်လို့ပဲ မြင်ပါတယ်။ တရုတ်မီဒီယာတွေကလည်း
အိန္ဒိယ အရှေ့မျှော်ဝါဒဟာ မကြာမီ အဖျားရှူးမယ့်၊ ကျဆုံးသွားမယ့် မူဝါဒအဖြစ် ဝေဖန်ပါတယ်။ ဒီဝါဒဟာ အိန္ဒိယ
က တရုတ်ကို ကြောက်လို့ ပေါ်လာတာပါ။ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို နားမလည်ဘူးလို့လည်း တရုတ် အင်တာနက်သတင်းဌာနရဲ့ ဆောင်းပါးရှင်တဦးက ဆိုပါတယ်။ အိန္ဒိယကတော့ သူ့ဝါဒဟာ တရုတ်နဲ့လည်း
 ပြန်လည်သင့်မြတ်စေချင်တဲ့ အပိုင်းတွေ ပါဝင်တယ်လို့ ဆိုခဲ့ပါတယ်။

အတိတ်ကာလမှာ တရုတ်ရေတပ်ဟာ ပစိဖိတ်သမုဒ္ဒရာထဲ လှည့်လည်သွားလာနေပေမယ့် အခုအခါမှာတော့ အိန္ဒိယ သမုဒ္ဒရာထဲရှိ မြန်မာ၊ ပါကစ္စတန်၊ သီရီလင်္ကာနဲ့ အီရန်နိုင်ငံတွေမှာ သူတို့ စစ်သင်္ဘောတွေ ဆိုက်ကပ်နိုင်အောင်
 ရေတပ်စခန်းတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေတာတွေ ရှိပါတယ်။ အကောင်အထည်လည်း ဖော်နေပါတယ်။
 ကျောက်ဖြူဆိပ်ကမ်းဆိုရင် တရုတ်စစ်သင်္ဘောတွေ တရားဝင်ဆိုက်ကပ်ခွင့်ကို ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးပါပြီ။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ ခြေလှမ်းတွေကို အိန္ဒိယကလည်း ပြန်လည်ဟန့်တားနိုင်ဖို့ ပင်လယ်ပြင် ကာကွယ်ရေး တည်ဆောက်ဖို့နဲ့ အိန္ဒိယ သင်္ဘောတွေအတွက်
 ရေတပ်သုတေသနဌာနသစ်တခု တည်ဆောက်ရေး စီမံကိန်းတွေကို ဒီနှစ် ဇန်နဝါရီမှာ စတင် အကောင်အထည်
 ဖော်နေပါပြီ။

အရှေ့မျှော်ဝါဒ အကောင်အထည်ဖော်တဲ့အခါ တခြားနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်ဖို့၊ ကုန်သွယ်ရေး တိုးမြှင့်ဖို့ အိန္ဒိယ ကြိုးပမ်းတာပါ။ ဒေသတွင်း အဖွဲ့အစည်းတွေမှာလည်း အိန္ဒိယဟာ ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့လာရပါတယ်။ ဘင်္ဂလာဒေ့ခ်ျ၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါ ပါဝင်တဲ့ BIMSTEC ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘာဒီးယား၊ ထိုင်း၊ အိန္ဒိယနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ဦးဆောင်ဦးရွက် ပူးပေါင်းဆောင်ရွက်နေသလို အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ အာရှပစိဖိတ် စီးပွားပူးပေါင်းဆောင်ရွက်ရေး APEC မှာ အဖွဲ့ဝင်ဖြစ်ရေး စတဲ့ ဒေသတွင်း၊
 နိုင်ငံတကာမှာပါ တဖြည်းဖြည်း ခြေဆန့်ဖို့ ကြိုးပမ်းနေပါတယ်။

အိန္ဒိယဟာ သူ့ကုန်သွယ်ရေးကွန်ယက် ပိုမို ကျယ်ပြန့်လာဖို့
ဒီဝါဒဟာ အိန္ဒိယက တရုတ်ကို ကြောက်လို့
 ပေါ်လာတာပါ။တရုတ် ပြည်သူ့လွတ်မြောက်
 ရေး တပ်မတော်ကို နားမလည်ဘူးလို့လည်း တရုတ် အင်တာနက်သတင်းဌာနရဲ့ ဆောင်းပါး ရှင် တဦးက ဆိုပါတယ်။ အိန္ဒိယကတော့ သူ့ဝါဒဟာ တရုတ်နဲ့လည်း ပြန်လည် သင့်မြတ်
 စေချင်တဲ့ အပိုင်းတွေ ပါဝင်တယ်လို့ ဆိုခဲ့ ပါတယ်။
အတွက် ဆက်သွယ်ရေး လမ်းမကြီးတွေကိုလည်း ငွေကုန်
 ကြေးကျခံပြီးတော့ တိုးမြှင့်လုပ်ဆောင်လာပါတယ်။ ဒုတိယကမ္ဘာစစ်က အသုံးပြုခဲ့တဲ့ အိန္ဒိယ-အာသံပြည်နယ်နဲ့ တရုတ်ယူနန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရော့ခ်စတီး ဝတ်လမ်း၊ အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်း တခု ဖြစ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ ချစ်ကြည်ရေးလမ်း၊ အိန္ဒိယ မဏိပူပြည်နယ် မိုးရေးမြို့ ဆက်သွယ်တဲ့ တမူး-ကလေးဝလမ်း၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ် ဇိုခွားသာနယ်စပ်မှ ချင်းပြည်နယ် ရိဒ်ခေါ်ဒါ မြို့နယ်ခွဲ-တီးတိန်-ကလေးမြို့-
ကလေးဝလမ်း၊ အိန္ဒိယ နာဂလဲန်းပြည်နယ် နန်ပေါင်မြို့ ကနေ မြန်မာနိုင်ငံ ပန်ဆောင်-နန်းယွန်း-ရှင်ဗွေယန်-တနိုင်း-မြစ်ကြီးနား ဆက်သွယ်တဲ့ လီဒိုလမ်းမကြီးတို့ကို တိုးချဲ့ တည်ဆောက်နေပါတယ်။ ဒီလမ်းတွေဟာ အိန္ဒိယရဲ့ မြန်မာ့မြေကို ခြေကုပ်ယူပြီးတော့ တခြားနိုင်ငံတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။

အိန္ဒိယက သူ့လမ်းကြောင်းတွေကို တိုးချဲ့လာတဲ့အခါ မြန်မာစစ်အုပ်စုအနေနဲ့ ပြည်တွင်းမှာ လူ့အခွင့်အရေး
ဘယ်လိုပဲ ချိုးဖောက်နေပါစေ၊ ဒီမိုကရေစီအင်အားစုတွေကို ဘယ်လိုပဲ ဖိနှိပ်နေပါစေ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံ
ရမယ် ဆိုပြီးတော့ လက်ခံထားပြီးဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံတာကို အိန္ဒိယမီဒီယာ အသိုင်းအဝိုင်းက အိန္ဒိယရဲ့ ဒီမိုကရေစီအရေးနဲ့ အကျိုးစီးပွားအရေး အားပြိုင်ပွဲလို့ သုံးနှုန်းပြောဆိုကြပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံပေါင်းသင်းနေတာဟာ အိန္ဒိယအဖို့ ရှက်စရာဆိုပြီးတော့ အိန္ဒိယဒီမိုကရေစီအင်အားစုတွေ၊ အနောက်နိုင်ငံကြီးတွေက ဝေဖန်ကြပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစီမူဘောင်ကို စွန့်ခွာပြီးတော့ အကျိုးစီးပွားတခုထဲကိပဲ ကြည့်ပြီးတော့ ဆက်ဆံနေတယ်လို့ ထောက်ပြပြောဆိုတာကိုလည်း အိန္ဒိယအစိုးအရအနေနဲ့ သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ မြန်မာအစိုးရနဲ့ ဆက်ဆံတာဟာ သူတို့အတွက် လက်တွေ့ ကျတယ်၊ သူတို့မဟာဗျူဟာ တခုလုံးအတွက် အရေးပါတယ်လို့ပဲ မှတ်ယူပါတယ်။

မြန်မာနဲ့ ဆက်ဆံတဲ့နေရာမှာ ကုန်သွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးကို အဓိကအာရုံစိုက် လုပ်ဆောင်ပါတယ်။ နယ်စပ် တလျှောက်ရှိ အိန္ဒိယခွဲထွက်ရေး တော်လှန်ရေး အင်အားစုတွေကို ဖယ်ရှား ရှင်းလင်းချင်တဲ့အတွက် မြန်မာအစိုးရ အကူအညီ လိုအပ်ပါတယ်။ တချို့ခွဲထွက်ရေး အင်အားစုတွေဟာ မြန်မာ့မြေပေါ်မှာ အခြေစိုက်ထားလို့ သူတို့ကို
 နှိမ်နှင်းဖို့အတွက် အိန္ဒိယက မြန်မာကို လက်နက်တွေ ဈေးပေါပေါနဲ့ ထုတ်ရောင်းခဲ့တာတွေ ရှိပါတယ်။

အိန္ဒိယဟာ ၂ဝဝ၅ ခုနှစ်မှာ ရခိုင်ပြည်ကထွက်တဲ့ ဓာတ်ငွေ့တွေကို တင်ဖို့ခွင့်ရဖို့အတွက် သဘောတူညီမှုတွေ ရခဲ့ပေမယ့် ပိုက်လိုင်းဖြတ်သန်းဖို့ ဘင်္ဂလားဒေ့ခ်ျနဲ့ သဘောတူညီမှု မရခဲ့တဲ့အတွက် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဓာတ်ငွေ့ကို မြန်မာက တရုတ်ကို ရောင်းချခဲ့ပါတယ်။ မြန်မာဟာ ပထဝီအနေအထားအရ အိန္ဒိယအတွက် အလွန်အရေးပါတဲ့ နိုင်ငံပါ။ အိန္ဒိယဟာ မြန်မာဆီက သဘာဝဓာတ်ငွေ့ရဖို့အတွက် ဆက်ပြီး ကြိုးစားတုန်းပါ။ တချိန်တည်းမှာပဲ သူ့ဖြိုးတိုးတက်ရေးနဲ့အတူ လိုအပ်နေတဲ့ စွမ်းအင်ရဖို့အတွက် ရေအားလျှပ်စစ် စီမံကိန်းတွေမှာ
လည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ၁၉၉ဝ ခုနှစ်တုန်းက အမေရိကန် ဒေါ်လာ သန်း ၉ဝ ရှိခဲ့တာကနေ ၂ဝဝ၅ ခုနှစ်မှာ ၅၆၉ သန်းအထိ တိုးလာခဲ့တယ်။ ၂ဝဝ၇-၂ဝဝ၈
ခုနှစ်မှာ ၉၉၅ သန်း ကျော်ခဲ့ပါတယ်။

အစပထမမှာ နှေးသလိုလိုရှိခဲ့တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒ လုပ်ငန်းစဉ်တွေဟာ တဖြည်းဖြည်းနဲ့ ခြေလှမ်းကျဲကျဲ လှမ်းလာနေပါပြီ။ အဒီအထဲက အကြီးမားဆုံး စီမံကိန်းတခုက မြန်မာနိုင်ငံရဲ့ အဓိကမြစ်တမြစ်ဖြစ်တဲ့ ကုလားတန် (ခေါ်) ကစ္ဆပနဒီမြစ်ကို အသုံးပြုပြီးတော့ အိန္ဒိယကုန်းတွင်းပိတ် ပြည်နယ်တွေ ပင်လယ်ထွက်ပေါက် ရရှိဖို့၊ အိန္ဒိယရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ပိုမိုသွက်လာစွာ ဆောင်ရွက်နိုင်ဖို့ ကုလားတန်မြစ်ကြောင်း ဘက်စုံ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုစီမံကိန်းပါပဲ။ ဒီစီမံကိန်းဟာ အရှေ့မျှော်ဝါဒတခုလုံးအတွက် အရေးပါဆုံး စီမံကိန်းလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂ဝဝ၈ ခုနှစ်မှာ မြန်မာ-အိန္ဒိယ စစ်အစိုးရတို့ သဘောတူခဲ့ပါတယ်။ ဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ သန်း ၁၁ဝ အကုန်အကျခံ တည်ဆောက်မယ့် အိန္ဒိယက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး စီမံကိန်းကြီး တခုလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းအပေါ် အိန္ဒိယက ပုံအောထားကြောင်း အိန္ဒိယ အရှေ့မြောက်ဒေသဆိုင်ရာ ဌာနဝန်ကြီး ဘီကေ ဟန်ဒီကွီက ဆိုပါတယ်။ ဒီစီမံကိန်းမှာ လက်ရှိအသုံးပြုနေတဲ့ စစ်တွေဆိပ်ကမ်းကို တိုးချဲ့တည်ဆောက်ဖို့၊ တန်ချိန် ၆ဝဝဝ ရှိ သင်္ဘောကြီးတွေ ဝင်ထွက်သွားလာနိုင်ဖို့ ကုလားတန်မြစ်ကို ချဲ့ထွင်၊ အနက်တူးပြီး သောင်တွေကို ဖယ်ရှားရှင်းလင်းဖို့နဲ့ ပလက်ဝမြို့နဲ့ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် အဝေးပြေးကားလမ်း ဖောက်လုပ်ဖို့တို့ ပါဝင်ပါတယ်။ စစ်တွေ ဆိပ်ကမ်းကို အိန္ဒိယက တည်ဆောက်၊ အသုံးပြု၊ လွှဲပြောင်းစနစ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မြန်မာအစိုးရက တည်ဆောက်၊ လွှဲပြောင်း၊ အသုံးပြုဖို့ သဘောတူဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းတခုလုံးကို ၂ဝ၁၃ မှာ အပြီးသတ် ဆောက်လုပ်မယ်လို့ ဆိုပါတယ်။ စစ်တွေဆိပ်ကမ်း တိုးချဲ့တည်ဆောက်တာနဲ့ ကုလားတန်မြစ်ကြောင်း သောင်တူးဖော်ရေး လုပ်ငန်းတွေကို အိန္ဒိယ ပုဂ္ဂလိကကုမ္ပဏီ ESSAR က တည်ဆောက်မှာပါ။ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေကို ၂ဝ၁ဝ ခုနှစ်ကနေ စတင်အကောင်အထည် ဖော်နေပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းက လမ်းဖောက် လုပ်ခြင်းတွေကို အိန္ဒိယပုဂ္ဂလိက ကုမ္ပဏီ Ircon က တည်ဆောက်မှာပါ။ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေကို ၂ဝ၁ဝ ခုနှစ်ကနေ စတင်အကောင်အထည်ဖော်နေပြီး ဒီစီမံကိန်းနဲ့အတူ စစ်တွေမြို့မှာ ဂိုဒေါင် ၂၉ လုံးကို တည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။ နောက်ပြီး မြစ်ကြောင်းတလျှောက်ရှိ ဆိပ်ကမ်းငယ်လေးတွေမှာ အရေးပေါ် ဆေးခန်းတွေ ဖွင့်လှစ်ထားရှိဖို့လည်း ပါဝင်ပါတယ်။

ဒီစီမံကိန်းကြောင့် အိန္ဒိယဟာ ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်တွေရဲ့ ပင်လယ်ထွက်ပေါက် ရရှိသွားမှာ၊
 ဖြစ်ပြီးတော့ အရှေ့တောင်အာရှနိုင်ငံတွေကို ထိတွေ့ဆက်ဆံဖို့ လမ်းပွင့်သွားမယ့် အကျိုးကျေးဇူးတွေ  ရရှိလာမှာ
 ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အခြေပြုပြီး ရခိုင့်ကမ်းလွန် ပင်လယ်ပြင်ကနေ ထပ်မံထွက်ရှိမယ့် သဘာဝ ဓာတ်ငွေ့တွေ ရယူတင်ပို့နိုင်ဖို့လည်း အိန္ဒိယက မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်းကြောင့် အိန္ဒိယဟာ အကျိုးကျေးဇူး အတော်များများ ရရှိဖို့ အလားအလာရှိပေမယ့် မြန်မာပြည်သူတွေရဲ့ ဘဝကတော့ သိပ်ပြီး မျှော်လင့်လို့ ရမယ် မထင်ပါဘူး။ မြန်မာ့ စီးပွားရေး လေ့လာသုံးသပ်သူ တချို့ကတော့ အိန္ဒိယ အရှေ့မျှော်ဝါဒနဲ့ ကုလားတန် စီမံကိန်းကြောင့် မြန်မာနိုင်ငံဟာ ကြားခံကုန်သွယ်ရေးကြောင့် တိုးတက်မူတွေ ဖြစ်လာနိုင်တယ်၊ အိန္ဒိယ တိုးတက်လာရင် မြန်မာဟာလည်း အလိုလိုလိုက်ပြီး တိုးတက်လာမယ်၊ ဒေသခံပြည်သူတွေရဲ့  အလုပ်အကိုင် အခွင့်အလှမ်းတွေ ရလာမယ်လို့ ပြောဆို ကြတာတွေလည်း တွေ့ရပါတယ်။

လက်တွေ့မှာတော့ ဒေသခံပြည်သူတွေ ရရှိတဲ့ အလုပ်အကိုင် အခွင့်အလှမ်းဆိုတာက အုတ်ပြောင်း၊ သဲထမ်း
 အောက်ခြေ အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့
လည်း ဒီစီမံကိန်းအပေါ် ရွှေဂတ်စ်စီမံကိန်းတို့၊ ထားဝယ် ရေနက်စီမံကိန်းတို့လောက် စိတ်ဝင်တစား မရှိကြဘူးလို့ သိရပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်တဲ့ ရခိုင်မြစ်ချောင်းများ ကွန်ယက်ကတော့ ဒီစီမံကိန်းဟာ
 ဒေသတွင်း ပြည်သူတွေရဲ့ ဘဝကို ထိခိုက်စေနိုင်တယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ စီမံကိန်း
 ကြောင့် မြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူတွေရဲ့ လက်ရှိ  နေ့စဉ်ဘဝ အလုပ်အကိုင်တွေ ပျက်စီး သွားနိုင်တယ်၊ သင်္ဘောကြီးတွေ ဝင်ထွက်သွားလာမှာ ဖြစ်တဲ့အတွက် မြစ်ကို မှီခိုပြီး လုပ်ကိုင် စားသောက်နေသူတွေရဲ့ ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်၊ စီမံကိန်း တည်ဆောက်တဲ့အခါမှာလည်း နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေယာသိမ်းယူမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ ရှိလာမယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့ရဲ့ တောင်းဆိုချက်
ကုလားတန်မြစ်ကြောင်းတလျှောက်မှာ မြို့နယ် ၆ မြို့နယ်နဲ့ လူဦးရေ ၁ သန်းကျော် နေထိုင်ကြ ပါတယ်။
ကတော့ဒီစီမံကိန်းဆောင်ရွက်တဲ့အခါ အများပြည်သူ ထင်သာမြင်သာ ရှိဖို့ လိုအပ်တယ်၊ ဒေသခံပြည်သူ တွေနဲ့
ညှိနှိုင်း တိုင်ပင် ပူးပေါင်း ပါဝင်မှုတွေ ရှိရမယ၊် စီမံကိန်းရဲ့ အကျိုးကျေးဇူးတွေကို မဖွံ့ဖြိုးမတိုးတက်တဲ့ အသိုင်းအဝိုင်း
 တွေဆီ ဦးတည်ရမယ်၊ စီမံကိန်းမှာ ပါဝင်ပတ်သက်သူတွေ အားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ရှိရမယ်လို့ ဆိုပါတယ်။

စစ်တွေဆိပ်ကမ်း တိုးချဲ့တည်ဆောက်တဲ့အခါမှာ လက်ရှိအသုံးပြုနေတဲ့ စစ်တွေဆေးရုံကြီး၊ စာတိုကန် စစ်တွေ
 ဈေးကြီးတွေ၊ အိမ်ရာတွေကို နေရာပြောင်းရွှေ့ရမယ်လို့ ပြောဆိုနေတာတွေလည်း ကြားသိရပါတယ်။ စစ်တွေ
 ဆေးရုံကြီးကိုတော့ အိန္ဒိယက ပြန်လည်တည်ဆောက်ပေးမယ်လို့ ဆိုကြပါတယ်။ နောက်ပြီးတော့ ဆိပ်ကမ်း တည်ဆောက်တဲ့ အခါ ပျက်စီးသွားမယ့် ရပ်ကွက်တွေကို လူအများ အနားယူဖို့ ပန်းခြံတွေ ဆောက်လုပ်ပေးမယ် လို့လည်း သိရပါတယ်။ ဒါဟာ ဒေသခံပြည်သူတွေကို ငွေကြေးနည်းနည်းသုံးပြီး နှစ်သိမ့်လိုတဲ့ သဘောလို့ ယူဆရပါတယ်။ ကုလားတန်မြစ်ကြောင်းတလျှောက်မှာ မြို့နယ် ၆ မြို့နယ်နဲ့ လူဦးရေ ၁ သန်းကျော် နေထိုင်ကြ ပါတယ်။ နောက်ထပ် ဒီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေကို ဘယ်လို ရိုက်ခတ်မှု ရှိလာမလဲ ဆိုတာကတော့ ဆက်ပြီးလေ့လာစောင့်ကြည့်ရဦးမှာပါ။

အရှေ့မျှော်ဝါဒနဲ့ ကုလားတန် စီမံကိန်းကတော့ အိန္ဒိယ၊ မြန်မာ၊ ဒေသတွင်း နိုင်ငံတွေကို အပြောင်းအလဲတွေ ဖန်တီးလာဦးမယ်ဆိုတာ အသေအချာပါပဲ။ ဒီနေရာမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ကိုင်
 ဆောင်ရွက်နေပေမယ့် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ ဒီမိုကရေစီနိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီမြတ်နိုးတဲ့ ပညာရှင်တွေက မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲဖို့အတွက် အခုထိ မျှော်လင့်တောင့်တ
 နေဆဲဖြစ်တယ် ဆိုတာပါပဲ။ အိန္ဒိယအနေနဲ့ တခုစဉ်းစားသင့်တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ အပြောင်းအလဲ မဖြစ်ဘဲ မြန်မာအစိုးရနဲ့ အကျိုးစီးပွားတခုထဲကို မျှော်ကိုးပြီး ရေရှည် လက်တွဲလုပ်ဆောင်နေမယ်ဆိုရင် အိန္ဒိယအကျိုးစီးပွားအတွက်ရော၊ မြန်မာပြည်အတွက်ပါ ဆိုးကျိုးရလဒ်တွေပဲ ဦးတည်သွား နိုင်ပါတယ်။ နှစ်နိုင်ငံ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆက်ဆံရေး၊ နှစ်ဦးနှစ်ဖက် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်ရင် လက်ရှိ
 မြန်မာပြည်အပေါ် ထားရှိတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ဦးမှာပါ။ တရုတ်ကို အမီလိုက်ဖို့အတွက် အိန္ဒိယရဲ့ လုပ်ဆောင်နေမှုတွေဟာ သိက္ခာရှိတဲ့ လုပ်ရပ်တွေအဖြစ် ရှုမြင်ကြည့်ဖို့တော့ ခက်ခဲပါတယ်။

ကနေ့အချိန်မှာ မြန်မာပြည် အရှေ့ဘက်ခြမ်းမှာ တရုတ်စီမံကိန်းတွေကြောင့် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အိန္ဒိယအနေနဲ့ သင်ခန်းစာယူနိုင်ဖို့၊ သတိပြုမိဖို့လည်း လိုအပ်ပါတယ်။ တချိန်ချိန်မှာ ဒီလိုပဋိပက္ခတွေဟာ အိန္ဒိယဘက်ကိုလည်း ဦးတည်မသွားနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ မြန်မာအစိုးရအနေနဲ့လဲည်း အိန္ဒိယက အရှေ့မျှော်ဝါဒ၊ တရုတ်က တောင်မျှော်ဝါဒဆိုပြီးတော့ အပြိုင်အဆိုင် သြဇာနယ်ပယ် ချဲ့ထွင်လာနေမှုအပေါ် ရေတို အကျိုးစီးပွား တခုထဲကိုပဲ ကြည့်ပြီး ဆက်ဆံနေရင်တော့ အင်အားကြီး နိုင်ငံတွေကြားမှာ ကြားညှပ်မည့်ကိန်း မလွဲဧကန်
 ရောက်လာမယ်လို့ သုံးသပ်မိကြောင်းပါ။

ရှင်သန်နေဆဲ သုခမြို့တော် ပုံရိပ်များ

ရှင်သန်နေဆဲ သုခမြို့တော် ပုံရိပ်များ

၁၉၀၀ ပြည့်နှစ် ကာလတွေတုန်းက အင်္ဂလိပ်ကိုလိုနီအစိုးရ ရုံးစိုက်ရာ မြို့တော်တခုဖြစ်ခဲ့တဲ့ ကာလ်ကတ္တားမြို့ထဲကို ရောက်လိုက်တာနဲ့ အဲဒီခေတ်ကာလ ကတည်းက ရှိခဲ့တဲ့ အဆောက်အအုံ ဟောင်းတွေက ဆီးကြိုနေပြီး သံချေးတွေ အထပ်ထပ်နဲ့ အိုဟောင်းနေတဲ့ ဓာတ်ရထားတွေ၊ လန်ချားတွေဟာလည်း ဟိုးအရင် ကိုလိုနီခေတ်တုန်းကအတိုင်း ရှိနေဆဲ၊ အသုံးပြုနေကြဆဲမို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ဓာတ်ပုံအဟောင်းပုံကြီးထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစား လိုက်ရပါတယ်။

ThuKhaMyoDaw-01အနောက်ဘန်ဂေါလ်ပြည်နယ် အစိုးရက ကာလ်ကတ္တားမြို့ရဲ့ ကိုလိုနီခေတ်က ကျန်ရစ်တဲ့ အဆောက်အအုံအဟောင်းတွေ၊ သမိုင်းဝင် အဆောက်အအုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းထားသလို လန်ချားနဲ့ ဓာတ်ရထားတွေကိုလည်း ဆက်လက် ပြေးဆွဲခိုင်းနေဆဲပါ။ ကာလ်ကတ္တားဟာ အိန္ဒိယနိုင်ငံရဲ့ တခုတည်းသော ဓာတ်ရထားပြေးဆွဲနေဆဲ မြို့တမြို့ ဖြစ်ပါတယ်။

ထည်ဝါခမ်းနားတဲ့ ဝိတိုရိယဘုရင်မ အထိမ်းအမှတ် အဆောက်အအုံရဲ့ တဘက်မှာတော့ ဓာတ်ရထား၊ တက္ကစီ၊ ဘတ်စ်ကား စတဲ့ ယာဉ်ပေါင်းစုံပြည့်ညပ်နေတဲ့ ၂ လမ်းသွားသာသာ ကားလမ်းတွေ၊ ခေတ်ပေါ် အဆောက်အအုံတွေရဲ့အောက်ခြေ လမ်းဘေးဝဲယာ ပလက်ဖောင်းပေါ်က ဈေးသည်တွေ၊ အရောင်အသွေးစုံ ခရီးသွားတွေ၊ ပလက်ဖောင်းနားက ရေဘုံဘိုင်မှာ ရေချိုးနေသူတွေနဲ့ ကာလ်ကတ္တားရဲ့ တနေ့တာက ခေတ်ဟောင်းနဲ့ ခေတ်သစ် ဒွန်တွဲလှုပ်ရှား သက်ဝင်နေသလိုပါ။

တဘက်မှာလည်း စီးပွားရေးအချက်အခြာ မြို့တခုရဲ့ အင်္ဂါရပ်နဲ့အညီ မြေအောက်ရထား၊ အထပ်မြင့် အဆောက်အအုံတွေနဲ့ မြို့သစ်ချဲ့ထွင်လာတာတွေ၊ အဆင့်မြင့် နိုင်ငံတကာလေဆိပ် တည်ဆောက်မှုတွေကလည်း ခေတ်မီမြို့ကြီးတမြို့အဖြစ် တရိပ်ရိပ် ပုံသွင်းလို့နေပါတယ်။

တိုးတက်ဖွံ့ဖြိုးမှုရဲ့ နောက်ဆက်တွဲ ပါလာလေ့ရှိတဲ့ လေထုပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ယာဉ်ကြောပိတ်ဆို့မှု တွေနဲ့အတူ ပလတ်စတစ် အပိုင်းအစ၊ ကတ်ထူစက္ကူ၊ အ၀တ်အပိုင်းအစတွေနဲ့ ဆောက်ထားတဲ့ အခြေအနေမဲ့တွေရဲ့ လူတယောက် အိပ်သာရုံ တဲလေးတွေဟာ လမ်းထောင့်တွေမှာ၊ လမ်းကြိုလမ်းကြားတွေမှာ ဖရိုဖရဲရှိနေပြီး တဲကလေးတွေရဲ့ အထဲနဲ့ အပြင်ဘက်မှာတော့ ဖိနပ်မပါ၊ ဘောင်းဘီမပါ ပြေးဆော့နေတဲ့ ညိုညစ်ညစ် ကလေးတွေ၊ ဆီမရှိ နီကြန်နေတဲ့ဆံပင်တွေထဲက သန်းအပြန်အလှန် ရှာပေးနေတဲ့ အမျိုးသမီးတွေ၊ တဲအ၀မှာထိုင်ရင်း လမ်းသွားလမ်းလာတွေကို ငေးနေတဲ့ အဘိုး၊ အဘွား တွေကိုလည်း တွေ့ရပါတယ်။

ဟာဝ်ရီမြစ်ရဲ့ အရှေ့ဘက်ကမ်းနဖူးမှာရှိတဲ့ ကာလ်ကတ္တားမြို့ခံတွေဟာ တခြား အိန္ဒိယမြို့တော်တွေက မြို့ခံတွေနဲ့မတူ ကြဘဲ အင်္ဂလိပ် အနွယ်ဝင်တွေ၊ အင်္ဂလို - အင်ဒီယန်းတွေ၊ အာမေးနီးယားနဲ့ ဂရိအနွယ်ဝင်တွေ၊ တရုတ်အနွယ်ဝင်တွေ ရောယှက် ရှုပ်ထွေးလွန်းလို့ လူရောင်စုံရှိတဲ့မြို့လို့ တချို့က တင်စား ခေါ်ဆိုကြပါတယ်။ ဒီလူမျိုးစုတွေထဲက ကာလ်ကတ္တားမှာ အခြေချ နေထိုင်တဲ့ တရုတ်လူမျိုးဟာ အနည်းဆုံး ၅ ထောင်ကနေ အများဆုံး ၂ သိန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

ThuKhaMyoDaw-02မြို့ရဲ့ အထင်ကရ တရုတ်တန်းလို့ခေါ်တဲ့ တန်ဂရာ အရပ်မှာနေတဲ့ တရုတ်လူမျိုးတွေ အရင်က ၂ သောင်းကျော်အထိ ရှိခဲ့ပြီး စားသောက်ဆိုင်လုပ်ငန်းနဲ့ သားရေနယ်၊ သားရေအရောင်တင် စတဲ့လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ကြပါတယ်။ တရုတ်တွေရဲ့ သားရေလုပ်ငန်း တစတစ ကြီးထွားအောင်မြင်လာချိန်မှာတော့ တရုတ်လူမျိုးတွေ ရွှေ့ပြောင်း အခြေချလာမှု တိုးပွားလာတာကို ကာကွယ်တဲ့အနေနဲ့ ဒေသခံအာဏာပိုင်တွေက ၂၀၀၀ ပြည့်နှစ်မှာ သားရေနယ် လုပ်ငန်းတွေကို မြို့အရှေ့ဘက် ဘန်တလာဆိုတဲ့နေရာကို ပြောင်းလိုက်ပြီး သားရေလုပ်ငန်း အများစုကိုလည်း ဒေသခံ တိုင်းရင်းသားတွေကိုပဲ ပိုင်ဆိုင် စေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းကုန်ကြတာကြောင့် တန်ဂရာမှာ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လူမျိုး ၂ ထောင်ဝန်းကျင်ပဲ ကျန်ရစ်တော့တယ်လို့ ဆိုပါတယ်။

ဘာသာစကား အခက်အခဲတချို့ ရှိနေပေမယ့် နေထိုင်စားသောက်စရိတ် ချိုသာတာ၊ စီးပွားရေး အဆင်ပြေနေတာတွေနဲ့ ဒီနိုင်ငံသား ဖြစ်နေပြီမို့ ဒီမြို့လေးမှာ နေရတာ ပျော်တယ်၊ စိတ်ချမ်းသာတယ်လို့ တရုတ်အမျိုးသားတွေက ဆိုကြပါတယ်။

“တရုတ်နိုင်ငံမှာ လိုတာအကုန် ၀ယ်ရနိုင်တယ်၊ ဒီမှာထက် သန့်ရှင်းသပ်ရပ်တယ်။ ဒါပေမယ့် ကျနော့်သားသမီးတွေအတွက် ပညာရေးက၊ အထူးသဖြင့် အင်္ဂလိပ်စာတတ်ဖို့က တရုတ်နိုင်ငံထက် ဒီမှာပိုကောင်းတာရယ်၊ စီးပွားရေးကလည်း ဒီမှာ အောင်မြင် နေတော့ ကျနော်ဒီမှာပဲ နေချင်တယ်” လို့ အိန္ဒိယနိုင်ငံသား ဖြစ်နေတဲ့ တရုတ်အမျိုးသား မိုက်ကယ်လ်က ပြောပါတယ်။

တရုတ် စားသောက်ဆိုင်ဖွင့်ထားတဲ့ သူ့ရဲ့ အဘိုးအဘွားတွေ လက်ထက်ကတည်းက ကာလ်ကတ္တားမှာ အခြေချ နေလာကြတာဟာ အခုဆိုရင် မျိုးဆက် ၃ ဆက်အထိ ရှိနေပြီး သူဟာလည်း ကာလ်ကတ္တားမှာပဲ မွေးဖွားကြီးပြင်းခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့သားသမီးတွေဟာ အခုဆိုရင် ကာလ်ကတ္တား တက္ကသိုလ်မှာ ပညာသင်နေကြပါတယ်။

မိုက်ကယ်လ်လို တရုတ်လူမျိုးတွေ ကာလ်ကတ္တားမှာ အခြေချနေထိုင်နေကြသလို မြန်မာနိုင်ငံကနေ အိန္ဒိယကို ပြန်လာ အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား အိန္ဒိယတိုင်းသား တွေဟာလည်း ကာလ်ကတ္တားမှာ အများအပြား ရှိကြပါတယ်။

သူတို့တွေထဲက အများစုကတော့ ကွယ်လွန်သူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းယူတဲ့ ၁၉၆၂ ခုနှစ်မှာ ကိုလိုနီခေတ် လက်ကျန် အိန္ဒိယတိုင်းသားတွေကို မြန်မာပြည်ထဲကနေ နှင်ထုတ်ချိန်တုန်းက တိမ်းရှောင်လာတဲ့ သူတွေရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။

ThuKhaMyoDaw-03တချို့ကလည်း မြန်မာနိုင်ငံမှာ ကျန်နေခဲ့ရာက နိုင်ငံသားလက်မှတ်နဲ့ တရားဝင် နေထိုင်ခွင့်မရတာတွေ၊ ခရီးသွားလာခွင့် မရတာတွေ၊ လူမျိုးရေးဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံကို ပြန်လာပြီး အခြေချနေ သူတွေဖြစ်ပါတယ်။ ရောက်စတုန်းက ဒေသခံတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအခက်အခဲ၊ ဘာသာစကားအခက်အခဲတွေ ရှိခဲ့ပေမယ့် ဒီအဆင်မပြေမှုတွေကို ကျော်လွန်နိုင်ခဲ့တယ်၊ ဒီမြို့မှာ နေရတာ လွတ်လပ်ငြိမ်းချမ်းတယ်လို့ ဆိုပါတယ်။

၁၉၈၄ ခုနှစ်မှာ မိသားစုလိုက် ရန်ကုန်ကနေ ကာလ်ကတ္တားကို ပြောင်းလာကြပြီး စားသောက်ကုန်အရောင်းအ၀ယ် လုပ်နေတဲ့ မြန်မာပြည်ဖွား အိန္ဒိယနိုင်ငံသား မိသားစုကတော့ ကာလ်ကတ္တားမြို့ရဲ့ တည်နေပုံအနေအထားက ရန်ကုန်မြို့နဲ့ တူနေ တာကြောင့် မြန်မာပြည်ကို အမြဲ သတိရမိတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ရန်ကုန်ကို လည်ပတ်ခွင့်ရခဲ့တဲ့ သူတို့ထဲက အစ်ကိုကြီး ဖြစ်သူကတော့ “ရန်ကုန်က အရင်အတိုင်း ခမ်းနား နေတုန်းပဲ။ လူတွေတော့ ပိုများလာတယ်။ ကာလ်ကတ္တားက တိုးတက်တယ်ဆိုပေမယ့် ခမ်းနားမှု၊ သပ်ရပ်မှုကတော့ ကျနော်တို့ရန်ကုန်ကို မမီဘူးဗျ” လို့ သူနေခဲ့ဖူးတဲ့ တိုင်းပြည်နဲ့မြို့တော်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ နှိုင်းယှဉ်ပြောပြပါတယ်။

ကာလ်ကတ္တားရဲ့ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးတက်လာနေသလို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာလည်း တိုးတက်လာပြီဖြစ်ပါတယ်။ ကာလ်ကတ္တား တက္ကသိုလ်ကို နိုင်ငံရပ်ခြားကနေ ပညာဆည်းပူးဖို့ လာသူတွေ၊ ကာလ်ကတ္တားက အဆင့်မြင့် ဆေးရုံကြီးတွေဆီ ကျောက်ကပ်အစားထိုး စတဲ့ ဆေးကုသမှု ခံယူဖို့အတွက် လာသူတွေ နေ့စဉ်နဲ့အမျှ တိုးတက်လာနေပါတယ်။

တဘက်မှာလည်း ကျောင်းနေအရွယ်ကလေးတိုင်း စာတတ်မြောက်ဖို့ လုံးပန်းနေပေမယ့်၊ ကာလ်ကတ္တား အစိုးရပိုင်ဆေးရုံက အခြားမြို့ကြီးတွေက အစိုးရပိုင် ဆေးရုံတွေနည်းတူ နွမ်းပါးသူတွေအတွက် မှတ်ပုံတင်ကြေး ၁၀ ရူပီး ရှိရုံနဲ့ ဆေးကုသခွင့် ရတဲ့အစီအစဉ်တွေ ရှိနေပေမယ့်၊ ပညာရေး၊ ကျန်းမာရေး ဗဟုသုတ နည်းပါးတဲ့ အခြေအနေမဲ့တွေ အဖို့ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းတွေနဲ့ အလှမ်းဝေးနေဆဲပါ။

ကာလ်ကတ္တား၊ ဒေလီ၊ မွန်ဘိုင်းနဲ့ ချန်နိုင်းမြို့တို့ဟာ အိန္ဒိယနိုင်ငံရဲ့ လူနေ အထူထပ်ဆုံးနဲ့ အဓိကအရေးပါတဲ့ မြို့ကြီး ၄ မြို့ဖြစ်တဲ့အပြင် နိုင်ငံအ၀န်း အခြေအနေမဲ့တွေ အများဆုံးနေထိုင်တဲ့ မြို့တွေလည်း ဖြစ်နေပြန်ပါတယ်။

ThuKhaMyoDaw-04ကာလ်ကတ္တားနေ လူဦးရေ ၄ သန်းကျော်ရဲ့ ၃ ပုံတပုံ နီးပါးဟာ အခြေအနေမဲ့တွေလို့ ဆိုပါတယ်။ နိုင်ငံရဲ့ လူဦးရေ တိုးလာတာနဲ့ အမျှ ဒီအခြေအနေမဲ့တွေရဲ့ ဦးရေဟာလည်း တိုးလာဦးမယ်လို့ အနောက်ဘင်ဂေါလ်အစိုးရရဲ့ ၂၀၁၁ နှစ်ဦးပိုင်း ဒေသတွင်း လူဦးရေစစ်တမ်းက ဖော်ပြပါတယ်။ ဒီလို အခြေအနေမဲ့တွေ တိုးလာတာဟာ အလုပ်အကိုင်ရှားပါးမှုနဲ့ လူနေမှုစနစ် ချိန်ခွင် အင်မတန် ကွာဟနေတာကို ပြနေတယ်လို့ စစ်တမ်းက ဆိုပါတယ်။

“မြို့က ရုပ်ပိုင်းဆိုင်ရာမှာ တိုးတက်လာပေမယ့် ခေတ်နောက်ပြန်ဆွဲတဲ့အတွေးတွေ၊ ရှေးရိုးစွဲဓလေ့တချို့တို့ကြောင့် လူမှုရေး၊ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှုတွေမှာတော့ တိုးတက်သင့်သလောက် မတိုးတက်တာတွေရှိတယ်။ သူတို့ကတော့ တဲတွေနဲ့ ဒီလိုနေရတာကိုပဲ ပျော်နေကြတယ်။ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက အခုအချိန်အထိ ဒီအတိုင်းပဲ” လို့ သူ့ဆိုင်ရှေ့ လမ်းတဘက်ခြမ်းက ပလက်ဖောင်းတလျှောက် မင်းမူထားတဲ့ အခြေအနေမဲ့ တဲတစုကို ညွှန်ပြရင်း မိုက်ကယ်လ်က ပြောပြပါတယ်။

မြစ်ရေကို အမြဲတစေ ဖွင့်လွှတ်ပေးထားတဲ့ ရေဘုံဘိုင်အောက်မှာ ဆော့ကစားနေတဲ့ ဖိနပ်မပါတဲ့ကလေးတွေ၊ ယင်ကောင်တွေနဲ့ အပြိုင်လုရင်း အစားစားနေကြတဲ့ ဗိုက်ပူနံကား ကလေးငယ်တွေ၊ ခနော်ခနဲ့ မီးဖိုမှာ ပလတ်စတစ်စ၊ စက္ကူစတွေနဲ့ မီးမြှိုက်ပြီး ချက်ပြုတ်နေတဲ့ အိမ်ရှင်မတွေ၊ သူတို့တွေရဲ့ ဘ၀တွေဟာ နုံခြာပေမယ့် ပြုံးရွှင်နေတဲ့ သူတို့မျက်နှာတွေက သောကကင်းပြီး စိတ်ချမ်းသာမှုအပြည့်ရှိတယ်လို့ ဖော်ပြနေသယောင် မြင်တွေ့ရပါတယ်။

မိုက်ကယ်လ်က “တရက်ကို ရူပီး ၅၀ (ကျပ် ၁၀၀၀ ခန့်) လောက်ရရင်ကို သူတို့စားဖို့အတွက် မပူရဘူး။ မနက်ဖြန်အတွက် မစိုးရိမ်တဲ့ သူတို့တွေအတွက်ကတော့ တကယ့်ကို သုခမြို့တော်ပါပဲ” လို့ ပြောပြပါတယ်။

တဲလေး တခုရဲ့ဘေးက လန်ချားတစီးပေါ် ထိုင်နားရင်း ငေးနေတဲ့ အဖိုးအိုတယောက်ကို တွေ့တော့ ပြင်သစ်စာရေးဆရာ ဒေါမနစ်ခ်လာပီးယားရေးပြီး စာရေးဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ “သုခမြို့တော်” ဆိုတဲ့ အိန္ဒိယနိုင်ငံ ကာလ်ကတ္တား မြို့က အခြေအနေမဲ့ တွေရဲ့ဘဝသရုပ်ဖော် ၀တ္တုထဲက လန်ချားသမား ဟာဇာရီရဲ့ ပုံရိပ်ကို တွေးမြင်မိပါတယ်။

ခေတ်ရေစီးကြောင်း ပြောင်းလာတာနဲ့အမျှ လူဆွဲရတဲ့ လန်ချားအစား စက်ဘီးတပ်နင်းရတဲ့ ရေခ်ရှောတွေ ပေါ်လာပေမယ့် ကာလ်ကတ္တားမှာတော့ ဟာဇာရီလို လန်ချား ဆွဲပြီး အသက်မွေးနေသူတွေ ရှိနေဆဲ၊ သံချေးအထပ်ထပ်နဲ့ ဓာတ်ရထားတွေ ပြေးဆွဲနေဆဲ၊ ခရစ်ယာန်သာသနာပြုဆရာ ကိုဗာလ်စကီး နဲ့ မာသာထရီဇာတို့လို လူတွေဆီက စာနာမှုနဲ့ အကူအညီ လိုအပ်နေတဲ့ အခြေအနေမဲ့တွေ ရှိနေဆဲ၊ ဆင်းရဲချမ်းသာ ချိန်ခွင်လျှာ မညီမျှမှု ကြီးမားနေဆဲ၊ စီးဆင်းနေတဲ့ ဟာဝ်ရီမြစ်နဲ့အတူ ကိုလိုနီခေတ် အငွေ့အသက်တွေနဲ့ သုခမြို့တော်ရဲ့ ပုံရိပ်တွေက ရှင်သန်လှုပ်ရှားနေဆဲ ပါပဲ။    

Friday, June 24, 2011

လိုအပ်နေသော ညီမျှခြင်းများ....

လိုအပ်နေသော ညီမျှခြင်းများ....


 ဝေဟင်စစ်ဆင်ရေးများကို နှစ်သက်သော ကြောင့် တိုက်လေယဉ်မှုးဘ၀ကို ခံယူခဲ့သော်လည်း တကယ့်လက်တွေ့ မှာ ခက်ခဲကြမ်းတမ်းလွန်းပြီး အသက်ကို အလောင်းအစားပြုရသော တိုက်လေယဉ်မှုးဘ၀ ကို
 စွန့် လွှတ်  လိုသော ကြောင့် အထက် တာဝန်ရှိသူများကို ၄င်း၏ ချင့်ချိန်တွက်ဆမှုများ မှန်ကန်တိကျ ခြင်းမရှိတော့ဘဲ ဦးနှောက်စွမ်းဆောင်ရည် မှာ ပုံမှန်မဟုတ်ကြောင်းဖြင့် အကြောင်းပြပြီး မြေပြင်တာဝန်များသာ ထမ်းဆောင်ခွင့် ပြု၇န် တောင်းဆိုခဲ့သည်။ တာဝန်ရှိသူများက တင်ပြချက်အစအဆုံးကို သုံးသပ်ပြီးအမှန်တကယ် စွမ်းဆောင်ရည် ကျဆင်းသူသည် မိမိကိုယ်တိုင်၏ ချို့ ယွင်းချက်များကို သိမြင်နိုင်ခြင်းမရှိကြောင်းနှင့် ယခုတင်ပြချက်မှာ စွန့် စားမှုတာဝန်များကို ရှောင်လွှဲလိုသော တိုက်လေယဉ်မှုးတစ်ဦး ၏ တင်ပြချက်များအဖြစ်သတ်မှတ်ပြီး ပိုမို ကျွမ်းကျင်မှု၊နှင့် အတွေ့ အကြုံးများများရှိစေ၇န် အတွက်ကို သာ ဆက်လက်လေ့ကျင့်စေခဲ့ပြီး catch22 မစ်ရှင်ဖြင့် ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။ဂျိုးဇက်ဟယ်လာဆို သော စာရေးဆရာတစ်ဦး ၏ လေယဉ်မှုးဇာတ်ကောင် ကို အခြေခံရာမှ အမေရိကန် စာဖတ်သူ လူထုအကြား အပြောနှင့် အလုပ် တစ်ထပ်တည်းမကျလာသော အခြေအနေများ ကို catch22ဟု ခေါ်ဝေါ်သုံးစွဲကြသော အလေ့ဖြစ်လာကြသည်။
 
 တိုးတက် လှုပ်ရှားနေ ကြသော လူမှုဝန်းကျင်များတွင် အလားတူ စိန်ခေါ်မှုများကို ထိပ်တိုက် နဖူးတွေ့ ဒူးတွေ့ ရင်မဆိုင် လိုကြသည် များကို တွေ့ မြင်ခဲ့ကြရသလို တွေ့ မြင်နေရဆဲများ လည်းရှိနေသည်။အထူးသဖြင့် ယှဉ်ပြိုင်မှုများလှသော ကြော်ငြာလုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်းများ တွင် အုပ်ချုပ်ရေးပိုင်းများမှ အမြဲ ကြားရလေ့ ရှိကြသော စကားများအဖြစ် " အိုင်ဒီယာတွေ လို နေတယ် ၊ ဆန်းသစ်မှု တွေပေးပါ " ဆိုသည်များဖြစ်သည်။ တက်သစ်စလူငယ်များမှ ၄င်းတို့ တောင်းဆိုသော လိုအပ်ချက်များပေးလာသော  အချိန်မှာ တော့ လက်ခံကြပါသလား။ လက်မခံပါဘူး။ အဖြေက ရှင်းပါသည် ဆန်းသစ်မှုမှန်ပါသော် လည်း ပုံစံသစ်များ အတွက်   အတွေ့ အကြုံ မရှိသေးမှုများက စွန့် စားလွန်းရာကျနေ သည် ဟုသုံးသပ်ကြပြန်ပါတယ်။

 တုံ့ ပြန်မှုအဖြစ် အိုင်ဒီယာ အသစ် လမ်းအသစ် က ကောင်းတော့ကောင်းပါတယ် ဒါပေမယ့် မျက်စိစပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆုံးသတ်သွားပြီး အုပ်ချုပ်ရေးပိုင်း၏ catch22 ဖြစ်လာပါတယ်။ ဒီလို မျိုးမဖြစ်စေရေ့းအတွက် အိုင်ဒီယာ ခန်းခြောက်မှုများ မကြုံစေဖို့ အတွက် သုတေသနလုပ်ငန်းတွေ ကို အားပေးခြင်းဖြင့် အတွေ့ အကြုံလုံလောက်သော တည်ဆောက်မှုအသစ်များကို ကြိုဆိုနိုင်မည် ဖြစ်သည်။  လက်တွေ့ မပါသော မည်သည့် လုပ်ငန်းတွင်မှ စာရွက်နှင့် နမူနာ များပေးနေမျှ သက်သက် ဖြင့် ပြည့်စုံ ပြီးခြောက်ပြစ် ကင်းသော တိုးတက်မှုကို ရရှိမည် မဟုတ်ပေ။
 
 စီးပွားရေး လုပ်ငန်းကြီးများ၊ အများပြည်သူနှင့်ဆိုင်သော ပတ်ဝန်းကျင်နယ်ပယ် များတွင်ပင် ထိပ်ပိုင်းနေရာမှ ပုဂ္ဂိုလ် များ၏ အတွင်းကျသော တွေးခေါ်မှု  မှ ထွက်ပေါ်လာသော လက်သုံးစကားများတွင် လည်း catch22 ရှိပါသေးသည်။ တကယ် တော် ပြီးထူးချွန်မယ့်လူ များသာ ရှိလာမယ် ဆို ၀မ်းမြောက်ဝမ်းသာ နေရာဖယ်ပေး ဖို့ အသင့်ပါ။ အခုတော့ အားကိုးလောက်တဲ့ အရည်အချင်းရှိသူ ဆို မတွေ့ ရလို့  ဒီနေရာကို သည်းခံပြီးတာဝန်ယူနေရပါတယ်။တကယ်ပင် အခြေအနေများဆိုးရွား လာမည်စိုးသောကြောင့် မဖြစ်မနေတာဝန်ယူပေးနေရ သလို ပုံဖမ်းနေကြသည်။

 အမှန် တကယ် ထူးချွန်သော ပုဂ္ဂိုလ် များမှ တာဝန်ယူနိုင်သော စွမ်းရည်များရှိလာသော အခါ "အင်း...ဒီလူ ဟာဖြင့် တော်လွန်းနေတယ် ရှေ့ ကို နေရာရလာတဲ့ အခါ ငါ့ ထက်သာလွန်သွားနိုင်တယ်။မဖြစ်ချေဖူး။ သူ့ ရဲ့ အစွမ်းအစတွေ မှေးမှိန်ထားမှ လုပ်ပိုင်ခွင့်တွေထိန်းချုပ်ထားမှ  ငါ့ အခြေအနေ ကောင်းနိုင်လိမ့်မယ်"ဆို တဲ့ အတွေးမျိုး ပြောင်းပြီး catch22 ၀င် သွား ပြန်ပါ တယ်။
 
 နိုင်ငံ၏ ဘဏ္ဏာရေးလို ငွေကာမိစေ၇န် အတွက် အများပြည်သူနှင့် သက်ဆိုင်သော လမ်းမသုံးပြုခများ၊ ကား၊ ရထား၊ လေယာဉ်ကဲ့သို့  ကုန်စည်စီးဆင်းမှု အရေးပါသော အပိုင်းများတွင် အခွန်အခများတိုးမြှင့် ကောက်ခံခြင်းကြောင့် နှုန်းထားစရိတ်များတိုးမြှင့် လာသဖြင့် ပြည်သူ့ ဝင်ငွေ ကျဆင်းလာခြင်းသည် အခွန်ရှောင်သူများ ပိုမိုများပြားလာပြီး လိုငွေပြမှု မသက်သာစေသည့် အပြင် ပိုမိုဆိုးရွားလာစေသည် ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ခြင်း ကို လည်း catch22 ဟုသတ်မှတ်ကြသည်။

 ပြောင်းလဲမှုတစ်ခု ပြုပြင်မှုတစ်ခု ကို စတင်မယ် ဆိုရင် အကောင်းနှင့် အဆိုး (သို့ ) အမှန်နှင့် အမှား အစွန်းနှစ်ဖက်လွတ်စေမည့်  catch22ကို သတိပြုသော ညီမျှခြင်း အချိုးညီ အခြေအနေ မျိုးကို ထောက်ဆဆင်ခြင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

Written by : Ohnmar