သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ
Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Monday, March 28, 2016

သမိုင်းတကွေ့မှ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နောက်ဆုံးဥက္ကဋ္ဌကြီး သခင်ဗသိန်းတင်

ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်ဗဟိန်း၊ သခင်ဗတင် (မစ္စတာဂိုရှယ်)၊ ရဲဘော်နတ် စသည့်ပုဂ္ဂိုလ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီကို သခင်စိုး၊ သခင်သိန်းဖေ (သန်းဖေမြင့်)၊ သခင်သန်းထွန်း၊ သခင်ဇင်တို့ အသီးသီးဦးဆောင်ခဲ့ပြီးနောက် နောက်ဆုံးဥက္ကဋ္ဌကြီးမှာ သခင်ဗသိန်းတင်ဖြစ် သည်။

သခင်ဗသိန်းတင်ကို ၁၉၁၃ ခုနှစ်တွင် ထားဝယ်မြို့ ပရစ်ရပ်တွင် သတ္တုတွင်းပိုင်ရှင် အဖ ဦးဘအို (တရုတ်လူမျိုး)၊ အမိ ဒေါ်စောခင် (ဗမာ လူမျိုး) တို့မှဖွားမြင်ခဲ့သည့် ဒုတိယမြောက်သားဖြစ်သည်။ မွေးချင်းမှာ အစ်ကို ကိုစိန်ကြည်၊ ညီမ မသောင်းစု၊ ညီ ကိုမျိုးအောင်တို့ ဖြစ်ကြ သည်။
သခင်ဗသိန်းတင်သည် ၁၉၃၁ ခုနှစ်တွင် ထားဝယ်မြို့ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်-မြန်မာ (၁၀) တန်းအောင်ပြီးနောက် ရန်ကုန် တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၃၉ ခုနှစ်တွင် တို့ဗမာအ စည်းအရုံးသို့ဝင်ရောက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ပြည်သူ့အရေးတော်ပုံပတီဝင်ဖြစ်လာခဲ့သည်။

Monday, February 29, 2016

ဂိုရှယ် စစ်တန်း အကြောင်း

ကွန်မြူနစ် တွေ ဘာလို.ပြည်တွင်းငြိမ်းချမ်းရေးက နေသွေဖယ်လို.
တောထဲရောက်သွားရတဲ.အကြောင်းအရင်းတရပ်မှာ ဂိုရှယ်စစ်တမ်း
ဟာ အဓိက အခမ်းကဏ္ဏက ပါနေပါတယ်၊ ဒါပေမယ်. ဒီဂိုရှယ်စာတမ်း
ဟာတကယ်တော.လုပ်ကြံဖန်တီးမှုတခုလို.လဲ သိကြပါတယ်၊ဒါကို ကွန်မြူနစ်
ကြေညာစာတန်းမှာ ဒီလို ဖော်ပြထားတာကိုဖတ်လိုက်ရပါသေးတယ်


Saturday, October 20, 2012

သားချစ်ဇော် သို့ .. စာရေးသူ နှင့် စာဖတ်သူ

by Bo K Nyein on Thursday, October 18, 2012 at 3:20pm ·
သားချစ်ဇော် သို့
အပိုင်း (၁)

Tharchit Zaw မြန်မာ.နိုင်ငံေ၇းသမိုင်းကိုဥိးအနေနဲ.သုံးသပ်တင်ပြထားတာကိုဖတ်ချင်ပါတယ်၊ဝင်းတင်.ထွန်းရေးတာဖတ်ဖူးပါတယ်၊ဖတ်လို.လဲကောင်းပါတယ်၊ဒါပေမယ်.ကွန်မြုနစ်အနံ.တော.မကင်းတာအမှန်ပဲ၊ကွန်မြုနစ်ရဲ.အမှားကိုသိတ်တင်ပြထားတာမတွေ.ရဖူး၊အခုတလောတော.စာလဲရေးချင်စိတ်မရှိဘူး၊ေ၇းမိရင်လဲပုဂိုလ်ရေးတွေပါနေမှာစိုးလို.စာတွေပဲလှိမ်.ဖတ်ပြီးနိုင်ငံသမိုင်းကိုပြန်စဉ်းစားသုံးသပ်မှုတွေလုပ်နေပါတယ်၊ဘာလို.လဲဆိုတော.မူကိုတင်ပြပြီးပြောရင်လူကိုလဲမပြောလို.မရဘူးဖြစ်နေတယ်၊အဲဒီတော.ပုဂိုလ်ရေးပါလာနိုင်တယ်၊နိုင်ငံရေးကိုကောင်းစေချင်ပြီ၊တိုးတက်စေချင်ပြီ၊အဲဒီအတွက်လုပ်နိုင်တဲ.ပညာတတ်တွေဦးဆောင်ဖို.လိုအပ်နေပြီလို.ပဲမြင်မိတယ်၊လွပ်လပ်ရေးမရခင်ခေတ်၊ပါလီမန်ခေတ်ကော ဦးနေဝင်းခေတ် ဗိုလ်ချုပ်သန်းရွေုခေတ်လုံးလုံး အခုလောက်ညီညွတ်မျှတတဲ. နိင်ငံေ၇းရေချိန် အခင်းအကျင်းမျိုးမတွေ.ခဲ.မိသေးဘူး၊အခုချိန်ကအတော်အတန်ညီညွတ်တဲ.ခေတ်လို.ပြောမယ်ဆိုပြောလို.ရပါတယ်၊ရှေ့ဆက်လဲလှမ်းနိုင်မယ်.အခင်းအကျင်းတွေတွေ.မိတယ်၊နိုင်ငံရေးကို ၂ဘက်စလုံးကပြည်သူအတွက်ရည်ရွယ်ပြီးလုပ်တာပဲမြင်ချင်တယ်ဗျာ၊ 
Friday at 3:07pm · Like · 3

သားချစ်ဇော် သို့
(၁)
စာရေးသူ နှင့် စာဖတ်သူ 
သားချစ်ဇော် ရေ … ဦးရေးနေတဲ့ ဦးကျော်ငြိမ်း နဲ့ ကွန်မြူနစ် များပြီးရင် ဦးအမြင် ကို သိရမှာပါ။
သားချစ်ဇော် က ကွန်မြူနစ် ၀င့်တင်ထွန်း ရဲ့ စာတွေက ဖတ်လို့ကောင်းတယ်။ ဒါပေမဲ့ အနီနံ့တော့ မကင်းဖူး။ တခြားရှုထောင့် ကစာတွေဖတ်ခြင်ပါတယ် ဆွေးနွေး လာလို့ အကြောင်းသင့်တုန်း ၊ စာရေးသူ ၊ စာဖတ်သူ အချင်းချင်း ကွာခြားချက်ကလေးတွေကို ကျန်တဲ့ လူငယ်လေးတွေ လည်း တွေးခေါ်နိုင်အောင် ဦးရဲ့ အမြင် ကလေးကို တင်ပြဆွေးနွေးပါရစေ။
ဒီမှာ ဆွေးနွေးမှာ က စာရေးတဲ့ နေရာမှာ နိုင်ငံရေး ရှုထောင့် ကနေ ပြောတယ်ဆိုတာ ကို အရင် အသိပေးပါရစေ။ 
မြန်မာစာပေလောက မှာကြည့်ရင် ၊ စာရေးနိုင်တာ ၊  စာရေးကောင်းတာ ကွန်မြူနစ်တွေ ပဲ။
ဒါကြောင့် မြန်မာစာပေလောက မှာ ကို အနီတွေကြီးစိုးထားကြနိုင်တယ်လို့ ပြောလို့ရပါတယ်။
သို့သော် တကယ်အကျိုးပြုသလား ၊ ထိရောက်သလား ဆိုတာ တပိုင်းသပ်သပ် စဉ်းစားစရာပေါ့။
နိုင်ငံရေးစာပေကို လေ့လာတဲ့ နေရာမှာ၊  အပိုင်း (၃) ပိုင်းရှိတယ်လိုမြင်မိတယ်။
(၁) အရေးအသား အပိုင်း
(၂) အချက်အလက် နဲ့ credibility အပိုင်း
(၃) အတွေးအခေါ် အပိုင်း လို့ ဆိုခြင်တယ်။
ကွန်မြူနစ် တွေက အရေးအသား အပိုင်းမှာ ထူးချွန်တယ်လို့ပြောလို့ရပါတယ်။
အချက်အလက်အပိုင်း မှာ အားနဲ တဲ့အတွက် credibility အပိုင်းမှာအားနဲတယ်။
အတွေးအခေါ် အပိုင်းမှာတော့ အား အနဲဆုံးပဲ လို့ဆိုခြင်တယ်။
ဒါကြောင့် သားချစ်ဇော်ပြော တဲ့ ၀င့်တင်ထွန်း စာတွေဖတ်လို့ ကောင်းတယ်ဆိုတာ ကို နားလည်တယ်။ နိုင်ဝင်းဆွေ ရဲ့ အရေးအသားကိုကြိုက်မှကြိုက်။

သားချစ်ဇော် သို့ ... စာရေးသူ နှင့် စာဖတ်သူ

by Bo K Nyein on Thursday, October 18, 2012 at 3:27pm ·

အပိုင်း (၂ )


(၈)
အနောက်နိုင်ငံ တွေ နဲ့ ကွာတာက 
အနောက်နိုင်ငံ တွေ နဲ့ ကွာတာက အနောက်နိုင်ငံ တွေမှာ စည်းရှိတယ်။ သူများရေးတာဆို credit ပေး ၊  အချက်အလက် မှန်ပါစေ။ မမှန်ရင် credibility ထိတော့တာပဲ။
ဒါတောင် သူတို့စီမှာလည်း (A) list  နဲ့ (B) list ကွာသွားတာရှိတယ်။ level မတူတာတွေရှိတယ်။
ဥပမာ Bertil Linter နဲ့ Martin Smith တို့ရဲ့ စာအုပ်တွေဟာ အဆင့်အတန်း ရှိတယ်။ facts တွေကို သေသေခြာခြာ check လုပ်ထားပြီး စာအုပ်ကို reference လုပ် ၊ ဘယ် Interview မှာ ဘယ်သူက ပြောတာပါ ဆိုပြီး နောက်ဆက်တွဲ ရှင်ပြထားတယ်။ Statement တစ်ခုကို လွယ်လွယ်မပေးဖူး။ ဘာကြောင့်လဲ။ သူတို့နံမည် ၊ သူတို့သိက္ခာကို သူတို့ လေးစားသည်မို့ပါ။ ဒီစာရေးဆရာ တွေရဲ့ one chapter မှာ reference လုပ်ထားတဲ့ စာအုပ် ဆောင်းပါးတွေဟာ ၀င့်တင်ထွန်း စာအုပ် တစ်တစ်အုပ်လုံးထက် အဆများစွာ ပိုပါတယ်။ ဒါက ဘာကိုပြတာလည်း ဆိုရင် နဲနဲလေးရေး ပြနိုင်ဖို့ ၊ ဘယ်လောက် ကြိုးစားရတယ် ၊ ဘယ်လောက် ဖတ်ရတယ် သုတေသန research လုပ်ရတယ် ဆိုတာကို ပြတာပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ရေးတဲ့ Than Shwe: Unmasking Burma’s Tyrant ကိုရေးတဲ့ Benedick Rogers ဟာ ထင်ပေါ်ပြီးသား သတင်းသမား တစ်ယောက်ပါ။ သို့သော် မြန်မာ အက်တစ်ဖစ် တွေ နဲ့ အနေနီး ပြီး ၀ါရှင်တန်က မြန်မာ လုပ်စား တွေဖြီးတာ ယုံပြီး သွားရေးတော့ ဆားမပါတဲ့ ဟင်း စားရသလို ၊ ဟောလီဝုဒ် က (B) movie ကြည့်ရသလို ၊ ညံ့လိုက်တာ။ သတင်း နဲ့ အတင်း တွေရောနေတယ်။ ဗိုလ်ချုပ်သန်းရွှေ တို့ခေတ် က ပိတ်ကစားတာ ၊ ဘယ်သူမှ အနားအကပ် ခံတာမှ မဟုတ်တာ။
သူ့ထက်ဆိုးတာက Shelby Tucker ။ ဘာအဆင့်မှ မရှိ။

Saturday, October 6, 2012

Saturday, 06 October 2012 08:34

ပြုပြင်ပြောင်းလဲရေးခေတ်သစ်မှ တစ်မူ ထူးခြားလှသည့် ဒီမိုကရေစီရောင်းရင်းနှစ်ဦး

Written by  အောင်ကျော်စိုး

ခု ဖော်ပြပါဆောင်းပါးမှာ နာမည်ကျော် အမေရိကန် သတင်းစာ တစ်စောင်ဖြစ်သော နယူးယောက်တိုင်းမ်၏ ပင်တိုင်ဆောင်းပါးရှင် Bill Keller အင်တာဗျူး တစ်ပုဒ် အနက်မှ အချို့ကို မှီငြမ်း ကောက်နုတ် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Bill Keller သည် သမ္မတ ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် ၎င်းကို သွားရောက်တွေ့ဆုံ၍ မေးခွန်း အတော်များများ မေးမြန်း ခဲ့သလို တစ်ချိန်တည်း မှာပင် အဆိုပါ နိုင်ငံသို့ရောက်ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း မတူညီသည်များကို ဘေးချိတ်ပြီး တူညီသည်များကို အပေးအယူ မျှစွာဖြင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် Bill Keller က 'The Burmese Odd Cople' ဟူသောခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် ဆောင်းပါးကို 'ပြုပြင်ပြောင်းလဲရေး ခေတ်သစ်မှ တစ်မူ ထူးခြားသည့် ဒီမိုကရေစီ ရောင်းရင်းနှစ်ဦး' ဟု ဆီလျော်အောင် မြန်မာမှု ပြုလိုက်ပါသည်။

Monday, July 16, 2012

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ (ဘိုဘိုကျော်ငြိမ်း)အပိုင်း ၎


ဗိုလ်ရဲထွဋ် နှင့် တပ်ရင်း (၃)

ကန္ဒီစာချုပ် အရ PBF တော်လှန်ရေးတပ် တွေဖွဲ့စည်းအပြီး Annual report အပြီးမှာ …ဗိုလ်ရဲထွဋ်ကို သူ့တပ်ရင်းမှူး က မလိုချင်တော့ဖူး။ တပ်ရင်မှူးတွေက အင်္ဂလိပ် ဒုဗိုလ်မှူးကြီးတွေ ….တပ်ရင်း (၄) ကိုပြောင်းဖို့လုပ်လို့ မရရင် ပြုတ်မယ်။ ဒါကြောင့် ဗိုလ်ကျော်ဇော် စီ အကူအညီ တောင်းလာတယ်။ အဲဒီအချိန်မှာ ဗိုလ်စန်းယု က ဗိုလ်မှူးဖြစ်ဖို့ အလှည့်။ ရဲဘော် (၃) ကျိပ်ဝင် ဗိုလ်ရဲထွဋ် အတွက် အနာခံ ခဲ့ကြရတယ်။ ဗိုလ်ကျော်ဇော် ပြောင်းသွားရတော့ ဗိုလ်ရဲထွဋ် တပ်ရင်းမှူး လုပ်ချင်တယ် လို့ဗိုလ်လက်ျာကို သွားပြောလို့ ဗိုလ်ချစ်မြိုင် ဟာ ခေတ္တတပ်ရင်းမှူးက ဒုတပ်ရင်မှူး (2IC) ကို ပြန်ဆင်းပေး ခဲ့ရတယ်။ု ဗိုလ်ရဲထွဋ် က အင်္ဂလိပ်စာ မတတ်ဖူး။ ဗိုလ်ကျော်ဇော် နဲ့မတူတာက ဗိုလ်ရဲထွဋ် ကဗိုလ်ကျော်ဇော်လို မကြိုးစားဖူး။ ဥပမာ အင်္ဂလိပ် လိုမတတ်တာကြောင့် Military Law ကိုနားမလည်ဖူး။ အထက်ကလာ အင်္ဂလိပ်လိုရေးထားတဲ့ အမိန့်တွေကို ကောင်းကောင်း နားမလည်နိုင်ဖူး။ တချိန်ထဲမှာ ဘယ်လို စာပြန် ရမှန်း မသိဖူး။ ဒါကြောင့် မကြာခဏ ဗိုလ်ချစ်မြိုင်ကို အကူအညီတောင်းရတယ်။ ဒါကြောင့် တပ်ရင်း (၃) ကို တပ်ရင်းမှူး ဗိုလ်ရဲထွဋ် ထက် ဒုတပ်ရင်းမှူး ဗိုလ်ချစ်မြိုင် က ပိုပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်ခဲ့တာ ၊ ဗိုလ်ရဲထွဋ်ထက် တပ်ကိုပိုသြော်ဇာရှိတာ အခုမှရှင်း သွားတော့တယ်။ တပ်သားတွေ နဲ့ ထိတွေ့ရာမှာရော Admin မှာပါ ဗိုလ်ချစ်မြိုင်ကို မကျော်နိုင်ဖူး။ ပြီးနောက်မှ ရောက်လာတဲ့ တပ်ရင်းမှူး။

ကွန်မြူနစ်နှင်.ဆိုရှယ်လစ်ဗိုလ်ချုပ်များ(ဘိုဘိုကျော်ငြိမ်း)အပိုင်း ၃

ဗိုလ်နေ၀င်း နဲ့ ဗိုလ်ဇေယျ ရင်ဆိုင်တွေ့ ပြီ

ဗိုလ်လက်ျာက ကရင်စစ်ဗိုလ်တွေနဲ့ ပေါင်းသွားတော့ ဗိုလ်နေ၀င်းရဲ့ ပြိုင်ဖက်က ဗိုလ်ဇေယျလာဖြစ်တယ်။

ဒီနေရာမှာ နဲနဲ ရှုပ်ထွေးစရာရှိတာက ဂျပန်တော်လှန်ရေးအပြီး … အင်္ဂလိပ်ပြန်အ၀င်မှာ .. ဖဆပလအဖွဲ့ကြီးအတွင်းမှာ ကွန်မြူနစ် နဲ့ ဆိုရှယ်လစ်တွေ အားပြိုင်နေကြပေမဲ့ စစ်တပ်အတွင်းမှာတော့ လက်ဝဲ နဲ့ လက်ျာ အားပြိုင်မှု က ပို ပြင်းထန်တယ်။ အကြောင်းက ကန္ဒီစာချုပ် မှာကတည်းက အင်္ဂလိပ်က Two Wings Army policy ကိုကျင့်သုံးလာတယ်။ အဓိက က ဗမာတပ်တွေကို မယုံဖူး။ ဒါကြောင့် တဖက် က ဗမာတပ်ရင်း (၃) ခုကိုပဲ ဖွဲ့ခွင့်ပေးပြီး ကျန်တဖက် က တိုင်းရင်းသားတပ်တွေနဲ့ ၀ိုင်းရံထားပြီး တိုင်းရင်သားတပ်တွေကို မြှောက်ပေးထားတဲ့ အင်္ဂလိပ်တွေရဲ့ နှစ်ဖက်သွားပေါ်လစီပဲ။ Mary Calllahan စာအုပ် စာမျက်နှာ ၉၅ မှာ Two Wings Solution ဆိုပြီး အတိအကျရေးပြထားတယ်။ Mountbatten က ဗိုလ်ချုပ်အောင်ဆန်း ၊ အင်္ဂလိပ်အရာရှိတွေနဲ့ စည်းဝေးပွဲတွေမှာ ဗမာနိုင်ငံဟာ Dominion Status မရမချင်း အင်္ဂလိပ် Inspector General (IG) ကအုပ်ချုပ်ရမယ်။ ဒီမျက်နှာဖြူ အရာရှိအောက်မှာ မှ ဗမာစစ်သားတွေက တစ်ဖက် ၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကတဖက် နှစ်ဖက်ရှိရမယ်။ ဗမာစစ်သား တွေဖက်ကို ဗမာ (DIG) Deputy IG ကအုပ်ချုပ် ၊ တိုင်းရင်သားတွေဖက်ကို ကရင် (သို့) ကချင် (သို့) ချင်း DIG ကအုပ်ချုပ်စေဆိုပြီး ဗြောင်သွေးခွဲ ဖို့အစီအစဉ် ရေးဆွဲခဲ့ကြတယ်။ ဒီလို ဗြောင်သွေးခွဲခဲ့ရုံ မက တပ်တွေကို ပါဖွဲ့စည်းပေးခဲ့တာကြောင့် ပြည်တွင်းစစ် ဟာမရှောင်နိုင်တော့ဖူး။ ဒိအပြင် အင်္ဂလိပ် IG Thomas ဟာ စစချင်းကတည်းက ကရင်စစ်ဗိုလ်တွေကို ရာထူးတွေတိုးပေးခဲ့တယ်။ ရည်ရွယ်ချက်က ကရင်စစ်ဗိုလ်တွေဟာ ရာထူးကြီးကြီးရထားရင် အင်္ဂလိပ်ကိုမုန်းတဲ့ တော်လှန်ရေးစစ်ဗိုလ်တွေ တပ်ကိုမစီးနိုင်ရအောင်အကြံနဲ့တဲ့ (Mary Callahan - စာမျက်နှာ ၁၀၅)

ကွန်မြူနစ်နှင်.ဆိုရှယ်လစ်ဗိုလ်ချုပ်များ(ဘိုဘိုကျော်ငြိမ်း)အပိုင်း ၂

ဂျပန်ကလွပ်လပ်ရေးပေးပြီ

ဂျပန်ကလွပ်လပ်ရေးပေးတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးကြီးမှ ဗိုလ်ချုပ် (Major General) ဖြစ်လာကာစစ်ဝန်ကြီးရာထူးပါရလိုက်သည်။ ဗိုလ်စကြာက ဒုဝန်ကြီး။ ဗိုလ်လက်ျာက တပ်များကိုစနစ် တကျနေရာချထားရေး အတွက်တာဝန်ယူရသော စစ်ဖက်ရေးရာဗျူရို အကြီးအကဲလာဖြစ်ကြသည်။ နှစ်ယောက်စလုံး ဗိုလ်မှူကြီးရာထူးနှင့်။ ဗိုလ်ဇေယျ က (ဒု) ဗိုလ်မှူးကြီးရာထူးနှင့် မင်္ဂလာဒုံဗိုလ်သင်တန်း ကျောင်းအုပ်လာဖြစ်ချိန်တွင် ဗိုလ်နေ၀င်းကို ဗိုလ်ချုပ်အောင်ဆန်းက သူ၏နေရာ စစ်သေနာပတိချုပ် အဖြစ်ရွေးချယ်လိုက်သည့် အတွက် … ဗိုလ်မှူးမှ တဆင့်ကျော်ကာ ဗိုလ်မှူးကြီးဖြစ်လာပါသည်။ (ဗိုလ်မှူးချုပ် မောင်မောင်စာအုပ် - စာမျက်နှာ ၈၄-၈၅)

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ(ဘိုဘိုကျော်ငြိမ်း)

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ

မေလ ၁၂ရက် ၂၀၁၂

အပိုင်း (၁)

မနေ့က တမင်းဆိုင်မှာ စာပေလောက က လူငယ်တစ်ယောက်နဲ့ စကားစပ်မိရင်း လူငယ်က ဦးကျော်ငြိမ်းသားမှန်းသိတာကြောင့် ထင်ပါရဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေ အကြောင်း မေးလာတယ်။ တချိန်ထဲမှာ ကွန်မြူနစ် စစ်ဗိုလ်တွေ နဲ့ ကွန်မြူနစ် စစ်ဗိုလ်တွေ ရဲ့ အားပြိုင်မှု ရာဇ၀င်အကြောင်း လည်းသိချင်ပုံရတယ်။ ဘာမှသိပ်..မဆွေးနွေးရသေးခင်မှာ အမျိုးသမီးက မိုးချုပ်နေမယ်လို့ သတိပေးလို့ ထပြန်ခဲ့ရတယ်။ အားမလို ၊ အားမရဖြစ်ခဲ့ရတယ်။ ပြန်တွေးကြည့်တော့ မိမိ ဖခင်ကြီးအကြောင်း ရေးဖို့ရာ လွပ်လပ်ရေးရာဇ၀င်ကို စနစ်တကျ စတင်လေ့လာစဉ်ကလည်း … မေးခွန်းမေးလာ တဲ့ လူငယ်ကဲ့သို့ .ဆိုရှယ်လစ် စစ်ဗိုလ်တွေ အကြောင်း ဂဃနဏ သိချင်လို့ .. မနည်းကြိုးစား ..လေ့လာခဲ့ရတယ်။ အကြောင်းက ..မြန်မာနိုင်ငံရဲ့ စစ်တပ်လို့ ..ဆိုတာနဲ့ … ရဲဘော်သုံးကျိပ်..ဆိုတာက ရှေ့တန်းရောက်လာတယ်။ တချိန်ထဲမှာ ..ရဲဘော်သုံးကျိပ် ဆိုတာနဲ့ … ကွန်မြူနစ် ..စစ်ဗိုလ်တွေကိုပဲ ..မျက်စိထဲ..ပေါ်လာတယ်။

Thursday, December 29, 2011

- ကိုဇာဂနာ ပြောသော Political Prisoners များအတွက် ပြည်တွင်းသို့ မရောက်သည့် ပြည်ပ ထောက်ပံ့ငွေများ အကြောင်း
-ဇာဂနာ
-28-12-2011

- နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ငွေ မရဟုဆိုလျှင် အဓိက တာဝန်ရှိသူမှာ AAPP ဟုခေါ်သော နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းဖြစ်၏။

AAPP သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း တစ်နှစ် ကို ထိုင်းဘတ်ငွေ သိန်း ၅၀ ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမဲဆောက်မြို.မှာ ရှိတဲ့ အဖွဲ. အစည်း တွေကို နိုင်ငံတကာ က ထောက်ပံ့ကြေးတွေ အလွန်လျှော့ချ ထားချိန်မှာ ကိုပဲ AAPP က အများ ဆုံး ရခဲ့တာဖြစ်ပါ တယ်။




၂၀၀၄ ခုနှစ် AAPP ညီလာခံမှာ AAPP ရဲ့ အဂတိလိုက်စားမှုများကို ကျွန်တော်ကိုယ်တိုင် တင်ပြခဲ့ပါတယ်။


Monday, December 5, 2011

အမေရိကန် သမ္မတ မှ မြန်မာပြည်သို့ အိတ်ဖွင့်ပေးစာ

အမေရိကန် သမ္မတ မှ မြန်မာပြည်သို့ အိတ်ဖွင့်ပေးစာ

Obama’s Letter to Aung San Suu Kyi
US Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Burma’s leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စ ဟီလာရီ ကလင်တန်တို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ရင်းနှီးစွာ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)
Aung San Suu Kyi
Rangoon, Burma
Daw Aung San Suu Kyi:
It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.
I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton’s visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.
I thank you for your welcome of the Secretary’s visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.
Sincerely,
Barack Obama
Obama’s Letter to Thein Sein
Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Burma’s President Thein Sein on Thursday. Here is the letter in full as released by the State Department:
His Excellency
Thein Sein,
President of the Union of Burma,
Naypyidaw
Dear President Thein Sein:
I am pleased we had an opportunity to see each other in Bali (Indonesia), at the US-Asean Leaders Meeting two weeks ago. I am encouraged that under your leadership your country has undertaken several encouraging steps on the path toward reform.
I have asked Secretary of State Clinton to visit your country to discuss your vision for reform, explore how the United States can support and advance your efforts to transition to democracy and promote protection of human rights, and talk directly to your government and citizens about prospects for enhancing relations between our two countries. To that end, she will engage your government about our continuing concerns in the spirit of mutual interest and mutual respect. There is much work to be done, and as Secretary of State Clinton and I have said previously, the United States stands ready to serve as a genuine partner in your effort to achieve lasting change.
I appreciate your government’s help in planning and preparing for this milestone visit. I look forward to hearing the tangible outcomes of Secretary Clinton’s discussions, which we all hope will put us on a path to a new phase in our bilateral relationship.
Sincerely,
Barack Obama

Thursday, December 1, 2011

မြန်မာ့နိုင်ငံရေး သမိုင်းကာလများ

မြန်မာ့နိုင်ငံရေး သမိုင်းကာလများ

မြန် – ကန် ဆက်ဆံရေးမှာ ဘယ်သူပို အကျိုးရှိမလဲ

မြန် – ကန် ဆက်ဆံရေးမှာ ဘယ်သူပို အကျိုးရှိမလဲ

မြန် – ကန် ဆက်ဆံရေးမှာ ဘယ်သူပို အကျိုးရှိမလဲ
By featured, အောင်ဇော် on November 28, 2011 3:32 pm in ဆောင်းပါး / 22 comments,  Hits: 17,984


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်ကို ဒီတပတ်မှာ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် သွားတဲ့ ဒီခရီးစဉ်မှာ သူဟာ သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်တွေ နဲ့ရော၊ အတိုက်အခံတွေနဲ့ပါ တွေ့ဆုံမှ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက လူမှုအဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုလည်း တွေ့ဆုံမှာပါ။
ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းစာဆရာတွေက ထောင့်မျိုးစုံက ဝေဖန်ရေးသားကြပါတယ်။ ကလင်တန် မြန်မာပြည်ကို သွားရမယ်၊ ကြိုဆိုရမယ် ဆိုတဲ့သဘောထားကိုတော့ မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ ဒီလိုင်းကို သဘောတူတယ်လို့ ဆိုရမှာပါ။
ဒါပေမယ့် ဒီခရီးစဉ်ဟာ ဘယ်လို သက်ရောက်မှုတွေ ရှိမှာလဲ၊ ဘယ်လို Strategy နဲ့ မြန်မာအစိုးရနဲ့ အတိုက်အခံတွေကို ချဉ်းကပ်မှာလဲဆိုတဲ့နေရာမှာတော့ သဘောထားတချို့ ကွဲလွဲပုံရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံသို့ တက်ရောက်လာသော မစ္စ ဟီလာရီ ကလင်တန်ကို နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဓာတ်ပုံ - AP)
ပထမဆုံး အနေနဲ့ ကလင်တန်ကိုယ်တိုင် ပြောခဲ့တဲ့စကား တချို့ကို လေ့လာမယ် ဆိုရင်တော့ မြန်မာပြည်ကို သွားတဲ့ ခရီးစဉ်ဟာ ပြစ်ဒဏ်ချ ပိတ်ဆို့အရေးယူမှုတွေကို ပယ်ဖျက်ဖို့ မဟုတ်ပါဘူး၊ မြန်မာပြည်မှာ လောလောဆယ် ဖြစ်ပေါ်တိုးတက် ပြောင်းလဲနေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို သူကိုယ်တိုင် မျက်ဝါးထင်ထင် လေ့လာဖို့၊ ၂ ဘက်စလုံးနဲ့ တွေ့ဆုံဖို့၊ ပြီးတော့ အမေရိကန် အစိုးရရဲ့ မြန်မာပြည် အပေါ်ထားတဲ့ သဘောထားကို တေ့တေ့ဆိုင်ဆိုင်ပဲ ထိပ်ပိုင်း အစိုးရခေါင်းဆောင်ပိုင်းကို မျက်နှာချင်းဆိုင် တွေ့ပြီး ပြောဖို့ အပြင် အခု ပြည်တွင်းမှာရနေတဲ့ အရှိန်ကို သေမသွားအောင် ဆက်တွန်းအားပေးဖို့ ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်မှာ မြန်မာနဲ့ အမေရိကန် အနာဂတ် စီးပွားကုန်သွယ်ရေး ကိစ္စတွေနဲ့ သံတမန်ရေးရာ ဆက်ဆံရေး တိုးမြှင့်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးနိုင်ပါတယ်။

မြန်မာပြည် အထီးကျန်ဖြစ်မှာကို စိုးရိမ်တဲ့ ကျနော့်သဘောထားကတော့ ကလင်တန်ရဲ့ ခရီးစဉ်ကို သဘောကျပါတယ်။
အမေရိကန်ရဲ့ မြန်မာပြည်ပေါ်လစီဟာ အငြင်းပွားဖွယ်ရာတွေ နိုင်ငံတကာမှာ ရှိပေမယ့် သူ့ရဲ့ လောလောဆယ် ဖော်ဆောင် နေတဲ့ Principled engagement နဲ့ Sanction ဟာ အသင့်တော်ဆုံးလို့ ယူဆရတဲ့အတွက် ကလင်တန်ဟာ မြန်မာပြည်က ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာလဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား ပဋိပက္ခ အရေးတွေနဲ့ ပတ်သက်လာရင် အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောမှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ အထူး ကိုယ်စားလှယ် ဒဲရစ် မစ်ချယ် ကလည်း မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ရာမှာ အမေရိကန်ရဲ့ ပေါ်လစီကို ထပ်ခါတလဲလဲ ရှင်းပြပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။
ဒဲရစ် မစ်ချယ် ရှိနေရက်နဲ့ ကလင်တန်က ဘာကြောင့် သွားခဲ့တာလဲဆိုရင်တော့ ဒါဟာ အမေရိကန်အစိုးရရဲ့ Plan B ဖြစ်သလို၊ မြန်မာဘက်ကလည်း ဒီခရီးစဉ်ကို လိုလိုလားလား ရှိတဲ့အတွက်ကြောင့် ၂ ဘက် လမ်းဖွင့်ကြတဲ့ ကိစ္စဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိအနေအထားအရ မြန်မာအစိုးရကို ဆက်ပြီး တွန်းအားပေးဖို့ အကောင်းဆုံးကာလလို့ အမေရိကန်ဘက်က ယူဆလို့လည်း ဖြစ်နိုင်ပါတယ်။
Air Force One ပေါ်ကနေ သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တုန်းကလည်း အတိုက်အခံ ခေါင်းဆောင်က ကလင်တန်ရဲ့ ခရီးစဉ်ကို မီးစိမ်းပြခဲ့ပြီးသား ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ အပြောင်းအလဲကာလတခုကို သွားနေတဲ့ ဒီနေ့ မြန်မာပြည်မှာတော့ အကောင်းဘက်ကို ရှေးရှုတယ်လို့ပဲ ကျနော်မြင်ပါတယ်။
ဒီခရီစဉ်သတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်က ကုန်သည်စီးပွားရေး လောကမှာ တချို့ပြောနေတဲ့အသံတွေ ကတော့ မြန်မာပြည်နဲ့ အမေရိကန်အကြား ဆက်ဆံရေးတွေ ပြန်ကောင်းလာတော့မယ်၊ သံတမန် ဆက်ဆံရေးကို ပုံမှန်ကနေ ပိုပြီးတိုးမြှင့်မယ်၊ သံအမတ်အဆင့် ပြန်ထားမှာကို ပြောတာပါ၊ ပြီးတော့ ပိတ်ဆို့မှုတွေကို နောက်နှစ်ထဲမှာ ရုပ်သိမ်းတော့မယ် ဆိုတဲ့အသံတွေပဲ ဖြစ်ပါတယ်။
အမေရိကန်ဟာ မြန်မာနဲ့ ဆက်ဆံရေးမှာ သူ့ရဲ့ စံတွေရှိပါတယ်။ အဲဒီဘက်မှာ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ တိုင်းရင်းသားနယ်တွေအတွင်း ဖြစ်နေတဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ဖို့ စတဲ့ အဓိကအချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာ အစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကလည်း အဖုအထစ်ဖြစ်စရာ တွေ့ခဲ့ရပါတယ်။ အရင်စစ်အစိုးရလက်ထက် မြန်မာ့တပ်မတော်ဟာ မြောက်ကိုရီးယား ဆီက နျူကလီးယား နည်းပညာတွေ လက်ခံရယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန်က ပြောခဲ့တာကြောင့် ဖြစ်ပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် ရစ်ချက် လူဂါက ဒီကိစ္စကို ပြီးခဲ့တဲ့အပတ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ကလင်တန်သွားမယ့် အချိန်နဲ့ကိုက်ပြီး အထက်လွှတ်တော်အမတ်က ပြောခဲ့တာပါ။ ကလင်တန်ဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေကို မြန်မာခေါင်းဆောင် တွေနဲ့ တွေ့တဲ့အခါမှာ ထပ်ပြီး မဖြစ်မနေ ပြောဆိုရမှာပါ။
ဒါပေမယ့် ဆက်ဆံရေးပြေပြစ်ဖို့ အလားအလာကောင်းတွေ ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒဲရစ် မစ်ချယ် ကရော ကလင်တန်ကပါ တရားဝင်ပြောခဲ့တဲ့ စကားတွေရှိပါတယ်။ မြန်မာဘက်က နိုင်ငံရေး ပြောင်းလဲတိုးတက်မှုတွေဟာ ရေရှည်တည်တံ့မယ်ဆိုရင် အမေရိကန်ကို မြန်မာကနေ မိတ်ဆွေအဖြစ်နဲ့ မြင်ရမယ်လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို တံခါးကို ဖွင့်ပေးလိုက်တာဟာ အခွင့်အလမ်းကောင်းလို့ပဲ ကျနော် ယူဆမိပါတယ်။ ဒီအခွင့် အလမ်းကို လက်ဆုပ်လက်ကိုင် ယူပြီး အမေရိကန်နဲ့ မြန်မာဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် တည်ဆောက် ရမယ်လို့ ထင်ပါတယ်။
သမ္မတ အိုဘားမားကလည်း သမ္မတ ဦးသိန်းစိန် အစိုးရကို ဒီအခွင့်အရေး လက်လွတ်မခံဖို့ ပြောခဲ့ပြီးဖြစ်ပါတယ်။
ပိတ်ဆို့မှုတွေကို အပြီးရုပ်သိမ်းရေးကတော့ လွယ်လွယ်နဲ့ ဖြစ်လာမှာ မဟုတ်သေးပါဘူး။ ဒီဥပဒေတွေက အမေရိကန်သမ္မတ တဦးတည်း အမိန့်ပေးပြီး ဖျက်ပစ်လိုက်လို့ ရတဲ့ ဥပဒေမဟုတ်ပါဘူး။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဥပဒေပါ။ ကွန်ဂရက်ရဲ့ အတည်ပြုချက်ကို ယူရမှာဖြစ်ပါတယ်။
၂၀၀၇ – ၂၀၀၈ မှာ ပြဌာန်းခဲ့တဲ့ JADE ACT ကိုတောင် အခုထိ ဖော်ဆောင် အရေးယူမှုတွေ မလုပ်ရသေးဘူး ဆိုရင်တော့ ပိတ်ဆိုမှုကို ရုပ်သိမ်းဖို့ မလွယ်လှပါဘူး။
ဝါရှင်တန်က သြဇာကိတ္တမ ကြီးမားတဲ့ ဝါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အယ်ဒီတာတွေရဲ့ အာဘော်တွေမှာလည်း မြန်မာပြည်ဟာ ဖိနှိပ်မှုတွေ ရှိနေသေးတဲ့ နိုင်ငံလို့ သတိပေးရေးသားခဲ့ပြီး ဖြစ်ပါတယ်။
၂၀၁၂ မှာ ပြုလုပ်မယ့် အမေရိကန် ရွေးကောက်ပွဲကလည်း ရှိသေးတော့ အိုဘားမား အစိုးရအနေနဲ့ မြန်မာပြည်ကို လွယ်လွယ်ကူကူနဲ့ ပိတ်ဆို့ အရေးယူထားတဲ့ ပေါ်လစီကို လျှော့ပေးမှာ မဟုတ်တာတော့ အသေအချာပါပဲ။
ဒါကြောင့် ကလင်တန်ရဲ့ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်အပါအဝင် အားလုံးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့မယ်၊ စကားတွေ ပြောကြမယ်၊ ဓာတ်ပုံတွေရိုက်ကြမယ်၊ ဆက်ဆံရေးကောင်းဖို့ ကြိုးစားကြမယ်၊ ကတိကဝတ် တချို့ကို ပေးကြမယ်၊ ဒါပေမယ့် တကယ်ဆက်ပြီး လုပ်ပြရမှာကတော့ သမ္မတ ဦးသိန်းစိန်အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။
အတိုက်အခံတွေ၊ ထောင်ကလွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲပြီး ၁၉၈၈ ကတည်းက လှေခွက်ချည်းကျန် အလံမလှဲဘဲ မဆုတ်မနစ်တဲ့ ဒီမိုကရေစီ ဇွဲလုံ့လနဲ့ ရင်ဆိုင်ဖြတ်သန်းလာခဲ့တဲ့ သူတွေကိုလည်း ကလင်တန်က တွေ့ဆုံမှာပါ။
သူတို့ဟာ မြန်မာပြည်ရဲ့ သူရဲကောင်းတွေပါ။ ဒီခရီးစဉ်ဟာ အရှေ့တောင်အာရှမှာ ပိတ်ဆို့မှုတွေ နှစ်ရှည်ခံစားနေရပြီး မျက်နှာ ငယ်ခဲ့ရတဲ့ မြန်မာပြည်သားတွေ အတွက်ကတော့ တန်ဖိုးရှိတဲ့ ခရီးစဉ်ပါ။
ဒီလိုပြည်တွင်းရေးတွေအပြင် မြန်မာနိုင်ငံဟာ အင်အားကြီး တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိနေတဲ့ နိုင်ငံငယ်လေးပါ။ ၁၉၈၈ – ၈၉ လောက်က စပြီး တရုတ်အစိုးရနဲ့ တရုတ်နိုင်ငံအပေါ် မှီခိုခဲ့ရတာတွေ ရှိတဲ့အပြင် မြန်မာပြည်ရဲ့ သယံဇာတ တွင်းထွက်တွေ ဟာလည်း တရုတ်ရဲ့ လက်ထဲ အပ်ခဲ့ရတာများပါတယ်။ မြန်မာဟာ တရုတ်ရဲ့ ကိုလိုနီဖြစ်တော့မယ်ဆိုပြီး ပြောကြ၊ ရေးကြ တာတွေလည်း ရှိပါတယ်။ မြန်မာဟာ မဟာဗျူဟာအရ အရေးပါတဲ့ ဘင်္ဂလားပင်လယ်အော်ကို ဖောက်ထွက်နိုင်မယ့် လမ်းကြောင်းလို့ တရုတ်က တွက်ဆထားတာပါ။
ဒါကြောင့် တရုတ်ကို မှီခိုခဲ့ရတဲ့ မြန်မာပြည်ဟာ တခြားအင်အားကြီးနိုင်ငံတွေနဲ့ ချိန်ခွင်လျှာညှိဖို့ လိုပါတယ်။
လက်ရှိ အမေရိကန်အစိုးရရဲ့ မူဝါဒကလည်း အာရှ – ပစိဖိတ်ဒေသက တဖဝါးမှ မခွာဘဲ သူ့ရဲ့ လက်ရှိ မဟာမိတ်တွေအပြင် တခြားဒေသတွင်းက နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အာရှ – ပစိဖိတ်ရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်လို့ အိုဘားမားတို့ဘက်က ပြောပြီးဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဟာ ရေရှည်မှာတော့ အကျိုးတူပူးပေါင်းစရာတွေ အများကြီး ရှိတယ်လို့ပဲ ပြောချင်ပါတယ်။ နှစ်ဘက် စလုံး အကျိုးရှိနိုင်ပါတယ်။
တချိန်ချိန်မှာ မြန်မာပြည်ဟာ  နိုင်ငံတကာကို ပြန်ဝင်ပြီး အမေရိကန်လို အင်အားကြီး ဒီမိုကရေစီနိုင်ငံ တနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်ရမယ်၊ မဟာမိတ် ပြန်လုပ်ရမယ်လို့ ကျနော်ယုံကြည်လို့ပဲ ဖြစ်ပါတယ်။

Saturday, August 20, 2011

NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူ

NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူ
ဓာတ်ပုံသတင်း
သြဂုတ် ၁၉၊ ၂၀၁၁
NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူကို ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယနေ့ ပြုလုပ်သည်။ (ဓာတ်ပုံများ-NLD facebook)


မိသားစု၊ NLD ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ဦးကြည်မောင်၏ မိတ်ဆွေဟောင်းများ တက်ရောက်ကြသည်။











Monday, August 15, 2011

ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး သမိုင်းမှ သင်ခန်းစာ တစ်ပုဒ်

ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး သမိုင်းမှ သင်ခန်းစာ တစ်ပုဒ်


Written by ကေမြူး
Thursday, 01 July 2010 13:39
၁။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးကြီး၌ ဗိုလ်ချုပ် အောင်ဆန်း၊
ဝန်ကြီးများ ဖြစ်ကြသော ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်နှင့် မန်းဘခိုင်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ကိုထွေးတို့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ ရသည်။ ဗိုလ်ချုပ် အောင်ဆန်းမှာ ဗြိတိသျှ ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယဥက္ကဋ္ဌ (ဒုတိယ၀န်ကြီးချုပ်) တာဝန်ကို ထမ်းဆောင်နေချိန်ဖြစ်သည်။
မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ ဘုရင်ခံက လုပ်ကြံ သတ်ဖြတ်မှုကို စစ်ဆေး စီရင်ရန် ၁၉၄၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် အထူး ခုံရုံးဖွဲ့စည်းသည့် ဥပဒေ ထုတ်ပြန်ခြင်းနှင့် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အထူးခုံရုံး ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း တို့ကို စီစဉ် ဆောင်ရွက်ပေးခဲ့သည်။ အထူးခုံရုံး သည် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ရုံး ထိုင်၍ ဦးစော၊ မောင်စိုး၊ သက်နှင်း၊ စိန်ကြီး(မောင်စိန်ခေါ် လှအောင်)၊ ရန်ကြီးအောင်(လှထွန်း)၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ(ဘိုနီ ခေါ် ဂနီ)၊ မှုံကြီး(မောင်မှုန်)နှင့် ဘညွန့်တို့ (၁၀)ဦး အား တရားစွဲဆိုခြင်းနှင့် ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမှုစတင် စစ်ဆေးခြင်းတို့ စတင် ဆောင်ရွက်ခဲ့သည်။ တရား စွဲဆိုခြင်း ခံရသူ ၁၀ ဦးအနက် ဦးစောသည် ဂဠုန်ဦးစော အဖြစ်လည်းကောင်း၊ နန်းရင်းဝန် ဦးစောအဖြစ် လည်းကောင်း ထင်ရှားခဲ့ပြီး လုပ်ကြံ သတ်ဖြတ်မှုကို စီစဉ် လှုပ်ရှားခဲ့သူ အဖြစ်လည်း ကျော်ကြားခဲ့ပါသည်။
အထူးခုံရုံး ရှေ့မှောက်တွင် ရှေ့နေချုပ်၏ မေးမြန်းချက်အား ဦးစော၏ ပြောကြားချက်များ အနက်မှ ဦးစော၏ဘ၀ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အောက်ပါ အတိုင်း ကောက်နုတ် ဖော်ပြအပ်ပါ သည်။
ကျွန်တော် ကျောင်းမှာ ၅ တန်း အောင်ပါတယ်။ ၁၉၂၇ ခုနှစ်မှာ အောက်တန်း ရှေ့နေ စာမေးပွဲ အောင်ပါတယ်။ အဲဒီနှစ်မှာ အောက်တန်းရှေ့နေ စာမေးပွဲ နောက်ဆုံးကျင်းပခြင်း ဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံရေးထဲ ၀င်တော့ ဂျီစီဘီအေ ၀ံသာနု အဖွဲ့ကို ၀င်ပါတယ်။ အဲဒီအဖွဲ့ကြီး ကွဲသွားတော့ ၂၁ ဦးအဖွဲ့ မှာပါပါတယ်။ ၁၉၂၂ ခုနှစ်မှာပါ။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ မှာ ၂၁ ဦး အဖွဲ့နဲ့ အခြား နိုင်ငံရေး အဖွဲ့ အစည်းများ ပူးပေါင်းကြပြီး ငါးပွင့်ဆိုင် အဖွဲ့ဖွဲ့ကြပါတယ်။ မျိုးချစ် ပါတီကို ၁၉၃၈ ခုနှစ်မှာ တည်ထောင်ပါတယ်။ ကျွန်တော့်ကို မျိုးချစ်ပါတီက ပထမဆုံး ခေါင်းဆောင်တင်မြောက်ပါတယ်။ မျိုးချစ်ပါတီဟာ သီးခြား ပါတီပါ။ ငါး ပွင့်ဆိုင်နှင့်မဆိုင်ပါ။ အဲဒီ အချိန်လောက် ကျတော့ ငါးပွင့်ဆိုင် အဖွဲ့လည်း ကွဲပါပြီ။
၁၉၂၇ ခုနှစ်မှာ ကျွန်တော် ဥပဒေ ပြုလွှတ်တော်ကို ပထမဆုံးအကြိမ် ရွေးကောက် တင်မြောက်ခြင်း ခံရပါတယ်။ သာယာဝတီ တောင်ပိုင်း မဲဆန္ဒ နယ်က တက်ပါတယ်။ ဗမာပြည်နဲ့ အိန္ဒိယပြည် ခွဲရေးတွဲရေး ပြဿနာကို အခြေခံတဲ့ရွေးကောက်ပွဲကြီးမှာ ကျွန်တော် သာယာဝတီ တောင်ပိုင်းကပဲ ယှဉ်ပြိုင် အရွေးခံပါတယ်။ သို့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ နောက် ၁၀လလောက် ကြာတော့ ဟင်္သာတ မြောက်ပိုင်း မှာ အရွေးခံရပါတယ်။
နန်းရင်းဝန် ဖြစ်ပြီး ၁၉၄၁ခုနှစ်မှာ လန်ဒန် သွားခဲ့ပြီး အပြန် စစ်အတွင်းက ကျွန်တော့်ကို ယူဂန်ဒါ နိုင်ငံမှာ ဖမ်းဆီး ထားခဲ့ပါတယ်။ ဘာကြောင့် ဖမ်းဆီးကြတယ် ဆိုတာ မသိပါ။ ရန်ကုန်ပြန်ရောက် ပြီး ၁၉၄၆ ခုနှစ်၊ မေလလောက်မှာ မျိုးချစ် ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော် ကြိုးပမ်းပါတယ်။ အဲဒီလမှာ စည်းဝေးကြပြီး အမှုဆောင် ကော်မတီဖွဲ့ပါတယ်။ ကော်မတီမှာ ၁၉ ယောက် ပါဝင်ပါတယ်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော် ဘုရင်ခံ အမှုဆောင် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပါတယ်။
ကျွန်တော့်ကိုယ် ကျွန်တော် ဂဠုန် စစ်သူကြီးလို့ ဘွဲ့ခံတာ ၁၉၃၆ ခုနှစ်ထဲမှာ ဖြစ်ပါလိမ့်မယ်။ ဂဠုန် အပျော်တမ်း တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ယူဂန်ဒါက ပြန်လာတော့ ပါတီကိုသာ အဓိကထားပြီး စည်းရုံးနေရလို့ ဂဠုန် တပ်ဖွဲ့ကို ပြန်မဖွဲ့နိုင်ပါ။ သာယာဝတီနယ်သား ပြည့်စုံ ကြွယ်ဝလှသည် မဟုတ်သော ၅ တန်း သာ အောင်မြင်ကာ အောက်တန်းရှေ့နေ လက်မှတ်သာ ရသည့် ဦးစောသည် ဗြိတိသျှ အစိုးရခေတ် နိုင်ငံရပ်ခြားမှ ဘွဲ့ရများ၊ ၀တ်လုံများ၊ တက္ကသိုလ်မှ ဘွဲ့ရများနှင့် အင်္ဂလိပ်စာ ရေးနိုင်ပြော နိုင်သူများ ကြားတွင် နိုင်ငံရေး နယ်ပယ်သို့ ခက်ခက်ခဲခဲ ထိုးဖောက် ၀င်ရောက်ခဲ့သည်။
ဟင်္သာတ မြောက်ပိုင်း မဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ်အဖြစ် အရွေးချယ် ခံရပြီးနောက် မြန်မာနိုင်ငံအား အိန္ဒိယ အင်ပါယာမှ ခွဲထုတ်၍ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်သစ် စမ်းသပ်ကျင့်သုံးချိန် ၁၉၃၇ ခုနှစ် ဧပြီလတွင် ဒေါက်တာဘမော် ဦးဆောင်၍ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ခဲ့ပြီး ဦးစောက လွှတ်တော်တွင် အတိုက်အခံ ခေါင်းဆောင် အဖြစ် လှုပ်ရှားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ ဖြစ်ပွားပြီး မြန်မာပြည်သူများ၏ နယ်ချဲ့ ဆန့်ကျင်ရေး အရှိန်အဟုန်မြင့်မားလာခဲ့ ၍ ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါက်တာ ဘမော်၏ ညွန့်ပေါင်းအစိုးရ အား လွှတ်တော်တွင် ဦးစောက အယုံ အကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချ နိုင်ခဲ့သည်။ ၁၉၃၉ ခုနှစ်ဆန်းတွင် နန်းရင်းဝန် အဖြစ် ဦးပုဖြစ်လာပြီး အစိုးရ အဖွဲ့ကို ခေါင်းဆောင်ကာ ဦးစောသည် လယ်ယာနှင့်သစ်တောဝန်ကြီး ဖြစ်လာ သည်။ ၀န်ကြီးဖြစ်လာပြီးနောက် ဦးစောသည် မျိုးချစ် ပါတီအား တောင့် တင်းအောင် ဖွဲ့စည်းပြီး အစိုးရအဖွဲ့တွင် မျိုးချစ်ပါတီဝင် များကို ရအောင်သွင်း၍ လွှတ်တော် အပါအ၀င် အဘက်ဘက်တွင် စည်းရုံးမှု၊ အင်အားစုစည်းမှုတို့ကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်။
၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် ဦးပု၏ အစိုးရ အဖွဲ့အား တစ်ဖက်လှည့်ဖြင့် အယုံအကြည် မရှိကြောင်း အဆိုကို တင်သွင်းစေပြီး အစိုးရအဖွဲ့မှ နုတ် ထွက်ခဲ့သည်။ အစိုးရအဖွဲ့မှ နုတ်ထွက်ပြီး နာရီဝက် အတွင်း၌ပင် အယုံအကြည် မရှိ အဆိုကို ထောက်ခံမဲ ပေး၍ ဦးပု အစိုးရ ပြုတ်ကျကာ ဦးစော နန်းရင်းဝန် ဖြစ်လာသည်။
နန်းရင်းဝန်အဖြစ် ဦးစောသည် ဗြိတိသျှ ဘုရင်ခံ အပါအ၀င် ဗြိတိသျှ အစိုးရ အရာရှိများဖြင့် သင့်တင့်အောင်ပေါင်း သင်းဆက်ဆံခြင်း၊ အတိုက်အခံများအား ဖြိုခွင်းခြင်း၊ တို့ဗမာ အစည်းအရုံးများမှ သခင် ခေါင်းဆောင်များအား နှိမ်နင်းခြင်း၊ ဗြိတိသျှ ဘုရင်ခံနှင့် အပေးအယူ လုပ်ဆက်ဆံပြီး နန်းရင်းဝန် သက်တမ်း ရှည်ရန် ရွေးကောက်ပွဲအား ရွှေ့ဆိုင်း ခြင်း၊ ရှေးမြန်မာ ဘုရင်များနှယ် လယ်ထွန် မင်္ဂလာပွဲ ခင်းကျင်းခြင်း၊ ဗြိတိသျှ ဘုရင်ခံနှင့် ညှိနှိုင်း၍ ဗြိတိသျှနန်းရင်း ၀န် မစ္စတာချာချီနှင့် သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံအား ကိုယ်ပိုင် အုပ်ချုပ်ရေး(Dominion) တောင်းဆိုရေး အတွက် ၁၉၄၁ ခုနှစ် စက်တင်ဘာလတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ လန်ဒန်သို့ ဦးစော သွားရောက်စဉ်က အတွင်းဝန် ဦးတင်ထွဋ်လည်း လိုက်ပါခွင့်ရခဲ့သည်။
ဗြိတိန် နိုင်ငံတွင် ဗြိတိသျှ နန်းရင်းဝန် မစ္စာချာချီနှင့် မြန်မာ နန်းရင်းဝန် ဦးစောတို့ တွေ့ရာတွင် မစ္စတာချာချီက ဗြိတိန်အနေဖြင့် လောလောဆယ် ဒုတိယကမ္ဘာစစ် အောင်နိုင်ရေး လုံးပမ်းနေ၍ စစ်ပြီးမှ မြန်မာ့အရေး စဉ်းစား ပေးပါမည်” ဟုသာ အဖြေစကား ပေးလိုက်၍ ဦးစောလည်း ဗြိတိန်မှ အမေရိကန် သို့ ခရီးတစ်ထောက်နားပြီး မြန်မာ နိုင်ငံသို့ ပြန်ခဲ့သည်။ ပါလက်စတိုင်း နိုင်ငံ ဟိုင်ဖာမြို့အရောက်တွင် အပြန် လမ်းခရီး လစ်စ်ဘွန်းမြို့ရောက်ရှိစဉ်က ဂျပန်သံရုံးသို့ သွားရောက်ဆက်သွယ်မှု အတွက် ဗြိတိသျှတို့က ထိန်းသိမ်း လိုက်ပြီး ယူဂန်ဒါနိုင်ငံတွင် အကျယ် ချုပ်ဖြင့် လေးနှစ်ခန့်ကြာ ထိန်းသိမ်း ထားခဲ့သည်။ ဗြိတိသျှတို့သည် ဦးစော အား တစ်လကျော်ခန့် လျှို့ဝှက် ထိန်း သိမ်းထားပြီးမှ ၁၉၄၂ ခု နှစ် ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ထိန်းသိမ်းထား ကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်ခွင့် မပြုသေးကြောင်း ကြေညာခဲ့သည်။ နန်းရင်းဝန်ဘ၀မှ အကျယ်ချုပ်ခံ အကျဉ်းသား ဘ၀ ရောက်ခဲ့ရသော ဦးစောသည်လည်း မြန်မာ နိုင်ငံရေး လှုပ်ရှားမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု တို့ဖြင့် မျက်ခြည်ပြတ်ခဲ့ရသည်။
၂။
၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သာယာဝတီ နယ်မှ စတင်၍ ဂဠုန်ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ပွားခဲ့သည်။ တောင်သူလယ်သမား တို့၏ လက်နက်ကိုင် ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး အရှိန်အဟုန်မှာ သာယာဝတီနယ်မှ မြန်မာနိုင်ငံ အနှံ့ အပြားသို့ ကူးစက်ခဲ့သည်။ ဗြိတိသျှ အစိုးရသည် တောင်သူလယ်သမားတို့ ၏ လက်နက်ကိုင်ဆန့်ကျင်မှုအား စစ်သည်နှင့်လက်နက်အင်အား ကြီးမား စွာသုံးစွဲ၍ ခြေမှုန်းခဲ့ရသည်။ ဦးစောသည် တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ရပ်စုံအား ဓာတ်ပုံ မှတ်တမ်းများ နှင့် ဗြိတိသျှတို့၏ ရက်စက်စွာ နှိမ်နင်းမှု တို့နှင့်အတူ ဂဠုန်အရေးတော်ပုံအမည် ဖြင့် စာအုပ်ပြုစုဖြန့်ဝေခဲ့သည်။ ဦးစော သည် ဂဠုန်အရေးတော်ပုံ စာအုပ်အား မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာ သို့ပါအစီအစဉ်တကျဖြန့်ဝေခဲ့ရာ ဗြိတိ သျှအစိုးရ၏ လိုက်လံသိမ်းဆည်း ပိတ် ပင်မှုခံရပြီး ဦးစောလည်း ဂဠုန်ဦးစော အဖြစ် နာမည်တွင် ကျော်ကြားခဲ့သည်။
ထို့ပြင် ဦးစောသည် နိုင်ငံရေး နယ်ပယ်တွင် ကျင်လည်လျှင် စာနယ် ဇင်းလောကနှင့် ကင်းကွာ၍ မရသည် ကိုလည်းကောင်း ၊ ဦးစော၏ မျိုးချစ် ပါတီ၏လှုပ်ရှားမှုအား ၀ါဒ ဖြန့်ချိမှုနှင့် စည်းရုံးမှု အတွက် ကိုယ်ပိုင်သတင်းစာ တစ်စောင် လိုအပ်သည်ကို လည်းကောင်း၊ ကောင်းစွာ သိမြင် ခံယူသည့် အားလျော်စွာ သတင်းစာ လုပ်ငန်းကို တစ်ဖက် တစ်လမ်းမှ ၀င်ရောက်လုပ်ကိုင် ခဲ့သည်။ ၀ိုင်အမ်ဘီအေ အသင်းမှ ဂျီစီ ဘီအေ အသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ သည့် အသင်းကြီး၏ စည်းရုံး လှုပ်ရှားမှုကို အားပေး ထောက်ခံသည့် ထိုစဉ်က အရှိန်အ၀ါကြီးလှသော သူရိယသတင်း စာတွင် ဦးစွာအစုရှယ်ယာများစွာ ထည့်ဝင်ပြီး စာနယ်ဇင်းလောကတွင် ကျင်လည်လှုပ်ရှားခဲ့သည်။ ၁၉၃၅ ခုနှစ် တွင် သတင်းစာဆရာအဖြစ် ဂျပန်နိုင်ငံ သို့ လှည့်လည်လေ့လာပြီး မြန်မာနိုင်ငံ ပြန်ရောက်ချိန်တွင် ဂျပန်နိုင်ငံနှင့် ဂျပန် လူမျိုးတို့အား ချီးမွမ်းခန်းဖွင့် ရေးသား ဟောပြောခဲ့သည်။
ထို့ပြင် ရဲဘော် သုံးကျိပ်နှင့် အတူ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) သည် သတင်းစာ ဆရာ တစ်ဦးအသွင် မြန်မာနိုင်ငံတွင်း ၀င်ရောက်၍ မြန်မာ့ နိုင်ငံရေး အခြေအနေ ကို ထောက်လှမ်းခဲ့စဉ်က တွေ့ဆုံသူ များတွင် ဦးစောလည်း ပါဝင်ခဲ့သည်။ ဦးစောက ဆူဇူကီးအား ဗြိတိသျှတို့အား တော်လှန် ဆန့်ကျင်ရေး အတွက် လက်နက် ခဲယမ်းနှင့် ငွေကြေးတို့ ကမ်းလှမ်းခဲ့ရာ ဆူဇူကီးက ကောင်စစ်ဝန်နှင့် ဆွေးနွေး ရန်တုံ့ပြန်ပြီး နောက်ဆုတ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှ စတင်၍ သူရိယ သတင်း စာမှာ မျိုးချစ်ပါတီ၏ ၀ါဒ ဖြန့်ချိရေး သတင်းစာ ဖြစ်လာပြီး ၁၉၃၈ ခုနှစ် တွင် ဦးစောသည် သူရိယ သတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်လာခဲ့သည်။
ဦးစောသည် နိုင်ငံရေး လှုပ်ရှားမှု အဖြစ် အခါ အားလျော်စွာ မျက်မှောက် ကာလ နိုင်ငံရေးကို အခြေခံဟောပြောလေ့ ရှိရာ ဦးစော၏ အာဝဇ္ဇန်းကောင်းမှု ကြောင့် လူငယ်များ၏ နှစ်သက်အား ပေးမှုကိုလည်း ရယူနိုင်ခဲ့သည်။ ဦးနု နှင့် ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂတာဝန် ထမ်းဆောင်စဉ်က ရန်ကုန် တက္ကသိုလ်တွင် လာရောက်၍ ဦးစောဟောပြောခဲ့ ရာ ကျောင်းသားထုက အားပေးသဘော ကျခဲ့သည်။ မောင်သုမန (ညိုမြ)က ဗမာ့ ၀ဋ်ကြွေးဆောင်းပါး(အိုးဝေ သတင်းစာ ၁.၅.၄၈)တွင် “၁၉၃၈ ခုနှစ်လောက် က ဦးစောက သူရိယသတင်းစာ အယ်ဒီတာ၊ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ တက္ကသိုလ် သမဂ္ဂမှာ ရှိနေစဉ်ပဲ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က ဦးစောကို အတော် ကြည်ညိုတယ်။ “ဦးစောဟာ ဘယ်လောက်ချီးမွမ်းစရာကောင်းလဲ။ သူများလို ဘီအေ၊ အမ်အေမအောင် ပေမယ့် ကိုယ်ထူး ကိုယ်ချွန်ကြိုးစားပြီး ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ် အောင်လုပ်နိုင်တဲ့ လူပဲလို့ ဗိုလ်ချုပ် ကိုယ်တိုင် မောင်သုမနကို ပြောတာ မှတ်မိသေးတယ်”ဟု ပြန်ပြောင်း အောက်မေ့ ရေးသားခဲ့သည်။
တောင်သူ လယ်သမား အရေးတော်ပုံကို အကြောင်းပြု၍ ဂဠုန်အရေး တော်ပုံ စာအုပ် ရေးသား ဖြန့်ချိမှုနှင့် ဂဠုန် ဆရာစံအား ဗြိတိသျှ အစိုးရမှ ဖမ်းဆီး တရားစွဲဆို သေဒဏ်ချမှတ်ရာတွင် အောက်တန်းရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက်မှုတို့ဖြင့် မြန်မာနိုင်ငံရေး နယ်ပယ်တွင် ဦးစော စတင် ထင်ရှားချိန်တွင် တို့ဗမာ အစည်းအရုံးကြီးမှာ စတင်ဖွဲ့စည်း လှုပ်ရှားနေပြီ ဖြစ်ပါသည်။ ၁၉၃၇ ခုနှစ် တွင် ဗြိတိသျှ အစိုးရမှ မြန်မာနိုင်ငံအား အိန္ဒိယ၏ ပြည်နယ်တစ်ခု အဖြစ်မှ ခွဲထုတ်၍ ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်ကို ရပ်စဲ၍ ၉၁-ဌာန အုပ်ချုပ်ရေး စနစ်သစ်ကို စတင် ဖော်ဆောင်ပြီး ဦးစောကလည်း မျိုးချစ် ပါတီကို ဖွဲ့စည်းဦးဆောင် လှုပ်ရှားခဲ့သည်။ ထို့နောက် ဦးစောသည် ၉၁-ဌာနအုပ်ချုပ်ရေးစနစ်၏ လွှတ်တော် နှင့် မြန်မာနိုင်ငံရေးနယ်တွင် ဆက်လက် လှုပ်ရှားခဲ့ရာ ၁၉၄၀ ပြည့်နှစ်၊ စက်တင် ဘာလ ၉ ရက်နေ့တွင် နန်းရင်းဝန် ဘ၀ကို ပိုင်ဆိုင်လာခဲ့သည်။
ထိုကာလ အတွင်း တို့ဗမာ အစည်းအရုံးမှ တောင်သူ လယ်သမား၊ အလုပ်သမား၊ လူငယ် စသည့် ပြည်သူများနှင့် အသင်းအဖွဲ့ များကို စည်းရုံးပြီး ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာ၌ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှ ထင်ရှားသည့် ၁၃၀၀ ပြည့်အရေးတော် ပုံနှင့် လွတ်လပ်ရေးအား လက်နက်စွဲကိုင် တိုက်ခိုက် ရယူရေး အစီအစဉ်ကို ချမှတ် အကောင်အထည် ဖော်ခဲ့သည်။ နန်းရင်းဝန် အဖြစ် မြန်မာနိုင်ငံမှ ဗြိတိန် နိုင်ငံသို့ မြန်မာနိုင်ငံ အုပ်ချုပ်ရေး ကိစ္စ အရေးဆိုရန် သွားချိန်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ မြန်မာနိုင်ငံ လွတ်လပ် ရေးစီမံကိန်းအား ဂျပန် တပ်မတော်မှ လက်ခံ အတည်ပြုပြီး၍ ဂျပန်နိုင်ငံတွင် ရဲဘော်သုံးကျိပ်သည် စစ်ပညာ သင်ယူ နေကြပြီ ဖြစ်ပါသည်။ ဗြိတိသျှအစိုးရမှ ဦးစောအား ပြည်ပတွင် အကျယ်ချုပ်ဖြင့် စတင် ထိန်းသိမ်းစဉ် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရဲဘော် သုံးကျိပ်က ဗမာ့လွတ်လပ်ရေး တပ် မတော်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပထမအကြိမ် စစ်ရေး ပြအခမ်းအနားကို ကျင်းပ၍ မြန်မာနိုင်ငံ တွင်းသို့ ၀င်ရောက်ကာ ဗြိတိသျှတို့အား စတင် တိုက်ခိုက်နေကြပြီ ဖြစ်ပါသည်။
ဦးစော နန်းရင်းဝန်ဘ၀မှ ဗြိတိသျှ အစိုးရ၏ အကျယ်ချုပ်အကျဉ်းသားဘ၀ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာ ပြည်သူများနှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ်မတော်နှင့် လက်တွဲ၍ ဗြိတိသျှတို့အား တိုက်ခိုက် အောင်မြင်ခဲ့ခြင်း၊ မြန်မာနိုင်ငံအား ဖက်ဆစ်ဂျပန် စိုးမိုးသောကာလ (၁၉၄၂ -၁၉၄၅)တွင် ခါးသီးသောအတွေ့အကြုံ များ ရရှိခဲ့ခြင်း၊ ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် နိုင်ငံရေး အင်အားစုအချို့ပူး ပေါင်း၍ နောင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည့်သူ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖ.ဆ. ပ.လ) ဖြစ်လာမည့် ဖက်ဆစ် တိုက်ဖျက် ရေး ပြည်သူ့အဖွဲ့ချုပ် (ဖ.တ.ဖ)ကို စတင်ဖွဲ့စည်း၍ ဖက်ဆစ်ဂျပန် တော်လှန်ရေး အစီအစဉ်များ ချမှတ် အကောင်အထည် ဖော်ခြင်း၊ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် မြန်မာပြည်သူများနှင့် ပြည်သူ့ လွတ်လပ်ရေးတပ်မတော်သည် ဗြိတိသျှ နှင့် မဟာမိတ် တပ်များနှင့် လက်တွဲ၍ ဖက်ဆစ် ဂျပန်တို့အား တိုက်ခိုက်အောင် မြင်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြသည်။
၃။
မြန်မာနိုင်ငံမှ ဖက်ဆစ်ဂျပန်များ ဆုတ်ခွာပြီး ဗြိတိသျှတို့ ပြန်လည်ဝင် ရောက်လာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်သည် ဗြိတိသျှတို့ထံမှ လုံးဝ လွတ်လပ်ရေး ရရှိ ရန် ဗြိတိသျှ အာဏာပိုင်များနှင့် ဆက်လက် ညှိနှိုင်း ကြိုးပမ်းခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းသည် ဖဆပလတွင် ပါတီစုံ အဖွဲ့စုံမှ လူကြီးလူရွယ်လူငယ်များ၊ တိုင်း ရင်းသားများနှင့် တပ်မတော်ကိုယ်စား လှယ်များဖြင့် တောင့်တင်းခိုင်မာသည့် အမျိုးသားရေးအင်အားစုကြီးဖြစ်အောင် လည်း ကြိုးပမ်း ဖွဲ့စည်းထားသည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ပြီး နေသားတကျ ဖြစ်သည်နှင့် ဂျပန်နိုင်ငံတွင် အကျဉ်းချ ထားသူ ဒေါက်တာ ဘမော်နှင့် ယူဂန်ဒါ နိုင်ငံတွင် အကျဉ်းချထားသူ ဦးစောတို့အား ပြန်လွှတ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ပေးခဲ့သည်။ နန်းရင်းဝန်ဟောင်း ၂ ဦး အား မြန်မာနိုင်ငံရေး နယ်ပယ်တွင် ပြန်လည် လှုပ်ရှားခွင့် ပေးလိုက်ခြင်းဖြစ်သည်။
မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စ မစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာ လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီးလျှင် ဖဆပလ ခေါင်းဆောင်များ ပါဝင်မှု မရှိသည့် ဘုရင်ခံ၏ အမှုဆောင် ကော်မတီ (အစိုးရအဖွဲ့)အား ဗြိတိသျှ ၄ ဦးနှင့် မြန်မာ ၈ ဦးဖြင့် လည်းကောင်း၊ ဘုရင်ခံ ၏ ဥပဒေပြုလွှတ်တော်အား အဖွဲ့ဝင် ၃၄ ဦး ဖြင့်လည်းကောင်း၊ ၁၉၄၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်း၌ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ အုပ်ချုပ်ရေးကို စီမံဆောင်ရွက်ခဲ့သည်။ ဖဆပလအဖွဲ့ ချုပ်နှင့် မြန်မာပြည်သူတို့သည် ဗြိတိသျှ အစိုးရ၏ စက္ကူဖြူ စီမံကိန်း အုပ်ချုပ်ရေး စနစ်ကို ဆန့်ကျင်ကန့်ကွက်မှု၊ အမျိုး သား စည်းလုံး ညီညွတ်ရေးကို တည် ဆောက်မှု၊ လွတ်လပ်ရေး အမြန်ဆုံးပေး ရေး တောင်းဆိုမှု၊ လွတ်လပ်ရေး မပေးမီ ယာယီ အစိုးရဖွဲ့စည်းရေးနှင့် ပြည်သူ များ ရွေးချယ် တင်မြှောက်သည့် တိုင်းပြု ပြည်ပြုလွှတ်တော် ထားရှိရေးတို့ကို အစဉ်တစိုက် အရေးဆိုခဲ့ပြီး ထန်းတပင် လယ်သမားများ၏ ကန့်ကွက် ဆန္ဒပြ မှုနှင့် အမှုထမ်းသပိတ်များ ဆက်တိုက် ပေါ်ထွန်းခဲ့သည်။
ထို့နောက် ဗြိတိသျှ အစိုးရသည် ဘုရင်ခံ ဆာဒေါ်မန်စမစ်အား ပြန်လည်ခေါ်ယူ၍ ဘုရင်ခံအဖြစ် ဆာဟူးဘတ်ရန့်စ်ကို အစားထိုးခန့်အပ် ခဲ့သည်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် သည် ဆာဒေါ်မန်စမစ် ဖွဲ့စည်းခဲ့သော ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တာဝန် ထမ်းဆောင်ပြီး နှစ်ပတ်အကြာ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နုတ်ထွက် စေခဲ့သည်။ ဘုရင်ခံသည် ဘုရင်ခံ၏အမှုဆောင်ကောင်စီ ပြန်လည် ဖွဲ့စည်းရေးအတွက် စက်တင်ဘာလ အတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် သုံးကြိမ်တိုင် တွေ့ဆုံ ညှိနှိုင်းခဲ့သည့်ပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂဠုန် ဦးစောနှင့်လည်း တွေ့ဆုံခဲ့သည်။ ဘုရင်ခံနှင့် တွေ့ဆုံပြီး အပြန်တွင် ဂဠုန် ဦးစောအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီး ဒဏ်ရာရခဲ့သည်။ ဖဆပလ အမှုဆောင် လူကြီးများက “နိုင်ငံရေးနယ် နိမိတ် အတွင်းသို့ အကြမ်းဖက်သည့် စနစ်များ သွတ်သွင်းလာခြင်းကို များစွာ ပြစ်တင် ရှုတ်ချကြလျက် ယခုကဲ့သို့ ဦးစော ဒဏ်ရာအနာတရဖြစ်သွားသည့် အတွက် ၀မ်းနည်းကြောင်း” ထုတ်ဖော်ခဲ့ သည့်ပြင် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ရန်ကုန် ဆေးရုံတွင် ဆေးဝါးကု နေသည့် ဦးစောအား ဗိုလ်ချုပ်အောင် ဆန်းနှင့် သခင်နုတို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဗြိတိသျှအစိုးရမှ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီသစ်ကို အမျိုးသားယာယီ အစိုးရ အဖြစ် ပြင်ဆင် ဖွဲ့စည်းရာတွင် ဖဆပလမှ ၆ ဦးနှင့် ကျန်ပါတီများ၊ တိုင်းရင်းသားများနှင့် တစ်သီးပုဂ္ဂလမှ ၅ ဦး ပါဝင်ခွင့်ရခဲ့ သည်။ အမှုဆောင်ကော်မတီဥက္ကဋ္ဌ အဖြစ် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အောင် ဆန်းတို့ ဆောင်ရွက်ခဲ့ကြပြီး မျိုးချစ် ပါတီမှ ဦးစောကိုလည်း ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၀န်ကြီး အဖြစ် ပါဝင်စေခဲ့သည်။ ထို့ နောက်ဗြိတိသျှ ၀န်ကြီးချုပ် မစ္စတာအက်တလီက မြန်မာ ပြည်အရေး တွေ့ဆုံ ဆွေးနွေးရန် ဘုရင်ခံ ၏ အမှုဆောင် ကောင်စီမှ ကိုယ်စားလှယ် အဖွဲ့အား ဖိတ်ကြားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်၍ ၀န်ကြီး နှင့် တာဝန်ရှိသူ ၁၆ ဦးတို့သည် လန်ဒန် မြို့သို့ စတင်ထွက်ခဲ့ကြရာ၌ အဖွဲ့ဝင် အဖြစ် ဦးစောလည်းလိုက်ပါခွင့်ရခဲ့သည်။
ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်သည့် နှစ်ဖက်ကိုယ်စား လှယ်များ ဆွေးနွေးညှိနှိုင်းကြပြီးနောက် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ တွင် ဗြိတိသျှနှင့် မြန်မာတို့သည် အောင်ဆန်း-အက်တလီ စာချုပ်ဟုခေါ် တွင်မည့် စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ဘုရင်ခံ၏ အလုပ် အမှုဆောင်ကောင်စီအား ကြားဖြတ် အစိုးရအဖြစ် အသိအမှတ်ပြု၍ နိုင်ငံခြား ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး စသည့် ကိစ္စရပ်များ ဆောင်ရွက်ခွင့်၊ ပြည်သူ့ ဆန္ဒဖြင့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေး ကောက်ပြီး ထားရှိရေး၊ တောင်တန်း ဒေသများမှ ပြည်သူများ၏ ဆန္ဒအရသာ ဗမာပြည်မနှင့် တောင်တန်းဒေသအတူ လွတ်လပ်ရေး ရယူရန် ဟူသည့် အချက် များပါဝင်သည်။ အောင်ဆန်း-အက်တလီ စာချုပ်မှာ ဗြိတိသျှအစိုးရ အား မြန်မာပြည်သူများနှင့် ဖဆပလ တို့၏ တောင်းဆိုချက်များ ဖြစ်ကြပြီး တစ်နှစ်အတွင်း လွတ်လပ်ရေးရတော့ မည့် အာမခံချက်လည်း ဖြစ်သည်။ အောင်ဆန်း-အက်တလီ စာချုပ်အား မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦး ဖြစ် သည့် ပညာရေးနှင့် အမျိုးသားရေး စီမံကိန်းဌာန ၀န်ကြီးဦးစောနှင့် သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ် ရေးဌာန၀န်ကြီး သခင်ဗစိန်တို့က ကန့် ကွက်စကားဆို၍ လက်မှတ်ရေးထိုးမှု မပြုခဲ့ကြသော်လည်း ဗြိတိသျှအစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျန်ကိုယ်စား လှယ်များ၏ သဘောတူညီချက်ဖြင့် ချုပ်ဆိုခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီမှ ဦးစောနှင့်သခင်ဗစိန်တို့ နုတ် ထွက်ခဲ့ကြသည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဥက္ကဋ္ဌဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဆောင်ဆန်းတို့ ဦးဆောင်သည့်အဖွဲ့ဝင် ၁၃ ဦးပါဝင် သည့် ကြားဖြတ် ယာယီ အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ ကြားဖြတ် ယာယီ အစိုးရအဖွဲ့ဝင် ၁၃ ဦးတွင် လည်း ဦးစော ပါဝင်မှုမရှိတော့ချေ။
၎။
အောင်ဆန်း-အက်တလီ စာချုပ် အရ ဖဆပလ အဖွဲ့ချုပ်သည် ဗမာနှင့် တောင်တန်းဒေသများမှ တိုင်းရင်းသား များက လွတ်လပ်ရေးရယူပြီး အေးအတူ ပူအမျှနေထိုင်သွားကြရန် သန္နိဋ္ဌာန်ချ မှတ်သည့် တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု၏ ပြယုဂ်ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ချုပ်ဆိုခြင်း၊ ပြည်သူတို့၏ ဆန္ဒဖြင့် ဖွဲ့ စည်းသော တိုင်းပြုပြည်ပြု လွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပ ခြင်း၊ တိုင်းပြုပြည်ပြု လွှတ်တော် ပထမ အကြိမ် အစည်းအဝေးတွင် အဖွဲ့ဝင် ၅၅ ဦးပါဝင်သည့် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ချုပ်သည် တစ်နှစ်အတွင်း လွတ်လပ် ရေးရရှိရေး အတွက် လိုအပ်သမျှ အင်တိုက်အားတိုက် ဆောင်ရွက်နေကြ စဉ် ၁၉၄၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဗိုလ်တထောင် လက်နက်တိုက်မှ ဘရင်းသေနတ် အလက် ၂၀၀၊ ပြောင်း ပို ၂၀၀ နှင့် ကျည်ကပ် ၈၀၀ ကို စာ ရွက်စာတမ်း အတုဖြင့် ထုတ်ယူသွားမှု နှင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ တွင် မင်္ဂလာဒုံ အခြေစိုက် လက်နက်တိုက် မှ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန် ၁ သိန်း၊ စတင်းကျည်ဆံ ၂၅၆၀၀၀ နှင့် လက်ပစ် ဗုံးအလုံး ၂၀၀ ကို ထုတ်ယူသွားမှုတို့ ဖြစ်ပွားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဇူလိုင်လအတွင်း ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပျော်ဘွယ်ဦးမြ တို့သည်လည်းကောင်း၊ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နုတို့ သည်လည်းကောင်း၊ ၁၈ ရက်နေ့တွင် သခင်နုသည်လည်းကောင်း ဘုရင်ခံ ဆာဟူးဘတ်ရန့်နှင့် တွေ့ဆုံကြ၍ လက်နက် ခဲယမ်းများ ပျောက်ဆုံးမှုကို ဆွေး နွေးကြသည်။
ထို့ပြင် ထိုစဉ်က ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဒီးဒုတ် ဦးဘချိုသည် သတင်းစာဆရာများနှင့် တွေ့ဆုံ အသိပေးခဲ့ရပုံကို သတင်းစာဆရာ ဦးမောင်မောင်ခင်က နိုင်ငံရေး မှတ်တမ်းများ ဆောင်းပါး (မြန်မာ့အလင်းသတင်း စာ ၁၄.၅.၆၇)တွင် “ဦးဘချိုက ဂဠုန် ဦးစောသည် လက်နက်များကို စုဆောင်းနေသည်ဟု ပြောသော အခါ ဘာလုပ်ဖို့လဲဟု ကျွန်တော်တို့က သံပြိုင် မေးမိပါသည်။ ကျုပ်တို့ကို သတ်ဖို့ပေါ့ ဟု ဦးဘချိုက စိုးရိမ်မှု လုံးဝမပြဘဲ ဖွင့်ဟပြောပြလိုက်ပါသည်။ ဒါဖြင့် ဒီလူကို အရေးမယူကြဘူးလား။ ဗိုလ်ချုပ် ကကော ဘာမှအကာအကွယ် မလုပ်ဘူး လားလို့ မေးကြသောအခါ ဒါကတော့ ဗျာ ကျုပ်တို့က ဗမာပြည်ကြီးကောင်း စားအောင် ဒီလောက်ကြိုးစားနေတာပဲ။ သူတို့က မကျေနပ်လို့ သတ်ချင်လည်း သတ်ပေါ့ဟု ဦးဘချိုက ကျွန်တော်တို့ အား တစ်ဆင့် ပြောပြပါသည်” ဟု ဖော်ပြ ခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ တွင် ဦးဘချိုနှင့် တွေ့ဆုံကြောင်း မှန်းထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဗြိတိသျှအာဏာ ပိုင်များသည် လက်နက်ခဲယမ်းများအား လုံခြုံစွာ ထိန်းသိမ်းရန် ပျက်ကွက်မှု၊ မသမာ သူတို့၏ အကြမ်းဖက် ရန်ပြုမှုအား မကာ ကွယ်နိုင်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ခေါင်းဆောင်များ၏ လုံခြုံ ရေးကို တာဝန် မယူနိုင်မှုတို့ကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များမှာ မသမာသူတို့၏ သတ်ဖြတ်မှု ခံရပြီး နိုင်ငံတော် လုပ်ကြံမှု ဖြစ်ပွားခဲ့ရသည်။
နိုင်ငံတော် လုပ်ကြံမှု အတွက် အထူး ခုံရုံးက ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဂဠုန်ဦးစောနှင့် အပေါင်း ပါတို့အား သေဒဏ် စီရင်ချက် ချမှတ် ခဲ့သည်။ စီရင်ချက် ဖတ်ကြားပြီးချိန်တွင် ဂဠုန်ဦးစောက စီရင်ချက် သုံးသပ်ချက် အချို့ကို ပြန်လှန်ချေပ ကန့်ကွက်ခဲ့သည့် ပြင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ တွင် တရားလွှတ်တော်တွင် အယူခံလွှာ တင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ သည်။
၁၉၄၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ တွင် တရား လွှတ်တော်ချုပ်က ဦးစော၏ အယူခံလျှောက်လွှာကို ပယ်ခဲ့သည်။ ဦးစောသည် ၁၉၄၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်၌ ဇနီး၊ သမီးတို့နှင့်အတူ မိုးညှင်းသိင်္ဂီ ကျောင်းတိုက် ရေလဲ ဦးပဏ္ဍိစ္စ ဆရာတော် ထံမှ လက္ခဏာရေးသုံးပါး တရားနာပြီး လျှင် ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ နံနက် အရုဏ်တက်တွင် အင်းစိန်အကျဉ်း ထောင်အတွင်း၌ ကြိုးပေးခံခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ရုပ်ရှင် ရိုက်ကူး၍ အင်းစိန် အကျဉ်းထောင်တွင် ဦးစောအား ကြိုးပေးပုံအား မှတ်တမ်း တင်ထားခဲ့သည်။ ထိုမှတ်တမ်းတင် သတင်းကားအား ကြည့်ရှုခွင့် ရခဲ့သော တရားသူကြီးချုပ် ဒေါက်တာမောင်မောင် က နိုင်ငံတော် လုပ်ကြံမှု စာအုပ်တွင် ခံစား ရေးသားဖော်ပြခဲ့ရာ ဦးစော၏ နောက်ဆုံးအချိန် လှုပ်ရှားမှုဟု ဆိုနိုင်ပါသည်။
ဦးစောသည် သူ့အားသောက်ရန် ပေးထားသော နံနက် လက်ဖက်ရည်ကို အခန်း၌ ဆွမ်းကပ်ခဲ့သည်။ ဖယောင်းတိုင် သုံးတိုင် ထွန်းညှိ၍လည်း ပူဇော်ခဲ့သည်။ ပြီးမှ အပြင်တွင် စောင့်နေကြသော အကျဉ်းဌာနမင်းကြီး ဦးဘမောင်၊ ဦးသန်းနွဲ့(ယခုအကျဉ်းဌာနမင်းကြီး)၊ ဆရာဝန်၊ တရားသူကြီး စသူတို့ကိုပြုံး ရွှင်စွာ နှုတ်ဆက်သည်။ ဦးစောသည် ရှမ်းဘောင်းဘီ မီးခိုးရောင်ကို သပ်သပ် ရပ်ရပ် ၀တ်စားထားသည်။ ကြိုးစင်ရှိရာသို့ ထွက်ခွာလာကြရာ ဘုရားရုပ်ပွား တော် တစ်ဆူတည်ထား ကိုးကွယ်ရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ် ချသည်။ ကြိုးစင်ဘက်သို့ ဆက်လက် ထွက်ခွာကြရာတွင် မြင်ရာလူကို လှမ်း ၍နှုတ်ဆက်သည်။ မမြင်ရသူကို မေး၍ နှုတ်ဆက်လိုက်ကြောင်း မှာကြားသည်။ အထူး ခုံရုံးနာယက ဦးကျော်မြင့်နှင့် တကွ သူ့အပေါ်တာဝန်အရ ဆောင်ရွက်ရ သည့်သူများအား မုန်းတီးမှု မရှိပါဟု မှာကြားခဲ့သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်ကို တက် သွားလေသည်။
၅။
ဗြိတိသျှကိုလိုနီခေတ် မြန်မာ့နိုင်ငံ ရေးသမိုင်း လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(၀ိုင်အမ်ဘီအေ)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာအသင်းချုပ်ကြီး(ဂျီစီဘီ အေ)၊ တို့ဗမာအစည်းအရုံး၊ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူလွတ်လပ်ရေးအဖွဲ့ (ဖဆပလ) တို့မှာ ထင်ရှားသည့် အဖွဲ့ များဖြစ်သည်။ ထိုအဖွဲ့များနှင့် အခြား ပါတီအဖွဲ့များတွင် ကဏ္ဍအသီးသီးတွင် ဦးဆောင်ပါဝင်စွမ်းဆောင်လှုပ်ရှားကြ သည့် ပုဂ္ဂိုလ်များစွာလည်း ပေါ်ထွန်းခဲ့ ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ သည်မှာ ယခုအခါနှစ်ပေါင်း ၆၀ ကျော် ခဲ့ပြီးဖြစ်၍ ထိုအဖွဲ့အစည်းများနှင့် ထိုပုဂ္ဂိုလ်များ၏ စွမ်းဆောင်လှုပ်ရှားမှု များသည်သမိုင်းအဖြစ်မော်ကွန်းဝင်လျက် ရှိပါသည်။
မျက်မှောက်ကာလ မျိုးဆက်များ အနေဖြင့် သမိုင်းကို ရှုမြင်ဆင်ခြင်၍ အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှား ပိုင်းခြားပြီး သင်ခန်းစာ ယူသွားကြရန်သာ ဖြစ်သည်။
ကေမြူး
ကိုးကားမှု
၁။တရားသူကြီးချုပ် ဒေါက်တာ မောင်မောင်၏ နိုင်ငံတော် လုပ်ကြံမှု။
၂။မေမြို့ချစ်ဆွေ၏ ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း။
၃။ဖိုးအောင်လေး၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုရက်စဉ် သမိုင်း။
၎။မောင်မြဟန်(မဟာဝိဇ္ဇာ)၏ ကို လိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်။
၅။ယူပီအိုင်ဦးဘသန်း၏ မြန်မာ နိုင်ငံသတင်းစာသမိုင်းစာတမ်း။
၆။ဇ၀န၏ စာနယ်ဇင်းနှင့် နိုင်ငံ ရေးစာတမ်း။
၇။ဦးမြင့်ဆွေ၏ ကိုလိုနီခေတ် စာပေလှုပ်ရှားမှု။

ပုံရိပ်နိုင်ငံရေး


ပုံရိပ်နိုင်ငံရေး – အပိုင်း (၁)

ဘိုဘိုကျော်ငြိမ်း

ကျနော် ဘာကြောင့် ပုံရိပ်နိုင်ငံရေးကို ရေးရတာလဲ။
မဆလ စိတ်ဓာတ်၊ ဇီးရိုးဆမ်း (Zero Sum) အစွဲ၊ ကျနော်တို့ အားလုံးဟာ နိုင်ငံရေး (အတွေး) အမှောင်ထုအထဲက မထွက်နိုင်ကြသေးပါ။ ဒီအတွေးအမှောင်ထဲမှာ ရွာလည်နေကြတုန်း၊ ကွန်မြူနစ်တွေရဲ့ လူချတဲ့ ဉာဉ်ဆိုးကို အတုယူပြီး (လူချ)တဲ့ သံသရာဝဲမှာ လည်ရင်း (ညီညွတ်မှု)ကို မတည်ဆောက်နိုင်ကြဘူး။ ဒီစိတ်ဓာတ်ဆိုး၊ အတွေးဆိုး၊ အကျင့်ဆိုးတွေက လွတ်ထွက်ပြီး၊ လက်တွေ့ကျတဲ့ ပေါ်လစီနဲ့ ညီညွတ်မှုကို တည်ဆောက်ပြီး၊ ဒီမိုကရေစီအောင်ပွဲ ခံစေချင်တဲ့ စေတနာနဲ့ ပုံရိပ်နိုင်ငံရေးကို တင်ပြ ဆွေးနွေးရခြင်း ဖြစ်ပါသည်။
ကျနော်တိုက်တာ “အတွေးအခေါ်” နဲ့ “အကျင့်စရိုက်” ကို တိုက်တာပါ။ “ပါတီ” ကိုသော်၎င်း၊ “လူပုဂ္ဂိုလ်” ကိုသော်၎င်း၊ တိုက်တာ မဟုတ်ပါ။
တခုတော့ သတိပြုစေချင်ပါသည်။ ဆောင်းပါးတစောင်၊ စာတပုဒ်၊ အတွေးအခေါ် ပါသည့် နိုင်ငံရေး စာစောင်တခုကို ဖတ်ရာမှာ၊ မိမိ၏ “အသိ” knowledge ၊ ဘဝဖြတ်သန်းမှု၊ မိမိ၏ နိုင်ငံရေး ခံယူချက်အပေါ် မူတည်ပြီး၊ “နားလည်မှု” ကွာခြားနိုင်ပါသည်။
ညအခါ မိုးကောင်းကင်ကို မော်ကြည့်လိုက်ပါ။ မှိတ်တုတ်၊ မှိတ်တုတ် အရာကလေးများကို တွေ့မြင်ရပါလိမ့်မည်။ ယေဘုယျအားဖြင့် “ကြယ်” ကလေးတွေဟု တွေးထင်ကြပါလိမ့်မည်။ အားလုံးသည် ကြယ်တွေ မဟုတ်ကြပါ။ တချို့မှာ “ဂြိုဟ်” Planets ဖြစ်ကြ၍၊ တချို့မှာ ကြယ်သန်းပေါင်းများစွာ ပါဝင်သော “ကြယ်အစု” Galaxies – များကို မှိတ်တုတ်၊ မှိတ်တုတ် “အစက်အပြောက်” ကလေးအဖြစ်သာ၊ သာမာန်မျက်စိဖြင့် တွေ့မြင်ကြရပါမည်။ အားကောင်းသော မှန်ဘီလူး၊ မှန်ပြောင်း (Telescopes) များနှင့် ကြည့်မှ ခွဲခြားသိမြင်နိုင်ပါသည်။ အားကောင်းသည့် မှန်ပြောင်းအပေါ် မူတည်၍ “အမြင်” ကြည်၊ မကြည်၊ ခွဲခြားနိုင်ပါသည်။ ထို့အတူ စာဖတ်သူ၏ နောက်ခံ “အသိ” Background Knowledge – အပေါ် မူတည်၍၊ ဆောင်းပါး၏ ရည်ရွယ်ချက်၊ အတိမ်အနက်ကို နားလည်မှု ပြောင်းလဲ၊ ပြောင်းလွဲသွားနိုင်ပါသည်။
“အသိ” အပြင်၊ ဘဝဖြတ်သန်းမှု အတွေ့အကြုံအရလည်း “အမြင်” ပြောင်းလဲသွားနိုင်ပါသည်။
ကောင်းကင်ပေါ်မှ ကြယ်၊ ဂြိုဟ်တို့ကို လေ့လာသည့်ပညာ Astronomy “နက္ခတဗေဒ” အပေါ် မူတည်၍ ဖြစ်ပေါ်ခဲ့သော တကယ့် အဖြစ်အပျက်ကလေးနှင့် ဥပမာပြပါရစေ။ လွန်ခဲ့သည့် ၃-၄ လလောက်က ထင်ပါသည်။ အမေရိကန် ပြည်ထောင်စုရှိ လော့(စ်)အိန်ဂျိလိ(စ်) Los-Angeles-မြို့၏ မြို့တော်ဝန် အစည်းအဝေးတွင် လူဖြူရပ်ကွက် ကိုယ်စားလှယ်နှင့် လူမဲရပ်ကွက် ကိုယ်စားလှယ်တို့ အငြင်းအခုန် ဖြစ်ရာက၊ လူဖြူရပ်ကွက် ကိုယ်စားလှယ်က ‘Black-Hole’ ဟူသော စကားအသုံးအနှုံးကို သုံးစွဲခဲ့ပါသည်။ နက္ခတဗေဒ အရ Black Hole ဆိုသည့်အရာမှာ၊ Gravity “ဆွဲအား” ကြီးမားလွန်းသဖြင့် ၎င်း၏စက်ဝန်း Event-Horizon အတွင်း ကျရောက်သွားသော အလင်းရောင် Light ပင် ပြန်မထွက်လာနိုင်တော့ပါ။ ထို့ကြောင့် ပြန်ပေါ် မလာတော့သော အရာ (သို့မဟုတ်) လုံးလုံး ဆုံးပါးသွားပါလျှင် Black-Hole ဟု တင်စားလေ့ ရှိပါသည်။ သို့သော် သာမာန်အတွေးနှင့် ရိုးရိုးတွေးခဲ့လျှင်Black ဆိုသည်မှာ “အမဲ”၊ Hole ဆိုသည်မှာ “အပေါက်”၊ အမဲအပေါက်ဟု အဓိပ္ပာယ် ဖော်နိုင်ပါသည်။ ထို့ကြောင့် လူမဲရပ်ကွက်မှ ရပ်ကွက်လူကြီးက သူ့ကို လူမဲဖြစ်၍ သက်သက်စော်ကားသည်၊ နှိမ်ပါသည်ဟု ထင်မြင်ကာ ဒေါသူပုန် ထပါတော့သည်။ ရှင်းပြ၍မရ၊ တောင်းပန်၍ မရတော့ပါ။ ထို့ကြောင့် နောက်တနေ့ သတင်းစာများတွင် ပါလာကာ ကမ္ဘာအနှံ့ သတင်းပြန့်ကာ အရှက်တကွဲ ဖြစ်ခဲ့ရပါသည်။
ထို့ကြောင့် ကျနော်က စေတနာသန့်သန့်နှင့် တင်ပြဆွေးနွေးသည်ကို တလွဲကောက်ကာ စွပ်စွဲ တိုက်ခိုက်လာပါလျှင် ကျနော် ဘာမှ တတ်နိုင်မည်မဟုတ်ပါ။ လူတဦးတယောက်စီ၏ နားလည်မှု (အသိ)၊ စာဖတ်အား၊ ဗဟုသုတနောက်ခံ၊ ဘဝဖြတ်သန်းမှုများကို ကျနော် သိနိုင်စွမ်း မရှိပါ။
ဝါဒအတွေးခေါင်သူများ၊ သဘောတရား တာလီဘန်များ (Idealogy Talibans) ၊ လက်ဝဲသူငယ်နာ မစင်သေးသူများက ယုတ်ညံ့သော အသုံးအနှုန်းများနှင့် စော်ကားတိုက်ခိုက်လာလျှင်၎င်း၊ ပြည်သူတဦး၊ ဝေဖန်သူတဦးဟု အမည်မဖော်ရဲဘဲ အမှောင်ထဲက လက်သီးပုန်း ထိုးလိုသူများကို၎င်းး၊ ၎င်းတို့နည်းတူ ညစ်ညစ်ညမ်းညမ်း အခြေမဲ့ ပြောဆိုချေပရန် ကျနော့်မှာ အခြေအနေ အခွင့်အရေး မရှိပါ။ အမည်ရင်းနှင့် ဗြောင်ရေးသူမို့ မိဖမျက်နှာ အိုးမဲမသုတ်ရဲပါ။ ထိုသူအသီးသီးကို အစွဲလွန် (ပုံရိပ်နိုင်ငံရေး) သမားများအဖြစ် နားလည်ပေးရုံသာ ရှိပါသည်။
ရိုးရိုးသားသား အမြင်မတူသူ၊ ကျနော်၏ တင်ပြဆွေးနွေးချက်များကို လက်မခံသူတို့၏ ဝေဖန်မှုများကို အစဉ်ကြိုဆိုလျက်ရှိသည်ကို စာဖတ်ပရိသတ်ကြီးအား သိစေလိုပါသည်။
ပုံရိပ်နိုင်ငံရေး – အပိုင်း (၂)
ဘိုဘိုကျော်ငြိမ်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 22 2008 15:21 – မြန်မာစံတော်ချိန်

ပုံရိပ်နိုင်ငံရေးဆိုတာ ဘာလဲ?

ကျနော့်အမြင်ကို ပြောရလျှင် ပုံရိပ်နိုင်ငံရေး ဆိုသည်မှာ ပေါ်လစီ (မူဝါဒ) ကို အခြေပြုသော နိုင်ငံရေး မဟုတ်တော့။ “လူ” ကို အခြေပြုသော နိုင်ငံရေး၊ နဖူးစည်းတပ်ပြီး နိုင်ငံရေး ကြွေးကြော်ခြင်းဟု မြင်မိသည်။ ယခုခေတ် နိုင်ငံရေးလုပ်သည်ဟု ဆိုသူများအကြားတွင် “မင်း … ထောင်ကျဖူးလား”၊ “မင်း … အန်အယ်လ်ဒီလား”၊ “မင်း … ဗကသလား”၊ “မင်း … ကျောင်းသားလား” ဆိုသည်က အရင် စမေးခံရသည်။ တချို့တွေဆိုရင် ထောင်ကျဖူးမှ လူရာဝင်နိုင်သည်ဟု ထင်ကြသည်။ ထို့ကြောင့် လူတချို့က ကိုယ့်ရာဇဝင်ကို ပိုပိုသာသာ ပြောလာကြသည်။ တချို့ဆိုလျှင် “ဘာရာဇဝင် ရှိခဲ့သလဲ” က စချင်ကြသည်။ ရာဇဝင်ရှိမှ နိုင်ငံရေး လုပ်ရမယ်ဆိုရင် ဘယ်မှာ နိုင်ငံရေးသမား ရှာရတော့မှာလဲ။ ယနေ့ နိုင်ငံရေးလောကတွင် ထောင်ကျဖူးမှ နိုင်ငံရေးအရ အရာဝင်သည်ဆိုသည့် အတွေးမှားကို ထောက်ပြချင်သည်။ ယနေ့ခေတ်သည် အင်္ဂလိပ်ခေတ်ကဲ့သို့ သခင်ပေါက်စ၊ ထောင် ၆ လ မဟုတ်တော့ပါ။ နအဖ ဖက်ဆစ်တို့အောက်တွင် ထောင် ၁ဝ နှစ်၊ အနှစ် ၂ဝ မှာ အသာလေး ဖြစ်သည်။ ထောင်ထဲဝင်၍ သူရဲကောင်းလုပ်စရာ မလိုပါ။ အဖမ်းခံမည်ထက်၊ ထွက်ပြေးတိမ်းရှောင်ရင်း အကျိုးပြုနိုင်ပါသည်။ လူငယ်ခေါင်းဆောင် ကိုအောင်ဆန်းကို ဖမ်းဝရမ်းထုတ်၊ ကိုအောင်ဆန်းက အဖမ်းမခံ၊ ဤမူကို ခံယူသင့်သည်။ အရေးအခင်းဖြစ်လိုက်၊ ခေါင်းဆောင်တွေ ပေါ်လာလိုက်၊ အဖမ်းခံလိုက်ကြရနဲ့၊ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေကြရတယ်။
တဖက်ကလည်း “လူ” ကို တင်တိုက်သော ပုံရိပ်နိုင်ငံရေးအတွက် ခေါင်းဆောင်ကောင်းတွေ့လျှင် အင်္ဂလိပ်လို Larger than life ဟုခေါ်သည့် လူစင်စစ်ကနေ ဘုရားဖြစ်အောင် ဖန်တီးကြတော့သည်။ ဤအန္တရာယ်မှာ ကွန်မြူနစ် အာဏာရှင်စနစ်မှ သက်ဆင်းလာခြင်း ဖြစ်သည်။ မော်စီတုံး၏ ဗျူဟာမှန်ခဲ့၍ တရုတ်ကွန်မြူနစ်တို့ အာဏာရခဲ့သည်။ သို့သော် မော်စီတုံးသည် လူထဲက လူတယောက်သာ ဖြစ်သည်။ နတ်ဘုရား မဟုတ်ပါ။ လျူရှောက်ချီနှင့် တိန်ရှောက်ပိန်တို့က လက်တွေ့ ဦးဆောင်နေရာမှ အသာစီးရလာသည်။ ထိုအခါ မော်စီတုံးက အာဏာလုရန် ယဉ်ကျေးမှုတော်လှန်ရေးကို ဆင်နွှဲရာ လင်ပြောင်က ဖော်လန်ဖားပြီး မော်စီတုံး၏ အတွေးအခေါ် စာအုပ်ကလေးကို ရိုက်နှိပ်ကာ စစ်တပ်အတွင်း ဖြန့်ဝေရာမှ စာအုပ်နီသည် ကွန်မြူနစ်တို့၏ ကျမ်းစာဖြစ်ခဲ့ရ၍ မော်စီတုံးလည်း လူစင်စစ်မှ နတ်ဘုရား ဖြစ်ခဲ့ရသည်။
အသေအချာ လေ့လာလျှင် မော်စီတုံး၏ အမှားနှင့် အာဏာမက်မှုကြောင့် တရုတ်သန်းပေါင်းများစွာ ပျက်စီးသေဆုံးခဲ့ရသည်။ တရုတ်တွေ မွဲတေခဲ့ရသည်။ မြောက်ကိုးရီးယားကို ကြည့်ပါ။ The Great Leader နှင့် Dear Leader တို့ နှစ်ဦးကို ဘုရားသဖွယ် ကိုးကွယ်နေကြသည်။ အမြင်မှန်ရသွားသော တိန်ရှောက်ပိန်က ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထက် စနစ်မှန်ကန်ရေးကို ဦးစားပေးခဲ့သည်။ တရုတ်တွေ ကံကောင်းဖို့ ဖြစ်လာရသည်။ အမေရိကန်နိုင်ငံတွင် “လူ” သမတကို သစ္စာရှိရသည် မဟုတ်။ အခြေခံဥပဒေ Constitution ကို သစ္စာစောင့်ရသည်။ အခြေခံဥပဒေက Presidency သမတရာထူးကို ဖော်ထုတ်၍ (လူ)တွေက အရွေးခံရခြင်း ဖြစ်သည်။ တနည်းအားဖြင့် စနစ် System သည် အဓိက ဖြစ်သည်။ စနစ်အပေါ် သစ္စာစောင့်သိခြင်း ဖြစ်သည်။
ယခုခေတ် မြန်မာနိုင်ငံရေးတွင် စနစ် အရေးကြီးပုံကို နားမလည်ကြပေ။ (လူ) ကို အဓိကထား ပွဲထုတ်ကြသည်။ အဆင့်ဆင့် “လူ” ကို တင်တိုက်ကြသဖြင့် မိမိတို့၏ ခေါင်းဆောင်ပုံရိပ်၊ မိမိ၏ ပုံရိပ်တို့သည် ရှေ့တန်း ရောက်လာရပါသည်။
ထိပ်ဆုံးအဆင့် ဒေါ်စုကို ကြည့်ရအောင်။ ဒေါ်စုသည် ယနေ့ခေတ်ကမ္ဘာတွင် အထင်ရှားဆုံး ခေါင်းဆောင်များ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သည်။ ဒေါ်စု၏ သတ္တိနှင့် အာဏာရှင်စနစ်ကို ဇွဲနှင့် ရင်ဆိုင်ရဲခြင်းအတွက် ဒေါ်စုသည် ဒီမိုကရေစီသူရဲကောင်း Democracy Icon ဖြစ်ခဲ့ရသည်။ ဘာသာရေးနှင့် ယှဉ်ပြောရလျှင် မဂ်ဖိုလ် အဆင့်ရပြီးသူနှင့် တူသည်။ အပါယ်တံခါး ပိတ်၍ ကောင်းကင်ဘုံ ရောက်ရန်သာ ရှိတော့သည်။ သို့သော် ဒေါ်စုနှင့် အတန်ဆုံးဆုမှာ မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်ရန်ဖြစ်မည် ဟု ထင်မိသည်။ စစ်အာဏာရှင်စနစ်ကို အောင်နိုင်ရန်မှာ ဒေါ်စု တယောက်ထဲနှင့် မဖြစ်နိုင်။ ဒေါ်စုကို ထိုင်ရှိခိုးရုံနှင့်လည်း မရနိုင်။ ဒေါ်စုကို အသံကုန်ဟစ်၍ ထောက်ခံနေရုံနှင့်လည်း မရနိုင်။ ဒေါ်စုကို ထောက်ခံသော၊ တိုင်းပြည်ကိုချစ်သော လူအများ စုပေါင်း၍ အင်အားတည်ဆောက်ပြီး ဒေါ်စုကို ပံ့ပိုးပေးနိုင်မှသာ ဒေါ်စု အင်အားရှိမည်။ ဤအင်အားကို ပြနိုင်မှ နအဖ က ဒေါ်စုကို အရေးထားလာရပေမည်။
ကျနော်တို့ အများစုသည် ဤအင်အားကို တည်ဆောက်ဖို့ နားမလည်နိုင်ကြသလို စိတ်ဝင်စားခြင်းလည်း မရှိကြပါ။ အချင်းချင်း ပေါင်းစည်းနိုင်ရန် တအုပ်စုနှင့် တအုပ်စု ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး၊ နားလည်မှုရှိလာအောင် လုပ်ဖို့ မကြိုးစားကြ။ ဒေါ်စု ဘွဲ့များ ထပ်ရရန် ကြိုးပမ်းသူက ကြိုးပမ်းကြ၊ စည်းရုံးသူက စည်းရုံးကြနှင့် ရွာလည်နေကြသည်။
ဒေါ်စုပြီးတော့ ကိုမင်းကိုနိုင် ထွက်လာသောအခါ ကိုမင်းကိုနိုင်ဘွဲ့ ရရန် ကြိုးစားသူများ ပေါ်လာကြပြန်သည်။ တဆင့်ပြီးတဆင့် ဘွဲ့များရရန်သာ ကြိုးစားနေကြရင်း အချိန်ဖြုန်းခဲ့ကြ၍ အနှစ် ၂ဝ တိုင် ကြာခဲ့ပြီဖြစ်သည်။  ရှေ့မတိုးနိုင်ကြသေးပါ။ ဤသည်မှာ ပုံရိပ်နိုင်ငံရေး၏ အန္တရာယ်ဆိုး ဖြစ်သည်။ ပို၍ဆိုးသည်မှာ ပုံရိပ်နိုင်ငံရေးကြောင့် ကိုယ်နှင့် သဘောထား မတူသူတွေကို အရင်ဦးအောင် တိုက်ခိုက်ထားရမည် ဆိုသည့် မသိစိတ်များသည် ယနေ့ နိုင်ငံရေး လှုပ်ရှားသူများကြားတွင် ကိန်းအောင်း ငြိတွယ်နေကြသေးသည်။ ထို့ကြောင့် ညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲ အချင်းချင်း နှိပ်ကွပ်နေရင်း စစ်အာဏာရှင်ကို တိုက်ရန် အင်အား မစုစည်းနိုင်ကြတော့ပါ။

zero sum game ခေါ် သုံညအကြွင်း တွေးခေါ်ချက်

မဆလ စိတ်ဓာတ်ဆိုးနှင့် လူချသည့် အကျင့်ဆိုး ၂ ခုက ပုံရိပ်နိုင်ငံရေးနှင့် Zerosum game သူနိုင်ကိုယ်နိုင်၊ သုံညအကြွင်း တွေးခေါ်ချက်ကို ပို့ဆောင်ပေးခဲ့သည်။ ဤအတွေးအခေါ်က လုံးဝသုံည အနိုင်ရရေးကို ဦးတည်သည်။ အဆင့်ဆင့် နိုင်ငံရေးစစ်ပွဲ အနိုင်ရရေးထက် လုံးဝဥဿုံ အနိုင်ရရေးကို ရည်ညွှန်းသည်။ ကွန်မြူနစ်ပါတီ တောခိုတော့ ဤအတွေးအခေါ်နှင့် တောခိုကြခြင်း ဖြစ်သည်။ ရန်သူကို အနိုင်တိုက်ရေးမှ လွဲ၍ ကျန်ဗျူဟာကို မစဉ်းစား။ မနိုင်မှ ငြိမ်းချမ်းရေးစကား ဆိုလာတော့ အစိုးရက အားသာလာကာ ဖြတ်လေးဖြတ်နှင့် ရက်ရက်စက်စက် ချေမှုန်းလာတော့ ကွန်မြူနစ်တွေ ပြေးကြရသည်။ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်နှင့် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် အများအပြား အသက်ဆုံးရှုံးခဲ့ကြရသည်။
သို့သော် ၎င်းတို့၏ Zero sum အတွေးနှင့် ဗျူဟာ Strategy က ကျန်ရစ်ခဲ့သည်။ အမွေဆိုးကို နောင် ခေတ်အဆက်ဆက် ခံယူရင်း – ကွန်မြူနစ်တို့၏ ဗျူဟာအမှားနောက် ဆက်လက်နင်းခဲ့ကြသည်။ Zero Sum game ကို ကစားလိုလျှင် (အင်အား) တည်ဆောက်ရမည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့သလို လူတော်တွေကို ဘက်ပေါင်းစုံက စည်းရုံး (ဆွဲစေ့) ရမည်။ လူတော်တွေကို လိုချင်ရင် ဒီလူတွေကို နေရာပေးရမည်။ အောက်ခြေလူတန်းစား (Grass root) သာမက အဆင့်ဆင့်တွင် ခေါင်းဆောင်ကောင်းများကို မွေးထုတ်နိုင်ရမည်။ Next Generation ဟု ခေါ်သည့် နောက်ခေတ်လူငယ်များကို ပြုစုပျိုးထောင် မွေးထုတ်နိုင်ရမည်။ အခုတော့ ဒီလိုမဟုတ်။ ပြည်တွင်းပြည်ပ (လူကြီး) များက (ရာသက်ပန်) နေရာယူထားကြသည်။ (ငါတို့ အစု) သာ လုပ်ပိုင်ခွင့်ရှိသည်ဟု ခံယူကြကာ မဆလစိတ်ဓာတ် အပြည့်နှင့် (မလုပ်၊ မရှုတ်၊ မပြုတ်) ခံယူချက်နှင့် အပြင်လူ အဝင်မခံ။
တောင်အာဖရိကတွင် မင်ဒဲလား (Mandela) ဦးဆောင်သော အေအင်စီ (ANC) တို့ အနိုင်ရသည်ကို ကြည့်လျှင် မင်ဒဲလားက သတ္တိရှိရှိနှင့် အသားရောင် ခွဲခြားနှိပ်ကွပ်သော အပါသိုက် Apartheid စနစ်ကို ထောင်ထဲတွင် စွန့်စားတိုက်ပြနေချိန်တွင် အောလီဘာတမ်ဘို (Oliver-Tambo) က ပြင်ပတွင် ခေါင်းဆောင်မှုပေးကာ အင်အားကို တည်ဆောက်နိုင်ခဲ့သည်။ နိုင်ငံတကာ ထောက်ခံမှုကို အရယူနိုင်ခဲ့သည်။ စီးပွားရေး ပိတ်ဆို့မှုကို ဦးဆောင်နိုင်ခဲ့သည်။ မင်ဒဲလားသည် အတိုက်အခံ အုပ်စု၏ ရုပ်လွှာ Icon သတ္တိ၊ အောလီဘာတမ်ဘိုက ပြင်ပမှ ခေါင်းဆောင်မှုတို့ ဟန်ချက်ညီစွာ ခေါင်းဆောင်နိုင်ခဲ့ကြသည်။ ဒေါ်စုသည် မင်ဒဲလားကဲ့သို့ သတ္တိရှိသော ခေါင်းဆောင်။ ဒေါ်စု၏ သတ္တိကြောင့် မြန်မာသာမက တကမ္ဘာလုံးက ထောက်ခံလျက်ရှိသော ခေါင်းဆောင်။ သို့သော် ဤထောက်ခံမှုကို (အင်အား) ဖြစ်အောင် ခေါင်းဆောင်နေရာယူထားသည့် လူကြီးများက မတည်ဆောက်နိုင်ကြ။ တည်ဆောက်ရမှန်းပင် သိပုံမပေါ်ကြ။
အဝေးရောက် အစိုးရအဖွဲ့သာ လုပ်တတ်ခဲ့လျှင်၊ နိုင်ငံရေး နားလည်ခဲ့ကြလျှင်၊ အောက်ခြေကို စည်းရုံးသူတွေက စည်းရုံး၊ နိုင်ငံခြားအစိုးရတွေကို လော်ဘီလုပ်သူတွေက လော်ဘီလုပ်၊ စီးပွားရေးပိတ်ဆို့မှု (Sanctions) ကို ဦးစီးသူတွေက ဦးစီး၊ တိုက်ပွဲဝင်နှင့် မြိုင်မြိုင်ဆိုင်ဆိုင် အကောင်အထည် ဖော်နိုင်ခဲ့ကြလျှင် (အင်အား)လည်း တဖြေးဖြေး တိုးတက်လာပြီး ထောက်ခံမှုလည်း တဖြေးဖြေး ကြီးထွားလာစရာ အကြောင်းရှိပါသည်။ အခုတော့ အနှစ် ၂ဝ လုံးလုံး (လုပ်ကြပါ၊ လုပ်ကြပါ) ဟု ကမ္ဘာပတ်၊ လိုက်အော်ကာ ပိုက်ဆံလိုက်တောင်း၊ ငွေတွေသုံး၊ အချိန်တွေòဖံး၊ အခွင့်အရေးတွေ ရှုံးခဲ့ရသည်မှာ တွေးတတ်လျှင် ရင်နာစရာ ကောင်းလှပါသည်။
လူကြီးများက အတွင်းစည်းဝိုင်းကာ လူနည်းစု သက်သက်နှင့်သာ အနိုင်တိုက်လိုကြသည်။ အနှစ် ၂ဝ ကျော် လာသည့်တိုင် စည်းဝိုင်းသာ ကျဉ်းသွားသည်။ တိုးတက်မှုမရှိ။ တိုင်းပြည်ပြင်ပတွင် ၅ ဦး တဖွဲ့နှင့်၊ ကိုယ့်စည်းကိုယ်တားကာ ကြိတ်ဝိုင်းတွေနှင့် အစိတ်စိတ်အမွှာမွှာ ကွဲနေကြသည်။ ကြိုးဝိုင်းအပြင် ရောက်နေကြသည့် အုပ်စုများမှာ မဆလစိတ် အပြည့်နှင့် zero-sum ဗျူဟာကိုင်ကာ အချင်းချင်း ဝိုင်းဆဲနေကြသည်ကိုပင် နိုင်ငံရေး စွန့်စားမှုကြီးသဖွယ် ထင်နေကြသည်။ သူ့ထက်ငါ သတ္တိရှိပြနေကြသည်။ သံရုံးရှေ့ ဆန္ဒပြခြင်း၊ ရှည်လျားလှသော ကြေညာချက်များ ထုတ်ပြန်ခြင်း၊ Website ထောင်၍ လူတကာကို ဆဲဆိုကြခြင်းကိုပင် နိုင်ငံရေး လုပ်နေကြသည်ဟု ယူဆကာ ဘဝမြင့်နေကြသည်။ နအဖ စစ်အစိုးရကို များများဆဲနိုင်သူကို ခေါင်းဆောင်အဖြစ် မှတ်ယူကာ ပုံရိပ်ကို အရောင်တင်နေကြသည်။ အင်အား မတည်ဆောက်နိုင်လျှင် တဦးပြီး၊ တဦး အိုပြီး သေမင်းခေါ်ရာ လိုက်ကြရမည်။ အာဏာရှင်စနစ် ပြိုကွဲမည် မဟုတ်ပါ။
ယနေ့နိုင်ငံရေး အခြေအနေကို သုံးသပ်ရလျှင် ခေါင်းပိုင်းတွင် ဒေါ်စုသည် အနစ်နာခံကာ အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော်လည်း ဒေါ်စုနောက်က အင်အားအဖြစ် ပံ့ပိုးရမည့် ဒုတိယအဆင့် ခေါင်းဆောင်ပိုင်း မရှိပါ။ (စကားချပ်။ ။ ဦးဝင်းတင် လွတ်မြောက်လာ၍ မျှော်လင့်ချက် တက်လာသည်။ NLD-LA တွင် လူငယ်များ နေရာရလာခြင်းမှာ အားရဖွယ်ဖြစ်သည်။) တနည်းအားဖြင့် ခါးပြတ်နေပါသည်။ အတွင်းနှင့် အပြင်တွင် အုပ်စုအသီးသီးဖွဲ့ကာ အုပ်စုအချင်းချင်း အားပြိုင်နေကြသော်လည်း အချင်းချင်း အချိတ်အဆက် မရှိကြ။ စည်းဝိုင်းဖွဲ့ထားကြသော စက်ဝိုင်းများ မချိတ်မိကြ။ တကမ္ဘာစီ ဝေးနေကြသည်။ နောက်ဆုံး အချိန်ကြာလာတော့ ဒေါ်စုဆိုင်းဘုတ်ကို ထောင်ပြီး ခွင်ရိုက်စားရသည့် နိုင်ငံရေးလုပ်စားများ ဖြစ်မှန်းမသိ ဖြစ်လာကြသည်။ ပုံရိပ်နိုင်ငံရေးကြောင့် ပြိုင်ဆိုင်မှုများလာကာ အောက်ခြေတွင် ညီညွတ်မှု မရှိကြ၍ (အင်အား) မတည်ဆောက်နိုင်ကြပါ။ မြေစာပင်ဖြစ်ရသူများမှာ အသက်စွန့်၍ တိုက်ပွဲဝင်နေကြတဲ့ အောက်ခြေက သူရဲကောင်းများနဲ့ ပြည်သူတွေသာ ဖြစ်တယ်။
၈ လေးလုံး လူထုတော်လှန်ရေးကြီးနှင့် ရွှေဝါရောင် တော်လှန်ရေးအကြား ၁၉ နှစ် ရှိပါသည်။ ဤ ၁၉ နှစ်အတွင်း တော်လှန်ရေး အင်အားစုအတွင်း ဘာများ ပြင်ဆင်နိုင်ခဲ့ပါသလဲ။ ဘာမှ မပြင်ဆင်နိုင်ခဲ့ကြပါ။ ၈၈ အုပ်စုနောက်ပိုင်း မျိုးဆက်သစ်ခေါင်းဆောင်များ မပေါ်ပေါက်ခဲ့တော့ပါ။ အကြောင်းမှာ လူငယ်လူသစ်များကို ပြုစုပျိုးထောင်ပေးလိုစိတ် မရှိကြ။ ပေးရမည်ကိုပင် မသိကြရုံမက နေရာရထားသည့်သူများက မဆလစိတ်ဓာတ် အပြည့်နှင့် ထိုင်ခုံ မဖယ်ပေးလိုကြ။ အချိန်တွေသာ ကုန်သွားသည်။ တိုးတက်မှု မရှိကြသည်ကိုလည်း ဂရုမပြုနိုင်ကြ။ မျက်စိမှိတ်ကာ လုံးဝ အနိုင်ရရေးကိုသာ ဇွတ်အော်နေကြသည်။ လုံးဝအနိုင်ရရန် လိုအပ်ချက်များကို မစဉ်းစားကြ။ မပြင်ဆင်ခဲ့ကြပါ။
ရလာဒ်မှာ ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်လာသောအခါ ဦးဆောင်ရမည့် ခေါင်းဆောင်နှင့် အဖွဲ့အစည်း မရှိဘဲ နိုင်ငံရေးအရှိန်၊ တိုက်ပွဲအရှိန်ကို မမြှင့်နိုင်ကြ။ ထို့ကြောင့် စစ်အစိုးရက ဂမ်ဘာရီကို ဘန်းပြ၍ ဒေါ်စုနှင့် လှည့်၍ မျှော်လင့်ချက် ပေးလိုက်တဲ့အခါ၊ စစ်အစိုးရရဲ့ နိုင်ငံရေး၊ ထောင်ချောက်ထဲကို တန်းဝင်သွားကြရတာပါ။ ဒေါ်စုကိုယ်နှိုက်လည်း အသုံးချခံလိုက်ရတယ်လို့ ခံစားရမိတယ်။
လက်ရှိဖြစ်ရပ်များနှင့် နိုင်ငံရေး အခြေအနေကို သုံးသပ်ရာတွင်၊ အမှန်တရားကို အခြေပြု၍ သတ္တိရှိရှိ ဝန်ခံစိတ်နှင့် သုံးသပ်ကြည့်လျှင် စစ်အာဏာရှင်အစိုးရနှင့် အတိုက်ခံတို့သည် ဒီမိုကရေစီကို အခြေပြု၍ တိုက်ပွဲဝင်နေကြခြင်းဟု ယေဘုယျအားဖြင့် ပြောနိုင်သော်လည်း ကျင့်စဉ်များမှာ မဆလစိတ်ဓာတ်ကို အခြေပြုသော ကွန်မြူနစ် ကျင့်စဉ်များသာ ဖြစ်သည်။ ဦးနေဝင်းသည် ၎င်း အာဏာတည်မြဲရေးအတွက် ကွန်မြူနစ်တို့၏ ဗဟိုဦးစီးစနစ်ကို ယူလာကာ စစ်ဗိုလ် လူထွက်များနှင့် ကွန်မြူနစ်လူထွက်များကို အားယူကာ “မဆလ” ပါတီကို တည်ထောင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် “အာဏာ” ကို ရအောင် မတိုက်နိုင်သောအခါ အာဏာရနေသော “မဆလ” ပါတီသို့ ကွန်မြူနစ် အများအပြား ဝင်ရောက်ကာ တဆင့်ခံ အာဏာကို ဝင်ရောက်ရယူခဲ့ကြသည်။
၎င်းတို့နှင့်အတူ ကွန်မြူနစ်ပါတီမှ အကျင့်ဆိုးများ ပါလာကာ ဗဟိုဦးစီးစနစ်ဆိုးမှ စီးဆင်းလာသော မဆလ စိတ်ဓာတ်နှင့် အကျင့်ဆိုးကြီးသည် မြန်မာပြည်တပြည်လုံး ပြန့်နှံ့ခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။ ကျနော့်အမြင်ကို တင်ပြရလျှင် ဦးနေဝင်း၏ အမွေဆိုးမှာ စစ်အာဏာရှင်စနစ်ကို ၎င်းကိုယ်ကျိုးအတွက် ထူထောင်ခဲ့သည်သာမက မဆလ စိတ်ဓာတ်နှင့် အကျင့်ဆိုးကို တပြည်လုံးကို ဖြန့်၍ တိုင်းပြည်ကို ဖျက်ဆီးခဲ့ခြင်းပင် ဖြစ်သည်။ ဒီစိတ်ဓာတ်နှင့် ဒီအကျင့်ကို မြန်မာတပြည်လုံး မဖျောက်နိုင်ကြသေးပါ။
နအဖ စစ်အစိုးရသည် မဆလစိတ်ဓာတ်ကို အခြေခံ၍ ဖက်ဆစ် အာဏာရှင်တို့၏ ကျင့်ထုံးအတိုင်း အာဏာသုံး၍ အများပြည်သူကို နိုပ်ကွပ်ရာမှ ဦးနေဝင်းခေတ်ကထက် ပိုမိုယုတ်မာနှိပ်စက်သော ဖက်ဆစ်ရုပ်ပုံ ပိုပေါ်လာသည်။ ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ် မုန်တိုင်းတွင် ဗိုလ်ချုပ်သန်းရွှေ၏ ဖက်ဆစ်ရုပ်သည် ပိုပေါ်လွင်လာကာ စစ်တပ်က (ပြည်သူ) ကို (ရန်သူ) အဖြစ် သတ်မှတ် ဆက်ဆံလာသည်မှာ ထင်ရှားလာပါသည်။
စစ်အာဏာရှင်ပီပီ ဗိုလ်ချုပ်သန်းရွှေသည် အာဏာနှင့် ရာထူးကို လက်မလွှတ်နိုင်။ အောက်က ဗိုလ်ချုပ်များ၏ ထောက်ခံမှုရရန် ဆရာ၊တပည့် ကြည့်ရှုသည့် Patronage စနစ်ကို ကျင့်သုံးကာ လူတွေကို ငွေနှင့် အာဏာပေးကာ ခိုင်းစားခဲ့ရသည်။ ခိုင်းစားလျက်လည်း ဖြစ်သည်။ အဆင့်ဆင့် အာဏာနှင့် ငွေပေး၍ ခိုင်းစားကြရာက တိုင်းပြည်လည်း မွဲ၍ မြန်မာပြည်လည်း “သူခိုး” နိုင်ငံဖြစ်ခဲ့ရပြီ။ မဆလ စိတ်ဓာတ်ကို အခြေခံခဲ့ရာမှ စစ်အာဏာရှင်စနစ်ဆိုးတို့ သွားရာလမ်းအတိုင်း လက်ရှိ နအဖ အစိုးရသည် တိုင်းပြည်နှင့် လူမျိုးကို ချစ်စိတ်ပျောက်ကာ တကိုယ်ကောင်းစိတ် အစွန်းရောက်သော ဖက်ဆစ်စစ်စစ် ဘဝသို့ ရောက်ကာ တိုင်းပြည်လည်း တရုတ်ကျွန်ဘဝ ရောက်ခဲ့ရပြီ။ ဗိုလ်ချုပ်သန်းရွှေကတော့ စိန်စီသော သမီးများ ခြံရံလျက် ပုလ္လင်ထက်မှ မဖယ်နိုင်ရှာသေးပါ။
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသော တော်လှန်ရေး ရဲဘော်ကြီးများကို ကြည့်လျှင်လည်း အများစု၏ အခြေခံမှာ မဆလ စိတ်ဓာတ်နှင့် ကွန်မြူနစ်တို့၏ အကျင့်ဆိုးများပင် ဖြစ်သည်။ အစိုးရ၏ ဖမ်းဆီး နှိပ်ကွပ်ခြင်းဘေးမှ ကင်းလွတ်ခဲ့ကြသော အတွင်းနှင့် အပြင် ခေါင်းဆောင်ပိုင်းကို ကြည့်လျှင် မိမိတို့၏ ရာထူးနှင့် ရပိုင်ခွင့်များကို မစွန့်လွှတ်လိုကြ။ ဒီမိုကရေစီ တိုက်ပွဲဝင် နေကြသူများပင် ဖြစ်သော်ငြားလည်း ဝေဖန်မှုကို မခံနိုင်ကြ။ ဒီမိုကရေစီ ကျင့်စဉ်တွင် မရှိမဖြစ်သော Transparency ဟု ခေါ်သည့် ပေါ်ပေါ်ထင်ထင် ဆောင်ရွက်မှုကို မလိုလား။ ကြိတ်ဝိုင်းကလေးများ ဖွဲ့ကာ ကြိတ်စားနေကြသည့် အကျင့်က မပျောက်ကြ။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း Critical Thinking ကို ဦးစားမပေး။ “ငါပြောတာ နားထောင်၊ ငါခိုင်းတာ လုပ်၊ ပြန်မပြောနဲ့” ဟူသော အကျင့်ဆိုးကို မဖျောက်နိုင်ကြသေးပါ။ အချိန်ကြာလာသောအခါ တော်လှန်ရေး အနိုင်ရရှိရေးထက် ကိုယ့်အဖွဲ့၊ ကိုယ့်အုပ်စု၊ ကိုယ့်ရာထူး တည်မြဲရေး အဓိက ဖြစ်လာကြပါတော့သည်။
နအဖ အစိုးရက အာဏာကို သုံး၍ တိုင်းပြည်နှင့် လူမျိုးကို အဓမ္မပြုကျင့်ကာ ခိုးစားလာကြသည်။ ဒီမိုဘက်သားများက ဒေါ်စု အမည်ကို အသုံးပြုကာ လုပ်စားလာကြပါတော့သည်။ ဤသို့ ဖြစ်ရသည်မှာ နှစ်ဖက်စလုံး၏ အခြေခံမှာ ဦးနေဝင်း အမွေပေးခဲ့သော မဆလ စိတ်ဓာတ်နှင့် အကျင့်ဆိုးဖြစ်သည်။ မဆလ စိတ်ဓာတ်နှင့် အကျင့်တို့ အဖျားခံရာသည် ဗဟိုဦးစီးစနစ်နှင့် မက်(စ်) Marx အတွေးအခေါ် ဖြစ်သည်။ ဤသည်တို့မှ ပုံရိပ်နိုင်ငံရေး မိမိဘက်အနိုင်ရရေး Zero Sum Game အတွေးအခေါ်တို့သည် ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေးတွင် လွှမ်းမိုးလျက်ရှိသည်။
ဤအခြေအနေကြားမှ အလင်းရောင်တန်းတခုကို မြင်မိ၍ အားတက်မိသည်။ လူကြီး၊ လူလတ်ပိုင်း (၄ဝ-၇ဝ) တန်းများကြားတွင် ပုံရိပ်နိုင်ငံရေးကို ဖက်ပြီး အချင်းချင်း နှိပ်ကွပ်ကာ နိုင်ငံရေးအသေသတ်ရန် ကြိုးစားနေသော်ငြားလည်း အင်တာနက်ခေတ်တွင် ကြီးပြင်းလာကြသော လူငယ်ပိုင်းတွင် Critical Thinking ဟု ခေါ်သည့် ဝေဖန်ပိုင်းခြားစဉ်းစားမှု အတွေးရှိကြသည်။ ပြောတိုင်းမယုံကြ။ လေ့လာပြီးမှာ လက်ခံပုံရသည်။ ပြည်တွင်းတွင် ခေတ်ပေါ် Wave မဂ္ဂဇင်းမျိုး ဖတ်ရှုလေ့လာ နှစ်သက်လာကြသည်။ လူကြီးများက လူငယ်များကို ပြုစုပျိုးထောင်ပေးဖို့လိုသည်ဟု မြင်မိသည်။ ထို့ထက် တလှမ်းတိုးဖို့ လူငယ်တွေအတွက် နေရာပေးဖို့လိုသည် ဆိုချင်သည်။ ၈၈ မျိုးဆက် ပြီးကတည်းက လူငယ်မျိုးဆက်သစ်တို့ နေရာ မရကြ။ လူငယ်လှိုင်း (New Wave) ကို ဖော်ထုတ်ဖို့ လိုသည်။
အရေးအကြီးဆုံး အမြင်တခုမှာ ဒီလူငယ်တွေကို လူကြီးတွေ၏ “ဆိုးမွေ” ဖြစ်သော ပုံရိပ်နိုင်ငံရေး၊ လူချနိုင်ငံရေးကို လူငယ်မျိုးဆက်များကို မပေးကြဖို့ တိုက်တွန်းစေချင်သည်။ မဆလ စိတ်ဓာတ်ကို လက်ဆင့် မကမ်းမိရန် သတိပြုစေချင်သည်။
အမှားကို မြင်မှ အမှန်ကို ပြင်နိုင်မည်။
အမှားကို ဝန်ခံမှ အမှန်ကို ပြင်ချင်စိတ်ရှိမည်။
နိုင်ငံရေးမှာ “အင်အား” မရှိဘဲ “အာဏာ” မရနိုင်ပါ။
“အာဏာ” ရဖို့ အဖွဲ့အစည်းနှင့် နိုင်ငံရေး အဆောက်အဦ Political Infrastructure ကို တည်ဆောက်ရမည်။
ညီညွတ်မှ “အင်အား” ရပါမည်။
အင်အား မရှိလျှင် အပြင် အင်အား UN/US၊ ကို အားကိုးနေကြရပါမည်။
နအဖကို လက်ဖြန့်တောင်း၍ မရပါ။
တိုက်ယူမှ ရပါမည်။
စနစ်မပြောင်းဘဲ၊ တိုင်းပြည် မထူထောင်နိုင်ပါ။
နိုင်ငံတကာအလယ်တွင် ကျနော်တို့ မြန်မာနိုင်ငံ နောက်ကျကျန်ခဲ့ပြီ။ အချိန်တွေ ဖြုံးနေဖို့၊ အခွင့်မရှိတော့ပါ။ ညီညွတ်ရန် အချိန်တန်ပါပြီ။

ဘိုဘိုကျော်ငြိမ်း

Friday, August 12, 2011

အိတ်ဖွင့်ပေးစာ မူရင်း

အိတ်ဖွင့်ပေးစာ မူရင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

l1

l2

l3

Friday, August 5, 2011

မြန်မာ့အရေး အာဆီယံ စိတ်မအေးသင့်

မြန်မာ့အရေး အာဆီယံ စိတ်မအေးသင့်

မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဟုတ္တိပတ္တိ မလုပ်သေးကြောင်း ဝေဖန်ပြောဆိုမှုများ အများအပြား ရှိနေသော်လည်း အစိုးရသစ်သည် ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး လက်ခံပွဲ ကျင်းပရန် ရည်ရွယ်နေသည်။

အာဆီယံအနေဖြင့် ယင်းကိစ္စကို အတော် ကိုင်တွယ်ရပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာသည် အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့သည့် ၁၄ နှစ်တာအတွင်း ဦးတည်ရာလမ်းကြောင်းပြောင်းရန် အခွင့်အလမ်းများ ရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်ရမည့် အခွင့်အရေးကို မြန်မာအစိုးရက လက်ရှောင်ခဲ့ရပြီး အကြောင်းရင်းမှာ ဒီပဲယင်းနှင့် လူ့အခွင့်အရေး ကိစ္စများ၌ တိုးတက်မှု မရှိခြင်းကြောင်းဖြစ်သည်။

“မြန်မာပြည်ဟာ ပြည်တွင်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ရမယ်။ ဒါကြောင့် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို နောက်တလှည့်ကျမှပဲ ယူမယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို မေတ္တာရပ်ခံထားတယ်” ဟု မြန်မာက အာဆီယံ ဥက္ကဋ္ဌ လုပ်ရေး မလုပ်ရေး အဆုံးအဖြတ်ပေးရမည့် ၂၀၀၅ ခုနှစ်တွင် လာအို နိုင်ငံခြားရေးဝန်ကြီး Somsavat Lengsavat က ပြောခဲ့သည်။

ထိုနောက်ပိုင်းတွင် မြန်မာပြည်၌ ကြီးမားသော အလှည့်အပြောင်းများ ဖြစ်ခဲ့သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနှင့် အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲ၊ ယမန်နှစ်အတွင်းတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ ဝေဖန်မှုများခံခဲ့ရသည့် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက်လာခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ သို့သော် အဖြစ်အပျက်များကို ပြန်ကြည့်ရင် အမျိုးသားရင်ကြားစေ့ရေးဆိုသည့် ကိစ္စကို တခုမျှ မမြင်ခဲ့ရချေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးကစားကွက် တကွက်ရွှေ့လိုက်သောကြောင့် ဝေဖန်မှုများ အသံအနည်းငယ် ပျော့သွားကြသည်။ ယခင် စစ်အစိုးရ လက်ထက်ကတည်းက ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစေခြင်း ဖြစ်သည်။

သို့သော် ထိုကဲ့သို့ စတိသဘော လုပ်ဆောင်ပြမှုလောက်နှင့် အာဆီယံ ဥက္ကဋ္ဌနေရာကို မြန်မာယူရယူရန် သဘောတူရေး ဆုံးဖြတ်ရာတွင် အာဆီယံအဖို့ မလွယ်လှသေးပေ။ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသည့် စစ်ရာဇဝတ်မှုများ၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်မပေးသေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် စီးပွားဖက် ဖြစ်နေသည့် အမေရိကန်နှင့် ဥရောပတို့က မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူမှု ဆက်လုပ်ထားခြင်းများ ရှိနေသေးသည်။

ဇူလိုင်လကုန်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ဟန်ပြသဖွယ် ကစားနေခြင်းဖြင့် မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်အတိုင်း သွားနေသည်ဟု ယုံကြည်ပေးရန် ခဲယဉ်ကြောင်း မြန်မာ့အရေး မျှော်လင့်ချက်နည်းပုံကို ပြောသွားခဲ့သည်။

“အကျဉ်းထောင်များထဲမှာ အတိဒုက္ခရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို မြန်မာအစိုးရအနေနဲ့ ချွင်းချက်မရှိ လွှတ်ပေးစေချင်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောခဲ့သည်။ ထို့အပြင် နိုင်ငံရေးအတိုက်အခံများ၊ တိုင်းရင်းသားများနှင့်လည်း အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သော ပြောဆိုဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းသွားသည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကို သူတို့လှမ်းမလား၊ တလျှောက်လုံး သွားနေတဲ့ လမ်းဟောင်းပဲ ဆက်လျှောက်မလား၊ ရွေးချယ်စရာက ရှင်းပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဆိုသည်။

၎င်းက စစ်လက်နက် မပြန့်ပွားရေးနှင့် ပတ်သက်၍ စစ်တပ်ကျောထောက် နောက်ခံပြုထားသည့် မြန်မာ အရပ်သားအစိုးရကိုလည်း ရည်ညွှန်းပြောဆိုသွားသေးသည်။ မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုနှင့် ပတ်သက်ပြီး အမေရိကန်က အကြိမ်ကြိမ် ထုတ်ဖော်ပြောခဲ့ဖူးသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါကမူ မြန်မာနိုင်ငံအနေနှင့် ကျန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လေးစားမှုနှင့် ယုံကြည်မှုကို ရယူသွားရန် သွယ်ဝိုက် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့နှင့် ပတ်သက်၍ ၎င်း၏အမြင်ကို “မြန်မာနိုင်ငံက ဒီမိုကရေစီ ပြောင်းလဲရေးကို သိသိသာသာ သွားနေပါတယ်။ တဖြည်းဖြည်း ဖြစ်လာဖို့ မှန်းပါတယ်။ တိုးတက်လာပြီလို့တော့ မပြောလိုသေးပါဘူး” ဟု ပြောသွားသည်။

မြင်သာသည့်အချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအပေါ် အပြုသဘောမြင်နေကြခြင်းဖြင့် ဒေသတွင်းမှ သမ္ဘာရင့် နိုင်ငံရေးခေါင်းဆောင်များ လုံးဝ နှုတ်ပိတ်နေမှုကဲ့သို့သော ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်လာစေသည်။

မြန်မာနိုင်ငံသည် အာဆီယံ ဦးဆောင်နိုင်ငံဖြစ်ရေး သင့်လျော်ခြင်း ရှိမရှိနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာရှိသည်မှာ မစ္စတာ နာတာလီဂါဝါ ကိုယ်တိုင် မရေမရာ ရမ်းဆ ခန့်မှန်းနေမှုကြောင့်ပင် ဖြစ်သည်။ “၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူဖို့ မြန်မာအနေနဲ့ တကယ့်ကို ပြင်ဆင်ထားပြီး အဆင်သင့် ဖြစ်မဖြစ် ကျနော်တို့ စောင့်ကြည့်ရပါမယ်၊ သက်သောင့်သက်သာ အနေအထား ရှိသင့်ပါတယ်။ ကျနော်ရော အားလုံးရော သတိပြုရမှာက အာဆီယံ ဥက္ကဋ္ဌရာထူးယူမယ့် နိုင်ငံဟာ တာဝန်ယူမှုများနဲ့ မျှော်လင့်ချက်ကောင်းများ တခါတည်း ပါရှိနေရမယ်ဆိုတာပါပဲ” ဟု မပြတ်မသား ပြောဆိုထားခဲ့သည်။

“သက်သောင့်သက်သာ အနေအထား” ရှိသင့် မရှိသင့် စမ်းသပ်ကြည့်ရန် မစ္စတာ နာတာလီဂါဝါသည် အာဆီယံကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ဥက္ကဋ္ဌရာထူး လွှဲအပ်မည့်ကိစ္စ ဆုံးဖြတ်မှု မတိုင်ခင် မြန်မာနိုင်ငံကို လာရောက်လိမ့်မည်ဖြစ်သည်။ ဆုံးဖြတ်ချက် မချရသေးသော်လည်း အာဆီယံအနေဖြင့် ၎င်း၏ ဦးဆောင်ဖြစ်လာမည့် နိုင်ငံအတွက် မေးခွန်းထုတ်စရာများ ရှိနေနိုင်သည်။ ဆိုလိုသည်မှာ မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုထားသည်များကို တုံ့ပြန်ဆောင်ရွက်ရန် အသင့်ဖြစ်ကြောင်း မြန်မာအစိုးရအနေနှင့် သက်သေပြရလိမ့်မည် ဆိုသည့်အချက်ဖြစ်သည်။

ဤအခြေအနေတွင် မြန်မာအစိုးရအနေဖြင့် လုပ်စရာရှိများကို လုပ်တန်သလောက် လုပ်ပြီးပြီဟု ယူဆကောင်း ယူဆနေပါလိမ့်မည်။ တချိန်တည်းတွင်ပင် မြန်မာအစိုးရအနေနှင့် ဤကဲ့သို့ သိက္ခာ အဖတ်ဆယ်စရာ အခြေအနေမျိုး ထပ်ရှိရန် မလွယ်ကူသောကြောင့် ယခုတကြိမ် အာဆီယံ ဥက္ကဋ္ဌရာထူးကို လက်လွှတ်ပေးရန်မှာလည်း ခက်ခဲနေမည်ဖြစ်သည်။

တနည်းအားဖြင့် အခြေအနေအရပ်ရပ်အရ မြန်မာနိုင်ငံရော အာဆီယံနိုင်ငံများအတွက်ပါ စိတ်မအေးစရာအကြောင်းများ ဖန်လာဖို့များနေသည်။ သို့သော် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး ယခုအတိုင်း ဇွတ်တိုးလုပ်ကြလျှင်မူ ထို စိတ်မအေးစရာများအတွက် ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ခါးစည်းခံကြရဖို့သာ ရှိပေသည်။

Tuesday, August 2, 2011

စစ်တပ်တွင်း အန္တရာယ်အကြီးဆုံး doubt (Breaking News)

စစ်တပ်တွင်း အန္တရာယ်အကြီးဆုံး doubt (Breaking News)

စစ်တပ်မှာ ရေပန်းစားနေတဲ့ အန္တရာယ် အကြီးဆုံး စကားလုံးကတော့ doubt ဆိုတဲ့စကားလုံးဖြစ်ပြီး ထိပ်ပိုင်း ဗိုလ်ချုပ်များအချင်းချင်း doubt ဖြစ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်စဉ် အများအပြား ရှိနေကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားခံခဲ့ရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ထံ ဂါရဝ တရားအရ လာရောက်တွေ့ဆုံခဲ့တဲ့ ရကတ တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းနဲ့ ကစထ (၅) မှူးဟောင်း ဗိုလ်ချုပ်တင်ငွေတို့ အပေါ် ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်နေတဲ့ ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဘဝင်မကျ doubt ဖြစ်ခဲ့သလို အာဏာမစွန့်လွတ်ရသေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီကောင် အာဏာဖြင့် မလွှဲသေးဘူး၊ အုပ်စုဖွဲ့ အာဏာနီ တည်ဆောက်နေပြီဟု doubt ဖြစ်ခဲ့လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်ကို ကွပ်ကဲရတဲ့ ဗိုလ်ချုပ်တင်ငွေဟာ ကစထ (၅) မှူးရဲ့ တာဝန် ဝတ္တရားအရ ရန်ကုန်တိုင်းအတွင်းရှိ ဝန်ကြီးဌာနများရဲ့ စီမံကိန်းများ စစ်ဆေးခြင်းနဲ့ သုဝဏ္ဏအားကစားကွင်း မွမ်းမံ တည်ဆောက်ရေး စီမံကိန်း စစ်ဆေးရာမှာ တခမ်းတနား စစ်ဆေးတဲ့အပေါ် ထိုစဉ်က ရွေးကောက်ပွဲ မပြီးသေးလို့ ခေတ္တထောင့်ကပ်နေတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဘဝင်မကျ doubt ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်တပ်မှာ ဗိုလ်ချုပ်တွေ အချင်းချင်း doubt ဖြစ်ပြီဆိုရင် ကြောက်စရာကောင်းလှပြီး ဖြေစရာ ဆေးမရှိကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သုံးသပ်တင်ပြလာပါတယ်။

Monday, August 1, 2011

လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ

လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ

by Thant Ko Ko Maung on Monday, August 1, 2011 at 2:20pm
(ကွယ်လွန်သူ ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဦးဇန်ထာဆင် ၏ ဒီမိုကရေစီ ပြောင်းပြန် စာအုပ်မှ
ကူးယူ ဖော်ပြခြင်းဖြစ်ပါတယ်။  ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီး အပြီး ပေါ်ပေါက်လာသည့်
မြန်မာပြည် လွှတ်တော် နိုင်ငံရေး အခင်းအကျင်းအပေါ် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး၏
ခံစားချက် တစ်စိတ်တစ်ဒေသကို လေ့လာနိုင်စေလိုသောကြောင့် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။)

လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ

၁၉၅၁-၅၂ တွင် ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၌ ယှဉ်ပြိုင်
အရွေးခံသော အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ရှိရာ ကချင်အမျိုးသား ကွန်ဂရက်အဖွဲ့သည် အားလုံးသော
အဖွဲ့များထက် အများဆုံး ရရှိကြ၏။ ထို့ကြောင့် အမျိုးသား ကွန်ဂရက် အဖွဲ့ဝင်များနှင့် အမတ်များ၏
ယုံကြည်ချက်မှာ ပြည်နယ်၏ အုပ်ချုပ်မှု အာဏာကို မိမိတို့က ရရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။

ယုံကြည်ခဲ့သည့် အလျောက် ဖဆပလ အဖွဲ့မှ အရွေးခံသော ဖဆပလ အမတ်ငါးယောက်အား
တွေ့ဆုံ၍ မိမိတို့နှင့် ပူးပေါင်း၍ အစိုးရဖွဲ့ရန် စေ့စပ်တော့၏။ ပြည်နယ်တွင် ဖဆပလ အဖွဲ့ဝင်
များသည်လည်း ကေအင်စီ အဖွဲ့နှင့်သာ ပူးပေါင်းလိုကြောင်း၊ ကေအင်စီ အဖွဲ့၏ ဝါဒလမ်းစဉ်သည်
ဖဆပလ အဖွဲ့ချုပ်ကြီးက ချမှတ်သော လမ်းစဉ်နှင့် ဝါဒအတိုင်း ဖြစ်ကြောင်း၊ ထို့ကြောင့်
ကချင်ပြည်နယ် အစိုးရ ဖွဲ့ရေးတွင် ကေအင်စီနှင့် ပေါင်းမည်ဖြစ်ကြောင်း ပြောပြကြ၏။

၁၉၅၂ ခုနှစ် မတ်လတွင် လွှတ်တော် နှစ်ရပ်လုံးခေါ်၍ ပြည်နယ် အမတ်များအားလုံး ရန်ကုန်သို့
ရောက်လာကြ၏။ ကေအင်စီ အမတ်များသည် ၁၉၅၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ်
သခင်နုနှင့် တွေ့ဆုံ၍ ကချင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ မိမိတို့ အဖွဲ့သည်
ကချင်ပြည်နယ် လူထု အများဆုံး ထောက်ခံ၍ အမတ်အများဆုံးရသော အဖွဲ့  ဖြစ်သဖြင့်
ကချင်ပြည်နယ်၏ အုပ်ချုပ်ရေးအာဏာကို ရသင့်ကြောင်း တင်ပြကြသည်။ သခင်နုက ပြောသည်မှာ
ခင်ဗျားတို့ အဖွဲ့ကို မယုံကြည်၍တော့ မဟုတ်ပါ။ သို့သော်လည်း ကျုပ်အနေနှင့် ဆမားဒူဝါကိုပဲ
ကချင်ပြည်နယ် ဥက္ကဋ္ဌအဖြစ် ဆက်လက် ခန့်ချင်တယ်။ ခင်ဗျားတို့လည်း ပြည်မမှာ ဝန်ကြီးချုပ်၏
ပါလီမန် အတွင်းဝန် တစ်နေရာကို ယူပါ။ ကချင်ပြည်နယ်မှာ ဆမားကို အတိုက်အခံ မလုပ်ကြပါနဲ့။
ခင်ဗျားတို့ အချင်းချင်း ညီညွတ်ကြပါလို့ ပြောပါသည်။

ကေအင်စီ အမတ်များက ပြန်ပြောသည်မှာ “ဝန်ကြီးချုပ်။ ဒီမိုကရေစီ တိုင်းပြည် ဖြစ်တဲ့အတိုင်း အမတ်
များရာက အုပ်ချုပ်ရေး အာဏာကို ရရမယ် မဟုတ်လား အခုတော့ အမတ် လေးယောက်ပဲရတဲ့
ဆမားကို ပြည်နယ် ဥက္ကဋ္ဌ ပြန်တင်တော့ ဒီမိုကရေစီ ကျပါ့မလား။ ကျွန်တော်တို့ အနေနှင့်က အမတ်
အများဆုံး ရထားတာက တစ်ကြောင်း၊ ပြီးတော့ ကချင်ပြည်နယ်က အရွေးခံရတဲ့ ဖဆပလ အမတ်
ငါးယောက် ကလည်း ကျွန်တော်တို့နှင့် ပူးပေါင်းရန် ပြောထားပြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့
အဖွဲ့က ကချင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေး အာဏာပဲ ရရမယ်” လို့ ပြန်ပြောပါသည်။ ဒီတော့ ဝန်ကြီးချုပ်
သခင်နုဟာ “ခင်ဗျားတို့ အဖွဲ့က အမတ် အများဆုံး ရတာတော့ ဟုတ်ပါပြီ။ ကျုပ်လည်း မငြင်းဘူး။
ဒါပေမဲ့ ပြည်နယ်က ဖဆပလ အမတ်များဟာ သူတို့သဘောနှင့် လုပ်လို့ မရဘူး။ ဖဆပလ ဌာနချုပ်က
ညွှန်ကြားသည့်အတိုင်း လိုက်ရမယ်။ ဖဆပလ ဌာနချုပ်ကလည်း တစ်ခြား ပြောမှာ မဟုတ်ဘူး။ ယခု
ငါပြောတဲ့အတိုင်း ဆမားကိုပဲ ထောက်ခံဖို့ ပြောမှာပဲ” ဟု ပြန်ပြောလိုက်သည်။

ဒီနောက်မှာ ကေအင်စီ အမတ်များသည် ပြည်နယ်မှ ဖဆပလ အမတ် ငါးယောက်ဆီသွားပြီး
“ဘယ့်နဲ့လဲ။ ခင်ဗျားတို့ ဟိုပြည်နယ်မှာ တုန်းကတော့ ကျွန်တော်တို့နဲ့ ပေါင်းမယ် ဆိုတယ်
မဟုတ်လား။ ယခု ဝန်ကြီးချုပ်ကတော့ ခင်ဗျားတို့ကို ဆမားဒူဝါကိုပဲ ထောက်ခံခိုင်းမယ် ဆိုပါလား” ဟု
သွားပြောကြသည်။ ပြည်နယ်က ဖဆပလ အမတ် ငါးယောက်သည် “ကျွန်တော်တို့ အနေနှင့်
ခင်ဗျားတို့ ကေအင်စီ အဖွဲ့ကို ထောက်ခံချင်တယ်။ ခင်ဗျားတို့နှင့် ပူးပေါင်းချင်တယ်။ ဒါပေမဲ့ ဖဆပလ
ဌာနချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော် ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ သခင်နုရဲ့ အမိန့်ကိုတော့
ဘယ်လွန်ဆန် နိုင်မလဲ” ဟု ပြန်ပြောပါသည်။

ဒါကြောင့် နောက်ဆုံးတွင် “ကချင်ပြည်နယ်မှ ရွေးကောက်လိုက်တဲ့ လူထု ကိုယ်စားလှယ်များ၏
ဆန္ဒအရ မဟုတ်ပါလား။ ဝန်ကြီးချုပ် လုပ်တဲ့သူရဲ့ ဆန္ဒအတိုင်းပါလား” လို့ ဝမ်းနည်းစွာနှင့် ကေအင်စီ
အမတ်များသည် ကချင်ပြည်နယ်တွင် အတိုက်အခံအဖွဲ့ ဖြစ်လာရပေသည်။ မရှေးမနှောင်းသော
အချိန်အတွင်း ကချင်ပြည်နယ် အစိုးရအဖြစ် ဆမားဒူဝါ ဆင်ဝါးနောင်သည် အစိုးရ ဖွဲ့စည်း
နိုင်တော့၏။ နိုင်ငံတော် ဝန်ကြီးချုပ် သခင်နုက ကေအင်စီ ခေါင်းဆောင်များအား သူ၏ ပါလီမန်
အတွင်းဝန်ရာထူး တစ်နေရာယူ၍ ကချင်ပြည်နယ် ကောင်စီတွင်လည်း ကောင်စီ သဘာပတိယူရန်
တိုက်တွန်းခဲ့သည်။ ဆမားဒူဝါကို ဝိုင်းဝန်း ထောက်ခံရန် နားချခဲ့သည်။

ကေအင်စီ အမတ်များ အနေနှင့်က ကချင်ပြည်နယ်သည် ဗိုလ်ချုပ်အောင်ဆန်း အမိန့်ရှိခဲ့သလို
ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေး၊ ကျန်းမာရေး အစစ အရာရာ၌ အင်မတန် အောက်ကျ နောက်ကျ
ဖြစ်ခဲ့သဖြင့် ရရှိသမျှသော ဘဏ္ဍာတော် ငွေများဖြင့် ၄င်း လူထုအကျိုးပြု လုပ်ငန်းများကို အမြန်
ဆောင်ရွက်ချင်ကြ၏။ ဆမားဒူဝါ အနေနှင့် ၄င်း ပထမ လုပ်ရမည့် အရေးကြီးသော လုပ်ငန်းများကို
လျစ်လျူရှုခဲ့၍ သူ၏ ယာယီ အစိုးရ အချိန်တွင် မော်တော်ကား တည်ဆောက်ရန် စီမံကိန်း၊
ဂျက်လေယဉ်ပျံ တည်ဆောက်ရန် စီမံကိန်း၊ မီးသင်္ဘော မီးရထားခေါင်းတွဲ လုပ်ရန် စီမံကိန်း၊
ရွှေတူးရန် ငွေတူးရန် စီမံကိန်းများကိုသာ ပထမချခဲ့၏။

ဤကိစ္စများကြောင့် ကေအင်စီ အဖွဲ့သည် ဆမားဒူဝါအား မထောက်ခံနိုင်ကြောင်း ဝန်ကြီးချုပ်
သခင်နုအား ပြောပြခဲ့ရာ ဝန်ကြီးချုပ်က “အေးကွာ ဒါတွေက သူမှားတာပဲ။ သူရဲ့ ဒီစီမံကိန်းတွေကို
ငါရပ်ခိုင်းပါ့မယ်။ ယခုကစပြီး ခင်ဗျားတို့ လိုလားတဲ့ လူထု အကျိုးပြု လုပ်ငန်းတွေကို ပထမလုပ်ဖို့
ငါပြောပါ့မယ်” ဟု ပြော၏။ တစ်ဖန် ကေအင်စီ အမတ်များက “ကောင်းပြီ ဝန်ကြီးချုပ်၊ သူ
ဒီစီမံကိန်းတွေကို ရပ်ပြီး တကယ် ပြည်နယ်လူထုအတွက် လောလောဆယ် အရေးကြီးတဲ့
လုပ်ငန်းများကို စတင် လုပ်မယ်ဆိုရင် လုပ်တာနှင့် တစ်ပြိုင်နက် ကျွန်တော်တို့က ထောက်ခံပါမယ်”
ဟု ကတိပေးထားခဲ့၏။

သို့ရာတွင် ဝန်ကြီးချုပ် သခင်နုသည် ဆမားဒူဝါ၏ စီမံကိန်းများကို မရပ်စေနိုင်သည် သာမက
ဆမားဒူဝါ၏ ၈ မိုင် မရမ်းကုန်း စက်ရုံဖွင့်ပွဲတွင် သခင်နုသည် ဆမားဒူဝါကြီးအား ဟိမဝန္တာ ချီးမွမ်းခန်း
ဖွင့်တော့သည်။ ကေအင်စီ အမတ်များ အနေနှင့်ကား ဝန်ကြီးချုပ် သခင်နုသည် အပြောတစ်မျိုး
အလုပ်တစ်မျိုး ဟူ၍ ဤအခါက စသိခဲ့သည်။

ကချင်ပြည်နယ်ထက် ပိုမိုဆိုးသော ကိစ္စ ရှိပါသေးသည်။ ၄င်းမှာ အခြားမဟုတ်။ ချင်းများ အရေးပင်
ဖြစ်သည်။ ချင်းတောင်သည် ပြည်နယ် မဟုတ်ဘဲ ပြည်မတွင် ပါဝင်သော ဝိသေသတိုင်း
တစ်ခုဖြစ်သည်။ ထို ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ချင်းတောင်၌ ယှဉ်ပြိုင်
အရွေးခံသော နိုင်ငံရေးအဖွဲ့ ၂ ခု ရှိခဲ့သည်။ ဦးဇာရဲလျံ ခေါင်းဆောင်သော ချင်းအမျိုးသား ကွန်ဂရက်
အဖွဲ့သည် အမတ် ၁၀ ယောက်ရ၍ စစ်ဗိုလ်ထွက် ကပ္ပတိန် မန်တုံ့နုံးက သူနှင့်ပေါင်း အမတ် ၂
ယောက်သာ ရရှိခဲ့သည်။

ချင်းအမျိုးသား ကွန်ဂရက် အနေနှင့် သူတို့သည် အမတ် အများဆုံးဖြစ်၍ ချင်းရေးရာ ဝန်ကြီးကို သူတို့
ရနိုင်မည်ဟု ယုံကြည်ချက် ကြီးကြီးဖြင့် ရန်ကုန် ဆင်းလာကြ၏။ ဝန်ကြီးချုပ် သခင်နုနှင့်
တွေ့သောအခါ ချင်းကွန်ဂရက် အဖွဲ့ဝင်များသည် သူတို့က အမတ် အများဆုံးရ၍ လူထုဆန္ဒ
အများဆုံး ထောက်ခံမှု ရရှိသောကြောင့် မိမိတို့ အဖွဲ့သာလျှင် ချင်းရေးရာ ဝန်ကြီးကိုရ၍
ချင်းဝိသေသတိုင်း၏ အုပ်ချုပ်ရေးကို ကိုင်ရမည်ဖြစ်ကြောင်း တင်ပြကြ၏။

ဝန်ကြီးချုပ် သခင်နုက ချင်းကွန်ဂရက်၏ အဖွဲ့ခေါင်းဆောင် ဇာရဲလျံသည် အသက် ငယ်သေးသည်။
အိမ်ထောင် မရှိသေးဘူး၊ နိုင်ငံရေး ဗဟုသုတ မရှိသေးဘူး၊ ဒါကြောင့် ဝန်ကြီးအဖြစ် လက်မခံနိုင်ပါ။
ကပ္ပတိန် မန်တုံ့နုံးကိုသာ ဝန်ကြီး ပေးမည်ဖြစ်ကြောင်း ပြန်ပြောလိုက်၏။

ချင်းကွန်ဂရက် အမတ်များကလည်း ထိုသို့လုပ်ခြင်းမှာ ဒီမိုကရေစီ မကျကြောင်း၊ အမတ်များရာ
အဖွဲ့သာလျင် ဝန်ကြီး ဖြစ်သင့်ကြောင်း၊ ဝန်ကြီးချုပ် ဆန္ဒအရ မဟုတ်ဘဲ လူထု၏ ဆန္ဒအရသာ
ဖြစ်ရမည်ဖြစ်ကြောင်း ပြောသောအခါ သခင်နုက “မင်းတို့ ဘာနားလည်သလဲ၊ တိတ်ပါ” ဟု
ငေါက်ငမ်းခဲ့၏။

ဝန်ကြီးချုပ် သခင်နု အနေနှင့် အမတ် နှစ်ယောက်သာ ရှိသော ကပ္ပတိန် မန်တုံ့နုံးကို ဝန်ကြီးခန့်လျင်
အရုပ်ဆိုးမည်ဟု မြင်လာသော အခါ ညီညွတ်ပြီးသား ဖြစ်သော ချင်းကွန်ဂရက် အဖွဲ့မှ ဦးရှိန်ထန်းကို
တိတ်တဆိတ် ခေါ်ယူ၍၊ ဝန်ကြီး နေရာနှင့်တော့ ခင်ဗျားပဲ သင့်တော်တယ်၊ ခင်ဗျားက
အသက်လည်းကြီးပြီး ဗဟုသုတလည်း ရှိတယ်ဟု၊ အကြောင်း အမျိုးမျိုးပြ၍ ခွဲထုတ်ခဲ့၏။ ထိုအခါ
ညီညွတ်ပြီးသား ချင်းအမျိုးသား ကွန်ဂရက် အဖွဲ့သည် ၂ ခြမ်း ကွဲသွားခဲ့၏။ ကွဲလာသောအခါ
ဦးရှိန်ထန်းကို ချင်းရေးရာ ဝန်ကြီး ခန့်ခဲ့၏။ ဝန်ကြီးချုပ် သခင်နု၏ အခွဲ အုပ်ချုပ်ရေး စနစ်သည်
ဤတွင် အောင်မြင်သွား၏။

သို့ရာတွင် ဝန်ကြီး ဦးရှိန်ထန်းဘက်မှ အမတ် ဦးရေနည်း၍ ဦးဇာရဲလျံဘက်မှ အမတ်ဦးရေ များသဖြင့်
ကောင်စီတွင် အလုပ်လုပ်လို့ မဖြစ်သောအခါ၊ အချိန် မကြာမီအတွင်း ဦးရှိန်ထန်းကို ပြည်မ အခြားဌာန
တစ်ခုပေး၍ ချင်းကွန်ဂရက် အဖွဲ့၏ ခေါင်းဆောင် ဇာရဲလျံ ကိုပင် ချင်းရေးရာ ဝန်ကြီး ခန့်ပေးရ၏။

ချင်းနှင့် ကချင်ကိုသာ ဤသို့လုပ်သည် မဟုတ်ပါ။ ကရင်ကိုလည်း ထိုထက် ပိုဆိုးရွားအောင် လုပ်ခဲ့၏။
ကရင်ပြည်နယ်သည် ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက် နေ့မှာ ပြည်နယ် ဖြစ်ပေါ်လာ၏။ ကရင်ပြည်နယ်
ဖြစ်ပေါ် လာသည်နှင့် ကရင်ပြည်နယ်တွင် ကရင်ပြည်နယ် ဝန်ကြီးခေါ် ကရင်ပြည်နယ် ဥက္ကဋ္ဌ
ခန့်ရပေမည်။ ကရင်ပြည်နယ် ဥက္ကဋ္ဌ ခန့်ရာ၌ ကရင်ပြည်နယ်မှ ရွေးကောက် တင်မြှောက်သော
ကိုယ်စားလှယ် များထဲက ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ရွေးချယ် ခန့်ထား ရပေမည်။ အခြေခံ
ဥပဒေကလည်း ထိုသို့ ခွင့်ပြုထား၍ ထိုသို့ ဖြစ်မှသာလျှင် သဘာဝ ကျပေမည်။

သို့ရာတွင် ထိုသို့ မဟုတ်ဘဲ ကရင်ပြည်နယ် ဥက္ကဋ္ဌ နေရာတွင် မြစ်ဝကျွန်းပေါ် ဒေသမှ အရွေးခံသော
ဦးအောင်ပ ကို ကရင်ပြည်နယ် ဝန်ကြီးနှင့် ကရင်ပြည်နယ် ဥက္ကဋ္ဌ ခန့်ခဲ့သည်။ ဤသို့ လုပ်ခဲ့ရာတွင်
ကရင်ပြည်နယ် လူထုသည် လည်းကောင်း၊ ပြည်နယ် ကိုယ်စားလှယ် များသည် လည်းကောင်း
မကျေနပ်၍ ကန့်ကွက်ခဲ့သည်။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့သည်။

နောက်ဆုံး၌ ကောင်စီတွင် အလုပ်လုပ်၍ မဖြစ်တော့မှ ဦးအောင်ပကို ခေါ်ယူပြီး ပြည်မတွင်
ကျန်းမာရေး ဝန်ကြီး ဌာနပေး၍ ကရင်ပြည်နယ်မှ ရွေးကောက် တင်မြှောက်ခဲ့သော ဒေါက်တာ
စောလှထွန်းကို ကရင်ပြည်နယ် ဥက္ကဋ္ဌ ခန့်ခဲ့သည်။

ဝန်ကြီးချုပ် သခင်နုသည် ပြည်နယ် ကိုယ်စားလှယ်များ၊ လူမျိုးစု ကိုယ်စားလှယ်များနှင့်
တွေ့တဲ့အခါတိုင်း၊ မင်းတို့ အားလုံးကို ငါချစ်ပါတယ်၊ သနားပါတယ်၊ မင်းတို့ အပေါ်မှာ သွေးခွဲစနစ်
(Divide And Rule) ကို သုံးပြီး အုပ်ချုပ်နေတာ မဟုတ်ပါဘူး ဟု မကြာခဏ ပြောလေ့ ရှိသော်လည်း
တကယ့် လက်တွေ့ ကျသောအခါ ညီညွတ်ပြီးသား ပြည်နယ်သားများ၊ ညီညွတ်ပြီးသား
လူနည်းစုများကို ကွဲပြားအောင် ဖန်တီး ပေးခဲ့သည်။ ဒီမိုကရေစီ အစစ်ကို မပေးဘဲ ဝါမိုကရေစီ ကိုသာ
ပေးခဲ့၏။


Inauguration of the AFPFL Government ( 1952-55 )