You are her
Published on Thu, 03/17/2016 - 18:45
မတ် ၁၅ ရက်က ဖလော်ရီဒါတွင် အောင်ပွဲခံ မိန့်ခွန်းပြောနေသော ရီပက်ဘလီကင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် (၀ဲ) (Photo : AFP)
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရရှိနိုင်သည့် အလားအလာသည် ကမ္ဘာ့စီးပွားရေးကို မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသော ဂျီဟတ်များနှင့်တန်းတူ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေလိမ့်မည်ဟု ဗြိတိန်သုတေသန အဖွဲ့ဖြစ်သော စီးပွားရေး စုံစမ်းထောက် လှမ်းမှုယူနစ် (EIU) က ပြောကြားခဲ့သည်။
အီတလီစက်ရုံတခု မြင်ကွင်း။ စက်တင်ဘာ ၁၄၊ ၂၀၁၂။
ကျော်ကျော်သိန်း
17.09.2012
ဥရောပတိုက်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းဟာ အီတလီနိုင်ငံရဲ့
မြောက်ပိုင်း၊ ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်တဲ့ဒေသတွေမှာ အပြင်းအထန်
ထိခိုက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ
ငွေချေးယူ နိုင်တဲ့အခြေအနေ နည်းပါးနေပြီးတော့ ဖောက်သည်ကလည်း လျော့လာပါတယ်။
အကျပ်အတည်းကိုကျော်လွန်ဖို့ အဲဒီဒေသ က စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လို
လုပ်နေကြရသလည်းဆိုတာကို ဗွီအိုအေသတင်းထောက် Rebecca Valli က
ကိုယ်တိုင်သွားပြီး တွေ့ဆုံ မေးမြန်းထားပါတယ်။
အီရန်နိုင်ငံက နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ တကယ်တန်း လုပ်လာတယ်ဆိုရင်
အမေရိကန်နိုင်ငံက စစ်ရေးအရ အရေးယူဖို့ သေသေချာချာ လုပ်ဆောင်မှာဖြစ်ကြောင်း
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်ပါတယ်။
အီရန်ပြဿနာနဲ့ပတ်သက်ပြီး စစ်ရေးအရ အပါအဝင် နည်းလမ်းအားလုံးအတွက်
စဉ်းစားထားတယ်လို့ The Atlantic မဂဇ္ဇင်းနဲ့ လူတွေ့မေးမြန်းခန်းမှာ
သမ္မတရဲ့ပြောကြားချက်ကို ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တာပါ။ အီရန်နိုင်ငံရဲ့
နျူကလီယားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကနေ စိုးရိမ်စိတ်ပူနေသလို
အစ္စရေးက အီရန်ကို ဦးအောင်ဝင်ပြီး တိုက်ခိုက်နိုင်ခြေ ရှိနေချိန်မှာပဲ
မစ္စတာအိုဘားမားရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာခဲ့တာပါ။
တောင်ကိုးရီးယားနဲ့ အမေရိကန် နိုင်ငံတို့ရဲ့ နှစ်နိုင်ငံ နှစ်စဉ်
ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။ ဒီလေ့ကျင့်မှုကနေ
သူ့ရေပိုင်နက်ကို ထိပါးလာရင် စစ်ပွဲတစ်ခု ဆင်နွှဲရလိမ့်မယ်လို့
မြောက်ကိုရီးယားနိုင်ငံက ရာဇသံပေးထားတဲ့ ကြားက အခု စစ်ရေးလေ့ကျင့်မှုကို
စတင်လိုက်တာပါ။
တရုတ်နိုင်ငံက Google အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီရဲ့ Google-plus
လူမှုကွန်ယက် အင်တာနက် ၀က်ဘ်ဆိုက်ကို ဖွင့်ပေးလိုက်တဲ့အတွက်
ရာပေါင်းများစွာသော တရုတ်နိုင်ငံသားတွေ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack
Obama) ရဲ့ အင်တာနက် ၀က်ဘ်ဆိုက်ပေါ်မှာ စာတွေ ရေးသားခဲ့ကြပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
ပါကစ္စတန်နိုင်ငံ Abbottabad မြို့က အယ်လ်ခိုင်းဒါး ခေါင်းဆောင် ဘင်လာဒင်
နောက်ဆုံးနေခဲ့တဲ့ အိမ်ကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက စတင်
ဖြိုချနေပြီလို့ ပါကစ္စတန်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ အဲဒီအိမ်ဟာ အမေရိကန်
အထူးတပ်ဖွဲ့တွေ ပြီးခဲ့တဲ့နှစ် မေလတုန်းက ၀င်ရောက် မသုတ်သင်ခင် ဘင်လာဒင်
နောက်ဆုံးနေခဲ့တဲ့အိမ် ဖြစ်ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
အာဖဂန်နစ္စတန်နိုင်ငံမှာ ကိုရမ်ကျမ်းစာမီးရှို့တာကို ဆန္ဒပြမှုတွေ ၅
ရက်မြောက် ဆက်ဖြစ်နေချိန်မှာ သေနတ်သမားတွေက အနောက်နိုင်ငံသား ၂ ဦးကို
ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦးထဲမှာ ပစ်သတ်လိုက်တယ်လို့ အာဖဂန် အရာရှိတွေက
ဆိုပါတယ်။
နိုင်ငံမြောက်ပိုင်းက ရာနဲ့ချီတဲ့ နိုင်ငံသားတွေက ကုလသမဂ္ဂ ဝန်းထဲကို
ခဲတွေနဲ့ပစ်ပေါက် ဆန္ဒပြခဲ့ကြပါတယ်။ အရာရှိတွေကတော့ Kanduz ဒေသမှာ
ရုန်းရင်းဆန်ခတ်မှုအတွင်း အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး ၄၇ ဦး ဒဏ်ရာတွေ
ရသွားကြတယ်လို့ ဆိုပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်က ရုပ်ရှင်တွေကို တရုတ်နိုင်ငံ ဈေးကွက်ထဲ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခွင့်ရမယ့် သဘောတူညီချက် တစ်ရပ်ကို တရုတ်နိုင်ငံက လက်ခံလိုက်တဲ့အပေါ် သမ္မတ ဘရက်အိုဘားမား အစိုးရနဲ့ အမေရိကန် ရုပ်ရှင် ထုတ်လုပ်သူတွေက ချီးကျူး လိုက်ကြပါတယ်။ သဘောတူညီချက်ကိုတော့ တရုတ် ဒုသမ္မတ ရှီကျင်ပင်း (Xi Jinping) ရဲ့ ၄ ရက်ကြာ အမေရိကန် ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်တဲ့ သောကြာနေ့က ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ကြေညာလိုက်တာပါ။
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး လုပ်ဆောင်သွားမယ် ဆိုတဲ့ အီရန်ရဲ့ ကမ်းလှမ်းချက်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က သတိကြီးကြီးနဲ့ အကောင်းမြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) နဲ့ ၀ါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် (Catherine Ashton) တို့က ပြောပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
ဝါရှင်တန်ဒီစီ မြို့တော် အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အနားမှာ အကြမ်းဖက် တိုက်ခိုက်မှုကို စီစဉ်နေတယ်လို့ မသင်္ကာရသူ အသက် (၂၉) နှစ်အရွယ် မော်ရိုကို နိုင်ငံသား Amine El Khalifi ကို လက်ရ ဖမ်းဆီး မိလိုက်ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမေရိကန် လုံခြုံရေး အရာရှိတွေက ပြောကြပါတယ်။ ကွန်ဂရက် လွှတ်တော် အဆောက်အဦးကို ဖောက်ခွဲရေး ပစ္စည်းတွေလို့ သူ ယူဆနေတဲ့ အရာတွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ ကြိုးပမ်းနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီးတော့ တကယ်တမ်းမှာ သူ အသုံးပြုတဲ့ ပစ္စည်းတွေဟာ လူတွေကို အန္တရာယ် မပေးနိုင်တဲ့ နှစ်ချို့ပစ္စည်းတွေသာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အသင့်ဖြစ်နေသလို စီးပွားရေးပြဿနာတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကတိတွေအတွက်လည်း အသင့်ဖြစ်နေပြီလို့ အမေရိကန်မှာရောက်နေတဲ့ တရုတ် ဒုသမ္မတ ရှီကျင်းပင်က အမေရိကန်ခေါင်းဆောင်တွေကို ပြောလိုက်ပါတယ်။
တရုတ် ဒုတိယသမ္မတ Xi Jinping
တရုတ် ဒုသမ္မတ ရှီကျင်းပင် (Xi Jinping) ဟာ အမေရိကန် နိုင်ငံကို လေးရက်ကြာခရီး လာရောက်နေပါတယ်။ သူဟာ အမေရိကန် သမ္မတအိမ်ဖြူကိုလည်း သွားရောက်ဖို့ ရှိပါတယ်။
ဒီနှစ်ကုန်လောက်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့အကြီးအကဲ ဖြစ်လာမယ်လို့ မျှော်လင့်ရတဲ့ ရှီကျင်းပင်ဟာ တနင်္လာနေ့မှာ အဲချိုင်းနား (Air China) ဂျက်လေယာဉ်နဲ့ ဝါရှင်တန်မြို့ပြင်က လေယာဉ်ကွင်းကို ဆိုက်ရောက်လာခဲ့ပါတယ်။ သူဟာ အင်္ဂါနေ့မှာ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) နဲ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
အာရပ်အဖွဲ့ချုပ်ဟာ ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်ဆိုင်းသွားစေရေး ထပ်မံ ကြိုးပမ်းနေရာမှာ ဆီးရီးယား အတိုက်အခံအဖွဲ့နဲ့ အဆက်အသွယ် ပြုလုပ်ဖို့ တညီတညွတ်တည်း သဘောတူခဲ့ကြသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကိုလည်း ဆီးရီးယားနိုင်ငံကို စေလွှတ်ဖို့အတွက် ပူးတွဲ ငြိမ်းချမ်းရေးတပ်ဖွဲ့ ဖွဲ့စည်းဖို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီအာရပ်အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဆီးရီးယား အစိုးရက ချက်ချင်းပယ်ချလိုက်ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
အသက် ၁၈ နှစ်အရွယ် တိဘက်လူမျိုး ဗုဒ္ဓဘာသာဝင် မယ်သီလရှင် တစ်ပါးဟာ တရုတ်နိုင်ငံ အနောက်ပိုင်း စီချွမ်ပြည်နယ်မှာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြ သတ်သေသွားခဲ့ပါတယ်။ Tenzin Choedon လို့ အမည်ရတဲ့ တိဘက်ဗုဒ္ဓဘာသာ မယ်သီလရှင်ရဲ့ ရုပ်အလောင်းကို တရုတ်လုံခြုံရေး တပ်ဖွဲ့တွေက ချက်ချင်း လာသိမ်းသွားခဲ့တယ်လို့ တိဘက် တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
ဂရမ်မီ (Grammy) တေးဂီတဆုတွေ ရရှိခဲ့ပြီးတော့ ၁၉၉၂ က ရိုက်ကူးခဲ့တဲ့ The Body Guard ရုပ်ရှင်နဲ့ ကမ္ဘာကျော်ခဲ့သူ အဆိုတော် ရုပ်ရှင်မင်းသမီး အသက် (၄၈) နှစ်အရွယ် Whitney Houston ဟာ ဒီကနေ့ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ မနက်စောစောပိုင်းက ကွယ်လွန်သွားခဲ့ပါပြီ။ Whitney Houston ဟာ စနေနေ့ ဒေသစံတော်ချိန် သုံးနာရီ ငါးဆယ့်ငါးမိနစ်မှာ၊ လော့စ်အိန်ဂျဲလိစ် (Los Angeles) မြို့က Biverly Hill Hilton Hotel က သူမတည်းခို နေတဲ့အခန်းမှာ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ လော့စ်အိန်ဂျဲလိစ် ရဲတပ်ဖွဲ့က ပြောပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
ဆီးရီးယားစစ်တပ်က အဆင့်မြင့် အရာရှိကြီးတစ်ဦး မြို့တော် ဒမတ်စကတ်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဆီးရီးယား အစိုးရပိုင် သတင်းအေဂျင်စီက ပြောပါတယ်။
ဗိုလ်မှူးချုပ် Issa al-Khouli ကို စနေနေ့မနက်က သူ့အိမ်အထွက်မှာ သေနတ်သမား ၃ ယောက်က ပစ်သတ်လိုက်တာလို့ အစိုးရပိုင် SANA သတင်းဌာနက ပြောပါတယ်။ ဗိုလ်မှူးချုပ် Al-Khouli ဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး ဒမတ်စကတ်မြို့က စစ်ဆေးရုံ အကြီးအကဲလည်း ဖြစ်ပါတယ်။ သူ့ကို ဘယ်သူ သတ်တယ်ဆိုတဲ့ ထုတ်ဖော် ပြောဆိုလာသူတော့ မရှိသေးပါဘူး။
အတိုက်အခံတွေရဲ့ ဒေသတွေကို အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက တင်းကျပ် ထိန်းချုပ်လာနေတာကြောင့် တိုင်းပြည်တ၀ှမ်း အခြေအနေတွေ တင်းမာနေပါတယ်။ တိုင်းပြည်တ၀ှမ်း စနေနေ့က ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၁ ဦးလောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
တော်လှန် ပုန်ကန်နေသူတွေကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ဟုမ်းစ် (Homs) မြို့ တမြို့ထဲမှာတင် လူပေါင်း ၃၀၀ လောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြို့တော် ဒမတ်စကတ်နဲ့ တောင်ပိုင်း ဒိုးမား (Douma) မြို့တွေမှာ ဆီးရီးယား လွတ်မြောက်ရေး တပ်တွေနဲ့ အစိုးရတပ်ဖွဲ့တွေအကြား စနေနေ့ညက တိုက်ပွဲတွေ နာရီပေါင်းများစွာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အခုဖြစ်ပေါ်နေတဲ့ တော်လှန် ပုန်ကန်မှုတွေကို လက်နက်ကိုင် သောင်းကျန်းသူတွေက ဦးဆောင် ပြုလုပ်နေတာလို့ အစိုးရဘက်က အပြစ်တင် ပြောဆိုနေပါတယ်။
အိမ်နီးချင်း လက်ဘနွန်နိုင်ငံအတွင်းက ထရီပိုလီမြို့မှာလည်း ဆီးရီးယားအစိုးရကို ထောက်ခံတဲ့ Alawites မူစလင် ဂိုဏ်းကွဲတွေနဲ့ အတိုက်အခံတွေကို ထောက်ခံတဲ့ ဆူနီ ဂိုဏ်းကွဲတွေအကြား စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦးလောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံဟာ အရေးကြီးတဲ့ နျူကလီးယား စီမံကိန်းတွေကို လာမယ့်ရက်ပိုင်းတွေအတွင်းမှာ ကြေညာမယ်လို့ တီဟီရန်မြို့တော်က အဇာဒီ လွတ်လပ်ရေး ရင်ပြင်မှာ လူထုကို မိန့်ခွန်းပြောကြားပြီးတော့ အီရန်သမ္မတ မာမွတ် အမာဒင်နဂျတ်က ပြောကြားသွားပါတယ်။ အီရန်နိုင်ငံမှာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး ဖြစ်ပွားတဲ့ (၃၃) နှစ်မြောက် အထိန်းအမှတ် အဖြစ်နဲ့ နိုင်ငံတလွှားမှာ အီရန်ပြည်သူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြတာပါ။
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ နျူကလီးယား လက်နက် ပြဿနာအတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြန်လုပ်လာအောင် အိန္ဒိယက အီရန်ကို ဖိအားပေးဖို့ EU ဥရောပသမဂ္ဂက အိန္ဒိယအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်ပြည်ထောင်စုက စက်မှုဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ဒူးပွန့် (Dupont) ကုမ္ပဏီကြီးရဲ့ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်တွေကို တရုတ်အစိုးရပိုင် ပန်ဂန်း (Pangang) ကုမ္ပဏီအုပ်စုကြီးက မတရားသဖြင့် ခိုးယူခဲ့တယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာန အရာရှိတွေက စွပ်စွဲလိုက်ကြပြီး ဗုဒ္ဓဟူးနေ့က ဆန်ဖရန်စ္စကို (San Francisco) မြို့က စီးပွားရေးလျှို့ဝှက်ချက်နဲ့ ရာဇဝတ်ကြောင်းစွဲဆိုမှုများဆိုင်ရာ အထူးတရားသူကြီးရဲ့ တရားရုံးမှာ Pangang ကုမ္မဏီကို တရားစွဲဆိုခဲ့ပါ တယ်။
By ဗွီအိုအေ(မြန်မာဌာန)
ဗြိတိန်နိုင်ငံ မင်းသား ချားစ်က အင်္ဂလိပ်စာပေမှာ နာမည်ကျော်ကြား လူသိများတဲ့ ဝတ္ထုရေးဆရာ ချားစ်ဒစ်ကင်းရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ကို ဦးဆောင်ပြီးကျင်းပဖို့ စီစဉ်ထားပါတယ်။
မင်းသားဟာ ဝက်စ်မင်းစတာ ဘုရားကျောင်းက စာပေပညာရှင်တွေအတွက် သတ်မှတ်ထားတဲ့ Poet Coner လို့ နံမယ် ပေးထားတဲ့နေရာမှာ ၁၈၇၀ ခုနှစ်က မြှုပ်နှံထားတဲ့ ဒစ်ကင်းအုတ်ဂူမှာ အင်္ဂါနေ့မှာ လွမ်းသူ့ပန်းခွေချမှာပါ။ အဲဒီနေရာမှာ သူ့ကို အခြား စာပေလောက က ထင်ရှားတဲ့ ဂျက်ဖရီ ချောဆာ (Geoffrey Chaucer)၊ တန်နီဆန် (Tennyson) ၊ နဲ့ ဆန်မြူရယ် ဂျွန်ဆင် (Samuel Johnson) တို့နဲ့ အတူမြုပ်နှံထားပါတယ်။