သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Tuesday, March 15, 2016

ဘီ ပိုး အကြောင်းသိကောင်းစရာ

    Dr. Tint Swe

    Hepatitis B tests စမ်းသပ်နည်းများ
    ၁။ သမီးအသက်က ၂၇ နှစ်ပါ။ အိမ်ထောင်မရှိပါ။ မြန်မာပြည်မှာပဲနေထိုင်ပါတယ်။ လွန်ခဲ့သော ၉ နှစ်က အသက် ၁၈ နှစ်ပြည့်မွေးနေ့မှာ သွေးလှူဘဏ်...ကိုသွေးလှူဒါန်းခဲ့စဉ်က သွေးအဖြေမှာ 'B' positive ဖြစ်နေတဲ့အတွက် နောက်တစ်ကြိမ်ထပ်မံပြီး သွေးလှူလို့မရတော့ပါ။ အခုလှူထားတဲ့သွေးပုလင်းကိုလဲ အသုံးပြုလို့မရတော့ပါလို့သိခဲ့ရပါတယ်။ 
    ၂။ ဆရာရှင့် ဆေးအဖြေက အကောင်ရေကို ရည်ညွှန်းတာပါလား။ ပျောက်နိုင်ပါသလား။ ဒါမှမဟုတ် carrier ဖြစ်သွားပြီလားရှင်။ ဆရာရှင့် ၂ဝ၁၄ ခုနှစ်ကအဖြေပါ။ ဒီကြားထဲ ထပ်မစစ်ဖြစ်ပါဘူး။ သိပ်နားမလည်လို့ပါ။ ဘီပိုးရှိနေလို့  ကိုယ်ဝန်ဆောင်သင့်ပါသလား။ ဖော်လစ်အက်ဆစ်သောက်ရင်ရော ဘယ်လိုဖြစ်လာမလည်းရှင့်။ ကိုယ်ဝန်ဆောင်ရင် သောက်ရတယ်ဆိုလို့ပါ။ ကလေးမရချင်သေးလို့ အမျိုးသားနဲ့အတူနေဖြစ်တိုင်း ကွန်ဒွမ်သုံးပါတယ်။ ကလေးယူဖြစ်တယ်ဆိုရင် အမျိုးသားကိုကူးစက်နိုင်ပါသလား။ ကျွန်မ အသက် ၃၆ ပါ။ ရာသီလည်းမှန်ပါတယ်။ ကျေးဇူးပါဆရာ။ အဖြေကိုစောင့်မျှော်နေပါ့မယ်။

Saturday, July 14, 2012

တညင်းသီး နှင့် သူ၏အဆိပ်

တညင်းသီး နှင့် သူ၏အဆိပ်

အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

Sunday, June 3, 2012

သွေးတိုးရောဂါနှင့် လေစာ

သွေးတိုးရောဂါနှင့် လေစာ

by Health Articles on Monday, May 14, 2012 at 12:18pm ·

စာရေးသူ၏ ဆေးခန်းသို့ လျှာလေးပြီး စကားမပီသူ ခပ်ဝဝ အမျိုးသမီး လူနာတစ်ဦး ရောက်လာပါသည်။  သူသည် အသက် (၅၀) ကျော်ရှိပြီ။ သူဘာဖြစ်ခဲ့သည်ကို သူ့ဖာသာ မပြောနိုင်။ နံဘေးမှ ပါလာသူ မိသားစုဝင် တစ်ဦးက ပြောပြရပါသည်။ နံနက်စောစော (၃) နာရီခန့်က အပေါ့ထသွားရင်း ခေါင်းထဲမှမူးပြီး လဲကျမလို ဖြစ်ခဲ့သည်။ ဆောင်းတွင်းဖြစ်၍ အေးနေသော အချိန်လည်း ဖြစ်သည်။ အိမ်သားများသိ၍ အချိန်မီအိပ်ယာပေါ်သို့ တွဲခေါ်ကြသည်။ လဲမကျပါ။ သို့သော် သူမ စကားပြောသောအခါ လျှာလိပ်ပြီး စကားမပီတော့ကြောင်း ပြောပါသည်။ နံနက်လင်းချိန်တွင် ဆေးခန်းတစ်ခုတွင် သွေးပေါင်ချိန် ကြည့်သောအခါ သွေးတိုးတက်နေကြောင်း ပြောပါသည်။ အပေါ်သွေး ၁၈၀ (မီလီမီတာ/ပြဒါး) အောက်သွေး ၁၂၀ (မီလီမီတာ/ပြဒါး) ရှိနေသဖြင့် သွေးတိုးကျဆေး ထိုးပေးလိုက်သည်ဟု ပြောပါသည်။

Saturday, February 25, 2012

ကိုယ်အင်္ဂါအသီးသီးရဲ့ အဆိပ်အပုပ်ရှင်းထုတ်မှု


ကိုယ်အင်္ဂါအသီးသီးရဲ့ အဆိပ်အပုပ်ရှင်းထုတ်မှု

ကိုယ်တွင်းမှာ အဆိပ်အပုပ်ရှင်းထုတ်မှုများဟာ အချိန်စက္ကန့် မလပ်ဖြစ်ပေါ် နေပါတယ်. အဆိပ် အပုပ်ရှင်းထုတ်ပေးတဲ့ အင်္ဂါအသီးသီးမှာ မတူကွဲပြားနေတဲ့ အလုပ်ချိန်ရှိပါတယ်. . . ဒီအချက်တွေကို သိရှိထားမှသာလျှင် မိမိရဲ့ အလုပ်ချိန်၊ နားချိန်များကို စနစ်တကျ စီမံနိုင်မှာဖြစ်ပါတယ်. . . သို့မှသာလျှင် ကိုယ်တွင်းမှ အဆိပ်အပုပ်များကို ပိုမိုကောင်းစွာရှင်းထုတ်နိုင်ရန် အထောက်အကူဖြစ်စေပါတယ်. .

အသည်း
အစာထဲက အဆိပ်အပုတ်များကို ရှင်းထုတ်ပေးရုံသာမက အစာကို ခန္ဓာကိုယ်အတွက် အသုံးဝင်မယ့်အရာဖြစ် အောင် ပြောင်းလဲပေးပါတယ်.

Hepatitis B (1) အသဲရောင် ဘီ ပိုး (၁)


by Kyaw San on Saturday, February 25, 2012 at 9:39pm ·

(ဘီ) ပိုးဆိုတာ (HBV) ဗိုင်းရပ်စ်ပိုးကို ခေါ်ကြတာပါ။ သူ့ကြောင့်ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသဲ ကူးစက်ရောဂါ အပြင်းစားဖြစ်တယ်။ သမိုင်းကြောင်းပါ ပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါအသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တနည်းနည်းနဲ့ ရောက်လာပြီး၊ ကိုယ်ထဲက အရည်တွေထဲထိ ဝင်လာတာဖြစ်တယ်။ တကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက် ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်။ “နူရာ ဝဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိက မှာ ပိုဖြစ်နေပါတယ်။

Sunday, February 12, 2012

လူတွေ အရမ်းကြောက်တဲ့ ကင်ဆာရောဂါနဲ့ သဘောင်္ရွက်



လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။

Wednesday, February 8, 2012

ဆေးဝါးလွန်ကဲ၍ အဆိပ်သင့်မှုများလာ (7 days news)


Photo
ဝတ်ရည်အောင်
အတွဲ (၁၀)၊ အမှတ်(၄၆)
အဆိပ်သင့်ကုသမှုဌာနများတွင် ဆေးဝါးလွန်ကဲခြင်းကြောင့်ဖြစ်သည့် အဆိပ်သင့်ခြင်းနှင့်   မတော်တဆဖြစ်ပွားသည့် အဆိပ်သင့်ခြင်းတို့တွင်  ဆေးဝါး
ကြောင့် အဆိပ်သင့်ခြင်းသည် ဖြစ်ပွားမှုများပြားလာကြောင်း ထိုဌာနများရှိ  တာဝန်ရှိသူအချို့က  ပြောသည်။

Friday, February 3, 2012

ရန်ကုန်မြို့၏ လေထုထဲတွင် အမှုန်ထုပမာဏ သတ်မှတ်စံနှုန်းထက် ပိုမိုများပြားနေ

ရွှေရည်စောမြင့်( myanmar time)

အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

နှလုံးသားများ အကြွေမစောကြစေဖို့

မြန်မာတိုင်းမ်
PDF Print
Written by ဒေါက်တာဇော်မျိုးထက် (နှလုံးရောဂါအထူးကု၊ UK)   
Sunday, 29 January 2012 14:11
ကျွန်တော် မြန်မာနိုင်ငံကို အလည်အပတ်သွားရာကနေ အင်္ဂလန်ကို ပြန်ရောက်ပြီး ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံခြားရောက် မြန်မာအများစုလိုပဲ ကိုယ့်မြေသံယောဇဉ်ရှိသူမို့ မြန်မာနိုင်ငံသတင်းကို မဖတ်တဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ နှစ်သစ်ကူးနေ့မှာ Internet သတင်းဖတ်ရင်းနဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ သတင်းကို ဖတ်မိလိုက်တော့ မယုံနိုင်အောင်ကိုဖြစ်မိတယ်။

Thursday, February 2, 2012

အရိုးပါးရောဂါကို ကာကွယ်ဖို့ အစားအသောက် ပုံစံမှန်ရပါမယ် (myanmar time)

စင်ကာပူနိုင်ငံ Mt. Elizabeth ဆေးရုံတွင် အဆင့်မြင့် အရိုး၊ အကြော၊ အဆစ် ရောဂါကုသမှုဌာနတွင် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်နေသော အရိုး၊ အကြော၊ အဆစ်ခွဲစိတ်မှုဆိုင်ရာ ဆရာဝန်ကြီး Professor Sarbjit Singh သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ မြန်မာတိုင်း(မ်)သတင်းထောက် ယမုံဖူးသစ်က တွေ့ဆုံမေးမြန်းထားသည်။

အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

Professor Sarbjit Singh
* မြန်မာနိုင်ငံကို ဘယ်အချိန်ကတည်းက လာရောက်ပြီး ကုသမှုတွေ ပြုလုပ် ပေးခဲ့ပါသလဲ။
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလကတည်းကစပြီး မြန်မာနိုင်ငံက ပန်းလှိုင် ဆေးရုံမှာ လာရောက်ကုသပေးနေတာပါ။ တစ်နှစ်ကို ၁၀ ကြိမ်ကနေ ၁၁ ကြိမ် အထိ လာရောက်ကုသပေးနေပါတယ်။

Sunday, January 29, 2012

အမျိုးသားအမျိုးသမီးများအတွက်ကင်ဆာရောဂါ ကာကွယ်ကုသဆေးဆိုတာလည်း ပေါ်လာခဲ့ပါပြီ

posted by ဖြူလေး on January 27, 2012 at 10:33pm in ကျန်းမာရေးကဏ္ဍ


ရင်သားကင်ဆာ၊ အူလမ်းကြောင်းကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အတော်များများကို ဆေးထိုးကုသရုံဖြင့် ပျောက်ကင်းစေနိုင်မည့် ဆေးတစ်မျိုးကို Middlesex University မှ ဆေးသိပ္ပံပညာရှင်များမှ
တီထွင်လိုက်နိုင်ပြီ ဖြစ်သည်။ အဆိုပါဆေးကို ဇူလိုင်လ ၁၂ ရက်နေ့က တရားဝင်
ထုတ်ပြန်ကြေငြာနိုင်ခဲ့သည်။


Friday, January 27, 2012

သုတေသနပြုချက်အရ ဂျပန် ထမင်းလိပ်များတွင် အီးကိုလိုင်ပိုး ပေါက်ဖွားမှုများနေသည်ကို တွေ့ရ

ယမုံဖူးသစ်

အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
သန့်စင်မှုနှင့်သိုလှောင်ထားရှိမှုအားနည်း သော စူပါမားကက်များနှင့် ဈေးဆိုင်များရှိ ဂျပန်ထမင်းလိပ်များတွင် အီးကိုလိုင် ပိုးနှင့် အခြားဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားမှုများပြားနေသည်ကို သုတေ သနပြုလုပ်ချက်အရ တွေ့ရသည်ဟု ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) မှ သုတေသနပညာရှင်တစ်ဦးက ပြောသည်။

Sunday, December 25, 2011

ထမင်းစားပြီး ရေချိုးလျှင် ရေဖျဉ်းစွဲသလား

“ဟိုကောင်လေး……. လာစမ်း လာစမ်း။ ခုနလေးကမှ ထမင်းစားပြီးတာကို ရေချိုးရင် ရေဖျဉ်းစွဲလိမ့်မယ်” ဒါဟာ ငယ်ငယ်ကတည်းက ကျွန်တော့်အဘွား ခဏခဏ ဆူနေကျ စကားဖြစ်ပါတယ်။ စာရှုသူအားလုံးလည်း ကလေးဘ၀က မကြာခဏ ကြားဖူးနေကျ စကားဖြစ်မည်လို့ ယုံကြည်ပါတယ်။ ဘာမှမသိနားမလည်တဲ့ ကလေးဘ၀ကတည်းက ကြားနေကျ စကားမလို့ နားထဲစွဲနေပြီး မှန်သလိုလိုတောင် ထင်လာရတဲ့ အထိ လူအတော်များများ ယုံနေကြပါပြီ။ ဒါက နည်းပညာဖွံ့ဖြိုးမှုနဲ့ အလှမ်းဝေးခဲ့တဲ့ လူကြီးသူမတွေ မပြောနဲ့၊ ယနေ့ခေတ် (ဆေးလောကထဲက မဟုတ်တဲ့) ပညာတတ်အချို့ကတောင် အမှားအမှန် ခွဲမသိဘဲ အယူသည်း ရှောင်ကြဉ်နေကြတုန်းပဲ။ ဒီတော့ မေးစရာ စကား ရှိလာပါတယ်။ “ထမင်းစားပြီး ချက်ချင်း ရေချိုးရင် ရေဖျဉ်း တကယ်စွဲတာလား”

တကယ်ဆိုးပြီဆိုရင် မိန်းမမီးယပ်ထက် ဆိုးတဲ့ ယောက်ျားဒူလာရောဂါ

ဂေါက် (သို့) ဒူလာရောဂါ ဆိုတာ ဘာလဲ



ဂေါက် (သို့) ဒူလာရောဂါ ဆိုတာ အဆစ်အမြစ်ရောင်ရောဂါ တွေထဲက တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေ ပိုအဖြစ်များပါတယ်။ ခန္စာကိုယ်က အဆစ်တစ်ခုခု ရုတ်တရက် ပူလောင်သလို နာကျင်လာခြင်း၊ တောင့်တင်းလာခြင်း၊ ယောင်ရမ်းလာခြင်းတွေနဲ့ အစပျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခြေမအဆစ်မှာ စဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ လက် အပါအ၀င် တစ်ကိုယ်လုံးက အဆစ်တွေမှာလည်း ခံစားရနိုင်ပါတယ်။

နေရာလွဲမှား သန္ဓေတည်ခြင်း ဆိုသော တိတ်တဆိတ် လူသတ်သမား တစ်ယောက်

Ectopic Pregnancy: Getting to Know A Silent Killer for Women

မိုးရေစက်များ အုံ့အုံ့သည်းသည်း ရွာသွန်းသော ငယ်ဘ၀ထဲက ဇွန်လတစ်လတွင် ခင်မင်ခဲ့ရသော သူငယ်ချင်း မိန်းကလေး တစ်ဦး ရှိ၏။ ကျောင်းဖွင့်ရက် အတန်းသစ်၌ စတင် ခင်မင်ခဲ့ရခြင်း ဖြစ်သည်။ ပြုံးရွှင်ဖော်ရွေကာ သူငယ်ချင်းချင်း ကူညီတတ်၍ လူချစ်လူခင်ပေါသော သူမသည် ကျောင်းစာနှင့် ဘက်စုံထူးချွန်ဆု ပြိုင်ပွဲများ၌ မကြာခဏ ကျွန်တော်နှင့် အဓိက ပြိုင်ဘက် မကြာခဏ ဖြစ်ခဲ့ဖူးသဖြင့် မှတ်မှတ်ရရ ရှိခဲ့သည်။



ဆေးတက္ကသိုလ် တက်တော့လည်း တူတူမို့ ဆက်လက် ခင်မင်ရင်းနှီးခဲ့သည်။ သူမသည် ဘက်စုံ တော်သော အမျိုးသမီးတစ်ယောက် ဖြစ်ပြီး အလုပ်သင်ဆရာဝန် ဘ၀တွင် လူနာများကို ဂရုစိုက် ကုသပေးတတ်သော်လည်း သူမ၏ အားနည်းချက်မှာ ကိုယ်တိုင်၏ ကျန်းမာရေးကို တော်ရိလျော်ရိသာ ဂရုစိုက်တတ်ခြင်း ဖြစ်ကြောင်း ကျွန်တော် သတိထားမိခဲ့သည်။ ကျောင်းပြီးတော့ သူမ စီးပွားရေး လောကမှ ချစ်သူနှင့် အိမ်ထောင်ပြုကာ ဆေးလောကကို ကျောခိုင်းခဲ့သဖြင့် ထူးချွန်သော ဆရာဝန်တစ်ဦး လျော့သွားခြင်းကို ကျွန်တော် နှမျောခဲ့ဖူးသည်။

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် အရမ်းကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါတိုင်းဟာ ဆိုးဝါးလှသလို ရင်သားကင်ဆာ ဆိုတာကလည်း ထိုနည်းတူပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ်ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေ သလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကလည်း ကြောက်ခမန်းလိလိပါပဲ။

Thursday, December 15, 2011

အရပ်ရှည်ချင်သူတွေ မေးတဲ့ မေးခွန်းများနှင့် အဖြေများ

အရပ်ရှည်ချင်သူတွေ မေးတဲ့ မေးခွန်းများနှင့် အဖြေများ

funny-height-measure-cartoon-dinosaur-wall-decal-art-sticker-pvc-sticker-best-quality-wholesale-e-mQ.  လူတစ်ယောက်ရဲ့ အရပ်ကို ဘယ်လိုအချက်တွေက လွှမ်းမိုး ထားလဲ။
A.   လူတစ်ယောက်ရဲ့ အရပ်ကို မျိုးရိုးဗီဇ ၊ဟော်မုန်းနဲ့ သူစားသောက်တဲ့ပုံစံ (အာဟာရ)တွေက အဓိက လွှမ်းမိုးထားပါတယ်။







Wednesday, December 14, 2011

ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး

ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး

 
သင့်ခန္ဓာကိုယ်က ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ဒုက္ခရောက်နေလား?? စိတ်ညစ်နဲ့တော့နော်။ ဖြေဆေးပေးမယ်။ ချွေးနံ့တွေလည်းပျောက် စိတ်ညစ်တာလည်းပြေဖို့ ဖြေဆေးလေးတွေလေ။ :D ယူလိုက်နော်..။

လူ့သက်တမ်းရဲ့အချိန်သုံးပုံတစ်ပုံအတွက် အတွေးမမှားစေဖို့

လူ့သက်တမ်းရဲ့အချိန်သုံးပုံတစ်ပုံအတွက် အတွေးမမှားစေဖို့

အိပ်စက်ခြင်းဟာ လူ့သက်တမ်းရဲ့အချိန်သုံးပုံတစ်ပုံလောက်ကို နေရာယူထားတယ်လေ။ ဘဘာဝတရားကြီးက ဒီလိုဖန်တီးပေးထားတာဟာ အိပ်စက်ခြင်းက အရေးကြီးလို့ပေါ့။ ဒီလို အရေးကြီးတဲ့ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး လူတော်တော်များများ နားလည်မှုလွဲနေတာတွေကို ရှင်းပြပေးမယ်နော်။

ကွန်ပြူတာကြည့်သူတိုင်းအတွက်

ကွန်ပြူတာကြည့်သူတိုင်းအတွက်

ခု ခေတ်မှာ ကွန်ပြူတာသုံးတဲ့သူ အရမ်းများတယ်နော်။ ကွန်ပြူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေရှိသလို အင်တာနက်ခေတ်ကြီးမှာ အလုပ်ကြောင့်ဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ် အင်တာနက်သုံးရင်း အချိန်ကုန်နေတဲ့သူတွေကလည်း အများကြီးပဲလေ။ ဂိမ်းကို စွဲစွဲလန်းလန်းကစားနေတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီတော့ ကွန်ပြူတာအသုံးများလွန်းပြီး မျက်စိပြဿနာတွေနဲ့ ကြုံရပြီပေါ့။ ကွန်ပြူတာအသုံးများလွန်းရင် မျက်စိက အများကြီးဒဏ်ခံရပါတယ်။ မျက်လုံးတွေေ၀၀ါးလာမယ်၊ ကြည့်ရတာလည်း အဆင်မပြေတော့ဘူး၊ မျက်လုံးအိမ်ခြောက်သွေ့လာမယ်၊ မျက်ရိုးကိုက်၊ မျက်ရည်ပူတွေကျမယ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတွေလည်းတက်မယ်၊ မျက်မှန်သမားတွေဆိုရင်လည်း မျက်မှန်က ကြည့်ရတာအဆင်မပြေတော့ဘူး။ ဒါဆိုရင်တော့ မျက်စိက အလုပ်လုပ်ရလွန်းလို့ ဒဏ်မခံနိုင်တော့ဘဲ ဆန္ဒပြလာပြီပေါ့။ မျက်စိပါဝါတိုးမှာကလည်း သေချာသလောက်ပဲနော်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒီလိုအခြေအနေတွေကို ရှောင်လွှဲနိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ အရမ်းလွယ်တယ်နော်။ လုပ်ကြည့်ကြရအောင်..။