ဆိုရှယ်နက်ဝေါ. တဲ.
စိတ်အဟာရ တော.ဖြစ်မသွားကြကွယ်၊
သားချစ်
အေးဆက်နေတုန်းပဲလေ
မပီဝိုးတဝါးညအမှောင်ထဲ
နှင်းအလှရုတ်ချည်းတွ.တော.
ဆောင်းရယ် မကုန်စေနဲ.တော.လို.
တိုးတိုးလေးရွတ်မိလေတယ်၊၊
ကျားရဲ။
နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။
အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
နေမမြင် လမမြင်
လူမမြင် သူမမြင်မှာ
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။
အိပ်လျှင်အိပ် မအိပ်လျှင်တွေး။
ယောကျာင်္းပဲကွာ
ထောင်အပြင်တန်းမရှိပါဘူးဆိုတဲ.
စကားတွေလည်းရှိခဲ.တယ်
ဒါပေမယ်.တန်းရှိမနေသေး
အသံတွေလုံနေဆဲနရံလေးဖက်အစုံနဲ.
အေးစက်တိတ်ဆိတ်တဲ.
အခန်းကျဉ်းကျဉ်းတွေရှိနေသေးတယ်
အရောင်စုံနေတဲမျက်ဝန်းတွေလဲ
ဒီအခန်းကျဉ်းလေးထဲမှာပဲရှိနေကြတုန်းပဲ
ဒေါင်းတွေရဲ.လွတ်မြောက်ခြင်းမှာ
အဆီးအတားဆိုတာမရှိခဲ.
ငါတို.လွတ်မြောက်နေခဲ.တာ
ငါတို.မွေးဖွားကတည်းကပါ
ကျားသနားမှချမ်းသာရမယ်.အဖြစ်ဆိုတာ
ငါတို.ဒေါင်းမျိုးမရှိခဲ.ရိုးအမှန်
နှစ်တခုရဲ.နောက်ဆုံးထွက်သက်ကို
ဈာပနလုပ်တန်းကစားခဲ.ကြ
ရေအိုးလဲမခွဲ၊ကြေးစည်လဲမရိုက်ပဲ
ယမကာအချို.အဝက်ပျော်စရာသတိုးသမီးတဖက်နှင်.
နှစ်ဟောင်းကိုမီးင်္သဂြိုလ်ဖို.
ဒီညငါတို.လိုက်ပါပို.ဆောင်ခဲ.ပြီ
မြို.ပြယဉ်ကျေးမှုထဲမှာ
ဖန်ခွက်ချင်းထိသံတွေနဲ.မူးဝေနေကြတယ်
မြို.ပြယဉ်ကျေးမှုထဲမှာ
Discoစလိုက်နဲ.ရောင်စုံညတွေယိမ်းထိုးပြေးလွုားလှုပ်ရှားနေကြတယ်
မြို.ပြယဉ်ကျေးမှုထဲမှာ
ဝတ်လစ်စလစ်နဲ.နှုတ်ခမ်းနီပါးလေးတွေကလူကြီးမင်းတွေကိုစောင်.နေကြတယ်
အမေ နှင်. ပေါင်းတဲ. လူကြီးမင်း
အမေရေ
၂၃နှစ်ကျော်ကြာခရီးကြမ်းတခုကို
အမေ၇င်ဆိုင်ဖြတ်သန်းလာခဲ.တာလဲကြာလှပေါ.
သားတို.အတွက်အမေလောကဓံကိုအန်တုလို.
အမေရဲ.နုပျိုခြင်းတွေကိုထားရစ်ခဲ.ရှာတယ်လေ
အမေေ၇
အမေ.ဆုံးဖြတ်ချက်မှားချင်မှားမှန်ချင်မှန်ပါစေ
သားတို.ဂရုမစိုက်ပါဘူး
အမေဟာအမေပဲမို.
အမေ.စေတနာမညှိုးစေရပါဘူး
အမေ.ပါးပြင်မျက်ရည်မစိုစေ၇ပါဘူး။
ဘယ်လိုလဲသူငယ်ချင်း
ဟိုနေရာဒီနေ၇ာ
အသံတွေဆူညံနေဆဲပဲ
တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ.
ငြိမ်းချမ်းရေးအတွက်တဲ.
စစ်ပွဲတွေနွဲုနေတုန်းပဲ
ဂျိုးဖြူငှက်တွေတောင်
အလန်.တကြားနဲ.
ပုန်းခိုဖို.နေရာရှာနေဆဲ
အမှောင်ယံဖုံးနေတဲ.
သန်းခေါင်ယံညလုံးလုံး
အလင်းပျောက်လို.
လမ်းမှောက်နေလဲ
မကြောက်စမ်းနဲ.
မှိန်တခါလင်းတလဲ.နဲ.
ဖော်မစုံတော.တဲ.
ကြယ်မှိန်တွေရှိနေသေးတယ်
ကိုငှက်ရေ
ရာဇဝင်ထဲကသတို.သမီးကို
ရာဇဝင်ထဲမှာပဲထားရစ်တော.မှာလား
အခုတော.ဧရာဝတီဟာ
အလွမ်းများနဲ.သက်သေတည်တော.မယ်
ဧရာဝတီကိုသားကြောဖြတ်လိုက်ဖို.သူတို.လုပ်နေကြလေရဲ.လို.
မဖျက်ချင်သေးတဲ.ငါ.နှလုံးသားအသစ်
မင်းကိုမမေ.နိုင်သေးပေမဲ.
ဆက်ချစ်ဖို.တော.ငါ.မှာခွန်အားသစ်မရှိသေး
ရိုးသားစွာငါပြောချင်တယ်
ရိုးသားစွာငါရေးချင်တယ်
ရိုးသားစွာငါဆက်လုပ်ချင်တယ်
ရိုးသားစွာငါရှင်သန်ချင်သေးတယ်
ရိုးသားစွာငါပေးဆပ်ချင်တယ်
တင်မိုး
ဇူလိုင် ၁၈၊ ၂၀၁၁
မြက်ရိုင်းထဲတွင်
ထိုင်ဆဲမလှုပ်၊ ဆန်းကြေးရုပ်။
သမိုင်းများစွာ
ဖြတ်သန်းလာတော့
ငါသည်မြက်ရိုင်း
နေရာတိုင်းကို
သမိုင်းပြရုပ်
ဆန်းကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။
ဒုက္ခကိုခါးစီးထားသူ
အမေ...
အမှောင်ကမ္ဘာကိုအလင်းဆောင်ချင်သူ
အမေ...
အတ္တကိုသင်းဂြိုလ်ထားသူ
အမေ...
အားတွေကိုစုစည်းတတ်သူ
အမေ...
အာဏာရှင်အန်တုဝံ.သူ
အမေ...
အဟိံသလမ်းကိုင်စွဲထားသူ
ဗမာပြည်နိုင်ငံရေးသုံးသပ်ချက်သည်တဖန်
တိုက်ပွဲဆန်ရုန်းမထွက်နိုင်ပ
၂ယောက်ရှိ၂ယောက်ကွဲ
လက်ညှိုးထိုးသူ.ဝေဖန်
အပြစ်ဖို.ရန်မှတပါးအခြားမရှိတော.ဟန်
အဖြူကောင်.အားကိုးမိုက်ဖို.ပဲတို.တွေကြံ
သူ့မှာတမ်း (ဆရာမင်းသုဝဏ်)
Posted by ကျောက်ခေတ် on 7:18 AM
« သူ့မှာတမ်း »
သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့၊ ထတုန်းတည်း...။
အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့ လိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ...။
အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့ လိုသနည်း။
မွေးသမိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ...။
မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဘူး။
...လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဘူး။
ငါမွေးတာနိုင်တီး 88
နှလုံးသားက တထိတ်ထိတ်
လမ်းတွေမှာလူတွေတိတ်
အာဏာသိမ်းခဲ.တို.ရဲ.. အရိပ်
NLDရဲ.MAN DATE
အာဏာရှင်တွေချိတ်ပိတ်
ဟေ.အောင်ဆန်းစုကြည်ဆိုတာ
မျိုးရိုးကောင်းတဲ.အာဇာနည်.သွေးကွ
အညတရမျိုးရိုးလောက်နဲ.တိုင်းပြည်
အုပ်ချုပ်စည်းစိမ်ရစ်ဖို.ရှိနေတာမဟုတ်
ဟေ.အောင်ဆန်းစုကြည်ဆိုတာ
ကမ္ဘာ.ကျော်ခေါင်းဆောင်တွေရဲ.
တက္ကသီလာကျောင်းထွက်ကွ
ဖားပြုတ်မ
မျက်လုံးငယ်ကြောင်
ကိုယ်ရောင် ပြာမွဲနှင့်
ဗိုက်ရွဲလေသေး
ဖားဖိုကမူ
ကြည့်ယင်း လွန်ကြည်ဖြူလို့
ဇမ္ဗူမှာ သည်လိုမေ့ကို
တွေ့ဘို့ပုံဝေး . . .တဲ့။