သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ
Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Saturday, March 19, 2016

မာက်စ်. ရဲ. စာပေလေ.လာမှု

The Left = The People’s Side's photo.

"မာ့က်စ် ဘယ်လိုလေ့လာခဲ့သလဲ"
တရက် မနက်စောစော။ လန်ဒန်မြို့၊ ဂရိတ် ဗြိတိန်ပြတိုက်၊ စာကြည်တိုက်ရဲ့ စာဖတ်ခန်း အတွင်း။ စာဖတ်သူတဦးဟာ လက်မှာ စာအုပ် တအုပ်ကို ကိုင်ရင်း နေရာလွတ်တခုမှာ ထိုင်မလို့လုပ်နေတုန်း စာကြည့်တိုက်တာဝန်ကျ အမှုထမ်းက သူ့ထံရောက် လာပြီး “မိတ်ဆွေ အဲဒီနေရာဟာ မာ့က်စ် ရဲ့နေရာ ပါခင်ဗျာ။ ကျေးဇူးပြုပြီး အဲဒီနေရာကို မထိုင်ပါနဲ့ခင်ဗျာ။ သူလာပါလိမ့်မယ်”လို့ ရှင်းပြပါတယ်။
‘မာ့က်စ်။’။ ကွန်မြူနစ်ပါတီ ကြေညာစာတမ်းကို ရေးသားသူ၊ အလုပ်သမားခေါင်းဆောင်လား။။ အဲဒီစာဖတ်သူ မှင် တက်မိနေတယ်။

Tuesday, March 15, 2016

၈၈၈၈ အရေးတော်ပုံ

    Kyaw Naing's photo.











    အခန်း(၁) *ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်*

    ၁၉၈၈ခု မတ်လ ဒုတိယအပတ်။
    ...
    ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ်နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရောင်းသည့် ဈေးများ မှာလည်း စည်ကားလျက်ရှိနေသည်။

မြန်မာနိုင်ငံ၏ သမ္မတများ

ဆောင်းပါး

မြန်မာနိုင်ငံ၏ သမ္မတများ


သမ္မတရုံး
သမ္မတရုံးတွင် ဦးသိန်းစိန်က နိုင်ငံခြားဧည့်သည်များကို လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈ ခုနှစ်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုအောက်တွင် ၆၈ နှစ်ကြာ ကာလ အတွင်း သမ္မတ ၈ ယောက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ မတ်လ ၁၀ ၇က်နေ့တွင် လွှတ်တော်တွင် သမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့ပြီး ယနေ့ မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲကြရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အဆိုပြုခဲ့သည့် ဦးထင်ကျော် မြန်မာနိုင်ငံ၏ ၉ ယောက်မြောက် သမ္မတ ဖြစ်လာတော့မည်။ မတ်လ ၃၁ ၇က်နေ့တွင် လက်ရှိသမ္မတ ဦးသိန်းစိန်က အာဏာလွှဲပြောင်းပေးမည်ဖြစ်သည်။ ယခင် မြန်မာနိုင်ငံ သမ္မတများ၏ ကိုယ်ရေးအကျဉ်းနှင့် တာဝန်ထမ်းဆောင်ခဲ့မှုများကို ဧရာဝတီက ပြန်လည်ဖော်ပြလိုက်ပါသည်။

Monday, December 26, 2011

ပါတီညီလာခံတွင် မိန်ကြားသည့် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း၏မိန့်ခွန်း

- ပါတီညီလာခံတွင် မိန်ကြားသည့် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း၏မိန့်ခွန်း
-ရန်ကုန်သား
-၂၆-၁၂-၂၀၁၁





နိဒါးန်း
ဆရာကြီး ဦးသန်းထွန်း၏ "မအရအောင် သမိုင်းကိုလော့ပါ" ဟု အဆိုအရ ဦးနေ၀င်း၏ နောက်ဆုံးမိန့်ခွန်းကို မဖတ်မှီ -
--ဟစ်တိုင်သူ့ အတွေးအမြင်မှ ဖိုးသောကြာ၏ နံမည်ကြီးပြီးအလုပ်ဖြစ်ဖို့လိုသည်။
-- ၀င်းဇော်၏် ၈၈၈၈ကျဆုံးရသည့် အကြောင်းရင်းနှင့်
--အမှတ်တရကဏ္ဍမှ ဦးချစ်လှိုင်၏ တခါကမဆလပါတီ။
ကို ဖတ်ရှုပြီးမှ ဦးနေ၀င်း၏ နောက်ဆုံးမိန့်ခွန်းကိုဖတ်ကြည့်လျှင် ၈လေးလုံးသမိုင်းမှန်ကို ကိုယ်ပိုင်စဉ်းစား ဥာဏ်ဖြင့် ဖေါ်ထုတ်နိုင်မည်ဟု ယူဆပြီး အသုံးချနိုင်ငံရေး သားကောင်အဖြစ်မှ ရှောင်ရှားနိုင်မည်ဟ မျှော်လင့်ပါသည်။


ရန်ကုန်သား

Tuesday, November 29, 2011

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၁)

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး(၁)
မာတိကာ
▪               ရေးသားပြုစုသူ၏အမှာ
▪               ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ
▪               ပုဂံသည် မြန်မာ၊ မြန်မာသည် ပုဂံ
▪               သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ သမိုင်းဆိုင်ရာအတွေးအမြင်အယူ
▪               မင်းမြတ်အနော်ရထာ
▪               မင်းမြတ်ကျန်စစ်သား
▪               မင်းမြတ်အလောင်းစည်သူ
▪               မင်းမြတ်တပင်ရွှေထီး
▪               မင်းမြတ်ဘုရင့်နောင်
▪               မင်းမြတ်အလောင်းဘုရား
▪               မင်းမြတ်ဆင်ဖြုရှင်
▪               မင်းမြတ်ဘိုးတော်ဘုရား
▪               မင်းမြတ်မင်းတုန်း

▪               ရေးသားပြုစုသူ၏အမှာ
ဝတ္ထုတစ်ပုဒ် ရေးပါတယ်၊ ဒါမှမဟုတ် သုတဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ရေးပါတယ်။ လွယ်လားဆိုတော့ မလွယ်ပါဘူး။ စာတတ်ရုံ၊ စာတွေဖတ်ရုံလောက်နဲ့လည်း ဝတ္ထုကောင်းတစ်ပုဒ်၊ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာဖို့တော့ မလွယ်ပါဘူး။ စာရေးတယ်ဆိုတာ အတတ်ပညာတစ်ခုပါ။ ဘဝဖြတ်သန်းမှုဆိုတဲ့ အတွေ့အကြုံဝမ်းစာတွေလည်း ရှိဖို့လိုပါတယ်။ Talent ဆိုတဲ့ ပါရမီ မပါရင်လည်း မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်... အဲ့ဒီ သုတရသစာမျိုးရေးတဲ့အလုပ်က မလွယ်ကူပေမယ့် လွတ်လပ်မှုကတော့ အများကြီးရှိပါတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း လွတ်လပ်စွာတွေးပြီး လွတ်လပ်စွာရေးနိုင်ပါတယ်။ စိတ်ကူးဥာဏ်လည်း ကွန့်မြုးနိုင် ပါတယ်။

ရသဝတ္ထုဆိုရင် ပိုလို့တောင် လွတ်လပ်ပါသေးတယ်။ MRTV တွေနဲ့ မြဝတီမှာပြနေတဲ့ ကိုရီးယားဇာတ်ကား တွဲတွေလိုပေါ့။ ဘာမှ မဟုတ်တာကလေးကိုလည်း ဗာရာဏသီချဲ့လို့ရပါတယ်။ ပေရှည်ချင်တိုင်း ရှည်လို့လည်း ရပါတယ်။ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ အတွေးရောအရေးပါ လွတ်လပ်ပါတယ်။ တချို့ အပျော်ဖတ်တွေဆိုရင် တစ်ပတ်လောက်နဲ့တောင် လုံးချင်းဝတ္တုတစ်အုပ် ရေးနိုင်တဲ့သူတွေရှိပါတယ်။ ငွေရပြီး စတမ်း ဘာရေးရမလဲဆိုတာမျိုးတွေပါ။ တစ်နေ့တည်းနဲ့လည်း A4 စာရွက် (၂၀) လောက်ကို  ပြီးအောင်ရေးနိုင်တဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုရေးကြတော့ အပျော်ဖတ်အဆင့်မှာတောင် စာဖတ်ပရိတ်သတ်အကြိုက်နည်းတဲ့ ခပ်ညံ့ညံ့တွေလို့ ဆိုရမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းကို ရေးသားဖို့၊ပြုစုဖို့ကျတော့ မလွယ်တော့ပါဘူး။ မှန်ကန်တဲ့အကြောင်းအရာ အဖြစ် အပျက်ကို ပြုစုရမှာဖြစ်တဲ့အတွက် ပြုစုတဲ့သူမှာတာဝန်အလွန်ကြီးပါတယ်။ စာအုပ်စာတမ်းတွေ၊ တတ်နိုင်ရင် ကျောက်စာတွေ၊ မြေပုံစာတွေကို အများကြီးလေ့လာဖို့လိုပါတယ်။ အချိန်လည်း ယူရပါမယ်။ အုပ်စိုးသူ မင်း တစ်ပါးရဲ့အကြောင်းကို ပြုစုမယ်ဆိုရင်တောင် မလွယ်ပါဘူး။ ဒါကြောင့်လဲ တချို့ သမိုင်းဆိုင်ရာစာအုပ်တွေမှာ အနော်ရထာတို့လို၊ ကျန်စစ်သားတို့လို သမိုင်းမှာအလွန်ထင်ရှားတဲ့ မင်းတွေအကြောင်းကို ရေးတာတောင် မှန်အောင်မရေးနိုင်တာတွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ စာရေးသူ အမုန်းခံပြီး ထောက်ပြခဲ့ပြီးပါပြီ။ အမှားတွေကို ပြင်သူမရှိပဲထားလို့ကြာသွားခဲ့ရင် အမှန်တွေလို ဖြစ်တတ်သွားတာ မျိုးမို့ စေတနာနဲ့ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။


သမိုင်းကို ရေးသားပြုစုတဲ့သူဟာ တခြားစာတွေလို စိတ်ကူးဥာဏ်ကွန့်မြုးလို့လည်းမရပါ။ စာမျက်နှာတွေများ အောင်ဆိုပြီး ရှိတာထက်ပိုပြီးချဲ့ရေးလို့လည်း မရပါ။ ဒီနေရာမှာ သမိုင်းကို ရသဖွဲ့ဝတ္ထုရေးသူတွေနဲ့လည်း ကွာပါ တယ်။ ရသဖွဲ့သမိုင်းဝတ္ထုတွေမှာကတော့ မှန်တာတွေလည်းပါနိုင်သလို စာရေးသူက စိတ်ကူးဥာဏ်ကွန့်ထားတဲ့ တကယ်မဖြစ်ခဲ့တာတွေလည်း ပါနေမှာဖြစ်ပါတယ်။ တချို့ဆို ဆင်ဆင်ခြင်ခြင်၊ နှိုင်းနှိုင်းချိန်ချိန်မရေးပဲ လူပြိန်း ကြိုက်ဆိုတာမျိုးတွေထည့်ရေးတဲ့အတွက် သူတို့ရေးတဲ့ဝတ္ထုတွေထဲကျမှ လေးစားရတဲ့ မင်းတွေ၊ မိဖုရားတွေကို အထင်အမြင်သေးစရာ ဖြစ်ရတာမျိုးတွေ ထိခိုက်နစ်နာသွားရတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ချစ်ရေးကိစ္စတွေ ရေးတာမှာ ပိုဆိုးပါတယ်။

ရေးချင်တာ ရှိပါသေးတယ်။ တချို့ သမိုင်းဝတ္ထုတွေမှာ သမိုင်းအမှားတွေကို တွေ့ရှိရတာထားပါဦး။ အခုထိ သမိုင်း ဆောင်းပါးအချို့မှာတောင် အမှားတွေ၊ လွဲနေတာတွေကို စိတ်မကောင်းစရာတွေ့နေရပါသေးတယ်။ တတိယ အကြိမ်ပြန်ရိုက်ပြီးရောင်းနေရတဲ့ ပုံဂံနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာဆိုရင် အနော်ရထားမင်း တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကို ဆက်လက်ပြီးတည်တံ့အောင်၊ တိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့ မင်းကောင်း မင်းမြတ် တပါးဖြစ်တဲ့ မြန်မာတွေရဲ့ကျေးဇူးရှင် ကျန်စစ်သားမင်းကိုတောင်မှားပြီး ရေးသားထားတာဖတ်လိုက်ရပါတယ်။ ဒီလို ရေးလိုက်တဲ့အတွက် စာဖတ်သူတွေ အမှတ်မှားသွားနိုင်သလို ကျန်စစ်သားမင်းအတွက်လည်း အင်မတန် ထိခိုက် နစ်နာလှပါတယ်။

အဲ့ဒါကတော့...

နံပါတ် (၁) ကျန်စစ်သားဟာ အနော်ရထာမင်းမှ ဝေသာလီပြည်က ပဉ္စကလျာဏီမင်းသမီးကို သွားပြီးယူဆောင် ခိုင်းတဲ့ ရာဇတမန်အမတ်နဲ့ ပဉ္စကလျာဏီတို့မှရတဲ့ ရာဇတမန်အမတ်ရဲ့သားဖြစ်တယ်။

နံပါတ် (၂) လူမျိုးအနေနဲ့ကြည့်ရင် ရခိုင်ဝေသာလီပြည်က ရခိုင်မင်းသမီး ပဉ္စကလျာဏီကမွေးလို့ ရခိုင်မြန်မာလူမျိုး ဖြစ်တယ်။

နံပါတ် (၃) အဲဒီလူမျိုးဖြစ်တဲ့အတွက် ကျန်စစ်သားက ကုလားကိုမုန်းတယ်။ ဒါကြောင့် လူစွမ်းကောင်းဗျတ္တနဲ့ ဗျတ္တရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ်လို့ ဆိုထားပါတယ်။

အလွန်စိတ်မကောင်းစရာဖြစ်တဲ့အမှားတွေပဲ ဖြစ်ပါတယ်။ စာရေးသူမှ စာရေးသူရဲ့စာအုပ်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ် တွေထဲမှာလည်း ရေးခဲ့ပြီးပါပြီ။ နောက်ဆုံး လေ့လာတွေ့ရှိရတဲ့ အကိုးအထောက်တွေနဲ့ပါ။

ရှင်းရရင်တော့...

နံပါတ် (၁) ကျန်စစ်သားက ရာဇတမာန်အမတ်ရဲ့သား မဟုတ်သလို၊ အနော်ရထားမင်းရဲ့ သားတော်လည်း မဟုတ် ပါ။ ဦးကုလားရဲ့မဟာရာဇဝင်မှာပါတဲ့ ပဉ္စကလျာဏီမင်းသမီးနဲ့ လူသားမဟုတ်တဲ့နဂါးနဲ့ရပြီး မွေးတယ်ဆိုတာမျိုး ကလည်း နိုင်ငံတကာလက်သင့်ခံတဲ့ သမိုင်းရှူထောင့်ကကြည့်ရင်ယုတ္တိမရှိတဲ့အတွက် လက်ခံနိုင်စရာမရှိပါ။ အဲဒီ မဟာရာဇဝင်ထဲမှာပဲပါတဲ့ နေနတ်သားနဲ့နဂါးမဇံသီးကမွေးတယ်လို့ ရေးထားတာကိုလည်း ပညာရှင်တွေက လက် မခံပါ။ ကျန်စစ်သားရဲ့ ဖခင်နဲ့မိခင်အမှန်ကို ယနေ့ထိ ဘယ်သူမှ အတိအကျမပြောနိုင်သေးဘူးလို့ ပြောပါရစေ။

နံပါတ် (၂) ကျန်စစ်သားဟာ ရခိုင်မြန်မာလူမျိုးဆိုတာလည်း မမှန်ပါ။ ပဉ္စကလျာဏီဆိုတာက ဝေသာလီပြည် ရခိုင် ဘုရင်ရဲ့သမီးတော်မဟုတ်ဘဲ မြန်မာနိုင်ငံအနောက်ဘက်ရှိ အာသံလို့ခေါ်တဲ့နယ်နဲ့ ဘင်္ဂလားနယ်အရှေ့ပိုင်းဒေသမှာ ရှိတဲ့ ပဋိက္ကရားပြည်က အိန္ဒိယတိုင်းရင်းသားဘုရင်ရဲ့ သမီးတော်ဖြစ်နေလို့ပါဘဲ။ ၁၉၁၁ ခုနှစ်က တူးဖော်ရရှိတဲ့ မြစေတီကျောက်စာကိုကြည့်ရင် ကျန်စစ်သားက ပဉ္စကလျာဏီရဲ့သားဆိုတာလည်း မဟုတ်နိုင်တော့ပါ။

နံပါတ် (၃) ကို ရေးရရင်တော့ အားထားလောက်တဲ့ ဘယ်ရာဇဝင်သမိုင်းကျမ်းတွေ၊ ပညာရှင်တွေပြုစုခဲ့ပြီး ဒီကနေ့ သမိုင်းကို သုတေသနပြုနေတဲ့ပညာရှင်တွေလက်ခံထားကြတဲ့ ဘယ်စာအုပ်စာတမ်းမှာမှ ဒါနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့အထောက်အထားတွေမတွေ့ရတဲ့အတွက် ကျန်စစ်သားက ရခိုင်မြန်မာဖြစ်နေလို့ ကုလားမုန်းပြီး ဗျတ္တနဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကိုသတ်ပစ်တယ်ဆိုတာလည်း လုံးဝမမှန်ဘူးလို့ ဆိုရမှာဖြစ်တယ်။

တစ်ချိန်က ဇာတ်ပွဲတွေမှာတော့ ဇာတ်စာရေးဆရာတွေရေးတာတွေကို ဇာတ်ထုပ်ခင်းပြီးကပြခဲ့ကြတာ စာရေးသူ လည်း ကြည့်ခဲ့ရဖူးပါတယ်။ အနော်ရထာ တရုတ်ပြည်ကအပြန်လမ်းမှာ ဘုရားတည်တယ်။ ရွှေဖျဉ်းညီနောင်က အပျော်တွေလွန်ပြီးတာဝန်မကျေဘဲ အုတ် (၂) ချပ် လပ်နေတာကို အနော်ရထာတွေ့သွားတဲ့အခါ မြေးတော်လို ချစ်ရတဲ့ အဲဒီ ညီနောင် (၂) ဦးကို မလိမ္မာတစ်ခါမိုက်တဲ့အတွက် ကြိမ်နဲ့ရိုက်ဆုံးမခိုင်းတာကို သူ့ထက်အစွမ်းကောင်း လို့ မနာလိုဖြစ်နေတဲ့ ဘိုးတော်ကျန်စစ်သားက ဝါးရင်းတုတ်နဲ့အသေရိုက်သတ်လိုက်တယ်။ အဲဒီတော့ ဇာတ် ထုပ်မှာ ကျန်စစ်သားကို အားလုံးကမုန်းကြတဲ့ ကုန်းရုပ်ကြီးဖြစ်သွားတာကို ကြည့်ခဲ့ရဖူးပါတယ်။ ဒါတွေက မဟုတ် မမှန်တဲ့ ဇာတ်ဝတ္ထုတွေပါ။ ဒဿဂီရိကို လူကြမ်းနေရာကနေ မင်းသားနေရာမှာတင်ရေးတဲ့ ရသဖွဲ့ဝတ္ထုလိုပါပဲ။ ရသပိုင်းကနေ ဝတမ္ထုအနေနဲ့ပဲ လက်ခံလို့ရပါတယ်။

စာရေးသူအနေနဲ့ စာရေးသူတို့ရဲ့နိုင်ငံသမိုင်းမှာထင်ရှားပြီး နိုင်ငံနဲ့လူမျိုးကိုအကျိုးပြုခဲ့ကြတဲ့ မြန်မာမင်းကောင်းမင်း မြတ်တွေရဲ့အကြောင်းကို ဓာတ်ပုံတွေစုံစုံလင်လင်ထည့်ပြီး စာတစ်အုပ်အနေနဲ့ ရေးချင်နေတာကြာပါပြီ။ အခုမှပဲ ရေးဖြစ်ပါတော့တယ်။

သမုဒ္ဒရာဇ်မင်းကစလို့ ပုဂံမင်း (၅၅) ဆက်ကနေရေတွက်ရင် ကုန်းဘောင်ခေတ် သီပေါမင်းအထိ မင်းပေါင်း (၁၀၀) ကျော် ရှိပါတယ်။ ရေးချင်တာက အနည်းဆုံး (၁၁) ပါးပါ။ တကယ်ရေးပြီဆိုတော့ စာအုပ်နာမည်နဲ့လိုက်အောင် တကယ်ရေးသင့်တဲ့ ရေးစရာတွေလည်းများတဲ့ မင်းအနေနဲ့ မင်း (၉) ပါးကို တွေ့ရှိရပါတယ်။ ပုဂံခေတ်က မင်း (၃) ပါးဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့အလောင်းစည်သူ။ တောင်ငူ ဟံသာဝတီခေတ်က မင်း (၂) ပါး ဖြစ်တဲ့ တပင်ရွှေထီးနဲ့ဘုရင့်နောင်၊ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်က အလောင်းဘုရား၊ ဆင်ဖြုရှင်၊ဘိုးတော်ဘုရားနဲ့မင်းတုန်း စုစုပေါင်း မင်းကောင်းမင်းမြတ် (၉) ပါး အကြောင်းပဲဖြစ်ပါတယ်။

ဒီမင်းတွေအကြောင်းကို ရေးသားပြုစုရာမှာ စာအုပ်စာတမ်းအတော်များများကို ရှာဖွေလေ့လာခဲ့ရပါတယ်။ သမိုင်း မှန်ဖြစ်စေချင်တာကြောင့် နှိုင်းနှိုင်းချိန်ချိန်နဲ့ ဖယ်သင့်တာတွေကိုဖယ်ပြီး ယူသင့်တာတွေကို ယူရပါတယ်။ အမှား တွေပါလာမှာစိုးတဲ့အတွက် အချိန်ယူပြီးသတိနဲ့ရေးသားပြုစုရပါတယ်။ ဒီစာအုပ်မှာ ပုဂံမတိုင်မီ မြန်မာလူမျိုးရဲ့ အစနဲ့ ပျုခေတ်မှာထင်ရှားခဲ့တဲ့ ပန်ထွာဘုရင်မနဲ့ ဒွတ္ထဘောင်မင်းတို့ရဲ့ဗိဿနိုးတို့၊ သရေခေတ္တရာတို့ဆိုတဲ့ ပျုနိုင် ငံတွေမတိုင်မီ လူတူပရိုင်းမိတ်တွေရဲ့အကြောင်းကိုလည်း သုတေသနပြုကြတဲ့ သမိုင်းပညာရှင်တွေရဲ့ နောက်ဆုံး တွေ့ရှိချက်တွေနဲ့အတူ အချိန်ယူလေ့လာပြီး ရေးသားပြုစုထားပါတယ်ဆိုတာကို ရေးလိုပါတယ်။

Tuesday, August 2, 2011

မြစ်မင်းဧရာဝတီ နောက်ခံသမိုင်း

မြစ်မင်းဧရာဝတီ

နောက်ခံသမိုင်း

အလွန်ရှေးကျသော ဆန့်စ်ကရစ် (SANSKRIT Indo-Aryan Language) ဘာသာစကားအရ ဟိမဝန္တာ တောင်မှ
အစပြု စီးဆင်းလာသော ရာဗီ (RAVI) သို့မဟုတ် အိုင်ရာဗတီ (IRAVATI) ဆိုသော အမည်မှ
ဆင်းသက်လာသည်ဟုဆိုသည်။ အဆိုပါ အိုင်ရာဗတီ (ဧရာဝတီ) အမည်တူ မြစ်ကို ပါကစ္စတန် နှင့် အိန္ဒိယ
နိုင်ငံအကြားတွင် တွေ့ ရှိနိုင်သည်။
ပါဠိဘာသာစကားအရ အင်ဒရာ (Indra) အမည်ရှိသော ဟိန္ဒူနတ်ဘုရားအပေါင်းတို့၏ ဘုရင်စီးနင်းသည့်
ထူးဆန်းသော ဆင်ဖြူကြီး ဧရာဗေတာ (Airavata) ၏ မိခင် အိုင်ရာဗစ်တီ်(Iraviti) ကို အစွဲပြုပြီး ဧရာဝတီ ဟူ၍
ခေါ်တွင်သည်။ ယင်းဆင်ကို ထိုင်းနိုင်ငံတွင်လည်း စီးပွားတိုးတက်မည်ဟု ယုံကြည်ကာ ကိုးကွယ်ကြ၏။
ကမ်ဘောဒီးယားနိုင်ငံတွင်လည်း လက်ရှိ နိုင်ငံတော်သင်္ကေတနှင့် ဘုရင့်ကိုယ်ပွားသဖွယ် ကိုးကွယ် အသုံးပြု
ကြသည်။ ထိုနည်းတူပင် များစွာသော ဗုဒ္ဓဘာသာနိုင်ငံများတွင်လည်း အမည်အမျိုးမျိုးဖြင့် ပူဇော်ပသ
လေ့ရှိကြသည်။

မိခင်ဧရာဝတီ

ဟိမဝန္တာတောင်ခြေတွင် မြစ်ဖျားခံ၍ ကြမ်းတမ်းခက်ခဲစွာ စီးဆင်းလာရသော (ညီမ) မေခ သည်
ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ချောမွေ့ညင်သာစွာစီးဆင်းခဲ့ရသည့် (အစ်ကို) မလိခ နှင့် ပေါင်းဆုံပြီး ဧရာဝတီမြစ်အဖြစ် အမည်တွင်လာခဲ့သည်။
ကမ္ဘာကြီး၏ဝိဥာဉ်တော်နတ်ဘုရားက ရွှေခွက်ကို လက်နှစ်ဘက်နှင့်ကိုင်ပြီး အေးမြသော ရေသွန်းလောင်းပေး
နေ၍၊ ဧရာဝတီမြစ်ဝန်းကျင်တွင် ရွှေမှုန်ရွှေခဲများတွေ့ရှိရသည် ဟု ကချင်တိုင်းရင်းသားတို့က ယုံကြည် သက်ဝင်ကြသည်။ ထို့အပြင် နဂါးနတ်သမီးနှင့် နေသူရိန် နတ်သားတို့ ချစ်ကျွမ်းဝင်ပြီး ဥသုံးလုံးဖွားမြင်ခဲ့သည်။ ပထမတလုံးကို သပိတ်ကျင်းအနီးတွင် ပေါက်ခဲ့ပြီး ပတ္တမြားများ ဖြစ်လာခဲ့သည်။ ဒုတိယတလုံးမှာ မြန်မာပြည်အလည်ပိုင်းတွင် ပေါက်ဖွားခြဲ့ပီး ကျားများဖြစ်သွားသည်။ ကျန်တလုံးမှာ မြစ်ဝကျွန်းပေါ်တွင် ပေါက်ဖွား၍မိကျောင်းများဖြစ်သွားသည်ဟုလည်း ဒဏ္ဍာရီပုံပြင်များ ရှိခဲ့သည်။
အဆိုပါ ဒဏ္ဍာရီဆန်လှသော ဧရာဝတီမြစ်ကြီး နဘေး၌ပင် မြန်မာ့သမိုင်းအစ တကောင်း အမည်ရှိ မြို့တော်ကြီးရှိခဲ့သည်။ ထို့အပြင် နန်ချို (ယခု ယူနန်နယ)် သားတို့ ဖျက်ဆီးခဲ့သော ပျူနိုင်ငံတော်သည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည်။ ယင်းနောက် မြန်မာဖြစ်လာမည့် ကျွန်ုပ်တို့၏အဘိုးအဘွားတို့သည် ဧရာဝတီမြစ်ညာသို့ ဆန်တက်ပြီး ကျောက်ဆည်၊ ပုဂံ၊ အင်းဝ၊ အမရပူရ (မန္တလး)အစရှိသည့် သမိုင်းဝင်မြို့ကြီးများကို တည်ထောင်ခဲ့ကြသည်။ ပုဂံမှသည် ရန်ကုန်အထိ ခေတ်အဆက်ဆက်မြို့တ်ာကြီးများ တည်ထောင်ခြဲ့ကသည်။
သူရဲကောင်းတို့ မွေးဖွားခဲ.ရာဤ ဧရာဝတီမြစ်ကြီးသည် မြန်မာနိုင်ငံ၏ အသက်၊ သိက္ခာ၊ ဘဝ၊ ယဉ်ကျေးမှု
သမိုင်းမှတ်တိုင် အဆက်ဆက်ကို ထင်ဟပ်စေခဲ့သည်။ ဧရာဝတီသည် မြန်မာနိုင်ငံ၏ အသက်။ ဧရာဝတီသည်မြန်မာနိုင်ငံ၏ ဘဝ။
ဤ ဧရာဝတီမြစ်ကြီးကိုမှီပြီး မြို့ရွာပေါင်းများစွာ ရပ်တည်နေကြရသည်။ ပိုက်ကွန်ယက်သကဲ့သို့ မြစ်ခွဲငယ်
များဖြင့် ဖြာထွက်နေသော မြစ်ဝကျွန်းပေါ်ဒေသသည် စိုက်ပျိုးရေးအရ အရေးပါသဖြင့် မြန်မာတို့၏ စပါးကျီအဖြစ်တင်စားခေါ်ဝေါ်ခြဲ့ကသည်။ ဧရာဝတီမှ သယ်ဆောင်လာသောနှုံးမြေနုများကြောင့် အကဒ် မန်ပင်လယ်ထဲ၌တနှစ်လျှင်ပျဉ်းမျှ ပေ (၁၅၀) ခန့်  တိုင်းပြည်နယ်မြေကို ကျယ်စေသည်။
ဧရာဝတီ၏ အလှ၊ ဧရာဝတီ၏ ကျေးဇူးများကို ဖေါ်ကျူးရလျှင် ကုန်နိုင်ဖွယ်မရှိပါ။


ဧရာဝတီကို ဖျက်ဆီးကြလေပြီ

စစ်အုပ်စုအဆက်ဆက်လက်ထက်တွင်တိုင်းပြည်၏သယံဇာတပစ္စည်းများကိုစနစ်တကျ
ထိန်းသိမ်းစောင့်ရှောက်ထုတ်လုပ်ရောင်းချခြင်း မရှိပဲ၊ ပြည်ပသို့ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ရောင်းစားနေကြသည်ဖြစ်ရာ မြန်မာနိုင်ငံမှကျောက်မျက် ရတနာများလဲ ကုန်လုပြီ။ မြန်မာ့ရေပိုင်နက်မှ ငါးများသည်လဲ မျိုးတုန်းလုပြီ။ ကျွန်းမှသည်
ပိတောက်အဆုံး၊ သစ်တုံးကြီးငယ် တင်ထားသော ကားကြီးများ ထိုင်းနှင့် တရုတ်နိုင်ငံသို့
နေ့နေ့ညည
သွားနေသည်ကိုလဲ ၀မ်းနည်းစွာ တွေ့မြင်နေကြရသည်။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကိုလဲ အမှောင်ကျနေသော မြန်မာပြည်အတွက် အသုံးမချပဲ နိုင်ငံခြားသို့
ရောင်းချ ခြဲ့ကသည်။ ကိုးကိုးကျနွ်းနှင့် ဇာဒက်ကြီးကျွန်းအပါအ၀င် ကျွန်းငယ်များစွာမှာလဲ နိုင်ငံခြားသို့
ရောင်းချခံရလုမတတ် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ ရရှိသော ဝင်ငွေကိုလဲ တိုင်းပြည်ဖွံ့ဖြိုး
တိုးတက်ရေးအတွက် အသုံးပြုခြင်း မရှိပဲ၊ စစ်လက်နက်ပစ္စည်းများ တိုးချဲ့တပ်ဆင်၍ တိုင်းရင်းသား
ပြည်သူလူထုအား လက်နက်ဖြင့် ဗိုလ်ကျခြိမ်းချောက် အနိုင်ကျင့်လျက်ရှိသည်။
စစ်အုပ်စုအဆက်ဆက်တို့သည် ယင်းသို့ အဖိုးတန်သယံဇာတများကို စည်းမဲ့ကမ်းမဲ့ ဖျက်ဆီးနေရုံသာမက
မဟာမြစ်မင်း ဧရာဝတီ၏ အလှတရားကိုလဲ နအဖ အမည်ပြောင်း သိန်းစိန်အုပ်စုမှ ဖျက်ဆီးနေကြလေပြီ။ China
Power Investment Co-Operation နှင့် စာချုပ်ချုပ်၍ ရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား
ထုတ်လုပ်ကာ တရုတ်ပြည်သို့ ရောင်းချတော့မည်ဖြစ်သည်။ ဤစီမံကိန်းကြောင့် ဧရာဝတီမြစ်ရေသည်
၆ပေအထိ ကျဆင်းသွားနိုင်ပြီး မြစ်ဝကျွန်းပေါ်ရှိ မြစ်ခွဲတချို့ တိမ်ကောပျောက်ကွယ်သွားနိုင်သည်။
မြစ်ဆုံရေကာတာစီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အား အကျိုးကျေးဇူးများကို ဧရာဝတီကို ပိုင်ဆိုင်သော
မြန်မာနိုင်ငံသားတို့ မခံစားရပဲ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတို့ကသာ ခံစားရမည်ဖြစ်သည်။
ရေကာတာကြောင့် မြစ်ညာအထက် သစ်တောများကို ရေဖုံးလွှမ်းသွားနိုင်ပြီး၊ မြစ်အောက်ဖက် ရေနေသက်ရှိ
တည်ရှိမှုစနစ်များကို ထိခိုက်စေနိုင်ပါသည်။ ရေကာတာကြောင့် မြစ်ရေစီးကြောင်း ပြောင်းလဲစေပြီး၊
ဧရာဝတီမြစ်အောက်ပိုင်း ဒေသများရှိ ရေတင်မြေများဆီသို့ သဘာဝရေစီးဝင်မှုနှင့် မြေဆီဖြစ်ထွန်းမှုကို
ပျက်စီးစေမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်သော မြစ်ဝကျွန်းပေါ်ဒေသ၊ ဆန်စပါးစိုက်ပျိုးရေး
လုပ်ငန်းများကို ဆိုးဝါးစွာ ထိခိုက်စေ တော့မည်ဖြစ်သည်။
ထိုမျှမက ရေကာတာသည် မြေငလျင်လှုပ်လွယ်သော ဒေသတွင်း ပြတ်ရွှေ့ကြောင်းမှ ကီလိုမီတာ (၁၀၀)
အကွာတွင်သာ ရှိသည်ဖြစ်ရာ၊ ရေကာတာ ကျိုးပေါက်သွားပါက မြစ်အောက်ဖက် ကီလိုမီတာ (၄၀) အကွာတွင်တည်ရှိသောကချင်ပြည်မြို့တော် မြစ်ကြီးနားအား ရေလွှမ်းမိုးခံရနိုင်ဖွယ်ရှိပါသည်။
မြန်မာပြည်၏ အသက်သွေးကြောဖြစ်သော လယ်ယာမြေနှင့် ရေလုပ်ငန်းများကို ထိခိုက်စေနိုင်ပါသည်။

မြစ်ဆုံရေကာတာ စီမကိန်းကိုဆန်. ကျင်ြက

သို့ဖြစ်ပါ၍ မြစ်မင်းဧရာဝတီ၏ အလှတရားများကို ကာကွယ်စောင့်ရှောက်ရေး၊ ဧရာဝတီမြစ်ကို မှီ၍
တည်ထောင်ထားသော မြို့ပြရပ်ရွာများ ရေရှည်တည်တံ့ခိုင်မြဲရေး တို့အတွက် မြစ်ဆုံရေကာတာ စီမံကိန်းအားလက်တွဲညီညီ ၀ိုင်းဝန်းဆန့်ကျင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

Sunday, July 24, 2011

ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး

ခုတလော ရွေးကောက်ပွဲဝင်မဲ့ အုပ်စုတွေဆီက အသံတချို့ကြားနေရတယ်။ အထူးသဖြင့် စကားအမျိုးမျိုးပြောတတ်တဲ့
NDF ပါတီက ဦးခင်မောင်ဆွေ နဲ့ ENC က ဆလိုင် လျှံမုန်း။ ဦးခင်မောင်ဆွေ က ချီလီ နဲ့ တောင်ကိုရီးယား လို တဖြည်းဖြည်းပြောင်းယူရမယ် လို့ ဆိုသလို၊
ဗွီအိုအေ တိုက်ရိုက်လေလှိုင်းမှာချင်းအမျိုးသားလေး ဆလိုင်းလျှံမုန်း ကလည်း တောင်ကိုရီးယားမှာလည်း ဒီလိုပဲတဖြည်းဖြည်းပြောင်းလဲယူခဲ့တာ
ဖြစ်တယ် လို့ ဆိုပြန်တယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက “ဘယ်လို တဖြည်းဖြည်းပြောင်းခဲ့တာလဲဆိုတဲ့အချက်”ကို ရှင်းရှင်းလင်းလင်းမပြောခဲ့ပါ။
ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး လျှောက်သွားနေသလိုမျိုး----------------
(၁) နောက်ခံကားချပ်ကွာခြားမှု
နိုင်ငံတကာအသိုင်းအဝိုင်း က ဗမာပြည်နိုင်ငံရေးအနေအထားဟာ အာဖရိကနိုင်ငံတွေမှာ ဖြစ်နေတဲ့ အနေအထားနဲ့သိတ်မကွာလှဘူး ဆိုတာ သဘောပေါက်နေတယ်။ လူမျိုးစုတွေများတယ်။ သဘောထားမတူညီမှုတွေများတယ်။ ကရင်အမျိုးသားအစည်းအရုံး နဲ့ အန်စီယူဘီ လို တပ်ပေါင်းစုက
ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်တိုက်တွန်းနေချိန်မှာ၊ ဗမာလူမျိုးစု ကို ဘေးဖယ်ထားတဲ့ ENC ( Ethnics National Council) မှ ဆလိုင်းလျှံမုန်း က ရွေးကောက်ပွဲဝင်ပြီး တဖြည်းဖြည်းပြောင်းလဲရမယ် လို့ဆိုတယ်။ ဝ ဒေသစစ်ခေါင်းဆောင်တွေက သူ့ရဲ့နယ်မြေမှာ ရွေးကောက်ပွဲမကျင်းပဖို့ သတိပေးတားမြစ်ထားတယ်။ ဒါကလည်း အထူးအဆန်းတော့မဟုတ်ဘူး။ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်ပြီး ကျောင်းသားတွေ
တောခိုလာချိန်မှာ ကရင်နဲ့မွန် က ဘုရားသုံးဆူစခန်းကိုရဖို့ တိုင်းရင်းသားအချင်းချင်းချနေတဲ့ဘဝ။ ထို့အတူပဲ ဗမာတိုင်းရင်းသားကို ကြည့်လိုက်ပြန်
တော့လည်း ပြည်ပမှာထွက်ပြေးလာတဲ့ ကျားသားမိုးကြိုးပစ် ၁၉၉၀ လွှတ်တော်အမတ်များ အသက်ရောရှိသေးကြရဲ့လား လို့ မေးယူနေကြတဲ့အဖြစ်၊
ဗမာပြည်လောက် တယောက်တပေါက်ဖြစ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဘယ်နိုင်ငံမှ မရှိပါဘူး။
ဒါကြောင့် သူများနိုင်ငံတွေနဲ့ယှဉ်မပြောခင် ကိုယ့်အနေအထားကို ပထမဆုံးစဉ်းစားစေချင်ပါတယ်။ တန်ရာတန်ရာနှိုင်းသင့်ပါတယ်။
နိုင်ငံတကာအနေအထားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
ချီလီအာဏာရှင် ပီနိုချေး နဲ့ တောင်ကိုရီးယားစစ်အာဏာရှင်တွေကို ထောက်ခံခဲ့သူက အမေရိကန်ပြည်ထောင်စုဖြစ်တယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု က သူထောက်ခံတဲ့အာဏာရှင်တွေနာမည်ပျက်လာပြီဆိုရင်၊ ပြန်လည်ဖြုတ်ချဖို့ ဖိအားပေးနိုင်ခဲ့တယ်။
လူထုလှုပ်ရှားမှုကိုထောက်ခံအားပေးခဲ့တယ်။ ပီနီုချေး ( ချီလီ)၊ ဖာဒီနန်မားကို့စ် ( ဖိလစ်ပိုင်)၊ ဆူဟာတို ( အင်ဒိုနီးရှား)၊ ရှားဘုရင် ( အီရန်) နဲ့
ကိုရီးယားစစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပြန်လည်နားချပြီး နှုတ်ထွက်ပေးဖို့ ဖိအားပေးနိုင်ခဲ့တယ်။
ဒီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေး၊ နိုင်ငံရေးမော်ဒယ်တွေနဲ့နီးစပ်ခဲ့တာကြောင့် လူထုအဖွဲ့အစည်းတွေ ( Civil Societies) အတွက် လှုပ်ရှားနိုင်တဲ့အခွင့်အရေး၊ နေရာတချို့ရှိခဲ့တယ်။
ဗမာစစ်ခေါင်းဆောင်တွေက ဗမာနိုင်ငံရေးသမားတွေမွေးထုတ်ပေးလိုက်တဲ့စစ်အုပ်စုဖြစ်တယ်။ တရုတ်လည်းထိန်းမရသလို၊ အာဆီယံ ကလည်း
ချော့မော့ပေါင်းနေရတဲ့အဖြစ်။ ပိုဆိုးတာက ကွန်မြူနစ်ဇာတ်ပျက် တရုတ်နိုင်ငံက လူထုလှုပ်ရှားမှုကို မထောက်ခံတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲကို
နိုင်ငံတကာကထောက်ခံဖို့ တိုက်တွန်းနေချိန်ဖြစ်တယ်။ ဖိနှိပ်သူဘက်ကထောက်ခံအားပေးပြီး သူများပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တဲ့
တရုတ်ရဲ့ကြောင်သူတော်ကြွက်သူခိုးနိုင်ငံခြားရေးမူဝါဒ ကိုစစ်အစိုးရအနေနဲ့ ကောင်းကောင်းအမြတ်ရနေချိန်ဖြစ်တယ်။
(၂) ချီလီ ပုံသဏ္ဍန်ပြောင်းလဲမှု
စစ်အာဏာသိမ်းခေါင်းဆောင် ပီနိုချေးက ၁၉၈၀ မှာ လူထုဆန္ဒခံယူပွဲကို မဲလိမ်ပြီးသူ့ရဲ့စိတ်တိုင်းကျအခြေခံဥပဒေကို အသက်သွင်းခဲ့တယ်။ အစိုးရစိတ်တိုင်းကျခန့်ထားတဲ့ ကော်မရှင်လက်အောက်မှာ ပြည်သူတွေဆန့်ကျင်ခဲ့ကြပေမဲ့ ပီနိုချေးအစိုးရဟာ ၆၇ ရာခိုင်နှုန်း ကျော်နဲ့အနိုင်ရခဲ့တယ်
ဆိုပြီး ဇွတ်အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ ၁၉၈၀ မှ ၁၉၈၈ အထိ၊ ပီနိုချေးအစိုးရဟာ ကျောင်းသားဆန္ဒပြပွဲတွေ၊ လူထုလှုပ်ရှားမှုတွေ၊ လက်ဝဲသူပုန်တွေရဲ့
မြို့ပေါ်အထိလုပ်ကြံသတ်ဖြတ်မှုတွေ ကို ရင်ဆိုင်ခဲ့ရတယ်။ ( Pinochet File ပီနိုချေး ဖိုင် နဲ့ A Force more Powerful စာအုပ်ကို ကြည့်ပါ)။
ပီနိုချေးကလည်း ရက်ရက်စက်စက်တုန့်ပြန်ခဲ့တယ်။ ပီနိုချေးရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမေရိကန်အစိုးရအတွက်လည်း အရှက်ရစရာဖြစ်လာခဲ့တယ်။ ဒါကြောင့် ၁၉၈၀ ကာလတလျှောက်လုံး တိုးတိုးတိတ်တိတ် ဖိအားပေးခဲ့တယ်။ မရဘူး။ ပီနိုချေး က ရက်စက်မှုတွေ ကို ပိုပြီးလက်ရဲဇက်ရဲလုပ်လာတယ်။ မိုင်းအလုပ်သမားတွေရဲ့သပိတ်တွေစတင်လာပြီ။ ပီနိုချေးကိုဆန့်ကျင်တဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ တဖြည်းဖြည်းအားကောင်းလာပြီး တပ်ပေါင်းစုတခုကိုဖွဲ့ဖို့ပြင်ဆင်ခဲ့ကြတယ်။
၁၉၈၈ မှာ ပီနိုချေး က သူ့ရဲ့သမ္မတသက်တမ်းကို နှစ်ကြိမ်ထက်ပိုလုပ်ချင်တယ်။ ဆန္ဒခံယူပွဲလုပ်တယ်။ ၁၉၈၈ လူထုဆန္ဒခံယူပွဲမှာ ပြည်သူလူထု က ၅၇ ရာခိုင်နှုန်းနီးပါးမဲအရေအတွက် နဲ့ ပီနိုချေးရဲ့အခြေခံဥပဒေကိုငြင်းဆန်လိုက်ကြတယ်။ မဲပေးတဲ့သူအရေအတွက်ဟာ ၉၇ ရာခိုင်နှုန်းရှိတယ် လို့ ဆိုတယ်။ ပီနိုချေးက လူထုဆန္ဒခံယူပွဲရလဒ်ကိုငြင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ချီလီဗိုလ်ချုပ်တွေကို အမေရိကန်ထောက်လှမ်းရေးဗဟို က နီးစပ်အောင်ကြိုးစားထားတယ်။ ပီနိုချေးအနေနဲ့ ရွေးကောက်ပွဲရလဒ် ကို လက်ခံရမယ် လို့
သူ့ရဲ့ဆရာ အမေရိကန်ပြည်ထောင်စုက ညွှန်ကြားထားပြီးသား။ တကယ်တော့ ချီလီ လှုပ်ရှားမှုအောင်မြင်ခဲ့တာက ပီနိုချေးဆန့်ကျင်တဲ့
လူထုလှုပ်ရှားမှုတွေကြောင့်ပါ။ မှတ်တမ်းရုပ်ရှင်တွေကြည့်ရင် ချီလီလူထုလှုပ်ရှားမှုကို အားတက်ဖွယ်တွေ့နိုင်ပါတယ်။
စာအုပ်ဖတ်ချင်ရင် ( A Force More Powerful) ကို ဖတ်ပါ။
ဗမာပြည်မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အခြေခံဥပဒေရေးဆွဲတဲ့ညီလာခံမှာ ဘာတွေတင်ပြခွင့်ရခဲ့ပါသလဲ။
စစ်အုပ်စုက တလေးတစားနားထောင်ထည့်သွင်းခဲ့ပါသလား။ ညီလာခံကို သပိတ်မှောက်ထွက်ခဲ့တဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ခွန်မားကိုဖန်းကိုမေးကြည့်ပါ။
ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ဇိုမီးချင်းအမျိုးသားခေါင်းဆောင်တွေ
အပါအဝင် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးထောင်ချခံခဲ့ရတယ် မို့လား။ ဗမာပြည်နိုင်ငံရေးမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အဆင့်ဟာ
ချီလီနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၈ လူထုဆန္ဒခံယူပွဲထက်ကျော်တဲ့အဆင့် ကို ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အစိုးရက ဘယ်အင်အားကြီးနိုင်ငံကမှ ပြောလို့မရတဲ့ ဖက်ဆစ်အစိုးရ။
ကြောင်သူတော်ကြွက်သူခိုး နိုင်ငံခြားရေးမူဝါဒတွေဆွဲကိုင်နေတဲ့ တရုတ်အပါအဝင် အိမ်နီးချင်း အာဆီယံနိုင်ငံတွေကြားမှာ နေနေရတဲ့ နိုင်ငံ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ အဆင့်မှာ ဘာမှမလုပ်နိုင်တဲ့ဘဝကနေ ပါလီမန်လွှတ်တော်ထဲမှာ ဝင်ရောက်ပြောဆိုကြမယ် ဆိုတော့ ----
မျက်စိလည်နေတဲ့ မိန်းမကြီး ဘုရားနားမှာ တဝဲလည်လည်လျှောက်ပတ်နေတဲ့အဖြစ်ကိုပဲ သွားသတိယမိတော့မယ်။
(၃) ကိုရီးယား ပုံသဏ္ဍန်
နှိုင်းယှဉ်ရဲတဲ့ စိတ်တွေကို အံ့သြမိတယ်။ ဦးခင်မောင်ဆွေလို စကားအမျိုးမျိုးပြောတဲ့သူတွေ နဲ့ တပ်ပေါင်းစုရဲ့မူဝါဒနဲ့သွေဖီနေတဲ့ ဆလိုင်းလျှံမုန်း လို
လူတွေက ကိုရီးယားပြည်သူတွေလို သတ္တိတကယ်ရှိပါရဲ့လား။ “ပတ်ချုံဟီးအာဏာသိမ်းတယ်။ ရွေးကောက်ပွဲလုပ်တယ်။ ဒီလိုနဲ့တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်” လို့ ဆိုခဲ့ပြီး လူထုကဘယ်လိုပြောင်းလဲအောင်လုပ်ခဲ့တာလဲဆိုတာကို မပြောခဲ့တဲ့ ဆလိုင်းလျှံမုန်း ကို
ကိုရီးယား သမ္မတ (၄) ယောက်ကာလ က ဖြစ်ပျက်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အတိုချုပ် မိတ်ဆက်ပေးချင်ပါတယ်။
( ကိုရီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာကို “အသွင်ကူးပြောင်းမှုကာလ၊ စိတ်ကူးယဉ်မှုများနှင့် ကစားဝိုင်းကိုပြောင်းလဲစေသော ဝိညာဉ်များ” ဆောင်းပါးအဖြစ် အတိုချုပ်တင်ပြခဲ့ပါတယ်)
(က) Syngman Rhee
ကိုရီးယားစစ်ပွဲကြောင့်နာမည်ပျက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ဟာ ကျောင်းသားလှုပ်ရှားကြောင့်ပြုတ်ကျခဲ့တယ်။
၁၉၆၀ ဧပြီ (၁၉) လှုပ်ရှားမှုအဖြစ်နာမည်ကြီးခဲ့တယ်။ စစ်တပ်က ကျောင်းသား (၁၂၅) ယောက်ကို သတ်ခဲ့ပေမဲ့ ကျောင်းသားတွေက တဟုန်ထိုးချီတက်သွားတယ်။ စစ်တပ်အနေနဲ့ဆက်မပစ်ရဲတော့ဘူး။ လူထုနဲ့ပူးပေါင်းရတယ်။
(ခ)ပတ်ချုံဟီး
၁၉၇၁ မှာ ရာထူးက နှုတ်ထွက်ပေးရမယ် ဆိုတာသိနေပေမဲ့ ပတ်ချုံဟီး က ပါလီမန်ကိုဖျက်သိမ်းတယ်။အခြေခံဥပဒေကို ဖျက်သိမ်းတယ်။
၁၉၇၃ မှာ ယူရှင်အခြေခံဥပဒေကိုရေးဆွဲတယ်။ ကျောင်းသားဆန္ဒပြပွဲနေတွေ ပေါ်ပေါက်လာပြီး ပတ်ချုံဟီး ကို အာခံကြတယ်။
၁၉၇၉ မှာတော့ ကျောင်းသားလှုပ်ရှားမှုပြန်အားကောင်းလာခဲ့တယ်။ ဘူဆန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး အင်အား (၅) သောင်းရှိတဲ့ လူထုဟာ အစိုးရအဆောက်အဦတွေကိုဝိုင်းရံတိုက်ခိုက်တယ်။ ကျောင်းသားခေါင်းဆောင် (၄၀၀) ကျော်အဖမ်းခံရတယ်။ မြို့ပေါင်းများစွာမှာ အလုပ်သမားသမဂ္ဂရဲ့လှုပ်ရှားမှုတွေပေါ်ပေါက်လာတယ်။ ပူးမလူထုအုံကြွမှုအဖြစ်နာမည်ကြီးခဲ့တယ်။
ပတ်ချုံဟီးက စစ်အုပ်ချုပ်ရေးအရေးပေါ်ဥပဒေပြဋ္ဌာန်းခဲ့တယ်။ စစ်ထောက်လှမ်းရေးနဲ့ ပတ်ချုံဟီး တို့ ကြားမှာ သဘောထားစကွဲနေပြီ။ နောက်ဆုံး စစ်ထောက်လှမ်းရေးခေါင်းဆောင် ကင်ဂျေကြူ က ပတ်ချုံဟီး ကို ညနေစာထမင်းစားဖိတ်ပြီး ပစ်သတ်ပစ်လိုက်တယ်။
(ဂ) ချန်ဒူးဝမ်
ချန်ဒူးဝမ်လက်ထက်မှာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးဖို့တောင်းဆိုလှုပ်ရှားကြတဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့လှုပ်ရှားမှုတွေမရပ်တန့်သေးပါ။
ဆိုးလ်ဘူတာရုံမှာ လူတသိန်းကျော်စုဝေးကြပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ခဲ့ကြတယ်။ ချန်ဒူးဝမ် ကလည်း ကျောင်းသားညီလာခံတွေကို ဝင်ရောက်စီးနင်းပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင် (၅၅) ယောက်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် (၂၆) ယောက်ကို
ဖမ်းဆီးခဲ့တယ်။ စစ်အုပ်ချုပ်ရေး ကို ချဲ့ထွင်ခဲ့တယ်။ ကင်ဒေးဂျုံလည်း အဖမ်းခံခဲ့ရတယ်။
၁၉၈၀ မေလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂွမ်ဂျူးလူသတ်ပွဲကို ချန်ဒူးဝမ်ရဲ့အစိုးရက ထောင်ချီပြီးပစ်ခပ်သတ်ဖြတ်ခဲ့တယ်။
( ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုကြောင့် ချန်ဒူးဝမ်နဲ့နိုတေးဝူး ကို နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူခဲ့တယ်)။
၁၉၈၇ မှာ လူတသန်းကျော်ပါဝင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ဆိုးလ်မြို့မှာ ပေါ်ပေါက်လာခဲ့တယ်။ ကင်ဒေဂျုံ ကို လွှတ်ပေးရတော့တယ်။
ဂွမ်ဂျူးလူသတ်ပွဲဖြစ်ပေါ်ပြီးတဲ့နောက် ကိုရီးယားကျောင်းသားတွေဟာ အမေရိကန်ယဉ်ကျေးမှုဗဟို ကို အကြိမ်ကြိမ်မီးတင်ရှို့ခဲ့ကြတယ်။ ကိုရီးယားစစ်အာဏာရှင်တွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပေးနေတယ် လို့ ယုံကြည်တာကြောင့် ထောက်ပံ့တဲ့သူတွေကိုပါ တိုက်ခိုက်ကြခြင်းဖြစ်တယ်။အမေရိကန်ပြည်ထောင်စု ဟာ သူ့ရဲ့နိုင်ငံခြားရေးရာမူဝါဒတွေကို ပြန်စဉ်းစားလာရတော့တယ်။
ဦးခင်မောင်ဆွေ နဲ့ ဆလိုင်းလျှံမုန်း ခင်ဗျား
တောင်ကိုရီးယားပြည်သူတွေ စစ်အာဏာရှင်ကိုဘယ်လိုဆက်တိုက်ခဲ့ကြသလဲ၊ နိုတေးဝူး နဲ့ ချန်ဒူးဝမ် ဘယ်လိုအဆုံးသတ်ခဲ့သလဲ သိချင်ရင်
Asian Study က တောင်ကိုရီးယားနိုင်ငံအကြောင်းလေ့လာထားတဲ့ ပြဋ္ဌာန်းစာအုပ်တွေသာ ဆက်ဖတ်ပါတော့။
အသေးစိတ်တွေကို ရေးမပြတော့ပါဘူး။ ကိုရီးယား လို ပြောင်းလဲရအောင်၊ တောင်ကိုရီးယားသားတွေလို
ကျနော်တို့တိုင်းရင်းသားတွေ ညီညွတ်မှုရှိကြပါရဲ့လား။ ဆလိုင်းလျှံမုန်းရဲ့ ရွေးကောက်ပွဲဝင်ရေးမူဝါဒဟာ ENC ရဲ့တရားဝင်မူဝါဒဖြစ်ပါသလား။
ဒါဆို--ကရင်အမျိုးသားအစည်းအရုံးနဲ့ ကျန်တဲ့အင်အားစုတွေက ၂၀၁၀ ရွေးကောက်ပွဲကိုထားတဲ့သဘောထားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ENC က ချင်းအမျိုးသားလေးရဲ့သဘောထား ဟာ ဦးအေးသာအောင်ရဲ့စီအာပီပီနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသလို၊
ဝ တိုင်းရင်းသားတွေအတွက် ဒေါသဖြစ်စရာဖြစ်နေပါတယ်။ ဆလိုင်းလျှံမုန်း က ENC ကို ကိုယ်စားပြုနိုင်သလား၊
ENC က တိုင်းရင်းသားတွေကို တကယ်ကိုယ်စားပြုနိုင်သလား ဆိုတာ အရှင်းဆုံးအဖြေတခုကိုပြနေသလိုမျိုးပါပဲ။
ဦးကံအေးရဲ့မေးခွန်းကို ဆလိုင်းလျှံမုန်း က ဖြေတဲ့အခါ
“မတရားတဲ့အခြေခံဥပဒေ တွေကို ရေးဆွဲတဲ့ စစ်ခေါင်းဆောင်တွေကိုသာ အပြစ်တင်ပါတဲ့။ ကျနော်တို့တိုင်းရင်းသားတွေကို အပြစ်လာမတင်ပါနဲ့” လို့ ဆိုပြန်တယ်။ အခြေခံဥပဒေကိုရေးဆွဲတဲ့သူသာ မဟုတ် သွယ်ဝိုက်ထောက်ခံမိရင်၊ တရားဝင်လုပ်ပိုင်ခွင့်ပေးမိရင် လည်း သမိုင်းတရားခံဖြစ်တတ်တယ် ဆိုတာလောက်တော့နိုင်ငံရေးလုပ်တဲ့ ဆလိုင်းလျှံမုန်း တယောက် သဘောပေါက်သင့်ပါတယ်။
ဒါ့ကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခြင်းဟာ သမိုင်းတရားခံမဖြစ်အောင် လုပ်နေကြခြင်းဖြစ်တယ် ဆိုတဲ့
အချက်တချက် ပါဝင်နေတယ် လို့ ယုံကြည်ပါတယ်။
“လမ်းမပေါ်ထွက်ဆန္ဒပြတာဟာ အဆင့်နိမ့်တဲ့နိုင်ငံရေးဖြစ်တယ်”လို့ ဦးခင်မောင်ဆွေက အင်တာဗျုးခဲ့ပါတယ်။ လမ်းမပေါ်ထွက်ဆန္ဒပြတဲ့တောင်ကိုရီးယားကျောင်းသားတွေက အဆင့်နိမ့်ခဲ့တယ် ဆိုရင် ဘာလို့ ကိုရီးယားပုံစံလိုပြောင်းလဲရမယ်လို့ ဆိုခဲ့ပါသလဲ။
ဘာဖြစ်လို့ ချီလီနိုင်ငံလို ပြောင်းလဲချင်ရပါသလဲ။
အဆင့်မြင့်တဲ့ နိုင်ငံရေးဆိုတာ ပြည်ပက ရတဲ့ ဒေါ်လာ (၂) သိန်း ကို ယူ၊ ပါတီထောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သြဇာအနည်းငယ်ရှိတဲ့
သူတွေကို ကျနော်တို့ပါတီမှာ လုပ်ရင် လစဉ် (၅) သိန်းလောက်ထောက်ပံ့ပေးနိုင်တယ် ဆိုတဲ့မက်လုံးပေးတာကိုခေါ်ပါသလား။ (ဟုတ်မဟုတ်တော့ ကာယကံရှင်နဲ့ဘုရားသခင်သာသိပါလမ့်မယ်)။
ကိုယ့်စကားကို မေ့ချင်ယောင်ဆောင်တဲ့လူတွေလုပ်တဲ့နိုင်ငံရေးကို အဆင့်မြင့်နိုင်ငံရေးလို့ ခေါ်ပါသလား။
ဒီမိုကရေစီ ဆိုတာ ဂတိမတည်သူတွေနဲ့လူလိမ်တွေအတွက်လည်း ပြောပိုင်ခွင့်ပေးထားတဲ့ ပတ်ဝန်းကျင်တခု ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာဖို့ ဆိုတာ လူလိမ်တွေအတွက် မဖြစ်နိုင်တဲ့ဘာသာရပ်တခုပါ။
လူလိမ်တွေခေါင်းဆောင်တဲ့ပါတီတွေဟာ ပြည်သူလူထုကို ဘယ်လောက်ထိ သတ္တိရှိရှိ ဦးဆောင်နိုင်မလဲ ဆိုတာ ကိုတော့ မျှော်လင့်ချက်
မထားသော်လည်း ကျနော်တို့ဆက်လက်ကြည့်ရှုကြရအုံးမှာပါ။
ရွေးကောက်ပွဲသပိတ်မှောက်ရင် အကျိုးရှိတာဘာလုပ်မှာလဲ
ဒီမေးခွန်းကို တချို့က အားမလိုအားမရမေးသလို၊ တချို့က စပ်စုချင်လို့မေးကြတယ်။ တချို့က ကိုယ့်ရဲ့စကားမတည်ကြည်မှုကို ဖုံးကွယ်ချင်လို့ သူများကိုအပြစ်ပြောဖို့ ပြင်ဆင်ကြတယ်။ အကျိုးမရှိတဲ့အလုပ် ( ၂၀၁၀ ရွေးကောက်ပွဲ) ကိုလုပ်နေတဲ့သူတွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ကြပါလိမ့်မယ် လို့ ပဲ ယုံကြည်ပါတယ်။ သပိတ်မှောက်မဲ့သူတွေဘက် က အသေးစိတ်ဖြေနေရအောင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံနေရတဲ့လူတွေမဟုတ်သလို၊ အားအားရှိ နိုင်ငံရေး ဝေဖန်ရေးဆရာလိုလို၊ သုံးသပ်သူတွေလိုလို သရုပ်ဆောင်နေတဲ့ ဇာတ်ရူးတွေအတွက် ကုန်ကြမ်းပေးဖို့ မလိုအပ်ဘူးလို့ပဲ
ထင်ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ရေချိန်မှာ ကြည့်ပြီး အရှိန်ယူပြေးခုန်ရတဲ့ ပြိုင်ပွဲတခုပါ။
ရဲရဲတောက်လှုံ့ဆော်နေသူတွေကြောင့်လည်း လူထုလှုပ်ရှားမှုမဖြစ်နိုင်သလို၊ မထင်မှတ်တဲ့ ပြဿနာလေးတွေကစပြီး မီးထလောင်တတ်ပါတယ်။
စံနစ်တကျ ပြင်ဆင်ထားနိုင်တဲ့သူတွေသာ အခွင့်အရေးပေါ်လာတိုင်း အကျိုးရှိရှိ အသုံးချနိုင်မှာပါ။
အောင်မိုးဝင်း
ကိုရီးယားနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းဆီ သို့ အကြောင်းစာအုပ်ဖတ်ချင်ရင်
Christian W. Haerpfer, Patrick Bernhagen, Ronald F. Inglehart, and Christian Welzel တို့ရေးတဲ့ Democratization မှာ အချက်အလက်တွေရနိုင်ပါတယ်။
ချီလီနိုင်ငံလှုပ်ရှားမှုအတွက် အကောင်းဆုံးစာအုပ်ကတော့ Kurt Schock ရဲ့ People Power Movement in Nondemocracy စာအုပ်နဲ့ Peter Ackerman နဲ့ Jack Duvall တို့ရေးသားတဲ့ A Force More Powerful တို့မှာအသေးစိတ်အချက်အလက်တွေတွေ့နိုင်ပါတယ်။
ကျန်တဲ့သူတွေဆီကလည်း လေ့လာသင်ကြား ဖတ်ရှုချင်ပါသေးတယ်။ မျှဝေကြပါအုံး။

Friday, June 24, 2011

“ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး”

“ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး”

ဒီနေ့မနက် ၈ နာရီလောက်မှာ ထိုင်-မြန်မာ နယ်စပ် အမှတ် ၁ ဒုက္ခသည်စခန်း အတွင်းမှာ ရှိတဲ့ လူသွားလမ်းနဲ့ ကားလမ်းမတွေတလျှောက် လူတွေပြည့်ကြပ်လို့နေပါတယ်။
အယောက်လေးထောင်လောက် ရှိတဲ့လူအုပ်ကြီးက “ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေး… ဒို့အရေး(၂)။ ကရင်နီပြည် အချုပ်အချာအာဏာ တည်တန့်ခိုင်မြဲရေး… ဒို့အရေး(၂)။နယ်ချဲ့အစိုးရအာဏာပိုင် များ ကျဆုံးရေး…..ဒို့အရေး(၂)။ ကရင်နီအမျိုးသားခုခံတော်လှန်ရေး… အောင်ရမည်…အောင်ရမည် (၂)။” ဆိုတဲ့ကျွေးကြော်သံတွေနဲ့ ရပ်ကွက် -၈ အားကစားကွင်းပြင်ဆီကို တစ်စီတစ်တန်းကြီး ချီတက်သွားကြပါတယ်။ အဲဒီထဲက အများစုကတော့ကရင်နီမျိုးနွယ်စုတွေထဲကကျောင်းသားလူငယ် လေး တွေပါဘဲ။

nationalday2011
ကျောင်းသူကျောင်းသားနှင့် မိဘပြည်သူများ အခမ်းအနားရှိရာသို့ ချီတက်နေစဉ် (ဓါတ်ပုံ-ကေတီ)
သူတို့လေးတွေဟာ ယခု ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ဟောပြောပွဲအခမ်းအနားကိုသွားရောက်လေ့လာကြမှာပါ။ ကရင်နီ အမျိုးသား နေ့ဟာ ကရင်နီပြည်မှာနေထိုင်တဲ့ မျိုးနွယ်စုတွေအားလုံးကိုကိုယ်စားပြုတယ်ဆိုပေ မယ့် မြန်မာစစ်အစိုးရအဆက်ဆက် လက်ထက်မှာတော့ အသိအမှတ်မပြုဘဲပိတ်ပင်ထားခြင်းခံရ တဲ့အတွက် ပြည်တွင်းမှာ နေထိုင်တဲ့ကရင်နီလူငယ်တွေအနေနဲ့ ကိုယ့်မှာအမျိုးသားနေ့ရှိမှန်းတောင်မသိကြတော့ ပါဘူး။

“ဒီနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ဟာ ဗမာ လုံးဝ အသိမှတ် မပြုဘူး။ ဗမာလုံးဝ လက်မခံဘူး။ အဲဒါကြောင့်မို့လို့ ကျနော် ဒီစကားကို ပြောရင် ဗမာကို တော်တော် ထိခိုက်တယ်။ သမိုင်းအရ ပြန်ထောက်လို့ရှိရင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည် ဖြစ်တယ်ဆိုတာ ဒါသက်သေ။ သက်သေပြခြင်း ဖြစ်တဲ့အတွက်ကြောင့် ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး။”

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဒု-ဥက္ကဌ ခွန်းအယ်ဘယ်တွီးက ယခု ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခန်းအနားကိုတက်ရောက်တဲ့ လူအယောက် ၄ ထောင်ကျော်ရှေ့မှောက်မှ ဟောပြောသွားခဲ့တာပါ။
nationalday2011a
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဒု-ဥက္ကဌ ခွန်းအယ်ဘယ်တွီးက မိန့်ခွန်းပြောကြားစဉ် (ဓါတ်ပုံ-ကေတီ)
မြန်မာအစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ နေနေရတဲ့အတွက် ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီးလေ့လာသင်ယူ ရမယ့် အခွင့်အလမ်းမရှိခဲ့တဲ့ ကရင်နီပြည်တွင်းမှ လူငယ်အမျိုးသမီးဖြစ်တဲ့ မော်ဌေးမြာကယခုလိုပြော ပါတယ်။

“အနှောက်ဖက်ကမ်းမှာတော့ လွတ်လပ်ရေးနေ့ဆိုရင်တော့ အခမ်းအနားတွေတက်ဖူးတယ်။တိုင်းရင်းသား ကိုခေါ်ပြီး ၀တ်စုံတွေနဲ့တက်ဖူးတယ်။ ကရင်နီအမျိုးသားနေ့ကိုတော့ အနှောက်ဘက်ကမ်းမှာမတက်ဖူး ဘူး။ ဒီ ၂၀၁၀ ရလပိုင်း၊ ၁၇ ရက်နေ့မှာ ဒီဒုက္ခသည်စခန်းကို စရောက်လာပါတယ်။ဒီဒုက္ခသည်စခန်း ရောက်မှ ကရင်နီအမျိုးသားနေ့ကျင်းပတယ်။ စာမေးပွဲမှာလည်း မေးဖူးတယ်။ ဒီတခေါက်တော့ကိုယ်တိုင် တက်ရောက်ဖူးတယ်ပေါ့။”

ကရင်နီသမိုင်းကြောင်းရ လွန်ခဲ့တဲ့ BC ၇၃၉ နှောက်ပိုင်း ကရင်နီအမျိုးသားတို့ကိုနှစ်တစ်ရာတိုင် ကျွန်အဖြစ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ယွန်းတွေကို ကရင်နီအမျိုးသားတရပ်လုံးမှ စုစည်းညီညွတ်မှုဖြင့် တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။

ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ဗမာဘုရင်နဲ့ ဗြိတိသျှဘုရင်အစိုးရတို့ကကရင်နီ ပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် အသိအမှတ်ပြုရန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့တဲ့နေ့ရက်ကို အစွဲပြုပြီးပြည်နယ် အတွင်း မှီတင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးတို့မှ ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာရခြင်းနဲ့ ပတ်သက်ပြီး ခွန်းအယ်ဘယ်တွီးက အခန်းအနားမှာ ယခုလိုရှင်းပြပါတယ်။

“မင်းတုန်းမင်းခေတ်မှာတော့ ကရင်နီနယ်မြေကိုသိမ်းမယ် တကဲကဲလုပ်လာကြတယ်။ နှောက်တော့ ဗြိတိသျှနဲ့ထိပ်တိုက် ပြဿနာကို မရင်ဆိုင်ရအောင်ဆိုတဲ့အနေနဲ့ ဆိုတော့ သဘောက ကရင်နီကို ကြားနေနိုင်ငံပုံစံမျိုးရှိပြီးတော့ ကရင်နီနဲ့လွတ်လွတ်လပ်လပ်နေဖို့။ ကျနော်တို့ ဘယ်အဖွဲ့အစည်းကမှ ၀င်ရောက်ချုပ်ချယ်ချင်တာ မရှိဖို့ဆိုတဲ့အနေနဲ့ သက္ကရစ် ၁၈၇၅ခု ဇွန်လ ၂၁ရက်နေ့ ဒီလိုနေ့အချိန်အခါမှာ ဗြိတိသျှနဲ့ အင်းဝဘုရင်က သဘောတူညီချက်အရ ဗြိတိသျှကိုယ်စားလှယ်… ဗမာဘက်မှာဆိုရင် ဗမာဘုရင် ကင်းဝန်မင်းကြီးက ဗမာပြည်ကိုယ်စားပြုပြီးတော့ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ...အသိအမှတ်ပြုတယ်။ လက်မှတ်ထိုးတယ်။”
nationalday2011b
အခမ်းအနားသို့ တက်ရောက်အားပေး နားထောင်ကြတဲ့ မိဘပြည်သူများနှင့် ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-ကေတီ)
ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်ကြောင်း ဗမာဘုရင်နဲ့ဗြိတိသျှဘုရင်အစိုးရ တို့ကနေပြီး ဘယ်လိုအသိအမှတ်ပြုခဲ့ကြလဲဆိုတာနဲ့ ပတ်သက်ပြီး ကရင်နီသမိုင်းမှတ်တမ်းများစုစည်း ရေးသားသူ ခူးဘျားရယ်ပေါလူက ယခုပြောပါတယ်။

“ဖြစ်စဉ်က အနောက်ကရင်နီဖြစ်တဲ့ ခွိစနဲ့ ခွိကေးဖိုးဒူရဲ့သား ခွိစခွသီ သူ့နယ်မြေတည်မြဲရေးကနယ်ချဲ့ အင်္ဂလိပ်တွေကို သွားပြီးတော့မှ မဟာမိတ်ဖွဲ့လိုက်တယ်။ ဒီအပေါ်မှာ သူတို့ရရှိတဲ့အမြတ်ကမဟာမိတ် အင်္ဂလိပ်တွေ ပါဝင်မှုပေးပြီးတော့မှ သီးခြားလွတ်လပ်ရေးအတွက် လွမ်းမိုးဖို့ကြိုးစားတယ်။ ဒါပေမယ့် လွမ်းမိုးဖို့ကြိုးစားတုန်းမှာဘဲ အနောက်အုပ်စုက အင်္ဂလိပ်ဆီမှာသွားပြီးတော့မှသူ့ရပ်ရွာဒေသတည်မြဲရေး အတွက် ရယူလိုက်တော့။ ဟိုဘက်ကအနောက်အုပ်စုက ပိုပြီးအားကောင်းတာကိုး၊အကောင် ပိုကြီးတော့ အင်္ဂလိပ်ပါဝင်မှုနဲ့… သီးခြားလွတ်လပ်တဲ့ နေရာပေးရမယ်ဆိုပြီးတော့မှ ဗမာပြည်ကအသိအမှတ်ပြုလိုက် ရတယ်။”

ယနေ့ ကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ကရင်နီပြည်တွင်းမှအပ ပြည်ပရှိ ကရင်နီအမျိုးသားတွေ သွားရောက်နေထိုင်ကြတဲ့ အမေရိကန်၊ ဖင်လန်၊ သြစတေးလျးနဲ့ နယူးဇီလန်နိုင်ငံတို့မှာလည်း ကျင်းပပြုလုပ်ကြလို့ သိရပါတယ်။

Thursday, June 2, 2011

ဗိုလ်ချုပ်အောင်ဆန်းသမိုင်း

ဗိုလ်ချုပ်အောင်ဆန်းသမိုင်း

by Tharchit Zaw on Thursday, March 17, 2011 at 11:37pm
ဗိုလ်ချုပ်အောင်ဆန်း
၁၉၁၅ ၊ ဖေဖော်ဝါရီ (၁၃) - ၁၉၄၇ ၊ ဇူလိုင် (၁၉)
အသက် ၃၂ နှစ်တွင် လုပ်ကြံခံခဲ့ရသည်

မွေးသက္ကရာဇ် ၁၉၁၅-ခုနှစ်၊ဖေဖော်ဝါရီ(၁၃)ရက်
မိဘများ ဦးဖာ + ဒေါ်စု
ငယ်အမည် ထိန်လင်း
မွေးဖွားရာဒေသ နတ်မောက်မြို့၊ မကွေးတိုင်း
ကွယ်လွန်ရာဒေသ ရန်ကုန်၊ ရန်ကုန်တိုင်း
ရာထူးအလုပ်အကိုင် ဗိုလ်ချုပ်
လူသိများခြင်းမှာ မြန်မာပြည် ဗြိတိသျှ အုပ်ချုပ်မှု လက်အောက် နှင့် ဂျပန်များ အုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သော အာဇာနည် တစ်ယောက်ဖြစ်သည်။
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း ဗမာ့လွတ်လပ်ရေးတပ်မတော်၊
ဗမာ့ကာကွယ်ရေး တပ်မတော်
ဖ.ဆ.ပ.လ
တိုက်ခိုက်ခဲ့သည့် စစ်ပွဲများ အဖွဲ့အစည်း ဒုတိယကမ္ဘာစစ်၊ မြန်မာပြည်လွတ်မြောက်ရေး

ဗိုလ်ချုပ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇-ခုနှစ် ဇူလိုင်‌ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

(၁)အမည်

ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက် ဇယား

ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင်လေသည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။
ဗိုလ်ချုပ်၏ မွေးချင်းများမှာ-
  1. မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
  2. မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
  3. မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
  4. မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
  5. မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
  6. ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
  7. ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
  8. ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။


(၂)ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။ အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။ အများအားဖြင့် က္ကုနြေ္ဒကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။

(၃) လူငယ်‌ဘဝ

သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်းတို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲ‌ခွေးကြီး လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။ သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။

(၄) ဒုတိယကမ္ဘာစစ်‌ကာလ

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။ ထိုနောက် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို ဖြတ်သန်း၍ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံအားဆက်သွယ်ထားသည့်လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၄င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။

(၅)ဒုတိယကမ္ဘာစစ်ပြီးခေတ်

‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့်သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။
လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။

(၆) မိသားစု

၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ ကွန်မြူနစ် ခေါင်းဆောင်သခင်သန်းထွန်းနှင့် အကြောင်းပါခဲ့လေသည်။ အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အငယ်ဆုံး သမီး ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ခေါင်းဆောင်လျက်ရှိသည်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

(၇) ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

(၈) ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

(၉)ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

(၁၀)ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။
 

Friday, March 18, 2011

နန်းမတော်မယ်နု

မယ်နုဟု လူသိများသည့် ဘကြီးတော်(စစ်ကိုင်းမင်း) ၏မိဖုရားခေါင်ကြီးသည် မြတောင်မြို့စား စုဖုရား(သီပေါမင်း၏ မိဖုရား စုဖုရားလတ်)၏အဘွားပင် ဖြစ်ပါသည်။

“မောင်းထောင်ဆရာတော်သည် လေးကြိမ်မြောက် အဝတည် မင်းတရား၏ မိဖုရားခေါင်ရှင် မယ်နုကို 'အသမႝန္နခတ္တိယအနွယ် ဖြစ်တော်မူသော ရှင်မိဖုရားသည်' ဟု နိဂုံးအုပ် သမိုင်းထိုးရချေသည်။ စင်စစ်ကား ထိုရှင်မိဖုရားသည် ဒီပဲရင်းကျေး ဖလံကုန်းရွာသူ သမီး ဖြစ်သည်။ (ဝိနန္ဒသဘ ၊ သီလဝိသောဓနိ ၊ ရန်ကုန် ၊ သုဓမ္မဝတီ၊ ၁၉၅၈ ၊ ၈၈။)“ဟူ၍ မှတ်ချက်အရ ရိုးရိုးတောရွာသူတစ်ယောက် အဖြစ်မှ ရှင်ဘုရင်မှ မိဖုရားအရာမြှောက်စားသဖြင့် မင်းမျိုးနွယ်အဖြစ် သတ်မှတ်လိုက်ရခြင်းကို ဆိုလိုပေသည်။ အပျိုဖြန်းအရွယ် မယ်နုမြစ်ဆိပ်၌ရေချိုးစဉ် ကမ်းပေါ်တွင်ချန်ရစ်သည့် ထမီကိုငှက်ကချီယူပြီး ဘုရင့်နန်းတော်မှန်ကင်းတွင်ထားရာမှ ထင်ရှားလာပြီးနောက်တွင် ဘုရင့်မိဖုရားအဖြစ်ကောက်ယူခံခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ မိဘုရားခေါင်ကြီးကွယ်လွန်ပြီးနောက်တွင် မယ်နု၏သြဇာမှာ နန်းတွင်းတွင်ပင် ဘုရင့်ကိုကျော်လွန်ကာကြီးထွားလာပြီး မောင်တော်စပ်သူ စလင်းမြို့စား မောင်အိုအား မင်းဆွေမင်းမျိုးအဆောင်အယောင်ဖြင့် မင်းသားတစ်ပါးကဲ့သို့ ချီးမြှောက်စေသည်။ ဘကြီးတော်ဘုရား၏ ညီတော် သာယာဝတီမင်းသားမှ ပုန်ကန်ရာအောင်မြင်ခဲ့ပြီး နောင်တော်ဖြစ်သူ ဘကြီးတော်ဘုရားနှင့် နန်းမတော်မယ်နုတို့နှစ်ဦးအား အကျယ်ချုပ်ဖြင့်နေစေသော်လည်း မကြာမီ စိတ်မချသဖြင့် မယ်နုနှင့် အပေါင်းအပါများအား ကွပ်မျက်ခဲ့သည်။
သံတော်ဆင့် ငရွှေသားကို တောင်ဥယျာဉ်တော် အတွင်း ရှေ့တော်တွင် စစ်မေးကာလ နောင်တော်မင်းတရား မိဖုရားကြီးက မောင်တော်သူ “စလင်းစားဦးအိုနှင့် အကျဉ်းခံနေရသူ မှူးတော် မတ်ဟောင်းတို့ကို တိတ်တဆိတ် တိုင်ပင် စည်းကြပ်ရကြောင်း စည်းကြပ်ရာတွင် ပါဝင်သူ မှူးဟောင်း မတ်ဟောင်းတို့ကလည်း မင်းဧရာဇ် ရန်ကင်းတောင်သို့ ထွက်တော်မူသည့် အတွင်း ညဥ့်အခါ အမရပူရ ရွှေနန်းတော်သို့ ဝင်၍ တိုက်ခိုက် စီးနင်းမည့် သူပုန်တို့နှင့် စကားချိန်းချက်၍ လာစေကြောင်းများကို အစစ်ခံချက် ရသည်ဖြစ်၍ နောင်တော် မင်းတရား မိဖုရားကြီးကိုလည်း တောင် ဥယျာဉ်တော် အတွင်း သံတော်ဆင့် ငရွှေသားနှင့် တိုက်ဆိုင် စစ်မေးရာ ဖြောင့်ဆို စစ်မေးချက်ရ၍ မိဖုရားကြီးကိုလည်း ထုံးစံနှင့်အညီ ၁၂ဝ၂ ကဆုန်လဆန်း ၁၂ ရက်နေ့ (၁၂ မေ ၁၈၄ဝ) ရေတွင် ဖျောက်တော်မူ၏။ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၅၉၈။)
ရေတွင်ဖျောက်ဖျက်သည်ဟုဆိုသည်ကို ကြည့်ခြင်းအားဖြင့် မင်းမျိုးနွယ်အဖြစ် လက်ခံကြောင်းထင်ရှားပါသည်။ နန်းတက်ဘွဲ့အမည်အားဖြင့် သီရိပဝရ မဟာရာဇိန္ဒာ ရတနာဒေဝီ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၂၃ဝ) ဖြစ်ကာ မိဖုရားကြီးရဲ့သမီးတော်မှာ နောင်မင်းတုန်းမင်းလက်ထက်တွင် ဆင်ဖြူမရှင်မိဖုရားဟု ထင်ရှားလာမည့် သီရိပဝရတိလာက မဟာရတနာဒေဝီ (ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၄၈၄) ဖြစ်ပါတယ်။ မင်းတုန်းမင်းက ၂၆ မတ် ၁၈၅၃မှာ အလယ်နန်းတော်မိဖုရား အဖြစ် ဆင်ဖြူမရှင်အား တင်မြှောက်ခဲ့ရာမှ ကုန်းဘောင်ခေတ်ဇာတ်သိမ်းကို ဖော်ဆောင်သူများအနက် တစ်ဦးဖြစ်သည့် ဆင်ဖြူမရှင်သည် မိဖုရားအရာသို့ရောက်ခဲ့သည်။ (ကုန်းဘောင်ဆက်၊ တတိယတွဲ၊ ၁၉၆၈၊ ၁၅ဝ)

ကျမ်းကိုး
1.↑ 'သန်းထွန်း M.A., B.L., Ph.D., D,Lit., (London)' ရဲ့ 'မြန်မာ ထွေထွေရာရာ သမိုင်း စာအုပ်' မှ

.