![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_spn_zB2QVfyDoF9h5AgseYFYYbKqY_h-66ABC7Mn5GMiZXccuAZHgnn5M2fk6jZHpgbCOMcDM3mSuUX8kdelVWnONFJyS87d-ScWbh4TLR4oeJApY_ZE8gDU0zkoEOHidPBBqi5gwy-9yyJFcQs0x3NYQpOxPQjFlHviS3iG2LvAjKlBjcu4BJyw=s0-d)
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ရဲ့ အဆင့် (၃) ကို ရောက်လာပြီ။ ဒီအဆင့်ဟာ ကြိုတင်ပြောထားသလိုပဲ၊ မုန်တိုင်းပိုထန်လာမယ်။ မျက်နှာဖုံးတွေ ပိုကွာကျလာမယ်။ စည်းဝိုင်းအတွင်းမှာ တရားဝင် ရင်ဆိုင်ဖို့ ကမ်းလှမ်းကြတော့မယ်။ နန်းအောင်ထွေးကြည်ကတော့
7days news
အေးမြတ်သူ
ရန်ကုန်၊ ဖေဖော်ဝါရီ- ၅
အတွဲ (၁၀)၊ အမှတ်(၄၇)
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ထက် ၂၀၁၂ ခုနှစ်ဆန်းပိုင်းတွင် ကုမ္ပဏီများအလုပ်ခေါ်ယူမှုနှုန်းမြင့်တက်လာကြောင်း ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများမှ သတင်းရရှိသည်။
ကုမ္ပဏီ၊ စက်ရုံအသစ်များ က ၀န်ထမ်းသစ်များခေါ်ယူခြင်း ကြောင့်အလုပ်ခေါ်နှုန်းတက်လာခြင်းဖြစ်သည်။ သို့သော် ကျွမ်းကျင်ဝန်ထမ်းများရရှိရန်ခက်ခဲလျက်ရှိ
ကြောင်းလည်းသတင်းရရှိသည်။ အလုပ်လာလျှောက်သူအများစုသည် လုပ်ငန်းအတွေ့အကြုံ ၃၊ ၄ နှစ်ရှိထားသူနှင့် တက္ကသိုလ်ကျောင်းဆင်းများဖြစ်ကြောင်း ပြည်တွင်း
အလုပ်အကိုင်အေဂျင်စီများမှ တာဝန်ရှိသူများကပြောသည်။
မျိုးသန့် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်သူ လယ်သမားများ အတွက် လယ်ယာထွက်ကုန်များကို လွတ်လပ်စွာ စိုက်ပျိုး ရောင်းချခွင့်ရရှိရန် ကြိုးပမ်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်းရုံးရေးခရီးစဉ်အတွင်း ဖျာပုံလူထုသို့ ပြောဆိုသွားသည်။
ဧရာဝတီတိုင်းသို့ ဒုတိယအကြိမ် ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်ဖြစ်သည့် သောကြာနေ့ ဖျာပုံခရီးစဉ် အတွင်း လူထုပရိသတ် လေးသောင်းခန့်ကို မိန့်ခွန်း ပြောကြားရာတွင် စိုက်ပျိုးရေးအတွက် အထောက်အကူ
ဖြစ်စေမည့် နည်းလမ်းများကို အကောင်အထည် ဖေါ်ပေးမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားသွားသည်။
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေ ပြန်ပြီး လုပ်ဆောင်သွားမယ် ဆိုတဲ့ အီရန်ရဲ့ ကမ်းလှမ်းချက်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က သတိကြီးကြီးနဲ့ အကောင်းမြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) နဲ့ ၀ါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် (Catherine Ashton) တို့က ပြောပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
ဝါရှင်တန်ဒီစီ မြို့တော် အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အနားမှာ အကြမ်းဖက် တိုက်ခိုက်မှုကို စီစဉ်နေတယ်လို့ မသင်္ကာရသူ အသက် (၂၉) နှစ်အရွယ် မော်ရိုကို နိုင်ငံသား Amine El Khalifi ကို လက်ရ ဖမ်းဆီး မိလိုက်ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမေရိကန် လုံခြုံရေး အရာရှိတွေက ပြောကြပါတယ်။ ကွန်ဂရက် လွှတ်တော် အဆောက်အဦးကို ဖောက်ခွဲရေး ပစ္စည်းတွေလို့ သူ ယူဆနေတဲ့ အရာတွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ ကြိုးပမ်းနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီးတော့ တကယ်တမ်းမှာ သူ အသုံးပြုတဲ့ ပစ္စည်းတွေဟာ လူတွေကို အန္တရာယ် မပေးနိုင်တဲ့ နှစ်ချို့ပစ္စည်းတွေသာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။
Wednesday, 15 February 2012 05:34 |
မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းပိုင်း တစ်နေရာကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ် မြန်မာနိုင်ငံတွင် မိခင်ဘာသာ စကားဖြစ်သော မြန်မာစာပြီးပါက အင်္ဂလိပ်စာသည် အဓိကသုံးစွဲသော နိုင်ငံခြား ဘာသာစကားဖြစ်ပြီး ယခုနှစ်များအတွင်းတွင်မူ တရုတ်ဘာ သာစကားမှာ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် ဖြစ်လာကြောင်း သတင်းရရှိပါသည်။
ယခင်က နယ်စပ်ဒေသများရှိ စီးပွားရေးလုပ်ငန်းများ၊ ဆိုင်များ၌ တရုတ်ဘာသာစကားကို မြန်မာစာနှင့် တွဲဖက်သုံးစွဲမှုရှိပြီး ယခုအခါတွင် မန္တလေးမြို့၊ ရန်ကုန်မြို့များတွင်ပါ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် အသုံးပြုလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြေညာထားသော အသိပေးစာတစ်ခု |
ဂျူးလိယက်နှင့် အေးသီတာကျော်
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
စင်ကာပူနိုင်ငံမှ ကုမ္ပဏီပေါင်း ၇၁ ခုခန့် ကို ကိုယ်စားပြုသည့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်အခြေအနေနှင့် အကျိုး တူပူးပေါင်းနိုင်မည့် အနေ အထားများ အား ရက်နေ့မှ ၁၈ ရက်နေ့အထိ လေ့လာကြမည်ဖြစ်သည်။
ယင်းအဖွဲ့ကို မြန်မာနိုင်ငံကုန်သည် / စက်မှုအသင်းချုပ်၊ စင်ကာပူစီးပွားရေး အဖွဲ့ချုပ် (SBF) နှင့်
International Enterprise Singapore တို့က ပူးပေါင်း စီစဉ်ခြင်း ဖြစ်သည်။
Email Spam နဲ့ Scam တွေကို ဘယ်လိုကာကွယ်မလဲ
Friday, 17 February 2012 16:19 |
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tuYRUe7vNqhgIIKAVCjKoEjuWgQsWM8K_LK3ZgMRkv9_pFrk9hQIoPBIUQSyH9K21OyHoDdb3eqC_Dh5dhGxGds0RUvI4SpI5x4MVL7knBSYpORYkCDvYrKqRj6lBKQ3XpkyX4AgDJEwQ3=s0-d)
အီလက်ထရွန်နစ်စာပို့စနစ် (Email) ဟာ ဆက်သွယ်မှုများအတွက် အဓိကလိုအပ်တဲ့ အရာတစ်ခုဖြစ်လာသလို လိမ်လည်သူများ (scammers), ဆိုက်ဘာဒုစရိုက်သမားများ (cybercriminals) နဲ့ ကြော်ငြာကုမ္ပဏီများ (advertising companies) အတွက် အဓိကပစ်မှတ်ထားတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။
Email အသုံးပြုသူများအနေနဲ့ phishing scam များနဲ့ malware များအန္တရာယ်မှ ကာကွယ်နိုင်ဖို့အတွက် အသုံးပြုသူများရဲ့ mail တွေကို လုံခြုံစွာထိန်းချုပ်စီမံဖို့လိုပါတယ်။
|
By featured, ဧရာဝတီ on February 18, 2012 11:31
မြန်မာအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးပြီး မီဒီယာ ဥပဒေ တရပ် ပေါ်ထွက်ရေးကို ကြိုးစားလျှက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ယခင် နအဖ အစိုးရ လက်ထက်
မီဒီယာ တင်းကျပ်မှုများကို ဖြေလျှော့ ပေးနေသည်၊ စိစစ်တင်းကျပ်မှုများ နည်းပါးသွားသည်ဟု ဆိုရမည်။ ထို့ကြောင့် လာမည့် အနာဂတ် မြန်မာ မီဒီယာလောက ဖြစ်နိုင်ခြေ၊ ပြည်ပ အခြေစိုက် မီဒီယာ များအပေါ် လက်ရှိ ပြန်ကြားရေး ဝန်ကြီး ဌာန၏ သဘောထား စသည်တို့နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အား ဧရာဝတီမဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းထားပါသည်။
![U-Ye-Htut](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_u1yZb3PknZ7vIWRs3cKkFvroPWEMLMPsiT9fUbFRR0srDVLokKCwarlkoC7XNpQHxeaxGXzLjJ9QnEPJewEBtGvzS8DpJ3nxv_FkHiWIsUxY6a7au_kFr-h1As_1sJqcdM9MSZp7M=s0-d)
ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် (ဓာတ်ပုံ - ဧရာဝတီ)
2012-02-17
ဥရောပသမဂ္ဂ အီးယူက မြန်မာအစိုးရ ခေါင်းဆောင်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲက ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ဒီကနေ့ တရားဝင် ရုပ်သိမ်းလိုက်ပါတယ်။
European Commission web site