By မစုမြတ်မွန်
မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးပြဿနာတွေ၊ လူကုန်ကူးမှု ပြဿနာတွေ ရှိနေဆဲပဲလို့ မြန်မာနိုင်ငံ အခြေအနေကိုလာကြည့်တဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca က ပြောလိုက်ပါတယ်။ အစိုးရအနေနဲ့ ဒီပြဿနာတွေ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုပြီး ကိုင်တွယ် ဖြေရှင်းဖို့အတွက်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ Mr. Cde Baca က ရန်ကုန်မှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
Republican သမ္မတကိုယ်စား လှယ်လောင်း Mitt Romney အနိုင်ရ
အမေရိကန်ပြန်ထောင်စုအရှေ့မြောက်ပိုင်း နယူးဟမ့်ရှိုင်းယားပြည်နယ်မှာကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းပဏာမရွေးချယ်ပွဲမှာ မက်ဆာချူးဆက်စ်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney က အနိုင်ရသွား ပါ တယ်။
အခုလိုအနိုင်ရလိုက်တာဟာ ဒီနှစ် နိုဝင်ဘာလကျရင် ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဘားရက် အိုဘားမားနဲ့ယှဉ်ပြိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းတခု ရှေ့ကိုတက်လာတာပါပဲ။ မဲတွေအားလုံးနီးပါး ရေတွက်လိုက်တဲ့အခါမှာ Mitt Romney က တက္ကဆက်ပြည်နယ်ရဲ့ လွှတ်တော် အမတ်လည်းဖြစ်ပြီး စစ်ဆန့်ကျင်ရေးသမားလည်း ဖြစ်တဲ့ ရွမ်ပေါလ် (Ron Paul) ထက် ဆယ်ဂဏန်း အသာရထားပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရန်သိပ္ပံပညာရှင်သေဆုံး
အီရန်နိုင်ငံ၊ တဟီရန်မြို့မှာ ဒီနေ့ ဗုံးပေါက်ကွဲမှုကြောင့် နျူကလီယားအစီအစဉ်မှာ သိပ္ပံပညာရှင်အဖြစ် လုပ်ကိုင်နေသူ တက္ကသိုလ်ပါမောက္ခတဦး သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းတွေက ဖော်ပြလိုက်ပါတယ်။
မော်တော်ဆိုင်ကယ်စီးလာသူတယောက်က သိပ္ပံပညာရှင် Mostafa Ahmadi Roshan ရဲ့ကားအောက်မှာ ဗုံးထောင်ခဲ့တာလို့ Fars သတင်း အေဂျင်စီကဖေါ်ပြလိုက်တာပါ။
ဆီးရီးယား ဆူပူမှု ပြည်ပသတင်းသမားတွေ သေဆုံး ထိခိုက်
ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆဒ် (Bashar al-Assad) ကို ဗုဒ္ဓဟူးနေ့က ရှားရှားပါးပါး လူထုရှေ့မှာ တွေ့လိုက်ရပါတယ်။ ၁၀ လကြာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်က လျှို့ဝှက် ပူးပေါင်းကြံစည်မှုတွေကို ဆီးရီးယား အစိုးရအနေနဲ့ အနိုင်ယူသွားမယ်လို့ သမ္မတ ဘာရှား အယ်လ် အာဆဒ် က ဒမတ်စကဒ်မြို့မှာ သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာရှေ့မှာ ပြောဆို သွားခဲ့တာပါ။
တိဘက်အရေး အမရိကန် ၀င်မစွက်ဖို့ တရုတ်သတိပေး
တရုတ်နိုင်ငံမှာ တိဘက်ဘုန်းတော်ကြီးတွေ ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင်တဲ့ဖြစ်ရပ်တွေ ပိုပြီးဖြစ်လာတဲ့အပေါ် အထူး စိုးရိမ်တယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုခဲ့ပြီးတဲ့နောက် အမေရိကန်အနေနဲ့ ဘာသာရေး ဖြစ်ရပ်တွေကို ခုတုံးလုပ်ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက် စွက်ဖက်မှုတွေ မလုပ်ဖို့ တရုတ်က သတိပေး ပြောဆိုလိုက်ပါတယ်။
အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်သွားမည်
အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်က ဆက်ဆံရေးတွေ တိုးမြှင့်လာနေချိန်မှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ ရှေ့လထဲလောက် သွားဖို့ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာစ် သတင်းက ဖော်ပြလိုက်တာပါ။
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၇ မိနစ်
ချင်းမိုင်(မဇ္ဈိမ) ။ ။ ဗမာလူမျိုးများက ကချင်လူမျိုးများအပေါ် ဂရုစိုက်နေကြောင်းကို ပြသလိုသောအားဖြင့် စစ်ပွဲကြောင့် တိမ်းရှောင်နေထိုင်နေရသော ကချင်ဒုက္ခသည်များသို့ ကျပ်ငွေ သိန်း ၃၀၀ ကို ထပ်မံ လှူဒါန်းရခြင်း
ဖြစ်ကြောင်း ရန်ကုန်မြို့ နာရေးကူညီမှုအသင်းက ပြောသည်။
By featured, လင်းသန့် on January 12, 2012 9:00 am
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကို
ရွေးချယ်ထားသဖြင့် ထိုဒေသရှိ ပြည်သူများ၊ နိုင်ငံရေးသမားများက ဂုဏ်ယူ ၀မ်းသာနေကြသည်။
ဒီဇင်ဘာ ၃၀ ရက်နေ့က တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)
“ကျနော်ကတော့ ပျော်ရွှင်ပြီးတော့ ကောင်းကင်မှာ လွင့်နေသလိုတောင် အောင့်မေ့တယ်ဗျ၊ လူတွေကလည်း တခဲနက် ထောက်ခံနေကြတယ်” ဟု NLD ၏ ကော့မှူးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ တာဝန်ခံ ဦးအေးသိန်းက ပြောသည်။
By featured, ဧရာဝတီ
မိမိတို့၏ ဆန္ဒမဲဖြင့် ကိုယ်လိုချင်သော အစိုးရဖြစ်အောင် ဖန်တီးကြရန်နှင့် နိုင်ငံရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း
လိုက်သည်။
ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖွင့်ပွဲ အခမ်းအနား (ဓာတ်ပုံ - ဧရာဝတီ)
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းထဲမှာ လူငယ် သုံးပုံတစ်ပုံ ပါဝင်
2012-01-10
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ် အရေအတွက် သုံးပုံတစ်ပုံ ပါဝင်မယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ တစ်နေရာက ပါဝင် ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ သြစတြေးလျ လျှော့ချ
2012-01-09
လက်ရှိ ပြောင်းလဲ တိုးတက်လာတဲ့ အခြေအနေတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာ အပေါ် ပိတ်ဆို့ အရေးယူထားတဲ့ အချက်တချို့ကို ပြန်စဉ်းစားမယ်လို့ သြစတြေးလျ အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
AFP PHOTO/POOL/Soe Than WIN
ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့တွင်း ပါဝင်နိုင်ကြောင်း သမ္မတ အကြံပေး ပုဂ္ဂိုလ် ပြောဆို
2012-01-09
ဒေါ်အောင်ဆန်းစုကြည်သာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ်ဆိုရင် သူ့ကို အစိုးရ အဖွဲ့ထဲမှာ သင့်တော်တဲ့ တာဝန် တစ်ခုခု ပေးနိုင်ဖွယ်ရာ ရှိတယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ် က မနေ့က ပြောဆိုလိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ရေးသား ဖေါ်ပြကြပါတယ်။
အီရန်မှာ သေဒဏ်ပေးခံရသူ လွှတ်ပေးဖို့ အမေရိကန်တောင်းဆို
အမေရိကန် CIA ရဲ့ သူလျှိုလုပ်မှုနဲ့ အီရန်တရားရုံးကနေ သေဒဏ်ချမှတ်ခြင်းခံထားရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်တဲ့ အမီရာမာဇီ ဟက်ခ်မာတီ (Amir Mirzaei Hekmati) ဟာ CIA က တာဝန်ပေးပြီး စေလွှတ်ထားသူ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှားယွင်းတယ်လို့ အမေရိကန် သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ပြောလိုက်ပါတယ်။
ပီကာဆို ပန်းချီကား အခိုးခံရ
၂၀ ရာစုကိုလွှမ်းမိုးနိုင်ခဲ့တဲ့ ပန်းချီအနုပညာရှင်ကြီး ပက်ဘလိုပီကာဆို (Pablo Picasso) က ဂရိနိုင်ငံကို ပေးထားတဲ့ ပန်းချီကားတစ်ကား အပါအ၀င် ဂန္တ၀င် ဆီဆေးပန်းချီကား ၂ ကား ဂရိနိုင်ငံ Athens’ National Gallery ကနေ ခိုးသွားတာ ခံလိုက်ရတယ်လို့ သိရပါတယ်။
၂၀၁၁ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများ
ဖီဖာ (FIFA) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၁၁ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာအသင်းက လီယိုနယ်လ်မက်ဆီ (Lionel Messi) က ရသွားပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ရှိတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့အခမ်းအနားမှာ အမျိုးသား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အပါအ၀င် အမျိုးသမီး အကောင်းဆုံး ဘောလုံးသမားဆု၊ အကောင်းဆုံး နည်းပြဆုတွေနဲ့ တစ်နှစ်တာအတွက် အကောင်းဆုံးဂိုးဆု စတာတွေကိုလည်း ချီးမြှင့်ခဲ့ကြပါတယ်။ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုချီးမြှင့်ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က အစီရင်ခံထားပါတယ်။
မိုင်းရှူးကျောက်တွင်း ကလေးလုပ်အား စုဆောင်း
အမေရိကန် နိုင်ငံခြားရေးဌာနက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး Luis CdeBaca ဟာ မြန်မာအစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေကို အကူအညီ ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။ အခုလို မစ္စတာ CdeBaca မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ မိုင်းရှူးကျောက်တွင်းမှာ အလုပ်လုပ်ဖို့အတွက် စုဆောင်းလာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအ၀င် လူဦးရေ ၇၂ ယောက်ပါတဲ့ကားကို ပဲခူးတိုင်း၊ ပြည်မြို့မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက လူကုန်ကူးမှု လုပ်တယ်ဆိုပြီး ဒေသခံ အာဏာပိုင်တွေကို အမှုဖွင့်တိုင်ကြားပြီး တားဆီးခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။
မြန်မာနိုင်ငံ စီးပွားလွတ်လပ်မှု မရှိသေး
နိုင်ငံတကာရဲ့ စီးပွားရေးလွတ်လပ်မှုကို စောင့်ကြည့်အကဲဖြတ်နေပြီး နှစ်စဉ်တွေ့ရှိတဲ့ စစ်တမ်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ Heritage Foundation အဖွဲ့အစည်းက ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အညွှန်းကိန်းဂဏန်းအရ မြန်မာနိုင်ငံရဲ့ စီးပွားရေး လွတ်လပ်မှုဟာ အရင်နှစ်ကထက် ၁ ဒဿမ ၁ မှတ် တိုးလာပြီး ၃၇.၈ မှတ်ရရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် သဘောထား အမေရိကန်နဲ့ဂျပန် တူညီ
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားဟာ ဂျပန်နိုင်ငံနဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်လို့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် အာရှဒေသ မိတ်ဆွေ သုံးနိုင်ငံခရီး သွားရောက်ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က သူ့ရဲ့ခရီးစဉ်အပြီးမှာ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
“ခါလီကရိုး” ကို အကြောက်ဆုံး
By featured, ဆလိုင်း ဟံသာစန်း on January 10, 2012 2:01 pm in ဆောင်းပါး /
“ကျမမှာ တီဘီရောဂါရှိမှန်း သိတဲ့အချိန်မှာ အိမ်ရှင်က နင်အိမ်အသစ်ရှာတော့ ဆိုပြီး အိမ်ပေါ်က နှင်ချလိုက်တယ်” လို့ ပြောလာသူက အိန္ဒိယနိုင်ငံ
နယူးဒေလီမြို့မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ ချင်းတိုင်းရင်းသူ မမောမောကြီး ဖြစ်ပါတယ်။
သူမဟာ နယူးဒေလီမြို့ ဗီကပ်စ်ပူရီ (Vikas Puri) နယ်မြေ ဘိုဒဲလား (Budella) ရပ်ကွက်ထဲက နေအိမ်တခုရဲ့ ဆယ်ပေပတ်လည် မွဲခြောက်ခြောက် အခန်းကျဉ်းလေးမှာ ငှားနေစဉ်မှာပဲ တီဘီရောဂါ ခံစားရလို့ ဆေးကုသနေချိန် ဒေသခံ အိန္ဒိယနိုင်ငံသား အိမ်ရှင်က အခုလို နှင်ချခံခဲ့တာပါ။