ဇော်ဝင်းသန်း (MYANMAR TIME)
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
ပြည်သူလူထုအကြား နိုင်ငံရေးအသိအမြင်၊ ဗဟုသုတ ကြွယ်ဝလာစေရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ပြီး
www.myanmar affairs.com ၀က်ဘ်ဆိုက်အား
EcoDev ခေါ် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကိုယ်စားပြုအဖွဲ့မှ လွှင့်တင်လိုက်ပြီ ဖြစ်သည်။
By ဗွီအိုအေ(မြန်မာဌာန)
ဗြိတိန်နိုင်ငံ မင်းသား ချားစ်က အင်္ဂလိပ်စာပေမှာ နာမည်ကျော်ကြား လူသိများတဲ့ ဝတ္ထုရေးဆရာ ချားစ်ဒစ်ကင်းရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ကို ဦးဆောင်ပြီးကျင်းပဖို့ စီစဉ်ထားပါတယ်။
မင်းသားဟာ ဝက်စ်မင်းစတာ ဘုရားကျောင်းက စာပေပညာရှင်တွေအတွက် သတ်မှတ်ထားတဲ့ Poet Coner လို့ နံမယ် ပေးထားတဲ့နေရာမှာ ၁၈၇၀ ခုနှစ်က မြှုပ်နှံထားတဲ့ ဒစ်ကင်းအုတ်ဂူမှာ အင်္ဂါနေ့မှာ လွမ်းသူ့ပန်းခွေချမှာပါ။ အဲဒီနေရာမှာ သူ့ကို အခြား စာပေလောက က ထင်ရှားတဲ့ ဂျက်ဖရီ ချောဆာ (Geoffrey Chaucer)၊ တန်နီဆန် (Tennyson) ၊ နဲ့ ဆန်မြူရယ် ဂျွန်ဆင် (Samuel Johnson) တို့နဲ့ အတူမြုပ်နှံထားပါတယ်။
By မစုမြတ်မွန်
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကိုလုပ်နိုင်မဲ့ အခြေအနေတွေကို လေ့လာဖို့ အာဆီယံ စီးပွားရေးဆိုင်ရာအသင်း အကြံပေးပုဂ္ဂိလ်တချို့ မြန်မာနိုင်ငံကို လာပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖွဲစည်းထားတဲ့ အာဆီယံ စီးပွားရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သိချင်တာတွေကို မေးသွားခဲ့ကြပါတယ်။ အာဆီယံနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေကို လုပ်ဖို့ စိတ်ဝင်စားသလဲ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ သူတို့ရဲ့ စိုးရိမ်မှုတွေက ဘာတွေလဲဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါလိမ့်မယ်၊
2012-02-07
အမေရိကန် ဗဟို စုံစမ်း ထောက်လှမ်းရေးအဖွဲ့ CIA ညွှန်ကြားရေးမှူး မစ္စတာ David Petraeus ဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ စီအိုင်အေ အရာရှိပိုင်းက ပြောဆိုကြောင်း နယူးယောက် တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၈ မိနစ်
မဇ္ဈိမသတင်းဌာန ။ ။ နိုင်ငံစုံပါဝင်ပြီး အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အား မြန်မာက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဂျပန် ကျိုဒိုသတင်းဌာနကို အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။
By featured, လင်းသန့် on February 7, 2012 4:00 pm
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများအနက် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ
ကန့်သတ်ချက်တချို့ကို ရုပ်သိမ်းပေးလိုက်ကြောင်း သတင်းရရှိသည်။
အမေရိကန်အစိုးရ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေအရ အမေရိကန်က ရန်ပုံငွေထည့်ဝင်ထားသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစရှိသည့် ဘဏ္ဍာငွေကြေး အဖွဲ့အစည်းများမှ မြန်မာ နိုင်ငံကို ငွေကြေးဆိုင်ရာ အကဲဖြတ်မှု၊ နည်းပညာ ထောက်ပံ့မှုများ ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းလိုက်သည်။
By featured, ရန်ပိုင် on February 7, 2012 4:12 pm
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့သူမြို့သားများအနေဖြင့် NLDပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကို
မဲပေးရန် ပုသိမ်မြို့ကိုးသိန်း အားကစားကွင်းတွင် ကျင်းပသော မဲဆွယ် ဟောပြောသည့် အခမ်း အနား၌ ပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း ပုသိမ်မြို့သို့ နံနက် ၁၁ နာရီ ခန့်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး စောင့်ဆိုင်းနေသည့် ဒေ သခံ ပြည်သူ ၅ သောင်း ခန့်အား မိနစ် ၃၀ ခန့်ဟောပြောရာတွင် NLD ပါတီအနေဖြင့် ပြည်သူများအား ကျေးဇူးဆပ်ရန်အတွက် အနှစ်၂၀ ခန့် စောင့်ဆိုင်းခဲ့ရကြောင်း၊ ပြည်သူ့အတွက် တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ပုသိမ်မြို့ နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသောင်းမြင့်က ပြောပြသည်။

ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းတွင် လူထုကို ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - AP)
By ဗွီအိုအေ (မြန်မာဌာန)
ပါလက်စတိုင်း သမ္မတ မာမွတ်အာဘက်စ် (Mahmoud Abbas) ဦးဆောင်တဲ့ ညီညွတ်တဲ့ ကြားဖြတ် အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့ ပါလက်စတိုင်း ပြိုင်ဘက်အဖွဲ့နှစ်ခု ဖြစ်တဲ့ ဖာတာ နဲ့ ဟားမက်စ်အဖွဲ့တွေက ခေါင်းဆောင်တွေက ကြေညာလိုက်ပါတယ်။ လက်ရှိ သမ္မတ မစ္စတာ အာဘက်စ် နဲ့ ဟားမက်စ် အစ္စလာမ် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ခါလက်မီရှာလ် (Khaled Meshaal) တို့က သီးခြား လွတ်လပ်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ တနင်္လာနေ့က ကြေညာပါတယ်။ အချိန်ဇယား အသေအချာ မဆွဲရသေးပေမဲ့ ဒါဟာ ဒီနှစ်နှောင်းပိုင်း သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် လမ်းကြောင်း ဖော်ဆောင်တာလို့ ပြောပါတယ်။
By မအေးအေးမာ
ရန်ကုန် လှိုင်သာယာ စက်မူဇုန် (၃) တိုင်ယီ ဖိနပ်စက်ရုံက မြန်မာ အလုပ်သမား ၂,၀၀၀ ကျော်ဟာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမားတွေ အနေနဲ့ အခြေခံလုပ်အားခ နည်းပါးတာကြောင့်ရော၊ ပြီးခဲ့တဲ့လက လစာ ဖြတ်တောက် ခံရတာတွေအတွက် မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ဆန္ဒပြပွဲ ပြီးဆုံးသွားပြီလား၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဘယ်လို ညှိယူခဲ့ကြသလဲ ဆိုတာကို စုံစမ်းထားတဲ့ မအေးအေးမာက တင်ပြထားပါတယ်
By ဗွီအိုအေ (မြန်မာဌာန)
၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အဲဒီ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ သင့်မသင့် အစိုးရနဲ့ ဥပဒေပြုလွှတ်တော် အကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
By featured, ခင်ဦးသာ on February 6, 2012 7:28 pm
ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာစောင့် ကြည့်ရေး အဖွဲ့များကို လာရောက်လေ့လာခွင့်ပြုမည် ဆိုပါက လွတ်လပ်ပြီး
တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေရှိကြောင်း နိုင်ငံရေးပါတီများ က ပြောသည်။
“လေ့လာစောင့်ကြည့် သူတွေကို ခွင့်ပြုပေးမယ်၊ အစိုးရက ပြောသလိုလုပ်ပြမယ်ဆိုရင် ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတခုဖြစ် လာမှာပါ”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီကို ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် စည်းရုံး ဟောပြောနေသော ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ(ဓာတ်ပုံ - AP)
2012-02-06
ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဒီကနေ့ မေးခွန်းတွေ ဖြေကြားပြီးတဲ့နောက် ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့်အတွက် ကော်မရှင်က လူတွေ့ စစ်ဆေး တယ်လို့ သိရပါတယ်။
မျိုးသန့် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း
ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် တနင်္လာနေ့က ဖိတ်ခေါ်လိုက်သည်။
ထိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်ဟု FDB ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။
"အပြင်မှာ ရောက်နေတဲ့လူတွေ တိုင်းပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းလည်း ရောက်နေပြီ၊ နိုင်ငံရေး ပွင့်လင်းမှုလည်း ရှိနေပြီ အဲဒီတော့ ပြည်တွင်းထဲမှာ ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ သမ္မတကြီးလည်း ဖိတ်ခေါ်ထားတယ်ပေါ့။
ပြန်ပြီးလုပ်ကြဖို့ ပြောတယ်" ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် ဖိတ်ခေါ် (ဓါတ်ပုံ မဇ္ဈိမ)
အိုးဝေသံကျူး၊ ခွပ်ဒေါင်းမြူးစေ လူထုစိန်ဝင်း
၂၅.၁.၂၀၁၂ နေ့ခင်းက မင်းကိုနိုင်ရောက်လာပြီး နှုတ်ဆက်ပါတယ်။ သူနဲ့အတူ သူ့ရဲဘော်နှစ်ယောက် ပါလာတယ်။ ဂျာနယ်တွေ မပြတ်ဖတ်နေရလို့ ပြင်ပအခြေအနေတွေ သိသင့်တာ မှန်သမျှသိထားတာ တွေ့ရလို့ ၀မ်းသာရတယ်။ အထူးသဖြင့် ကျန်းကျန်းမာမာနဲ့ လူလုံးမပျက် ပြန်ရောက်လာတာ တွေ့ရလို့ ပိုပြီးဝမ်းသာရတယ်။
၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆၀) တင်းတင်းပြည့် ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂၀၁၁ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃၂၈) ဆု ချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင် အနုပညာရှင်များအား တစ်လေးတစ်စား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။
မူကြိုမှသည် ဘွဲ့ရတဲ့အထိ ပညာလမ်းကြောင်းကို ပြန်လေ့လာကြည့်ရင် အလွန်ခက်ခဲ ပင်ပန်းတယ်လို့ ထင်ရတယ်။ ဒီနေ့ ခေတ်ပညာရေးက မိဘရော၊ ကျောင်းသားပါ အေးအေးသက်သာနေရတဲ့ခေတ်မဟုတ် ပါဘူး။ ပညာဆိုတာကို မရ ရအောင်ယူနေကြရတာကလည်း ပညာဗဟုသုတ အသိဥာဏ်ပြည့်ဝပြီး ဘ၀မှာရပ်တည်နိုင်အောင် ဆိုတာထက်၊ အလုပ်အကိုင်ရအောင်ဆိုတဲ့ ဦးတည်ချက်ကများနေတာကလည်း ဘ၀င်မကျစရာပါ။ အစဉ်အလာပညာရေးရဲ့ လမ်းကြောင်းအဆုံးဟာ အလုပ်ဖြစ်နေပြီး၊ အလုပ်အကိုင်နဲ့ ဘ၀ရပ်တည်လို့ရသွားရင် ပညာဆိုတာ လမ်းဆုံးသွားတတ်ပါတယ်။ အလုပ်ရပြီးချိန်မှာမှ ပညာ လမ်းကြောင်း ကို ပြန်သွားမယ်၊ ပညာပြန်သင်မယ်ဆိုတဲ့ စိတ်ကူးမျိုးတွေလည်း နည်းကြပါတယ်။ ပညာအခွင့်အလမ်းဆိုတာ ယူချင်ရင်ရနိုင်တဲ့၊ ယူချင်သူကို ပေးနိုင်တဲ့အနေအထားမျိုးကို ဖြစ်နေရလိမ့်မယ်။ ပညာရေးဆိုတာ အချိန် မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ရှာမှီးနိုင်အောင် စီစဉ်ထားရမယ်။
Why EQ Success
by ထက် လင်း on Friday, February 3, 2012 at 12:47pm
အောင်မြင်ရခြင်း၏ အဓိကလျှို့ဝှက်ချက်မှာ Intelligence Quotient (IQ)
ညဏ်ရည်ဟု လွန်ခဲ့သောနှစ်ပေါင်းစွာကပင် ထင်မြင်ယူဆခဲ့ကြပြီး
ရာပေါင်းများစွာသော သုတေသနများကလည်း သက်သေထူပေးခဲ့သည့်အတွက် အများသဘောတူ
အယူအဆ(Conventional Wisdom) အဖြစ် အခိုင်အမာရပ်တည်နေခဲ့ရာမှ
မကြာသေးမီနှစ်များအတွင်းတွင် ခံစားမှုဆိုင်ရာညဏ်ရည်ခေါ် Emotional
Intelligence EQ က ပိုမိုအရေးကြီးကြောင်း သိရှိရသည် ။
By ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်ပြည်ထောင်စု နီဗားဒါး (Nevada) ပြည်နယ်မှာ စနေနေ့က ကျင်းပတဲ့ ရီပက်ပလီကန် သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာ မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွန်မ်နီ (Mitt Romney) က အနိုင်ရရှိသွားပါတယ်။ သူဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိ ဒီမိုကရက်သမ္မတ ဘရက်အိုဘားမား (Barack Obama) နဲ့ ယှဉ်ပြိုင် အရွေးခံရမယ့် ရီပက်ပလီကန်ဘက်က ကိုယ်စားလှယ်နေရာကို တော်တော်ကို ခိုင်ခိုင်မာမာ ဆုတ်ကိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
ဆီးရီးယား နိုင်ငံသားတွေအပေါ်မှာ တစ်နှစ်နီးပါးလောက် အကြမ်းဖက် နှိပ်ကွပ်နေတဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို ပြစ်တင် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က စနေ့နေ့က ဗီတိုအာဏာသုံး ပယ်ချလိုက်ပြီး သူ ရာထူးကဆင်းပေးဖို့ တောင်းဆိုသွားတာကြောင့် နိုင်ငံတကာက ဒေါသထွက်နေကြပါတယ်။