သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, December 11, 2012

တို.ဗမာ သာကီမျိုးဟာမို.(ဖြိုးဖြိုးသာ)


""တကောင်းအဘိရာဇာတို.ဗမာသာကီမျိုးဟာမို.မညှိုးဂုဏ်တေဇာ""
ဒါလေးကိုကျွန်တော်တို.ကြားဖူးနေကြတာကြာပါပြီ၊ဒါပေမယ်.ပါးစပ်၇ာဇဝင်လောက်
နဲ.တင် သီချင်းလောက်နဲ.တင်ပဲ သိနေကြတာများပါတယ်၊အဲဒါနဲ.ပတ်သက်လို.မြန်မာ

တွေဟာသကျ သာကီမျိုးတွေလို.လဲ တင်စားခေါ်ဝေါ်လေ.ရှိကြပါတယ်၊ဘုရားမျိုးနွယ်
တော်ပေါ.ဗျာ၊(တနည်းဆိုရရင်)

ဒါပေမယ်.ရာဇဝင်လာတွေကိုသိကြသလားဆိုတော.အင်း အဲ လောက် နဲ.သာပြိးသွားကြ
တာများတယ်၊ရှေ့းလူကြီးတွေဆီကလဲ အတိအကျမသိခဲ.တော.နောက်လူတွေလဲ ဒီလို
ပဲရောလိုက်သွားကြတာများပါတယ်

တကောင်းတည်ထောင်ပုံကိုပြောရရင် ဂေါတမမပွင်.ခင်နှစ်ပေါင်း၃၀၀လောက်ကအချိန်မှာ
ကပ္ပိလဝတ်၊ဒေဝဒဟ၊ကောလိယဆိုတဲ.သာကီဝင်၃ပြည်ထောင်ဆိုတာရှိတယ်၊နေရာက
အိန္ဒိယပြည်မြောက်ပိုင်းမှာ ဂင်္ဂါမြစ်ကမ်းဘက်၊အဲဒီဘက်ဘက်မှာဗာရာဏသီပြည်ဆိုတာ
ရှိပါတယ်၊

Saturday, October 20, 2012

သားချစ်ဇော် သို့ .. စာရေးသူ နှင့် စာဖတ်သူ

by Bo K Nyein on Thursday, October 18, 2012 at 3:20pm ·
သားချစ်ဇော် သို့
အပိုင်း (၁)

Tharchit Zaw မြန်မာ.နိုင်ငံေ၇းသမိုင်းကိုဥိးအနေနဲ.သုံးသပ်တင်ပြထားတာကိုဖတ်ချင်ပါတယ်၊ဝင်းတင်.ထွန်းရေးတာဖတ်ဖူးပါတယ်၊ဖတ်လို.လဲကောင်းပါတယ်၊ဒါပေမယ်.ကွန်မြုနစ်အနံ.တော.မကင်းတာအမှန်ပဲ၊ကွန်မြုနစ်ရဲ.အမှားကိုသိတ်တင်ပြထားတာမတွေ.ရဖူး၊အခုတလောတော.စာလဲရေးချင်စိတ်မရှိဘူး၊ေ၇းမိရင်လဲပုဂိုလ်ရေးတွေပါနေမှာစိုးလို.စာတွေပဲလှိမ်.ဖတ်ပြီးနိုင်ငံသမိုင်းကိုပြန်စဉ်းစားသုံးသပ်မှုတွေလုပ်နေပါတယ်၊ဘာလို.လဲဆိုတော.မူကိုတင်ပြပြီးပြောရင်လူကိုလဲမပြောလို.မရဘူးဖြစ်နေတယ်၊အဲဒီတော.ပုဂိုလ်ရေးပါလာနိုင်တယ်၊နိုင်ငံရေးကိုကောင်းစေချင်ပြီ၊တိုးတက်စေချင်ပြီ၊အဲဒီအတွက်လုပ်နိုင်တဲ.ပညာတတ်တွေဦးဆောင်ဖို.လိုအပ်နေပြီလို.ပဲမြင်မိတယ်၊လွပ်လပ်ရေးမရခင်ခေတ်၊ပါလီမန်ခေတ်ကော ဦးနေဝင်းခေတ် ဗိုလ်ချုပ်သန်းရွေုခေတ်လုံးလုံး အခုလောက်ညီညွတ်မျှတတဲ. နိင်ငံေ၇းရေချိန် အခင်းအကျင်းမျိုးမတွေ.ခဲ.မိသေးဘူး၊အခုချိန်ကအတော်အတန်ညီညွတ်တဲ.ခေတ်လို.ပြောမယ်ဆိုပြောလို.ရပါတယ်၊ရှေ့ဆက်လဲလှမ်းနိုင်မယ်.အခင်းအကျင်းတွေတွေ.မိတယ်၊နိုင်ငံရေးကို ၂ဘက်စလုံးကပြည်သူအတွက်ရည်ရွယ်ပြီးလုပ်တာပဲမြင်ချင်တယ်ဗျာ၊ 
Friday at 3:07pm · Like · 3

သားချစ်ဇော် သို့
(၁)
စာရေးသူ နှင့် စာဖတ်သူ 
သားချစ်ဇော် ရေ … ဦးရေးနေတဲ့ ဦးကျော်ငြိမ်း နဲ့ ကွန်မြူနစ် များပြီးရင် ဦးအမြင် ကို သိရမှာပါ။
သားချစ်ဇော် က ကွန်မြူနစ် ၀င့်တင်ထွန်း ရဲ့ စာတွေက ဖတ်လို့ကောင်းတယ်။ ဒါပေမဲ့ အနီနံ့တော့ မကင်းဖူး။ တခြားရှုထောင့် ကစာတွေဖတ်ခြင်ပါတယ် ဆွေးနွေး လာလို့ အကြောင်းသင့်တုန်း ၊ စာရေးသူ ၊ စာဖတ်သူ အချင်းချင်း ကွာခြားချက်ကလေးတွေကို ကျန်တဲ့ လူငယ်လေးတွေ လည်း တွေးခေါ်နိုင်အောင် ဦးရဲ့ အမြင် ကလေးကို တင်ပြဆွေးနွေးပါရစေ။
ဒီမှာ ဆွေးနွေးမှာ က စာရေးတဲ့ နေရာမှာ နိုင်ငံရေး ရှုထောင့် ကနေ ပြောတယ်ဆိုတာ ကို အရင် အသိပေးပါရစေ။ 
မြန်မာစာပေလောက မှာကြည့်ရင် ၊ စာရေးနိုင်တာ ၊  စာရေးကောင်းတာ ကွန်မြူနစ်တွေ ပဲ။
ဒါကြောင့် မြန်မာစာပေလောက မှာ ကို အနီတွေကြီးစိုးထားကြနိုင်တယ်လို့ ပြောလို့ရပါတယ်။
သို့သော် တကယ်အကျိုးပြုသလား ၊ ထိရောက်သလား ဆိုတာ တပိုင်းသပ်သပ် စဉ်းစားစရာပေါ့။
နိုင်ငံရေးစာပေကို လေ့လာတဲ့ နေရာမှာ၊  အပိုင်း (၃) ပိုင်းရှိတယ်လိုမြင်မိတယ်။
(၁) အရေးအသား အပိုင်း
(၂) အချက်အလက် နဲ့ credibility အပိုင်း
(၃) အတွေးအခေါ် အပိုင်း လို့ ဆိုခြင်တယ်။
ကွန်မြူနစ် တွေက အရေးအသား အပိုင်းမှာ ထူးချွန်တယ်လို့ပြောလို့ရပါတယ်။
အချက်အလက်အပိုင်း မှာ အားနဲ တဲ့အတွက် credibility အပိုင်းမှာအားနဲတယ်။
အတွေးအခေါ် အပိုင်းမှာတော့ အား အနဲဆုံးပဲ လို့ဆိုခြင်တယ်။
ဒါကြောင့် သားချစ်ဇော်ပြော တဲ့ ၀င့်တင်ထွန်း စာတွေဖတ်လို့ ကောင်းတယ်ဆိုတာ ကို နားလည်တယ်။ နိုင်ဝင်းဆွေ ရဲ့ အရေးအသားကိုကြိုက်မှကြိုက်။

သားချစ်ဇော် သို့ ... စာရေးသူ နှင့် စာဖတ်သူ

by Bo K Nyein on Thursday, October 18, 2012 at 3:27pm ·

အပိုင်း (၂ )


(၈)
အနောက်နိုင်ငံ တွေ နဲ့ ကွာတာက 
အနောက်နိုင်ငံ တွေ နဲ့ ကွာတာက အနောက်နိုင်ငံ တွေမှာ စည်းရှိတယ်။ သူများရေးတာဆို credit ပေး ၊  အချက်အလက် မှန်ပါစေ။ မမှန်ရင် credibility ထိတော့တာပဲ။
ဒါတောင် သူတို့စီမှာလည်း (A) list  နဲ့ (B) list ကွာသွားတာရှိတယ်။ level မတူတာတွေရှိတယ်။
ဥပမာ Bertil Linter နဲ့ Martin Smith တို့ရဲ့ စာအုပ်တွေဟာ အဆင့်အတန်း ရှိတယ်။ facts တွေကို သေသေခြာခြာ check လုပ်ထားပြီး စာအုပ်ကို reference လုပ် ၊ ဘယ် Interview မှာ ဘယ်သူက ပြောတာပါ ဆိုပြီး နောက်ဆက်တွဲ ရှင်ပြထားတယ်။ Statement တစ်ခုကို လွယ်လွယ်မပေးဖူး။ ဘာကြောင့်လဲ။ သူတို့နံမည် ၊ သူတို့သိက္ခာကို သူတို့ လေးစားသည်မို့ပါ။ ဒီစာရေးဆရာ တွေရဲ့ one chapter မှာ reference လုပ်ထားတဲ့ စာအုပ် ဆောင်းပါးတွေဟာ ၀င့်တင်ထွန်း စာအုပ် တစ်တစ်အုပ်လုံးထက် အဆများစွာ ပိုပါတယ်။ ဒါက ဘာကိုပြတာလည်း ဆိုရင် နဲနဲလေးရေး ပြနိုင်ဖို့ ၊ ဘယ်လောက် ကြိုးစားရတယ် ၊ ဘယ်လောက် ဖတ်ရတယ် သုတေသန research လုပ်ရတယ် ဆိုတာကို ပြတာပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ရေးတဲ့ Than Shwe: Unmasking Burma’s Tyrant ကိုရေးတဲ့ Benedick Rogers ဟာ ထင်ပေါ်ပြီးသား သတင်းသမား တစ်ယောက်ပါ။ သို့သော် မြန်မာ အက်တစ်ဖစ် တွေ နဲ့ အနေနီး ပြီး ၀ါရှင်တန်က မြန်မာ လုပ်စား တွေဖြီးတာ ယုံပြီး သွားရေးတော့ ဆားမပါတဲ့ ဟင်း စားရသလို ၊ ဟောလီဝုဒ် က (B) movie ကြည့်ရသလို ၊ ညံ့လိုက်တာ။ သတင်း နဲ့ အတင်း တွေရောနေတယ်။ ဗိုလ်ချုပ်သန်းရွှေ တို့ခေတ် က ပိတ်ကစားတာ ၊ ဘယ်သူမှ အနားအကပ် ခံတာမှ မဟုတ်တာ။
သူ့ထက်ဆိုးတာက Shelby Tucker ။ ဘာအဆင့်မှ မရှိ။

တော်လှန်ရေးရာသီစာအလွန်နှင်.နိုင်ငံရေးအဆွေးမင်းသား


by Tharchit Zaw on Saturday, October 20, 2012 at 11:00pm ·
အခုတလောပြောင်းလဲလာတဲ.နိုင်ငံရေးရေစီးကြောင်းနဲ.အတူပွင်.လင်းလွပ်လပ်
တဲ.ခေတ်မှာအများစုမြင်တွေ.နေတာကတော.ဆန္ဒပြမှုတွေနေရာအနှံ.ဖြစ်ပေါ်
လာနေတာကိုပါပဲ၊တချို.လူငယ်တွေကဒီဆန္ဒပြမှုတွေကိုပဲတော်လှန်ရေးတရပ်
ဆင်နွဲနေသလိုမျိုးရေလိုက်မှားနေကြတာကိုလဲတွေ.ရပါတယ်၊ဒီမိုကရေစီနိုင်
ငံတွေမှာဆန္ဒပြမှုတွေရှိတာဘာဆန်းသလဲဆို၇င်တော.မဆန်းပါဘူး၊

ဒါပေမယ်.နေ၇ာတိုင်းထစ်ကနဲရှိဆန္ဒထပြင်ချင်ကြတာကိုတော်လှန်ရေးနဲ.ခေါင်း
စဉ်တပ်လွဲမှားနေတယ်လို.ထင်မိတာအမှန်ပဲ၊အခုချိန်ခါကဒီမိုကရေစိနိုင်ငံတော်ကို
ပါးပါးနပ်နပ်တည်ဆောက်ပြီးသွားရမယ်.အချိန်လို.လဲမြင်မိပါတယ်၊နောက်ပြီးနေ
ရာတိုင်းမှာလူထုဆန္ဒပြမှုနဲ.တော်လှန်ရေးဟာအလုပ်ဖြစ်မဖြစ်ဆိုတာကိုလဲသုံး
သပ်ကြည်.တဲ.သဘောပါ၊

တကယ်တော.တော်လှန်ရေးကိုအားမပေးတာတော.မဟုတ်ပါဘူး၊နဲနဲအီလာပြီဆိုတဲ.
သဘောကိုခံစားမိလို.ပါပဲ၊၊တော်လှန်ေ၇းဆိုတဲ.စားကောင်းသောက်ဖွယ်ကြိးကစားလို.
ကောင်းသောက်လို.ကောင်းပါတယ်၊ဒါပေမယ်.စားပြီးရင်ကိုဆက်လက်စားချင်မိတယ်၊
တကယ်တော.ကျန်းမာရေးဓါတ်စာကြီးလုံးလုံးတော.လဲမဟုတ်ပါဘူး၊သူကရာသီ
စာလောက်လေးပဲကောင်းတယ်၊အမြဲတန်းစားရင်သွေးတက်လို.ထိုင်းမှိုင်းမူးဝေ
အမြင်အာရုံတွေချို.တဲ.လာမှာတောင်စိုးရသေးတယ်၊ဒါကြောင်.တခါတလေစား၊
တခါတလေတော.လဲရှောင်ဖို.လိုပါတယ်၊

Monday, October 8, 2012

ဥရောပစီးပွားပျက်၊ အီတလီအခက် တရုတ်အချက်


အီတလီစက်ရုံတခု မြင်ကွင်း။ စက်တင်ဘာ ၁၄၊ ၂၀၁၂။
ကျော်ကျော်သိန်း
ဥရောပတိုက်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းဟာ အီတလီနိုင်ငံရဲ့ မြောက်ပိုင်း၊ ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်တဲ့ဒေသတွေမှာ အပြင်းအထန် ထိခိုက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ ငွေချေးယူ နိုင်တဲ့အခြေအနေ နည်းပါးနေပြီးတော့ ဖောက်သည်ကလည်း လျော့လာပါတယ်။ အကျပ်အတည်းကိုကျော်လွန်ဖို့ အဲဒီဒေသ က စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လို လုပ်နေကြရသလည်းဆိုတာကို ဗွီအိုအေသတင်းထောက် Rebecca Valli က ကိုယ်တိုင်သွားပြီး တွေ့ဆုံ မေးမြန်းထားပါတယ်။

Saturday, October 6, 2012

Saturday, 06 October 2012 08:34

ပြုပြင်ပြောင်းလဲရေးခေတ်သစ်မှ တစ်မူ ထူးခြားလှသည့် ဒီမိုကရေစီရောင်းရင်းနှစ်ဦး

Written by  အောင်ကျော်စိုး

ခု ဖော်ပြပါဆောင်းပါးမှာ နာမည်ကျော် အမေရိကန် သတင်းစာ တစ်စောင်ဖြစ်သော နယူးယောက်တိုင်းမ်၏ ပင်တိုင်ဆောင်းပါးရှင် Bill Keller အင်တာဗျူး တစ်ပုဒ် အနက်မှ အချို့ကို မှီငြမ်း ကောက်နုတ် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Bill Keller သည် သမ္မတ ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် ၎င်းကို သွားရောက်တွေ့ဆုံ၍ မေးခွန်း အတော်များများ မေးမြန်း ခဲ့သလို တစ်ချိန်တည်း မှာပင် အဆိုပါ နိုင်ငံသို့ရောက်ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း မတူညီသည်များကို ဘေးချိတ်ပြီး တူညီသည်များကို အပေးအယူ မျှစွာဖြင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် Bill Keller က 'The Burmese Odd Cople' ဟူသောခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် ဆောင်းပါးကို 'ပြုပြင်ပြောင်းလဲရေး ခေတ်သစ်မှ တစ်မူ ထူးခြားသည့် ဒီမိုကရေစီ ရောင်းရင်းနှစ်ဦး' ဟု ဆီလျော်အောင် မြန်မာမှု ပြုလိုက်ပါသည်။

Monday, August 20, 2012

သျှင်ဥက္ကဌ

သျှင်ဥက္ကဌ

2011 May 27
Posted by Shwe Dream
သိမှုဆိုင်ရာပြဿနာများ
(၁) သျှင်ဥက္ကဌဘယ်လဲ…
ဤမေးခွန်းကို အစဦးစွာမေးလိုက်ရသော်လည်း ကျွန်ုပ်တို့တွင် မေးချင်သောစိတ် ပေါ်လာသည်မှာကား သူ၏စာစုအတော်များများကို ဖတ်ပြီးနောက်တွင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သျှင်ဥက္ကဌကဲ့သို့ ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်လာခြင်းသည် ကျွန်ုပ်တို့အဖို့ ၀မ်းနည်းစရာဟု မြင်ရန်အကြောင်း မရှိ ၀မ်းသာစရာကောင်းသော အချင်းအရာတစ်ရပ် ဖြစ်သည်ဟုသာ ထင်မြင်မိသည်။ ဤသို့ဆိုလိုက်သောကြောင့်ျှင်ဥက္ကဌကိုမလိုလားကြသော
ရဟန်းရှင်လူတချို့က ကျွန်ုပ်တို့အား အပြစ်မြင်ကြမည်လား မဆိုနိုင်။ ဤမျှကြီးကျယ်သော သာသနာ့ ဆူးငြှောင့်ခလုတ်ကြီး တစ်ခုပေါ်ပေါက်လာခြင်း ကို ၀မ်းသာရသလောဟု မေးချင်ကြဦးမည်လား မပြောတတ်။ မည်သို့ပင်ဆိုစေ ရှေးမဆွက စကားဦးတွင် ဆိုခဲ့ပြီးသကဲ့သို့ သျှင်ဥက္ကဌအား သာသနာ့ဆူးငြောင့်
ဟူ၍ အဆုံးအဖြတ်ပေးရန် ကျွန်ုပ်တို့တာဝန်မဟုတ်ရကား ဘာမျှမပြောလိုပေ။

Monday, July 16, 2012

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ (ဘိုဘိုကျော်ငြိမ်း)အပိုင်း ၎


ဗိုလ်ရဲထွဋ် နှင့် တပ်ရင်း (၃)

ကန္ဒီစာချုပ် အရ PBF တော်လှန်ရေးတပ် တွေဖွဲ့စည်းအပြီး Annual report အပြီးမှာ …ဗိုလ်ရဲထွဋ်ကို သူ့တပ်ရင်းမှူး က မလိုချင်တော့ဖူး။ တပ်ရင်မှူးတွေက အင်္ဂလိပ် ဒုဗိုလ်မှူးကြီးတွေ ….တပ်ရင်း (၄) ကိုပြောင်းဖို့လုပ်လို့ မရရင် ပြုတ်မယ်။ ဒါကြောင့် ဗိုလ်ကျော်ဇော် စီ အကူအညီ တောင်းလာတယ်။ အဲဒီအချိန်မှာ ဗိုလ်စန်းယု က ဗိုလ်မှူးဖြစ်ဖို့ အလှည့်။ ရဲဘော် (၃) ကျိပ်ဝင် ဗိုလ်ရဲထွဋ် အတွက် အနာခံ ခဲ့ကြရတယ်။ ဗိုလ်ကျော်ဇော် ပြောင်းသွားရတော့ ဗိုလ်ရဲထွဋ် တပ်ရင်းမှူး လုပ်ချင်တယ် လို့ဗိုလ်လက်ျာကို သွားပြောလို့ ဗိုလ်ချစ်မြိုင် ဟာ ခေတ္တတပ်ရင်းမှူးက ဒုတပ်ရင်မှူး (2IC) ကို ပြန်ဆင်းပေး ခဲ့ရတယ်။ု ဗိုလ်ရဲထွဋ် က အင်္ဂလိပ်စာ မတတ်ဖူး။ ဗိုလ်ကျော်ဇော် နဲ့မတူတာက ဗိုလ်ရဲထွဋ် ကဗိုလ်ကျော်ဇော်လို မကြိုးစားဖူး။ ဥပမာ အင်္ဂလိပ် လိုမတတ်တာကြောင့် Military Law ကိုနားမလည်ဖူး။ အထက်ကလာ အင်္ဂလိပ်လိုရေးထားတဲ့ အမိန့်တွေကို ကောင်းကောင်း နားမလည်နိုင်ဖူး။ တချိန်ထဲမှာ ဘယ်လို စာပြန် ရမှန်း မသိဖူး။ ဒါကြောင့် မကြာခဏ ဗိုလ်ချစ်မြိုင်ကို အကူအညီတောင်းရတယ်။ ဒါကြောင့် တပ်ရင်း (၃) ကို တပ်ရင်းမှူး ဗိုလ်ရဲထွဋ် ထက် ဒုတပ်ရင်းမှူး ဗိုလ်ချစ်မြိုင် က ပိုပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်ခဲ့တာ ၊ ဗိုလ်ရဲထွဋ်ထက် တပ်ကိုပိုသြော်ဇာရှိတာ အခုမှရှင်း သွားတော့တယ်။ တပ်သားတွေ နဲ့ ထိတွေ့ရာမှာရော Admin မှာပါ ဗိုလ်ချစ်မြိုင်ကို မကျော်နိုင်ဖူး။ ပြီးနောက်မှ ရောက်လာတဲ့ တပ်ရင်းမှူး။

ကွန်မြူနစ်နှင်.ဆိုရှယ်လစ်ဗိုလ်ချုပ်များ(ဘိုဘိုကျော်ငြိမ်း)အပိုင်း ၃

ဗိုလ်နေ၀င်း နဲ့ ဗိုလ်ဇေယျ ရင်ဆိုင်တွေ့ ပြီ

ဗိုလ်လက်ျာက ကရင်စစ်ဗိုလ်တွေနဲ့ ပေါင်းသွားတော့ ဗိုလ်နေ၀င်းရဲ့ ပြိုင်ဖက်က ဗိုလ်ဇေယျလာဖြစ်တယ်။

ဒီနေရာမှာ နဲနဲ ရှုပ်ထွေးစရာရှိတာက ဂျပန်တော်လှန်ရေးအပြီး … အင်္ဂလိပ်ပြန်အ၀င်မှာ .. ဖဆပလအဖွဲ့ကြီးအတွင်းမှာ ကွန်မြူနစ် နဲ့ ဆိုရှယ်လစ်တွေ အားပြိုင်နေကြပေမဲ့ စစ်တပ်အတွင်းမှာတော့ လက်ဝဲ နဲ့ လက်ျာ အားပြိုင်မှု က ပို ပြင်းထန်တယ်။ အကြောင်းက ကန္ဒီစာချုပ် မှာကတည်းက အင်္ဂလိပ်က Two Wings Army policy ကိုကျင့်သုံးလာတယ်။ အဓိက က ဗမာတပ်တွေကို မယုံဖူး။ ဒါကြောင့် တဖက် က ဗမာတပ်ရင်း (၃) ခုကိုပဲ ဖွဲ့ခွင့်ပေးပြီး ကျန်တဖက် က တိုင်းရင်းသားတပ်တွေနဲ့ ၀ိုင်းရံထားပြီး တိုင်းရင်သားတပ်တွေကို မြှောက်ပေးထားတဲ့ အင်္ဂလိပ်တွေရဲ့ နှစ်ဖက်သွားပေါ်လစီပဲ။ Mary Calllahan စာအုပ် စာမျက်နှာ ၉၅ မှာ Two Wings Solution ဆိုပြီး အတိအကျရေးပြထားတယ်။ Mountbatten က ဗိုလ်ချုပ်အောင်ဆန်း ၊ အင်္ဂလိပ်အရာရှိတွေနဲ့ စည်းဝေးပွဲတွေမှာ ဗမာနိုင်ငံဟာ Dominion Status မရမချင်း အင်္ဂလိပ် Inspector General (IG) ကအုပ်ချုပ်ရမယ်။ ဒီမျက်နှာဖြူ အရာရှိအောက်မှာ မှ ဗမာစစ်သားတွေက တစ်ဖက် ၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကတဖက် နှစ်ဖက်ရှိရမယ်။ ဗမာစစ်သား တွေဖက်ကို ဗမာ (DIG) Deputy IG ကအုပ်ချုပ် ၊ တိုင်းရင်သားတွေဖက်ကို ကရင် (သို့) ကချင် (သို့) ချင်း DIG ကအုပ်ချုပ်စေဆိုပြီး ဗြောင်သွေးခွဲ ဖို့အစီအစဉ် ရေးဆွဲခဲ့ကြတယ်။ ဒီလို ဗြောင်သွေးခွဲခဲ့ရုံ မက တပ်တွေကို ပါဖွဲ့စည်းပေးခဲ့တာကြောင့် ပြည်တွင်းစစ် ဟာမရှောင်နိုင်တော့ဖူး။ ဒိအပြင် အင်္ဂလိပ် IG Thomas ဟာ စစချင်းကတည်းက ကရင်စစ်ဗိုလ်တွေကို ရာထူးတွေတိုးပေးခဲ့တယ်။ ရည်ရွယ်ချက်က ကရင်စစ်ဗိုလ်တွေဟာ ရာထူးကြီးကြီးရထားရင် အင်္ဂလိပ်ကိုမုန်းတဲ့ တော်လှန်ရေးစစ်ဗိုလ်တွေ တပ်ကိုမစီးနိုင်ရအောင်အကြံနဲ့တဲ့ (Mary Callahan - စာမျက်နှာ ၁၀၅)

ကွန်မြူနစ်နှင်.ဆိုရှယ်လစ်ဗိုလ်ချုပ်များ(ဘိုဘိုကျော်ငြိမ်း)အပိုင်း ၂

ဂျပန်ကလွပ်လပ်ရေးပေးပြီ

ဂျပန်ကလွပ်လပ်ရေးပေးတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးကြီးမှ ဗိုလ်ချုပ် (Major General) ဖြစ်လာကာစစ်ဝန်ကြီးရာထူးပါရလိုက်သည်။ ဗိုလ်စကြာက ဒုဝန်ကြီး။ ဗိုလ်လက်ျာက တပ်များကိုစနစ် တကျနေရာချထားရေး အတွက်တာဝန်ယူရသော စစ်ဖက်ရေးရာဗျူရို အကြီးအကဲလာဖြစ်ကြသည်။ နှစ်ယောက်စလုံး ဗိုလ်မှူကြီးရာထူးနှင့်။ ဗိုလ်ဇေယျ က (ဒု) ဗိုလ်မှူးကြီးရာထူးနှင့် မင်္ဂလာဒုံဗိုလ်သင်တန်း ကျောင်းအုပ်လာဖြစ်ချိန်တွင် ဗိုလ်နေ၀င်းကို ဗိုလ်ချုပ်အောင်ဆန်းက သူ၏နေရာ စစ်သေနာပတိချုပ် အဖြစ်ရွေးချယ်လိုက်သည့် အတွက် … ဗိုလ်မှူးမှ တဆင့်ကျော်ကာ ဗိုလ်မှူးကြီးဖြစ်လာပါသည်။ (ဗိုလ်မှူးချုပ် မောင်မောင်စာအုပ် - စာမျက်နှာ ၈၄-၈၅)

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ(ဘိုဘိုကျော်ငြိမ်း)

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ

မေလ ၁၂ရက် ၂၀၁၂

အပိုင်း (၁)

မနေ့က တမင်းဆိုင်မှာ စာပေလောက က လူငယ်တစ်ယောက်နဲ့ စကားစပ်မိရင်း လူငယ်က ဦးကျော်ငြိမ်းသားမှန်းသိတာကြောင့် ထင်ပါရဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေ အကြောင်း မေးလာတယ်။ တချိန်ထဲမှာ ကွန်မြူနစ် စစ်ဗိုလ်တွေ နဲ့ ကွန်မြူနစ် စစ်ဗိုလ်တွေ ရဲ့ အားပြိုင်မှု ရာဇ၀င်အကြောင်း လည်းသိချင်ပုံရတယ်။ ဘာမှသိပ်..မဆွေးနွေးရသေးခင်မှာ အမျိုးသမီးက မိုးချုပ်နေမယ်လို့ သတိပေးလို့ ထပြန်ခဲ့ရတယ်။ အားမလို ၊ အားမရဖြစ်ခဲ့ရတယ်။ ပြန်တွေးကြည့်တော့ မိမိ ဖခင်ကြီးအကြောင်း ရေးဖို့ရာ လွပ်လပ်ရေးရာဇ၀င်ကို စနစ်တကျ စတင်လေ့လာစဉ်ကလည်း … မေးခွန်းမေးလာ တဲ့ လူငယ်ကဲ့သို့ .ဆိုရှယ်လစ် စစ်ဗိုလ်တွေ အကြောင်း ဂဃနဏ သိချင်လို့ .. မနည်းကြိုးစား ..လေ့လာခဲ့ရတယ်။ အကြောင်းက ..မြန်မာနိုင်ငံရဲ့ စစ်တပ်လို့ ..ဆိုတာနဲ့ … ရဲဘော်သုံးကျိပ်..ဆိုတာက ရှေ့တန်းရောက်လာတယ်။ တချိန်ထဲမှာ ..ရဲဘော်သုံးကျိပ် ဆိုတာနဲ့ … ကွန်မြူနစ် ..စစ်ဗိုလ်တွေကိုပဲ ..မျက်စိထဲ..ပေါ်လာတယ်။

Saturday, July 14, 2012

တညင်းသီး နှင့် သူ၏အဆိပ်

တညင်းသီး နှင့် သူ၏အဆိပ်

အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

Monday, July 2, 2012

Photo: သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ
2012-07-01

မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အချင်းချင်း ယုံကြည်မှုတွေ ရရှိကြပြီး အထွေထွေ သဟဇာတ ဖြစ်မြောက်ရေးအတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

အဲဒီဆွေးနွေးပွဲဟာ ပွင့်လင်းပြီး အပြုသဘော ရှိကြတယ်လို့ တက်ရောက်ကြသူတွေထဲ ပါဝင်တဲ့  (၈၈)မျိုးဆက်ကျောင်းသား
 ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောပါတယ်။

"အဓိက ပြောဖြစ်တာကတော့ အလုပ်သမား ကိစ္စ၊ နောက် ဒီလယ်ယာမြေ နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အစရှိသဖြင့် လက်ရှိ ကျွန်တော်တို့
 နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေပေါ့လေ။ အဲဒီမှာ လွှတ်တော်ကနေပြီး ဒီဥပဒေတွေ ပြင်ဆင်တာ၊ ပြဌာန်းတာ၊ ဖြည့်ဆွက်တာ၊ ပြန်သုံးသပ်တာ၊ အစရှိသဖြင့်ပေါ့။ အဲဒါတွေကို တကယ်အသက်ဝင်လာဖို့ အာဏာကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေပြု၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ ဒီ ၃ခု ပြန်လှန်ထိန်းကျောင်းပြီးတော့ စစ်ဆေးတဲ့ check and balance တွေ အားကောင်းဖို့ ကျွန်တော်တို့ နိုင်ငံရေး အင်အားစုတွေ အပိုင်းက လူထု ယုံကြည်ထောက်ခံမှု ရထားတဲ့ moral authority ကို ဒီဖက်က အုပ်ချုပ်ရေး အာဏာ ရထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ အထွေထွေ သဟဇာတ ဖြစ်မှုဟာ ကျွန်တော်တို့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အတွက် အရေးကြီးတယ်။ ဒါ ကျွန်တော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာ ပြောခဲ့တာပါ။"

ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာ ရှိတဲ့ ပြည်သူလွှတ်တော် ဥပဒေရေးရာ
သုံးသပ်ရေး ရုံးခွဲမှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ ဆွေးနွေးကြတဲ့အထဲမှာ (၈၈) မျိုးဆက် ကျောင်းသား
 ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ နဲ့ ကိုအံဘွယ်ကျော် တို့လည်း ပါဝင်ကြပါတယ်။
(ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများ (ပြန်ကြားရေး)
သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ
2012-07-01

မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အချင်းချင်း ယုံကြည်မှုတွေ ရရှိကြပြီး အထွေထွေ သဟဇာတ ဖြစ်မြောက်ရေးအတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

အဲဒီဆွေးနွေးပွဲဟာ ပွင့်လင်းပြီး အပြုသဘော ရှိကြတယ်လို့ တက်ရောက်ကြသူတွေထဲ ပါဝင်တဲ့ (၈၈)မျိုးဆက်ကျောင်းသား
ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောပါတယ်။

Friday, June 22, 2012

အစ္စလာမ်မစ်အန္တရယ်လော၊ ဗုဒ္ဒနှင်.လုပ်စားနိုင်ငံရေးများသတိထား

အစ္စလာမ်မစ်အန္တရယ်လော၊ ဗုဒ္ဒနှင်.လုပ်စားနိုင်ငံရေးများသတိထား

by Tharchit Zaw on Saturday, June 23, 2012 at 12:25pm ·
*အစ္စလာမ်မစ်အန္တရယ်လော

ယနေ.ကျွန်တော်တို.သည်အကြမ်းဖက်မှုများနှင်.အကြီးအကျယ်ရင်ဆိုင်နေရသည်
ဆိုသောသတင်းစကားများသည်အမှန်တကယ်ယုံကြည်နိုင်လောက်သည်.သတင်း
အချက်အလက်များဖြစ်သည်လို.အတိအကျပြောဖို.ခက်လှပါသည်၊တကယ်တော.
ကျွန်တော်တို.နေထိုင်ရာကမ္ဘာကြီးသည်ဟိုးယခင် ဆယ်စုနှစ်အတိတ်ကာလများလို
သိတ်ပြီးစိုးရိမ်စရာမလိုလောက်အောင် ငြိမ်းချမ်းလာခဲ.ပြီဖြစ်သည်၊

ယခင်ကသတင်းနည်းပညာစီးဆင်းရန်မလွယ်ကူသောအချိန်တွေတုန်းက ကမ္ဘာကြီး၏
ထောင်.ပေါင်းစုံတွင်အစုလိုက်အပြုံလိုက်မျိုးတုန်းသတ်ဖြတ်မှုတွေအမှန်တကယ်ပင်ရှိ
ခဲ.သည်၊၁၉၇၀ ကာလတွေမှာကမ္ဘောဒီးယားမှာပိုပေါ.တို.လိုအာဏာရှင်တွေကြောင်.လူ၂
သန်းနီးပါးသေကြေပျက်စီးခဲ.ရသည်၊အဲသည်အချိန်တုန်းကနည်းပညာစီးဆင်းမှုမ၇ှိသည်.
အတွက်ကျွန်တော်တို.အကြောင်းရင်းမှန်ကိုသိရှိဖို.မလွယ်ကူလှပါ၊အီရန်အီရတ်စစ်ပွဲအတွင်း
သဲကန္တာရများအတွင်းသေကြေခဲ.ကြသူများအကြောင်းလည်းအသေးစိတ်မသိနိုင်၊ ၁၉၉၀ကွန်
ဂိုအရေးအခင်းတွင်လည်းလူသန်းနှင်.ချီပြီးသေဆုံးခဲ.ကြရတာမျိုးတွေလည်းရှိခဲ.ကြသည်၊

Monday, June 18, 2012

သတင်း


သတင်းစာဆရာကြီး လူထုစိန်ဝင်း ကွယ်လွန်
ရန်ပိုင်
June 18, 2012


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ တွေ့ရတဲ့ လူထုစိန်ဝင်း (ဓာတ်ပုံ – ဧရာဝတီ)

သတင်းစာဆရာကြီး လူထုစိန်ဝင်း (၇၁နှစ်) သည် အဆုတ်ရောဂါဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် (SSC) အထူးကု ဆေးခန်းတွင် ယမန်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ကွယ်လွန်သွားပြီဖြစ်သည်။
ကွယ်လွန်ချိန်တွင် သမီးတဦး၊ ချွေးမတဦး၊ မြေးတဦးကျန်ရစ်ခဲ့ပြီး ဆရာလူထုစိန်ဝင်း၏ ဈာပနကို မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ရေဝေးသုဿန်တွင် သင်္ဂြိုဟ်မည်ဟု မိသားစုဝင်တဦးက ဆိုသည်။
MRTV 4 ရုပ်မြင်သံကြား သတင်းတွင်လည်း ဆရာ လူထုစိန်ဝင်း ကွယ်လွန်ခြင်းကို ထည့်သွင်းကြေညာ သွားသည်။
ဆရာလူထုစိန်ဝင်းသည် အဆုတ်ရောဂါ အပြင် လေဖြတ်သည့် ဝေဒနာကို ခံစားနေရပြီး အောက်ဆီဂျင်ဗူး အကူအညီဖြင့် အသက်ရှုနေရသူတဦး ဖြစ်သော်လည်း မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ၊ ပြည်သူ များနေ့စဉ် တွေ့ကြုံ ခံစားနေရသည့် စားဝတ်နေရေးနှင့် လူမှုရေး ကိစ္စအဝဝကို ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်များတွင် သုံးသပ် ရေးသားနေသူ ဖြစ်သည်။
သို့သော် ကျန်းမာရေးအခြေအနေ ဆိုးရွားလာသဖြင့် ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စာရေးခြင်းအလုပ်ကို ရပ်ဆိုင်းလိုက်ရသည်။
ဆရာလူထုစိန်ဝင်းသည် အမှန်တရားဘက်မှ ရပ်တည်သူ၊ မှားယွင်းမှုကို တိုက်ဝံ့သူ၊ အပြောင်းအလဲကိုလည်း တောင်းဆိုတတ် သည့် သတင်းစာဆရာ တဦးဖြစ်ပြီး ကွယ်လွန်သွားသည့် အတွက် နှမြောတသ မိကြောင်း သတင်းစာဆရာကြီးတဦး ဖြစ်သည့် ဟံသာဝတီ ဦးဝင်းတင်က ဆိုသည်။

ကိုယ်နဲ့ ပုဂ္ဂိုလ်ရေး ခင်မင်တဲ့အတွက်မဟုတ်ဘူး။ သတင်းစာလောကက လုပ်ဖော်ကိုင်ဘက် တယောက် ဆုံးရုံးတာမျိုးလည်း မကဘူး၊ ပြည်သူလူထု တရပ်လုံးအတွက် ဆုံးရုံးမှုဖြစ်တယ်လို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။
ဆရာလူထုစိန်ဝင်း၏ နိုင်ငံရေးအတွေးအခေါ် မည်သို့ပင် ဖြစ်စေကာမူ သတင်းစာဆရာ တဦးအနေဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တဦးဖြစ်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။
ဆရာလူထုစိန်ဝင်းသည် သတင်းစာဆရာ၊ စာရေးဆရာကြီး ရွှေဥဒေါင်း၏ အမျိုး တော်စပ်သူဖြစ်ပြီး ၁၉၆၀ ပြည့်နှစ် တ၀ိုက်တွင် မန္တလေး အခြေစိုက် လူထုသတင်းစာတိုက်မှ စတင်ကာ သတင်းစာ လောကသို့ ရောက်ရှိလာသူ တဦးဖြစ်သည်။
မန္တလေးမြို့နေ သတင်းစာဆရာကြီး လူထု မောင်သစ်လွင်ကလည်း “လူထုနာမည်တပ် လက်ကျန်ထဲက တယောက်လို့ ပြောလို့ရတဲ့အပြင် ၁၉၆၇ ခုနှစ် တော်လှန်ရေးကောင်စီက လူထုသတင်းစာကို အပြီးအပိုင် ပိတ်တဲ့အထိ စာနယ်ဇင်း လောကဓံကို အတူခံခဲ့ရ သူတွေပါ” ဟု ဆိုသည်။
ထိုစဉ်က ဆရာလူထုစိန်ဝင်း၏ စာနယ်ဇင်း ခံယူချက်မှာ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေး မူဝါဒဖြစ် ကြောင်း၊ မှန်ကန်သော သတင်းနှင့် သုံးသပ်ချက်များကို ပြည်သူအား ပေးရန်နှင့် နိုင်ငံအတွက် သတင်းပညာဖြင့် တတ်စွမ်းသမျှ လုပ်ဆောင်မည်ဟု ခံယူထားကြောင်း ဆရာကြီး လူထုမောင်သစ်လွင်က ဆက်ပြောသည်။
ဆရာလူထုစိန်ဝင်းကို ၁၉၄၀ ပြည့်နှစ် ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေချိန်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သူဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် တ၀ိုက်တွင် လူထု သတင်းစာ၌ ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ လူထုသတင်းစာ၏ ရန်ကုန်ရုံးခွဲတွင် အယ်ဒီတာ တာဝန်ကို ၁၉၆၇ ခုနှစ် သတင်းစာတိုက် အပိတ်ခံရသည်အထိ တာဝန်ယူခဲ့သည်။
၁၉၆၉ ခုနှစ်တွင် စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ) ၏ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ထိန်းသိမ်း ခံခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် ခန္ဓာကိုယ်တခြမ်း လေဖြတ်ဝေဒနာ ခံစားခဲ့ရသော်လည်း စာပေများကို ဆက်လက်ရေးသားကာ လူငယ်များ အတွက် အင်္ဂလိပ်စာ သင်တန်းများကို ဖွင့်လှစ်ခဲ့သည်။

ဆရာလူထုစိန်ဝင်း၏ ထင်ရှားသော ကလောင်ခွဲတခုမှာ ၀င်းဇော်ဖြစ်ပြီး ယင်းအမည်ဖြင့် “တောင်ဗီယက်နမ်မှ ငရဲခန်းများ” ဆိုသည့် စာအုပ်ကို စစ်ဆန့်ကျင်ရေးအတွက် ဘာသာပြန် ထုတ်ဝေခဲ့သည်။

ဆရာ၏ ထင်ရှားသောစာအုပ်များမှာ အလံမလှဲစတမ်း၊ အဖြူနှင့်အ၀ါ၊ စောမိုခမ်း စသည့် စာအုပ်များဖြစ်ပြီး မကွယ်လွန်ခင် လအနည်းငယ်အထိ လူငယ်များအတွက် သတင်းစာပညာပေး ဆောင်းပါးများ၊ မတရားမှုကို ရဲရဲရင့်ရင့် ထောက်ပြဝေဖန်သော ဆောင်းပါးများ၊ လူငယ်များအား တပါးသူ၏ အသုံးချခံ မဖြစ်စေရန် လမ်းညွှန်သည့် ဆောင်းပါးများ စသည်ဖြင့် ဆောင်းပါးများစွာကို အပတ်စဉ်ထုတ် ဂျာနယ်များ၌ ဆက်တိုက် ရေးသားခဲ့သည်။

Saturday, June 9, 2012

နိဂုံး အပိုင်း (၄)

နိဂုံး အပိုင်း (၄)

by Bo K Nyein on Sunday, June 10, 2012 at 1:08pm ·
အပိုင်း (၄)

အရင်းရှင်စနစ်အတွင်း

စာရေးသူရဲ့အမြင်အရ အရင်းရှင်စနစ်မှာ အဓိက နှစ်ပိုင်းရှိပါတယ်။
ထုတ်လုပ်ခြင်းအပိုင်း (Production) နဲ့ ငွေကြေးရင်းနှီးမှု (Financing) အပိုင်းတို့ဖြစ်ကြပါတယ်။
ထုတ်လုပ်ခြင်း ဆိုရာမှာ ကုန်ပစ္စည်းထုတ်လုပ်မှုရော ၊ ၀န်ဆောင်ထုတ်လုပ်ခြင်း Goods and Services နှစ်မျိုးလုံးကိုပြောတာပါ။
ဥပမာ ကားထုတ်လုပ်တာက ကုန်ပစ္စည်းထုတ်တာ။ ဘတ်စ် ကားတွေဝယ်ယူပြီး ကားလိုင်းထောင်တာက ၀န်ဆောင်ထုတ်လုပ်ခြင်း Service ဖြစ်သွားရော
နောက်ဆုံးတော့ (ထုတ်လုပ်ခြင်း) ကလည်း ချမ်းသာမှု (Wealth Creation) ကိုဖန်ထီးနိုင်သလို၊ ငွေကြေးရင်းနှီးမှု (Financing) ကလည်း ချမ်းသာမှု (Wealth Creation) ကိုဖန်ထီးနိုင်ပါတယ်။
စတော့တွေကို အသေးစိပ် တင်ပြရခြင်းက ငွေကြေးရင်းနှီးမှုကဏ္ဍ မှ ချမ်းသာမှု (Wealth Creation) ကိုဘယ်လိုဖေါ်ထုတ်နိုင်သလဲ ဆိုတာကို သိစေလို ၍ပါ။

Wall St နှင့် ငွေကြေးကဏ္ဍ

Wall St နှင့် ငွေကြေးကဏ္ဍ

by Bo K Nyein on Friday, June 8, 2012 at 5:38pm ·
အပိုင်း (၃)

Wall St နှင့် ငွေကြေးကဏ္ဍ

အရင်းရှင်လောကအတွက် ငွေရင်း (capital) ဟာအရေးအကြီးဆုံးပဲ။

 သာမာန်အားဖြင့်တော့ ငွေလိုချင်ရင် ဘဏ်တွေမှာချေးပေါ့။

အမှန်က ငွေကြေးနဲ့ ပတ်သက်တာအားလုံးကို Financial Sector ငွေကြေးကဏ္ဍ လို့ခေါ် ပါတယ်။
ငွေကြေးကဏ္ဍ အတွင်းမှာမှ ငွေရင်းဖေါ်ထုတ်တဲ့၊ ငွေရင်း (မ)တည်တဲ့ ဈေးကွက်သက်သက်ကိုမှ Capital Market ငွေရင်း ဈေးကွက် လို့ခေါ်သလို နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်သက်သက်ကိုမှ FOREX (Foreign Exchange) Market လို့ခေါ်ပါတယ်။ တချိန်ထဲမှာ ဆန်ကဲ့သို့ အစားအစာ၊ ရွှေ ၊ သံမဏိ ကဲ့သို့ တွင်းထွက် ပစ္စည်း စတဲ့ကုန်ကြမ်း နဲ့ ရေနံကဲ့သို့ အဓိကထွက်ကုန် တို့ကိုလဲလှယ်ရာ Comomodity Market လူသုံးကုန်ဈေးကွက် နဲ့ ဈေးကစားရာဈေးကွက် Option market ဆိုပြီး ဆိုင်ရာဆိုင်ရ ဈေးကွက် အသီးသီးရှိကြပါတယ်။

Wednesday, June 6, 2012

အရင်းရှင်စနစ်ဆိုတာဘာလဲ

အရင်းရှင်စနစ်ဆိုတာဘာလဲ

by Bo K Nyein on Wednesday, June 6, 2012 at 7:49am ·
အပိုင်း(၂)

အရင်းရှင်စနစ်ဆိုတာဘာလဲ

တကယ်တော့ အရင်းရှင်စနစ်ဆိုတာက စီးပွားရေး စနစ်သက်သက်သာဖြစ်ပါတယ်။ နိုင်ငံရေးစနစ် မဟုတ်ပါ။ စစ်ကြီးအပြီး လွပ်လပ်တဲ့ ကမ္ဘာမှာ တနည်းအားဖြင့် အနောက်ဖက်ခြမ်းလို ခေါ်ကြတဲ့ နိုင်ငံ တွေမှာ အစိုးရကို ပြည်သူလူထု ကရွေးချယ်တဲ့ လစ်ဖရယ် ဒီမိုကရေစီ ကိုပြန်လည်ကျင့်သုံးလာကြပြီး စီးပွားရေးအရ အရင်းရှင်စနစ်ကို ပြန်လည်အကောင်အထည်ဖေါ်လာကြပါတယ်။

ဥရောပကနိုင်ငံတွေထူထောင်ဖို့ မာရှယ်ပလင် (Marshall Plan) ကိုအမေရိကန်ငွေ နဲ့စတင် အကောင် အထည်ဖေါ်လာကြပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဗိုလ်ချုပ်ကြီးမက်ကာသာက ဦးဆောင်ပြီး ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအသစ်ပိုရေးဆွဲပြီး ပါလီမန်ဒီမိုကရေစီစနစ်ကိုပြန်လည်ထူထောင်ခဲ့ပါတယ်။

အရင်းရှင်စနစ်

အရင်းရှင်စနစ်

by Bo K Nyein on Monday, June 4, 2012 at 10:55pm ·

အရင်းရှင်စနစ်
အပိုင်း(၁)

လစ်ဖရယ်ဒီမိုကရေစီ၊ အရင်းရှင်စနစ် နှင့် မာက်စ်ဝါဒ

ဒီနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်မှုတွေက လျှင်မြန်လွန်းလှတယ်။ မကြုံစဖူး တချိန်ထဲမှာ ဖြစ်ပျက်ကြတာ။ အာရပ်ကမ္ဘာမှာ အစိုးရတွေကို ပုန်ကန်ကြတဲ့ အာရပ်နွေဦးရယ် ၊ တကမ္ဘာလုံးပြန့်နှံ့ သွားတဲ့ Occupy Wall St ဆိုတဲ့ ဝေါစတိ (လမ်း) ကိုသိမ်းပိုက်ကြဆိုတဲ့ လူထုဆန္ဒပြမှုတွေရယ် ၊ဥရောပ ယူလို(Euro) ငွေကြေး ပြဿနာတွေ အကြောင်းကိုပြောတာပါ။

တကယ်တန်းဆန်းစစ်ကြည့်ရင် လက်ရှိကမ္ဘာမှာရင်ဆိုင်နေကြရတဲ့ ပြဿနာတွေ အားလုံးဟာ အရင်း ရှင် စီးပွားရေးစနစ်နဲ့ ဆက်စပ်နေပါတယ်။ သို့ သော် ဆက်စပ်မှုတွေဟာ သိမ်မွေ့သလို ရှုပ်ထွေး မှုတွေ ရှိတာကြောင့် ပြဿနာအရင်းခံကိုသိရခက်တယ်။ တချိန်ထဲမှာ အပေါ်ယံရှပ်ကြည့်ရင် အရင်းရှင်စနစ် ဟာ မာက်စ်ဝါဒလို လမ်းဆုံးရောက်ပြီလားလို့ ထင် စရာ၊ မေးစရာ ရှိတယ်။

Sunday, June 3, 2012

တွေးမိတွေးရာ

by Bo K Nyein on Saturday, May 26, 2012 at 12:32am ·

ဆောင်းပါးတစ်ပုဒ်ရေးနေတာ .. မထင်မှတ်ပဲ .. ကိုယ်တွေ့မှတ်တမ်းတစ်အုပ်မှာ ဗကပ တွေနဲ့ တိုက်တဲ့ သိန္ဒီတံတားတိုက်ပွဲ နဲ့ ပဲခူးရိုးမ ပေါ်က ဖြတ်-လေး-ဖြတ် အကြောင်းတွေပြန်ဖတ်မိ နေတာနဲ့ အင်တာနက် တောင်မတက်ကြည့်မိဖူး။

ခဏလေး အတွင်းမှာ ကမ္ဘာကြီးက တိုးတက်မှုတွေမြန်လိုက်တာ

စာရေးသူစိတ်ဝင်စားတဲ့ ဖြစ်စဉ်တွေဆက်တိုက် ဒီရက်ပိုင်းတွေ အတွင်းမှာ ဖြစ်ခဲ့ရတယ်

လူတွေအများစု က တော့စိတ်ဝင်စားကြမှာ မဟုတ်ဖူး။ Space X ဆိုတဲ့ Private Company က ပထမဆုံးအကြိမ် Rocket ကိုအောင်မြင်စွာ လွှတ်တင်နိုင်ပြီ Space Station နဲ့ ချိပ်မိသွားပြီ်။ ဒါဟာ နောက်လာမဲ့ Space Age Capitalism ရဲ့ အစပဲ