သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, January 28, 2012

ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အခြေခံလုပ်သားဈေးကွက် မြင့်တက်လာနိုင်( ပေါ်ပြူလာ)

ပေါ်ပြူလာ

 

ရန်ကုန်၊ဇန်နဝါရီ ၁၉
အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်မှုတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အခြေခံလုပ်သား ဈေးကွက် မြင့်တက်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။ ”ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင် လာရင် ပညာရှင်တွေပဲပါလာမှာ၊ အခြေခံလုပ်သားကဒီကပဲငှားရမှာ၊ ဒီတော့ လုပ်သားတွေ အပြိုင်အဆိုင် ငှားရင် အခြေခံလုပ်သားဈေးကွက် ကတက်လာမှာပဲ” ဟု ရော်ဘာ လုပ်ငန်းရှင် ဦးကျော်မြင့်က ပြောသည်။  မြန်မာ့ရော်ဘာလုပ်ငန်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာပါက အခြေခံလုပ်သားများရှား ပါးလာနိုင်သောကြောင့် ပြည်တွင်း ရော်ဘာလုပ်ငန်းရှင်များအနေဖြင့်  ယခုအချိန်မှစ၍ အထွက်နှုန်း   ကောင်းသော   ဒေသနှင့်ကိုက်ညီသည့် မျိုးများကိုပြောင်းလဲစိုက်ပျိုး မှာသာ ပြည်ပရင်းနှီးမြှုပ်နှံသူများ နည်းတူ အခြေခံလုပ်သားများငှား ရမ်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း   မြန်မာနိုင်ငံ   ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  ယင်းသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု များဝင်ရောက်လာပါက အခြေခံလုပ် သားဈေးကွက် ကျယ်ပြန့်လာနိုင်၍ လူတိုင်း အလုပ်ရရှိနိုင်ပြီး ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအတွက်လည်း အထောက်အကူဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များက ပြောသည်။
အဆိုပါလုပ်သားဈေးကွက် နှင့် ပတ်သက်၍ မိုးမြင့်ဌေး ဆန် စပါး၊ ပဲ Export ကုမ္ပဏီမှ ဦးစိန်ထွေးက ”ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာ ရင် အလုပ်လက် မဲ့တွေလည်း အလုပ်အကိုင်တွေရလာမယ် အခြေ ခံ လုပ်ခလစာတွေကအစ အလုပ် သမား ဈေးနှုန်းတွေလည်း တိုးတက်လာနိုင်တယ်”ဟု ၄င်းက ရှင်းပြသည်။
ဧပြီဦး

No comments:

Post a Comment