သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, June 24, 2011

“ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး”

“ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး”

ဒီနေ့မနက် ၈ နာရီလောက်မှာ ထိုင်-မြန်မာ နယ်စပ် အမှတ် ၁ ဒုက္ခသည်စခန်း အတွင်းမှာ ရှိတဲ့ လူသွားလမ်းနဲ့ ကားလမ်းမတွေတလျှောက် လူတွေပြည့်ကြပ်လို့နေပါတယ်။
အယောက်လေးထောင်လောက် ရှိတဲ့လူအုပ်ကြီးက “ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေး… ဒို့အရေး(၂)။ ကရင်နီပြည် အချုပ်အချာအာဏာ တည်တန့်ခိုင်မြဲရေး… ဒို့အရေး(၂)။နယ်ချဲ့အစိုးရအာဏာပိုင် များ ကျဆုံးရေး…..ဒို့အရေး(၂)။ ကရင်နီအမျိုးသားခုခံတော်လှန်ရေး… အောင်ရမည်…အောင်ရမည် (၂)။” ဆိုတဲ့ကျွေးကြော်သံတွေနဲ့ ရပ်ကွက် -၈ အားကစားကွင်းပြင်ဆီကို တစ်စီတစ်တန်းကြီး ချီတက်သွားကြပါတယ်။ အဲဒီထဲက အများစုကတော့ကရင်နီမျိုးနွယ်စုတွေထဲကကျောင်းသားလူငယ် လေး တွေပါဘဲ။

nationalday2011
ကျောင်းသူကျောင်းသားနှင့် မိဘပြည်သူများ အခမ်းအနားရှိရာသို့ ချီတက်နေစဉ် (ဓါတ်ပုံ-ကေတီ)
သူတို့လေးတွေဟာ ယခု ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ဟောပြောပွဲအခမ်းအနားကိုသွားရောက်လေ့လာကြမှာပါ။ ကရင်နီ အမျိုးသား နေ့ဟာ ကရင်နီပြည်မှာနေထိုင်တဲ့ မျိုးနွယ်စုတွေအားလုံးကိုကိုယ်စားပြုတယ်ဆိုပေ မယ့် မြန်မာစစ်အစိုးရအဆက်ဆက် လက်ထက်မှာတော့ အသိအမှတ်မပြုဘဲပိတ်ပင်ထားခြင်းခံရ တဲ့အတွက် ပြည်တွင်းမှာ နေထိုင်တဲ့ကရင်နီလူငယ်တွေအနေနဲ့ ကိုယ့်မှာအမျိုးသားနေ့ရှိမှန်းတောင်မသိကြတော့ ပါဘူး။

“ဒီနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ဟာ ဗမာ လုံးဝ အသိမှတ် မပြုဘူး။ ဗမာလုံးဝ လက်မခံဘူး။ အဲဒါကြောင့်မို့လို့ ကျနော် ဒီစကားကို ပြောရင် ဗမာကို တော်တော် ထိခိုက်တယ်။ သမိုင်းအရ ပြန်ထောက်လို့ရှိရင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည် ဖြစ်တယ်ဆိုတာ ဒါသက်သေ။ သက်သေပြခြင်း ဖြစ်တဲ့အတွက်ကြောင့် ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး။”

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဒု-ဥက္ကဌ ခွန်းအယ်ဘယ်တွီးက ယခု ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခန်းအနားကိုတက်ရောက်တဲ့ လူအယောက် ၄ ထောင်ကျော်ရှေ့မှောက်မှ ဟောပြောသွားခဲ့တာပါ။
nationalday2011a
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဒု-ဥက္ကဌ ခွန်းအယ်ဘယ်တွီးက မိန့်ခွန်းပြောကြားစဉ် (ဓါတ်ပုံ-ကေတီ)
မြန်မာအစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ နေနေရတဲ့အတွက် ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီးလေ့လာသင်ယူ ရမယ့် အခွင့်အလမ်းမရှိခဲ့တဲ့ ကရင်နီပြည်တွင်းမှ လူငယ်အမျိုးသမီးဖြစ်တဲ့ မော်ဌေးမြာကယခုလိုပြော ပါတယ်။

“အနှောက်ဖက်ကမ်းမှာတော့ လွတ်လပ်ရေးနေ့ဆိုရင်တော့ အခမ်းအနားတွေတက်ဖူးတယ်။တိုင်းရင်းသား ကိုခေါ်ပြီး ၀တ်စုံတွေနဲ့တက်ဖူးတယ်။ ကရင်နီအမျိုးသားနေ့ကိုတော့ အနှောက်ဘက်ကမ်းမှာမတက်ဖူး ဘူး။ ဒီ ၂၀၁၀ ရလပိုင်း၊ ၁၇ ရက်နေ့မှာ ဒီဒုက္ခသည်စခန်းကို စရောက်လာပါတယ်။ဒီဒုက္ခသည်စခန်း ရောက်မှ ကရင်နီအမျိုးသားနေ့ကျင်းပတယ်။ စာမေးပွဲမှာလည်း မေးဖူးတယ်။ ဒီတခေါက်တော့ကိုယ်တိုင် တက်ရောက်ဖူးတယ်ပေါ့။”

ကရင်နီသမိုင်းကြောင်းရ လွန်ခဲ့တဲ့ BC ၇၃၉ နှောက်ပိုင်း ကရင်နီအမျိုးသားတို့ကိုနှစ်တစ်ရာတိုင် ကျွန်အဖြစ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ယွန်းတွေကို ကရင်နီအမျိုးသားတရပ်လုံးမှ စုစည်းညီညွတ်မှုဖြင့် တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။

ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ဗမာဘုရင်နဲ့ ဗြိတိသျှဘုရင်အစိုးရတို့ကကရင်နီ ပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် အသိအမှတ်ပြုရန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့တဲ့နေ့ရက်ကို အစွဲပြုပြီးပြည်နယ် အတွင်း မှီတင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးတို့မှ ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာရခြင်းနဲ့ ပတ်သက်ပြီး ခွန်းအယ်ဘယ်တွီးက အခန်းအနားမှာ ယခုလိုရှင်းပြပါတယ်။

“မင်းတုန်းမင်းခေတ်မှာတော့ ကရင်နီနယ်မြေကိုသိမ်းမယ် တကဲကဲလုပ်လာကြတယ်။ နှောက်တော့ ဗြိတိသျှနဲ့ထိပ်တိုက် ပြဿနာကို မရင်ဆိုင်ရအောင်ဆိုတဲ့အနေနဲ့ ဆိုတော့ သဘောက ကရင်နီကို ကြားနေနိုင်ငံပုံစံမျိုးရှိပြီးတော့ ကရင်နီနဲ့လွတ်လွတ်လပ်လပ်နေဖို့။ ကျနော်တို့ ဘယ်အဖွဲ့အစည်းကမှ ၀င်ရောက်ချုပ်ချယ်ချင်တာ မရှိဖို့ဆိုတဲ့အနေနဲ့ သက္ကရစ် ၁၈၇၅ခု ဇွန်လ ၂၁ရက်နေ့ ဒီလိုနေ့အချိန်အခါမှာ ဗြိတိသျှနဲ့ အင်းဝဘုရင်က သဘောတူညီချက်အရ ဗြိတိသျှကိုယ်စားလှယ်… ဗမာဘက်မှာဆိုရင် ဗမာဘုရင် ကင်းဝန်မင်းကြီးက ဗမာပြည်ကိုယ်စားပြုပြီးတော့ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ...အသိအမှတ်ပြုတယ်။ လက်မှတ်ထိုးတယ်။”
nationalday2011b
အခမ်းအနားသို့ တက်ရောက်အားပေး နားထောင်ကြတဲ့ မိဘပြည်သူများနှင့် ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-ကေတီ)
ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်ကြောင်း ဗမာဘုရင်နဲ့ဗြိတိသျှဘုရင်အစိုးရ တို့ကနေပြီး ဘယ်လိုအသိအမှတ်ပြုခဲ့ကြလဲဆိုတာနဲ့ ပတ်သက်ပြီး ကရင်နီသမိုင်းမှတ်တမ်းများစုစည်း ရေးသားသူ ခူးဘျားရယ်ပေါလူက ယခုပြောပါတယ်။

“ဖြစ်စဉ်က အနောက်ကရင်နီဖြစ်တဲ့ ခွိစနဲ့ ခွိကေးဖိုးဒူရဲ့သား ခွိစခွသီ သူ့နယ်မြေတည်မြဲရေးကနယ်ချဲ့ အင်္ဂလိပ်တွေကို သွားပြီးတော့မှ မဟာမိတ်ဖွဲ့လိုက်တယ်။ ဒီအပေါ်မှာ သူတို့ရရှိတဲ့အမြတ်ကမဟာမိတ် အင်္ဂလိပ်တွေ ပါဝင်မှုပေးပြီးတော့မှ သီးခြားလွတ်လပ်ရေးအတွက် လွမ်းမိုးဖို့ကြိုးစားတယ်။ ဒါပေမယ့် လွမ်းမိုးဖို့ကြိုးစားတုန်းမှာဘဲ အနောက်အုပ်စုက အင်္ဂလိပ်ဆီမှာသွားပြီးတော့မှသူ့ရပ်ရွာဒေသတည်မြဲရေး အတွက် ရယူလိုက်တော့။ ဟိုဘက်ကအနောက်အုပ်စုက ပိုပြီးအားကောင်းတာကိုး၊အကောင် ပိုကြီးတော့ အင်္ဂလိပ်ပါဝင်မှုနဲ့… သီးခြားလွတ်လပ်တဲ့ နေရာပေးရမယ်ဆိုပြီးတော့မှ ဗမာပြည်ကအသိအမှတ်ပြုလိုက် ရတယ်။”

ယနေ့ ကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ကရင်နီပြည်တွင်းမှအပ ပြည်ပရှိ ကရင်နီအမျိုးသားတွေ သွားရောက်နေထိုင်ကြတဲ့ အမေရိကန်၊ ဖင်လန်၊ သြစတေးလျးနဲ့ နယူးဇီလန်နိုင်ငံတို့မှာလည်း ကျင်းပပြုလုပ်ကြလို့ သိရပါတယ်။

လိုအပ်နေသော ညီမျှခြင်းများ....

လိုအပ်နေသော ညီမျှခြင်းများ....


 ဝေဟင်စစ်ဆင်ရေးများကို နှစ်သက်သော ကြောင့် တိုက်လေယဉ်မှုးဘ၀ကို ခံယူခဲ့သော်လည်း တကယ့်လက်တွေ့ မှာ ခက်ခဲကြမ်းတမ်းလွန်းပြီး အသက်ကို အလောင်းအစားပြုရသော တိုက်လေယဉ်မှုးဘ၀ ကို
 စွန့် လွှတ်  လိုသော ကြောင့် အထက် တာဝန်ရှိသူများကို ၄င်း၏ ချင့်ချိန်တွက်ဆမှုများ မှန်ကန်တိကျ ခြင်းမရှိတော့ဘဲ ဦးနှောက်စွမ်းဆောင်ရည် မှာ ပုံမှန်မဟုတ်ကြောင်းဖြင့် အကြောင်းပြပြီး မြေပြင်တာဝန်များသာ ထမ်းဆောင်ခွင့် ပြု၇န် တောင်းဆိုခဲ့သည်။ တာဝန်ရှိသူများက တင်ပြချက်အစအဆုံးကို သုံးသပ်ပြီးအမှန်တကယ် စွမ်းဆောင်ရည် ကျဆင်းသူသည် မိမိကိုယ်တိုင်၏ ချို့ ယွင်းချက်များကို သိမြင်နိုင်ခြင်းမရှိကြောင်းနှင့် ယခုတင်ပြချက်မှာ စွန့် စားမှုတာဝန်များကို ရှောင်လွှဲလိုသော တိုက်လေယဉ်မှုးတစ်ဦး ၏ တင်ပြချက်များအဖြစ်သတ်မှတ်ပြီး ပိုမို ကျွမ်းကျင်မှု၊နှင့် အတွေ့ အကြုံးများများရှိစေ၇န် အတွက်ကို သာ ဆက်လက်လေ့ကျင့်စေခဲ့ပြီး catch22 မစ်ရှင်ဖြင့် ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။ဂျိုးဇက်ဟယ်လာဆို သော စာရေးဆရာတစ်ဦး ၏ လေယဉ်မှုးဇာတ်ကောင် ကို အခြေခံရာမှ အမေရိကန် စာဖတ်သူ လူထုအကြား အပြောနှင့် အလုပ် တစ်ထပ်တည်းမကျလာသော အခြေအနေများ ကို catch22ဟု ခေါ်ဝေါ်သုံးစွဲကြသော အလေ့ဖြစ်လာကြသည်။
 
 တိုးတက် လှုပ်ရှားနေ ကြသော လူမှုဝန်းကျင်များတွင် အလားတူ စိန်ခေါ်မှုများကို ထိပ်တိုက် နဖူးတွေ့ ဒူးတွေ့ ရင်မဆိုင် လိုကြသည် များကို တွေ့ မြင်ခဲ့ကြရသလို တွေ့ မြင်နေရဆဲများ လည်းရှိနေသည်။အထူးသဖြင့် ယှဉ်ပြိုင်မှုများလှသော ကြော်ငြာလုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်းများ တွင် အုပ်ချုပ်ရေးပိုင်းများမှ အမြဲ ကြားရလေ့ ရှိကြသော စကားများအဖြစ် " အိုင်ဒီယာတွေ လို နေတယ် ၊ ဆန်းသစ်မှု တွေပေးပါ " ဆိုသည်များဖြစ်သည်။ တက်သစ်စလူငယ်များမှ ၄င်းတို့ တောင်းဆိုသော လိုအပ်ချက်များပေးလာသော  အချိန်မှာ တော့ လက်ခံကြပါသလား။ လက်မခံပါဘူး။ အဖြေက ရှင်းပါသည် ဆန်းသစ်မှုမှန်ပါသော် လည်း ပုံစံသစ်များ အတွက်   အတွေ့ အကြုံ မရှိသေးမှုများက စွန့် စားလွန်းရာကျနေ သည် ဟုသုံးသပ်ကြပြန်ပါတယ်။

 တုံ့ ပြန်မှုအဖြစ် အိုင်ဒီယာ အသစ် လမ်းအသစ် က ကောင်းတော့ကောင်းပါတယ် ဒါပေမယ့် မျက်စိစပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆုံးသတ်သွားပြီး အုပ်ချုပ်ရေးပိုင်း၏ catch22 ဖြစ်လာပါတယ်။ ဒီလို မျိုးမဖြစ်စေရေ့းအတွက် အိုင်ဒီယာ ခန်းခြောက်မှုများ မကြုံစေဖို့ အတွက် သုတေသနလုပ်ငန်းတွေ ကို အားပေးခြင်းဖြင့် အတွေ့ အကြုံလုံလောက်သော တည်ဆောက်မှုအသစ်များကို ကြိုဆိုနိုင်မည် ဖြစ်သည်။  လက်တွေ့ မပါသော မည်သည့် လုပ်ငန်းတွင်မှ စာရွက်နှင့် နမူနာ များပေးနေမျှ သက်သက် ဖြင့် ပြည့်စုံ ပြီးခြောက်ပြစ် ကင်းသော တိုးတက်မှုကို ရရှိမည် မဟုတ်ပေ။
 
 စီးပွားရေး လုပ်ငန်းကြီးများ၊ အများပြည်သူနှင့်ဆိုင်သော ပတ်ဝန်းကျင်နယ်ပယ် များတွင်ပင် ထိပ်ပိုင်းနေရာမှ ပုဂ္ဂိုလ် များ၏ အတွင်းကျသော တွေးခေါ်မှု  မှ ထွက်ပေါ်လာသော လက်သုံးစကားများတွင် လည်း catch22 ရှိပါသေးသည်။ တကယ် တော် ပြီးထူးချွန်မယ့်လူ များသာ ရှိလာမယ် ဆို ၀မ်းမြောက်ဝမ်းသာ နေရာဖယ်ပေး ဖို့ အသင့်ပါ။ အခုတော့ အားကိုးလောက်တဲ့ အရည်အချင်းရှိသူ ဆို မတွေ့ ရလို့  ဒီနေရာကို သည်းခံပြီးတာဝန်ယူနေရပါတယ်။တကယ်ပင် အခြေအနေများဆိုးရွား လာမည်စိုးသောကြောင့် မဖြစ်မနေတာဝန်ယူပေးနေရ သလို ပုံဖမ်းနေကြသည်။

 အမှန် တကယ် ထူးချွန်သော ပုဂ္ဂိုလ် များမှ တာဝန်ယူနိုင်သော စွမ်းရည်များရှိလာသော အခါ "အင်း...ဒီလူ ဟာဖြင့် တော်လွန်းနေတယ် ရှေ့ ကို နေရာရလာတဲ့ အခါ ငါ့ ထက်သာလွန်သွားနိုင်တယ်။မဖြစ်ချေဖူး။ သူ့ ရဲ့ အစွမ်းအစတွေ မှေးမှိန်ထားမှ လုပ်ပိုင်ခွင့်တွေထိန်းချုပ်ထားမှ  ငါ့ အခြေအနေ ကောင်းနိုင်လိမ့်မယ်"ဆို တဲ့ အတွေးမျိုး ပြောင်းပြီး catch22 ၀င် သွား ပြန်ပါ တယ်။
 
 နိုင်ငံ၏ ဘဏ္ဏာရေးလို ငွေကာမိစေ၇န် အတွက် အများပြည်သူနှင့် သက်ဆိုင်သော လမ်းမသုံးပြုခများ၊ ကား၊ ရထား၊ လေယာဉ်ကဲ့သို့  ကုန်စည်စီးဆင်းမှု အရေးပါသော အပိုင်းများတွင် အခွန်အခများတိုးမြှင့် ကောက်ခံခြင်းကြောင့် နှုန်းထားစရိတ်များတိုးမြှင့် လာသဖြင့် ပြည်သူ့ ဝင်ငွေ ကျဆင်းလာခြင်းသည် အခွန်ရှောင်သူများ ပိုမိုများပြားလာပြီး လိုငွေပြမှု မသက်သာစေသည့် အပြင် ပိုမိုဆိုးရွားလာစေသည် ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ခြင်း ကို လည်း catch22 ဟုသတ်မှတ်ကြသည်။

 ပြောင်းလဲမှုတစ်ခု ပြုပြင်မှုတစ်ခု ကို စတင်မယ် ဆိုရင် အကောင်းနှင့် အဆိုး (သို့ ) အမှန်နှင့် အမှား အစွန်းနှစ်ဖက်လွတ်စေမည့်  catch22ကို သတိပြုသော ညီမျှခြင်း အချိုးညီ အခြေအနေ မျိုးကို ထောက်ဆဆင်ခြင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

Written by : Ohnmar