စာဖတ်သူအကြိုက်
Sunday, December 25, 2011
တကယ်ဆိုးပြီဆိုရင် မိန်းမမီးယပ်ထက် ဆိုးတဲ့ ယောက်ျားဒူလာရောဂါ
ဂေါက် (သို့) ဒူလာရောဂါ ဆိုတာ ဘာလဲဂေါက် (သို့) ဒူလာရောဂါ ဆိုတာ အဆစ်အမြစ်ရောင်ရောဂါ တွေထဲက တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေ ပိုအဖြစ်များပါတယ်။ ခန္စာကိုယ်က အဆစ်တစ်ခုခု ရုတ်တရက် ပူလောင်သလို နာကျင်လာခြင်း၊ တောင့်တင်းလာခြင်း၊ ယောင်ရမ်းလာခြင်းတွေနဲ့ အစပျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခြေမအဆစ်မှာ စဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ လက် အပါအ၀င် တစ်ကိုယ်လုံးက အဆစ်တွေမှာလည်း ခံစားရနိုင်ပါတယ်။
နေရာလွဲမှား သန္ဓေတည်ခြင်း ဆိုသော တိတ်တဆိတ် လူသတ်သမား တစ်ယောက်
Ectopic Pregnancy: Getting to Know A Silent Killer for Womenမိုးရေစက်များ အုံ့အုံ့သည်းသည်း ရွာသွန်းသော ငယ်ဘ၀ထဲက ဇွန်လတစ်လတွင် ခင်မင်ခဲ့ရသော သူငယ်ချင်း မိန်းကလေး တစ်ဦး ရှိ၏။ ကျောင်းဖွင့်ရက် အတန်းသစ်၌ စတင် ခင်မင်ခဲ့ရခြင်း ဖြစ်သည်။ ပြုံးရွှင်ဖော်ရွေကာ သူငယ်ချင်းချင်း ကူညီတတ်၍ လူချစ်လူခင်ပေါသော သူမသည် ကျောင်းစာနှင့် ဘက်စုံထူးချွန်ဆု ပြိုင်ပွဲများ၌ မကြာခဏ ကျွန်တော်နှင့် အဓိက ပြိုင်ဘက် မကြာခဏ ဖြစ်ခဲ့ဖူးသဖြင့် မှတ်မှတ်ရရ ရှိခဲ့သည်။
ဆေးတက္ကသိုလ် တက်တော့လည်း တူတူမို့ ဆက်လက် ခင်မင်ရင်းနှီးခဲ့သည်။ သူမသည် ဘက်စုံ တော်သော အမျိုးသမီးတစ်ယောက် ဖြစ်ပြီး အလုပ်သင်ဆရာဝန် ဘ၀တွင် လူနာများကို ဂရုစိုက် ကုသပေးတတ်သော်လည်း သူမ၏ အားနည်းချက်မှာ ကိုယ်တိုင်၏ ကျန်းမာရေးကို တော်ရိလျော်ရိသာ ဂရုစိုက်တတ်ခြင်း ဖြစ်ကြောင်း ကျွန်တော် သတိထားမိခဲ့သည်။ ကျောင်းပြီးတော့ သူမ စီးပွားရေး လောကမှ ချစ်သူနှင့် အိမ်ထောင်ပြုကာ ဆေးလောကကို ကျောခိုင်းခဲ့သဖြင့် ထူးချွန်သော ဆရာဝန်တစ်ဦး လျော့သွားခြင်းကို ကျွန်တော် နှမျောခဲ့ဖူးသည်။
ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ
ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ
ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် အရမ်းကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါတိုင်းဟာ ဆိုးဝါးလှသလို ရင်သားကင်ဆာ ဆိုတာကလည်း ထိုနည်းတူပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ်ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေ သလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကလည်း ကြောက်ခမန်းလိလိပါပဲ။ပါကစ္စတန်အပေါ် Drone လေယာဉ်တိုက်ခိုက်မှု အမေရိကန် ရပ်ဆိုင်း
By ဗွီအိုအေ (မြန်မာဌာန)
နှစ်နိုင်ငံကြား ယုံကြည်မှုက ထိုးကျသွားပြီးတဲ့နောက် ပြန်ပြင်ဖို့ ရည်ရွယ်ပြီး စီအိုင်အေက မကြေညာဘဲ ခုလို ရပ်ဆိုင်းထားခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ယောက်ကို ကိုးကားပြီး လော့စ်အိန်ဂျဲလိစ် တိုင်းမ်စ် (Los Angeles Times) သတင်းစာကြီးက သောကြာနေ့က ရေးခဲ့တာပါ။
ရုရှားအစိုးရ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ထပ်မံဖြစ်ပွား
By ဗွီအိုအေ (မြန်မာဌာန)
ကြိုတင်မဲကို အမှန်ကန်ဆုံးဖြစ်အောင် လုပ်မည်
Subscribe to:
Posts (Atom)