သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, February 7, 2012

ပြည်သူများ နိုင်ငံရေးအသိအမြင်၊ ဗဟုသုတ ကြွယ်ဝစေရန် ၀က်ဘ်ဆိုက်သစ်လွှင့်တင်

ဇော်ဝင်းသန်း (MYANMAR TIME)

အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
ပြည်သူလူထုအကြား နိုင်ငံရေးအသိအမြင်၊ ဗဟုသုတ ကြွယ်ဝလာစေရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ပြီး www.myanmar affairs.com ၀က်ဘ်ဆိုက်အား EcoDev ခေါ် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကိုယ်စားပြုအဖွဲ့မှ လွှင့်တင်လိုက်ပြီ ဖြစ်သည်။

စာရေးဆရာကြီး Charles Dickens နှစ် ၂၀၀ ပြည့် နှစ်ပတ်လည်

By ဗွီအိုအေ(မြန်မာဌာန)

ဗြိတိန်နိုင်ငံ မင်းသား ချားစ်က  အင်္ဂလိပ်စာပေမှာ နာမည်ကျော်ကြား လူသိများတဲ့ ဝတ္ထုရေးဆရာ ချားစ်ဒစ်ကင်းရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ကို ဦးဆောင်ပြီးကျင်းပဖို့ စီစဉ်ထားပါတယ်။
မင်းသားဟာ   ဝက်စ်မင်းစတာ ဘုရားကျောင်းက  စာပေပညာရှင်တွေအတွက် သတ်မှတ်ထားတဲ့ Poet Coner လို့ နံမယ် ပေးထားတဲ့နေရာမှာ  ၁၈၇၀ ခုနှစ်က  မြှုပ်နှံထားတဲ့ ဒစ်ကင်းအုတ်ဂူမှာ အင်္ဂါနေ့မှာ လွမ်းသူ့ပန်းခွေချမှာပါ။   အဲဒီနေရာမှာ သူ့ကို အခြား စာပေလောက က  ထင်ရှားတဲ့  ဂျက်ဖရီ ချောဆာ (Geoffrey Chaucer)၊ တန်နီဆန် (Tennyson) ၊ နဲ့ ဆန်မြူရယ် ဂျွန်ဆင် (Samuel Johnson) တို့နဲ့ အတူမြုပ်နှံထားပါတယ်။

ASEAN စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင် (VOA)

By မစုမြတ်မွန်

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကိုလုပ်နိုင်မဲ့ အခြေအနေတွေကို လေ့လာဖို့ အာဆီယံ စီးပွားရေးဆိုင်ရာအသင်း အကြံပေးပုဂ္ဂိလ်တချို့  မြန်မာနိုင်ငံကို လာပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖွဲစည်းထားတဲ့ အာဆီယံ စီးပွားရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သိချင်တာတွေကို မေးသွားခဲ့ကြပါတယ်။ အာဆီယံနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေကို လုပ်ဖို့ စိတ်ဝင်စားသလဲ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ သူတို့ရဲ့ စိုးရိမ်မှုတွေက ဘာတွေလဲဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါလိမ့်မယ်၊

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ(RFA)

2012-02-07

အမေရိကန် ဗဟို စုံစမ်း ထောက်လှမ်းရေးအဖွဲ့ CIA ညွှန်ကြားရေးမှူး မစ္စတာ David Petraeus ဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ စီအိုင်အေ အရာရှိပိုင်းက ပြောဆိုကြောင်း နယူးယောက် တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။

အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုကို မြန်မာစိတ်ဝင်စား



မဇ္ဈိမသတင်းဌာန ။      ။ နိုင်ငံစုံပါဝင်ပြီး အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အား မြန်မာက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဂျပန် ကျိုဒိုသတင်းဌာနကို အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတချို့ ရုပ်သိမ်း

By featured, လင်းသန့် on February 7, 2012 4:00 pm

 
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများအနက် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တချို့ကို ရုပ်သိမ်းပေးလိုက်ကြောင်း သတင်းရရှိသည်။
အမေရိကန်အစိုးရ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေအရ အမေရိကန်က ရန်ပုံငွေထည့်ဝင်ထားသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစရှိသည့် ဘဏ္ဍာငွေကြေး အဖွဲ့အစည်းများမှ မြန်မာ နိုင်ငံကို ငွေကြေးဆိုင်ရာ အကဲဖြတ်မှု၊ နည်းပညာ ထောက်ပံ့မှုများ ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီး ပုသိမ်လူထု တခဲနက်ကြို

By featured, ရန်ပိုင် on February 7, 2012 4:12 pm 

 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့သူမြို့သားများအနေဖြင့် NLDပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဲပေးရန် ပုသိမ်မြို့ကိုးသိန်း အားကစားကွင်းတွင် ကျင်းပသော မဲဆွယ် ဟောပြောသည့် အခမ်း အနား၌ ပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း ပုသိမ်မြို့သို့ နံနက် ၁၁ နာရီ ခန့်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး စောင့်ဆိုင်းနေသည့် ဒေ သခံ ပြည်သူ ၅ သောင်း ခန့်အား မိနစ် ၃၀ ခန့်ဟောပြောရာတွင် NLD ပါတီအနေဖြင့် ပြည်သူများအား ကျေးဇူးဆပ်ရန်အတွက် အနှစ်၂၀ ခန့် စောင့်ဆိုင်းခဲ့ရကြောင်း၊ ပြည်သူ့အတွက် တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ပုသိမ်မြို့ နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသောင်းမြင့်က ပြောပြသည်။
ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းတွင် လူထုကို ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - AP)