သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, January 24, 2012

ဘတ်ဂျက်လိုငွေပြမှု လျော့ရန် စီမံကိန်းများကို လွှတ်တော်တွင် စီစစ်မည်

မျိုးသန့် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၈ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။        ။ ကြာသပတေးနေ့တွင် စတင်ကျင်းပရန်ရှိသည့် တတိယအကြိမ် လွှတ်တော် အစည်းအဝေး များတွင် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းကို အဓိကထား ဆွေးနွေးရန်ရှိပြီး စီမံကိန်းများ ကို စီစစ်ခြင်းဖြင့် အစိုးရအတွင်း လိုငွေပြမှုကို ထိန်းချုပ်နိုင်ရန်  ကြိုးပမ်းသွားမည်ဟု လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန အသီးသီးမှ လွှတ်တော်သို့ တင်ပြလာရန်ရှိသည့် စီမံကိန်းအချို့ကို လုပ်ဆောင်ရန်သင့်/မသင့် လွှတ်တော်တွင်း ဆွေးနွေးခြင်းဖြင့် ကြိုးစားထိန်းချုပ်သွားမည်လည်း ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

"ဘတ်ဂျက်လိုငွေ သိပ်မပြဖို့အတွက် မလိုအပ်တဲ့ စီမံကိန်းတွေကို ကျနော်တို့ ဖျက်နိုင်ရမယ်လေ။ နိုင်ငံတော်ရဲ့ ဒီအချိန် ဒီကာလမှာ ဒီစီမံကိန်းဟာ လိုအပ်သလား၊ စီမံကိန်းတော့ လုပ်ပါရဲ့၊ ပိုက်ဆံကလည်း အများကြီး ကုန်တယ်၊
ချေးငွေတွေနဲ့လုပ်တယ်၊ သူ့ဆီက ပြန်လာတဲ့ အကျိုးပြုမှု နည်းရင်လည်း ဒီလိုမျိုးစီမံကိန်းကို မလုပ်သင့်ဘူး။ ကျနော်တို့က ဆင်းရဲတဲ့နိုင်ငံကိုးဗျ" ဟု ပြောသည်။
parliament-session-photo
တတိယအကြိမ် လွှတ်တော် အစည်းအဝေး များတွင် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းကို အဓိကထား ဆွေးနွေးရန်ရှိပြီး စီမံကိန်းများ ကို စီစစ်ခြင်းဖြင့် အစိုးရအတွင်း လိုငွေပြမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဟု လွှတ်တော်အမတ်များက ပြော (ဓါတ်ပုံ မဇ္ဈိမ)

အေဘီမြောက်ပိုင်းလူသတ်မှု ကျနော့်မှာတာဝန်မရှိဘူး (မိုးသီးဇွန်) အင်တာဗျူး

မိုးသီးဇွန်
 
တချို့ လူတွေကသက်သက်မဲ့ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာတွေရှိတယ်။ကျနော်တို့ ကအကြိမ်ကြိမ်ရှင်းပြခဲ့တယ်။ မြောက်ပိုင်းကိစ္စတွေဟာ ဘယ်သူတွေတာဝန်ရှိတာလည်းဆိုတာ။ လူတဖက်သားကို လက်ညိုးမ ထိုး ချင်လို့ ။သမိုင်းဖြစ်ရပ်မှန်တွေရှိတယ်။ ပြန်လေ့လာပါလို့ ပြော ချင် တယ်။ အဲတော့ချဲလင့်လုပ်တာတခုကတော့ အခုအင်တာနက် မှာရေးနေ တဲ့လူုတွေ ကျနော်က အခုအမေ ရိကားမှာနေတယ်။ အင်္ဂလန် ကိုလည်း သွားတယ်။ ဂျပန်လည်းလာတယ်။ တရားဥပဒေရှိတယ်။ ကျနော့် ကိုကျနော်သင်္ဃန်း ကျွန်းနေတုန်းက ကျနော့်ကို ဖိုးတုတ်ကြီး ကနှိပ်စက် ထားတယ်။ခင်ဗျားကိုနှိပ်စက် ထားတယ်။ ဒါမှမဟုတ် တယောက်ယောက်ကိုနှိပ်စက်ထားတယ်။ ဒီရောက် လာရင် ရဲကိုအကြောင်းကြားလိုက်ပေါ့။ အဲဒါကိုလုပ်ပါ။ ချဲလင့်လုပ်ပါ။ သတ္တိရှိရှိနဲ့ ။ ဘာမှန်းမသိအမည် မခံပဲနဲ့ ရေးနေ။ ဒါတချက် ကျနော်ပြောချင်တယ်။ 

အိုဘားမားနိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည်



သမ္မတအိုဘားမားက သူ့ရဲ့စီးပွားရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး နှစ်ပတ်လည် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ပြောဆိုဖို့ ရှိပါတယ်။ အမေရိကန်လွှတ်တော် နှစ်ရပ်စလုံးရှေ့မှောက်မှာ သမ္မတအိုဘားမားက နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဒီနေ့ အင်္ဂါနေ့ညဘက်မှာ ပြောဆိုမှာပါ။
ပညာရေး၊ ပတ်ဝန်းကျင်မညစ်ညမ်းစေတဲ့ သန့်ရှင်းတဲ့စွမ်းအင်နဲ့ စက်မှုလုပ်ငန်းတွေအပါအ၀င် ရေရှည် တည်တံ့မယ့် စီးပွားရေးလုပ်ငန်းတွေကို ထူထောင်သွားမယ့် အစီအစဉ်ကို သမ္မတအိုဘားမားက သူ့ကို ထောက်ခံသူတွေကို မနေ့က ဗီဒီယိုကနေမိန့်ခွန်းပြောဆိုလိုက်တာပါ။

Oscar ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ

By ဗွီအိုအေ(မြန်မာဌာန)

မာတင် စကော့ဆေးဆီး (Martin Scorsese) ရိုက်ကူးတဲ့ Hugo လို့ခေါ်တဲ့ 3D သုံးဘက်မြင် ကာတွန်း ရုပ်ရှင်ကားဟာ အကောင်းဆုံး ဇာတ်ကားဆုအပါအ၀င် ဒီနှစ်အတွက် အော်စကာ ၁၁ ဆု လျာထားခံရပါတယ်။
ဒါဟာ အော်စကာ လျာထားခံရမှု အများဆုံး စာရင်းမှာရှိတဲ့ The Artist အသံတိတ် ရုပ်ရှင်ကား ထက်ကို ကျော်သွားတာဖြစ်ပါတယ်။ အော်စကာလျာထားခံရတဲ့ စာရင်းတွေကို ကယ်လီဖိုး နီးယားပြည်နယ် Beverly Hills မှာ Academy of Motion Picture Arts and Sciences က မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
ပြင်သစ်ဒါရိုက်တာ ရိုက်ကူးတဲ့ ဟောလိဝုဒ် အသံတိတ် ရုပ်ရှင်ကား The Artist ကတော့ အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် အော်စကာ ၁၀ ဆု လျာထားခံရပါတယ်။ The Artist ဇာတ်ကားဟာ ဒီလ Golden Globes ပွဲမှာ အကောင်းဆုံး ဟာသဇာတ်ကားဆု ရခဲ့ပြီးတဲ့နောက် အကောင်းဆုံး ဇာတ်ကားတစ်ကားအနေနဲ့ လူကြိုက်အများဆုံး ဇာတ်ကားတွေထဲမှာ ပါဝင်လာ ခဲ့တာပါ။
အကောင်းဆုံး ဇာတ်ကားဆုအတွက် လျာထားခံရတဲ့ကားတွေထဲမှာ Baseball ကစားတဲ့ အကြောင်းကို ရိုက်ထားတဲ့ Moneyball ရုပ်ရှင်ကားနဲ့ ဒါရိုက်တာ Steven Spielberg ရဲ့ ပထမကမ္ဘာစစ်တွင်းက မြင်းတွေအကြောင်းကို ရိုက်ထားတဲ့ War Horse ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
Moneyball နဲ့ War Horse ကားတွေဟာ အကောင်းဆုံး ဇာတ်လမ်းဆုအပါအ၀င် အော်စကာ ၆ ခုစီ လျာထားခံရတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

တိဘက်ဆန္ဒပြသူ တရုတ်နှိမ်နင်းမှု အမေရိကန် ဝေဖန်

By ဗွီအိုအေ(မြန်မာဌာန)
တိဘက် ဆန္ဒပြသူတွေကို တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အတွက် တချို့သေဆုံးပြီး ဒဏ်ရာရသူ အတော်များများ ရှိခဲ့တဲ့အပေါ် စိုးရိမ် ပူပန်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
အခုလ အစောပိုင်းက လူ ၄ ယောက် ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေသွားကြပြီးနောက်ပိုင်း အခုလို အကြမ်းဖက် နှိပ်ကွပ်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Maria Otero က မနေ့က အင်္ဂါနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားတာပါ။

မြိတ် NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်မှုဖြင့်ကြုံ (မဇ္ဏျိမ)

nldmake

  တနင်္သာရီတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NlDရုံး(ဓါတ်ပုံ မဇ္ဈိမ)

 

ကျော်ခ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၉ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။        ။ တနင်္သာရီတိုင်း၊ မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း
ဒေါ်တင်တင်ရီ အား အဖွဲ့ချုပ်ဝင် လူငယ်တဦးက မြိတ်မြို့ NLD ရုံးရှေ့တွင် အဖွဲ့ချုပ်တံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်မှု တခုတနင်္လာညေပိုင်းက ဖြစ်ပွားခဲ့သည်။ ဒေါ်တင်တင်ရီ မှာ မြိတ် NLD အကြပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင် ပါတီကို လစ်လျူရှုပြီး ရွေးကောက်ပွဲ ဝင်ချိန်ကျမှသာ အဆင်သင့် ဝင်ရောက် အရွေးခံသဖြင့် NLD ပါတီနှင့် မထိုက်တန်ကြောင်း ပြောဆိုကာ မြိတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စာတမ်းနှင့် ပါတီတံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်ခဲ့ခြင်းကို တွေ့မြင်ရသူ NLD အဖွဲ့ဝင်များက ပြောသည်။

ဒေါ်စုနဲ့ ၈၈ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ


မကြာသေးခင်ကမှ အကျဉ်းထောင်တွေအတွင်းကနေ လွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲံ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်၊

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ခရီးထွက်မယ်

2012-01-24

အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ စည်းရုံးရေး ခရီးစဉ်အဖြစ် လာမယ့် ဇန်နဝါရီ ၂၉ ရက်က စပြီး မြိတ်၊ ထားဝယ်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေကို သွားမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
AFP
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: RFA)

လူထုကို လုံခြံမှုပေးနိုင်သည့် ဥပဒေပြဌာန်းပေးရန် တောင်းဆို(ဧရာဝတီ)

By featured, မြတ်မိုး on January 24, 2012 4:42 pm 

 
သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ၀င်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပဲခူးမြို့ရှိ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်စဉ် (ဓာတ်ပုံ - ဧရာဝတီ)

အနုပညာအရေးကလည်း အမျိုးသားရေးပါပဲ

By featured, မစပ်စု on January 24, 2012 4:23 pm 

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်နဲ့ ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာ ပရိသတ်အကြား ရေပန်းစားအောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ထွန်းအိုန္ဒြာဗိုဟာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုဇာဂနာတို့ ဦးဆောင်စီစဉ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိဇာတ်ကား ဖြစ်မြောက်ရေး ကော်မတီဝင်တယောက်အဖြစ် လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။ ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ဇာတ်ကားကို လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ရိုက်ကူးမှာပါ။


မြောက်ပိုင်းလူသတ်မှု စုံစမ်းရေးကော်မရှင်ဖွဲ့ပြီ(ဟစ်တိုင်)

 (ကောင်းမြတ်သူ -၂၃-၁ -၂၀၁၂

မြောက်ပိုင်းလူသတ်မှု နဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးဖြစ်တယ်လို့ ထိုင်းမြန်မာနယ်စပ်က လာတဲ့ သတင်းတွေအရသိရပါတယ်။

ခက်တာက ကော်မရှင်ကို ဘယ်သူတွေနဲ့ဖွဲ့တယ်၊ သူတို့ဟာ ဘယ်လောက် တရားဝင်တယ်၊ ဘယ်လိုစုံစမ်းမှုတွေ လုပ်နေတယ်ဆိုတာတော့ တိတိပပ မသိရသေးပါဘူး။
ဖွဲ့တာကတော့ ABSDF ဌာနချုပ်က တာဝန်ယူပြီးဖွဲ့တာဖြစ်တယ်လို့သိရတာပါ။

ဒါကြောင့် ABSDF ဌာနချုပ်ကို သတင်းထုတ်ပြန်ဖို့ တောင်းဆိုလိုက်ပါတယ်။
ကိစ္စအားလုံးကို ကြိတ်ဖြေရှင်း ဖို့ကြိုးစားတဲ့ နည်းနာတွေကို ရပ်တန့်သင့်ပါပြီ။
ခက်တာက ကိုအောင်မိုးဝင်းတင်ပြနေတဲ့ မှတ်တမ်းမှာ ရော်နယ် အောင်နိုင်ကိုသာ ဇတ်လိုက်လုပ်ထားပေမဲ့ အမှန်တော့ ABSDF လူသတ်မှု ဇတ်လမ်းတွဲမှာ အခြား အဓိကဇတ်ကောင်တွေ ဒါရိုက်တာတွေ ဇတ်ပို့ဇတ်ရံတွေ နဲ့ ထုတ်လုပ်သူတွေပါ ပါဝင်နေတာပါ။