By ဗွီအိုအေ (မြန်မာဌာန)
ဗြိတိန်နိုင်ငံကနေခွဲထွက်ဖို့ စကော့တလန်က စိတ်ကူးနေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်တဲ့ အကြောင်း Edinburgh ကို အလည်အပတ် ရောက်သွားတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန် (David Cameron) က ပြောလိုက်ပါတယ်။
ဗြိတိန်နိုင်ငံအဖြစ် တစုတစည်းတည်းရှိနေစေဖို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဝန်ကြီးချုပ်က စကော့တလန်လွှတ်တော်မှာ ပြောလိုက်တာပါ။ စကော့တလန်အနေနဲ့ အင်္ဂလန်လိုပဲ ကိုယ့်ဖာသာ အုပ်ချုပ်ကောင်း အုပ်ချုပ်သွားနိုင်မှာဖြစ်ပေမဲ့ အတူတကွတည်ရှိတာက ပိုကောင်းမယ်လို့လည်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။
By featured, လင်းသန့် on February 17, 2012 4:21 pm
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဘီဂျေ နမ်ဘီယာက ဒေါ်အောင် ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည့် ဧပြီလ
ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း မြန်မာ့နိုင်ငံရေး ပိုမိုကောင်းမွန်လာနိုင်သည် ဟု ယမန်နေ့က ပြောကြားလိုက်သည်။
မစ္စတာ နမ်ဘီယာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဓာတ်ပုံ - AP)
2012-02-16
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ ၀င်ပြိုင်မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
RFA
2012-02-16
မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို အားပေးကူညီဖို့ ပြန်လည်ထိတွေ့ ဆက်ဆံတော့မှာဖြစ်ပြီး ထောက်ပံ့ကူညီမှုတွေ ပြန်ပေးတော့မယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။
ကမ္ဘာ့ဘဏ် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ Mrs. Pamela Cox က တိုင်းပြည်ရဲ့ အခြေခံစီးပွားရေး အဆောက်အအုံတွေနဲ့ ဘဏ္ဍာရေး ကဏ္ဍအခြေအနေကို လေ့လာသုံးသပ်ဖို့ ကျွမ်းကျင်သူတွေ စေလွှတ်မှာဖြစ်ကြောင်း၊ လူထုအတွက် သုံးစွဲတဲ့ငွေတွေ လိုရာရောက်မရောက်၊ ထိရောက်မှုရှိမရှိ စတဲ့ အစိုးရ အသုံးစရိတ်တွေကို လေ့လာဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောဆိုပါတယ်။
2012-02-16
ရွှေည၀ါ ဆရာတော်အနေနဲ့ နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ လာရောက် လျှောက်ထားခဲ့တယ်လို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ကြားပါတယ်။
(ဒီမိုဝေယံ website)