သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, February 27, 2012

တောင်သူလယ်သမားများ အမှန်တကယ် လိုအပ်သော အချက်ခုနစ်ချက်အားလယ်ယာ မြေဥပဒေတွင် ပြဋ္ဌာန်းနိုင်ရေး တင်ပြထား

myanmar time

အိအိတိုးလွင်
အတွဲ ၂၈ ၊ အမှတ် ၅၅၈ ( ၂၄ ၊ ၂ - ၁ ၊ ၃၊ ၂၀၁၂)
လယ်ယာမြေဥပဒေအား ပြဋ္ဌာန်းနိုင် ရန် လွှတ်တော်တွင် ကိုယ်စားလှယ် အသီးသီးက ဆွေးနွေးလျက်ရှိချိန်တွင် တောင်သူ လယ်သမားများကလည်း ၎င်းတို့ အမှန်တကယ်လိုအပ်နေသော အချက်များ ယင်းဥပဒေတွင် ပါဝင်နိုင်စေရန် နိုင်ငံတော် သမ္မတနှင့်တကွ သက်ဆိုင် ရာလွှတ်တော်ဥက္ကဋ္ဌများထံ အချက် ခုနစ်ချက်ဖြင့် တင်ပြတောင်းခံထားရာ အချက်ငါးချက်ကို လက်ခံမည်ဟု ယူဆ ရကြောင်း ၎င်းတို့က ပြောကြားသည်။

တရုတ်နိုင်ငံသား အများအပြား အိုဘားမား ၀က်ဘ်ဆိုက်မှာ စာရေးကြ


တရုတ်နိုင်ငံက Google အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီရဲ့ Google-plus လူမှုကွန်ယက် အင်တာနက် ၀က်ဘ်ဆိုက်ကို ဖွင့်ပေးလိုက်တဲ့အတွက် ရာပေါင်းများစွာသော တရုတ်နိုင်ငံသားတွေ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ရဲ့ အင်တာနက် ၀က်ဘ်ဆိုက်ပေါ်မှာ စာတွေ ရေးသားခဲ့ကြပါတယ်။

ဦးနှောက်နှင့်တူသော စက်ဦးနှောက်များ

အင်တာနက်ဂျာနယ်

အတွဲ(၁၃) အမှတ်(၈)
Wednesday, 22 February 2012 20:58

လူဦးနှောက်လို အလုပ်လုပ်နိုင်တဲ့စက်၊ ဦးနှောက်စွမ်းရည်ထက် သာလွန်တဲ့စက်မျိုး တီထွင်နိုင်ဖို့ကိစ္စဟာ လူသားတွေရဲ့ အဆုံးစွန်သော ရည်မှန်းချက်ဖြစ်ပါတယ်။ ဆင့်ကဲတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ ကွန်ပျူတာကို တီထွင်ခဲ့ကြတာလည်း ဒီရည်ရွယ်ချက်ပါပဲ။ ဒါပေမဲ့ စက်တွေရဲ့ အလိုအလျောက်လုပ်မှုဟာ ဦးနှောက်နဲ့တော့မတူသေးပါဘူး။ သူတို့ကို ပုံစံချပေးထားတဲ့အတိုင်းပဲ အလုပ်လုပ်တတ်ပါသေးတယ်။

အပြီးသတ်ပြင်ဆင်ထားသည့် Twitter ဒီဇိုင်းသစ်ကို ပွဲထုတ်မိတ်ဆက်

အင်တာနက်ဂျာနယ်

အတွဲ(၁၃) အမှတ်(၈)
Sunday, 26 February 2012 19:55

ဝက်ဘ်အသုံးပြုသူများမှ အရေးကြီးသည့် tweet များနှင့် topic များကို အလွယ်တကူရှာဖွေနိုင်ရန်အတွက် ရည်ရွယ်ကာ ပြန်လည်ပြင်ဆင်ထားသည့် ဒီဇိုင်းသစ်အား ပြီးခဲ့သည့်ဒီဇင်ဘာလက မိတ်ဆက်ပေးခဲ့ပြီးနောက် အပြီးသတ်ပြင်ဆင်ထားသည့် New Twitter အား အသုံးပြုသူအားလုံးထံ မိတ်ဆက်ပေးလိုက်ကြောင်း Twitter မှကြေညာခဲ့သည်။

ရန်ကုန်မြို့အတွက် ဂျီအက်စ်အမ်ဖုန်းလိုင်း ၁ သိန်းခွဲချထားပေးမည်

အင်တာနက်ဂျာနယ်

အတွဲ(၁၃) အမှတ်(၈)
Sunday, 26 February 2012 20:39

၂၀၁၁ ခုနှစ် တစ်နှစ်တာကာလပတ်လုံး တန်ဖိုးနည်းဖုန်းလိုင်းချထားပေးမည်ဟုသာ သတင်းထုတ်လွှင့်ခဲ့ပြီး အမှန်တကယ်ချထားပေးခြင်းမရှိခဲ့သည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများကို လာမည့် မတ်လအတွင်း၌ အမှန်တကယ်ချထားပေးတော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့က အတည်ပြုပြောဆိုခဲ့သည်။ မတ်အတွင်း၌ ချထားပေးမည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာအတွက်

သုံးခွမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်


2012-02-26
NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို ဒီကနေ့ညနေ (၆)နာရီလောက် ရောက်ရှိသွားပြီး သုံးခွမြို့နယ်မှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင်အတွက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။
National League for Democracy

နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည် 2012-02-26


NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတို့ကို မတ်လ ၃ ရက်နေ့မှာ ပါတီစည်းရုံးရေးခရီးစဉ် စတင်မယ်လို့ NLD ပါတီက ထုတ်ဖေါ်ပြောဆိုပါတယ်။

၈၈ မျိုးဆက်တွေကို မန္တလေးဒေသခံတွေ ကြိုဆို


2012-02-25
မြန်မာနိုင်ငံမှာ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးခရီးစဉ်အဖြစ် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အဖွဲ့ ၁၁ ဦးဟာ မြစ်ကြီးနားမြို့က နေ မန္တလေးမြို့ကို ဒီကနေ့ ညနေ ၄ နာရီခွဲက ရောက်ရှိလာပါတယ်။
88 generation students