သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, February 9, 2012

လှိုင်သာယာ တိုင်ရီစက်ရုံ ဆန္ဒပြမှု အခြားစက်ရုံသို့ ကူးစက်

ကျော်ခ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၁ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံတွင် လေးရက်ဆက်တိုက် ဆန္ဒပြမှု
ဖြစ်ပွားနေစဉ် ယင်းစက်ရုံအနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း အလုပ်သမား တထောင်ကျော်က လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ကြာသာပတေးနေ့က ထိုင်သပိတ်ဆန္ဒပြ တောင်းဆိုလျက် ရှိသည်။

ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည်

မင်းသက် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၂၄ မိနစ်


ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေဖိုး ရေခ ဈေးနှုန်းများ တိုးမြှင့်
ကောက်ခံတော့မည် ဖြစ်ကြောင်း ကြာသပတေးနေ့က တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (ရေနဲ့သန့်ရှင်းမှု) ဌာနမှူး ဦးစိုးမြိုင်က ပြည်တွင်း သတင်းမီဒီယာများကို ညနေ ၃နာ၇ီခွဲတွင် ရုံးခန်းသို့ ဖိတ်ကြားကာ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဇာဂနာ နှင့် ဟီလာရီ ကလင်တန် တွေ့ဆုံ


By featured, လင်းသန့် on February 9, 2012 6:49 pm 

 
အမေရိကန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ဇာဂနာ ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က ၀ါရှင်တန် ဒီစီ မြို့တွင် တွေ့ဆုံသည်။
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့် အနေဖြင့် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
မစ္စ ဟီလာရီ ကလင်တန်နှင့် ကိုဇာဂနာ လက်ဆွဲနှုတ်ဆက်နေစဉ်(ဓာတ်ပုံ - အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန)

အစိုးရနှင့် ABSDF ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမည်

By featured, သန်းထိုက်ဦး on February 9, 2012 10:21 pm 

 
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး အတွက် နှစ်ဘက် ကိုယ်စားလှယ်များ ပဏာမအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ပြုလုပ်သည်။
ယနေ့ဆွေးနွေးပွဲတွင်တွေ့ရသော ABSDF ခေါင်းဆောင်များ(ဓာတ်ပုံ - ABSDF)

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေးရန် မင်းကိုနိုင်ပြော(ဧရာဝတီ)

By featured, လင်းသန့် on February 9, 2012 4:09 pm 

 
အာဏာရှင်ဟောင်း ဦးနေ၀င်း၏ တော်လှန်ရေးကောင်စီလက်ထက် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် တက္ကသိုလ် ကျောင်း ၀င်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်
ဖြိုခွဲ ဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အအုံ
အအုံကို ပြန်လည်ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြား လိုက်သည်။