ကိုဝိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၆ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်များနှင့် KNU ထိန်းချုပ်နယ်မြေမှ ကရင်လူထု မှတ်ပုံတင်ရရှိရန် ဖေဖော်ဝါရီ တတိယပါတ်တွင် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးရဦးမည်ဟု KNU ဗဟိုကော်မတီဝင် စောဒေးဗစ်ထော က ပြောသည်။
ဇန်နဝါရီ ၁၂ ရက်နေ့ အပစ်ရပ် လက်မှတ်ထိုးသည့် ခရီးစဉ်အတွင်း သမ္မတ၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီနှင့် အလွတ်သဘော ဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
ကိုဝိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၄၈ မိနစ်
(တိုင်းရင်းသားလူငယ် ကိုတင်ထူးအောင် နှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္ဈိမ)။ ။ ကိုတင်ထူးအောင်သည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီတို့တွင် တာဝန်ပေးအပ်ခံရကာ တိုင်းရင်းသား လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူဝါဒနှင့် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဖြစ်သည်။
၂၀၀၇ ခု လောင်ဆာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး၊ သံဃာများမေတ္တာပို့ ဆန္ဒဖော်ထုတ်ပွဲတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် ၂၀၀၇ ခု အောက်တိုဘာတွင် အာဏာပိုင်များ၏ ဖမ်းဆီးပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရသည်။
Posted by AF in ဆောင်းပါးများ
ကာလတစ်ခုတုန်းက ကျွန်တော်နေခဲ့ သော ရပ်ကွက်လေးက လူဦးရေ နည်းသည်။ လမ်းတွေက သန့်သည်။ ရေစီးရေ လာ ကောင်းသည်။ စတိုးဆိုင် နှစ်ဆိုင် နှင့် စာအုပ် အငှားဆိုင်လေး တစ် ဆိုင်ရှိသည်။ တစ် အိမ်နှင့် တစ်အိမ်ကပ် မနေသဖြင့် တစ် ယောက်၏ ကိုယ် ရေးမှတ်တမ်းကို တစ် ယောက်က မသိနိုင် သလို တစ်ယောက် မိသားစု ၏သန်းခေါင် စာရင်းပါ လူစာရင်းကို နောက် မိသားစု က မသိနိုင်ခဲ့ပေ။ အနည်းငယ် သူမေးစမ်းသည်ဟု ပြောလို့ ရသော်လည်း ကျွန်တော်က ကျေနပ်သည်။ အဘယ်ကြောင့် ဆိုသော် မည်သည့် စကားလုံး မျှ ကုလားဖန် အထိုးမခံရသောကြောင့် ဖြစ်သည်။
Posted by AF in ဆောင်းပါးများ
ကျွန်တော် ကံကောင်းတယ်လို့ ပြောရမှာက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ‘ပေကျင်း’မှာ ကျင်းပ ခဲ့တဲ့ ၈-၈-၂ဝဝ၈ ခုနှစ် ကမ္ဘာ့အို လံပစ်ပွဲတော်ကြီး ကျင်းပခါနီး ရက် သတ္တပတ်အလိုမှာ ‘ပေကျင်း’ သို့ ရောက်ရှိနေပြီး အားကစားပွဲ အစီအစဉ်တွေကျင်းပဖို့ ပြင်ဆင်နေမှု အသေးစိတ်ကို ကြည့်ရှုလေ့လာခွင့် ရခဲ့တာပါပဲ။ အဲဒီလိုပဲ ၂ဝ၁ဝ ပြည့်နှစ်၊ အောက်တိုဘာ ၂၃ ရက်မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ၇၂ နိုင်ငံပါဝင်သော ဓနသဟာယအားကစားပွဲတော် ကာလအတွင်းမှာလည်း နယူးဒေလီမှာ ရောက်ရှိနေခဲ့ပြန်ပါတယ်။ တကယ်တော့ ဒီအားကစားပွဲကြီး နှစ်ပွဲစလုံးက သူတို့နိုင်ငံရဲ့ ဥစ္စာဓနကြွယ်ဝမှု၊ ခေတ်မီမှု၊ နည်းစနစ်ကျမှု၊ လုံခြုံစိတ်ချရမှု စတာတွေ ကို နိုင်ငံတကာမှာ ထုတ်ပြကြွားဝါခြင်း တစ်မျိုးပဲဖြစ်ပါတယ်။ ဒီပွဲနှစ်ပွဲ ကျင်းပတဲ့ အားကစားရွာတွေ၊ အား ကစားကွင်းတွေကို လေ့လာခွင့်ရခဲ့ တာလည်း ဒီနိုင်ငံနှစ်ခုရဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ရောက်ရှိနေမှုကို သေချာပေါက်ကိုယ်တွေ့ မျက်မြင်တွေ့မြင် သိရှိရခြင်းပဲဖြစ်ပါတယ်။
အိန္ဒိယစီးပွားရေး တိုးတက်မှုနှုန်းက အခုနှစ်မှာ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးချဲ့မယ်လို့ဆိုတယ်။ ဒီအတိုင်းဆိုရင် လာမယ့်ဆယ်စုနှစ်နှစ်ခုအတွင်း အိန္ဒိယဟာ နိုင်ငံတိုင်းအပေါ် လျင်မြန်တဲ့နှုန်းထားနဲ့ ကျော်တက်သွားမှာ သချာတယ်။ ကျိန်းသေတာက လက်ရှိဖွံ့ဖြိုးမှုနှုန်းထား ကောင်းနေတာကြောင့် ၂ဝ၁၃ မှာ တရုတ်ကို အမီ လိုက်နိုင်မယ်လို့ စီးပွားရေး ပညာရှင်တွေက တွက်ပြထားကြလေရဲ့။ အိန္ဒိယက တရုတ်ကို စီးပွားရေးအရ ကျော်တက်နိုင်မယ့် အကြောင်းက နှစ်ချက်ရှိတယ်။ တစ်ချက်ကလူဦးရေ (Demograph) ပဲ။ တရုတ်က တစ်အိမ်ထောင် တစ်ယောက်ပဲမွေးရမယ်ဆိုတဲ့ မူဝါဒကြောင့် တရုတ်လုပ်သားအင်အားစုဟာ မကြာခင် အသက်အရွယ်ကြီးရင့်လာကြပြီး လုပ်နိုင်ကိုင်နိုင်စွမ်းသူ ဦးရေလျော့ရဲလာလိမ့်မယ်။ အိန္ဒိယမှာတော့ ဒီပြဿနာမရှိဘူး။ အသက်ကြီးသူ လူဦးရေနဲ့ လူငယ်ဦးရေ အချိုးအစားက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်နေတယ်။ အာရှတစ်ခုလုံးရဲ့ စီးပွားရေးကို အထောက်အကူပြုခဲ့တဲ့ လူဦးရေခွဲတမ်း ((Demograph Dividend) အိန္ဒိယမှာ ရှိနေပြီလို့ ဆိုပါတယ်။ ဒုတိယအချက်ကတော့ အိန္ဒိယနိုင်ငံရဲ့ သက်တမ်းရင့်ကျက်နေပြီဖြစ်တဲ့ဒီမိုကရေစီစနစ်ပါပဲ။
ဒီကနေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ပါ။ အာရှနဲ့ ကမ္ဘာတလွှားမှာ မီးရှူးမီးပန်းတွေ ဖောက်ပြီး တရုတ် နှစ်သစ်ကူးပွဲတော်တွေကို ဆင်နွှဲနေကြပါတယ်။ တရုတ်ရိုးရာ ပြက္ခဒိန်အရ ဒီနှစ်ဟာ နဂါးနှစ်ပါ။ ဒဏ္ဍာရီဆန်တဲ့ နဂါးသင်္ကေတဟာ အင်အားကောင်းမွန်တဲ့သဘော၊ သစ္စာရှိတဲ့သဘောနဲ့ ကံကောင်းတဲ့ သဘောတွေ ဆောင်တယ်လို့ ယုံကြည်ကြပြီး နဂါးနှစ်မှာ မွေးဖွားသူတွေဟာ အဲဒီအရည်အချင်းတွေ ရှိလိမ့်မယ်လို့လည်း ယုံကြည်ကြပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံက အငြင်းပွားစရာဖြစ်နေတဲ့ နျူကလီးယားအစီအစဉ်ကို ရပ်ဆိုင်းစေဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ အီးယူ (EU) က အီရန်နိုင်ငံကနေ ရေနံဝယ်ယူမှု အသစ်တွေကို ပိတ်ပင် တားဆီးလိုက်သလို အီရန်ဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်လိုက်ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
ရုရှားနိုင်ငံက နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်းကို အိန္ဒိယနိုင်ငံကို လွှဲပြောင်းပေးတဲ့ အခမ်းအနားကို ရုရှား အရှေ့ဖျားက ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းနားမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ရုရှားနဲ့ အိန္ဒိယ အရာရှိတွေ တက်ရောက်ခဲ့ကြပေမဲ့ သတင်းထောက်တွေကိုတော့ တက်ရောက်ခွင့် မပေးခဲ့ပါဘူး။
2012-01-23
မကြာသေးခင်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ၀န်ကြီးချုပ်ဟောင်း၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ မြရိပ်ညို ပညာရေးနဲ့ ကျန်းမာရေး ဖောင်ဒေးရှင်းကို နာယက အဖြစ် ဦးဆောင်မယ်လို့ သိရပါတယ်။
RFA
2012-01-23
မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို အားပေး ထောက်ခံတဲ့ အနေနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို စတင် လျှော့ချသွားဖို့ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ တနင်္လာနေ့က သဘောတူခဲ့ ကြပါတယ်။
RFA
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပသော စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်လာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူ သံအမတ် မစ္စတာ David Lipman တို့ကို အတူတွေ့ရစဉ်။ ဓါတ်ပုံ - RFA
2012-01-23
မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးဖို့နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ပါကစ္စတန်နိုင်ငံ သမ္မတ မစ္စတာဇာဒါရီဟာ မြန်မာနိုင်ငံကို နှစ်ရက်တာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်လာဖို့ ရှိပါတယ်။
By featured, ဧရာဝတီ on January 23, 2012 1:46 pm
ပြည်တွင်း သတင်းဂျာနယ်အများစုက သတင်း လွတ်လပ်ခွင့် တဖြည်းဖြည်းရရှိလာသည်ဟု ထင်မှတ်နေသော်လည်း စာပေ စိစစ်ရေးက တချို့သော သတင်းများကို
လုံးဝမထည့်ရန် တားမြစ်ပြီး တချို့သတင်းများအား ဖြုတ်ပယ်နေဆဲ ဖြစ်ကြောင်း သိရသည်။
ရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ဖယ်ရှားခံရသည့် သတင်းကို လုံးဝ ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးက သတိပေး တားမြစ်လိုက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲသတင်းကိုလည်း အကန့်အသတ် များဖြင့်သာ ဖော်ပြခွင့် ပြုကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ဆိုသည်။
ဂျာနယ် လက်ပွေ့အရောင်းသမား တဦး (ဓာတ်ပုံ - Getty Images)
By featured, အောင်လင်းထွဋ် on January 23, 2012 3:15 pm
ဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းရေး ပြည်တွင်းပြည်ပမှ ဝိုင်းဝန်းဖိအားပေးတိုက်တွန်းမှုများ အားကောင်းခြင်း၊ မြန်မာ့ စစ်ခေါင်းဆောင်ဟောင်းများ
ကိုယ်တိုင် မအောင်မြင်သော မူဝါဒများကို သဘောပေါက် ဝန်ခံလာခြင်းနှင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း သို့ နောက်မဆုတ်တမ်း စတင် ခြေလှမ်းလှမ်းနေခြင်းတို့ကို အငြင်းပွားစရာရှိမည် မထင်ပါ။
ဦးအောင်လင်းထွဋ် (ဓါတ်ပုံ - photayokeking.org)
ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေး ကြိုးပမ်းသွားမည်ဟုဆို
By featured, ဧရာဝတီ on January 23, 2012 12:31 pm
မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂများ ပေါ်ထွန်းရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ
မင်းကိုနိုင်က ပြောသည်။
ဒီမိုကရေစီစနစ် ကျင့်သုံးသော ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းမည်ဆိုပါက ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့် ပြုရမည်ဖြစ်ကြောင်း၊ ကျောင်းသား သမဂ္ဂများသည် ကျောင်းသားလွှတ်တော်များပင်ဖြစ်ပြီး ဒီမိုကရေစီ စနစ်အတွက် အလေ့အကျင့်ကောင်း ပေးသော နေရာများဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေးအတွက် အညံ့ခံမည်မဟုတ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့ ရန်ကုန် တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မင်းကိုနိုင်က ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
2012-01-22
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
RFA
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။