သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, January 12, 2012

လူကုန်ကူးမှုပြဿနာ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ

By မစုမြတ်မွန်

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးပြဿနာတွေ၊ လူကုန်ကူးမှု ပြဿနာတွေ ရှိနေဆဲပဲလို့ မြန်မာနိုင်ငံ အခြေအနေကိုလာကြည့်တဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca က ပြောလိုက်ပါတယ်။ အစိုးရအနေနဲ့ ဒီပြဿနာတွေ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုပြီး ကိုင်တွယ် ဖြေရှင်းဖို့အတွက်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ Mr. Cde Baca က ရန်ကုန်မှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုဆန္ဒဖော်ထုတ်ဖို့ ဒေါ်စုတိုက်တွ

့By မသင်းသီရိ

ဓာတ်ပုံ Thin Thiri 

Republican သမ္မတကိုယ်စား လှယ်လောင်း Mitt Romney အနိုင်ရ

Republican သမ္မတကိုယ်စား လှယ်လောင်း Mitt Romney အနိုင်ရ

အမေရိကန်ပြန်ထောင်စုအရှေ့မြောက်ပိုင်း နယူးဟမ့်ရှိုင်းယားပြည်နယ်မှာကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းပဏာမရွေးချယ်ပွဲမှာ မက်ဆာချူးဆက်စ်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney က အနိုင်ရသွား ပါ တယ်။
အခုလိုအနိုင်ရလိုက်တာဟာ ဒီနှစ် နိုဝင်ဘာလကျရင် ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဘားရက် အိုဘားမားနဲ့ယှဉ်ပြိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းတခု ရှေ့ကိုတက်လာတာပါပဲ။ မဲတွေအားလုံးနီးပါး ရေတွက်လိုက်တဲ့အခါမှာ Mitt Romney က တက္ကဆက်ပြည်နယ်ရဲ့ လွှတ်တော် အမတ်လည်းဖြစ်ပြီး စစ်ဆန့်ကျင်ရေးသမားလည်း ဖြစ်တဲ့ ရွမ်ပေါလ် (Ron Paul) ထက် ဆယ်ဂဏန်း အသာရထားပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရန်သိပ္ပံပညာရှင်သေဆုံး

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရန်သိပ္ပံပညာရှင်သေဆုံး

အီရန်နိုင်ငံ၊ တဟီရန်မြို့မှာ ဒီနေ့ ဗုံးပေါက်ကွဲမှုကြောင့် နျူကလီယားအစီအစဉ်မှာ သိပ္ပံပညာရှင်အဖြစ် လုပ်ကိုင်နေသူ တက္ကသိုလ်ပါမောက္ခတဦး သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းတွေက ဖော်ပြလိုက်ပါတယ်။
မော်တော်ဆိုင်ကယ်စီးလာသူတယောက်က သိပ္ပံပညာရှင် Mostafa Ahmadi Roshan ရဲ့ကားအောက်မှာ ဗုံးထောင်ခဲ့တာလို့ Fars သတင်း အေဂျင်စီကဖေါ်ပြလိုက်တာပါ။

ဆီးရီးယား ဆူပူမှု ပြည်ပသတင်းသမားတွေ သေဆုံး ထိခိုက်

ဆီးရီးယား ဆူပူမှု ပြည်ပသတင်းသမားတွေ သေဆုံး ထိခိုက်

ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆဒ် (Bashar al-Assad) ကို ဗုဒ္ဓဟူးနေ့က ရှားရှားပါးပါး လူထုရှေ့မှာ တွေ့လိုက်ရပါတယ်။ ၁၀ လကြာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်က လျှို့ဝှက် ပူးပေါင်းကြံစည်မှုတွေကို ဆီးရီးယား အစိုးရအနေနဲ့ အနိုင်ယူသွားမယ်လို့ သမ္မတ ဘာရှား အယ်လ် အာဆဒ် က ဒမတ်စကဒ်မြို့မှာ သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာရှေ့မှာ ပြောဆို သွားခဲ့တာပါ။

တိဘက်အရေး အမရိကန် ၀င်မစွက်ဖို့ တရုတ်သတိပေး

တိဘက်အရေး အမရိကန် ၀င်မစွက်ဖို့ တရုတ်သတိပေး

တရုတ်နိုင်ငံမှာ တိဘက်ဘုန်းတော်ကြီးတွေ ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင်တဲ့ဖြစ်ရပ်တွေ ပိုပြီးဖြစ်လာတဲ့အပေါ် အထူး စိုးရိမ်တယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုခဲ့ပြီးတဲ့နောက် အမေရိကန်အနေနဲ့ ဘာသာရေး ဖြစ်ရပ်တွေကို ခုတုံးလုပ်ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက် စွက်ဖက်မှုတွေ မလုပ်ဖို့ တရုတ်က သတိပေး ပြောဆိုလိုက်ပါတယ်။

အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်သွားမည်

အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်သွားမည်

အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်က ဆက်ဆံရေးတွေ တိုးမြှင့်လာနေချိန်မှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ ရှေ့လထဲလောက် သွားဖို့ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာစ် သတင်းက ဖော်ပြလိုက်တာပါ။

ဗမာက ကချင်ကို ဂရုစိုက်ကြောင်း နာရေးအသင်း ပြသလို


owl
ချင်းမိုင်(မဇ္ဈိမ) ။        ။ ဗမာလူမျိုးများက ကချင်လူမျိုးများအပေါ် ဂရုစိုက်နေကြောင်းကို ပြသလိုသောအားဖြင့် စစ်ပွဲကြောင့် တိမ်းရှောင်နေထိုင်နေရသော ကချင်ဒုက္ခသည်များသို့ ကျပ်ငွေ သိန်း ၃၀၀ ကို ထပ်မံ လှူဒါန်းရခြင်း
ဖြစ်ကြောင်း ရန်ကုန်မြို့ နာရေးကူညီမှုအသင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ကော့မှူးသားများ ၀မ်းမြောက်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကိုရွေးချယ်ထားသဖြင့် ထိုဒေသရှိ ပြည်သူများ၊ နိုင်ငံရေးသမားများက ဂုဏ်ယူ ၀မ်းသာနေကြသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)
“ကျနော်ကတော့ ပျော်ရွှင်ပြီးတော့ ကောင်းကင်မှာ လွင့်နေသလိုတောင် အောင့်မေ့တယ်ဗျ၊ လူတွေကလည်း တခဲနက် ထောက်ခံနေကြတယ်” ဟု NLD ၏ ကော့မှူးမြို့နယ် ရွေးကောက်ပွဲ  အောင်နိုင်ရေး ကော်မတီ တာဝန်ခံ ဦးအေးသိန်းက ပြောသည်။