သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, August 20, 2011

စိတ်ရှည်လက်ရှည် လက်တွဲခေါ်ယူနေတယ်ဆိုတာ ဘယ်ကိုလဲ

စိတ်ရှည်လက်ရှည် လက်တွဲခေါ်ယူနေတယ်ဆိုတာ ဘယ်ကိုလဲ

(၁/၂၀၁၁) သတင်းစာရှင်းလင်းပွဲ။
အစိုးရသစ်ရဲ့ ပွဲဦးထွက် သတင်းစာရှင်းလင်းပွဲ ဖြစ်တယ်။ အကွက်ချပြင်ဆင်ထားတာလည်း ဖြစ်တယ်။ ဒီတော့ သတိထားပြီး ဖတ်ရှုလေ့လာပါတယ်။

အဓိကအားဖြင့် ဘယ်လိုဦးတည်ချက်လဲ၊ ဘယ်လို အကြောင်းအရာတွေကို အဓိကထားပြီး ရှင်းလင်းတာလဲ။ ဘယ်လို စကား လုံးတွေ အသုံးပြုသွားသလဲ၊ သတင်းစာမှာ ဘယ်လိုဖေါ်ပြခဲ့သလဲ ဆိုတာကို ဂရုစိုက်မိပါတယ်။

တူညီတာက နေပြည်တော်သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁) နဲ့ “စိမ်းလဲ့ကန်သာတွေ့ဆုံမှု” သတင်းကို တပြိုင်နက်တည်း ဖေါ် ပြတာပါ။

မတူညီတာက ဦးကျော်ဆန်းရဲ့ ရှင်းလင်းပွဲ (၁/၂၀၁၁)ကို သတင်းစာမျက်နှာဖုံးပြည့် ဖေါ်ပြထားပြီး“စိမ်းလဲ့ ကန်သာတွေ့ဆုံမှု” ကို သတင်းစာ နောက်ကျောဖုံး (မင်းမဲ့စရိုက်ဖြင့် ဒီမိုကရေစီမရနိုင်၊ ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင်၊ အခြေခံဥပဒေဖြင့်သာ ဒီမိုက ရေစီ ရနိုင်သည်နဲ့ ပြည်သူ့သ ဘောထား ) အောက်တည့်တည့်မှာ အသေအချာ နေရာပေး ဖော်ပြထားပါတယ်။

သတင်းစာမှာ ဒီလိုနေရာချထားဖေါ်ပြမှုတွေဟာ ဘယ်လိုသဘောထားကို ထင်ဟပ်နေတယ်ဆိုတာ “ဝါရင့် သတင်းစာသမား ကြီးတွေ” ပို သိပါတယ်။ ပိုပြီး နားလည်ပါတယ်။ ဦးကျော်ဆန်းပြောတဲ့စကားနဲ့ ဦးအောင်ကြည် ပြောတဲ့စကားတွေမှာ ဘယ်သူ က ပိုပြီး အခရာကျတယ်၊  အရာရောက်တယ်ဆိုတာလည်းဝါရင့်သတင်းစာ ဆရာကြီး တွေ ပိုသိပါလိမ့်မယ်။

(၁/၂၀၁၁) သတင်းစာရှင်းလင်းပွဲရဲ့ ဦးတည်ချက်က KIO/KIA ကိစ္စတွေ ပင်တိုင်အကြောင်းအရာအဖြစ်ထားပြီး အခြားအ ကြောင်းအရာ ကိစ္စတွေနဲ့ ဆက်စပ်ရှင်းလင်းသွားတာပဲ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲရဲ့နာမည် အပြည့်အစုံက အခုလိုပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အခြေခံဥပဒေနှင့် အညီ ပြောင်းလဲ ရပ်တည်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁)” 

ဒီနေရာမှာ အဓိက သတိပြုသင့်တဲ့စကားရပ်က “ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့ပြီးနောက်---အခြေခံဥပဒေ နှင့်အညီ ပြောင်းလဲရပ်တည်နိုင်စေရေး--- နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု“ ဆိုတဲ့ စကားရပ်တွေပဲ ဖြစ်ပါတယ်။

စကားလုံးအသုံးအနှုန်း ကိစ္စမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့အသုံး အနှုန်းတဲ့ စကားလုံး ပြောင်းလဲသွားတယ်။ ယခင်ကလို “အထူးဒေသ” ဆိုတာတွေ မသုံးတော့ဘူး။ “KIA (ကချင်) အဖွဲ့၊ UWSA (ဝ) အဖွဲ့၊ NDAA (မိုင်းလား)အဖွဲ့၊ NMSP (မွန်)အဖွဲ့နဲ့ KNU (ဦးဌေးမောင်)အဖွဲ့”လို့ ဆိုပြီးသုံးလာ တယ်။ အသုံးအနှုန်း ပြောင်းလဲလာတယ်ဆို တာ သဘောထား ပြောင်းလဲလာလို့ပဲ မဟုတ်လား။

နောက်တစ်ခုက ယခင် အစိုးရအဆက်ဆက်နဲ့ မတူဘဲ ပြောင်းလဲကျင့်သုံးလာတယ်လို့ဆိုတဲ့ “စေတနာအရင်းခံတဲ့၊ ပျော့ ပြောင်းတဲ့ နည်းဗျူ ဟာ” ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ပြောင်းလဲ ကျင့်သုံးလာတယ်လို့ ဆိုတဲ့“စေတနာအရင်းခံ တဲ့၊ ပျော့ပြောင်းတဲ့နည်းဗျူဟာ” ဆိုတာကို ဦးကျော်ဆန်းပြောတဲ့ စကားအပြည့်အစုံက ဒီလို -

- “အဲဒီလို ကြိုးပမ်းတည်ဆောက်ရာမှာလည်း ယခင် အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့တဲ့ “ငြိမ်းချမ်းရေး တည် ဆောက်ဖို့ဆိုရင် သောင်းကျန်းသူများအနေနဲ့ ပထမဦးစွာ လက်နက်ချ အလင်းဝင်ပါ။ ဒီလိုလက်နက်ချအလင်းဝင် လာသူတွေ အတွက် ပြန်လည်ထူထောင်ရေးကို နိုင်ငံတော်က တာဝန်ယူမယ်“ ဆိုတဲ့နည်းကို မကျင့်သုံးဘဲ…

- “ဥပဒေဘောင်အတွင်းကိုသာ အရင်ဝင်ခဲ့ပါ။ နှစ်ဖက်အပစ်အခတ် ရပ်စဲထားမယ်။ လက်နက်များကိုလည်း ဆက် လက် ကိုင်ဆောင်ခွင့်ပေးထားမယ်၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို နိုင်ငံတော်က တာဝန်ယူ တည်ဆောက်ပေးမယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ပါ။ နှစ်ဖက်နားလည်မှုတည်ဆောက် ကြမယ်” ဆိုတဲ့ စေတနာ အရင်းခံတဲ့၊ ပျော့ပြောင်းတဲ့နည်းဗျူဟာကို ပြောင်းလဲ ကျင့်သုံးဆောင်ရွက် ခဲ့ပါတယ်“

- “အဲဒီလိုတည်ဆောက်ခဲ့တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇)ဖွဲ့နဲ့ အဖွဲ့ငယ်ပေါင်း (၂၃)ဖွဲ့တို့ ဥပဒေ ဘောင်အတွင်း ဝင်ရောက်ခဲ့ကြပါတယ်။ ဒါဟာ ခေတ်အဆက်ဆက် ဘယ်အစိုးရလက်ထက်မှာမှ အောင်မြင်မှု မရနိုင်ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှုပြဿနာကို တပ်မတော်အစိုးရလက်ထက်မှာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်အောင် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်”

ယခင် အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့တဲ့နည်းနဲ့ ဦးကျော်ဆန်းတို့ (နဝတ-နအဖ) စစ်အစိုးရကျင့်သုံးခဲ့တဲ့နည်း တွေကို ကျနော်တို့ လေ့လာကြပါစို့။

ဦးကျော်ဆန်းပြောခဲ့တဲ့ နည်းဗျူဟာ ၂ရပ်မှာ ယခင် အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာပဲဖြစ်ဖြစ်၊ (နဝတ-နအဖ) စစ်အစိုးရ ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာမှာဖြစ်ဖြစ် အပေါ်လွင်ဆုံးနဲ့ အထင်ရှားဆုံးအချက်က “နိုင်ငံရေးပြဿနာ”အဖြစ် အသိအ မှတ် မပြုတဲ့အချက်နဲ့  “ပြည်တွင်း သောင်းကျန်းမှုပြဿနာ”လို့သာသဘော ထားတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီသဘောထားအပေါ်မှာ လက်တွေ့ကျင့်သုံးခဲ့တဲ့ (ကျင့်သုံးဆဲ)နည်းဗျူဟာကတော့ အပြုတ်တိုက်ချေမှုန်းတာနဲ့ လက်နက်ချစေ တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ယခင် အစိုးရအဆက်ဆက်နဲ့ ဦးကျော်ဆန်းတို့ (နဝတ-နအဖ) အစိုးရကျင့်သုံးခဲ့ ပျော့ပြောင်းတဲ့ နည်းဗျူဟာမှ ခြားနားတဲ့အ ချက်ဆိုလို့ ကြံဖန်ပြီး ပြောရမယ်ဆိုရင် “လက်နက်အရင်ချရမယ်” ဆိုတဲ့ အချက်နဲ့“လက်နက်နောက် မှချရမယ်” ဆိုတဲ့ အချက် မှာပဲ ခြားနားပါတယ်။ “လက်နက်ချရမယ်” ဆိုတဲ့သဘောကတော့ မပြောင်းမလဲ အတူတူပဲ ဖြစ်ပါတယ်။

ဒီတော့ နှစ်ပေါင်း ၂၀ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပေမယ့် ဒီကနေ့အထိ တည်တံ့ခိုင်မြဲတဲ့  ငြိမ်းချမ်းရေး မရနိုင်သေး တာပဲ ဖြစ်တယ်။ ယခင် အစိုးရအဆက်ဆက်လည်း မရခဲ့ဘူး။ (နဝတ-နအဖ) စစ်အစိုးရ လက်ထက်မှာလည်း မရခဲ့ဘူးဆိုတာ အခုဖြစ်ရပ်တွေ က ဖေါ်ပြနေပြီပဲ။ ယခင် အစိုးရအဆက်ဆက် လက်ထက်တွေမှာလည်း အဖွဲ့အစည်းအလိုက် လက်နက်ချတာတွေ၊ အစုလိုက် အပြုံလိုက် လက်နက်ချခဲ့တာတွေ (၁၉၅၈ ကာလမှာ) ရှိခဲ့ဖူးတာပဲ။

(နဝတ-နအဖ) လက်ထက်မှာ “(၁၅)ဖွဲ့က နိုင်ငံတော်သို့ အပြီးအပိုင် လက်နက်စွန့်လွှတ် အပ်နှံခဲ့တယ်။ အဖွဲ့ (၅)ဖွဲ့က နယ် ခြားစောင့်တပ် (BGF) ပြောင်းလဲခဲ့ကြပြီး အဖွဲ့ (၁၅)ဖွဲ့က ပြည်သူ့စစ်အဖြစ် အသွင်ကူးပြောင်းနိုင်ခဲ့တယ်” ဆိုတာ ဘာမျှမဆန်း ပါဘူး။ ဒါတွေဟာ တကယ့်ငြိမ်းချမ်းရေးမဟုတ်ဘူး ဆိုတဲ့အချက်ကိုတောင် သက်သေပြ နေသလို ဖြစ်နေပါသေးတယ်။

ရှင်းလင်းထင်ရှားနေတာက ဘယ်ခေတ်မှာမှ၊ ဘယ်အစိုးရလက်ထက်မှာမှ လူမျိုးစုံ ပြည်သူတစ်ရပ်လုံးကလိုလား တောင့်တနေ တဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိခဲ့သေးတဲ့အချက် ဖြစ်ပါတယ်။

တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာက တန်းတူရည်တူရှိတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အပစ်ရပ်ခဲ့တဲ့ နှစ် (၂၀)ကျော်အတွင်းမှာလည်း (နဝတ-နအဖ)စစ်အစိုးရ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံ ရေးအရ တန်းတူရည်တူ မဆွေးနွေးခဲ့ဖူးပါဘူး။ 

အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာရတာကလည်း ဗမာပြည်ကွန်မြူနစ်ပါတီကို ဖြိုခွဲရာကနေ ပေါ်ထွက်လာတဲ့ အကျိုးဆက် ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ ပြိုကွဲရင် ပြီးရောဆိုတဲ့ “တစ်နပ်စားဗျူဟာ”နဲ့ “အထူးဒေသ”တွေ ဖေါ်ထုတ်ခဲ့တာပါ။

ဒါကြောင့် “အဖွဲ့အစည်း၊ နယ်မြေနဲ့ ကျည်ဆံတစ်တောင့်၊ လက်နက်တစ်လက် အပ်စရာမလိုဘူး”ဆိုတာဖြစ်လာ တာပါ။ ဗမာ ပြည်ကွန်မြူနစ်ပါတီ ဦးဆောင်မှုကို ဖယ်ရှားခဲ့သူတွေကို အဓိက ပစ်မှတ်ထားခဲ့တဲ့ ဗျူဟာလည်း ဖြစ်ပါတယ်။

ဒီဗျူဟာကို  (နဝတ) စစ်အစိုးရဟာ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေဘက်သို့ ၁၉၉၀ ရွေးကောက်ပွဲပြီး တဲ့နောက်မှ တိုးချဲ့ ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ (နဝတ) စစ်အစိုးရတွက်ကိန်း အတွက် အနိုင်ရခဲ့ရင် ဒီပေါ်လစီ ဟာ တမျိုးတဖုံ ပြောင်းလဲသွားစရာ ရှိပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ နောက်ဆုံးခွဲထွက်ခဲ့တဲ့ (၁၀၁) စစ်ဒေသ စခုန်တိန့်ယိန်းနဲ့ အပစ်အခတ်ရပ်စဲခဲ့တာ (၁၉၈၉ ဒီဇင်ဘာ ၁၅)ရက်နေ့ ဖြစ်ပါတယ်။

(၁၉၉၁ ဇန်နဝါရီ ၁၁ရက်)မှာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ(၅) KDA (ယခင် KIA တပ်မဟာ ၄)နဲ့ အပစ်အခတ် ရပ်စဲ ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF) မူလအဖွဲ့ဝင်တွေဖြစ်တဲ့ (KIO)နဲ့ အပစ်အခတ် ရပ်စဲခဲ့တာ(၁၉၉၄)၊ မွန်ပြည်သစ်ပါတီနဲ့ အပစ်အခတ်ရပ်စဲခဲ့တာ (၁၉၉၅)မှာ ဖြစ်ပါတယ်။

ဒီလိုနေ့ရက်တွေ ဖေါ်ပြနေတာက သူတို့သဘောထားဟာ တစ်သမတ်တည်းမရှိခဲ့ဘူးဆိုတာနဲ့ သူတို့ပရိယာယ်ကို ထင်ရှားစေ ချင်လို့ပါ။

ဒီတော့ မူလကတည်းက စေတနာမမှန်တဲ့၊ မရိုးသားတဲ့ ပေါ်လစီဟာ အနှစ် ၂၀ကြာတဲ့အခါမှာ မအောင်မြင်တာ ဘာမျှမဆန်း ပါဘူး။ စေတနာအကျိုးပေးတာပဲလို့ ပြောရမှာပါ။

နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းအရ တန်းတူရည်တူ မဖြေရှင်းဘဲနဲ့ ပြေလည်တဲ့အဖြေကို မရနိုင်ပါဘူး။
“ထာဝရငြိမ်းချမ်းရေး” ဆိုတဲ့စကား ဗလာစကားပဲ ဖြစ်နေပါလိမ့်မယ်။ လှည့်ဖျားမှုပဲ ဖြစ်နေပါလိမ့်မယ်။ တကယ့်ငြိမ်းချမ်းမှုကို တကယ်တမ်း လိုလားရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တန်းတူရည်တူ ဆွေးနွေးအဖြေရှာဖို့သာ ဖြစ်ပါတယ်။

အဖွဲ့ (၅)ဖွဲ့က အသွင်ကူးပြောင်းခြင်းကို လက်ခံခြင်း မရှိခဲ့ဘူးလို့ဆိုတဲ့  KNU (ဦးဌေးမောင်)အဖွဲ့ကလွဲရင် ကျန်တဲ့ အဖွဲ့ (၄)ဖွဲ့ ဟာ အဖွဲ့ကြီး (၁၇)ဖွဲ့ထဲက ဖြစ်ပါတယ်။

“နိုင်ငံတော်အနေဖြင့် KIO အဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာ တင်ပြချက်များကို အစွမ်းကုန် လိုက်လျောပြီးဖြစ် / KIO အနေဖြင့် စစ် မှန်သော ငြိမ်းချမ်းရေးကို လိုလားမှုရှိ/မရှိ မိမိကိုယ်မိမိ ဆန်းစစ်ရန်လို”တယ်လို့ ဦးကျော်ဆန်းက ဝမ်နိန် (warning) ပေးထားပါ ပြီ။ KIO တစ်ဖွဲ့ထဲကိုပဲ သီးသန့်ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။ အားလုံးကို ပေးတဲ့ “ဝမ်နိန်”ဖြစ်ပါတယ်။

ဦးကျော်ဆန်းပြောနေတဲ့ “စေတနာအရင်းခံတဲ့၊ ပျော့ပြောင်းတဲ့နည်းဗျူဟာ” ဆိုတာတွေဟာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ဆိုတဲ့ “ဘောင်”ထဲကို အသာတကြည် ဝင်ရောက်လာစေဖို့ ဖြစ်ပါတယ်။

“စေတနာအရင်းခံနဲ့ သဘောထားကြီးစွာ စိတ်ရှည်စွာ စေ့စပ်ညှိနှိုင်း လိုက်လျော ဆောင်ရွက်နေတာတွေ”ဟာ  ဖွဲ့စည်းပုံ အခြေ ခံဥပဒေ (၂၀၀၈) ဆိုတဲ့ “ဘောင်”ထဲကို ဝင်ရောက်လာစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဖွင့်ပေးထားတဲ့ အပေါက်က ဝင်လာခဲ့ကြပါ ဆိုတာကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ဘောင်ထဲ ဝင်ရောက်လာဖို့ ဖြစ်ပါတယ်။ တခြားလမ်း ဖွင့်ပေးမထားပါဘူး။

“NLD ဟာ နိုင်ငံရေး ဆောင်ရွက်မယ်ဆိုပါက တရားဝင်ပါတီ ထူထောင်ခွင့်ရအောင် ဥပဒေနဲ့အညီ လုပ်ဆောင် ရမှာပဲ” ဆိုတဲ့ စကားကလည်း တရားဝင်ပါတီထောင်မှ နိုင်ငံရေးလုပ်ဆောင်ခွင့် ရှိမယ်လို့ ပြောလိုက်တာပါ။

ဥပဒေနဲ့အညီ မှတ်ပုံမတင်ဘဲ နိုင်ငံရေး လုပ်ခွင့်မပြုဘူးလို့လည်း အဓိပ္ပါယ် သက်ရောက်ပါတယ်။တွေ့ဆုံဆွေးနွေး နေ တယ်၊ စေ့စပ်ရေးစကား ပြောဆိုနေတယ်ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို လက်ခံလာ စေဖို့သာလျှင် ဖြစ်ပါတယ်။

ဦးအောင်ကြည် တွေ့ဆုံနေတယ် ဆိုတာကလည်း ဒီဦးတည်ချက်အောက်ကနေ ဒီလိုသဘောထားအခြေခံတွေနဲ့ တွေ့ဆုံနေ တာ ဖြစ်ပါတယ်။

ဦးကျော်ဆန်းက သပ်သပ်၊ ဦးအောင်ကြည်က သီးခြား၊ သူတို့ချင်း “ကွဲပြား”နေကြတာ မဟုတ်ပါဘူး။ စနစ်တကျ တာဝန် “ခွဲ ခြား”ပြီး ကိုင်တွယ်နေကြတာဖြစ်ပါတယ်။ ဒီလို ခွဲခြားပြီး လုပ်နေတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ဘောင်ထဲ ဝင်လာစေ ရေး ဆိုတဲ့ ပင်မလုပ်ငန်းကြီးရဲ့ အခက်အလက်များ၊ အကိုင်းအခက်များသာ ဖြစ်ပါတယ်။

သူတို့ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ဖြစ်တယ်။

ဒါကြောင့် ဦးသိန်းစိန် သမ္မတအစိုးရကတော့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ အင်အားစု တွေကိုပဲဖြစ်ဖြစ် (အခြေခံဥပဒေကို လက်မခံနိုင်သေးတဲ့သူတွေအဖြစ် သဘောထားပြီး)ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ထဲ စိတ် ရှည်လက်ရှည် လက်တွဲ ခေါ်ယူနေတာ ဖြစ်ပါတယ်။

အိမ်ခြံမြေခွန်များ လက်ရှိနှုန်းထားအတိုင်းသာ ဆက်လက်ကောက်ခံသွားမည် ဆိုသောကြောင့် အိမ်ခြံမြေဈေး အေးစက်ဖွယ် မရှိဟု ကျွမ်းကျင်သူအချို့ ပြောကြား

အိမ်ခြံမြေခွန်များ လက်ရှိနှုန်းထားအတိုင်းသာ ဆက်လက်ကောက်ခံသွားမည် ဆိုသောကြောင့် အိမ်ခြံမြေဈေး အေးစက်ဖွယ် မရှိဟု ကျွမ်းကျင်သူအချို့ ပြောကြား (စီးပွားရေး အထူးသတင်း)

ရန်ကုန်တိုင်းဒေသကြီး၏ ဆင်ခြေဖုံးမြို့နယ်တစ်နေရာကို ဇွန်လကုန်ပိုင်းက တွေ့ရစဉ်

ရန်ကုန် ၊သြဂုတ် ၆

အိမ်ခြံမြေ ရောင်းဝယ်ခြင်းဆိုင်ရာ အခွန်များကို လက်ရှိနှုန်းထားအတိုင်းသာ ဆက်လက် ကောက်ခံသွားမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကြားသိရသည်။ အိမ်ခြံမြေ၀ယ်သူမှ ၀င်ငွေလမ်းကြောင်း ပြစရာ မလိုဘဲ ၀ယ်ယူသည့် ဈေးနှုန်း၏ ကျပ်သိန်းငါးထောင်အောက် ဆိုလျှင် ၁၅ ရာခိုင်နှုန်း၊ အထက်ဆိုလျှင် ၁၂ ရာခိုင်နှုန်း ပေးဆောင်ရသည့် လက်ရှိစနစ်ကိုသာ ဆက်လက် ကျင့်သုံးသွားမည်ဟု တာဝန်ရှိသူတစ်ဦးမှ mmDailyNews ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

၂၀၀၇ ခုနှစ်က ပြင်ဆင်လိုက်သော အဆိုပါ ဥပဒေကြောင့် ပြည်တွင်းနှင့် ပြည်မှမှ တစ်ဆင့်ခံဖြင့် ရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် ၀င်ရောက်လာခဲ့သောကြောင့် ပြည်တွင်းအိမ်ခြံမြေဈေးကွက်၊ အထူးသဖြင့် ရန်ကုန်၊မန္တလေးမြို့ကြီးများ၏ အိမ်ခြံမြေဈေးကွက်များ အထူးသက်ဝင် လှုပ်ရှားခဲ့သော်လည်း ၂၀၁၁ ကြဂုတ်လတွင် အဆိုပါဥပဒေ၏ သတ်မှတ်ကာလ ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် အိမ်ခြံမြေ ဈေးကွက်တွင် အမြန်ရောင်းလိုသူများ အထူးများလာပြီး ထိုသို့ ရောင်းလိုအား အလွန် များလာခြင်းကြောင့် အိမ်ခြံမြေဈေးကွက် ပြန်လည် အေးစက်လာနိုင်သည်ဟု ဈေးကွက်အတွင်းနှင့် စီးပွားရေး ကျွမ်းကျင်များက ဝေဖန်သုံးသပ်လျက် ရှိကြသည်။



သို့သော် အိမ်ခြံမြေအခွန် မတိုးမြှင့်ဘဲ ဆက်လက်ကောက်ခံ သွားမည် ဆိုခြင်း၊ လက်ရှိ အိမ်ခြံမြေဈေးကွက်တွင် တိုက်ခန်းများက အနည်းငယ် ဈေးတန့်နေသော်လည်း မြေကွက်များ၊ လုံးချင်းအိမ်များက ဈေးမာနေခြင်း၊ အစိုးရသစ်လက်ထက် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ပိုမိုကျယ်ပြန့်လာသည်နှင့် အမျှ မြို့သစ်များဘက်၌ စီးပွားရေး အဆောက်အအုံများ တည်ဆောက်ရန် တာစူမှု အားကောင်းလာခြင်း စသည့် အချက်များကြောင့် အိမ်ခြံမြေဈေးအနေဖြင့် အကျပိုင်း၊ အတန့်ပိုင်းသို့ ရောက်ရန်အကြောင်း အနည်းဆုံး နှစ်ဝက်အတွင်းမှသည် တစ်နှစ်ခန့်အထိ မရှိဟု မြင်မိကြောင်း လှိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ် တို့မှ ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များက သူတို့၏ အမြင်နှင့် သုံးသပ်ချက်ကို mmDailyNews သို့ ပြောကြားခဲ့သည်။

လက်ရှိ ပြည်တွင်းဈေးကွက်၌ လုံးချင်းအိမ်များသည် တည်နေရာနှင့် အဆောက်အအုံ အနေအထားကို မူတည်၍ ဆင်ခြေဖုံးများ၌ ကျပ်သိန်း ၂၀၀ ကျော်မှသည် ၁၀၀၀ ကျော် အထိလည်းကောင်း၊ အချက်အချာ မြို့နယ်များ၌ ကျပ်သိန်း ၅၀၀ ခန့်မှ ၁၀၀၀၀ ကျော်အထိ ပေါက်နေကြောင်း၊ ကျပ်သိန်း နှစ်ထောင်ကျော် အိမ်များ အရောင်းအ၀ယ်ဖြစ်မှု အလွန်မများသော်လည်း အေးစက်သော အနေအထား ရောက်ရန် မရှိသေးကြောင်း၊ ကျပ်သိန်း နှစ်ထောင်အောက် လုံးချင်းအိမ်များ မြေကွက်များ အရောင်းအ၀ယ် သွက်နေကြောင်း သိရသည်။

ဆူပါမင်းဇာတ်ကားထဲက ကဲ့သို့ ဖန်သားမှတ်ဥာဏ် Drive များ မကြာခင် အသုံးပြုနိုင်တော့မည်

ဆူပါမင်းဇာတ်ကားထဲက ကဲ့သို့ ဖန်သားမှတ်ဥာဏ် Drive များ မကြာခင် အသုံးပြုနိုင်တော့မည်

ဆောက်သမ်ပတန် ၊ သြဂုတ် ၁၅

ကမ္ဘာကျော် ဆူပါမင်းဇာတ်ကားများထဲမှ “မှတ်ဥာဏ်ပုံဆောင်ခဲ” (Memory Crystals) များနှင့် တူသော ဖန်သားဖြင့် ပြုလုပ်ထားသည့် External Hard Drives မှတ်ဥာဏ်များကို ကွန်ပျူတာများပြု၌ မကြာခင် ကာလတွင် စတင်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း Daily Mail သတင်းတစ်ရပ်အရ သိရသည်။

နည်းပညာရှင်များက လေဆာရောင်ခြည်များကို အသုံးပြု၍ ဖန်သားကို အချက်အလက်များ ထည့်သွင်းမှတ်သားနိုင်သော အခြေအနေ ရောက်အောင် ပြောင်းလဲပစ်လိုက်နိုင်ပြီ ဖြစ်ပြီး ထိုတီထွင်မှု ရလဒ်သည် Fortress of Solitude အမည်ရှိ ဆူပါမင်းဇာတ်ကားထဲ၌ ဇာတ်ကောင် ကလာခ့်ကန့် အသုံးပြုခဲ့သည့် ကြည်လင်သည့် မှတ်ဥာဏ်ပစ္စည်းနှင့် တူသော အရာမျိုး ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဆိုပါဇာတ်ကားထဲတွင် ဆူပါမင်းကလေးဘ၀က ၄င်း၏ မိဘများက မွေးရပ်မြေ ခရစ်ပတွန်ဂြိုဟ်၌ ဖြစ်သော စစ်ပွဲမှ လွတ်မြောက်စေရန် အာကာသယာဉ်အတွင်း ၄င်းနှင့် အတူတူ မိဘနှစ်ပါး၏ အသံဖိုင်ပါသော ဖန်သားမန်မိုရီစတစ်ကို ထည့်သွင်းပေးလိုက်သည့် ဇာတ်ကွက် ပါရှိခဲ့သည်။

တီထွင်သူ ပညာရှင်များက မှတ်ဥာဏ်ပုံဆောင်ခဲများသည် လက်ရှိ အသုံးပြုနေသော Hard Drives အမျိုးအစားများထက် အချက်အလက် များစွာ ပိုမိုသိုမှီးနိုင်သလို အပူလွန်ကဲမှုကြောင့် ပျက်စီးခြင်းလည်း ဖြစ်ခဲကြောင်း ရှင်းပြခဲ့သည်။ လတ်တလော တီထွင်နိုင်မှု အခြေအနေ၌ပင် သာမန်မိုဘိုင်းဖုန်း စက္ကရင် အရွယ်အစားခန့်ရှိ မှန်သားတစ်စသည် အချက်အလက် 50 GB ခန့်အထိ သိုလှောင်နိုင်ပြီး နောက်ဆုံးပေါ် မှတ်ဥာဏ်နည်းပညာတစ်မျိုးဖြစ်သည့် Blu-ray အခွေ တစ်ခွေ၏ သိုလှောင်နိုင်စွမ်းနှင့် ညီမျှနေပြီ ဖြစ်လေသည်။ ၄င်းဖန်သားပုံဆောင်ခဲ မှတ်ဥာဏ်ကိရိယာများ၏ အခြား သာလွန်သော အချက်များမှာ အပူချိန် ၁၈၀၀ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည် ရှိခြင်းနှင့် အချက်အလက်များ မပျောက်ပျက်အောင် နှစ်ထောင်ပေါင်းများစွာ သိမ်းဆည်းနိုင်ခြင်းတို့ ဖြစ်ကြောင်း သိရှိရသည်။



ယခုလေ့လာတီထွင်မှု၏ ဦးဆောင်သုတေသီဖြစ်သူ ဆောက်သမ်ပတန်တက္ကသိုလ်၏ အလင်းလျှပ်စစ် သုတေသနဌာနမှ Martynas Beresna က “အချက်အလက်တွေ ထာဝရမှတ်သားနိုင်မယ့် မှန်သားကို တီထွင်နိုင်ခဲ့ပါပြီ။ သမိုင်းအဆက်ဆက် အချက်အလက်တွေ မြောက်မြားစွာ သိမ်းဆည်းထားရတဲ့၊ ငါးနှစ်ကနေ ဆယ်နှစ်တစ်ကြိမ်လောက် Hard Drive တွေ သက်တမ်းကုန်လို့ အသစ်တွေ ပြောင်းပြောင်းသုံးနေရတဲ့ အဖွဲ့အစည်းကြီးတွေ အတွက် အထူးအသုံးဝင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖန်သားပုံဆောင်ခဲ မှတ်ဥာဏ်ကိရိယာများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ ရောင်းချရန် Lithuanian ကုမ္ပဏီနှင့် ပူးပေါင်းကာ သုတေသီများ လုပ်ဆောင်နေကြကြောင်း Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့သည်။

Translated by : ဇေယျသက်ငြိမ်

“ ငြိမ်းချမ်းရေး မလုပ်လို့ မဖြစ်တော့ ”

“ ငြိမ်းချမ်းရေး မလုပ်လို့ မဖြစ်တော့ ”


                         ကိုလေး - အင်းဝ ဂုဏ်ရည်နှင့် အင်တာဗျူး


“လမ်းသစ်ကဗျာများ” ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆုကို ၁၉၆၅ ခုနှစ်တွင် ရရှိခဲ့သူ ကဗျာဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်က)၊ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ရန် အစိုးရအပါအဝင်၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူလူထုတို့ကို စေ့ဆော် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သူ၏ ယခုလ ၁၁ ရက်နေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် မွေးနေ့တွင် ပြောဆိုသည်။

ဆရာကြီး၏ ငြိမ်းချမ်းရေးရည်မှန်းချက်၊ ငြိမ်းချမ်းရေးအတွက် လက်လက် လုပ်ဆောင်သွားမည့် အစီအစဉ်များ၊ ငြိမ်းချမ်းရေး အောင်မြင်နိုင်မှု မအောင်မြင်နိုင်မှု အလားအလာ၊ စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့်က မေးမြန်းထာသည်။

ထို့အပြင် ဆရာကြီး၏ စာပေရေးသားမှုအပေါ် သဘောထား၊ ကဗျာ စာပေ၏ သက်ရောက်မှု၊ ယခင် မီဒီယာနှင့် ယနေ့ခေတ် မီဒီယာအကြောင်း၊ သူ၏ စာပေများ ဖြတ်တောက်ခံရမှု၊ စာရေးသားခွင့် ပိတ်ပင်ခံရမှု၊ မီဒီယာများအပေါ် သဘောထား စသည်တို့ကိုလည်း ဤမေးမြန်းခန်းတွင် ဖတ်ရှုနိုင်ပါသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စာရေးဆရာကြီး ဒဂုန်တာရာလည်း ငြိမ်းချမ်းရေး တည်ဆောက်ကြရန် ယခုလ
ပထမပတ် အတွင်း ပန်ကြားလွှာ တစောင် ထုတ်ပြန်ကာ တိုက်တွန်းခဲ့သေးသည်။ ယင်းအပြင် အစိုးရသစ်၏
ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း “လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့ တစ်ဖွဲ့ချင်း အလိုက် ပထမအဆင့် အနေဖြင့် ပဏာမ ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်
နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း”  ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘဘရဲ့ အသက် ၇၅ နှစ်ပြည့်မွေးနေ့မှာ ငြိမ်းချမ်းရေးအတွက် လှုံ့ဆော်ထားတာတာကို ကြားသိရပါတယ် ဒီအခြေအနေမှာ ဘာ့ကြောင့် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းနှိုးဆော်ရတာလဲခင်ဗျာ့။

“ကျနော် ကဗျာတပုဒ်ရေးခဲ့တယ်ဗျ။ ‘ခင်ဗျားနား ငါးလောင်း၊ ချောင်းဘေး လေးလောင်း၊ သင်္ချိုင်းကုန်း သုံးလောင်း အလောင်းချည်း ကျောင်းပျက်၊ တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်၊ ကျောင်းအုပ်ကြီးရဲ့ ကြိမ်ဒဏ်
ကျောကော့အောင်ခံခဲ့ရ၊ ဆရာမကလည်း နားရွက်ဆွဲ ထိုင်၊ထတဲ့ ဪ ကာလ ကာလ’ ဆိုပြီးတော့ ကျနော်ရေးခဲ့ဖူးတယ်။ ကျနော့်အသက် ၅ဝ ပြည့်တဲ့နေ့မှာ ကျနော် နောက်ကြောင်းပြန်ကြည့်တဲ့အခါ ဒါတွေ မြင်ခဲ့ရတာကိုးဗျ။ အဲဒါကြောင့်ပါ။”

kl751
ဦးကိုလေး (အလယ်) ၇၅ နှစ်ပြည့်မွေးနေ့တွင် သူ၏ မိတ်ဆွေများနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင်း ဆွေးနွေးနေပုံ


အသက် ငါးဆယ်လောက်တည်းက စစ်ရဲ့ အနိဋ္ဌာရုံတွေ မြင်တွေ့ခဲ့ရတယ် အခု ၇၅ နှစ်ရောက်မှ ငြိမ်းချမ်းရေးအတွက် လှုံ့ဆော်ရတဲ့ ရည်ရွယ်ချက် ပြောပြပါဦးခင်ဗျာ့။


“ကျနော် ဒေါ်ဒေါ့် (လူထု ဒေါ်အမာ) ကို ပြောဖူးတယ်ဗျ။ ကျနော် အောင်ပန်းကို သွားမယ်၊ ဦးလေး (ဆရာကြီး ဒဂုန်တာရာ) ဆီသွားမယ်။ အဲဒီ (၁၉၉၆ ခုနှစ်) တုန်းက ကျနော် ငြိမ်းချမ်းရေး လှုပ်ရှားမှုလုပ်ဖို့ ပြောတော့
မောင်ကိုလေးရေ နည်းနည်း စောသေးတယ်ကွ။ ခဏ စောင့်ကြည့်ပါဦးဆိုတော့ ကျနော်တို့ စောင့်ထားတာဗျ။ အခုကျတော့ ဗြုန်းဆိုပြီးတော့ အရင်လို လက်နက် ပြန်ကိုင်လာတဲ့အခါကျတော့၊ ကျနော်တို့ မလုပ်လို့
မဖြစ်တော့ဘူး။ အရင်တုန်းက နည်းနည်း ငြိမ်နေတော့ ကျနော်တို့ ထလုပ်လို့ မတော်သေးဘူးပေါ့ဗျာ။ အခု
သေနတ်သံတွေ ပြန်ကြားရပြန်ပြီဗျ။ အဲဒါကြောင့် မလုပ်လို့မဖြစ်တော့ဘူး။”



ဤ ဗီဒီယိုဖိုင်ကို http://bigbbrown.blogspot.com မှရယူပါသည်။


ငြိမ်းချမ်းရေးပေါ်ပေါက်လာဖို့ ဘယ်လို ပုံစံမျိုးနဲ့ လုပ်သွားဖို့ရည်မှန်းထားလဲ။

“ကျနော်တို့မှာတော့ စာရေးတဲ့နေရာမှာ ပေါ်လစီရှိတယ်။ မြန်မာ့အသံပေါ်လစီလိုပေါ့ ‘ပြန်ကြားပေးရန် မြန်မာ့အသံ၊ ပညာပေးရန် မြန်မာ့အသံ၊ ဖျော်ဖြေပေးရန် မြန်မာ့အသံ။’ ကျနော်တို့ကတော့ လူထုကို လှုံ့ဆော်မယ်၊ စည်းရုံးမယ် ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာပါဝင်ဖို့။ ဒါတွေကိုတော့ ကျနော်တို့ ပေါ်လစီအနေနဲ့ မှန်းထားတယ်။”

ဒီအစီအစဉ်တွေ အကောင်အထည်ပေါ်လာဖို့ကျတော့ကော ဘယ်လိုလုပ်မလဲ။

“ကျနော်တို့ အခု စလှုပ်ရှားနေတာ ကမ်ပိန်းတွေပေါ့ဗျာ။ ကျနော်တို့ အဲဒါပဲ တတ်နိုင်မယ်ပေါ့၊။ မီဒီယာတွေက
ပြောမယ်ဗျာ။ အရင်တုန်းကလိုတော့ ကျနော်တို့ အသံတွေ မကြားရမှာ ဘာ့မှကြောင့်ကြ စရာမလိုတော့ဘူး။
ကျနော်တို့ မီဒီယာတွေကနေပြောမယ်။ အင်တာနက်တွေကပြောမယ် ကျနော်တို့ အဲဒီကနေစပြီးတော့ ပြောမယ်။”

ဘယ်အဆင့်လောက်အထိကို စည်းရုံးလှုံ့ဆော်သွားဖို့ အစီအစဉ်ရှိလဲခင်ဗျာ့။

“ကျနော်တို့ချင်း ကျနော်တို့ နားလည်ဖို့ ကျနော်တို့ချင်းဆိုတာ ဦးသိန်းစိန် အစိုးရအထိအောင် ပြောတာနော်။ ကျနော်တို့က ညီအကိုတွေ တယောက်နဲ့တယောက် အမျိုးတွေ။ အဲဒီတော့ တယောက်နဲ့ တယောက်ရန်မရှာကြေး။ အဲဒီတော့ သူတို့ မပါချင်ပါချင်အောင် ကျနော်တို့ စည်းရုံးမယ်။ စစ်ရဲ့ဆိုးကျိုးတွေ အပြစ်တွေ ကျနော်တို့ ပြောပြမယ် တိုးတိုးတိတ်တိတ် ပြောလို့ရရင် တိုးတိုးတိတ်တိတ် ပြောမယ်။ လက်တို့ ပြောလို့ရရင် လက်တို့ပြောမယ်။ အဲဒီဟာကို ကျနော်တို့ လုပ်မယ်။ အခု အုပ်ချုပ်နေတဲ့လူတွေကော အုပ်ချုပ်ခံ လူတန်းစားတွေကော ကျနော်တို့ စည်းရုံးမယ်။ လက်နက်ကိုင်ပြီးတော့ တိုက်ပွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေကော ကျနော်တို့ တတ်နိုင်သလောက် စည်းရုံးမယ်။ အသံတွေ
ပေးကြမယ်ပေါ့ဗျာ၊ ကျနော်တို့ အဲဒါတော့ မှန်းထားတယ်။”

အခုလိုမျိုး ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ လုပ်တဲ့နေရာမှာ လူငယ်တွေရဲ့ စိတ်ပါဝင်စားမှုကကော ဘယ်လိုရှိပါသလဲ။

“လူငယ်တွေကလည်း ကျနော့် မွေးနေ့မှာလာတယ်ဗျ။ သူတို့ကလည်း တအားတိုက်တွန်းတက်ဗျ။ ငြိမ်းချမ်းရေး
အတွက် ကလေးတွေလည်း ငြိမ်းချမ်းရေး လုပ်ရမယ်ဆိုတာ သိတယ်ဗျ။ သူတို့ သိပ်စိတ်ဝင်စားတယ်။ ကျနော် ၇၅ နှစ်ဗျ ငြိမ်ငြိမ် နေချင်တာလေ ဒါပေမယ့် မရဘူး အဲဒီကလေးတွေ သူတို့ စိတ်ဝင်စားတယ်ဗျ။ သူတို့ကတော့
ပေါ်လစီ ချမှတ်တဲ့သူတော့ မဟုတ်ဘူးပေါ့ဗျာ သူတို့ကတော့ ခိုင်းတာ အကုန်လုပ်မှာပဲ။ သူတို့ဘက်က တာဝန်
ကျေတယ်ဗျ။”

လက်နက်ကိုင် တိုက်ပွဲတွေက အဓိကအားဖြင့် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတာပေါ့လေ၊ မြေပြန့်က လူတွေက ဒို့အရေး မဟုတ်ပါဘူးလို့ ယူဆချက်တွေ ရှိနိုင်လား ငြိမ်းချမ်းရေးအတွက် အောင်မြင်နိုင်မှု အလားအလာကော ဘယ်လိုရှိနိုင်လဲ။

“ကျနော်တို့ မြေပြန့်ကလူတွေကလည်း စစ်ရဲ့ အနိဋ္ဌာရုံကို တွေ့နေရတာပဲဗျ။ မောင်စွမ်းရည် ကဗျာကို ကျနော် ခင်ဗျားကို ရွတ်ပြမယ် ‘တော်လှန်ရေးကြီး ဖြစ်စေသတည်းဟု ဖန်တီးယူ၍ မရပါ၊ တော်လှန်ရေးကြီး တန့်စေ
သတည်းဟု ဟန့်ဆီးယူ၍ မရပါ။ တော်လှန်ချိန်ကျ တော်လှန်ရသည် ဆန္ဒအခရာ ပြည်သူသာတည်း။ ပြည်သူ့
ဆန္ဒ အချက်ပြလျှင် မုချ တော်လှန်ရသည်သာ။’ ဆိုတော့ ကျနော်တို့ ပြည်သူ့ဆန္ဒ အချက်ပြရင် ကျနော်တို့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ ငြိမ်းချမ်းရေးဟာ  မရစရာအကြောင်းမရှိဘူးလို့ ကျနော် သူ့ကဗျာ ကိုးကားပြီး
ပြောပါရစေ။”

kl75
        အင်းဝဂုဏ်ရည် စာအုပ်တိုက်ရှေ့တွင်တွေ့ရသည့် ဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်)


ဘဘရဲ့ အယူအဆက အရင်တုန်းကတော့ ရန်သူထောက်ခံတာ ဆန့်ကျင်ရမယ်၊ ရန်သူဆန့်ကျင်တာ
ထောက်ခံရမယ် လို့ ယူဆချက် ရှိခဲ့တယ်လို့သိရပါတယ်။ အခုအချိန်မှာ အဲဒီ အယူအဆက ပြောင်းသွား
ပြီလား။ ဘာ့ကြောင့်ပါလဲ။


“ဟုတ်တယ်ဗျ။ ကျုပ်တို့ကြီးလာတာက ‘ရန်သူ ထောက်ခံတာ မှန်သမျှ ကျုပ်တို့ ဆန့်ကျင်ရမယ် ရန်သူ ဆန့်ကျင်
တာ မှန်သမျှ ထောက်ခံရမယ်’ ။ အဲဒါတွေကို ကျနော်တို့ကလည်း ရွတ်ဖတ်နေရင်းက ကြီးလာတဲ့ အခါကျတော့
နိုင်ငံရေး အာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်လာတာ ဆိုတော့ ကျုပ်တို့က သိပ်ကြိုက်တာပေါ့ဗျာ။ အစက ကျုပ်က ဒေါ်အောင်ဆန်းစုကြည် ကြိုက်ကို မကြိုက်ဘူး။ ဒါပေမယ့် ဒေါ်စုက အကြမ်းမဖက်ရေးဝါဒ ဆိုပြီးတော့၊
သေနတ်ပြောင်းဝက ထွက်လာတဲ့ နိုင်ငံရေး အာဏာဆိုတာကြီးကို မျိုးဆက်သစ်တွေ အတွက် အမွေမပေးခဲ့ချင် ပါဘူးဆိုတော့။ ဒီစကားက ဘာတုန်း ဆိုပြီးတော့၊ ကျနော်တို့က မစုကို တဖြည်းဖြည်း ကြိုက်လာတာဗျ။”

အာဏာရှင်စနစ် ပတ်သက်ပြီးလည်း ဘဘရဲ့ အယူအဆကို နည်းနည်း ပြောပြပါဦး။

“အာဏာရှင်စနစ် သုံးခုရှိတယ်။ လူတယောက် အာဏာရှင်စနစ်။ တပါတီအာဏာရှင်စနစ်။ စစ်အာဏာရှင် စနစ် ဆိုပြီးတော့ အဲဒီမှာ ကျုပ်တို့က ဘာမှ မလိုချင်တော့ဘူး။ လူတယောက် အာဏာရှင်စနစ်လည်း No။ တပါတီ အာဏာရှင်စနစ်လည်း No။ စစ်အာဏာရှင်စနစ်ဆိုတာလည်း ဝေးသေးဗျာ။ အဲဒါတွေ ဆန့်ကျင်ရင်း ဆန့်ကျင်
ရင်းနဲ့ မစု(ဒေါ်အောင်ဆန်းစုကြည်) အတွေးအခေါ်ကို ကျုပ်တို့က လက်ခံသွားတာပဲ။”

NLD နဲ့ ဆက်စပ်မှုကြောင့်လည်း ဘဘရဲ့ စာမူတွေ မဂ္ဂဇင်းပေါ်မှာ ဖေါ်ပြခွင့် မရဘူးလို့ သိရပါတယ်။

“၁၉၉၉ ကနေပြီးတော့ စပြီးတော့ ကျနော့်စာမူတွေ ဖေါ်ပြမခံရတာဘဲ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်နဲ့ ကြည်အောင်ကို သူ့ ဌာနချုပ်ကိုဖိတ်ပြီးတော့ ဟောပြောပွဲ လုပ်တာဗျ။ ကျနော်တို့ သွားဟောတာပေါ့ အဲဒီကနေ စပြီးတော့ ကျနော် စာရေးခွင့် အပိတ်ခံရတာပဲဗျ။ ၁၂ နှစ်လောက် အပိတ်ခံလိုက်ရတယ် အခု ပြန်ရတာ နှစ်လ
လောက်ပဲ ရှိသေးတယ်။”

ဒီလို စာမူတွေ ပြန်ပြီးတော့ ဖေါ်ပြခံရတာမှာ အာဏာပိုင် အဖွဲ့အစည်း၊ ဒါမှမဟုတ် သက်ဆိုင်ရာနဲ့ သဘောတူညီချက် တခုခု သူတို့ဘက်က ကမ်းလှမ်းတာကို လက်ခံလိုက်လို့လား။

“ကျနော့်ကို ပြောကို မပြောဘူး။ သူတို့လာပြောလည်း ကျနော်က No ပေါ့။ ကျနော်ပြောချင်က ကျနော်သည် ကဗျာသမား၊ နိုင်ငံရေးသမားမဟုတ်ဘူး ကျနော့်ကို သမ္မတ လာလုပ်ခိုင်းလည်း ကျနော်မလုပ်ဘူး။ လုပ်လည်း မလုပ်တတ်ဘူး။ ကျနော်ကဗျာဆရာ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ
ရေးသားခွင့်ရရင် တော်ပြီ။”

ပယ်ဖျက်ခံခဲ့ရတဲ့ စာမူတခုလောက် ပြန်ပြောပြပါလား။

“ဆိုပါတော့ဗျာ ကျနော့်အဖေက နေမကောင်းနေတာဗျ။ ဆောင်းတွင်းကြီး၊ သေခြင်းတရားက ကံ၊ စိတ်၊ ဥတု၊ အာဟာရဗျ ဥတုဖေါက်ရင် လူကြီးတွေ သေတတ်တယ်ဗျ။ အဲဒီတော့ ဆောင်းဥတုဆိုတာ တိမ်ကင်းစင်ပြီး
ကောင်းကင်ကြီးပြာနေမှ အဲဒီမှာ တိမ်က အဆုပ်အဆုပ် မဲမဲနဲ့ လာရှုပ်ရင် ဥတု ဖေါက်တယ်ခေါ်တယ်။ အဲဒီ ဥတုဖေါက်တဲ့ အထဲမှာ ကျနော့်အဖေ အသက်ပါသွားမှာ ကျနော်က စိုးတာ။”

‘ဆောင်းဥတု တိမ်စင်၊ တိမ်တမျှင် တိမ်တအုပ် တိမ်မရှုပ်တဲ့ လဟာ။ ကောင်းကင်ကြီးပြာပြာမှာ နေခြည်ဖြာ၍
နွေးစေသော်။ အလို တိမ်တအုပ် အဆုပ်အဆုပ်နဲ့ လာရှုပ်ပြန်ပြီ။ ရာသီကဖေါက် မြောက်လေကသွေး အေးချင်တိုင်း
အေးနေတဲ့ ဆေးကုနေတဲ့ လူမမာ။ အဖေ့ကို ညှာပါ အဖေ့ကို ညှာပါ နေခြည်ဖြာ၍ နွေးစေသော်။’

“အဲဒါကို ခင်ဗျားတို့က အဲဒီလို ဉာဏ်ရှိတိုင်း လုပ်လို့ရမလားတဲ့။ ခင်ဗျားအဖေဆိုတာ ဦးနေဝင်း စောင်းတာတဲ့ ဒီလို သောက်ပြစ်ရှာတာတွေဗျ။”

စာရေးခွင့် ရပြီဆိုတော့ ဘာစာတွေ ဆက်ရေးသွားဖို့ အစီအစဉ် ရှိလဲခင်ဗျာ့။

“ကျနော်ကတော့ ပညာပေးမယ်၊ စည်းရုံးမယ်၊ ဒီစာမျိုးတွေကိုပဲ ရေးသွားဖို့ရှိပါတယ်။ ဒီပေါ်လစီကတော့
မပြောင်းပါဘူး၊ ကျနော်တို့က အနုပညာဟာ အနုပညာအတွက် ဆိုတာမျိုး မဟုတ်ဘူး။ ကျနော်တို့က ရှင်းတယ် အနုပညာဟာ ပြည်သူ့အတွက်ပဲ။”

ကဗျာတပုဒ် ရဲ့ လူထုအပေါ် အကျိုးသက်ရောက်မှုကို သုံးသပ်ပေးပါဦး။

“ကျနော် ချွေးဆိုတဲ့ ကဗျာတပုဒ် ရေးခဲ့ဖူးတယ်။ ရှမ်းတွေက ကျနော့်ကို ဖက်နမ်းတယ်ဗျ။ သူတို့ မျက်ရည်တွေ စို့တယ်ဗျ။ ချွေးဆိုတာက ကျနော်တို့ အပူပိုင်းဇုန်က လူတွေကတော့ ချွေးထွက်တာ ဘယ်ဆန်းမလဲဗျ။ ရှမ်းပြည်မှာ
တော့ ရာသီဥတုက နှစ်ခုပဲရှိတယ်ဗျ အဲဒါ မိုးနဲ့ ဆောင်းပဲ။”



ဤ ဗီဒီယိုဖိုင်ကို http://bigbbrown.blogspot.com မှရယူပါသည်။

‘ချမ်းသည် ချမ်းသည် အိုရှမ်းပြည်ရယ်။ ရှမ်းများကိုယ်မှာ ချွေးဆိုတာမရှိ အအေးကိုသာ သိတာကိုးလို့။ ရှမ်းတွေမှာ
ချွေးမရှိဘူးလို့ အပေါ်ရံရှပ် စာစပ်သမားမှားပေါ့။ ကိုယ်တိုင်ကြည့်မှ ရှမ်းများကိုယ်မှာ ချွေးအိ ရွှဲစို အလို ချွေးတွေ
ချွေးတွေနဲ့နော်။’

“သူတို့ သိပ်သဘောပေါက်တာပေါ့ဗျ။ သူတို့ ခံစားတတ်တာဗျာ။ ကျနော့်ကို ဖက်ပြီးတော့ နမ်းဖူးတယ်ဗျ အဲဒီလိုမျိုး သြဇာ သက်ရောက်တယ်။”

ရသ စာပေနဲ့ ပတ်သက်ပြီးတော့ ဘဘ တို့ ခေတ်တုန်းက အရေးအသားမျိုး ရေးသားနိုင်တဲ့ စာရေး ဆရာတွေ ဒီဘက်ခေတ်မှာ မြင်မိလား။

“ရသထဲမှာ လေးခုရှိတယ်။ စကားလုံးရွေးချယ်မှု။ အာရုံခံစားမှု။ အတွေး။ နောက်ပြီးတော့ အလင်္ကာ ဥပမာ
ခင်ဗျားကို ကျနော်ပြောမယ် ခင်နှင်းယုရဲ့ မွှေး ကျုပ်တို့ တက္ကသိုလ်ကျောင်းသားဘဝတုန်းက စွဲလိုက်လေဗျာ။”

‘ဒီအချိန် ရောက်ပြီဆိုမှဖြင့် အတွတ်နှင့် မွှေးတို့ အတူတကွ မွေးဖွားကြီးပြင်းခဲ့ကြသော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွင်း
ထဲမှ စပါးစေ့လေးများသည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။’


“သူ့ရဲ့ အာရုံခံစားမှုရယ်၊ စကားလုံး ရွေးချယ်မှုရယ်က ကျုပ်တို့ မစွဲခံနိုင်ပါ့မလားဗျ။ ရသစာပေဆိုတာ အဲဒါခေါ်
တာဗျ။ အဲဒါတွေက တကယ့်ပါရမီရှင်တွေမှ လုပ်လို့ရတာပါဗျာ။ ကမြောက်ကချောက်တွေ လုပ်လို့မရပါဘူး။
ဒါပေမယ့် ရှိပါတယ် မပူနဲ့ ခင်ဗျား ဒါတွေ ဖြစ်လာဦးမှာ နုနုရည် (အင်းဝ) ခင်နှင်းယု သမီးလောက်ရှိတာ သူပေါ် လာတာပဲ ဂျူးတို့ ဒါမျိုးတွေ ပေါ်လာသေးတာပဲ။”

ဘဘတို့ ဖြတ်သန်းခဲ့တဲ့ ကာလက နေ့စဉ်ထုတ် သတင်းစာတွေနဲ့ ဒီနေ့ခေတ် ဂျာနယ်တွေကကော ဘာကွာခြားမှုတွေဘာရှိလဲ။

“ကျနော်တို့ ကြီးခဲ့ရတာက အယ်ဒီတာကြီးတွေရဲ့ မျက်လုံးအောက်က ဖြတ်ပြီးတော့ ကျနော်တို့စာမူတွေ မဂ္ဂဇင်း
ထဲ ပါရတာဗျ။ အယ်ဒီတာဆိုတာ တည်းဖြတ်တာဗျ။ ဒီနေ့ အယ်ဒီတာဆိုတာက အယ်ဒီတောင်း တွေဗျ။ အယ်ဒီမဟုတ်က ဟုတ်က ကောင်တွေပဲ။ သူက စာမူတောင်းနိုင်ရင် အယ်ဒီတာဖြစ်တာပဲဗျာ။ Edit ဆိုတာကို နားမလည်တော့ဘူး ဘယ်သူမှလည်း မလုပ်ရဲဘူး၊ သူတို့က ဒီအစိုးရ မကြိုက်လောက်ဘူးဆိုရင် ဒါကို ပယ်လိုက် တာပဲဗျာ အယ်ဒီတုံးတွေ။”

စာပေ စိစစ်ရေးကို ဖြတ်ပြီးမှ ပုံနှိပ်အဆင့်ကိုရောက်လာတဲ့ စာတွေရဲ့ အရည်အသွေးကျတော့ကော။

“ကျနော်တို့ကလည်း တော်တော် ဂွကျတယ်ဗျ။ ဒီစာပေကင်ပေတိုင်ဆိုတဲ့ တောင်ကြီးကျော်ရတာ တော်တော် ဂွကျတယ်ဗျ။ ကျနော်စာတွေ ငွေမင်နဲ့ ပိတ်၊ မင်မဲနဲ့ပိတ်၊ မင်နီနဲ့ပိတ် ဆုတ်ဖြဲခံရ အလကား အပြစ်မရှိ အပြစ်ရှာ၊ အဲဒီဟာတွေ ခံရတာပေါ့ဗျာ။ လွတ်လပ်စွာရေးသားခွင့် ရှိတဲ့ကာလနဲ့ လွတ်လပ်စွာရေးသားခွင့် မရှိတဲ့ကာလက
ခင်ဗျား စဉ်းစားသာကြည့်ပါတော့။ ပွတ်ကာ သီကာလေးနဲ့ ကျုပ်တို့ကလည်း အချိုကုန်နေရတာက ဒီနေရာလေး
တင် အချိုကုန်နေရတာ။”

စိစစ်ရေးကို ဖြတ်ပြီးမှလာရတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍကို ဘယ်လို သုံးသပ်မိလဲခင်ဗျာ့။

“ကျနော်တို့ ငယ်ငယ်က အိမ်ရှေ့မှာ မီးနှစ်လုံးထွန်းရတယ်။ အဲဒါ ကျနော့် အဖိုးကို ဘာ့ကြောင့် ထွန်းရလဲလို့
မေးတဲ့အခါကျတော့ ငါ့သားရယ်တဲ့ မီးရှိတော့ လူတွေ အိမ်ရှေ့ သေးမပေါက်ဘူးပေါ့တဲ့။ ခရီးသွားတွေလည်း မီးလင်းတဲ့အခါကျတော့ မြွေပါး ကင်းပါး၊ အန္တရယ်ကင်းတာပေါ့တဲ့ အခုက အဲဒီ အလင်းရောင်ကို မှောင်ပစ် လိုက်တဲ့အခါကျတော့ အမှောင်ထဲမှာ ကြိုက်သလို လုပ်နေတာဗျ။ သေးပေါက်ရုံတင်မကဘူး ချေးပုံတွေလည်း ပွနေတာပဲဗျ။ မြွေကိုက် ကင်းကိုက်တဲ့လူတွေလည်း နည်းတာမဟုတ်ဘူးဗျ။ အဲဒီတော့ မီဒီယာဆိုတာ တကယ့်
Light ကြီးပဲဗျ၊ မီးမောင်းကြီးတွေရှိနေရင် လှုပ်ကို မလှုပ်ရဲဘူး။ လာဘ်စားတဲ့ကောင်တွေ မီဒီယာကနေ ပြော
လိုက်ရင် ဒီကောင့်ကို ဝိုင်းမျက်စောင်းထိုးတာနဲ့တင် ဒီကောင် ပြာကျလောက်တယ်။ မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်

ဝင်ငွေခွန်လျှော့ပေမယ့် ဒေါ်လာဈေးကြောင့် မပျော်နိုင်

ဝင်ငွေခွန်လျှော့ပေမယ့် ဒေါ်လာဈေးကြောင့် မပျော်နိုင်


ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံသားများ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းသို့ ပြောင်းလဲ လိုက်သော်လည်း စံချိန်တင် ကျဆင်းလာသည့် အမေရိကန် ဒေါ်လာဈေးကြောင့် အခွန်ဆောင်သူများ ပြည့်ဝစွာ မပျော်နိုင်ကြောင်း ဆိုကြသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက  သြဂုတ်လ ၁၉ရက်နေ့မှ လာမည့်နှစ် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အထိ ခြောက်လတာ ဝင်ငွေ၏ ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ဝင်ငွေခွန် ကောက်ခံမှုကို လျှော့ပေါ့ပေးကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။

သို့သော် သြဂုတ်လ ၁၉ ရက်နေ့တွင် အမေရိကန်dollar တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၇၂ဝ ခန့်၊ အက်ဖ်အီးစီ တယူနစ်ကို ၆၈ဝကျပ်နှင့် စင်ကာပူဒေါ်လာ တယူနစ်ကို ၅၉၆ကျပ် ကျဆင်းနေခြင်းကြောင့် နိုင်ငံခြားငွေဖြင့် လစာ ရရှိသည့်မြန်မာများအကြား ငွေကြေးလဲလှယ်မှု ကွဟချက်
က အခက်တခုဖြစ်နေကြောင်း ဆိုကြသည်။

“ ငွေလဲလှယ်ဈေးတွေက အရမ်းကျ လာတယ်။ ပထမတော့ အခွန်တွေ လျော့ပြီဆိုပြီး ပျော်နေတာ။ ပြန်တွက်ကြည့်
တော့ ၁ဝရာခိုင်နှုန်း ဆောင်ရတာထက်ကို လစာပိုနည်းနေပြီ” ဟု ပြည်တွင်းရှိ  နည်းပညာဆိုင်ရာ ကုမ္ပဏီ တစ်ခုမှ နိုင်ငံခြားငွေဖြင့် လစာရသည့် ဝန်ထမ်းတစ်ဦး က ပြောသည်။

ပြည်တွင်းမှ နိုင်ငံခြားငွေဖြင့် လစာရသူများ သာမက ပြည်ပတွင် အလုပ်လုပ်နေသည့် သူများ အတွက်လည်း
ငွေဈေး ကျမှုက အခက်တခုဟု စင်္ကာပူတွင် အလုပ်လုပ်နေသည့် အိုင်တီ ပညာရှင်အဖြစ် အလုပ်လုပ်နေသည့်
မြန်မာနိုင်ငံသား တဦးက ဆိုသည်။

“ ဝင်ငွေရဲ့ ၁ဝ ရာခိုင်နှုန်းကို ပေးရတယ်။ အခွန်မဆောင်ရင် ပတ်စ်ပို့ သက်တမ်း တိုးလို့ မရဘူး။ အခု ၂ ရာခိုင်နှုန်း ဆိုတော့ ဘာပဲပြောပြော ကောင်းပါတယ်။ ငွေဈေးတွေ ကျသွား တာကတော့ လူတိုင်းကြုံရတဲ့ အခက်အခဲပဲ” ဟု သူကဆိုသည်။

ယခုကဲ့သို့ အခွန်လျော့ပေးခြင်းသည် မှန်ကန်သည့် နည်းလမ်းတခု မဟုတ်ဘဲ ငွေလဲနှုန်း ပြုပြင်ရန် လိုကြောင်းလည်း ရန်ကုန် အခြေစိုက် မြန်မာ့အရေး လေ့လာသူတဦးက သုံးသပ်သည်။

“ရေရှည်အတွက် ငွေလဲနှုန်းတွေ ပြင်ဖို့ မြန်မြန်လုပ်သင့်တယ်။ အခုလို အခွန်ချပေးတာက ကုစားနည်း ကောင်းတစ်ခု
တော့ မဟုတ်ဘူး” ဟု သူက ဆိုသည်။

လာမည့် အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ပညာရှင်များ လာရောက် ကာ ငွေလဲနှုန်းများကို ပြုပြင်ရန် ဆောင်ရွက်မည်ဟု သတင်းများ ထွက်ခဲ့သေးသည်။ လက်ရှိ အစိုးရ၏ တရားဝင်
 ငွေလဲနှုန်း မှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ခြောက်ကျပ်မျှသာ ဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂ဝဝ၆ ခုနှစ် မေလ ၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂၄/၂ဝဝ၆
၏ အပိုဒ်၂၊ အပိုဒ်ခွဲ (ခ)နှင့် အပိုဒ်၃ တို့တွင် ထုတ်ပြန် ပြဋ္ဌာန်းချက်များအရ  ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ
နိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာ ခေါင်းစဉ်မှ ဝင်ငွေ စုစုပေါင်း၏ ၁၀ရာခိုင်နှုန်းကို အခွန်အဖြစ်
ပေးဆောင်ရန် သတ်မှတ်ခဲ့သော်လည်း၊ ဝင်ငွေ၏ ၂ ခိုင်နှုန်းသာ ပေးဆောင်ရန် ယခုလ ၁၈ ရက်နေ့တွင် ပြောင်းလဲ သတ်မှတ်လိုက်သည်ဟု အစိုးရပြန်တမ်းတွင် ဖော်ပြထားသည်။

ဝင်ငွေ၏ ၂ ရာခိုင်နှုန်းကိုသာ အခွန်အဖြစ်ပေးဆောင်ရန် သတ်မှတ်ချက်မှာ သြဂုတ်လ ၁၉ ရက်နေ့မှ ၂ဝ၁၂ ခုနှစ်
ဖေဖေါ်ဝါရီ ၁၈ ရက်နေ့အထိ ၆ လသာ အကျိုးသက်ရောက်မှု ရှိမည် ဖြစ်သည်

NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူ

NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူ
ဓာတ်ပုံသတင်း
သြဂုတ် ၁၉၊ ၂၀၁၁
NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူကို ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယနေ့ ပြုလုပ်သည်။ (ဓာတ်ပုံများ-NLD facebook)


မိသားစု၊ NLD ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ဦးကြည်မောင်၏ မိတ်ဆွေဟောင်းများ တက်ရောက်ကြသည်။











သူတကွက်တိုး၊ကိုယ်လဲတကွက်တိုး

သူတကွက်တိုး၊ကိုယ်လဲတကွက်တိုး

by Tharchit Zaw on Friday, August 19, 2011 at 12:45pm
လတ်တလောကာလအစိုးရရဲ.ထင်သာတဲ.သဘောထားပျော.ပြောင်းလာမှုနဲ.အတူဆွေးနွေးရေးဘက်
ချည်းကပ်လာတဲ.ခြေလှမ်းတွေကိုကျွန်တော်တို.တွေပွင်.လင်းစွာကြိုဆိုဖို.လိုပါတယ်၊
အစိုးရဘက်ကတိုးလာတဲ.ခြေလှမ်းတိုင်းမှာညင်သာတဲ.အပျော.ဆုံးစည်း၇ုံးရေးတွေကိုလည်းမြင်တွေ.
နေရပါတယ်၊ဒါပေမယ်.ကောင်းတဲ.ခြေလှမ်းတိုင်းအတွက်တော.ကျွန်တော်တို.ပြည်သူတွေအားလုံး
ကနွေးထွေးစွာကြိုဆိုနေမှာပါ၊

မြန်မာပြည်ရဲ.ပြုပြင်ပြောင်းလဲရေးနှင်.တိုးတက်မှုလမ်းကြောင်းတွေမှာအစိုးရတယောက်တည်း
လုပ်ဆောင်ဖို.တာမဖြစ်နိုင်ပါဘူး၊ဒေါ်အောင်ဆန်းစုကြည်ရဲ.အခန်းကဏ္ကနဲ.အတူတိုင်းရင်းသား
ခေါင်းဆောင်တွေရဲ.အခန်းကဏ္ကတွေကိုပါမြန်.မာနိုင်ငံရေးမှာမပါမဖြစ်၊မရှိမဖြစ်ထည်.သွင်း
စဉ်းစားပေးရမှာဖြစ်ပါတယ်၊


နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
သြဂုတ် ၁၉၊ ၂၀၁၁ 


 
 
 နောင်တကင်းရာသို့ ဆရာနန္ဒာသိန်းဇံ


အမှန်ကတော့ လူဟာ အချိန်မရွေးသေနိုင်တယ် မဟုတ်လားဗျာ။ ဒီတော့ သာသနာနဲ့ ကြုံနေတုန်းမှာ လွတ်မြောက်ရေးတရားကို အားထုတ်စေချင်လို့ သံသရာဇာတ်လမ်းကြီးကို အဆုံးသတ်စေချင်လို့ သတိပေးတဲ့စကားပါ။ ဒါပေမယ့် ပုထုဇဉ်တွေဖြစ်တဲ့ ကျွန်တော်တို့က ဒီသတိပေးစကားကို အရေးကြီးတယ်လို့လည်း မထင်နိုင်ဘူး။ နှစ်သက်ဖွယ်စကား အဖြစ်အနေ နဲ့လည်း မယူဆနိုင်ဘူး။ တရားမြန်မြန်ရစေချင်လို့ အားပေးတဲ့စကားဖြစ်တယ်ရယ်လို့လည်း ဘယ်နှယ့်မှ မထင်မြင်နိုင်ကြဘူး။

နန္ဒာသိန်းဇံ
(နောင်တကင်းရာသို့ စာအုပ်မှ)


 
 
 
ဟုတ်ပါသည်။ ယခု ဆရာနန္ဒာသိန်းဇံသည် နောင်တကင်းရာ အရပ်ဒေသသို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။ ဆရာနန္ဒာသိန်းဇံ နောက်ဆုံးနှုတ်ဆက် ထွက်ခွာသွားသည့်နေ့ရက် ၁၈.၈. ၂၀၁၁ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ရဟန်းသံဃာတော်များ၊ မိသားစု ၀င်များ၊ စာပေပညာရှင်များ၊ ဆရာကြီး၏ တပည့်သားသမီးများ၊ ဆရာကြီးအား လေးစားကြည်ညို ကြသော ဧည့်ပရိသတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများတို့မှ စည်ကား သိုက်မြိုက်စွာ ဖြင့် ရေဝေးသုဿန်တွင် လာရောက်ဂါရ၀ပြုခဲ့ကြသည်။ ထိုသို့ နောက်ဆုံးဂါရ၀ပြုပွဲ ပြုလုပ်နေချိန်တွင် ကောင်းကင်တစ်ခွင်လုံး ငြိမ်သက်ညှို့မှိုင်းနေသော မိုးတိမ်လွှာ အဆုပ်ဆုပ် တို့သည် ရွာမလိုဟန်ဖြင့် စောင့်ဆိုင်းနေကြသည်။ ထိုကဲ့သို့ မိုးတိမ်လွှာထုတို့ တည်ရှိနေခြင်းသည် ဆရာနန္ဒာသိန်းဇံ၏ ဒဿနဟူသည် တိမ်အရုပ်ကိုဖမ်းဆုပ်ခြင်း ဟူသော စာပိုဒ်အား လွမ်းဆွတ် စေခဲ့သည်။



 
 
တစ်ချိန်က
ရွက်ဝါတွေ မောမောဟိုက်ဟိုက်ဝဲယိုင်
လွင့်မျောနေတတ်သည့်
ရွက်ကြွေတောမှအပြန် . . .
ချောင်းရေပြင်တွင် စာရေးခဲ့ဖူး၏။

အခု . . .
လူ့ဘ၀ဟူသည် ရွက်ကြွေလိုလွင့်မျောခြင်း
အမှန်တရားဟူသည် ရေစီး၌စာရေးခြင်း
ဒဿနဟူသည် တိမ်အရုပ်ကိုဖမ်းဆုပ်ခြင်းမျှသာ . . . .

(နန္ဒာသိန်းဇံ)

ဆရာ နန္ဒာသိန်းဇံ၏ ရုပ်ကလပ်အား ဂူသွင်းသင်္ဂြိုလ်ပြီးစီးသည်နှင့် တပြိုင်နက် ချုပ်ထိမ်း ထားသော မိုးတိမ်လွှာတို့၏ မျက်ရည်စများသည် ထစ်ချုန်းကာ ရွာသွန်းနေတော့သည်။ ဤသို့ သော အဖြစ်အပျက်သည် တိုက်ဆိုင်မှုတော့ မဖြစ်နိုင်။ ဆရာအား နောက်ဆုံးလာရောက် ဂါရ၀ပြု နှုတ်ဆက်ကြသော လူသားအားလုံး၏ နှလုံးသားထဲ ရင်နင့်စွာခံစားခဲ့ကြရသည်။ ထို့ကြောင့် . . .

ကိုယ့်ရဲ့တကယ့် ခံစားမှုတွေဟာ
သူတစ်ပါးကို ဝေမျှလို့ မရဘူး။

ဒါ့ကြောင့် . . . ဘုရားက
“အတ္တာ ဟိ အတ္တနော နာထော” လို့ ဟောခဲ့တာ။
ဟု ဆရာနန္ဒာသိန်းဇံက ပြောကြားခဲ့ခြင်းပင် ဖြစ်တော့သည်။

 
 
 
 
ကျွန်တော်တို့က လူတွေပါဗျာ

တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ရန်သူတွေ ဘယ်လောက်ပဲဖြစ်ဖြစ်၊
သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ပဲကြီးကြီး၊
အာဃာတတွေ ဘယ်လောက်ထားထား၊
အမုန်းတရားတွေ ဘယ်လောက်ပဲရှိရှိ၊
ဗြဟ္မစိုရ်တရားရှိမှ မြင်တွေ့ရတဲ့ မြင်ကွင်းလေးတွေက ငြိမ်းချမ်းမှုကိုရစေတယ်လေ။

သူတို့က တိရစ္ဆာန်တွေပါ။ အခု … ကျွန်တော်တို့က လူတွေပါဗျာ။

 
 
 


ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။

ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည် အေးချမ်းမယ်။

တိုင်းပြည်အေးချမ်းမှ မြို့နယ် အေးချမ်းမယ်။

မြို့နယ်အေးချမ်းမှ ရပ်ကွက် အေးချမ်းမယ်။

ရပ်ကွက်အေးချမ်းမှ မိသားစု အေးချမ်းမယ်။

မိသားစုအေးချမ်းမှ မိမိကိုယ်တိုင် အေးချမ်းမယ်။

ကျွန်တော်တို့က လူတွေပါဗျာ . . . . ။ ။

တကမ္ဘာလုံး အစုရှယ်ယာဈေးများ ကျဆင်း

တကမ္ဘာလုံး အစုရှယ်ယာဈေးများ ကျဆင်း

အမေရိကန်မှာ စီးပွားရေးအတွက် ရုန်းကန်နေရတဲ့ အခြေအနေတွေနဲ့ ဥရောပက ဘဏ်လုပ်ငန်းတွေမှာ တည်ငြိမ်မှုမရှိတဲ့ သတင်းတွေအပေါ် စိုးရိမ်ပူပမ်မှုတွေနဲ့အတူ သောကြာနေ့က ကမ္ဘာတ၀န်း စတော့ခ်ရှယ်ယာဈေးတွေ ကျဆင်းခဲ့ပါတယ်။
အမေရိကန်က အဓိက စတော့ခ်ရှယ်ယာတွေဖြစ်ကြတဲ့ Dow Jones စက်မှုအညွှန်းကိန်း၊ S&P နဲ့ NASDAQ တွေကတော့ ကြာသပတေးနေ့မှာ ၄% ကနေ ၅% အထိ ကျဆင်းခဲ့ပြီးတဲ့နောက် သောကြာနေ့မှာတော့ ၁% ကျော်အထိ ထပ်ပြီး ကျဆင်းခဲ့တာပါ။
အာရှတိုက်မှာ အစုရှယ်ယာဈေးတွေ ထိုးကျခဲ့သလို ဥရောပတိုက်မှာလည်း ကြာသပတေးနေ့ကလောက် အခြေအနေမဆိုးလှပေမဲ့ အဆုံးအရှုံးတွေ ရှိခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ စီးပွားရေး ကိစ္စတွေနဲ့ အစိုးရတွေရဲ့ ကြွေးမြီ ပြဿနာတွေကို အမေရိကန်နဲ့ ဥရောပက တာဝန်ရှိသူတွေ မဖြေရှင်းနိုင်မှာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ပူပန်ပြီး စတော့ခ်ရှယ်ယာဈေးကွက်မှာ အထိတ်တလန့် ဖြစ်လာကြရတာလို့လည်း ပြောပါတယ်။
ဥရောပနိုင်ငံတွေက အစိုးရတွေ ရင်ဆိုင်နေရတဲ့ ကြွေးမြီပြဿနာတွေကို သက်ဆိုင်ရာ ဘဏ်တွေက ကိုင်တွယ် ဖြေရှင်းနိုင်လောက်အောင် ခိုင်မာမှု မရှိဘူးလို့ စိုးရိမ်နေကြတာပါ။ ဒီလိုပဲ အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေ လျှော့ချနိုင်ရေးအတွက် ရေရှည် အသုံးစားရိတ် ဖြတ်တောက်ဖို့နဲ့ အလုပ်လက်မဲ့ ပြဿနာ လျော့ပါးပြီး စီးပွားရေး အားကောင်းလာအောင် လုပ်ဆောင်ဖို့ နိုင်ငံရေးခေါင်းဆောင်တွေကြား သဘောတူညီချက် ရနိုင်ပါ့မလား ရင်းနှီးမြှုပ်နှံသူတွေ ပူပန်နေကြတာ ဖြစ်ပါတယ်။
ဒီအတောအတွင်း စီးပွားရေး ကျဆင်းနေတဲ့ လက္ခဏာ တခုအဖြစ်နဲ့ သောကြာနေ့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ဇူလိုင်လအတွင်း မြို့တော် ၀ါရှင်တန်ဒီစီ နဲ့ ပြည်နယ်ပေါင်း ၂၈ ခုတို့မှာ အလုပ်လက်မဲ့နှုန်း တိုးလာကြောင်း ဖော်ပြခဲ့ပါတယ်။

Daw Aung San Suu Kyi's Meeting with President Thein Sein

ဆီးရီးယား သမ္မတ ဆင်းပေးဖို့ အနောက်နိုင်ငံတွေ တောင်းဆို

ဆီးရီးယား သမ္မတ ဆင်းပေးဖို့ အနောက်နိုင်ငံတွေ တောင်းဆို

နိုင်ငံရေး ဆန္ဒပြသူတွေကို အပြင်းအထန် ဖြိုခွဲ နှိမ်နင်းတဲ့အတွက် ဆီးရီးယား သမ္မတ ဘာရှား အယ်လ်-အာဆဒ် (Bashar al-Assad) နှုတ်ထွက်ပေးဖို့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြား ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တောင်းဆိုနေကြပါတယ်။
မစ္စတာ အာဆဒ် နှုတ်ထွက်ဖို့ အချိန်ရောက်နေပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြာသပတေးနေ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ မစ္စတာ အာဆဒ် အစိုးရအပေါ် စီးပွားရေးအရ ဖယ်ထုတ် ကန့်သတ်ထားတာကို ပိုပြီး အားကောင်းစေဖို့အတွက် သာမန်ထက် ထူးခြားတဲ့ ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဖို့ အမိန့်တရပ်ကိုလည်း အမေရိကန် သမ္မတက ထုတ်ပြန်ခဲ့ပါတယ်။
သီးခြားဖြစ်စဉ် တခုမှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဆီးရီးယားနိုင်ငံမှာ စတင်ခဲ့ပြီဖြစ်ပြီး မစ္စတာ အာဆဒ်အတွက် ဒီလမ်းကြောင်းကနေ ဘေးထွက်ပေးဖို့ အချိန်ရောက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောခဲ့ပါတယ်။
ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) ကလည်း ဒီတောင်းဆိုချက်ကို ပဲ့တင်ထပ်ပြီး ဆီးရီးယားလူထုရဲ့ အမြင်မှာ မစ္စတာ အာဆဒ်ဟာ လုံးဝ တရားဝင်မှု မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ကနေဒါ နိုင်ငံတွေကလည်း မစ္စတာ အာဆဒ် နှုတ်ထွက်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဆီးရီးယား ခေါင်းဆောင်ဘက်က တုံ့ပြန်ချက်တော့ ချက်ချင်း ထွက်မလာသေးပါဘူး။ ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ ပြည်ပဖိအားကြောင့်တော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ အာဏာရ ဘာ့သ်ပါတီဝင်တွေကို မစ္စတာ အာဆဒ်က ပြောခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနတွေက ပြောပါတယ်။

အစိုးရအဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ်


အစိုးရအဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ်

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောဆိုသည်ဟု လုံခြုံရေး တာဝန်ယူထားသည့် ဦးခွန်သာမြင့်က ပြောသည်။

daw_suu_naypyitaw
ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတွင် ယနေ့နံနက်တွေ့ရစဉ် (ဓာတ်ပုံ - AP)
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ရာ မထွက်ခွာမီ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည်။

ဆွေးနွေးပွဲ ခေတ္တရပ်နားနေစဉ် ဒေါ်အောင်ဆန်းစုကြည်သည် အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း၊ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မည်သည့် အကြောင်းအရာများကို ဆွေးနွေးကြောင်း ဦးခွန်သာမြင့်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုသို့ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့်လည်း တွေ့ဆုံနှုတ်ဆက်လိုကြောင်း ပြောဆိုသည်ဟု အစိုးရအသိုင်း အ၀န်းက ပြောသည်။

သို့သော် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဦးခွန်သာမြင့်က မသိရှိဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ မှသည် ပိုမိုကျယ်ပြန့်ပြီး အကျိုးသက်ရောက်မှု မြန်ဆန်သည့် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက် ဦးတည်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ တလျှောက်လုံး တောင်းဆိုလာတာပါ။ အခုလို စကားပြောဖြစ်ဖို့ ဆိုတာ အတော် အချိန်ယူ ကြရတာဖြစ်တယ်။ ကျနော်ထင်တယ်၊ အကောင်းဘက်ကို ပိုသွားနေတယ်လို့ ပြောချင်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုကို ယမန်နေ့ညက နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သွားစဉ်တွင် “မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူတာတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် လက်တွဲ လုပ်ဆောင်သွားမည်” ဟု ပြောဆိုကြေညာ သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခုကဲ့သို့ ပထမဆုံး တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မြန်မာအစိုးရဘက်က လျစ်လျူမရှုဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်တယ်။ အရှိတရား အမြင်အရ ပြောရရင် အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှု ၂ ကြိမ် ပြုလုပ်ခဲ့မှု၏ နောက်ဆက်တွဲ အကျိုးရလဒ်ဖြစ်ပြီး ဆက်လက် ဆွေးနွေးမှုများ ရှိမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ယမန်နေ့က တွေ့ဆုံမှုများကြောင့် မြန်မာပြည်သူများ မျှော်လင့်နေကြသည့် နိုင်ငံရေး ပြေလည်မှု အပြောင်းအလဲများ စတင်ဖြစ်ပေါ်ပြီလားဟု မြို့ကြီးများရှိ စိတ်ဝင်စားသူများက ပြောဆိုနေကြကြောင်း သိရသည်။

တချို့ ဝေဖန်သုံးသပ်သူများအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာအတွက် မြန်မာအစိုးရက တာဝန်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး အာဆီယံ စံများကိုက်ညီရန်အတွက် ယခုကဲ့သို့ အတိုက်အခံ ခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးမှုမျိုး လုပ်ပြခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် အခုလိုတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ တကယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို အရင်ဆုံးလွှတ်ပေးသင့်တယ်။ အကောင်းဖြစ်ချင်လို့ အကောင်းတော့ မျှော်လင့်တာပေါ့။သိပ်ပြီး မျှော်လင့်တာမျိုးလည်း မဖြစ်သင့်ဘူး” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ


ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ

E-mail Print
နေပြည်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ယနေ့ တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။

286415_10150260697139094_769844093_7663316_713778_o
နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် တွေ့ဆုံမှုကို မြန်မာ့ရုပ်မြင်သံကြားက ယနေ့ည ၈း၀၀ နာရီတွင် ထုတ်လွှင့်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)

ယနေ့ နေ့လယ်က နေပြည်တော်သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ မတက်ရောက်ခင် ခေတ္တ တွေ့ဆုံပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အတွင်း လှည့်လည် ကြည်ရှုရန် တိုက်တွန်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ရုံဆွေးနွေးပွဲသို့ မတက်ရောက်ဘဲ နေပြည်တော်တွင် အစိုးရ၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

ညနေ ၄ နာရီတွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်တွင် ထပ်မံ လက်ခံတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြသည်ကိုမူ မသိရှိရသေးပေ။ အဆိုပါ ဆွေးနွေးပွဲပြီးနောက် သမ္မတကတော်နှင့် အစိုးရတာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးအဖွဲ့ကို ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန်က ယနေ့ည တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ ခန့်ကမှ နေပြည်တော်သို့ ရုတ်တရက် သွားရောက်ခြင်းဖြစ်သည်။ မနက်ဖြန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် သွားရောက်ရခြင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် တွေ့သင့်တွေ့ထိုက် သူများနှင့် တွေ့ဆုံရန်ဖြစ်သည်ဟု ပြောသည်။

“ညီလာခံတော့ တက်ဖြစ်လိမ့်မယ် မထင်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့်  Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ မြန်မာနိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသည့် လူများအနေဖြင့် မတူသည်ကို ဘေးဖယ်၊ တူသည်ကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းမှာ ကောင်းမွန်ကြောင်း ပြောသည်။

သမ္မတဦးသိန်းစိန် အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်မှုကို လိုလားကြောင်း၊ တိုင်းပြည်စီးပွားရေး ကဏ္ဍတွင်ပါဝင်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြီးခဲ့သည့် အင်္ဂါနေ့ညက ပြောဆိုခဲ့သေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ အသင်းအဖွဲ့အသီးသီးနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သဘောထား အမြင်မတူသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို ဘေးဖယ်ကာ တိုင်းပြည် အတွက် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း  ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ခေါင်းဆောင်၊ ပါတီတရပ်၏ ခေါင်းဆောင် ဖြစ်သည့်အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် စီးပွားရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းထက် နိုင်ငံရေး စားပွဲဝိုင်းသို့သာ ပိုမိုဖိတ်ကြားသင့်ကြောင်း ထောက်ပြဝေဖန်သည်။

“အခုဆွေးနွေးပွဲက စီးပွားရေး ဆွေးနွေးပွဲလေ။ တတ်သိနားလည်တဲ့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ ပိုသင့် တော်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖြေရှင်းစေချင်ကြောင်း ဦးအေးသာအောင်က ပြောသည်။

RFA Burmese Webcast August 3rd Week 2011

Daw Aung San Suu Kyi's political trip to Pegu(ပဲခူးခရီး)