သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, January 13, 2012

မျိုးဆက်ဟောင်းနှင်.မျိုးဆက်သစ်

ယနေ.အနာဂတ်သည်မျိုးဆက်သစ်များ၏လက်ဝယ်တွင်ရှိသည်၊

ဒါဆိုရင်မေးစရာတခုရှိသည်မှာမျိုးဆက်ဆိုသည်မှာအဘယ်နည်း၊
ရှင်းပါအံ.။လူတို.သည်ကမ္ဘာဦးမှစတင်ရ်ျအုပ်စုဖွဲ.အသင်းအပင်းနှင်.
နေထိုင်လာခဲ.ကြသည်မှုာယနေ.အချိန်ထိပင်ဖြစ်သည်၊
လူသားတို.သည်အထီးကျန်စွာနေထိုင်ရမှာကိုမလိုလား။အသိုင်း
အဝိုင်းနှင်.နေထိုင်ချင်ကြသည်၊၊ဤသည်ပင်လူသားတို.၏သမိုင်း
အစဖြစ်သည်၊

ခိုင်မာသောအာမခံရှိမှ ငှားဝယ်စနစ် တွင်ကျယ်မည်ဟုဆို

Myanmar time

အေးသီတာကျော် 
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)


ပုဂ္ဂလိကဘဏ်များက ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ငှားဝယ်စနစ်ဖြင့် ကုန် ပစ္စည်းများရောင်းချခြင်းမှာ လူလတ်တန်းစားများအတွက် အဆင် ပြေသည် ဟု ဆိုနိုင်သော်လည်း ယုံကြည်စိတ်ချရမှု ပြဿနာအတွက် ထင်သလောက် မတွင်ကျယ်လာသေးကြောင်း ဘဏ်နှင့် စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။
ငှားဝယ်စနစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက ဘဏ်များက အောက်တိုဘာလက စတင် လုပ်ကိုင်ခဲ့သည်။

ဟင်..အဲလိုကြီးလား

Myanmar time

လန်းစေသော်
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)
"ဟင်.. အဲလိုကြီးလား" ကျွန်တော် အံ့ဩတကြီးမေးလိုက်တာကို မအံ့ဩတဲ့ပုံစံနဲ့ ကျွန်တော့ မိတ်ဆွေ စာရေးဆရာက မျက်လုံး တစ်ချက်လှန် ကြည့်တယ် ကိုယ့်လူရေ။ သူ့ပုံစံက ကျွန်တော် ဒီလိုမေးလာမယ် ဆိုတာ သိပြီး သားဆိုတဲ့ ပုံမျိုးပေါ့။
"ကိုယ်လည်း အိပ်မက်များလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆိတ်ကြည့်ရတယ်။ ဒါပေမယ့် အိပ်မက်မဟုတ်ဘူး၊ တကယ်ကွ" အင်း.. ဒီလိုဆို ခက်ချေပေါ့။
အရင်က ကြားဖူးဖတ်ဖူးတဲ့စကားငှားသုံးရရင် 'ကြားရ ကြားရ နားဝမှာမသက်သာပါ့လား' လို့ပဲဆိုရမလား၊ 'တော်ရှာပါတယ် အေ့ တော်ရေ့' လို့ပဲပြောရကောင်းမလား။ ကိုယ့်လူလည်း စဉ်းစားကြည့်နိုင်အောင် ပြောပြရရင် ဇာတ်လမ်းလေးက ဒီလို..ဒီလို။
စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့လေးတစ်မြို့ ဖြစ်ပြီး ကားနဲ့ဆိုရင် ခက်ခက်ခဲခဲ ခရီးနှင်ရတဲ့ ကလေးမြို့ဆီကို စာရေးဆရာ ဇော်ခိုင်ဦးနဲ့ အခြားစာရေးဆရာ တစ်ဦး၊ စာရေးဆရာမတစ်ဦးတို့ စာပေဟောပြောပွဲ ဖိတ်လို့ ရောက်သွားကြပါသတဲ့။

လွတ်မြောက်လာတဲ့ သူတို့ရဲ့ အသံ

By featured, ဧရာဝတီ on January 14, 2012 10:00 am 

 
မြောင်းမြထောင်မှ လွတ်မြောက်လာသော အရှင်ဂမ္ဘီရ၊ ကျောက်ဖြူထောင်မှ လွတ်မြောက်လာသော ရွှေသံစဉ် ဂီတမှူး ကိုဝင်းမော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုဇော်မင်းတို့ကို ဧရာဝတီသတင်းထောက် လင်းသန့်က သီးခြားစီ ဆက်သွယ် မေးမြန်းထားပါသည်။
အရှင် ဂမ္ဘီရ
၁၉၉၉ ခု ဇူလိုင်လတွင် ရိုက်ကူးထားသော အရှင် ဂမ္ဘီရ နှင့် မိသားစု။ (၀ဲမှယာ) အရှင် ဂမ္ဘီရ အစ်မ ၊ မယ်တော် ဒေါ်ရေး၊ အစ်ကို ကိုအောင်ကျော်ကျော် နှင့် အမည်မသိ သံဃာတော် တပါး၊ အရှင် ဂမ္ဘီရ(ယာစွန်)(ဓာတ်ပုံ - မိုးမခ)

နိုင်ငံရေးအကျဉ်းသားလွှတ်မှု ဗြိတိန် ကြိုဆို

နိုင်ငံရေးအကျဉ်းသားလွှတ်မှု ဗြိတိန် ကြိုဆို


ချင်းမိုင် (မဇ္ဈိမ) ။         ။ ယခုလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဗြိတိန်
နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံဟိတ်က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှုကို ကြိုဆိုလိုက်ပြီး ဤသို့ လုပ်ဆောင်မှုသည် မြန်မာအစိုးရမှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းကို ဖေါ်ပြခြင်းဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

"၈၈ မျိုးဆက်နဲ့ တိုင်းရင်သားခေါင်ဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား တော်တော်များများ လွှတ်ပေး တာကို  ကြားရတာ အရမ်းဝမ်းပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝန်းကား
တောင်းဆိုနေတာ ကြာပါပြီ" ဟု  ဖေါ်ပြပါရှိသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ နိုင်ငံရေး အကျဉ်းသား ကူညီမှုကွန်ယက်မှ ဦးနိုင်းနိုင်းက ယခု လွှတ်မြောက်မှုကို ကြိုဆိုသော်လည်း ကျေနပ်လောက်သည့် အဆင့် မရှိသေးဟု မဇ္ဈိမကို ပြောသည်။
william-hague-and-suu-kyi-speak-to-the-press-2
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ် William Hague နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)

 - နိုင်ငံရေးပိုင်သူကို မျှော်လင့်နိုင်ပါပြီ

 
..ဦးဖိုးသာအောင်--၁၀-၁ -၂၀၁၂

ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကြယ်၏တဲ့၊
နိုင်ငံရေးဆိုတာ အလွန်ကျယ်ဝန်းလှပါတယ်၊ ဒါကြောင့်လည်း ဆရာမောင်သာနိုးက ၂၀၁၀ ခု ဒီဇင်ဘာလမှာ “ နိုင်ငံရေး ပိုင်သူရှားပါး ” ဆိုတဲ့ ဆောင်းပါးကို ရေးသားထားတာကို ဖတ်လိုက်ရပါတယ်၊

ဆရာရဲ့ဆောင်းပါးကို ဖတ်ပြီး စိတ်ထဲမှာ မကောင်းဖြစ်မိပါတယ်၊ မြန်မာနိုင်ငံကြီးဟာ စုတ်ပြတ်မွဲတေသွားပြီး လူတွေလည်း စာရိတ္ထတွေ ပျက်ပြားကာ ပညာမဲ့တွေ ဖြစ်ကုန်ကြရပါတယ်၊
အဲဒီအရှိတရားအတိုင်း လက်ခံသုံးသပ်ကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ “ နိုင်ငံရေးပိုင်သူ ” တနည်းအားဖြင့် “ နိုင်ငံရေးနားလည်သူ ” ရှားပါတယ် ဆိုတာကိုတော့ ထောက်ခံရမှာ အမှန်ပါပဲ။

သည်တော့ နိုင်ငံရေးဆိုတာဘာလဲလို့ မေးရင် အဲဒီမေးခွန်းရဲ့ အဖြေဟာ အလွန်ကျယ်ဝန်းလှ ပါတယ် သို့သော်လည်း အနှစ်ချုပ် လိုက်ရင်တော့ နယ်နိမိတ်အတိအကျ သတ်မှတ်ပြီးဖြစ်တဲ့ နိုင်ငံတခုရဲ့ အရေးပါပဲ၊
အဲဒီလိုဘာကြောင့် ပြောရသလဲဆိုရင် နိုင်ငံရေးသမားဆိုသည်မှာ သူကိုယ်စားပြုနေတဲ့ နိုင်ငံမှာရှိတဲ့ လူထုကြီးအတွက်လို့ အဓိကအားဖြင့် ခံယူရပါလိမ့်မယ်၊ အဲဒီခံယူချက်သည် လူတန်းစားခံယူချက်နှင့် မတူပါဘူး။


“နိုင်ငံသား တယောက်ချင်းစီဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး”

“နိုင်ငံသား တယောက်ချင်းစီဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး”

 
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးသည် ၂၀၀၇ သြဂုတ်လတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ တခြားသော၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များနှင့်အတူ အဖမ်းအဆီး ခံခဲ့ရသည်။ မြန်မာပြည်၏ ဝေးလံ ခေါင်ဖျား ဒေသတနေရာဖြစ်သည့် ရှမ်းပြည်နယ် မိုင်းဆတ် အကျဉ်းထောင်၌ ထောင်ဒဏ် ၆၅ နှစ် ခံစားနေရသည့် ကိုကိုကြီးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ကိုကိုကြီးအား ဧရာဝတီသတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထား သည်ကို ဖော်ပြလိုက်ပါသည်။
ကိုကိုကြီးနှင့် ကိုမင်းကိုနိုင်ကို ၂၀၀၇ ခုနှစ်အတွင်းက စာနယ်ဇင်းတွေ့ဆုံပွဲ ကျင်းပစဉ် ယခုကဲ့သို့ မြင်တွေ့ရသည် (ဓာတ်ပုံ - Getty Images)

အာဖဂန်ရောက် စစ်သားတွေရိုင်းပျမှု အမေရိကန်ရှုတ်ချ

အာဖဂန်ရောက် စစ်သားတွေရိုင်းပျမှု အမေရိကန်ရှုတ်ချ

တာလီဘန်အလောင်းတွေကို အမေရိကန် ကမ်းတက်တပ်သားတွေက ၀ိုင်းဝန်းကျင်ငယ် စွန့်နေကြတဲ့ပုံကို ဖော်ပြထားတဲ့ ဗွီဒီယို မှတ်တမ်းအပေါ် အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေး မရေရာမှုကြောင့် စားကုန်ဈေးခန့်မှန်းရခက်

ကမ္ဘာ့စီးပွားရေး မရေရာမှုကြောင့် စားကုန်ဈေးခန့်မှန်းရခက်

ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စားသောက်ကုန် ဈေးနှုန်းတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ ၂.၄% ကျဆင်းသွားတဲ့အကြောင်း ဖော်ပြပါတယ်။
ဝယ်လိုအား ကျဆင်းမှုတွေနဲ့အတူ နှံစားသီးနှံ၊ သကြားနဲ့ စားသုံးဆီ ထုတ်လုပ်မှုတွေ တိုးတက်လာတဲ့အတွက် အခုလို ကျဆင်းရတာလို့လည်း ပြောခဲ့တာပါ။ ပျမ်းမျှ ကုန်ဈေးနှုန်း ပမာဏဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမြင့်ဆုံးတက်ခဲ့တဲ့ အချိန်နဲ့ယှဉ်ရင် ၁၁% အထိ ကျဆင်းသွားတာ ဖြစ်ပေမဲ့ ပုံမှန်ရှိသင့်တာထက်တော့ မြင့်မားနေဆဲပဲလို့လည်း FAO အစီရင်ခံစာက ဖော်ပြပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေ၊ စွမ်းအင်ဈေးနှုန်းတွေမှာ မရေရာမှုတွေကြောင့် ကုန်ဈေးနှုန်းတွေကို ခန့်မှန်းရတာဟာလည်း ပိုပြီး ခက်ခဲလာနေတယ်လို့ ပြောပါတယ်။

နောက်ဆုံးသတင်းများ

 

နိုင်ငံရေးအကျဉ်းသားများ စတင်လွတ်မြောက်

နိုင်ငံရေးအကျဉ်းသားများ စတင်လွတ်မြောက်

 
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မနီလာသိန်း အပါအ၀င် တခြားသော ကျောင်းသား ခေါင်းဆောင်များလွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
၂၀၀၇ ခုနှစ်က ရန်ကုန်မြို့ နိုင်ငံရေးလှုပ်ရှားမှု တခုတွင် တွေ့ရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ - AP)

မစ်ခ်ျ မက်ကော်နယ် မြန်မာပြည် လာမည်


မစ်ခ်ျ မက်ကော်နယ် မြန်မာပြည် လာမည်

 
မြန်မာ့အရေးကို အလေးပေး ပြောဆိုခဲ့သော ရီပတ်ဘလီကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် မြန်မာပြည်သို့ ပထမဆုံးအကြိမ် လာရောက်မည်ဟု သတင်းရရှိသည်။
လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် (ဓာတ်ပုံ - AP)
ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ခရီးစဉ်အတွင်း မက်ကော်နယ်သည် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအာဏာပိုင်တို့နှင့် သီးခြားတွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးမည်ဟု သိရှိရသည်။
၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကို စတင် ပြောဆိုခဲ့သူ မက်ကော်နယ်သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု လျှော့ချရေးတွင် အရေးပါသည့် နေရာ၌ ရှိနေသည် လေ့လာသူများက သုံးသပ်သည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးသည် လျှင်မြန်မာစွာ အကောင်အထည်ပေါ်လာဦးမည် မဟုတ်သော်လည်း အမေရိကန်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ပြန်လည်ခန့်ထားရန် စဉ်းစားနေပြီဖြစ်ကြောင်း၊ သို့သော် လွှတ်တော်၏ သဘောတူညီချက် ယူရဦးမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၌ သံရုံးတာဝန်ခံကိုသာ အဆင့်အမြင့်ဆုံးအဖြစ် ခန့်ထားသည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲမှုတချို့ စတင်လုပ်ဆောင်လာခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အပါအဝင် အမေရိကန် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ လာရောက်ခဲ့ကြသည်။

လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီ

လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီ

 
ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်အင်းစိန် ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဗီဒီယို အက်ဥပဒေ၊ အီလက်ထရွန်နစ် အက်ဥပဒေများဖြင့်စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း တရားရုံးက ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၈ နှစ်နှင့် ၆ လ လျှော့ချပေးခဲ့သည်။ ယခု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် ကိုနေဘုန်းလတ်ကို ဧရာဝတီသတင်းထောက် ရန်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
ဘားအံအကျဉ်းထောင်မှ လွတ်မြောက်လာသော ကိုနေဘုန်းလတ် (ဓာတ်ပုံ - Eleven Media Group)

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်ကို ဦးခင်ညွန့် ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်ကို ဦးခင်ညွန့် ကြိုဆို

 
ယနေ့လွတ်မြောက်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်
အား ကြိုဆိုကြောင်း ပြောဆိုလိုက်သည်။
ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သတင်းထောက်များနှင့် စကားပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)