သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, August 2, 2011

စစ်တပ်တွင်း အန္တရာယ်အကြီးဆုံး doubt (Breaking News)

စစ်တပ်တွင်း အန္တရာယ်အကြီးဆုံး doubt (Breaking News)

စစ်တပ်မှာ ရေပန်းစားနေတဲ့ အန္တရာယ် အကြီးဆုံး စကားလုံးကတော့ doubt ဆိုတဲ့စကားလုံးဖြစ်ပြီး ထိပ်ပိုင်း ဗိုလ်ချုပ်များအချင်းချင်း doubt ဖြစ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်စဉ် အများအပြား ရှိနေကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားခံခဲ့ရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ထံ ဂါရဝ တရားအရ လာရောက်တွေ့ဆုံခဲ့တဲ့ ရကတ တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းနဲ့ ကစထ (၅) မှူးဟောင်း ဗိုလ်ချုပ်တင်ငွေတို့ အပေါ် ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်နေတဲ့ ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဘဝင်မကျ doubt ဖြစ်ခဲ့သလို အာဏာမစွန့်လွတ်ရသေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီကောင် အာဏာဖြင့် မလွှဲသေးဘူး၊ အုပ်စုဖွဲ့ အာဏာနီ တည်ဆောက်နေပြီဟု doubt ဖြစ်ခဲ့လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်ကို ကွပ်ကဲရတဲ့ ဗိုလ်ချုပ်တင်ငွေဟာ ကစထ (၅) မှူးရဲ့ တာဝန် ဝတ္တရားအရ ရန်ကုန်တိုင်းအတွင်းရှိ ဝန်ကြီးဌာနများရဲ့ စီမံကိန်းများ စစ်ဆေးခြင်းနဲ့ သုဝဏ္ဏအားကစားကွင်း မွမ်းမံ တည်ဆောက်ရေး စီမံကိန်း စစ်ဆေးရာမှာ တခမ်းတနား စစ်ဆေးတဲ့အပေါ် ထိုစဉ်က ရွေးကောက်ပွဲ မပြီးသေးလို့ ခေတ္တထောင့်ကပ်နေတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဘဝင်မကျ doubt ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်တပ်မှာ ဗိုလ်ချုပ်တွေ အချင်းချင်း doubt ဖြစ်ပြီဆိုရင် ကြောက်စရာကောင်းလှပြီး ဖြေစရာ ဆေးမရှိကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သုံးသပ်တင်ပြလာပါတယ်။

မြစ်မင်းဧရာဝတီ နောက်ခံသမိုင်း

မြစ်မင်းဧရာဝတီ

နောက်ခံသမိုင်း

အလွန်ရှေးကျသော ဆန့်စ်ကရစ် (SANSKRIT Indo-Aryan Language) ဘာသာစကားအရ ဟိမဝန္တာ တောင်မှ
အစပြု စီးဆင်းလာသော ရာဗီ (RAVI) သို့မဟုတ် အိုင်ရာဗတီ (IRAVATI) ဆိုသော အမည်မှ
ဆင်းသက်လာသည်ဟုဆိုသည်။ အဆိုပါ အိုင်ရာဗတီ (ဧရာဝတီ) အမည်တူ မြစ်ကို ပါကစ္စတန် နှင့် အိန္ဒိယ
နိုင်ငံအကြားတွင် တွေ့ ရှိနိုင်သည်။
ပါဠိဘာသာစကားအရ အင်ဒရာ (Indra) အမည်ရှိသော ဟိန္ဒူနတ်ဘုရားအပေါင်းတို့၏ ဘုရင်စီးနင်းသည့်
ထူးဆန်းသော ဆင်ဖြူကြီး ဧရာဗေတာ (Airavata) ၏ မိခင် အိုင်ရာဗစ်တီ်(Iraviti) ကို အစွဲပြုပြီး ဧရာဝတီ ဟူ၍
ခေါ်တွင်သည်။ ယင်းဆင်ကို ထိုင်းနိုင်ငံတွင်လည်း စီးပွားတိုးတက်မည်ဟု ယုံကြည်ကာ ကိုးကွယ်ကြ၏။
ကမ်ဘောဒီးယားနိုင်ငံတွင်လည်း လက်ရှိ နိုင်ငံတော်သင်္ကေတနှင့် ဘုရင့်ကိုယ်ပွားသဖွယ် ကိုးကွယ် အသုံးပြု
ကြသည်။ ထိုနည်းတူပင် များစွာသော ဗုဒ္ဓဘာသာနိုင်ငံများတွင်လည်း အမည်အမျိုးမျိုးဖြင့် ပူဇော်ပသ
လေ့ရှိကြသည်။

မိခင်ဧရာဝတီ

ဟိမဝန္တာတောင်ခြေတွင် မြစ်ဖျားခံ၍ ကြမ်းတမ်းခက်ခဲစွာ စီးဆင်းလာရသော (ညီမ) မေခ သည်
ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ချောမွေ့ညင်သာစွာစီးဆင်းခဲ့ရသည့် (အစ်ကို) မလိခ နှင့် ပေါင်းဆုံပြီး ဧရာဝတီမြစ်အဖြစ် အမည်တွင်လာခဲ့သည်။
ကမ္ဘာကြီး၏ဝိဥာဉ်တော်နတ်ဘုရားက ရွှေခွက်ကို လက်နှစ်ဘက်နှင့်ကိုင်ပြီး အေးမြသော ရေသွန်းလောင်းပေး
နေ၍၊ ဧရာဝတီမြစ်ဝန်းကျင်တွင် ရွှေမှုန်ရွှေခဲများတွေ့ရှိရသည် ဟု ကချင်တိုင်းရင်းသားတို့က ယုံကြည် သက်ဝင်ကြသည်။ ထို့အပြင် နဂါးနတ်သမီးနှင့် နေသူရိန် နတ်သားတို့ ချစ်ကျွမ်းဝင်ပြီး ဥသုံးလုံးဖွားမြင်ခဲ့သည်။ ပထမတလုံးကို သပိတ်ကျင်းအနီးတွင် ပေါက်ခဲ့ပြီး ပတ္တမြားများ ဖြစ်လာခဲ့သည်။ ဒုတိယတလုံးမှာ မြန်မာပြည်အလည်ပိုင်းတွင် ပေါက်ဖွားခြဲ့ပီး ကျားများဖြစ်သွားသည်။ ကျန်တလုံးမှာ မြစ်ဝကျွန်းပေါ်တွင် ပေါက်ဖွား၍မိကျောင်းများဖြစ်သွားသည်ဟုလည်း ဒဏ္ဍာရီပုံပြင်များ ရှိခဲ့သည်။
အဆိုပါ ဒဏ္ဍာရီဆန်လှသော ဧရာဝတီမြစ်ကြီး နဘေး၌ပင် မြန်မာ့သမိုင်းအစ တကောင်း အမည်ရှိ မြို့တော်ကြီးရှိခဲ့သည်။ ထို့အပြင် နန်ချို (ယခု ယူနန်နယ)် သားတို့ ဖျက်ဆီးခဲ့သော ပျူနိုင်ငံတော်သည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည်။ ယင်းနောက် မြန်မာဖြစ်လာမည့် ကျွန်ုပ်တို့၏အဘိုးအဘွားတို့သည် ဧရာဝတီမြစ်ညာသို့ ဆန်တက်ပြီး ကျောက်ဆည်၊ ပုဂံ၊ အင်းဝ၊ အမရပူရ (မန္တလး)အစရှိသည့် သမိုင်းဝင်မြို့ကြီးများကို တည်ထောင်ခဲ့ကြသည်။ ပုဂံမှသည် ရန်ကုန်အထိ ခေတ်အဆက်ဆက်မြို့တ်ာကြီးများ တည်ထောင်ခြဲ့ကသည်။
သူရဲကောင်းတို့ မွေးဖွားခဲ.ရာဤ ဧရာဝတီမြစ်ကြီးသည် မြန်မာနိုင်ငံ၏ အသက်၊ သိက္ခာ၊ ဘဝ၊ ယဉ်ကျေးမှု
သမိုင်းမှတ်တိုင် အဆက်ဆက်ကို ထင်ဟပ်စေခဲ့သည်။ ဧရာဝတီသည် မြန်မာနိုင်ငံ၏ အသက်။ ဧရာဝတီသည်မြန်မာနိုင်ငံ၏ ဘဝ။
ဤ ဧရာဝတီမြစ်ကြီးကိုမှီပြီး မြို့ရွာပေါင်းများစွာ ရပ်တည်နေကြရသည်။ ပိုက်ကွန်ယက်သကဲ့သို့ မြစ်ခွဲငယ်
များဖြင့် ဖြာထွက်နေသော မြစ်ဝကျွန်းပေါ်ဒေသသည် စိုက်ပျိုးရေးအရ အရေးပါသဖြင့် မြန်မာတို့၏ စပါးကျီအဖြစ်တင်စားခေါ်ဝေါ်ခြဲ့ကသည်။ ဧရာဝတီမှ သယ်ဆောင်လာသောနှုံးမြေနုများကြောင့် အကဒ် မန်ပင်လယ်ထဲ၌တနှစ်လျှင်ပျဉ်းမျှ ပေ (၁၅၀) ခန့်  တိုင်းပြည်နယ်မြေကို ကျယ်စေသည်။
ဧရာဝတီ၏ အလှ၊ ဧရာဝတီ၏ ကျေးဇူးများကို ဖေါ်ကျူးရလျှင် ကုန်နိုင်ဖွယ်မရှိပါ။


ဧရာဝတီကို ဖျက်ဆီးကြလေပြီ

စစ်အုပ်စုအဆက်ဆက်လက်ထက်တွင်တိုင်းပြည်၏သယံဇာတပစ္စည်းများကိုစနစ်တကျ
ထိန်းသိမ်းစောင့်ရှောက်ထုတ်လုပ်ရောင်းချခြင်း မရှိပဲ၊ ပြည်ပသို့ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ရောင်းစားနေကြသည်ဖြစ်ရာ မြန်မာနိုင်ငံမှကျောက်မျက် ရတနာများလဲ ကုန်လုပြီ။ မြန်မာ့ရေပိုင်နက်မှ ငါးများသည်လဲ မျိုးတုန်းလုပြီ။ ကျွန်းမှသည်
ပိတောက်အဆုံး၊ သစ်တုံးကြီးငယ် တင်ထားသော ကားကြီးများ ထိုင်းနှင့် တရုတ်နိုင်ငံသို့
နေ့နေ့ညည
သွားနေသည်ကိုလဲ ၀မ်းနည်းစွာ တွေ့မြင်နေကြရသည်။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကိုလဲ အမှောင်ကျနေသော မြန်မာပြည်အတွက် အသုံးမချပဲ နိုင်ငံခြားသို့
ရောင်းချ ခြဲ့ကသည်။ ကိုးကိုးကျနွ်းနှင့် ဇာဒက်ကြီးကျွန်းအပါအ၀င် ကျွန်းငယ်များစွာမှာလဲ နိုင်ငံခြားသို့
ရောင်းချခံရလုမတတ် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ ရရှိသော ဝင်ငွေကိုလဲ တိုင်းပြည်ဖွံ့ဖြိုး
တိုးတက်ရေးအတွက် အသုံးပြုခြင်း မရှိပဲ၊ စစ်လက်နက်ပစ္စည်းများ တိုးချဲ့တပ်ဆင်၍ တိုင်းရင်းသား
ပြည်သူလူထုအား လက်နက်ဖြင့် ဗိုလ်ကျခြိမ်းချောက် အနိုင်ကျင့်လျက်ရှိသည်။
စစ်အုပ်စုအဆက်ဆက်တို့သည် ယင်းသို့ အဖိုးတန်သယံဇာတများကို စည်းမဲ့ကမ်းမဲ့ ဖျက်ဆီးနေရုံသာမက
မဟာမြစ်မင်း ဧရာဝတီ၏ အလှတရားကိုလဲ နအဖ အမည်ပြောင်း သိန်းစိန်အုပ်စုမှ ဖျက်ဆီးနေကြလေပြီ။ China
Power Investment Co-Operation နှင့် စာချုပ်ချုပ်၍ ရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား
ထုတ်လုပ်ကာ တရုတ်ပြည်သို့ ရောင်းချတော့မည်ဖြစ်သည်။ ဤစီမံကိန်းကြောင့် ဧရာဝတီမြစ်ရေသည်
၆ပေအထိ ကျဆင်းသွားနိုင်ပြီး မြစ်ဝကျွန်းပေါ်ရှိ မြစ်ခွဲတချို့ တိမ်ကောပျောက်ကွယ်သွားနိုင်သည်။
မြစ်ဆုံရေကာတာစီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အား အကျိုးကျေးဇူးများကို ဧရာဝတီကို ပိုင်ဆိုင်သော
မြန်မာနိုင်ငံသားတို့ မခံစားရပဲ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတို့ကသာ ခံစားရမည်ဖြစ်သည်။
ရေကာတာကြောင့် မြစ်ညာအထက် သစ်တောများကို ရေဖုံးလွှမ်းသွားနိုင်ပြီး၊ မြစ်အောက်ဖက် ရေနေသက်ရှိ
တည်ရှိမှုစနစ်များကို ထိခိုက်စေနိုင်ပါသည်။ ရေကာတာကြောင့် မြစ်ရေစီးကြောင်း ပြောင်းလဲစေပြီး၊
ဧရာဝတီမြစ်အောက်ပိုင်း ဒေသများရှိ ရေတင်မြေများဆီသို့ သဘာဝရေစီးဝင်မှုနှင့် မြေဆီဖြစ်ထွန်းမှုကို
ပျက်စီးစေမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်သော မြစ်ဝကျွန်းပေါ်ဒေသ၊ ဆန်စပါးစိုက်ပျိုးရေး
လုပ်ငန်းများကို ဆိုးဝါးစွာ ထိခိုက်စေ တော့မည်ဖြစ်သည်။
ထိုမျှမက ရေကာတာသည် မြေငလျင်လှုပ်လွယ်သော ဒေသတွင်း ပြတ်ရွှေ့ကြောင်းမှ ကီလိုမီတာ (၁၀၀)
အကွာတွင်သာ ရှိသည်ဖြစ်ရာ၊ ရေကာတာ ကျိုးပေါက်သွားပါက မြစ်အောက်ဖက် ကီလိုမီတာ (၄၀) အကွာတွင်တည်ရှိသောကချင်ပြည်မြို့တော် မြစ်ကြီးနားအား ရေလွှမ်းမိုးခံရနိုင်ဖွယ်ရှိပါသည်။
မြန်မာပြည်၏ အသက်သွေးကြောဖြစ်သော လယ်ယာမြေနှင့် ရေလုပ်ငန်းများကို ထိခိုက်စေနိုင်ပါသည်။

မြစ်ဆုံရေကာတာ စီမကိန်းကိုဆန်. ကျင်ြက

သို့ဖြစ်ပါ၍ မြစ်မင်းဧရာဝတီ၏ အလှတရားများကို ကာကွယ်စောင့်ရှောက်ရေး၊ ဧရာဝတီမြစ်ကို မှီ၍
တည်ထောင်ထားသော မြို့ပြရပ်ရွာများ ရေရှည်တည်တံ့ခိုင်မြဲရေး တို့အတွက် မြစ်ဆုံရေကာတာ စီမံကိန်းအားလက်တွဲညီညီ ၀ိုင်းဝန်းဆန့်ကျင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

In Front of the Rangoon City Hall in 1988

၁၀ ကျပ်ဖြင့် မှတ်ပုံတင်ရရန် လဝကကိုယ်စား ကြံ့ဖွံ့အာမခံ

၁၀ ကျပ်ဖြင့် မှတ်ပုံတင်ရရန် လဝကကိုယ်စား ကြံ့ဖွံ့အာမခံ(ဧရာဝတီ)
 
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မှတ်ပုံတင် မရှိသူအားလုံးကို ငွေ ၁၀ ကျပ်ဖြင့် မှတ်ပုံတင်ရရှိစေရန် ကူညီဆောင်ရွက်ပေးမည်ဟု အာမခံပြီး လူထုကို စည်းရုံးနေကြောင်း သတင်းရရှိသည်။

U-Khin-Yee-ID
သန်လျင်မြို့နယ်အတွင်း ငွေ ၆ ကျပ်ဖြင့် မှတ်ပုံတင် လုပ်ပေးနေသည်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ လိုက်လံကြည့်ရှုစဉ် (ဓာတ်ပုံ - Popular News)

ရန်ကုန် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ဦးဆောင်သော ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီက တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ပြည်သူများ မှတ်ပုံတင် လွယ်ကူစွာ ရရှိလိုပါက ၎င်းတို့ပါတီကို တိုက်ရိုက်ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း၊ ထိုသို့ အကူအညီ တောင်းခံလာပါက ၁၀ ကျပ် ခန့်ဖြင့် မှတ်ပုံတင်ရရှိစေရန် ကြံ့ဖွံ့ပါတီက အခမဲ့ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း စသည့် အချက်များ ပါဝင်သော ကြံ့ဖွံ့တံဆိပ်ပါ လက်ကမ်းကြော်ငြာများကို တောင်ဥက္ကလာပ လိုက်လံဝေငှ နေသည်။

“ရပ်ကွက်တိုင်းမှာ ကြံ့ဖွံ့က လက်ကမ်းကြော်ငြာတွေ ဝေတယ်။ မှတ်ပုံတင်မရှိရင် သူတို့ပါတီကလုပ်ပေးမယ်၊ ကြားပွဲစားနဲ့ မှတ်ပုံတင် မလုပ်နဲ့ ဆိုပြီး သတိပေးထားတယ်” ဟု တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်မှ ဒေသခံ တဦးက ပြောသည်။

အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လျှောက်ထားမှု အတွက် ငွေ ၆ ကျပ်ဖြင့် လည်းကောင်း၊ အသက် ၁၀ နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့် မှတ်ပုံတင် လဲလှယ်ခြင်းအတွက် ငွေ ၃ ကျပ်ဖြင့် လည်းကောင်း၊ မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးမှုကြောင့် ပြန်လည် လျှောက်ထားမှုအတွက် ငွေ ၁၀ ကျပ် ဖြင့် လည်းကောင်း ကြံ့ဖွံ့ပါတီက ကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။

“မှတ်ပုံတင်အတွက် ၆ ကျပ်၊ ၃ ကျပ်၊ ၁၀ ကျပ် ဆိုတဲ့ ပိုက်ဆံက လ၀က (လူဝင်မှုကြီးကြပ်ရေးရုံး) ကို သွင်းရမယ့် ငွေပါ။ ပါတီကို တပြားမှ ပေးစရာမလိုဘူး။ စာရွက်စာတမ်း အပြည့်အစုံနဲ့ဆိုရင် နေ့ချင်းပြီး ဒါမှမဟုတ် တလအတွင်း ရအောင် ဆောင်ရွက် ပေးမယ်” ဟု ကြံ့ဖွံ့ပါတီ ရပ်ကွက်စည်းရုံးရေးမှူး တဦးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေး၏ လုပ်ငန်းစဉ်များကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖြစ် အသုံးချနေခြင်းသည် လက်မခံနိုင်သော လုပ်ရပ် တခုဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ပါတီဝင်တဦးက ဝေဖန်သည်။

“နိုင်ငံရေး ပါတီတခု အနေနဲ့ နိုင်ငံတော်ပိုင်ပစ္စည်း၊ ငွေကြေး၊ လုပ်ငန်းတွေကို ပါတီပိုင်အဖြစ် အသုံးပြုရင် နိုင်ငံရေး ပါတီအဖြစ်က ဖျက်သိမ်းခံရမယ်လို့ ရွေးကောက်ပွဲ ဥပဒေထဲမှာ တရားဝင် ပြဋ္ဌာန်းထားပြီးသား။ လူဝင်မှု ကြီးကြပ်ရေးရဲ့ လုပ်ငန်းကို ပါတီ စည်းရုံးရေးအဖြစ် အသုံးချတာ ရွေးကောက်ပွဲ ဥပဒေကို ဖောက်ဖျက်တာပါပဲ။ ဒါကို ကော်မရှင်က အရေးယူသင့်တယ်” ဟု ပြည်တွင်းအခြေစိုက် နိုင်ငံရေးသမားတဦးက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် လာမည့်ရွေးကောက်ပွဲတွင် ယခင်ထက် သန့်ရှင်းမျှတစေရန် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ကြံ့ဖွံ့ပါတီက အစိုးရ၏ အရှိန်အ၀ါကို အသုံးပြုပြီး တရားမျှတမှုမရှိသော စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲလိမ်၊ မဲခိုးမှုများ ပြုလုပ်ခဲ့သော်လည်း အရေးမယူခဲ့ကြောင်း၊ အခုလည်း အခြေခံ အကျဆုံးသော ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးများတွင် ကြံ့ဖွံ့ပါတီမှ လူများကို ထည့်ထားကြောင်း၊ ပြည်သူပိုင် လုပ်ငန်းများအား ပါတီ စီးပွားရေး အဖြစ် လုပ်ကိုင်သည်သာမက၊ ပြည်သူပိုင် ငွေကြေးနှင့် ကျောင်းဆောက်၊ ဘုရားတည်ကာ ပြည်သူကို ပြန်လည် စည်းရုံးကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာအများစုအနိုင်ရရှိခဲ့သော ကြံ့ဖွံ့ပါတီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်သွားသော မဲဆန္ဒနယ် ၄၂ နေရာ၌ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီက အပြည့်အ၀ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

အစိုးရ နှင့် KIO ဒုအကြိမ် ညှိနှိုင်း

အစိုးရ နှင့် KIO ဒုအကြိမ် ညှိနှိုင်း

E-mail Print
ကချင်ဒေသ စစ်ပွဲများ ရပ်စဲရေးအတွက် အစိုးရ နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ်များ ယနေ့ ထပ်မံ တွေ့ဆုံ ညှိနှိုင်းကြသည်ဟု သိရသည်။

ဇွန်လ ၃၀ ရက်နေ့က ပထမအကြိမ် ဆွေးနွေးပွဲ ပြုလုပ်သည့် လဂျားယန်ဒေသတွင်ပင် တွေ့ဆုံကြခြင်း ဖြစ်သည်ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။  

“အဓိကတော့ ကျနော်တို့ဘက်က ပြောတာပေါ့။ သူတို့က နားထောင်ရုံသက်သက်ပါပဲ”  ဟု ဦးလနန်က ပြောသည်။  

268676_159199510819783_100001892050224_368043_4438500_n
အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ ဇွန်လကုန်ပိုင်းက ပထမအကြိမ် တွေ့ဆုံစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ယနေ့ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစာချုပ် မူကြမ်းအကြောင်း KIO က ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း၊ အစိုးရ ကိုယ်စားလှယ်တို့က အထက်သို့ တင်ပြအစီရင်ခံပေးမည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ဦးလနန်က ရှင်းပြသည်။

ငြိမ်းချမ်းရေးစာချုပ် မူကြမ်းတစောင်ကို KIO က ပြုစုပြီး ကြာသပတေးနေ့တွင် အစိုးရသို့ ပေးပို့ထားသည်။ လက်မှတ် ရေးထိုးပြီးပါက  နှစ်ဘက် တပ်ဖွဲ့များ အပစ်ရပ်ရေးကို ၄၈ နာရီ အတွင်း အကြောင်းကြား လိုက်နာစေရမည်ဟု  မူကြမ်းတွင် ဖော်ပြထားသည်။

ကချင်ဒေသတွင်သာမက နိုင်ငံအတွင်း တိုက်ပွဲအားလုံး ရပ်ဆိုင်းပြီး နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်မည့် အစီအစဉ်များကို အစိုးရက  ၁၅ ရက် အတွင်း ကြေညာချက် ထုတ်ပြန်ပေးရမည်ဟုလည်း ဖော်ပြထားသည်။  အပစ်ရပ်ပြီး တနှစ်ပြည့်ချိန်တွင်  ထိုစာချုပ်ကို ပြန်လည် သုံးသပ်မည် ဟုလည်း မူကြမ်းတွင် ရေးထားသည်။

ယနေ့ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်ပြီး  KIO ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ဦးဆောင်သည်ဟု သိရသည်။

အပစ်ရပ်ရေး နှစ်ဘက် ဆွေးနွေးနေကြနေကြချိန်မှာပင် ယမန်နေ့ကအထိ ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်ဟု ဦးလနန်က ဧရာဝတီကို ပြောသည်။

တိုက်ပွဲများမှာ ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ်  နေရပ်ကို စွန့်ခွာ ထွက်ပြေးရသူပေါင်း  နှစ်သောင်းခန့် ရှိနေကြောင်း ကချင် စစ်ပြေးဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ဒုက္ခသည်များကို KIO အပါအ၀င် ဒေသခံ ဘုရားကျောင်းတချို့နှင့် အဖွဲ့အစည်းတချို့တို့က ကူညီနေသော်လည်း လုံလောက်မှု မရှိဟု ဆိုသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO ၏ စစ်တပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA သည် မြန်မာ့တပ်မတော်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။ ၁၉၉၄ တွင်  ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ KIA ထိန်းချုပ်သည့် ဒေသများတွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့ သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ  ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းရဲမှု လျှော့ချရေး ဆွေးနွေးပွဲ ဖိတ်မည် (ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းရဲမှု လျှော့ချရေး ဆွေးနွေးပွဲ ဖိတ်မည်

E-mail Print
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်၌ ကျင်းပမည့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး စီးပွားရေးဆိုင်ရာ ဆေးနွေးပွဲသို့ ဖိတ်ကြားရန် အစိုးရက စီစဉ်နေသည် ဟု သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်က ပြောသည်။

Bagan-AP-dassk
ပုဂံမြို့မှ ဆန်တိုက် နွားလှည်းတစီး (ဓာတ်ပုံ - AP)
ယခုလအတွင်း ကျင်းပရန်စီစဉ်ထားသည့် အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား လေ့လာသူအဖြစ် တက်ရောက်ရန် ဖိတ်ကြားခြင်း ဖြစ်သည်ဟု သိရသည်။

“ပူးပေါင်းဆောင်ရွက်ဖို့ အားလုံး ကျယ်ကျယ်ပြန့်ပြန် ဖိတ်မယ်။ ၀န်ကြီးဌာနက အကြောင်းကြားလိမ့်မယ်။ ဒါ အလားအလာကောင်းတွေပဲ” ဟု ဒေါက်တာ နေဇင်လတ်က ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဖိတ်ကြားမည်ဆိုသည်နှင့် ပတ်သက်၍  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် မသိရသေးကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆိုသည်။

ယခုနှစ် မေလအတွင်းက နေပြည်တော်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပထမဆုံးအကြိမ် အလုပ်ရုံအစည်းအဝေးကို ၃ ရက်ကြာ ကျင်းပခဲ့သည်။

ပြီးခဲ့သည့် လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာတွင် တွေဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်နိုင်ခဲ့သည်။

ထိုသို့ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်းကြောင့် ယခုအခါ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ဘုံသဘောတူချက် တခုရရှိထားပြီဟု ယူဆနိုင်သည်ဟု ဒေါက်တာ နေဇင်လတ်က ဆိုသည်။

ယခု နေပြည်တွင် ကျင်းပမည့် ဆွေးနွေးပွဲသို့ အစိုးရက ဖိတ်ကြားရန် စီစဉ်ခြင်းမှာလည်း အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများဖြစ်သည်ဟု သုံးသပ်ကြောင်း ဆက်လက်ရှင်းပြသည်။

အစိုးရ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံပြီး မကြာမီမှာပင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လတ်တလော တိုင်းရင်းသား ဒေသများတွင်ဖြစ်ပွားနေသည့် စစ်ပွဲများရပ်စဲရေးအတွက် ကြားဝင်ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း အိတ်ဖွင့်ပေးစာကို သမ္မတ ဦးသိန်းစိန် အပါအ၀င် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် (SSA) ဟူ၍ လိပ်မူကာ ပေးပို့ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ဆွေးနွေးပွဲမဖြစ်မြောက်မီ ပဏမညှိနှိုင်းရေးများ လုပ်ဆောင်စဉ် ကတည်းကပင် အစိုးရဘက်မှ တင်ပြသည်များကိုလည်း  ဒေါ်အောင်ဆန်းစုကြည်က နားထောင်ပေးမည်ဖြစ်ပြီး တဘက်နှင့်တဘက် တောင်းဆိုမှုများ ပြုလုပ်မည်မဟုတ်ဟူသော သဘောတူညီချက်ဖြင့် ဆွေးနွေးပွဲ စတင်ခြင်းဖြစ်သည်ဟု NLD ပါတီဝင်တဦးက ပြောသည်။

KIA and SPDC Conflict(တိုက်ပွဲသတင်း)

ကိုဇာဂနာသတင်း

Full Moon Day of Wa Zo Chiang Mai