သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, June 9, 2012

နိဂုံး အပိုင်း (၄)

နိဂုံး အပိုင်း (၄)

by Bo K Nyein on Sunday, June 10, 2012 at 1:08pm ·
အပိုင်း (၄)

အရင်းရှင်စနစ်အတွင်း

စာရေးသူရဲ့အမြင်အရ အရင်းရှင်စနစ်မှာ အဓိက နှစ်ပိုင်းရှိပါတယ်။
ထုတ်လုပ်ခြင်းအပိုင်း (Production) နဲ့ ငွေကြေးရင်းနှီးမှု (Financing) အပိုင်းတို့ဖြစ်ကြပါတယ်။
ထုတ်လုပ်ခြင်း ဆိုရာမှာ ကုန်ပစ္စည်းထုတ်လုပ်မှုရော ၊ ၀န်ဆောင်ထုတ်လုပ်ခြင်း Goods and Services နှစ်မျိုးလုံးကိုပြောတာပါ။
ဥပမာ ကားထုတ်လုပ်တာက ကုန်ပစ္စည်းထုတ်တာ။ ဘတ်စ် ကားတွေဝယ်ယူပြီး ကားလိုင်းထောင်တာက ၀န်ဆောင်ထုတ်လုပ်ခြင်း Service ဖြစ်သွားရော
နောက်ဆုံးတော့ (ထုတ်လုပ်ခြင်း) ကလည်း ချမ်းသာမှု (Wealth Creation) ကိုဖန်ထီးနိုင်သလို၊ ငွေကြေးရင်းနှီးမှု (Financing) ကလည်း ချမ်းသာမှု (Wealth Creation) ကိုဖန်ထီးနိုင်ပါတယ်။
စတော့တွေကို အသေးစိပ် တင်ပြရခြင်းက ငွေကြေးရင်းနှီးမှုကဏ္ဍ မှ ချမ်းသာမှု (Wealth Creation) ကိုဘယ်လိုဖေါ်ထုတ်နိုင်သလဲ ဆိုတာကို သိစေလို ၍ပါ။

Wall St နှင့် ငွေကြေးကဏ္ဍ

Wall St နှင့် ငွေကြေးကဏ္ဍ

by Bo K Nyein on Friday, June 8, 2012 at 5:38pm ·
အပိုင်း (၃)

Wall St နှင့် ငွေကြေးကဏ္ဍ

အရင်းရှင်လောကအတွက် ငွေရင်း (capital) ဟာအရေးအကြီးဆုံးပဲ။

 သာမာန်အားဖြင့်တော့ ငွေလိုချင်ရင် ဘဏ်တွေမှာချေးပေါ့။

အမှန်က ငွေကြေးနဲ့ ပတ်သက်တာအားလုံးကို Financial Sector ငွေကြေးကဏ္ဍ လို့ခေါ် ပါတယ်။
ငွေကြေးကဏ္ဍ အတွင်းမှာမှ ငွေရင်းဖေါ်ထုတ်တဲ့၊ ငွေရင်း (မ)တည်တဲ့ ဈေးကွက်သက်သက်ကိုမှ Capital Market ငွေရင်း ဈေးကွက် လို့ခေါ်သလို နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်သက်သက်ကိုမှ FOREX (Foreign Exchange) Market လို့ခေါ်ပါတယ်။ တချိန်ထဲမှာ ဆန်ကဲ့သို့ အစားအစာ၊ ရွှေ ၊ သံမဏိ ကဲ့သို့ တွင်းထွက် ပစ္စည်း စတဲ့ကုန်ကြမ်း နဲ့ ရေနံကဲ့သို့ အဓိကထွက်ကုန် တို့ကိုလဲလှယ်ရာ Comomodity Market လူသုံးကုန်ဈေးကွက် နဲ့ ဈေးကစားရာဈေးကွက် Option market ဆိုပြီး ဆိုင်ရာဆိုင်ရ ဈေးကွက် အသီးသီးရှိကြပါတယ်။