You are her
Published on Thu, 03/17/2016 - 18:45
မတ် ၁၅ ရက်က ဖလော်ရီဒါတွင် အောင်ပွဲခံ မိန့်ခွန်းပြောနေသော ရီပက်ဘလီကင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် (၀ဲ) (Photo : AFP)
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရရှိနိုင်သည့် အလားအလာသည် ကမ္ဘာ့စီးပွားရေးကို မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသော ဂျီဟတ်များနှင့်တန်းတူ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေလိမ့်မည်ဟု ဗြိတိန်သုတေသန အဖွဲ့ဖြစ်သော စီးပွားရေး စုံစမ်းထောက် လှမ်းမှုယူနစ် (EIU) က ပြောကြားခဲ့သည်။
Hacker လို့ဆိုလိုက်တာနှင့် Anonymous မျက်နှာဖုံးများကို ၀တ်ဆင်ထားသော မျက်နှာဖုံးပိုင်ရှင်များကို မျက်စိထဲ ပြေးမြင်မိမည် ဖြစ်သည်။ (အပြစ်ရှာအလစ်ချောင်းပေါ့လေ ခိခိ)Hacker ဆိုသည်မှာ System စံနစ်တစ်ခုအတွင်းသို့ ထိုးဖောက် ၀င်ရောက်နိုင်သူများကို ခေါ်ဆိုနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသည့် စံနစ်ဆိုသည်မှာ ကမ္ဘာကြီးပျက်စီးသည့်တိုင်အောင် ရှိမည်မဟုတ်ချေ၊ System တိုင်းတွင် အားနည်းချက်များရှိနေမည် ဖြစ်သည်။ Hacker များသည် ထိုအားနည်းချက်များကို စူးစမ်းရှာဖွေလေ့လာပြီး ထိုးဖောက်ရန် ကြိုးစားနေသူများဖြစ်သည်။ Hacker တစ်ယောက်ဖြစ်ရန် လွယ်ကူပါသလားဟုမေးလာလျှင်တော့ ပျင်းရိသောသူများအတွက် Hacker တစ်ယောက်ဖြစ်ရန် ခက်ပြီး ကြိုးစားနေသူများအတွက် Hacker တစ်ယောက်ဖြစ်ရန် အခက်အခဲမရှိနိုင်ပေ။ အမြဲ တစိုက်မတ်မတ်နှင့် ကြိုးစားအားထုတ်မည်ဆိုပါက တနေ့တွင် Hacker ကောင်းတစ်ယောက်ဖြစ်မည်ဆိုတာကို အာမခံဝံ့ပါသည်။
1) Jonathan James
Jonathan James သည် အသက် ၁၆ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံရှိ Defense Threat Reduction Agency ၏ ကွန်ပြူတာ ကွန်ယက် စံနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ DTRA Server ပေါ်တွင် Backdoor ကို Install လုပ်ခဲ့ပြီး ကွန်ယက်အတွင်းရှိ ကွန်ပြူတာများအားလုံးကို ထိန်းချူပ်နိုင်ခဲ့သည်။