NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကျော် လွတ်တော်ပြင်ပ နိုင်ငံရေးနဲ့  ပြည်သူ့အကျိုး ကို သယ်ပိုးခဲ့ပြီး အခုတော့ လွတ်တော်နိုင်ငံရေးနဲ့   ပြည်သူ့တာဝန်တွေကို ဆက်ထမ်းဆောင်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ဒီကနေ့ ဖေဖော်ဝါရီ  ၂၃ ရက်နဲ့ ၂၄ ရက်  (၂ )ရက်ကြာ ကချင်ပြည်နယ်ကို ပါတီစည်းရုံးရေးအဖြစ် သွားနေစဉ်အတွင်း  ကချင်လူထုကို အခုလိုပြောလိုက်တာပါ၊