သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, January 16, 2012

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2012-01-16   (RFA)

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှဦး ကျန်နေသေးသလဲ ဆိုတာ စိစစ်မယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
NLD
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell ၂ဝ၁၁ ဇန်နဝါရီလ ၁၆ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell နဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။

အိမ်အလွမ်း

လူလည်းတစ်ထွေ ရေလည်းတစ်ခြား ဆိုသလို မွေးရပ်မြေနှင့် ပိုဝေးလေလေ၊ ကိုယ်နှင့် အသွင်မတူသူများကို ပိုတွေ့လေလေ၊ အမိမြေကို ပိုသတိရလေ ဖြစ်ရသည်။ အကြောင်းအမျိုးမျိုးကြောင့် အမိနိုင်ငံကို မပြန်နိုင်တာ အချိန်တော်တော်ကြာခဲ့ပြီ။ သည်လိုဝေးကွာနေတိုင်း နိုင်ငံကို မချစ်တော့ပြီလား။ နိုင်ငံတွင်းမှ လူများကသာ နိုင်ငံကို ချစ်ကြသလားလို့ တစ်ခါတစ်ရံ တွေးမိ၊ မေးမိသည်။ 

မြန်မာ ပြုပြင်ပြောင်းလဲမှု လမ်းမှန်ကိုဦးတည်


ဓာတ်ပုံ ASSOCIATED PRESS
အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲလ် (၀ဲ) နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ (ဇန်န၀ါရီလ ၁၆၊ ၂၀၁၂)

လေးလပတ် အစည်းအဝေး စတင်ကျင်းပ

 
မြန်မာတပ်မတော် တပ်မှူးများညီလာခံ (လေးလပတ်အစည်းအဝေး) ကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၌ စတင်ကျင်းပကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာအသိုင်းအ၀န်းမှ သိရသည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)

တိုင်းရင်းသားအရေး ပြေလည်လျှင် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် အမေရိကန် စဉ်းစားမည်


 
မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးပြေလည်ကာ အခြေအနေများ တိုးတက် ကောင်းမွန်လာပါက စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းရန် စဉ်းစားသွားမည်ဖြစ်ပြီး မြန်မာအစိုးရ၏ သိသာထင်ရှား ကောင်းမွန် သော အပြောင်းအလဲများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားမိကြောင်း အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် က ယနေ့ ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် (ဓာတ်ပုံ - ဧရာဝတီ)

အတိုက်အခံတချို.ဦးသိန်းစိန်ကိုကျေးဇူးတင်အိပ်ဖွင်.စာပို.

By featured, ဘစောတင် on January 16, 2012

 
ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံအဖွဲ့တချို့က မြန်မာသံရုံးသို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်ထံအိတ်ဖွင့်ပေးစာ သွားရောက်ပေးပို့ကြကြောင်း သတင်းရရှိသည်။
အိတ်ဖွင့်ပေးစာကို မြန်မာသံရုံးမှ ဗိုလ်မှူး နိုင်ထွန်း လက်ခံယူနေစဉ် (ဓာတ်ပုံ - ဘစောတင် / ဧရာဝတီ)
ယနေ့နံနက်ပိုင်းတွင် အဖွဲ့တချို့မှ တာဝန်ခံများ၊ တသီးပုဂ္ဂလ မြန်မာနိုင်ငံသားများက ဘန်ကောက်ရှိ မြန်မာသံရုံးသို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ အပြုသဘောဆောင်သော လုပ်ရပ်များကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲကာ လုပ်ဆောင်နေခြင်းများကြောင့် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း ရေးထားသည့် အိတ်ဖွင့်ပေးစာကို ပေးအပ်ရာ သံရုံးအဖွဲ့ဝင် ဗိုလ်မှူး နိုင်ထွန်းက လက်ခံရယူသည်။

သတင်းဂျာနယ်များ စိစစ်ရေးမတင်ဘဲ ဖြန့်ချိ

By featured, ဧရာဝတီ on January 16, 2012 

ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ အကြောင်း သတင်းနှင့် ဓာတ်ပုံများကို စာပေစိစစ်ရေး မတင်ဘဲ ထုတ်ဝေလိုက်ကြရာ ဂျာနယ်များ စောင်ရေပြတ်လပ်သည်အထိ ၀ယ်လိုအား ထိုးတက်သွားကြောင်း သတင်းရရှိသည်။

ယခုတပတ် စိစစ်ရေးမတင်ဘဲ ဖြန့်ချိသည့် သတင်းဂျာနယ်များ
သတင်းဂျာနယ်အများစုက ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သော ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင် များ၊ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်တို့၏ ပြောစကား၊ မှတ်ချက်၊ သတင်းနှင့် ဓာတ်ပုံများကို မျက်နှာဖုံးတွင် တင်ကြပြီး ယင်းသို့ အသုံးပြုရန် စာပေစိစစ်ရေး၏ ခွင့်ပြုချက်ကို မယူဘဲ ထုတ်ဝေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

အီတလီ ဇိမ်ခံသင်္ဘောမှောက်မှု ပျောက်ဆုံးသူများ ရှာဖွေဆဲ

 By ဗွီအိုအေ (မြန်မာဌာန)

အီတလီနိုင်ငံမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ဇိမ်ခံသင်္ဘောကြီးတစ်စီး သောကြာနေ့က တိမ်းမှောက်နစ်မြှုပ်ခဲ့တာမှာ လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၇ ဦးလောက် ပျောက်ဆုံးနေတယ်လို့ အီတလီအရာရှိတွေက ပြောပါတယ်။ ဒဏ်ရာ ရသူတွေလည်း ၃၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အခုချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်နေရတုန်းပါပဲ။

တောင်ကိုရီးယား သင်္ဘောမှောက်ရာမှာ မြန်မာသင်္ဘောဝန်ထမ်း ၂ ဦးသေဆုံး

By ဗွီအိုအေ (မြန်မာဌာန)

တောင်ကိုရီးယား လောင်စာတင် သင်္ဘောတစ်စင်းပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ မြန်မာသင်္ဘောသား ၂ ဦး အပါအဝင် လူ ၃ ဦးမက သေဆုံးပြီး လူ ၈ ဦး ပျောက်ဆုံးနေတယ်လို့ ရေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။
တန်ချိန် ၄,၀၀၀ ကျော်ရှိတဲ့ ဒီသင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံ အနောက်ပိုင်း Incheon ဆိပ်ကမ်းမြို့ရဲ့ ကမ်းလွန် ပင်လယ်ဝါထဲမှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အခုလို ပေါက်ကွဲသွားတာ ဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

အစိုးရ အရှိန်အဝါသုံး၍ ကြံ့ခိုင်ရေးပါတီ မဲဆွယ်

By featured, စည်သူ 

 
ကြားဖြတ်ရွေးကောက်ပွဲများ အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များမှ ဝင်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)မှ လျာထားသည့် ကိုယ်စားလှယ်နှစ်ဦးသည် အစိုးရအရှိန်အဝါယူလျက် မဲဆွယ်နေကြကြောင်း သိရှိရသည်။
 
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်