သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, January 19, 2012

လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ ( ထင်လင်းအောင် ၏ အစီရင်ခံစာ) ( နိဂုံးအပိုင်း )


by Maung Maung Wann on Friday, January 20, 2012 at 8:45am

ရန်ကုန်က ပြည့်စိုးနိုင်ဆိုရင် ကျင်ချောင်းကို ကျင်စက်တပ်ပြီး ရှော့ရိုက်တာခံရလို့
ပွဲချင်းပြီးဘဲ။ အောင်မိုးကတော့ ထောင်ထဲမှာ ကြိုးဖြုတ်တယ်ဆိုပြီး မီးဒုတ်နဲ့လက်ဖျန်ကို
တနေရာတည်းထပ်ကာထပ်ကာ ရိုက်ကြတဲ့အတွက် အတွင်းကြေကြေပြီး ပုပ်စောနံလာ
ကာ လက်ဖြတ်လိုက်ရပါသည်။ တရုတ်ပြည် ရင်ခြမ်းကနေတောခိုလာတဲ့ ရာကွတ်ဘိုင်ကို
လည်း ထောင်ထဲမှ ကြိုးဖြုတ်ဖို့ စွပ်စွဲပြီး လက်ဖျန်ကို ဒါးဦးနဲ့ထောက်ပြီးလှုည့်သွင်းတာပေါက်
ထွက်သွားပြီး သွေးအများကြီးထွက်လို့ နောက်နေ့မှာ သေဆုံးသွားပါသည်။
          ဇော်ဝင်းချစ် (ဗန်းမော်) ကို အမ် ၂၀ သေနတ်နဲ့ မျက်နှာကိုရိုက်နှက်ပြီး နားရွက်ကို
ကိုတိုင်မှာကပ်ပြီး ဒါးဦးနဲ့ထိုးဖောက်တဲ့အပြင် နားခေါင်းကိုသံချိပ်နဲ့ ချိပ်ဆွဲပြီး ခြေဖျားထောက်
တဲ့အနေအထားထိ ဆွဲတင်ကာချီထားပါသည်။ ဒါတင်မကသေးပဲ ပါးစပ်ကိုဟခိုင်းပြီး ၀ါယာ
ကြိုးကိုကိုက်ခိုင်းထားကာ လျှပ်စစ်လွှတ်တဲ့အတွက် နေရာမှာပွဲချင်းပြီးသေးပါရော။ တင်မောင်
အေး (ခ) အားစိုက် (ကသာ)၊ ဌေးဝင်းမြင့်တို့ နေမကောင်းသဖြင့် KIA ဆေးရုံတက်နေရာက
ရောဂါပျောက်ပြီ လာခေါ်ပါဟု ဖုန်းဆက်အကြောင်းကြားရာ တဖက်ကနားထောင်သူက
ပျောက်သွားတယ်ဟုကြားသဖြင့် သေဒဏ်အမိန့်စာထုတ်ပြီး လိုက်ရှာရာ ဆေးရုံမှာတွေ့ရတာ
ကို ပြန်ခေါ်လာပြီး လမ်းမှာပင်သတ်ပစ်လိုက်ပါသည်။

ဗန်းမော်ဆရာတော်ကြီး သိရှိခြင်းမရှိလိုက်တဲ့ (၄၇)ပါးစုံညီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ရွှေညဝါဆရာတော်ကြီးအား ၁၅ရက်အတွင်း ကျောင်းတိုက်အတွင်းမှ ထွက်ခွာရန် မူလပထမ စီစဉ်ခဲ့ပြီးမှ ၁လသို့ ပြောင်းလဲစီစဉ်ခဲ့ခြင်းဖြစ်...



 ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား ယနေ့ တိုင်းသံဃ မဟာနာယက အဖွဲ့မှ ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာရန် ဝန်ခံကတိပြုစာ ရေးထိုးခဲ့ပါတယ်..။ အဆိုပါ ဝန်ခံကတိပြုစာရဲ့ ပထမ မူလအစီအစဉ်၌ ၁၅ရက်အတွင်း ထွက်ခွါပေးရန်  ယနေ့ခေါ်ယူ အမိန့်ချပွဲမှာ မဟနမှ ညွှန်ကြား သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်...။ အဆိုပါ ၁၅ရက်အတွင်း ကျောင်းတိုက်မှ   မူလပထမ စီစဉ်ထားတဲ့ ဆုံးဖြတ်ချက်အား  ရွှေညဝါဆရာတော်မှ   အလျှင်အမြန် ထွက်ခွာစေရန် ပြုလုပ်ခြင်းသည် မိမိအား ကိုရင်၊ ကျောင်းသားများအား ကျောင်းမှ နှင်ထုတ်သကဲ့သို့ ဖြစ်နေကြောင်း ချက်ချင်းလက်ငင်းထွက်ခွာဖို့ မိမိ၏ အခြေအနေကိုလည်း ကြည့်ပါဦးဟု ပြောဆိုသဖြင့် တလပြန်လည် ပြင်ဆင် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်...။ ဆရာတော်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း အခြေအနေနဲ့ ငြိမ်းချမ်းရေး ပျက်ပြားမှုများ မဖြစ်ပေါ်စေလိုသောကြောင့် ဝန်ခံကတိ ပြုခဲ့ခြင်းဖြစ်ပါတယ်...။
(အပြည်ပြည်ဆိုင်ရာဒီမိုကေ၇စီနေ.မှာဟောကြားသောတ၇ားတော်)

ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ ရွေးကောက်ပွဲမျှတမှု အရေးပါ

By ဗွီအိုအေ(မြန်မာဌာန)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ပြန်ပြီးတော့ ရုပ်သိမ်းရေးမှာ ဧပြီလမှာ ကျင်းပမယ်လို့ မြန်မာ အစိုးရက ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲက ဘယ်လောက်များ အရေးပါပါသလဲ။ ဒီမိုကရေစီရေး အတိုက်အခံတွေအပေါ် မြန်မာအစိုးရက ရိုးသားမှုနဲ့ ပွင့်လင်းမှုတွေအပြင် ခွဲခြားမှု မရှိဘဲ ဆက်ဆံလာမယ်ဆိုရင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာနေတဲ့ အမေရိကန် ပညာရှင်တဦးက ပြောပါတယ်။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာဏာသိမ်းရန်ကြံစည်မှု ဘင်္ဂလားဒေရှ့်အစိုးရ လက်ဦး

By ဗွီအိုအေ(မြန်မာဌာန)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်တချို့က အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းတာကို ကယ်တင်နိုင်ခဲ့တယ်လို့  စစ်ဘက်အရာရှိကြီးတွေက ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ် ရှိတ် ဟာစီနာ Sheikh Hasina ကို ဖြုတ်ချဖို့ အတွက် ကြံစည်မှုအကြောင်း အသေးစိတ်ကို  ဗိုလ်မှူးချုပ် မိုဟာမက် မာဆွတ် ရာဇတ် Muhammad Masud Razzaq က သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
ပြည်ပမှာ စီစဉ်ရေးဆွဲခဲ့တဲ့ ဒီအာဏာသိမ်းရေး အစီအစဉ်နဲ့ပတ်သက်ပြီး အငြိမ်းစား စစ်အရာရှိကြီး ၂ ဦးကို ဖမ်းဆီးထားမိပြီး တတိယလူဖြစ်တဲ့ ဗိုလ်မှူး ဇီရာဟတ် Ziaul Haq ကတော့ လွတ်နေဆဲ ဖြစ်တယ်လို့ ရာဇတ်က ပြောပါတယ်။
စစ်တပ်ရဲ့ လက်ရှိနဲ့ အငြိမ်းစား အရာရှိ စုစုပေါင်း ၁၆ ဦး ပါဝင်တယ်လို့လည်းဆိုပါတယ်။ အာဏာသိမ်းဖို့ ကြံစည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ် ရှာရီယာ ဥပဒေကို ပြဌာန်းကျင့်သုံးဖို့ ရည်ရွယ်ကြတယ်လို့လည်း ပြောပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ၂ဝဝ၉ ခုနှစ် သူအာဏာရကတည်းက အယူသည်းသူတွေကို နှိပ်ကွပ်လာခဲ့တာ ဖြစ်ပါတယ်။

ကားသစ် ၂ သောင်း တင်သွင်းခွင့်ကြောင့် ဒေါ်လာဈေး တက်

By featured, ဧရာဝတီ 

 
လုပ်ငန်းရှင်များ၊ စီးပွားရေးကုမ္ပဏီများ၊ သင်္ဘောသားနှင့် ပြည်ပရောက် အလုပ်သမားများကို ကားသစ်အရေအတွက် ၂ သောင်းခန့် တင်သွင်းခွင့်ပြုမည်ဟု အစိုးရကတရားဝင် သတင်းထုတ်ပြန်လိုက်သောကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်း ထပ်မံ မြင့်တက်လာကြောင်း သတင်းရရှိသည်။
ယမန်နှစ် ဇွန်လက ရန်ကုန်တွင် ကျင်းပသော ကားပြပွဲတခု (ဓာတ်ပုံ - AP)

ပြည်ပရောက် အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ မြန်မာအစိုးရကမ်းလှမ်း(VOA)

By ကိုကျော်ထင်

၁၉၈၈ ခုနှစ်နောက်ပိုင်း ထွက်လာတဲ့ နယ်စပ်အခြေစိုက် ဒီမိုကရေစီ  အင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ အစိုးရဘက်က ပထမဆုံးအကြိမ် တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လိုက်လုပ်လာတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုတွေကို ကြိုတင် သတ်မှတ်ချက်တွေမထားဘဲ နိုင်ငံရေးအရဆွေးနွေးဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေကတဆင့် ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။  အကြောင်းစုံကို စုံစမ်းထားတဲ့ VOA ထိုင်းအခြေစိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဟု ဝန်ခံလက်မှတ်ထိုးလိုက်ပြီ



 
ရွှေညဝါ ဆရာတော် အရှင် ပညာသီဟသည် သတင်းသုံးရာ သာဓု ကျောင်းတိုက်မှ ၁ လ အတွင်း ငြိမ်းချမ်းစွာ ထွက်ခွာပေးပါမည်ဟု ယနေ့ နေ့လယ် ၂ နာရီကျော်က၀န်ခံလက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးမည်ဟု ဝန်ခံလက်မှတ်ထိုးအပြီး ရွှေညဝါ ဆရာတော်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)