သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, January 20, 2012

သာယာလှပသည့် ဘ၀တွေကြားက ခြိမ်းခြောက်သံများ

ကြာသပတေးနေ့၊ ဇန်နဝါရီလ 19 ရက် 2012 ခုနှစ် ကန္တာရ၀တီတိုင်း(မ်) 

ယမန်နေ့ညက မိုးသည်းသည်းမဲမဲ ရွာချထားသောကြောင့် သစ်ရွက်၊ သစ်ခက်ပေါ်တွင် တင်ကျန်ရစ်သော မိုးစက်များက ငွေရောင်လက်လက်နှင့် ယနေ့နံနက်ခင်း ဖြာကျလာသော နေရောင်ခြည်တို့ကို ဆည်းလို့ကြိုလိုက်ပါသည်။
ထီးသဲကူး အခြေခံမူလတန်းကျောင်း
ငှက်ကလေးများကလည်း တကျီကျီအော်မြည်လျက် ဤနံနက်ခင်း၏ အလှကို တေးသီချင်းဖြင့် ဖော်ကျူးလိုက်ပြန်တော့ ယနေ့သည် ယခင်နေ့များကထက် ပိုမိုလှပသွားခဲ့ပါသည်။

လွှတ်တော်ရဲ့ အခန်းကဏ္ဍ

သောကြာနေ့၊ ဇန်နဝါရီလ 20 ရက် 2012 ခုနှစ် မဇ္ဈိမ အင်တာဗျူး

NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ နှင့် မဇ္ဈိမ အယ်ဒီတာ ဦးစိန်ဝင်း  တွေ့ဆုံမေးမြန်းခြင်း)

မဇ္ဈိမသတင်းဌာန ။       ။ ၂၀၁၀ နိုဝင်္ဘာရွေးကောက်ပွဲရလဒ်အရ လွှတ်တော်အရပ်ရပ်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင် ခေါ်ယူကျင်းပခဲ့သည်။

နှစ်ကြိမ်တိုင် ခေါ်ယူကျင်းပခဲ့ပြီးဖြစ်သည့် ပြည်ထောင်စုလွှတ်တော်အတွင်းတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ကလည်း အတိုက်အခံပါတီတခုအဖြစ် ရပ်တည်လျက်ရှိသည်။

UKMSလွှတ်တော်တွင်း အခက်အခဲများ၊ တပ်မတော်သား ကိုယ်စားလှယ်များ၏ အခြေအနေ၊ ကြားဖြတ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း နေရာယူမှု၊ ပြည်တွင်းငြိမ်းချမ်းရေး စသည်တို့နှင့် ပါတ်သက်၍ NDF တည်ထောင်သူ ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် မဇ္ဈိမ၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံ
မေးမြန်းခဲ့ခြင်း ဖြစ်သည်။



                     
                                                                                     
                                                              NDFဌာနချုပ်ရုံး၌ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ အား
                                                             ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

အစိုးရနှင့် KIO တို့ ပူးတွဲ ကြေညာချက်ထုတ်ပြန်

စနေနေ့၊ ဇန်နဝါရီလ 21 ရက် 2012 ခုနှစ် ဇော်ကြီး သတင်း - 


အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အတွက် အစိုးရနှင့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO နှစ်ဖက် ကိုယ်စားလှယ်တို့ (၂) ရက်ကြာဆွေးနွေးခဲ့ပြီး ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
KIO and Burma
တရုတ်ပြည် ရွှေလီမြို့၌ ယခုလ (၁၈) ရက်နှင့် (၁၉) ရက်နေ့တို့က တွေ့ဆုံခဲ့ပြီး အချက် လေးချက်ပါ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်ဟု အစည်းဝေးတက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး ဇော်ရော်က အခုလို ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ABSDF လက်ခံ(VOA)

By ကိုမိုးဇော်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန် ထားပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမယ်ဆိုရင် နိုင်ငံရေးပြဿနာတွေကို အဖြေရှာမယ့် ဆွေးနွေးရေး လုပ်ငန်းစဉ် လိုအပ်ကြောင်းနဲ့ တပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး လိုအပ်ကြောင်း အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုပါတယ်။ ဒီသတင်း အပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကို ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း ဦးစောခင်စိုးက လက်မှတ်ရေးထိုးပြီး ဒီလ ၁၀ ရက်နေ့က စာပေးပို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဒီကမ်းလှမ်းချက်ကို အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်အဖြစ် လက်ခံပြီး တွေ့ဆုံဆွေးနွေးဖို့အတွက် အကြောင်းပြန်ကြားခဲ့ကြောင်း ABSDF ရဲ့ ဒုက္ကဋ္ဌ ဦးမျိုးဝင်းက ပြောပါတယ်။
“သူတို့ ပေးပို့လာတဲ့ စာပါ အကြောင်းအရာပေါ့နော် စာပါအကြောင်းအရာကတော့ ဒီ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ကို ငြိမ်းချမ်းရေးစားပွဲမှာ တန်းတူညီတူ ဆွေးနွေးမယ်ဆိုတဲ့ ကမ်းလှမ်းလာတဲ့ အပေါ်မှာ ဒီကမ်းလှမ်းမှုဟာ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုလို့ ကျနော်တို့ မြင်တယ်။ အဲဒီပေါ်မှာ အခြေခံပြီးတော့ ဒီကမ်းလှမ်းမှုကို ကျနော်တို့က ကြိုဆိုတယ်။ အဲဒီအတွက်ကို ကျနော်တို့က ဆက်လက်ပြီးတော့ တွေ့ဆုံဆောင်ရွက်နိုင်ဖို့ အတွက်ကို ကျနော်တို့ ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်း၊
ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်းကို အကြောင်းပြန်တာပါ။”

ရွေးကောက်ပွဲ မသမာမှုတွေရှိရင် ကန့်ကွက်ဖို့ ဒေါ်စုတိုက်တွန်း


လာမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲသမာမှုတွေနဲ့ ဥပဒေနဲ့အညီ မဟုတ်တဲ့ မဲဆွယ်စည်းရုံးမှုတွေကို တွေ့ရင် ရဲရဲတင်းတင်း ကန့်ကွက် တိုင်ကြားဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ဗဟန်းက NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကော့မှူးမြို့နယ် အောင်နိုင်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံစဉ်အတွင်း အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

တရားမျှတတဲ့ ရွေးကောက်ပွဲကြောင့် စီးပွားရေး အရေးယူခံရမှုတွေ လျော့ကျလာနိုင်


2012-01-20
လာမယ့် ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး ပွင့်လင်းမှု ရှိမယ်ဆိုရင် မြန်မာနိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူမှု အဆင့်တွေ ပြန်လည် စဉ်းစားနိုင်တယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် Mr. John McCain က ဇန်န၀ါရီ ၁၉ ရက်က ပြောပါတယ်။
AFP
ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ကို ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် Mr. John McCain (ယာ) နှင့် အမေရိကန် အထက်လွှတ်တော် အမတ် Mr. Joseph Lieberman (၀ဲ) တို့ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်။

နောက်ကြောင်းပြန်လှည့်မှာ မဟုတ်လို့ သမ္မတဦးသိန်းစိန်ပြော


2012-01-20
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို နောက်ကြောင်း ပြန်လှည့်ဖို့ မရှိကြောင်းနဲ့ တစ်ချိန်ထဲမှာပဲ ပိတ်ဆို့ အရေးယူ ထားတာတွေကို အနောက် နိုင်ငံကြီးတွေက ဖယ်ရှားပေးဖို့ တိုက်တွန်းတဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အထင်ကရ ၀ါရှင်တန်ပို့စ် သတင်းစာက တွေ့ဆုံ မေးမြန်းရာမှာ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
US State Department
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန)

“အဘ” နဲ့ သူ၏ စာမျက်နှာများ


 
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နေအိမ် ကျယ်ချုပ်က လွတ်မြောက် လာပြီးနောက် သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုချက်တွေ အပေါ် လူအများကြား ဝေဖန် ပြောဆိုနေကြပါတယ်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်
ဦးခင်ညွန့်က တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့ အကြောင်းတွေ စုံအောင်ပြောဆိုနေတဲ့ အပြင် အရင် ရာထူး အာဏာရှိစဉ်တုန်းကလို “အဘ” ဆိုတဲ့ အသုံးအနှုန်း သုံးနေဆဲအပေါ်မှာလည်း“ဒီစကားလုံးကို အခုအထိ မချ သေးဘူး။ စစ်အရေခွံချွတ်ပြီး အယောင်ဆောင်နေတဲ့ ဖားတပိုင်း၊ ငါးတပိုင်း။ ပုတ်သင်ညိုလို အရောင်ပြောင်းတတ် သူ။ စစ်အုပ်စုရဲ့ တမန်”စတဲ့ ပြောဆို ဝေဖန်သံတွဟာ အင်တာနက် စာမျက်နှာပေါ်က ဦးခင်ညွန့်နဲ့ပတ်သက်တဲ့ သတင်းတွေ၊ အင်တာဗျူးတွေမှာ ၀င်ရောက် ရေးသားကြတဲ့ သဘောထား ထင်မြင်ချက်၊ မှတ်ချက်တွေမှာ အများဆုံးတွေ့နေရပါတယ်။

မေးခွန်းထုတ်ခံနေရတဲ့ အပြောင်းအလဲ


 
မကြာသေးမီ လများအတွင်း ပေါ်ပေါက်လာတဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေကို နိုင်ငံတကာမှာ ကြိုဆိုနေကြပြီး၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန် အပါအ၀င် နိုင်ငံတကာက ထိပ်တန်းပုဂ္ဂိုလ် အများအပြား မြန်မာနိုင်ငံထဲကို ဆက်တိုက် သွားရောက် နေကြပါတယ်။
မြန်မာပြည်တွင်း အပြောင်းအလဲတွေထဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုက ထိပ်တန်းမှာ ပါဝင်ခဲ့ပါတယ် (ဓာတ်ပုံ - ဧရာဝတီ)

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းစေလိုကြောင်း ဦးသိန်းစိန် ပြော


 
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးစေလိုပြီး တဖြည်းဖြည်း ရုပ်သိမ်းသွားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
နေပြည်တော်၌ဇန်နဝါရီလ ၁၇ ရက်နေ့က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမေးမြန်းပြီး ဝါရှင်တန်ပို့စ်သတင်းစာက ယနေ့ ဖော်ပြသည့် အင်တာဗျူးတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုသည် အစိုးရကို မထိခိုက်ဘဲ ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ထိခိုက်စေကြောင်းလည်း ပြောထားသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဝါရှင်တန်ပို့စ် သတင်းစာမှ အကြီးတန်း အယ်ဒီတာ Ms. Elizabeth Graham Weymouth တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - MNA)

ရော်နယ်အောင်နိုင့် အင်တာဗျူး (ဘာသာပြန်)


by Hlaing Bwa Maung on Saturday, December 31, 2011 at 7:46pm
 


နယ်စပ်မှာ ဂျာနယ်လစ်သင်တန်းပေးတော့ ဗမာ၊ကရင်စကားပြန်တွေနဲ့ အလုပ်လုပ်ရပါတယ်။
ဘာသာပြန် တယောက်က အောင်နိုင်ပါ။
သူက ဂျာနယ်လစ်တယောက်ဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူ၊ ဟာသ ဥာဏ်ရွှင် သူပါ။
သူနဲ့ အလုပ်လုပ်ရတာအဆင်ပြေပါတယ်။
ဒါပေမယ့်သူ့ မှာအင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇတ် လမ်းတခု ရှိပြီး ကျနော်ဒါကို ပိုသိချင်နေပါတယ်။
သူ့ မျက်နှာသွင်ပြင်က ရိုးသားတဲ့ပုံပန်းသဏ္ဍာန်တော့မဟုတ်ပါဘူး။
ဝတ်စားဆင်ယင်ထားတာတော့ ဆရာ ၀န်တယောက်လိုပါပဲ။
အပြာရောင်ရှပ်အင်္ကျီ ကိုအညိုရောင်ဘောင်းဘီနဲ့ သပ်သပ်ယပ်ယပ်ဝတ်ဆင်လို့ ။ အင်္ဂလိပ်စကားပြောကတော့ သိပ်ကောင်းပါတယ်။