ကိုပေါက်၊ ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၈ မိနစ်
နယူးဒေလီ၊ ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ယှဉ်ပြိုင်တင်ပြမှုများ ရှိခဲ့၍ ဘဝင်မကျ ဖြစ်ရသည်များ ရှိခဲ့ကြောင်း နာယက ဦးတင်ဦး က ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲတွင် မိန့်ခွန်းပြောစဉ်က အဆိုပါကိစ္စများနှင့်ပတ်သက်၍ တခွန်းတစ ထည့်သွင်းပြောဆိုခဲ့ဖူးပြီး ထိုကိစ္စများကို ရွံမုန်းကြောင်း ပါတီဝင် စိစစ်ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။
“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ။ ကျနော်တို့ ဒုက္ခသုခ ရောက်စဉ်အခါတုန်းကတော့ တခါတည်း ငြိမ်ပြီးတော့ ဘာမှ မပါကြ၊ ကင်းကွာနေကြတယ်။ အခု နေရာလေး ပေါ်လာရော သူကလည်း ငါလုပ်တာ ဘယ်လောက်၊ ဘယ်တုန်းက ဘယ်သူနဲ့တွေ့ပြီး နှုတ်ဆက်ခဲ့တယ်၊ ကျနော် အရင်တုန်းက လူမှုရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် လုပ်ခဲ့ဖူးတယ်၊ ကျနော်သာလျှင် အသင့်တော်ဆုံး ဖြစ်တယ်။ အဲဒီနေရာ အရွေးခံပါရစေ။ ဒီလိုဟာတွေက သိပ်လာတယ်ဗျ။ အဲဒါတွေ ကျနော်က ရွံတယ်” ဟု ပြောသည်။
စုမြတ်မွန်
သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ထဲက ပြုပြင်ပြောင်းလဲရေးသမားတွေက ဧပြီလမှာ ကျင်းပမည့် ရွေးကောက်ပွဲ တွေ လွတ်လပ်မျှတသင့်တယ်ဆိုတာကို လက်ခံထား တယ်လို့ ယုံကြည်တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည် ကပြောလိုက်ပါတယ်။
2012-01-26
အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။
2012-01-26
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို အန်အယ်လ်ဒီ ပါတီရဲ့ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး (Campaign manager) အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။
By featured, ခင်ဦးသာ on January 26, 2012 6:56 pm
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအတွက် ရန်ပုံငွေတရပ် ထူထောင်ရန် ယနေ့ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ရာ
အတည်ပြုပေးလိုက်ကြောင်း သိရသည်။
ထိုအဆိုအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က တင်သွင်းပြီး ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ် နှစ်ဦးက ထောက် ခံဆွေးနွေးကာ ချက်ချင်း အတည်ပြုပေးလိုက်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တချို့က ဧရာဝတီကို ပြောသည်။
By featured, လင်းသန့် on January 26, 2012 6:04
ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြန်လွတ်လာကြတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကိုကိုကြီး (ခေါ်) ကေကျု လည်း ပါလာခဲ့တယ်။ သူ ထောင်က
လွတ်လာပြီးတာနဲ့ သူ့ကို အင်တာဗျူးခဲ့တာနဲ့ ဆက်စပ်ပြီး အခုလို သတင်းသမား ဖြစ်ခဲ့ရတာ သူနဲ့ တိုက်ရိုက် ပတ်သက်ခဲ့တာကို အောက်မေ့မိပါတယ်။
By featured, ရန်ပိုင် on January 26, 2012 4:31 pm
လူနေမှု အဆင့်အတန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးရေးဖြစ်စဉ်တို့အတွက် တဟုန်ထိုးစတင်ရန် သမိုင်းဝင်အခွင့်အလမ်းကြီးကို မြန်မာအစိုးရသစ် ရရှိနေကြောင်း
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်ခေါင်းဆောင်က ပြောကြားလိုက်သည်။
By featured, ဧရာဝတီ on January 26, 2012 3:16 pm
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေပြီး ၎င်း၏ အထူးအကြံပေး မစ္စတာ ဗီဂျေ
နမ်ဘီးယားကိုလည်း အချိန်ပြည့် မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်ထားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
By featured, လင်းသန့် on January 26, 2012 4:02 pm
မီးသတ်သမားများ၊ အရပ်သားများ အသက်ဆုံးရှုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာပြင်းထန်စွာ ရခဲ့သော ရန်ကုန် မင်္ဂလာတောင် ညွန့် ကူးတို့ဆိပ် ဂိုဒေါင်
မီးလောင်ပေါက်ကွဲမှု အဓိက အကြောင်းရင်းကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
By featured, ရန်ပိုင် on January 26, 2012 11:36 am
သမ္မတ ဦးသိန်းစိန် ဆောင်ရွက်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အတွင်း ထောက်ခံမှုများရရှိနေကြောင်း စစ်တပ်အသိုင်းအ၀န်းမှ
စုံစမ်းသိရှိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းတို့ကို တပ်မတော်အတွင်းမှ အရာရှိအရာခံ အကြပ်တပ်သားများက နှစ်သက်ကြကြောင်း သိရသည်။
Sunday, 22 January 2012 11:28 |
ဥရောသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် စီးပွားရေး ပိတ်ဆို့မှု (Sanctions) အား ယခုအခါ ပြန်လည် ရုပ်သိမ်းသင့် မသင့်ဆိုသည့်အပေါ် မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး၊ လှုမှုရေးနယ်ပယ်စုံမှ ပညာရှင်များ၊ ပါဝင် လုပ်ဆောင်နေသူများမှ သုံးသပ်ချက်များစွာဖြင့် ပြောကြားခဲ့ကြပါသည်။
ဥရောပသမဂ္ဂအနေဖြင့် ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုများကို ပိတ်ဆို့မှုပြုခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမေရိကန်မှ လူ ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်း တစ်ခုခြင်း၏ ရင်းနှီးမြှုပ်နှံမှု အသစ်များကို ပိတ်ပင်ခဲ့သည်။ ၂၀၀၄ ခု နှစ်တွင် မြန်မာနိုင်ငံနှင့်စီးပွားရေးအ ရဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းပစ်ခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၂၀၁၀ ပြည့်နှစ် မေလ တွင် အရေးယူပိတ်ဆို့မှုများ သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။
“Sanctions တွေကို နိုင်ငံတွင်း တိုးတက်မှုတွေနဲ့အညီ တစ်ဆင့်ပြီး တစ်ဆင့် လျော့ပေါ့ စေသင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါ ရီလ ၁၅ရက်နေ့တွင် သူမ၏ နေအိမ်၌ ပြင်သစ်မီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။
|
Wednesday, 25 January 2012 10:01 |
|