သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, December 24, 2011

အဖွဲ့ချုပ်ရုံးအတွင်းမှ ပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည် :: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူ ၂၁ ဦးအစည်းအဝေး အပြီး အဖွဲ့ချုပ်ရုံးအတွင်းမှ ပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာလ ၁၉ ရက်၊ ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ) ပါတီမှတ်ပုံတင်ရေး အတွက် ပြုလုပ်သည့် ၂၁ ဦး အစည်းအဝေးတွင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပါတီ ပထမခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် အဖြစ် အမည်စာရင်းတင်သွင်း မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့သည်။

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ပါတီခေါင်းဆောင်လုပ်မည်


ရန်ကုန် (မဇ္ဈိမ) ။       ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမခေါင်းဆောင်အဖြစ် ဦးတင်ဦး၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမည်စာရင်း တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂-)(အောင်မိုးဝင်း)

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂-)(အောင်မိုးဝင်း)

by Maung Maung Wann on Saturday, December 24, 2011 at 11:50am

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂-)
ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။                “  တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခ ရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်းရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေလောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။

ကျွန်တော် သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီ (ဖေမြင့်)

ကျွန်တော် သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီ (ဖေမြင့်)

by စိုင်း မွန် သာ on Saturday, December 24, 2011 at 12:37pm
ဘ၀မှာ ဘယ်လိုနေမည်၊ ဘာတွေလုပ် မည်၊ ဘယ်ပုံဖြစ်ရမည် ဆိုတာတွေ နှင့် ပတ်သက်၍ ကျွန်တော် သိသင့် သိထိုက်သည့်အရာ အများစုကို သူငယ်တန်းမှာ ကတည်းကပင် ကျွန်တော်သင်ယူခဲ့ရပြီး ဖြစ်သည်။ အသိဥာဏ် အမြော်အမြင် ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထိပ်ပေါ်မှာ ရှိသည်မဟုတ်၊ မူကြိုကျောင်းက ကလေးကစားသည့် သဲကျင်းလေးထဲမှာ ပင်ရှိနေပါသည်။

လူငယ်ဂျာနယ်လစ်တွေ ခြေမကျွန်စေချင်လို့ – လူထုစိန်ဝင်း


လောကမှာတူသလိုနဲ့မတူတာတွေ ရှိသလို၊ မတူသလိုနဲ့ တူနေတာမျိုးတွေ လည်း ရှိတယ်။ သတင်းစာဆရာနဲ့ စာ ရေးဆရာဟာ စာတွေရေးနေကြတာချင်း တူပေမယ့် သဘောသဘာဝကျတော့ အခြေခံကစပြီး မတူကြဘူး။အတော်လေး ကွဲပြားခြားနားတယ်။

နိုင်ငံရေးပိုင်သူ ရှားပါး

by Wai Maw on Saturday, December 24, 2011 at 10:43am

-မောင်သာနိုး
-(၂၃-၁၂-၂၀၁၀)

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းသမိုင်းကို ပြန်ပြောင်းကြည့်လိုက်ရင် ကျွန်တော်တို့  နိုင်ငံမှာ နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင်ခွဲခြမ်းသုံးသပ် သိမြင်တတ်သူ အတော်ရှားပါးတာကို တွေ့ ကြရတယ်။

ခေတ်ပညာအသိ မကြွယ်ဝသေးတဲ့ ပဒေသရာဇ်ဘုရင်ခေတ်ကို ထား လိုက်တော့။

လောကဓာတ်ကျောင်းဆိုတာတွေ စတင်ပေါ်ပေါက်၊ နောက် တက္ကသိုလ်ထွက် ပေါ်တဲ့ ကိုလိုနီခေတ်မှာကို ရှိသင့်ရှိအပ်တဲ့ နိုင်ငံရေး အသိရှိတဲ့သူ အင်မတန် ခေါင်းပါးတာကို တွေ့ ကြရတယ်။

အောင်မြင်မှုနဲ့ စွမ်းဆောင်မှု - လူထုစိန်ဝင်း

အောင်မြင်မှုနဲ့ စွမ်းဆောင်မှု - လူထုစိန်ဝင်း

by So Min Oo on Saturday, December 24, 2011 at 12:46pm
နိုင်ငံခြားသွားချင်ကြတဲ့ လူငယ်လုံမယင်လေးတွေကို အင်္ဂလိပ်စကားပြောသင်တဲ့ ဆရာလုပ်နေစဉ်က ဘာကြောင့် နိုင်ငံခြားသွားချင်ကြတာလဲဆိုတဲ့စကား အမြဲမေးဖြစ်ပါတယ်။ အမေးခံရသူတွေဟာ ဆရာဝန်၊ အင်ဂျင်နီယာ၊ တက္ကသိုလ်ဆရာ ဆရာမ၊ သဘောင်္သား၊ ဘွဲ့ရ၀န်ထမ်း၊ ဘွဲ့ရအလုပ်လက်မဲ့၊ စီးပွားရေးသမား၊ ကုမ္ပဏီပိုင်ရှင်၊ ကျောင်သူကျောင်းသား အလွှာပေါင်းစုံက ဖြစ်ကြပါတယ်။ တက္ကစီမောင်းသူနဲ့ ဆိုက်ကားနင်းရင်း မဟာတန်းတက် နေသူမျိုးတောင် ပါပါတယ်။

နိုင်ငံကြီးသားစိတ် မရှိဘူးတဲ့လား

နိုင်ငံကြီးသားစိတ် မရှိဘူးတဲ့လား

by General Knowledge on Saturday, December 24, 2011 at 1:28pm
နိုင်ငံကြီးသားစိတ် မရှိဘူးတဲ့လား


Posted on Popular News, Written by လူထုစိန်ဝင်း၊


ခုတလော သတင်းစာတွေ ကောက်ကိုင်လိုက်တဲ့အခါတိုင်း ဝမ်းသာပီတိဖြစ်စရာ သတင်းတွေနဲ့ ကြော်ငြာတွေကို အများဆုံး တွေ့နေရတယ်။ အနယ်နယ်အရပ်ရပ်က ဆရာကန်တော့ပွဲ သတင်းတွေ ဖြစ်ပါတယ်။ မြန်မာကျောင်းတွေသာမက နိုင်ငံခြား သာသနာပြုတွေ လာဖွင့်တဲ့ စိန့်ကျောင်းတွေနဲ့ ကွန်ဗင့်ကျောင်းတွေမှာ နေခဲ့ကြတဲ့ ကျောင်းသူကျောင်းသားဟောင်းတွေကပါ လုပ်ဆောင်လာကြတာ ဝမ်းသာစရာ မြင်တွေ့ရတယ်။