သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, January 25, 2012

လွတ်လပ်မှုရှိသော ကွန်မြူနစ်ကေဒါ သင်တန်းကျောင်း

Category: မောက္ခနိုင်ငံတကာသတင်း


သန်း ၈၀ ကျော် အဖွဲ့ဝင်ရှိသော တရုတ်ကွန်မြူနစ်ပါတီ၏ သဘောတရား လေ့ကျင့်ရေးသင်တန်းကျောင်းမှာ နောင်ကွန်မြူနစ်မျိုးဆက်များ၊ ခေါင်းဆောင် လောင်းများအတွက် ပါတီ၏ သဘောတရားလေ့ကျင့် ပျိုးထောင်ရာ ပင်မနေရာဖြစ်သည်။

ဆိုမာလီ ပြန်ပေးလက်မှ ဓါးစာခံများ အမေရိကန် ကယ်တင်

By VOA (မြန်မာပိုင်း)

ဆိုမာလီယာလက်နက်ကိုင်တွေ လက်ထဲကနေ အမေရိကန် အထူး စစ်ဆင်ရေးတပ်ဖွဲ့တွေက ကယ်တင်ခဲ့တဲ့ အမေရိကန်နိုင်ငံ သားတယောက်နဲ့ ဒိန်းမတ် နိုင်ငံသား တယောက်တို့ဟာ ဘေးကင်း ရန်ကင်းရှိနေပါပြီလို့ အမေရိကန် စစ်ဘက်တာဝန်ရှိသူတွေ ကပြောလိုက်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင်.ဇနီးဒေါ်ခင်ခင်ဝင်းစင်ကာပူသမ္မတနိုင်ငံ သို.ချစ်ကြည်ရေးခရီးသွားရောက်မည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင်.ဇနီးဒေါ်ခင်ခင်ဝင်း

အစိုးရနှင့် ဆွေးနွေးရန် မွန်ပြည်သစ် ကိုယ်စားလှယ် ရွေးပြီး

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၈ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။       ။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့၌ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် မွန်ပြည်သစ်ပါတီက ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ် ၇ ဦးပါ အဖွဲ့ကို ရွေးချယ်လိုက်သည်။

ပါတီဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသတွင် ဗဟိုအလုပ်မှုဆောင် ကော်မတီများ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အင်္ဂါနေ့တွင် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်နေပြီလို့ အမေရိကန်သမ္မတ ပြော

2012-01-25

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပါပြီလို့ အမေရိကန် အောက်လွှတ်တော်မှာ မနေ့က ပြောကြားတဲ့ ၂ဝ၁၂ ခုနှစ် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ အမေရိကန် သမ္မတ Barack Obama က ထည့်သွင်း ပြောဆိုလိုက်ပါတယ်။
White House Photo

ကြံ့ဖွံ့နိုင်မှ လွှတ်တော်ခိုင်မာ တောင့်တင်းမည်ဟု ဦးဌေးဦးပြော

By featured, ဧရာဝတီ on January 25, 2012 2:30 pm 

 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း အမတ်နေရာ အများစု အနိုင်ရယူထားရမည်ဖြစ်ပြီး ယင်းသို့ အနိုင်ရယူထားနိုင်မှသာလျှင် လွှတ်တော်အင်အား ခိုင်မာတောင့်တင်း မည်ဖြစ်ကြောင်း ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

ဆော်ဒီအာရေဗီးယားမှာ မြန်မာ အလုပ်သမား တချို့ ဒုက္ခရောက်နေ

2012-01-25

ဆော်ဒီအာရေဗီးယား နိုင်ငံရောက် မြန်မာ အလုပ်သမား ၂၆ ဦးဟာ အလုပ်ပွဲစားရဲ့အလှည့်ခံရလို့ အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရတဲ့ အပြင် အလုပ်ရှင်က ပတ်စပို့နဲ့ နေထိုင်ခွင့် လက်မှတ် သိမ်းထားတာကြောင့် ဒုက္ခရောက်ပြီး အကူအညီ မဲ့နေတယ်လို့ သိရပါတယ်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆက်ဖိအားပေးဖို့လို

By မသင်းသီရိ

မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေဟာ မျှော်လင့်ချက် ရောင်ခြည်သန်းလာတယ်လို့  အမေရိကန် သမ္မတ အိုဘားမားက  ပြောပေမယ့် လက်ရှိပြောင်းလဲမှုတွေဟာ လုံလောက်တဲ့ အပြောင်းအလဲမဟုတ်သေးဘူလို့ မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ နောက်ထပ်တိုးတက်လာဖို့ ဖိအားပေးရမယ့် မြန်မာ့နိုင်ငံရေးအခြအနေထဲ အမေရိကန်ရဲ့ အခန်းကဏ္ဍက အလွန်အရေးပါတယ်လို့လည်း ဆိုကြပါတယ်။ ဒီသုံးသပ်ချက်တွေကိုတော့ မသင်းသီရိက စုစည်းတင်ဆက်ပေးမှာပါ။

ဒေါ်စုကို ပါကစ္စတန်သမ္မတ ဆု ချီးမြှင့်

By မစုမြတ်မွန်

ဓာတ်ပုံ Khin Maung Win
ပါကစ္စတန်သမ္မတရဲ့သမီး Bhutto Zardari က ဒေါ်အောင်ဆန်းစုကြည်ကို Benazir Bhutto Shaheed ဆုတံဆိပ် ဆွဲပေးနေစဉ်။ (ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၂။)

သမ္မတကြီး နဲ့ “နောက် ပြန်မလှည့်ကြေး”

By featured, ကိုစိုး on January 25, 2012 6:49 pm 

 
မြန်မာ့ အနာဂတ်အရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း နာမည်ကြီး အပတ်စဉ်ထုတ် ဂျာနယ်တစောင်မှာ ဖော်ပြလိုက်တဲ့ ဆောင်းပါးက “နောက်ကြောင်း ပြန်လှည့်လိုသူတွေ” အတွက် ရည်ရွယ်ပြောဆိုချက်ကို မေးခွန်း ထုတ်နေကြပါတယ်။
၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်က နေပြည်တော် တွင် မိန့်ခွန်းပြောနေသော သမ္မတ ဦးသိန်းစိန်
နိုင်ငံသားအားလုံး ထားရှိသင့်တဲ့ သံန္နိဌာန်မှာ “နောက်ပြန်မလှည့်ကြေး” ဖြစ်လို့ နောက်ကြောင်း ပြန်လှည့် လိုတဲ့ အဖွဲ့အစည်း၊ လူ ပုဂ္ဂိုလ်တွေဟာ နောက်ပြန်လှည့်လိုတဲ့ အကြောင်းရင်းမှန်ကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ထုတ်ဖော် ကြေညာဖို့ တိုက်တွန်း လို တယ် လို့ ဇန်န၀ါရီ ၂၅ ရက်ထုတ် ၀ိကလီး အလဲဗင်း ဂျာနယ်က“နေပြည်တော် အနာဂတ် သဘောတူညီချက်”ဆိုတဲ့ ဆောင်းပါး တနေရာမှာ ဖော်ပြထားပါတယ်။ မှူးဇော် ဆိုတဲ့ ကလောင်အမည်နဲ့ ရေးထားတာပါ။ မှူးဇော် ဆိုတာ လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး လို့လည်း သိရပါတယ်။

ဒါဗို့စ် ညီလာခံသို့ စက်မှုဝန်ကြီး ဦးစိုးသိန်း တက်မည်

By featured, ရန်ပိုင် on January 25, 2012 5:12 pm 

 
ဒါဗို့စ် ကမ္ဘာ့စီးပွားရေးညီလာခံ (World Economic Forum) သို့  သမ္မတ ဦးသိန်းစိန် ကိုယ်စား စက်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ စက်မှု (၁) နှင့် (၂) ၀န်ကြီး ဦးစိုးသိန်း တက်ရောက်မည်ဟု အစိုးရ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
ယမန်နှစ်က ကျင်းပသော ဒါဗို့စ် ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော မိန့်ခွန်းကို ဖွင့်လှစ်ပြသနေစဉ် (ဓာတ်ပုံ - Business Today)