သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, January 31, 2012

ဒေါ်စု မကွေးတိုင်းကျေးရွာတွေ ဖွံ့ဖြိုးရေးလေ့လာ

့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာဖွံဖြိုးရေး စီမံကိန်းတွေကို ဒီကနေ့ သွားလေ့လာခဲ့ပါတယ်၊ 

By VOA

မြန်မာနိုင်ငံအတွက်  ဖွံဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေကို နိုင်ငံတကာ အစိုးရတွေက  အကူအညီတွေ ပေးလာတဲ့အခါ ထိရောက်တဲ့ ပူးပေါင်းကူညီမှုတွေလုပ်နိုင်အောင်နဲ့
လိုအပ်တာတွေကိုအကြံပေး တောင်းဆိုနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ မြန်မာ့ဒီမို
ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာရှိတဲ့
ကျေးရွာဖွံဖြိုးရေး စီမံကိန်းတွေကို ဒီကနေ့ သွားလေ့လာခဲ့ပါတယ်၊  နေ့ချင်းပြန်သွားခဲ့တဲ့ ဒီခရီးစဉ်လမ်းတလျှောက်အတွင်း ဒေသခံခလူထုအများအပြား ကြိုဆို နှုတ်ဆက်ခဲ့ကြတယ်
ဆိုတော့ မသင်းသီရိရေ ဒီသတင်းအပြည့်အစုံဆက်ပြောပြပေးပါ ၊

အငြင်းပွားကျွန်းစု ဂျပန်နံမည်ပေးမှု တရုတ် ကန့်ကွက်

By ဗွီအိုအေ (မြန်မာဌာန)

ဂျပန်နဲ့တရုတ် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေကြတဲ့ ပစိဖိတ်ကျွန်းတချို့ကို ဂျပန်နိုင်ငံဘက်က နံမည်ပေးဖို့ စီစဉ်နေတဲ့အပေါ်မှာ တရုတ်နိုင်ငံဘက်က တရားဝင် ကန့်ကွက်လိုက်ပါတယ်။

စစ်အသုံးစရိတ် ယခင်နှစ်များထက် လျှော့ချ

By featured, ခင်ဦးသာ on January 31, 2012 6:19 pm in သတင်း 

 
ယနေ့ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ခွဲဝေ သုံးစွဲမှု တွင် စစ်တပ်၏ အသုံးစရိတ်အား ယခင်နှစ်များ ထက်လျှော့ချလိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပခုက္ကူဒေသခံများ တခဲနက်ကြိုဆို

By featured, ရန်ပိုင် on January 31, 2012 6:09 pm in သတင်း
 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများကို ယနေ့နံနက်က သွားရောက်လေ့လာသည့် ခရီးစဉ်တွင် ဒေသခံလူထုက တခဲနက်ကြိုဆိုကြောင်း သတင်းရသည်။

ဒေါ်လာ ၁ သောင်းဖိုးအထိ လွတ်လပ်စွာ လဲလှယ်နိုင်ပြီ

By featured, ရန်ပိုင် on January 31, 2012 3:53 pm in သတင်း 

 
အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေကြေးများကို အမေရိကန်ဒေါ်လာ ၁ သောင်းဖိုးအထိ စာရွက်စာတမ်း ပြသရန်မလိုဘဲ ပုဂ္ဂလိကဘဏ်များ၏ ငွေလဲလှယ်ရေးစင်တာများတွင် မနက်ဖြန်မှ စတင်ကာ လွတ်လပ်စွာလဲလှယ်နိုင်ပြီ ဖြစ်သည်။
အဆိုပါ လဲလှယ်မှု အစီအစဉ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသားများရော နိုင်ငံခြားသားများပါ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ကြောင်း မြန်မာရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဧရာဝတီသို့ ပြောသည်။

Monday, January 30, 2012

ပင်လုံစိတ်ဓါတ်အရင်းခံရန် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ၌သဘောတူ

တနင်္လာနေ့၊ ဇန်နဝါရီလ 30 ရက် 2012 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း

ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှ  ပင်လုံစိတ်ဓါတ်ကိုအရင်းခံသည့် ပြည်ထောင်စုမပြိုကွဲအောင် ပူးပေါင်းတည်ဆောက်ရေး ပါသည့်အချက် ၅ ချက်ကို မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နှင့်အတူ  သဘောတူညီလက်မှတ်ရေး ထိုးခဲ့သည်ဟု သျှမ်းပြည်တပ်မတော်ပြောခွင့်ရ က ပြောသည်။
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်း ပြည်တပ်မတော် SSPP/ SSA ကိုယ်စားလှယ်အဖွဲ့၏ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ (ဓါတ်ပုံ- burmavjmedia)

ကင်တားနား မြန်မာပြည်သွားမည်

By ဦးဝင်းမင်း

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို မနက်ဖြန် အင်္ဂါနေ့မှာ ရောက်ရှိဖို့ ရှိပါတယ်။ သူ့ရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မစ္စတာ ကင်တားနား အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုတွေကို လေ့လာသုံးသပ်သွားဖို့ ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။

ဆီးရီးယားမှာ လုံခြုံရေးကောင်စီ ၀င်စွက်ရမည်

ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ပိုမို ဖြစ်ပွားနေတဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြားဝင်ဆောင်ရွက်ဖို့ အမေရိကန်က နှိုးဆော်လိုက်ပါတယ်။

လွတ်လပ်သော မီဒီယာသမဂ္ဂ ဦးစွာ ဖွဲ့စည်းသင့် (VOA)

By ဒေါ်ခင်မျိုးသက်

မြန်မာနိုင်ငံမှာ ပထမဆုံး မီဒီယာ ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်ပအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ BMA က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် သတင်းသမားတွေ ကိုယ်စားပြု အားထားရာ သမဂ္ဂတစ်ခု လိုအပ်နေသလို ပြဌာန်းသင့်တဲ့ မီဒီယာဥပဒေတွေကို ကိုယ်စားပြုအဖွဲ့နဲ့ တိုင်ပင် မူကြမ်း ပြုစုပြီးမှ လွှတ်တော်ကို တင်သွင်းသင့်တယ်လို့ ဆိုပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ရန်ကုန်မြို့က အင်းယားကန် ဟိုတယ်မှာ မနေ့ကစပြီး ၂ ရက်ကြာ ကျင်းပနေတဲ့ သတင်းမီဒီယာ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ  ပြဌာန်းသင့်တဲ့ မီဒီယာ ဥပဒေတွေနဲ့အတူ သတင်းကျင့်ဝတ် ဆိုင်ရာတွေကို အဓိကထားပြီး ဆွေးနွေးနေကြတာပါ။

အိမ်နီးချင်းနိုင်ငံများကို လေ့လာ၍ မြန်မာ့ မီဒီယာ ဥပဒေကြမ်း ရေးဆွဲပြီးပြီ(ဧရာဝတီ)

By featured, ခင်ဦးသာ on January 30, 2012 6:13 pm 

 
မီဒီယာများနှင့်သက်ဆိုင်သည့် ဥပဒေကြမ်းတခုအား အိမ်နီးချင်းနိုင်ငံများ၏ မီဒီယာ ဥပဒေများကို လေ့လာ၍ ရေးဆွဲပြီးဖြစ် ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်နှင့်မှတ် ပုံတင် ဌာန၏ ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ယနေ့ ပြောလိုက်သည်။
မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများ (ဓာတ်ပုံ - ပေါ်ပြူလာ)
ထိုဥပဒေကို လွှတ်တော်အစည်းအဝေးများ၌ မကြာမီ တင်သွင်းမည်ဟု ရန်ကုန်မြို့ အင်လျားလိတ်ဟိုတယ်တွင် ယနေ့ကျင်းပသော မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုအဆင့် ၀န်ကြီးနှင့် ၇ ကြိမ်၊ ဌာနအတွင်း အကြိမ် ၂၀ ဆွေးနွေးပြီးမှ ရေးဆွဲခဲ့ကြောင်း၊ ထိုဥပဒေသည် ပုံနှိပ်မီဒီယာ တခုအတွက်သာ ဖြစ်ကြောင်း၊ အွန်လိုင်းနှင့် ရုပ်သံမီဒီယာတို့ အတွက် မဟုတ် ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
လွှတ်တော်၌ ယင်းဥပဒေ အတည်ပြုပြီးပါက မီဒီယာဆင်ဆာ လျော့နည်းသွားမည်ဟု ဦးတင့်ဆွေက ဆွေးနွေးပွဲ တက်ရောက်လာသူများအား ပြောခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတက်ရောက်လာသည့် ပြည်တွင်းဂျာနယ်တခုမှ အယ်ဒီတာတဦးက “ဒီ ဥပဒေ အတည်ဖြစ်သွားရင်တော့ မီဒီယာ သမားတွေ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။
ထိုဥပဒေ၌ အခန်း ၁၀ ခန်းပါဝင်ပြီး စာရေးသူများ၊ စာနယ်ဇင်းသမားများ၏ ရပိုင်ခွင့်များ၊ တာဝန်များနှင့် ကျင့်ဝတ်များ၊ စာပေလွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များ အကောင်အထည် ဖော်ရေးအတွက် စာနယ်ဇင်း ကော်မတီ၊ ပြည်တွင်း ပြည်ပ ထုတ်ဝေဖြန့်ချိခြင်း၊ ပြစ်ဒဏ်များ စသည်ဖြင့် ပါဝင်သည်။
ဆွေးနွေးပွဲအား Media Development in Democratic society ဟုအမည်ပေးထားပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာသမားများ တက်ရောက်၍ စာတမ်းများ ဖတ်ခြင်း၊ ဆွေးနွေးခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီး ပထမဆုံးသော မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ တခု လည်း ဖြစ်သည်။
ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ သီရိလင်္ကာ စသည့်နိုင်ငံများက စာတမ်းများ ဖတ်ခဲ့ပြီး VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း၊ The Voice ဂျာနယ်တို့မှလည်း လက်ရှိပြည်တွင်း မီဒီယာ အခြေအနေများနှင့် ပိုမိုလွတ်လပ်ခွင့် ရရှိရေး ကိစ္စများအကြောင်း စာတမ်းများ ဖတ်ကြားခဲ့သည်ဟု သိရသည်။
ထိုအလုပ်ရုံ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့နှင့် စင်္ကာပူနိုင်ငံမှ Asia Media Information Centre တို့က ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး မနက်ဖြန်တွင် ပြီးဆုံးမည် ဖြစ်သည်။
မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပြည်တွင်းအခြေစိုက် မီဒီယာများအပြင်၊ ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ ဖြစ်သည့် BBC (မြန်မာပိုင်း) ဌာနမှူး ဒေါ်တင်ထားဆွေ၊ မဇ္စျိမ သတင်းဌာနမှ တာဝန်ရှိသူများ အစ ရှိသူတို့လည်း တက်ရောက် ကြကြောင်းသိရသည်။

စီးပွားရေး အဆင့်မြှင့်ရန် စင်ကာပူ သင်တန်းများ ပေးမည်

By featured, ဧရာဝတီ on January 30, 2012 5:02 pm 

 
မြန်မာနိုင်ငံ စီးပွားရေး အဆင့်မြှင့်ရန်နှင့် အနာဂတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုပွင့်လင်းလာစေရန် စင်ကာပူက သင်တန်းများ ပို့ချပေးရေး မြန်မာ-စင်ကာပူ နှစ်နိုင်ငံသဘောတူညီချက်ကို စင်ကာပူ၌ ယနေ့ လက်မှတ်ရေးထိုးသည်။
သမ္မတဖြစ်ပြီးနောက် အာဆီယံနိုင်ငံများအတွင်း ပထမဆုံး ၄ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် စင်ကာပူနိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေသည်။

စင်္ကာပူက မြန်မာအစိုးရကို ကူညီမည် (RFA)

2012-01-30

ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ မြို့ပြစီမံခန့်ခွဲမှု ကဏ္ဍတွေမှာ မြန်မာနိုင်ငံကို နည်းပညာ အကူအညီပေးဖို့ မြန်မာနဲ့ စင်္ကာပူ နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သဘောတူခဲ့ကြပါတယ်။
AFP PHOTO/ROSLAN RAHMAN

ကျောင်းသား၊ဆရာနှင်.ပညာ

by Tharchit Zaw on Friday, April 8, 2011 at 1:23am

 လူငယ်တွေကိုစာများများဖတ်ဖို.ကျွန်တော်တိုက်တွန်းလိုပါတယ်၊စာများများဖတ်လာတဲ.အခါ
အသိပညာပိုင်းတွေအများကြီးတိုးတက်လာပါတယ်။ကျွန်တော်တို.ကျောင်းမှုာသင်ခဲ.ရတဲ.
စာတွေဟာကျောင်းပြီးတာနဲ.စာပါပြီးသွားခဲ.ပါတယ်အပြင်ဘက်ကိုသိတ်ပြီးတော.မပါလာခဲ.
ပါဘူး၊ဘာလို.လဲဆိုတော.ကျောင်းစာတွေဟာအတန်းတက်ဖို.လောက်ပဲအားထားခဲ.ကြ
လိုပါ၊မြန်မာ.သမိုင်းတွေဆိုရင်လည်းအချက်အလက်တွေကမပြည်.စုံခဲ.ပါဘူး၊တခုဆိုးတာက
ဆရာမတွေကိုယ်တိုင်ကျောင်းသားနားဝင်အောင်ဆွေးနွေးဖလှယ်တဲ.နည်းပညာတွေမပေး
နိုင်ခဲ.ကြပါဘူး။ဒီစာကိုကျက်၊ပြီးရင်ကျုရှင်စနစ်လောက်ကိုပဲအသားပေးနေတော.ကျောင်းသားတွေ
ဟာဦးဏှောက်ကိုအသုံးချပြီးလေ.လာသင်ကြားတဲ.အလေ.အကျင်.ကိုမရခဲ.တော.တာအမှန်ပါပဲ၊
တကယ်တော.ကျွန်တော်တို.တနှစ်လုံးသင်ခဲ.တာကို၃နာရီလောက်နဲ.ပဲအဆုံးအဖြတ်ပေးနေကြတဲ.
စာမေးပွဲစနစ်ကြီးဟာမှားနေတယ်လို.မြင်မိပါတယ်၊တကယ်တော.ကျောင်းသားတယောက်အတွက်
ကာယ၊ဥာဏ်န၊စာရိတ္တပိုင်းတွေကိုကျောင်းတွေမှာသင်မပေးလိုက်ကြပါဘူး။

Sunday, January 29, 2012

အမျိုးသားအမျိုးသမီးများအတွက်ကင်ဆာရောဂါ ကာကွယ်ကုသဆေးဆိုတာလည်း ပေါ်လာခဲ့ပါပြီ

posted by ဖြူလေး on January 27, 2012 at 10:33pm in ကျန်းမာရေးကဏ္ဍ


ရင်သားကင်ဆာ၊ အူလမ်းကြောင်းကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အတော်များများကို ဆေးထိုးကုသရုံဖြင့် ပျောက်ကင်းစေနိုင်မည့် ဆေးတစ်မျိုးကို Middlesex University မှ ဆေးသိပ္ပံပညာရှင်များမှ
တီထွင်လိုက်နိုင်ပြီ ဖြစ်သည်။ အဆိုပါဆေးကို ဇူလိုင်လ ၁၂ ရက်နေ့က တရားဝင်
ထုတ်ပြန်ကြေငြာနိုင်ခဲ့သည်။


စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်

ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၅ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မြန်မာအစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံသည့်အခါတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ ရွာပုန်း၊ ရွာရှောင် ဒုက္ခသည် IDP များ
ပြန်လည်ထူထောင်ရေးကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်ရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ပြေးနေရ သူများကို နေရပ်ရင်း ပြန်ရောက်ရေးနှင့် အိုးအိမ်နှင့် လယ်ယာမြေများ ပြန်လည်နေရာချထားပေးရေးတို့ကို ဦးစားပေး အချက်တခုအဖြစ် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော က ပြောသည်။

“ကျနော်တို့က ပြည်တွင်းထဲက IDP တွေကို အရင်ဦးစားပေးအဖြစ် ဆွေးနွေးသွားမှာပါ။ နယ်စပ် ဒုက္ခသည်စခန်းတွေက လူတွေအတွက်တော့ ဒုတိယအဆင့် ဖေါ်ဆောင်ရေးအဖြစ် တခါတည်း ဆွေးနွေးသွားမယ်။ ဘာလို့လဲဆိုတော့ သူတို့က
နေရေးနဲ့ ရိက္ခာတွေ အထဲကလူတွေလောက် ပူစရာမလိုဘူးလေ” ဟု သူက မဇ္ဈိမကို ပြောသည်။
knuandgov2

ကုလားတန်စီမံချက်ကိစ္စ နယူးဒေလီတွင် ချင်းပါတီ ဆွေးနွေးမည်

ကိုပေါက် | တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၁၄ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။   ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Jamia Millia Islamia တက္ကသိုလ်တွင် ကျင်းပရန်ရှိသည့်
မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကုလားတန်မြစ်ကြောင်း စီမံချက်နှင့်ပတ်သက်၍ ဆွေးနွေး တင်ပြသွားမည်ဟု နယူးဒေလီရောက် ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါ် (ခ) ဇိုဇမ် က ပြောသည်။

Bridging South and South East Asia ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲသို့ မြန်မာ့ နိုင်ငံရေး ပါတီ ၈ ခုမှ ကိုယ်စားလှယ်များ စနေနေ့က ရောက်ရှိနေပြီး အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်နေသော ကုလားတန် စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု ဦးဇမ်ကျင့်ပေါ် က မဇ္ဈိမကို ပြောသည်။
Kaladanproject


ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ လက်ချက်ကြောင့် ဆန္ဒပြသူ ၄ ဦးသေ

By ဗွီအိုအေ (မြန်မာဌာန)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့တာကြောင့် လူ ၄ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလိုပစ်ခတ်မှုဟာ တနင်္ဂနွေနေ့က Chandpur and Laksmipur မြို့တွေမှာ ဖြစ်ပွားခဲ့တာပါ။ ရွေးကောက်ပွဲကို ကြားဖြတ် စောင့်ကြည့်ပေးတဲ့ စနစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် BNP ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီဝင်တွေ ဆန္ဒပြတဲ့အချိန်မှာ အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ကာတာနိုင်ငံမှာတွေ့

By ဗွီအိုအေ (မြန်မာဌာန)

လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ နှစ်ဘက်ပြင်ဆင်မှုတွေ ထားရှိဖို့ ရည်ရွယ်ပြီး ကာတာ (Qatar) နိုင်ငံမှာ အမေရိကန်နိုင်ငံ တာဝန်ရှိသူတွေနဲ့ တာလီဘန် စေ့စပ်ညှိနှိုင်းသူတွေကြား ဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။

မြန်မာ ပိုပြီးပွင့်လာရင် ထိုင်းပိုအကျိုးရှိမည်( RFA)

2012-01-29

မကြာခင်က ဖွင့်လှစ်လိုက်တဲ့ ဥရောပ အာဆီယံ စီးပွားရေး စင်တာ ( EABC ) ဥက္ကဌ မစ္စတာ ဒင်နီယယ် က အခုလိုပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ ဆက်ဆံရေးမှာ ပိုမိုပွင့်လင်းလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီး ဆွဲဆောင်မှုရှိလာတာနဲ့ အမျှ ဥရောပ စီးပွားရေးကုမ္ပဏီတွေအတွက် ထိုင်းနိုင်ငံဟာ မြန်မာကိုဝင်ဖို့ အဓိက ဂိတ်တံခါး ဖြစ်ပါလိမ့်မယ်လို့ သူကပြောပါတယ်။

ဒေါ်စုရဲ့နေ့ချင်းပြန် ထားဝယ်ခရီး(VOA)

By ဦးစံမိုးဝေ








ဓာတ်ပုံ REUTERS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့နယ် ရေဖြူကျေးရွာမှာ မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၉၊ ၂၀၁၂)

Saturday, January 28, 2012

မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျငွေချေ စနစ်ဖြင့် ပစ္စည်းများဝယ်ယူနိုင်

စုလှိုင်ထွန်း (MYANMAR TIME)

အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
နေပြည်တော်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့်ချိတ်ဆက်၍ ပျဉ်းမနားမြို့ရှိ Sweet Villa Home Mart ၊ လင်း နှင့် လေဆာ ကွန်ပျူတာ ဆိုင်များ၊ ပြည့်ဖြိုး အီလက်ထရွန်းနစ်ဆိုင်၊ လန်းလန်းနှင့် နိုင်ဟိန်းစံ ဆိုင်ကယ်ဆိုင်များရှိ ပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် ယခုလတွင် စတင်ဝယ်ယူသုံးစွဲနိုင်ပြီဟု သိရသည်။

တရားမ၀င်ကုန်သွယ်မှုနှုန်းမြှင့် တက်ကြောင်းမြန်မာအစိုးရ၏ပြော ဆိုချက် KNU ငြင်းဆို

KIC သတင်း

Submitted by admin on Saturday, 28 January 2012
ဇန်န၀ါရီ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ ရွှေသိုက်တော (ကေအိုင်စီ)
မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား ယခုလဆန်းပိုင်းက အပစ်အခတ်ရပ်စဲရေးဆိုင် ရာသဘောတူ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီလမ်းကြောင်း၏ တရားမ၀င် ကုန်သွယ် မှုနှုန်း မြှင့်တက်လာခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရ စီးပွားရေးဝန်ကြီး၏ ပြောဆိုချက်မှာ အခြေအမြစ်မရှိဟု KNUက တုံ့ပြန်ပြောကြားလိုက်သည်။

ဆီးရီးယား လေ့လာစောင့်ကြည့်ရေး အာရပ်အဖွဲ့ချုပ် ရပ်ဆိုင်း

By ဗွီအိုအေ (မြန်မာဌာန)

ဆီးရီးယားနိုင်ငံအတွင်း စနေနေ့က အကြမ်းဖက် နှိပ်ကွပ်မှုတွေ တိုးမြှင့် လုပ်ဆောင်လာတဲ့အတွက် အာရပ်အဖွဲ့ချုပ်က သူတို့ရဲ့  အကဲခတ်အဖွဲ့ကို ရပ်ဆိုင်းလိုက်ပါတယ်။ စနေနေ့က တိုင်းပြည်တ၀ှမ်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေကြောင့် အနည်းဆုံး ၃၆ ယောက် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

တရုတ်တောင်ပိုင်း မြစ်တစ်စင်း ဓာတု အဆိပ်ဓာတ် သင့်

By ဗွီအိုအေ (မြန်မာဌာန)

တရုတ်နိုင်ငံ တောင်ပိုင်းမှာ အဆိပ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ယိုဖိတ်ခဲ့တဲ့အတွက် ရေသန့်ဗူးတွေ ရုတ်တရက် အရောင်းသွက်နေပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း Liujiang မြစ်ထဲကို အနားမှာရှိတဲ့ မိုင်းတွင်းမှာ အသုံးပြုတဲ့ Cadmium ဓာတုပစ္စည်းတွေ စီးဝင်ကုန်တဲ့အတွက် သန်းပေါင်းများစွာသော ဒေသခံတွေ ဘုံဘိုင်ရေကို မသောက်ကြဖို့ အာဏာပိုင်တွေက သောကြာနေ့မှာ အမိန့်ထုတ်ထားပါတယ်။ တချို့နေရာတွေမှာ ရေထဲကို အဲဒီ Cadmium ဓာတုဗေဒဓာတ် ပါဝင်မှုနှုန်းက တရားဝင် သတ်မှတ်ထားတာထက် ၅ ဆလောက် များနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီဓာတုဓာတ် ယိုစိမ့်မှု အကျယ်အ၀န်းဟာ ၆၂ မိုင်ကျော်လောက်အထိ ရှိပြီး လူပေါင်း ၄ သန်းနီးပါးလောက် နေထိုင်တဲ့ Liuzhou မြို့အထိ ပျံ့နှံ့နေတယ်လို့ အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ထောက်လှမ်းရေး လေယာဉ် ဖိလစ်ပိုင် လက်ခံဖို့စဉ်းစား

By ဗွီအိုအေ (မြန်မာဌာန)

တောင်တရုတ် ပင်လယ်ပြင်ထဲက အငြင်းပွားနေတဲ့ နယ်မြေဒေသကို ဖိလစ်ပိုင်နိုင်ငံက ကင်းလှည့်ရာမှာ ပိုမိုထိရောက်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ထောက်လှမ်းရေး လေယာဉ်တွေ ချထားပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ စဉ်းစားနေတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Voltaire Gazmin က သောကြာနေ့က ပြောပါတယ်။

ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရရည်မှန်း

By မသင်းသီရိ

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်တွေရဖို့ ညှိနှိုင်းရာမှာ အခက်အခဲတချို့ ရှိပေမဲ့ ပြည်ထောင်စုလွှတ်တော်ရှေ့မှာ တနိုင်ငံလုံးအတိုင်းအတာအရ ထာဝရငြိမ်းချမ်းရေး သဘောတူညီချက်တွေအထိ ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဇန်န၀ါရီလ ၂၈ ရက်နေ့က ရှမ်းပြည် တိုးတက်ရေးပါတီနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးအပြီး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။


ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အခြေခံလုပ်သားဈေးကွက် မြင့်တက်လာနိုင်( ပေါ်ပြူလာ)

ပေါ်ပြူလာ

 

ပြုပြင်မှုတွေ ဆက်လုပ်မည် မြန်မာစက်မှုဝန်ကြီး ကတိပေး

By မအေးသန္တာကျော်

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ ပြုပြင်ပြောင်းလဲစရာတွေ အတော်ရှိသေးတယ်လို့ ဆွစ်ဇာလန်နိုင်ငံ Davos ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်နေတဲ့ မြန်မာစက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံ အပါအ၀င် အနောက်နိုင်ငံတွေရော ကမ္ဘာ့နိုင်ငံအားလုံးနဲ့ပါ အဆင်ပြေပြေ ခင်ခင်မင်မင် ဆက်ဆံသွားလိုတယ်လို့လည်း ပြောသွားပါတယ်။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

အကယ်ဒမီပွဲ ဒီနှစ်ဘယ်လို ထူးမလဲ၊ အကျဉ်းကျနေတဲ့ အနုပညာပစ္စည်းတွေ လွတ်ပါစေနဲ့ ပြန်ရှင်းတဲ့ စံရတီမိုးမြင့်

By featured, မစပ်စု on January 28, 2012 10:57 am (ဟရာဝဆီ)

ထူးထူးခြားခြားကြီးကို ပုံအပ်လိုက်တဲ့ အကယ်ဒမီပွဲ
မြန်မာ့ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်တွေရဲ့ မှတ်တိုင်တခု အဖြစ် ခေတ်အဆက်ဆက် ပေးအပ်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆု၊ တနည်းပြောရရင် အကယ်ဒမီဆုပေးပွဲကြီး ကျင်းပမယ့်ရက်က တော့ ဖေဖော်ဝါရီ ၇ ရက်နေ့ ဆိုပြီး ဂဏန်းငြိမ် သွားပါပြီ။
အကယ်ဒမီပွဲကို နေပြည်တော် လေဟာပြင် ဇာတ်ရုံကြီးမှာ ကျင်းပတော့မှာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ ကြီးကိုတော့ အရင်နှစ်တွေနဲ့ မတူဘဲ စနစ်တကျ သပ်ရပ် လှပဆန်းသစ်မှုရှိစေဖို့နဲ့ လုံခြုံမှုရှိဖို့အတွက် အားလုံး ပူးပေါင်းဆောင်ရွက် သွားကြကြောင်းနဲ့ အကယ်ဒမီပွဲကြီးကို IT နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ထူးခြားဆန်းသစ်တဲ့ အစီအစဉ်တွေနဲ့ တင်ဆက် သွားမှာမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။


Friday, January 27, 2012

မြောက်ပိုင်းဒေသမှအရိုးတွန်သံများ-အပိုင်း( ၇ ) ( အောင်မိုးဝင်း )

မြောက်ပိုင်းဒေသမှအရိုးတွန်သံများ-အပိုင်း( ၇ ) ( အောင်မိုးဝင်း )



ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။

နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်သူများအား လက်ခံရန် ဂျွန်မက်ကိန်းတိုက်တွန်း

ရွှေယင်းမာဦး

အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

ရန်ကုန်မြို့၊ အမေရိကန် စင်တာတွင် သတင်းထောက်များနှင့် တွေ့ဆုံနေသည့် ဂျွန်မက်ကိန်း။
ဓာတ်ပုံ-ဘူးသီး

သုတေသနပြုချက်အရ ဂျပန် ထမင်းလိပ်များတွင် အီးကိုလိုင်ပိုး ပေါက်ဖွားမှုများနေသည်ကို တွေ့ရ

ယမုံဖူးသစ်

အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
သန့်စင်မှုနှင့်သိုလှောင်ထားရှိမှုအားနည်း သော စူပါမားကက်များနှင့် ဈေးဆိုင်များရှိ ဂျပန်ထမင်းလိပ်များတွင် အီးကိုလိုင် ပိုးနှင့် အခြားဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားမှုများပြားနေသည်ကို သုတေ သနပြုလုပ်ချက်အရ တွေ့ရသည်ဟု ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) မှ သုတေသနပညာရှင်တစ်ဦးက ပြောသည်။

ချယ်ရီဝက်ဂွန် QQ ကားစီးရေ ၈၀၀ ယခုလကုန် ရောက်မည်

စုလှိုင်ထွန်း

အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

ပဒိုမန်းငြိမ်းမောင်အားရှေ့နေခေါ်ပေး မည် ဟု နော်အုန်းလှပြောဆို(KIC)


Submitted by admin on Monday, 23 January 2012
ဇန်န၀ါရီလ ၂၃ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
ရန်ကုန်တိုင်း၊ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေ ရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်အား လာမည့်အပတ် ရုံးထုတ် စစ်ဆေးရာတွင် ရှေ့နေခေါ်ယူပေးသွားမည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် နော်အုန်းလှက ပြောသည်။

နိုင်ငံရေးဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးပူးပေါင်းပါဝင်မှု KNU ဆောင်ရွက်သွားမည် (KIC)


Submitted by admin on Friday, 27
ဇန်န၀ါရီ ၂၇ရက်။ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရနှင့် နိုင်ငံရေးဆက်ဆွေးနွေးရန် သဘောတူလက်မှတ်ထိုးပြီးနောက် ကရင်အမျိုးသားအစည်း အရုံး-KNU က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်မှုကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယမန့်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လွှတ်တော်ထဲ ရောက်ပါက မတရားဥပဒေ ဖျက်သိမ်းရေး NLD ကြိုးပမ်းမည် (MIZZIMA)

ကိုပေါက် | သောကြာနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၄၅ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လွှတ်တော်ထဲ ရောက်ပါက အများအကျိုး ထိခိုက်စေသည့် ဥပဒေများအား ဖျက်သိမ်းသွားမည်ဟု ပါတီနာယက ဦးတင်ဦးက ပြောသည်။

၁၉၉၈ ခုနှစ်က NLD ဦးဆောင်ပါဝင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ကြေညာထားသည့်အတိုင်း တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုအား ချုပ်ချယ်သည့်ဥပဒေများအား ဖျက်သိမ်းမည်ဟု NLD ဥပဒေရေးရာကော်မတီ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နိုင်ငံရေးဆွေးနွေး(RFA)


၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး ရှေ့ဆက်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးပါတယ်။


နိုင်ငံရေးအကျဉ်းသားဟောင်း ရဟန်း ၅ ပါးကို မဟန ဆင့်ခေါ်

By featured, လင်းသန့် on January 27, 2012 6:45 pm 

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာခင်က ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ရဟန်း ၅ ပါးကို နိုင်ငံတော် သံဃမဟာနယက (မဟန) အဖွဲ့က အပြစ်ရှိသည်ဟု ယူဆ၍ ယနေ့ ဆင့်ခေါ်ခဲ့ကြောင်း သတင်း ရရှိသည်။


မန်းငြိမ်းမောင်ကို စွဲချက်များ ထပ်တင်

By featured, ဇာနည်မာန် on January 27, 2012 6:38 pm 

 
ထိန်းသိမ်းခံထားရသော ကရင်အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်ကို သေဒဏ် သို့မဟုတ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့် အမှုဖြင့် စွဲချက် ထပ်မံတင်ထားကြောင်း ရှေ့နေက ပြောသည်။

ရေရှည် စီးပွားရေးဖွံ့ဖြိုးရန် အစီအစဉ် NLD ရေးဆွဲမည်

By featured, ဧရာဝတီ on January 27, 2012 6:24 pm 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေမည့် ရေရှည်တည်တံ့သော စီးပွားရေး မော်ဒယ်ပုံစံသစ်အတွက် အသေးစိတ်အစီအစဉ် ရေးဆွဲရန် စီစဉ်ထားကြောင်း ပြောဆိုလိုက်သည်။


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အားပေးရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

By featured, မြတ်မိုး on January 27, 2012 1:23 pm 

 
ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ယနေ့ ကျင်းပသည့် Live Together with Wetland ဓာတ်ပုံပြပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ပြီး
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးသည့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် မေတ္တာရပ်ခံခဲ့သည်။

ဖားပြုတ်ကိုက်တယ်၊တရုတ်ရိုက်တယ်၊ကုလားနှိုက်တဲ.နိုင်ငံရေးကိုရှောင်၊အတွေးအခေါ်အသစ်နဲ.လူ.ဘောင်ကိုဆောင်အိုတောင်တိုင်းပြည်မဆင်းရဲ

ငြိမ်သက်စပြုလာတဲ.ကန်ရေပြင်

အနှစ်ခြောက်ဆယ်ကျော်မျှကြာမြင်.ခဲ.တဲ.မြန်မာ.နိုင်ငံရဲ.ရှည်လျားတဲ.
အတွေးအမြင်မတူမှုနှင်စတင်ခဲ.တဲ..တော်လှန်ရေးသမိုင်းဟာတဖြည်း
ဖြည်းနှင်.အေးငြိမ်းစပြုလာခဲ.ပြီဖြစ်ပါသည်၊

တစ်ပါတီစနစ်ဖျက်သိမ်းပြီးနောက်ပိုင်း၈၈ခုနှစ်တပ်မတော်အာဏာသိမ်း
မှုကစတင်ခဲ.ပြီးနောက်မြန်မာပြည်ဟာအကျဉ်းကျခံနေခဲ.ရတာဟာ
ဖြင်.အနှစ်၂၀ကျော်ကြာမြင်.ခဲ.လှပြီဖြစ်ပါသည်။

အဘက်ဘက်ကကျဆုံးမှုများစွာဖြင်.တိုင်းပြည်လဲစီးပွါးရေးချွတ်ခြုံကျကာ
နိုင်ငံတကာအလယ်မှာအမျိုးမျိုးအဖိနှိပ်ခံခဲ.ရပြီး အဖမ်းခံသူခံရ၊ပြည်ပကို
်အလဲလဲအကွဲကွဲနဲ.ထွက်ပြေးတိမ်းရှောက်နေရတဲ.မျိုးဆက်သစ်တွေ
လည်းအများအပြားပါပဲ၊

Thursday, January 26, 2012

“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ” ဦးတင်ဦး ရှင်းပြ

ကိုပေါက်၊ ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၈ မိနစ်


နယူးဒေလီ၊ ချင်းမိုင် (မဇ္ဈိမ) ။         ။ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ယှဉ်ပြိုင်တင်ပြမှုများ ရှိခဲ့၍ ဘဝင်မကျ ဖြစ်ရသည်များ ရှိခဲ့ကြောင်း နာယက ဦးတင်ဦး က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲတွင် မိန့်ခွန်းပြောစဉ်က အဆိုပါကိစ္စများနှင့်ပတ်သက်၍ တခွန်းတစ ထည့်သွင်းပြောဆိုခဲ့ဖူးပြီး ထိုကိစ္စများကို ရွံမုန်းကြောင်း ပါတီဝင် စိစစ်ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ။ ကျနော်တို့ ဒုက္ခသုခ ရောက်စဉ်အခါတုန်းကတော့ တခါတည်း ငြိမ်ပြီးတော့ ဘာမှ မပါကြ၊ ကင်းကွာနေကြတယ်။ အခု နေရာလေး ပေါ်လာရော သူကလည်း ငါလုပ်တာ ဘယ်လောက်၊ ဘယ်တုန်းက ဘယ်သူနဲ့တွေ့ပြီး နှုတ်ဆက်ခဲ့တယ်၊ ကျနော် အရင်တုန်းက လူမှုရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် လုပ်ခဲ့ဖူးတယ်၊ ကျနော်သာလျှင် အသင့်တော်ဆုံး ဖြစ်တယ်။ အဲဒီနေရာ အရွေးခံပါရစေ။ ဒီလိုဟာတွေက သိပ်လာတယ်ဗျ။ အဲဒါတွေ ကျနော်က ရွံတယ်” ဟု ပြောသည်။
nlslastdetermine3

အာဏာရအင်အားစုအတွင်း NLD ကို လက်မခံသူများရှိနိုင်

စုမြတ်မွန်  

သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ထဲက ပြုပြင်ပြောင်းလဲရေးသမားတွေက ဧပြီလမှာ ကျင်းပမည့် ရွေးကောက်ပွဲ တွေ လွတ်လပ်မျှတသင့်တယ်ဆိုတာကို လက်ခံထား တယ်လို့ ယုံကြည်တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည် ကပြောလိုက်ပါတယ်။

ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ(RFA)

2012-01-26

အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူးခန့် (RFA)

2012-01-26

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို အန်အယ်လ်ဒီ ပါတီရဲ့ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး (Campaign manager) အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။

ငြိမ်းချမ်းရေးရန်ပုံငွေ ထူထောင်ရန် လွှတ်တော်တွင် အတည်ပြု

By featured, ခင်ဦးသာ on January 26, 2012 6:56 pm 

 
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအတွက် ရန်ပုံငွေတရပ် ထူထောင်ရန် ယနေ့ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ရာ အတည်ပြုပေးလိုက်ကြောင်း သိရသည်။
ထိုအဆိုအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က တင်သွင်းပြီး ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ် နှစ်ဦးက ထောက် ခံဆွေးနွေးကာ ချက်ချင်း အတည်ပြုပေးလိုက်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တချို့က ဧရာဝတီကို ပြောသည်။

အကျဉ်းသား သတင်းသမား(ဧရာဝတီ)

By featured, လင်းသန့် on January 26, 2012 6:04 

ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြန်လွတ်လာကြတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကိုကိုကြီး (ခေါ်) ကေကျု လည်း ပါလာခဲ့တယ်။ သူ ထောင်က လွတ်လာပြီးတာနဲ့ သူ့ကို အင်တာဗျူးခဲ့တာနဲ့ ဆက်စပ်ပြီး အခုလို သတင်းသမား ဖြစ်ခဲ့ရတာ သူနဲ့ တိုက်ရိုက် ပတ်သက်ခဲ့တာကို အောက်မေ့မိပါတယ်။