သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, October 6, 2012

Saturday, 06 October 2012 08:34

ပြုပြင်ပြောင်းလဲရေးခေတ်သစ်မှ တစ်မူ ထူးခြားလှသည့် ဒီမိုကရေစီရောင်းရင်းနှစ်ဦး

Written by  အောင်ကျော်စိုး

ခု ဖော်ပြပါဆောင်းပါးမှာ နာမည်ကျော် အမေရိကန် သတင်းစာ တစ်စောင်ဖြစ်သော နယူးယောက်တိုင်းမ်၏ ပင်တိုင်ဆောင်းပါးရှင် Bill Keller အင်တာဗျူး တစ်ပုဒ် အနက်မှ အချို့ကို မှီငြမ်း ကောက်နုတ် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Bill Keller သည် သမ္မတ ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် ၎င်းကို သွားရောက်တွေ့ဆုံ၍ မေးခွန်း အတော်များများ မေးမြန်း ခဲ့သလို တစ်ချိန်တည်း မှာပင် အဆိုပါ နိုင်ငံသို့ရောက်ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း မတူညီသည်များကို ဘေးချိတ်ပြီး တူညီသည်များကို အပေးအယူ မျှစွာဖြင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် Bill Keller က 'The Burmese Odd Cople' ဟူသောခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် ဆောင်းပါးကို 'ပြုပြင်ပြောင်းလဲရေး ခေတ်သစ်မှ တစ်မူ ထူးခြားသည့် ဒီမိုကရေစီ ရောင်းရင်းနှစ်ဦး' ဟု ဆီလျော်အောင် မြန်မာမှု ပြုလိုက်ပါသည်။