သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, March 2, 2012

၆၂ စစ်အာဏာသိမ်း ရွှေရတုနှင့် ဗကပ အမြင်



(ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း နှင့် အင်တာဗျူး)

၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့သည် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အာဏာသိမ်းမှု နှစ် ၅၀ ပြည့်သည့်နေ့ ဖြစ်သည်။ ဦးနေဝင်း ခေါင်းဆောင်သည့် မဆလ လမ်းစဉ်ပါတီခေတ်ကို ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုဖြင့် ဖျက်သိမ်းနိုင်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဦးစီးသည့် နဝတ၊ နအဖ စစ်အစိုးရများ ဆက်လက်အုပ်စိုးလာခဲ့ကြသည်။

ရင်းနှီးမြှုပ်နှံဖို့ မြန်မာဆွဲဆောင်


မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေဟာ ပြောင်းလဲလာတဲ့အခြေအနေတွေနဲ့ လျော်ညီမှု မရှိတော့တဲ့အတွက် မူဝါဒအသစ်တွေ ချမှတ်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံစက်မှုဝန်ကြီးလည်းဖြစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစိုးသိန်းက ပြောလိုက်ပါတယ်။ သင့်လျော်တဲ့ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွေနဲ့ ငွေကြေးဆိုင်ရာ မူဝါဒသစ်တွေကို မကြာခင်မှာ ထုတ်ပြန်နိုင်တော့မှာဖြစ်လို့ မြန်မာနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံကြဖို့ ဝန်ကြီးဦးစိုးသိန်းက ကမ္ဘာတဝှမ်းက လူလတ်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီအကြီးအကဲတွေပါဝင်တဲ့ Young President Organization နဲ့ ကြာသာပတေးနေ့ညက တွေ့ဆုံတုန်းက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြချင်သူတွေအတွက် ဘယ်လိုအာမခံချက်တွေ ပေးခဲ့လဲဆိုတာကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒဏ်ခတ်မှုမရုပ်သိမ်းခင် အဓမ္မလုပ်အားစေခိုင်းမှုရပ်ပါ


မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို မရုပ်သိမ်းခင် အဓမ္မ အလုပ်ခိုင်းစေမှုတွေကို ရပ်ဆိုင်းဖို့ ဗြိတိန်နိုင်ငံက အလုပ်သမား သမဂ္ဂများ ကွန်ဂရက် TUC က ဗြိတိသျှ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ရှိခဲ့တာ မှန်ပေမဲ့ နေရာအနှံ့ အလုပ်ကြမ်း ခိုင်းစေမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ ရှိနေတုန်းပဲလို့ TUC ရဲ့ အထွေထွေ အတွင်းရေးမှူး Brendan Barber က ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague ထံ ပေးပို့တဲ့ စာမှာဖော်ပြထားတာပါ။

အီရန် နျူကလီယား လက်နက်လုပ်ရင် အမေရိကန် တကယ်တိုက်မယ်

အီရန်နိုင်ငံက နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ တကယ်တန်း လုပ်လာတယ်ဆိုရင် အမေရိကန်နိုင်ငံက စစ်ရေးအရ အရေးယူဖို့ သေသေချာချာ လုပ်ဆောင်မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်ပါတယ်။
အီရန်ပြဿနာနဲ့ပတ်သက်ပြီး စစ်ရေးအရ အပါအဝင် နည်းလမ်းအားလုံးအတွက် စဉ်းစားထားတယ်လို့ The Atlantic မဂဇ္ဇင်းနဲ့ လူတွေ့မေးမြန်းခန်းမှာ သမ္မတရဲ့ပြောကြားချက်ကို ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တာပါ။ အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကနေ စိုးရိမ်စိတ်ပူနေသလို အစ္စရေးက အီရန်ကို ဦးအောင်ဝင်ပြီး တိုက်ခိုက်နိုင်ခြေ ရှိနေချိန်မှာပဲ မစ္စတာအိုဘားမားရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာခဲ့တာပါ။

နိုင်ငံ့အရေးမှာအားလုံးပါဝင်ဖို့ သမ္မတဦးသိန်းစိန်တိုက်တွန်း


အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေ ပါဝင်နိုင်မှုဟာ အရေးအကြီးဆုံး ဖြစ် တယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်း အစိုးရရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေမှာ အောင်မြင်မှုတွေရှိသလို စိန်ခေါ်မှုတွေကိုလဲ ရင်ဆိုင်ခဲ့ရတယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနှစ်တာ ကာလအတွင်း အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ၊ ရှေ့ဆက်ဆောင်ရွက်ရမဲ့ ကိစ္စတွေကို လွှတ်တော်ကတဆင့် ပြည်သူတွေသိရှိအောင် ပြောကြားတဲ့ သမ္မတရဲ့ မိန့်ခွန်းနဲ့ ပါတ်သက်လို့ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြောပြပါမယ်။

ဗီဂျေးနမ်ဘီးယားကို မြန်မာအတွက် သီးသန့်တာဝန်ပေး


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးအဖွဲ့ အကြီးအကဲလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး တာဝန်လည်း ထမ်းဆောင်နေတဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယား Vijay Nambiar ဟာ ဧပြီလတရက်နေ့က စပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးတာဝန်ကိုပဲ သီးသန့်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲအပြီးမှာ CRPP ကို အမည်သစ်နဲ့ ပြန်ဖွဲ့မည်


2012-03-02
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ မဟာမိတ် ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကို လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအပြီးမှာ အမည်သစ်နဲ့ ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့ရှိတယ်လို့ CRPP အတွင်းရေးမှူး ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။
(Photo:Courtesy of NCGUB)

အပြောင်းအလဲအတွက် ဆက်ပြီးကြိုးပမ်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ပြော


2012-03-01
အပြောင်းအလဲတွေ ပိုအားကောင်းလာအောင် မိမိတို့ အစိုးရ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ထဲမှာ ဂိုဏ်းဂဏ ကွဲပြားနေတယ်ဆိုတာ မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ပြောလိုက်ပါတယ်။
Photo courtesy of Yangon Times

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့နေရာ မပြေလည်သေး

2012-03-01

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဟောပြောမှာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ကန့်ကွက်ထားကြောင်း သိရပါတယ်။
Photo courtesy of NLD Web site

ဖွဲ့စည်းပုံကို ပြင်ရန် တပ်မတော် ပါဝင်ပူးပေါင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော


2012-03-01
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော် ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
AFP

ကျောင်းသားတွေ နိုင်ငံရေး ကင်းရှင်းရင် အခွင့်အရေးပေးမယ် ပါမောက္ခချုပ် ပြော

2012-03-02

ရန်ကုန်တိုင်း သံလျင်မြို့နယ်က အရှေ့ပိုင်းခရိုင် တက္ကသိုလ်ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်းနေမယ်ဆိုရင် စာသင်နှစ်တွေမှာ အခွင့်အရေးပေးမယ်လို့ ခေါ်ယူ ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါတယ်။
(Photo: AFP)
ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝတွင် ဝတ်စုံပြာ လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ထဲ ပါလာမလား



By featured, ဧရာဝတီ on March 2, 2012 4:35 pm 

 
အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ခဲ့လျှင် ဝန်ကြီးရာထူး တနေရာကို လက်ခံမည်လော၊ သို့မဟုတ်လွှတ်တော်တွင်း အားကောင်းသည့် အတိုက်အခံအဖြစ် ရပ်တည်မည်လော ဆိုသည်ကို ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းတွင် ပြောဆိုနေကြကြောင်း သိရသည်။
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်နေစဉ် (ဓာတ်ပုံ - ဧရာဝတီ)