သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, June 29, 2011

မြန်မာပြည်အတွက် အပြောင်းအလဲ လေပြေလား(mizzima news)

မြန်မာပြည်အတွက် အပြောင်းအလဲ လေပြေလား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

Jတူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား အာရပ်နိုင်ငံများတွင် တနိုင်ငံပြီးတနိုင်ငံ နွေဦးပေါက်သစ်က ရှင်သန်ပေါက်ဖွားလာခဲ့ရာ နိုင်ငံရေး အုံကြွမှုဆိုင်ရာ ဒိုမီနိုသီအိုရီ အသစ်တရပ်သဖွယ် ပေါ်ထွက်လာသည်။ ယခု မငြိမ်မသက်မှုများနှင့် တော်လှန်ရေးများက အာရပ်ကမ္ဘာ သက်သက်မျှသာလောဟု မေးခွန်းထုတ်စရာ ရှိနေသည်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မကြာသေးမီက မြန်မာပြည်ခရီးစဉ်အတွင်း ပြောခဲ့သလို "အပြောင်းအလဲ လေပြေ" က မြန်မာနိုင်ငံ တောင်တန်းနှင့် မြေပြန့်ဒေသများသို့ တိုက်ခတ်လာလေမည်
 လောဟုလည်း စောကြောဖွယ် ရှိနေသည်။

အပြင်ပန်းကြည့်လျှင်ပင် မြန်မာနိုင်ငံနှင့် အစိုးရများ ပြိုကျလုတည်းတည်းဖြစ်နေသည့် အာရပ်နိုင်ငံများအကြားတွင် တူညီသည့် လူမှုရေး ကြန်အင်လက္ခဏာများ ရှိနေကြသည်။ လူမှုရေးအရ တန်းတူညီမျှ မရှိမှုမှသည် အလုပ်လက်မဲ့နှုန်း ဆိုးရွားစွာ ရှိနေခြင်း၊ လူအများ အလုပ်လက်မဲ့ဖြစ်နေရခြင်း အခြေအနေများလည်း တူညီနေကြသည်။

အကျယ်အပြန့် ဖြစ်နေသည့် အကျင့်ပျက်ခြစားမှုများ၊
အပြင်ပန်းကြည့်လျှင်ပင် မြန်မာနိုင်ငံနှင့် အစိုးရများ ပြိုကျလုတည်းတည်း ဖြစ်နေ
သည့် အာရပ်နိုင်ငံများ အကြားတွင် တူညီသည့် လူမှုရေး ကြန်အင် လက္ခဏာ များ ရှိနေကြသည်။ လူမှုရေးအရ တန်းတူ ညီမျှ မရှိမှုမှသည် အလုပ်လက်မဲ့နှုန်း ဆိုးရွားစွာ ရှိနေခြင်း၊ လူအများ အလုပ် လက်မဲ့ ဖြစ်နေရခြင်း အခြေအနေများ လည်း တူညီနေကြသည်။

လူနည်းစုလူတစုကသာ စံစားနေသည့် အခြေအနေများလည်း တူညီ နေပြန်သည်။ ကိုလံဘီယာ တက္ကသိုလ်မှ ပါမောက္ခ
ဂျက်ဖရီ ဆက် Jeffery Sachs ၏ အဆိုအရ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အာဖရိကမြောက်ဖျား
 နိုင်ငံများတွင် လူငယ်များအကြား အလုပ်လက်မဲ့ဖြစ်မှုနှုန်းက ၃ဝ % မျှ ရှိနေသည်။ ဤကိန်းဂဏန်းက သီးခြား
လွတ်လပ်သည့် လေ့လာမှုများက ဖော်ပြနေသည့်
 မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ဖြစ်မှုနှုန်းနှင့် အလားတူနီးပါး
 ဖြစ်နေသည်။

ဖေဖော်ဝါရီလ အစောပိုင်းတွင် ထုတ်ဝေခဲ့သည့် သည် အီကောနောမစ် The Economist သတင်းစာပါ “ ရှူးဖိနပ်ဖြင့်
 ပေါက်သူများ ညွှန်းကိန်း" Shoe-throwers Index ၌ အာရပ်နွေဦး၏ လေရူးဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေကြရ
သည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ဖျား နိုင်ငံများတွင် အစိုးရ၏ အကဲဆတ် ထိရှလွယ်မှု ညွှန်းကိန်းကို တွက်ချက် ဖော်ပြထားခဲ့သည်။ ဖိနပ်ဖြင့်ပေါက်ခြင်းမှာ ဤဒေသအတွင်း ယဉ်ကျေးမှုအရ မကျေနပ် ဖြစ်လွန်းမှုကြောင့် ဆန့်ကျင် တုံ့ပြန်ကြပုံကို ဆိုလိုခြင်း ဖြစ်သည်။ ဤညွှန်းကိန်း မိုဒယ်တွင် စံ ၇ ချက်ဖြင့် တိုင်းတာခြင်း ဖြစ်သည်။ အစိုးရများ အာဏာဆက်တိုက်မြဲနေမှု သက်တမ်းကာလမှသည်၊ အသက် ၂၅ နှစ်အောက် လူငယ်များ၏ လူဦးရေ ရာခိုင်နှုန်း၊ အကျင့်ပျက်ခြစားမှုနှင့် သတင်းစာ လွတ်လပ်ခွင့် ကင်းမဲ့နေခြင်း၊ ဒီမိုကရေစီ အခွင့်အရေးများ ကင်းမဲ့
 နေခြင်း အပါအဝင် လူမှုရေးအရ ထိခိုက်နစ်နာမှု ဒေတာ အချက်အလက်များလည်း ထည့်သွင်း၍ ညွှန်းကိန်းအဖြစ် တွက်ချက်ခဲ့ခြင်း ဖြစ်သည်။
 unrest-1ဤညွှန်းကိန်း မိုဒယ်က အာရပ်ကမ္ဘာတွင် အုံကြွမှုများ ဖြစ်ပေါ်လာမည့် အခြေအနေကို ကြိုတင်ဟောကိန်းထုတ်ရာ၌ အတန်အသင့် မှန်ကန်နေခဲ့သည်။ အာရပ်နွေဦး လူထုလှုပ်ရှားမှုများ စတင်မြစ်ဖျားခံရာ အီဂျစ်နိုင်ငံတွင်လည်း ဤညွှန်းကိန်းများက တသမတ်တည်း ဖော်ပြနေသည်။ မည်သို့ပင် ဆိုစေကာမူ သူပုန်ထမှုများ ဖြစ်လာမည်၊ မဖြစ်လာမည်ကို အကောင်းဆုံး ကြိုတင်ဟောကိန်းထုတ်ရန်  ပုံသေနည်းတခု မဟုတ်သော်လည်း၊ မြန်မာနိုင်ငံ၏ ညွှန်းကိန်း အချက်အလက်များအပေါ် လေ့လာချက်ကလည်း ထိရှအလွယ်ဆုံး နိုင်ငံ ၁၈ နိုင်ငံတွင် တတိယမြောက် ထိရှလွယ်မှု အဖြစ်ဆုံး နိုင်ငံတခု ဖြစ်နေပြန်သည်။ ယီမင်နှင့် ဆူဒန်ပြီးလျှင် မြန်မာလိုက်နေသည်။ အောက်ဖော်ပြပါ ဇယားတွင် မြန်မာနိုင်ငံ အပါအဝင်ညွှန်းကိန်းများကို နှိုင်းယှဉ်ဖော်ပြထားပါသည်။

နိုင်ငံအမည် အစိုးရ၏ အကဲဆတ် ထိရှလွယ်မှု ညွှန်းကိန်း (Vulnerability of government)
ယီမင် ၉ဝ. ၇
မြန်မာ ၈ဝ. ၅
Libya ၇၈. ၁
အီဂျစ် ၇၄. ၇
ဆီးရီးယား ၇၂. ၉
အယ်လ်ဂျီးရီးယား ၆၉. ၅
ဆော်ဒီအာရေဗျ ၆၁. ၂
ဘာရိန်း ၅၃. ၃
တူနီးရှား ၅၂. ၃

မြန်မာနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများ၏ ဒေတာများကို The Economist မဂ္ဂဇင်းက စုဆောင်းထားခြင်း ဖြစ်ပါသည်။ ဤညွှန်းကိန်းများသည် အစိုးရအပြောင်းအလဲ မဖြစ်မီ နိုင်ငံ၏ အခြေအနေပြကိန်းများ ဖြစ်ပါသည်။ ညွှန်းကိန်း ၁ဝဝ မှာ အကဲဆတ် ထိရှလွယ်မှုအမြင့်မားဆုံး အဆင့် ဖြစ်ပါသည်။

သေနတ်၊ မဲပြားနှင့် ကိုယ်ပိုင်ဝိသေသ လက္ခဏာ

အာရပ်ကမ္ဘာမှ အဖြစ်အပျက်များကို နားလည်အောင်ဆိုလျှင် အရေးပါလှသည့် အစိတ်အပိုင်း ၃ ချက်ကို ထည့်သွင်း စဉ်းစားရန် လိုပါသည်။ စစ်ရေး၊ နိုင်ငံရေးပါတီများနှင့် ကိုယ်ပိုင်ဝိသေသလက္ခဏာ အကြောင်းတို့ပင် ဖြစ်သည်။ ဤ အကြောင်း ၃ ချက်ကို ပြင်ပအင်အားစုများက အကြီးအကျယ် လွှမ်းမိုးသက်ရောက်မှု မရှိသလောက် ရှားပါးခဲ့ပြီး၊ ဤ ၃ ချက်ကသာ ရာဘတ် Rabat မှသည် မတ်စ်ကက် Muscat အထိ ခေါင်းဆောင်မှု၏ အနာဂတ် အပြောင်းအလဲအပေါ် လွှမ်းမိုးဆုံးဖြတ်ခဲ့ကြသည်။

ဟူစနီ မူဘာရက်၏ အီဂျစ်က အစဉ်သဖြင့်ဆိုသလို အရေးပေါ်နေသည့် နိုင်ငံတော်တခုဟု ယူဆနိုင်သည်။ အံ့သြဖွယ် မဟုတ်သည့်အချက်မှာ နိုင်ငံ၏ အရပ်သားခေါင်းဆောင်မှုကလည်း လုံခြုံရေးကဏ္ဍမှ ခေါင်းဆောင်များများနှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့ကြပြီး၊ နိုင်ငံ၏ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို နှစ်ပေါင်း ၃ဝ မျှ ထိန်းထားခဲ့ကြပါသည်။ မူဘာရက်၏ အမျိုးသား ဒီမိုကရက်တစ် ပါတီက ပြီးခဲ့သည့် မကြာသေးခင်ကာလ၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မဖြုတ်ချခံရချိန် ရွေးကောက်ပွဲများအထိ မဲများ၏ ၈၉ % ကို ရယူထားနိုင်ခဲ့ကြသည်။

သိသာထင်ရှားသည့် အချက်မှာ နှိုင်းယှဉ်ချက် အရဆိုလျှင်
မူဘာရက်၏ အမျိုးသား ဒီမိုကရက်တစ် ပါတီက ပြီးခဲ့သည့် မကြာသေးခင် ကာလ၊ ပြီးခဲ့သည့်
 ဖေဖော်ဝါရီလတွင် မဖြုတ်ချ ခံရချိန်

 ရွေးကောက်ပွဲများအထိ မဲများ၏ ၈၉ % ကို ရယူထားနိုင်ခဲ့ကြသည်။
အီဂျစ်နိုင်ငံက ပုံသွင်းရယူထားသည့် ဖန်တီးပုံရိပ်အရ
 ဖြစ်ပေါ်နေသည်ဟု ဆိုလျှင်ဖြစ်စေ တိုင်းရင်းသား လူမျိုးအရ တမျိုးတည်းဟု ဆိုနိုင်သည့် နိုင်ငံဖြစ်သည်။၂ဝဝ၆ ခုနှစ် သန်းခေါင်စာရင်းအရဆိုလျှင် ၉၉.၆ % သော သူများက သူတို့ကိုယ်သူတို့ အီဂျစ်လူမျိုးဟု ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ရေရှည်ဖြစ်နေသည့် စီးပွားရေးနှင့် အလုပ်သမား ပြဿနာများက ၂ဝ၁၁ ခုနှစ် အစောပိုင်းတွင် မူဘာရက်ကို ဖြုတ်ချခဲ့ကြသည်။ လူဦးရေ သန်း ၄ဝ ရှိပြီး စိတ်ပျက်ဒေါသထွက်နေသည့် အီဂျစ် လူငယ်များက ရှေ့တန်း ထွက်လာကြသည်။

၎င်းကဲ့သို့ အကျအရှုံးက ကိုင်ရိုအစိုးရနှင့် နီးကပ်စွာ ဆက်ဆံခဲ့သော ဝါရှင်တန်ထံမှ အထောက်အပံ့များ နောက်ဆုံး မရရှိတော့ခြင်းက အနည်းငယ်တော့ သက်ဆိုင်သည်။ မူဘာရက် အာဏာမှ ဆင်းသွားရပြီ ဖြစ်သော်လည်း၊ စစ်တပ်က အီဂျစ်နိုင်ငံရေးတွင် အရေးပါနေဆဲဖြစ်သည်။ လက်ရှိ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲနောက်ပိုင်းကာလ အီဂျစ် အပြောင်းအလဲများ အတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေဆဲ ဖြစ်သည်။ 

ထိုအချိန်တွင် အီဂျစ်နိုင်ငံ အနောက်ပိုင်းရှိ လစ်ဗျား၌ ၁၉၆၉ ခုနှစ်ကတည်းက မူမာ ဂဒါဖီ၏ ပုဂ္ဂိုလ်ရေး ပုံရိပ်က လွှမ်းမိုးထားခဲ့သည်။ ဗိုလ်မှူးကြီးအုပ်ချုပ်သည့် ၎င်းနိုင်ငံတွင် နိုင်ငံရေးပါတီများ ရပ်တည်ခွင့်မရှိဘဲ၊ အင်အားအရ အာဏာ ချိန်ခွင်လျှာကို ငြင်သာစွာ ထိန်းညှိကြသည့် နည်းများနှင့် ဖိနှိပ်မှုများ၊ လူမျိုးနွယ်စု သြဇာဖြင့် ချိန်ညှိထားမှုများ အပေါ်သာ မှီခိုရပ်တည်နေခဲ့ကြသည်။ စစ်တပ်အတွင်း ညီညွတ်ရေး ပြိုကွဲသွားခြင်းနှင့် ဂဒါဖီအစိုးရ အပေါ် ခြိမ်းခြောက်နေသည့် ညွန့်ပေါင်းအဖွဲ့၏ အင်အားခိုင်မာကြီးထွားလာမှု၊ သူတို့ကိုယ်သူတို့ မည်သို့ ဝိသေသ လက္ခဏာ ဖွင့်ဆိုသည်ဆိုသည့် အချက်များအပေါ် အများက အလေးပေး ပြောဆိုနေကြသည်။

အစိုးရတပ်များက အလျင်အမြန် လက်နက်ချ ပူးပေါင်းလာသည့်အတွက် အပြောင်းအလဲနှင့် လွတ်လပ်ရေးလှုပ်ရှားမှု အမြန်ပေါ်ပေါက်လာရပုံကို လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ ဘင်ဂါဇီ ခုခံရေးသူပုန်အုပ်စုများက ရှုမြင်ကြသည်။ ထို့အပြင် လာမည့်ရက်များတွင် နောက်ထပ်လာ၍ လက်နက်ချဦးမည်ဟု ကောလာဟလများလည်း နေ့စဉ်နှင့်အမျှ ထွက်ပေါ်နေသေးသည်။ “ လစ်ဗျားနိုင်ငံရှိ လူမျိုးနွယ်စု၊ အစ္စလာမ်ဝါဒနှင့် နိုင်ငံတော် ” Tribe, Islam and State in Libya အမည်ရှိ စာအုပ်ရေးသား သူ ဖာရာ့ခ်ျ နာဂျင်းမ် Faraj Najem စကားနှင့်ဆိုရလျှင် စစ်ပွဲနွှဲနေကြသည့် လူမျိုးနွယ်စုများ Warfalla tribe က နိုင်ငံ၏ သူပုန်များ ထိန်းချုပ်ထားသည့် အရှေ့ပိုင်းဒေသခံ ပြည်သူများဖြစ်ပြီး၊
 နိုင်ငံရေးအရ သြဇာကြီးမားကြသူများလည်း ဖြစ်သည်။ ဤစစ်နွှဲနေသည့် လူမျိုးစုအုပ်စုများက အတိုက်အခံများနှင့် ပူးပေါင်းခဲ့ကြသော်လည်း၊ အခြား လူမျိုးနွယ်စုများဖြစ်သည့် တူအာရက်၊ ဟာဆောနာနှင့် မီဆူရာတာ Tuareg, Hasawna and Misurata တို့က ကဒါဖီအုပ်ချုပ်ရေး တည်မြဲရေးအတွက် ပူးပေါင်းနေကြဆဲဖြစ်သည်။

လူမျိုးနွယ်စု ပဋိပက္ခများ၏ အန္တရာယ်ကြီးလှသည့်အခြေအနေတွင် ယခုတော့ ဂဒါဖီလုံခြုံရေး တပ်ဖွဲ့များနှင့် လက်တွဲ
 ဆောင်ရွက်နေကြသော၊ ဂဒါဖီ၏ လူနည်းစု အခွင့်ထူးခံများနှင့် နီးစပ်သော မာဂါရီဟာ Magariha လူမျိုးနွယ်စုများ အပေါ် အချို့က မေးခွန်းထုတ် မျှော်လင့်နေကြသည်။ ဂဒါဖီ အုပ်စုအတွင်း အာဏာသိမ်းမှုများ ဖြစ်လာလေမည်
 လောဟု စောကြောနေကြသည်။ ဒီမိုကရေစီအကြောင်း ပြောဆိုဆွေးနွေးနေမှုများ ရှိနိုင်သော်လည်း၊ အင်အားကြီးသည့် ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း၌ပင် ဝိသေသလက္ခဏာနှင့် ရပိုင်ခွင့် အခွင့်အရေးကိစ္စများကလည်း ကဏ္ဍကြီးကြီး နေရာယူထားနိုင်သေးသည်။ 

မြန်မာစစ်ဗိုလ်ချုပ်များ၏ အကြောက်တရား အပေါ်
မြန်မာနိုင်ငံတွင်လည်း အတိုက်အခံ အဖွဲ့ အစည်း အများအပြား ရှိနေကြသည်နှင့် အညီ၊ မတူ ကွဲပြားမှုများ ရှိနေသော်လည်း ညီညွတ်ရေးကို တည်ဆောက်ကြဖို့ အရေးကြီး နေသည်။ မြန်မာ့ တပ်မတော် အတွင်းရှိ အရာရှိ အုပ်စုများက ၎င်းတို့က အမျိုးသား လုံခြုံရေးကိစ္စဟု အမျိုးသား ညီညွတ်ရေး အပေါ် မည်မျှ အတိုင်းအတာ အထိ တန်းတူ မြင်ထားကြသည်
ကို သေချာရေရာ မသိရှိ
နိုင်သေးသလို၊ အတိုက်အခံ အင်အားစုများ ဘက်ကလည်း ဤအချက်ကို လျှော့ပေါ့ တွက်ဆ၍ ထားကြသည်။
ပဲ့တင်ပြန်
 နေသည့်အချက်မှာ ဗိုလ်မှူးကြီးကဒါဖီ ကာလကြာရှည် ထိန်းချုပ်ထားသည့် လစ်ဗျားနိုင်ငံတွင် ၎င်း၏ အစိုးရသာ မရှိပါက အချင်းချင်း ပြည်တွင်းစစ်ခင်းရမည့် အခြေအနေ ရှိနေပြီး၊ နိုင်ငံလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲရမည့်ကိန်း
 ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အတိုက်အခံအဖွဲ့အစည်း အများအပြား ရှိနေကြသည်နှင့်အညီ၊ မတူကွဲပြားမှုများ ရှိနေသော်လည်း ညီညွတ်ရေးကို တည်ဆောက်ကြဖို့ အရေးကြီးနေသည်။ မြန်မာ့တပ်မတော်အတွင်းရှိ အရာရှိအုပ်စုများက ၎င်းတို့က အမျိုးသားလုံခြုံရေးကိစ္စဟု အမျိုးသား ညီညွတ်ရေးအပေါ် မည်မျှအတိုင်းအတာအထိ တန်းတူမြင်ထားကြသည်ကို သေချာရေရာ မသိရှိနိုင်သေး
သလို၊ အတိုက်အခံ အင်အားစုများဘက်ကလည်း
ဤအချက်ကို လျှော့ပေါ့တွက်ဆ၍ ထားကြသည်။  

သို့သော်လည်း ဆီးရီးယားနိုင်ငံ၌မူ စစ်တပ်၊ နိုင်ငံရေးပါတီနှင့် ဝိသေသလက္ခဏာ ပြဋ္ဌာန်းချက် သုံးနားတြိဂံက ပို၍ နီးကပ်ဆက်နွယ် ရှိနေပြန်သည်။ သူ့ဖခင်၏ သမိုင်းအမွေကို ဆက်ခံထားရသူ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ်က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသား တိုးတက်ရေးတပ်ဦးပါတီ National Progressive Front Party မှတဆင့် မဲများ၏ ၉၇.၆ % ကို သိမ်းကျုံးရယူနိုင်ခဲ့ပြီး၊ ၎င်းတပ်ဦးပါတီက အယ်လာဝီလူမျိုးများ ကြီးစိုးထားသည့် အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ဆက်စပ်နေကြပြန်သည်။ သို့သော်လည်း အယ်လာဝီလူမျိုးများက ဆီးရီးယား
 နိုင်ငံရှိ လူဦးရေ၏ ၁၂ % (၂.၇ သန်းမျှသာ) ရှိနေသည်။  

အာဆဒ်အစိုးရအတွက် တိုက်ရိုက်ခြိမ်းခြောက်နေမှုမှာ အလားတူ လူမှုရေးပြဿနာများအပြင်၊ နိုင်ငံလူဦးရေ၏ ၅၆ % မျှ ရှိနေသော လူငယ်များအတွက် အခွင့်အလမ်းများ ကင်းမဲ့နေခြင်း ဖြစ်သည်။ သူတို့က တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးရန် တောင်းဆိုနေကြသည်။ သို့သော်လည်း ယနေ့ကာလတွင် အီဂျစ်နိုင်ငံနှင့် မတူညီသည့်အချက်မှာ အခွင့်အရေး ကင်းမဲ့နေကြသည့် သာမန်ပြည်သူ လူများစုကြီး၏ အမြင်တွင် စစ်တပ်နှင့် ပါတီ/ ခေါင်းဆောင်များ အကြား စည်းနှောင်ထားမှု ဝိသေသ လက္ခဏာက ခိုင်ခိုင်မြဲမြဲ ရှိနေသေးသည်။

ဆီးရီးယားအစိုးရကို လူနည်းစု တိုင်းရင်းသားအုပ်စုက ဦးဆောင်နေပြီး၊ ပြီးခဲ့သည့် ဆယ်စုနှစ်များတွင် အားပြိုင်
 နေကြသည့် တိုင်းရင်းသားလူမျိုး ဝိသေသလက္ခဏာများကို လျှော့ချရောထွေးစေရန် ရည်ရွယ် ကြိုးပမ်း
 ဆောင်ရွက်ခဲ့သည့်အချက်ကို အသိအမှတ်ပြုထားသည့် အချိန်၌၊ ယခုဆန္ဒပြပွဲများကို အာဆဒ် ခေါင်းဆောင်သည့် အစိုးရအတွင်းရှိ ခေါင်းမာဂိုဏ်းအုပ်စုများက ကိုင်တွယ်ကြပုံကိုလည်း ကောင်းစွာ နားလည်၍ ရနိုင်ပါသေးသည်။ မည်သို့ပင်ဆိုစေ လူဦးရေပျံ့နှံ့တည်ရှိမှု အနေအထားကို ကြည့်ပါက အာဆဒ်အစိုးရ၏ ရေရှည်တည်ရှိနေသည့် မခိုင်မြဲ အားပျော့ထိခိုက်လွယ်မှုကို မြင်သာနေပြီး၊ နောက်ဆုံး ကျဆုံးရမည့်အရေးကိုလည်း မြင်နေရသည်။ 

သို့ဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေ ကရော မည်သို့ရှိပါမည်နည်း။ မကြာသေးခင် လများအထိ မြန်မာနိုင်ငံတွင် လည်း လစ်ဗျားနိုင်ငံကဲ့သို့ပင် နိုင်ငံရေးပါတီများ ကင်းမဲ့နေသည့် နိုင်ငံဖြစ်သည်။ ၁၉၉၂ ခုနှစ်မှ ယခုကာလတိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြိုင်ဘက်မရှိ အာဏာကို ချုပ်ကိုင်ထားခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းနှင့် စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် အစိုးရပေါ်ပေါက်လာခြင်းတော့ ထူးခြားသည့် တိုးတက်မှုအဖြစ် ရှိနေသည်။ ၎င်းပါတီက ရွေးကောက်ပွဲတွင် အမတ်နေရာ ၇၆ % ကျော် အနိုင်ရရှိထားခဲ့သည်ဟု ကြွေးကြော်နေသည်။ ၎င်းအပြင် စစ်တပ်ကလည်း အမတ်နေရာ ၂၅ % ကို အလိုအလျောက် ရယူပိုင်ခွင့် ရှိထားသေးသည်။
unrest-2ထို့အပြင် ယခုတိုင် တပ်မတော်က ဗမာလူမျိုးတို့၏ ဝိသေသလက္ခဏာကို စွဲစွဲမြဲမြဲ ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုများက နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့် ရှိနေကြသည်။  လွတ်လပ်ရေး ရပြီးချိန်မှစ၍ မိမိတို့ကိုယ် မိမိတို့ တိုင်းရင်းသား လူမျိုးစုများဟု ဖော်ပြထားသည့် သူပုန်အုပ်စုများက ဗဟိုအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်၍ အခွင့်အရေး တောင်းဆိုနေခဲ့ကြပြီး၊ ခေတ်သစ် မြန်မာနိုင်ငံအတွင်းသို့ ၎င်းအုပ်စုများကို
 သေချာစွာ သိမ်းသွင်းပူးပေါင်း စေနိုင်ခဲ့ခြင်း မရှိသေးပါ။ သမိုင်းအရ သူတို့ဆက်ခံနေထိုင်ကြသည့် နယ်မြေများကို ပိုင်ဆိုင်အုပ်ချုပ်ခွင့်ကိုလည်း တောင်းဆိုနေကြပါသည်။

တရားကိုယ်သဘောအရ ပါလာသည့် ကွဲပြားခြားနားမှုများ

ဤသို့ တွေ့ရှိသည့် အချက်အလက်များကြောင့် များမကြာခင် လများတွင် မြန်မာနိုင်ငံ၌ မလွဲမရှောင်သာ အပြောင်းအလဲများ အတွက် လူထုအုံကြွမှုများ ဖြစ်ပေါ်လာမည်ဟု ဆန္ဒမစောသင့်သေးပါ။ မြန်မာလူထုများက သူတို့ဖိနပ်များကို အစိုးရအရာရှိများထံ ပစ်လွှတ်ရန် ချိန်ရွယ်ပြင်ဆင်နေကြသလို၊ မြန်မာနိုင်ငံနှင့် အခြား အာရပ် နိုင်ငံများ ဖြစ်ရပ်တခုချင်းစီကို နှိုင်းယှဉ်ကြည့်ပါကလည်း စစ်တပ်၊ ပါတီနှင့် အခြား ဝိသေသလက္ခဏာများတွင် တူညီချက်အချို့ ရှိနေသည်ကို တွေ့ကြရမည်ဖြစ်သည်။ သို့သော်လည်း အရေးပါသည့် ကဏ္ဍ ၃ ခုနှင့် ကျန်ဆက်ဆံရေး ကိစ္စများ နှိုင်းယှဉ်ကြည့်ပါက အာရပ်ကမ္ဘာမှ နွေဦးကို မြန်မာပြည် နွေဥတုအဖြစ် ပြောင်းလဲပစ်နိုင်မည်၊ မနိုင်မည် ဆိုသည်မှာ အကြီးအကျယ် သံသယဖြစ်စရာ ရှိနေပါသေးသည်။  

မြန်မာနိုင်ငံနှင့် အာရပ်နွေဦး ကြုံခဲ့သည့် နိုင်ငံများအကြား အဓိကကျသည့် ကွာခြားချက်မှာ ဘာသာကိုးကွယ် ယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် သမိုင်းပင် ဖြစ်သည်။ ၎င်းအချက် ၃-ခုက မြန်မာနှင့် အရပ်ကမ္ဘာအကြား အကြီးအကျယ်
 ခြားနားနေကြပြီး၊ အာရပ်နိုင်ငံများ အချင်းချင်းယှဉ်ကြည့်ပါကမူ တသားတည်းနီးပါး တူညီသည်ကို တွေ့ကြရမည်
 ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာများက လူထုဆန္ဒပြပွဲများ အရှေ့မှ ဦး ဆောင်ခဲ့ကြသည်ကို တွေ့ခဲ့ရသည်။ သံဃာဟူသည့် ဘာသာရေးအဖွဲ့အစည်းတရပ်က အစိုးရက ဗုဒ္ဓဘာသာ အပေါ် ဖွင့်ဆို ထားသည့် အခန်းကဏ္ဍရှိ ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းဆိုသည်ကို ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသည်ကို မြင်ရပါလိမ့် မည်။ မြန်မာနိုင်ငံရှိ ၉ဝ% သော လူထုများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံရှိ သံဃာများ မှာ အာဏာပိုင်များ၏ တစိုက်မတ်မတ် စောင့်ကြည့်မှုအောက်တွင်
 နေထိုင်နေကြရဆဲ ဖြစ်ပြီး၊ နိုင်ငံ၏ လူမှုရေး-နိုင်ငံရေး နယ်ပယ်များတွင် နောက်ထပ်စိန်ခေါ် ရင်ဆိုင်မှုများ မဖြစ်ပေါ်လာအောင်လည်း တားဆီးပိတ်ဆို့ထားကြသည်။ 

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်နှင့်အညီ၊ အာရပ်ကမ္ဘာ နိုင်ငံများတွင်လည်း အစ္စလာမ်မစ် ပြဋ္ဌာန်းချက်များက သူတို့ လူထုများ၏ ဘဝများကို ယဉ်ကျေးမှု၊ နိုင်ငံရေး ဇာပန်းများအဖြစ် ထင်ရှားစွာ ယက်ဖောက် ဆက်စပ်နေကြသည်။ ဘာသာရေး ကိစ္စများက နိုင်ငံတော်များ၏ အခြားစိုးမိုးနေသည့် ကိန်းရှင်များနှင့် ဆက်နွယ်နေကြရာ၊ မတူကွဲပြားသည့် လူထုများ၌ လှုပ်ရှားမှုများနှင့် အမူအကျင့်များလည်း မတူကွဲပြားစွာ ပေါ်ထွက်လာဖွယ် ရှိပါသည်။

ထို့အပြင် အာရပ်နိုင်ငံများ နွေဦး၌ တွေ့ရသည်မှာ အစိုးရနှင့် စစ်တပ်များအကြား၌ သေချာတည်ရှိနေသည့်၊ တခါတရံ မသဲမကွဲ ဝေဝါးတည်ရှိနေသည့်၊ ဆက်စပ်ပြီး နယ်ပယ်တခုအပေါ် တခုထပ်နေသေးသည့် ဆက်ဆံရေးမျိုးကိုလည်း
 တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ဤသို့ အရပ်ဖက် အစိုးရ-စစ်တပ် ဆက်ဆံရေး အခြေအနေမျိုးက ပေါ်ပေါက် အခြေတည်စ အခြေအနေသာ ရှိသေးသည်။ အကယ်၍ လမ်းမှန်အတိုင်း ဖြစ်ပေါ်လာပါက ဤသို့ဆက်ဆံရေးကိစ္စမှာ ပို၍ လှုပ်ရှားနိုင်ဖွယ် အခြေအနေကိုလည်း ပေါ်ပေါက်စေမည် ဖြစ်သလို၊ အကျပ်အတည်း ကာလအတွင်း၌ပင် စစ်တပ်၏ အပြိုင်အဆိုင် သဘောထားများကို လှုပ်ရှားခွင့်ပြုမည့် အနေအထားလည်း ပေါ်ပေါက်လာစေမည်ဖြစ်သည်။

ဒစ်ဂျစ်တယ် တော်လှန်ရေး

အာရပ်နွေဦးကို ကြုံခဲ့ကြသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား တူညီမှုများနှင့် မတူကွဲပြားမှုများကို ထည့်သွင်း စဉ်းစားမည် ဆိုလျှင်၊ အရေးပါသည့် အစိတ်အပိုင်းဖြစ်သည့် အတိုက်အခံ အင်အားစု၏ မဟာဗျူဟာကို အကျဉ်းသဘော ထည့်သွင်း တွက်ချက်ခြင်း မရှိပါက ပြည့်စုံနိုင်လိမ့်မည် မဟုတ်ပေ။ ထည့်သွင်းစဉ်းစားရမည့် အချက်မှာ လူထုအများအကြား ဆက်သွယ်ရေးစနစ်ပင် ဖြစ်သည်။ ကိုင်ရိုတွင် မွေးစကလေးကပင် ဖေ့စ်ဘုတ် Facebook နှင့် မျက်နှာသစ် ဘဝတွင်း ချင်းနင်းဝင်ရောက်လာနေသည့် အချိန်တွင် အစိုးရကို ဖြုတ်ချပေးသည့် အဓိကအခန်းကဏ္ဍ၌ အင်တာနက်နှင့် တယ်လီဖုန်း၊ လူမှုရေး ကွန်ရက်များ ဆက်စပ်ပတ်သက်နေကြမည်မှာ သံသယရှိစရာ မလိုပေ။ အောက်ဖော်ပြပါ ကိန်းဂဏန်းများသည် မြန်မာနိုင်ငံရှိ လူဦးရေနှင့် အာရပ်နွေဦး ကြုံခဲ့ရသည့် နိုင်ငံ ၅ ခု အကြား အကျဉ်းရုံး နှိုင်းယှဉ်ဖော်ပြထားခြင်း ဖြစ်ပါသည်။ 

အင်တာနက် အသုံးပြုသည့် နိုင်ငံများ အီဂျစ် လစ်ဗျား ဆီးရီးယား တူနီးရှား ယီမင် မြန်မာ
အင်တာနက် အသုံးပြုသူများ ၂၅% ၅.၅% ၂ဝ% ၃၃% ၁ဝ% ၂%
အင်တာနက် ပင်မဌာန (Internet hosts) ၁၈၇,ဝဝဝ ၁၂,ဝဝဝ ၈,ဝဝဝ ၅ဝဝ ၂၅ဝ ၁၇ဝ
မိုဘိုင်းဖုံး အသုံးပြုသူ ၆၇% ၇၅% ၄၃% ၉၂% ၃၄% ၉.၅%
ပင်ရင်း။ CIA Factbook.

ရာခိုင်နှုန်းများသည် စုစုပေါင်းလူဦးရေအပေါ် အခြေခံတွက်ချက်ထားသည့် ရာခိုင်နှုန်းများဖြစ်ပြီး၊ အကြမ်းဖျဉ်း ခန့်မှန်းချက်များ ဖြစ်ပါသည်။

မည်သည့်နည်းနာဖြင့် ယှဉ်ယှဉ်၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အခြေခံအဆောက်အအုံက အာရပ်နွေဦး ကြုံခဲ့သည့်
 နိုင်ငံအများထက် နောက်ကျကျန်ရစ်နေသည်ကို မြင်သာသည်။ ဤအချက်ကြောင့် မြန်မာလူထုအနေဖြင့် မြောက်ပိုင်း အာဖရိက နိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသရှိ ပြည်သူများထက် ပို၍ တင်းကျပ်သည့် လူမှုရေးဝန်းကျင် ကြုံတွေ့နေရသည်ကိုလည်း ထောက်ပြနေသကဲ့သို့ ရှိသည်။

တူနီးရှားနိုင်ငံတွင် (သည် အီကော်နောမစ် The Economist
ခွဲထွက်ရေးဝါဒနှင့် ညီညွတ်ရေး၊ လူနည်းစု
 နှင့်
လူများစု၊ အစွန်အဖျားနှင့် ပင်မရေစီး၊
တစိတ်တပိုင်းနှင့် တစုံလုံးဆိုင်ရာ ကိစ္စ ..
စသဖြင့် အာရပ်ကမ္ဘာ လူမှုအဖွဲ့အစည်းနှင့်
 နိုင်ငံရေး မျက်နှာပြင်၏ အောက်ခြေတွင် ယခုဆန့်ကျင်ဖက်တရားများက ရှိနေဆဲ
 ဖြစ်သည်။ ပက်ထရစ် ဆီးလ် (Patrick Seale)
မဂ္ဂဇင်း၏ တွက်ချက်မှုပုံစံ မိုဒယ်တွင် ထည့်သွင်း
ဖော်ပြထားခြင်း မရှိသည့်) အပြန်အလှန်ဆက်သွယ်မှု အဆင့်မြင့်မားနေသောကြောင့်၊ တူနီးရှား ပြည်သူများအဖို့ သပိတ်အောင်ပွဲခံရန် အလျင်နှင့် အလားအလာကောင်း ရှိသည်ကို ဖော်ပြနေသည်။ အခြား ဆက်စပ်နေသည့် အချက်အလက်များ သိမ်းကျုံး အနေအထားမှာမူ ဆီးရီးယားနှင့် ယီမင်က နိမ့်နေရာ၊ အတိုက်အခံများ
 နောက်ဆုံး အောင်ပွဲခံရန် ခက်ခဲနေသည့် အနေအထားကိုလည်း ပြညွှန်းနေသည်။

လူသားချင်း စာနာမှု စစ်ပွဲ

မကြာသေးမီက လစ်ဗျားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ကြည့်လျှင် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကို ထည့်သွင်း၍ တွက်ချက်ရမည်ပင် ဖြစ်သည်။ ၎င်းကဲ့သို့ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်အတွက် ဥပဒေကျိုးကြောင်းများက
 ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာနေသော်လည်း၊ မိမိတို့ မျှော်လင့်ထားသည့်နှင့် ဆန့်ကျင်ကွဲလွဲစွာပင် စစ်အေးတိုက်ပွဲ ပြီးသည့်နောက်ပိုင်း၊ စတင်ခဲ့သည့် လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် လူသားချင်းစာနာမှုအရ ဝင်ရောက်တိုက်ခိုက်သည့် စစ်ပွဲများက မှန်းချက်နှင့် နှမ်းထွက်မကိုက်၊ အနှုတ်ရလဒ်ကိုချည်း ဖော်ပြနေခဲ့သည်။ 

၁၉၉ဝ ခုနှစ်များတွင် အောင်မြင်သည့် ဝင်ရောက်စွက်ဖက်မှုများဟူ၍ လက်ချိုးရေတွက် ရလောက်အောင် ရှိပြီး၊
 ဘော့ဇနီးယား၊ ကိုဆိုဗိုတွင် နေတိုးတပ်ဖွဲ့များ၏ စွက်ဖက်မှု၊ အရှေ့တီမောတွင် သြစတြေးလျနိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှု၊ ဟေတီတွင် အမေရိကန်၏ စွက်ဖက်မှု၊ ဆီရာလီယွန်းတွင် ဗြိတိန်နိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုများမျှသာ
 ပြောစရာ ရှိသည်။ ဤသို့ ဝင်ရောက် စွက်ဖက်မှုတိုင်းတွင် အရေးကြီးသည့် အချက်မှာ ဒေသခံ အရေးပါသည့် အင်အားစုများ ပါဝင်စေရေးဖြစ်ပြီး၊ ယခုတိုင် လစ်ဗျားအရေးတွင်လည်း အကြုံးဝင်နေသေးသည်။

ဒေသဆိုင်ရာ သြဇာရှိသည့် အင်အားစုများ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်စေသည့်တိုင်၊ ဘင်ဂါဇီ သူပုန်တို့၏ ခံတပ်ကို လွတ်မြောက်စေပြီးသည့်တိုင်၊ ဂဒါဖီ၏ ဆိုးသွမ်းကြမ်းတမ်းသည့် စစ်တပ်များလက်ဝယ် သွေးချောင်းစီးရမည့် အနေအထားကိုသာ အသွင်ပြောင်း ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်ဟု အချို့သော အင်အားစုများက ဆန့်ကျင်တုံ့ပြန်မှုများ
 တွေ့နေရဆဲ ဖြစ်သည်။ အလားတူပင် ဘင်ဂါဇီကို နောက်ထပ် ဆာဗရီနီကာ Srebrenica အဖြစ် အဖြစ်ခံ၍ မဖြစ်သေးပေ။ အကယ်၍ ဤနေရာတွင် သင်ခန်းစာထုတ်ယူရန် ကိစ္စတခု ရှိသည်ဆိုပါက၊ ၎င်းမှာ ထင်သာ
 မြင်သာသည့် နေရာတခုတွင် နယ်မြေတခုကို စိုးမိုးရယူထားရေးပင် ဖြစ်ပါလိမ့်မည်။

နောက်ဆုံးအနေဖြင့် လစ်ဗျားနိုင်ငံ၏ အချိန်ဇယားက နေတိုးတပ်ဖွဲ့များ မျှော်မှန်းထားသည်ထက် မည်မျှပင်
 နောက်ကျ၍ နေသည်ဆိုစေ၊ အောက်ခြေ မြေပြင်အနေအထားက မူလက နားလည်သိရှိထားကြသည်ထက် ပို၍ ရှုပ်ထွေးပွေလီပါသည်။ မူလ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ချထားသည့် ဘောင်ထက် ကျော်လွန်၍ အစိုးရဖြုတ်ချရေးအထိ ဦးတည်နေကြသည်လည်း ဖြစ်ပေါ်၍နေသည်။ သို့အတွက်ကြောင့် ကုလသမဂ္ဂ စနစ်ဘောင်အတွင်းမှ နောက်ထပ် ဝင်ရောက်စွက်ဖက်ရေး စစ်ပွဲတခု ပြုဖို့ဆိုလျှင် (နိုင်ငံများအဖို့) စိတ်အားထက်သန်မှုများ တွေ့ရှိရဖို့ ခက်ခဲပါသည်။ ခပ်ကင်းကင်းနေလိုကြသည့် အနေအထားသာ များလိမ့်မည် ဖြစ်ပါသည်။

ယခုအချိန်တွင် အမေရိကန် ပြည်ထောင်စုက စစ်ပွဲ ၂ ခုတွင် ပါဝင်ပတ်သက်နေရသည်။ တတိယစစ်ပွဲတခုနှင့်
 နောက်ထပ် စစ်ပွဲကုန်ကျစရိတ်များ ကျခံရန်ဆိုသည်မှာ ပြည်တွင်းတွင်ရော၊ ပြည်ပတွင်ပါ နိုင်ငံရေးအရ မဖြစ်နိုင်သည့်အခြေအနေတွင် ရှိနေသည်။ တကိုယ်တော်ကြဲရန် ဆိုသည်မှာလည်း မဖြစ်နိုင်သလောက် ရှိသည်။ အကြမ်းဖက်သမား အိုစမာ ဘင်လာဒင်ကို ဝင်ရောက်စီးနင်း လုပ်ကြံသည့်ကိစ္စကတော့ ကုန်ကျစရိတ်နှင့် ထိရောက်ကာမိသည်ဟု ဆိုနိုင်ပြီး၊ အမေရိကန်၏ လုံခြုံရေးအတွက်နှင့် နိုင်ငံရေးအတွက်လည်း အရေးပါသည့်ကိစ္စ
 ဖြစ်နေသည်။ မြန်မာပြည်အရေးမှာမူ ဤသို့စဉ်းစားဖွယ် အကြောင်း မရှိလှပါ။

တူနီးရှားမှသည် နေပြည်တော်သို့

သို့ဆိုလျှင် အာရပ်ကမ္ဘာမှ လူထုမကျေနပ်မှု
ခေတ်သစ် နိုင်ငံတော် စတင်ပေါ်ပေါက်
လာချိန်၊ လွတ်လပ်ရေး ရပြီးချိန် ကတည်းမှ
 နေ၍ အပြောင်း အလဲ လေပြေညင်းက တိုက်ခတ်
နေခဲ့သည်။ အာရပ်နိုင်ငံများနှင့် အတူ ဤလေပြေက ပြင်းထန် အားကောင်း လာသည့် အချိန် ရှိသလို၊ နိုင်ငံအစိုးရ၏ အကျင့်ပျက်
 ခြစားမှု၊ နိုင်ငံတော်က ကျူးလွန်နေသည့် ရာဇဝတ်သားဆန်ဆန် အမှုများကြောင့် အဖိနှိပ်ခံနေရသည့် လူထု၏ မကျေနပ်မှုများနှင့်
 ဒေါသများ လည်း ရှိနေကြသည်။
မီးပွားများက
 ဝေးကွာလှမ်းသည့် မြန်မာနိုင်ငံသို့ ကူးစက်လာရန် မဖြစ်နိုင်ပြီလော။ ဘယ်လိုမှ ဖြစ်ဖွယ်မရှိဟု ငြင်းချက်ထုတ်၍ မရနိုင်ပါ။ ဒေတာ အချက်အလက်များအပေါ် လေ့လာ သုံးသပ်ချက် အရ လူထုအုံကြွမှုများနှင့် ရှောင်ရှားဘေးကင်းစွာ
 နေနိုင်ဖွယ် မမြင်မိပါ။ ခေတ်သစ်နိုင်ငံတော် စတင်ပေါ်ပေါက် လာချိန်၊ လွတ်လပ်ရေးရပြီးချိန် ကတည်းမှနေ၍ အပြောင်းအလဲ လေပြေညင်းက တိုက်ခတ်နေခဲ့သည်။

အာရပ်နိုင်ငံများနှင့်အတူ ဤလေပြေက ပြင်းထန်အားကောင်း လာသည့် အချိန် ရှိသလို၊ နိုင်ငံအစိုးရ၏ အကျင့်ပျက် ခြစားမှု၊
 နိုင်ငံတော်က ကျူးလွန်နေသည့် ရာဇဝတ်သား ဆန်ဆန် အမှုများကြောင့် အဖိနှိပ်ခံနေရသည့် လူထု၏ မကျေနပ်မှုများနှင့် ဒေါသများလည်း ရှိနေကြသည်။

သို့သော်လည်း မြန်မာ့နိုင်ငံရေး နယ်ပယ်တွင်မူ ရေတိုအနာဂတ်ကာလ၌ သိသာထင်ရှားသည့် အပြောင်းအလဲများ
 ဖြစ်ပေါ်ရန် တားဆီးနေသည့် ကြီးလေးသော အရာကိစ္စများလည်း ရှိနေသေးသည်။ စစ်တပ်က တလျှောက်လုံး အမျိုးသားလုံခြုံရေး အကျပ်အတည်းတွင် အဓိကနေရာယူထားပြီး၊ ၎င်းတို့၏ စိုးရိမ်သံသယစိတ်က ကဲနေဆဲ ဖြစ်သည်။

ထို့အပြင် စစ်တပ်နှင့် အစိုးရအကြား နီးကပ်စွာ ဆက်စပ်တည်ရှိနေပြန်သည်။ ထို့အပြင် မြန်မာနိုင်ငံက လူမျိုးရေး ဝိသေသ အစွဲကြီးလွန်းသည့် နိုင်ငံတခုလည်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံက အပြန်အလှန် ဆက်သွယ်မှု
 မြှင့်တင်နိုင်ရန် အတွက်ဆိုလျှင် အခြေခံ အဆောက်အဦ လုပ်ငန်းများတွင် နှောင့်နှေးနောက်ကျကျန်နေဆဲ ဖြစ်သည်။ ဤအချက်များ အားလုံးနှင့် မြန်မာနိုင်ငံ၏ ထူးခြားသီးသန့်ဖြစ်သော သမိုင်းရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု နောက်ခံ အကြောင်းများနှင့်လည်း ဆက်စပ်နေပြန်သည်။ [သည် အီကော နောမစ် The Economist မဂ္ဂဇင်းက တွက်ချက်တိုင်းတာခဲ့သည့် အာရပ်ကမ္ဘာအတွက် ချည်းကပ်တိုင်းတာမှုများတွင် ဤအချက်များကိုတော့ လျစ်လျူရှုထားသည်ကို တွေ့ရသည်။]

နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံတွင် သူပုန်ထမှုများ ဆက်လက် ဖြစ်ပေါ်နေသေးသည်၊ မြန်မာနိုင်ငံ၌ အပြောင်းအလဲများ မလွဲမသေ ဖြစ်ပေါ်လာရ ခြိမ့်မည်ကို အသိအမှတ် ပြုထားသည်နှင့် တချိန်တည်းတွင် အာရပ်ကမ္ဘာရှိ သဲကန္တရာများတွင် ရှာဖွေမတွေ့ရှိခဲ့ရသေးသည့် လမ်းပြမြေပုံမျိုး မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိနိုင်မည်လော... စောကြောနေမိပါသေးသည်။
 
(Joseph Ball  ရေးသားသည့် Winds of change targeting Burma? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)

ပညတ်သွားရာဓါတ်သက်ပါ

ပညတ်သွားရာဓါတ်သက်ပါ

by Kyaw Thu on Wednesday, June 29, 2011 at 7:09pm
ပညတ်သွားရာဓါတ်သက်ပါ

          နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို (အခမဲ့) ကူညီပေးခြင်း၊ သုခကုသိုလ် ဖြစ်ဆေးခန်းမှ ဆေးဝါး (အခမဲ့) ကုသပေးမှုများ၊ ပညာဒါနသင်တန်းများ ရှိသည်နှင့်အညီနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကြသူများမှာနာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စတို့နှင့် တနည်းမဟုတ်တနည်းပတ်သက်နေကြသူများ ဖြစ်သည်။ ထိုနည်းတူစွာယင်းကဲ့သို့ ကူညီဖေးမမှုများအတွက် လာရောက်၍ အလှူငွေပေးအပ်ကြသူများ၊ ဆေးဝါးကုမှုအထောက်အကူပြုပစ္စည်းလာရောက်လှူဒါန်းသူများ၊ လူမှုရေးလုပ်အားပေး အသင်းဝင်လိုသူများနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)ရုံးချုပ် အဆောက်အဦးပြင်ပခြံဝန်းတွင် စိမ်းလန်းစိုပြေလှပရေးအတွက် လာရောက်၍ ကုသိုလ်ြဖစ် သစ်ပင်ပန်းပင်၊ စားပင်၊ မြက်ခင်းပြင်တို့ကို ပြုပြင်ထိန်းသိမ်းပေးသောအလှူရှင်များပါ မနည်းလှချေ။

          ယနေ့ ၂၈.၆.၂၀၁၁ (အင်္ဂါ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မရမ်းကုန်း၊ ရှစ်မိုင်နေ၊ မဇွန်အိဖြူနှင့် မဇင်ဖြိုးအေးချို သူငယ်ချင်းနှစ်ယောက်တို့ ရောက်လာခဲ့သည်။ မဇွန်အိဖြူ ရောက်လာ ခြင်းအကြောင်းမှာသူမ၏ ကိုယ်တိုင်ရေးဆွဲထားသောပန်းချီကားများလာရောက်လှူဒါန်းခြင်းပင် ဖြစ်သည်။

သူမလာရောက်လှူဒါန်းရသောရည်ရွယ်ချက်မှာနာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် ပန်းချီဝါသနာရှင်တစ်ဦး ဖြစ်နေခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နှစ်စဉ်နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက်များတွင် မျိုးဆက်သစ်ကလေးသူငယ်များအတွက် ပန်းချီသင်တန်းများရှိနေခြင်းတို့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်အကူအညီတောင်းကြသူများ၊ လာရောက်လေ့လာသူများ၊ လာရောက်၍ ပညာရေးသင်ကြားကြသူများ၊ ပန်းချီသင်တန်းအားတက်ရောက်ကြသည့် ပန်းချီဝါသနာရှင် မျိုးဆက်သစ်ကလေးငယ်များ၏ ကိုယ်စိတ်နှလုံး ကြည်လင် အေးမြကြစေရန် ရည်ရွယ်၍ လာရောက်လှူဒါန်းခြင်းပင် ဖြစ်သည်။ထိုသို့ လှူဒါန်းမှုသည် နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအတွင်းတွင် ကြည်လင်အေးမြသာယာမှုကိုဖန်တီးပေးလိုက် သောအလှူဒါနပင်ဖြစ်သည်။

          ထို့ကြောင့် ငြိမ်းချမ်းရေးရှိရာသို့ ငြိမ်းချမ်းရေးလိုလားသူများရောက်လာခြင်း၊ ဆေးပညာရှင်များ ရှိရာသို့ ကျန်းမာရေးချို့တဲ့သူများရောက်လာခြင်း၊ လူမှုရေးသမားများရှိရာသို့ လူမှုရေးလုပ်လိုသူများရောက်လာခြင်း၊ ပန်းချီဝါသနာရှင်များရှိရာသို့ ပန်းချီပညာရှင်များရောက်လာခြင်းတို့သည် ပညတ်သွားရာဓါတ်သက်ပါခြင်းပင် ဖြစ်တော့သည်။
















Monday, June 27, 2011

မအ အောင်လို့

မအ အောင်လို့ . . .

by Cho Tu Zal on Sunday, June 26, 2011 at 2:44am
စ ကတည်းက အမြတ်အဓိက လို့ ကြွေးကြော်ပြီး ဒီနေ့အထိ အဲဒီ အရင်းရှင်စနစ် သက်ဆိုးရှည်လာစေတဲ့ အဓိက အချက်က တဦးချင်းလွတ်လပ်ပိုင်ခွင့်ကို ကာကွယ်ပေးတဲ့ အခြေခံလူ့အခွင့်အရေးတွေကြောင့်ပဲလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဒါပေမယ့် အဒမ်စမစ်ရဲ့ အမြတ်ပဓာန အရင်းရှင်စနစ်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာပဲ ကိုလိုနီစနစ်နဲ့အတူ ကမ္ဘာပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းသွားခဲ့တယ် လို့ ပြတ်ပြတ်သားသား မြင်ပါတယ်။
၂၀ ရာစုမှာ လက်ဝဲ လက်ယာ အားပြိုင်မှုနဲ့ ဘာလင်တံတိုင်းပြိုပြီး လက်ဝဲအလုံးစုံကျဆုံးမှုဟာ သိသာထင်သာမြင်သာပေမယ့် တကယ့်တကယ်တန်း ပြန်ကြည့်လိုက်ရင် အဒမ်စမစ်ရဲ့အမြတ်ပဓာနအရင်းရှင်စနစ်က ဒုတိယကမ္ဘာစစ်ပြီးကတည်းက ချုပ်ငြိမ်းခဲ့ပြီးသားပါ။ လက်ယာအုပ်စုတွေဟာ အဆုံးစွန်ကိုလိုနီထိရောက်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေကို မဖြစ်မနေလုပ်ခဲ့ကြပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်လို့မဖြစ်အောင်လည်း သူတို့ကို ကွန်မြူနစ်လက်ဝဲ၀ါဒက တွန်းအားပေးခဲ့တယ်။ ကွန်မြူနစ်တွေဟာ ရုရှားမှာ မဟာအောက်တိုဘာတော်လှန်ရေးနဲ့အတူ အောင်ပွဲခံခဲ့၊ ဇာဘုရင်ရဲ့အဖြစ်ဆိုးကို သူတို့ သင်ခန်းစာရခဲ့တယ်။ ဒါကြောင့် အမေရိကနဲ့ဗြိတိန်တို့ဟာ ပါလီမာန်တွင်းပြုပြင်ပြောင်းလဲမှုတွေ၊ အလုပ်သမားအခွင့်အရေးပြုပြင်မှုတွေ ကို လုပ်ပြီး ကွန်မြူနစ်ခြေကုပ်မယူနိုင်အောင် ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့တယ်။ အမေရိကမှာတော့ အထက်လွှတ်တော်အမတ် ဂျိုးဇက်မက္ကာသီ က စီအိုင်အေ နဲ့ပေါင်းပြီး ဥပဒေမဲ့ကို ကိုင်တွယ် ရှင်းလင်းခဲ့တယ်။ အမေရိကန်တွေကြောက်လန့်စရာကောင်းလောက်အောင် ကမ္ဘာတခြမ်းက နေ့ချင်းညချင်း လက်ဝဲ စနစ်ကို ထူထောင်ခဲ့ကြတယ်။ ကွန်မြူနစ်တစ္ဆေအခြောက်ခံနေတဲ့ အမေရိကန်တွေဟာ အရှေ့တောင်အာရှ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယားကျွန်းဆွယ်တွေမှာ အမှားတွေ လူမဆန်တဲ့ လုပ်ရပ်တွေအများကြီးလုပ်ခဲ့တယ်။
တချိန်တည်း ကွန်မြူနစ်တွေကလည်း တော်လှန်ရေးကြီးအောင်မြင်ဖို့ ဆိုပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အဓမ္မမှုတွေ လုပ်ခဲ့တယ်။
သမိုင်းစာမျက်နှာတွေကို ဖြတ်သန်းဖတ်ကြည့်တဲ့အခါ ကမ္ဘာဟာ အရမ်းကိုအထိ နာခဲ့တာပါ။ ဘယ်သူတွေနာခဲ့တာလဲ ဆိုတော့ ပြည်သူတွေပါ။
ဂျိုးဇက်မက္ကာသီ ကြောင့် ယိုင်နဲ့ခဲ့ရတဲ့ ဒီမိုကရေစီကို အချိန်မီပြုပြင်ပြီး လူ့အခွင့်အရေးတွေနဲ့ အချိန်မီဆေးကုအဖတ်ဆည်ခဲ့နိုင်လို့ပေါ့။ နို့မို့ဆို အဖြေက တမျိုးတောင်ဖြစ်သွားနိုင်တယ်လို့ကျနော်သုံးသပ်မိတယ်။
အမေရိကရဲ့ကောင်းမွန်တဲ့ အတုယူစရာစနစ်က အဲဒါပါပဲ။ ပြုပြင်ပြောင်းလဲမှု ရှိတာပါ။ ပြုပြင်ပြောင်းလဲမှု ဆိုတာရှိမှ ယဉ်ကျေးမှု လို့ခေါ်တယ် ဆိုသလိုပဲ၊ အမေရိကန်တွေရဲ့ အရင်းရှင်စနစ်ဟာ အဒမ်စမစ်ရဲ့ အမြတ်အဓိက ကိုလိုနီစနစ်ကနေ ပြန်လည်ပြင်ဆင်ရေးတွေနဲ့ ဈေးကွက်စီးပွားရေးဆီထိပြောင်းလဲရွေ့လျားလာပါတယ်။
ဒီနေ့အမေရိကန်ပြည်ထောင်စုထဲမှာ ကော်ပိုးရေးရှင်းတွေ၊ ကုမ္ပဏီတွေကို မလှုပ်နိုင်မယှက်နိုင်အောင် ဥပဒေတွေအမျိုးမျိုးနဲ့ ကန့်သတ်ထားတာ တကယ့်ကို ဆိုရှယ်လစ်ဆန်ဆန်ဖြစ်ဖြစ်နေပါပြီ။ လက်ရှိ ကမ္ဘာမှာ အလုပ်သမားအခွင့်အရေးအများဆုံးရထားတာလည်း အမေရိကပါ။
အဲဒီတော့ ပစ္စည်းမဲ့လူတန်းစားတွေအတွက် ပစ္စည်းမဲ့အာဏာကိုထူထောင်မယ်၊ အလုပ်သမားနိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ လက်ဝဲနိုင်ငံတွေမှာ ပါတီကို ပြန်မပြောရဲ၊ သမဂ္ဂဆိုတာ လွတ်လပ်စွာဖွဲ့ခွင့်မရှိနဲ့ နှိုင်းယှဉ်လိုက်တော့
လက်ဝဲတွေ ဘာကြောင့်ကျဆုံးပြီး၊ လက်က်ျာတွ ဘာကြောင့် ကျန်ခဲ့တယ် ဆိုတာ မြင်သာပါပြီ။
ဈေးကွက်စီးပွားရေးစနစ်ဆိုတာ အရင်းရှင်စီးပွားရေးစနစ်နဲ့ မတူပါဘူး။ အနှစ်သာရမှာ အရမ်းကို ကွဲပြားပါတယ်။ အမည်နာမ အခေါ်အဝေါ်မှာတင် သိသိသာသာ ကွဲပြားပါတယ်။ အရင်းရှင်စီးပွားရေးစနစ်မှာ အရင်းရှင်လူတန်းစားကို ဗဟိုပြုဖွဲ့စည်းထားတာဖြစ်ပါတယ်။ အရင်းရှင်စနစ်မတိုင်မီက မြေရှင်စနစ်၊ အဲဒီမတိုင်မီက ပဒေသရာဇ်စနစ်၊ သမိုင်းကို နောက်ပြန်သွားကြည့်ရင် ဘယ်လိုတွေ တိုးတက်ပြောင်းလဲလာတယ်ဆိုတာကို အထင်အရှားတွေ့ရလိမ့်မယ်။ အဲဒီလို တိုးတက်ပြောင်းလဲမှုတွေဟာ အလကားအချည်းနှီးပြောင်းလာတာတော့မဟုတ်ပါဘူး။ကျနော်တို့ လူသားတွေဟာ သမိုင်းဦးဘုံမြေခေတ်မှာ အတူတကွ စုပေါင်းနေထိုင်ရင်း လူမျိုးစုတွေ ဖြစ်ခဲ့တယ်။ သားရဲတိရစ္ဆာန်တွေရဲ့အန္တရာယ်တွေ၊ တခြားလူမျိုးစုတွေရဲ့ အန္တရာယ်တွေ၊ သဘာဝဘေးအန္တရာယ်တွေကို ဦးဆောင်ကာကွယ်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းကို ခေါင်းဆောင်တင်မြှောက်ရာက ဘုရင်စနစ်ကို တီထွင်ပြီးသားဖြစ်ခဲ့တယ်။ ဘုရင်သေတော့ သူ့သားကို အစဉ်အဆက်အုပ်ချုပ်ခိုင်းရာကနေ အဲဒီ ဘုရင်နဲ့ အဲဒီ ဘုရင်ရဲ့အမျိုးတွေ ဖိနှိပ်မှုတွေကို မခံနိုင်စရာတွေပေါ်လာတယ်။ အရင်ဆုံး သူတို့အမျိုးအချင်းချင်း(နယ်စားပယ်စားတွေရဲ့ မကျေနပ်မှုနဲ့စခဲ့တာ) ၁၂၁၅ မှာ အင်္ဂလန်မှာ ဂျွန်ဘုရင် နဲ့ ပြည်သူတွေ မဂ္ဂနာကာတာ စာချုပ်ကိုချုပ်တာက စလို့စည်းမျည်းခံဘုရင်စနစ်ကို စ ခဲ့တယ်။ ဒါပေမယ့် အဲဒီစာချုပ်ကို အဲဒီ ဘုရင်တွေက ချက်ခြင်းလက်ခံတာမဟုတ်ဘူးနော်။ နှစ်တရာလောက် နည်းအမျိုးမျိုးနဲ့ဖေါက်ဖျက်ခဲ့သေးတယ်။ ဒီလိုနဲ့ ပါလီမန်စည်းမျည်းခံ ဘုရင်စနစ်ကို တီထွင်ရာကနေ ပါလီမန်ထဲ မြေရှင်တွေက သြဇာရှိနေရာ ၀င်ယူလာကြတယ်။ မြေရှင်တွေ ဘယ်လိုနည်းနဲ့ သြဇာဝင်ယူလာသလဲ လို့မေးရင် စီးပွားရေးစနစ်ကြောင့်ဆိုတာ သုံးသပ်ရပါတယ်။ စိုက်ပျိုးရေးအဓိက စီးပွားရေးစနစ်ခေတ်ကြီးမှာ မြေသြဇာကောင်းတဲ့ မြေယာတွေပိုင်ဆိုင်တဲ့သူတွေဟာ အလိုအလျောက်ကြွယ်ဝပြီး သြဇာရှိလာတယ်။ သူတို့ရဲ့ကြွယ်ဝမှု၊ သြဇာရှိမှုတွေက ပါလီမန်ထဲမှာ သူတို့စိတ်တိုင်းကျ ခြယ်လှယ်နိုင်ခဲ့စေတယ်။ ပါလီမန်ဟာ မြေရှင်တွေကြီးစိုးတဲ့ မြေရှင်ပဒေသရာဇ်စနစ်ကိုမွေးထုတ်ပေးတဲ့ ပါလီမန်ဖြစ်ခဲ့တယ်။ မြေရှင်တွေဆိုတာလည်း ပဒေသရာဇ်တွေနဲ့ သူတို့အမျိုးတွေ၊ ပဒေသရာဇ်တွေကို သစ္စာစောင့်သိပြီးစစ်တိုက်ပေးထားတဲ့ စစ်ဗိုလ်တွေကို မြေယာတွေအပိုင်စားပေးထားတာတွေပါ။ ဒီတော့ ပါလီမန်ထဲမှာ သူတို့အကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေကိုပဲ ရေးဆွဲ ပြဌာန်းခဲ့ကြတယ်။ အများစု ဖြစ်တဲ့ပြည်သူတွေကတော့ နင်းပြားဘ၀မှာပါပဲ။ပြည်သူတွေဟာ မြေယာကိုမှီပြီး နေထိုင်ရ၊ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်စားသောက်ရတယ်။ မြေရှင်တွေ ဖိနှိပ်သမျှခံခဲ့ရတယ်။ အဲဒီလို နေနေရတုန်းမှာပဲ ၁၇၇၀ ၀န်းကျင်လောက်မှာ ဂျိမ်းဝပ်ဆိုတဲ့ လူ တယောက်ရေနွေးအိုးအတည်ကောင်းတာက အစပြုပြီး အင်ဂျင်ဆိုတာကို တီထွင်လာနိုင်၊ အဲဒီနောက် စက်မှုတော်လှန်ရေးကြီးပေါ်လာပြီး မြေကြီးပိုင်တိုင်း သြဇာမရှိတော့တဲ့ ဘ၀ကို မြေရှင်တွေ ရင်ဆိုင်လိုက်ရတယ်။ ဒီနေရာမှာ စဉ်းစားစရာက ဒီလိုဖြစ်မယ်မှန်းသာ စောစောကြိုသိခဲ့ရင် မြေရှင်တွေဟာ ဘယ်သူမှ ရေနွေးအိုးမတည်ရ လို့ ပါလီမန်ထဲမှာ အမိန့်တွေပြဋ္ဌာန်းခဲ့မှာ သေချာတယ်ဗျ။ ခုခေတ် အီလက်ထရွန်နစ် ဥပဒေတို့ ဘာတို့လို ရေနွေးအိုး ဥပဒေ တို့ ဘာတို့ ပြဋ္ဌာန်းခဲ့လောက်တယ်။ ဥပမာ ရေနွေးမတည်ရ၊ သတ်မှတ်ချိန်မှာ သတ်မှတ်သလောက်ပဲတည်ရမယ်၊ တည်ရင်း မစဉ်းစားရ တို့ဘာတို့ပေါ့ဗျာ။စက်မှုတော်လှန်ရေးဆိုတာ ပညာရှင်တွေကြောင့်ပေါ်လာတာပါ။ ဒါပေမယ့် ပညာရှင်တွေကဒီတော်လှန်ရေးဖြစ်စေလို့လုပ်ခဲ့တာမဟုတ်သလို အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ပေါ်ကောင်းစေတော့ရယ်လို့လုပ်ခဲ့တာမဟုတ်ပါဘူး။ဒါပေမယ့် ပေါ်ခဲ့တယ်။ အဲဒီနောက်မှာတော့ အရင်းရှင်တွေဟာ ပါလီမန်ထဲ အာဏာတွေယူလာပြီး အရင်းရှင်တွေကို ကာကွယ်မယ့် ဥပဒေအမျိုးမျိုးကိုေ၇းဆွဲပြဋ္ဌာန်းကြပြန်ပါလေရော။ အရင်းရှင် စနစ်မှာ အရင်းရှင်က အဓိက အခရာပါ။ ဒီတော့ သူ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးတဲ့ အစိုးရ၊ ပါလီမန်၊ စစ်တပ်တို့နဲ့ တည်ဆောက်လာကြတယ်။ ထုံးစံအတိုင်းပြည်သူတွေကတော့ နင်းပြားပါ။ ကျနော်တို့ သမိုင်းမှာ သင်ခဲ့ရတဲ့ ရေနံမြေအလုပ်သမားတွေလို အလုပ်ချိန် ၁၂ နာရီထိခိုင်းတာ၊ မ၀တ၀ လစာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုတွေ နဲ့ လူအများအပြားဟာ ဆင်းရဲတွင်းနက်ခဲ့ရတယ်။ အလုပ်သမားတွေရဲ့ ကလေးအများစု ဟာ ပညာကောင်းကောင်းသင်ခွင့်မရခဲ့ဘူး။ ဒီတော့ အရွယ်ရောက်လာရင် အလုပ်သမားပဲပြန်ဖြစ်ကြပေါ့။ သမိုင်းဆိုတာ သေချာနားလည် သဘောပေါက်အောင်လေ့လာမယ်ဆိုရင် စာနာစိတ်ကလေးနဲ့ လေ့လာဖို့လိုပါတယ်။ ခုခေတ် မြန်မာပြည်မှာ ပြည်သူအများစု ဟာ ဆင်းရဲတွင်းနက်နေကြတယ်။ မိန်းကလေးငယ်လေးတွေ ဘ၀တွေပျက်ကြရတဲ့အထိ အဖြစ်ဆိုးတွေ ကြုံနေရတယ်။ လူငယ်လေးတွေဟာ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်နေရတယ်။ ဒါပေမယ့် ဘ၀အာမခံချက်ဘာမှ မရှိဘူး။ ဒီလိုပဲအတတ်ပညာရှင်၊အသိပညာရှင်တွေဟာလည်း ငွေကြေးရင်းနှီးလုပ်ကိုင်နေသူတွေလောက် အခွင့်အရေးမရကြဘူး။ ဘယ်လိုလူတွေက ဘယ်လို အာဏာတွေ၊ ဘယ်လိုစည်းစိမ်တွေနဲ့ ဘယ်လိုအခွင့်ကောင်းယူ အမြတ်ထုတ်ပြီး ဘယ်သူတွေက ကာကွယ်ပေးနေသလဲ ဆိုတာ သမိုင်းနဲ့ယှဉ်ပြီးဆင်ခြင်ပါ။သမိုင်းအဆက်ဆက် ဥပဒေပြုခွင့်တွေ၊ အုပ်ချုပ်ခွင့်အာဏာတွေ၊ တရားစီရင်မှုတွေကို လူတန်းစားတရပ်ကသာ ချုပ်ကိုင်ထားပြီး၊ အာဏာနဲ့ စည်းစိမ်ချမ်းသာမှုကို လူတန်းစားတရပ်၊ အလွှာတခုကသာ ချုပ်ကိုင်ထားပြီး ပြည်သူအများစုဟာ ဆင်းရဲနိမ့်ပါး ဖိနှိပ်ခံခဲ့ရတာ ခုချိန်ထိ မလွတ်မြောက်သေးပါဘူး။ အရင်းရှင်တွေဟာ အစွန်းရောက်ဖိနှိပ်မှုအပြင် ဘယ်လောက်ထိ လူသားချင်းစာနာစိတ်ကင်းမဲ့ခဲ့သလိုဆို ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကာလမှာ အလျှံပယ်သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ၊ ဂျုံအိတ်တွေကို နောက်တရာသီပေါ်တဲ့အချိန်မှာဈေးကျမှာ စိုးလို့ ပင်လယ်ထဲ စွန့်ပစ်တဲ့ အထိ ရိုင်းပျခဲ့တယ်။ အဲဒီအချိန်မှာ ဈေးကွက်ထဲ ဂျုံဈေးနှုန်းတွေက အရမ်းမြင့်မားနေတော့ ဆင်းရဲသားပြည်သူအများစု ၀ယ်မစားနိုင်ခဲ့ဘူး။ အရင်းရှင်တွေ ကုန်ကြမ်းရဖို့နဲ့ ကုန်ချောပြန်ရောင်းဖို့ ကိုလိုနီစနစ်ပေါ်လာတာကိုတော့ အကျယ်တ၀င့်ရေးမနေတော့ပါဘူး။ သင်ရိုးညွှန်းတမ်းမှာလည်း အပ်ကြောင်းထပ်အောင် သင်ခဲ့ပြီးသားပါ။
လူတွေ ငတ်မွတ်ခေါင်းပါးနေတာကို လျစ်လျူရှုပြီး အမြတ်ရဖို့ အဓိကသာ မောင်းနှင်ခဲ့တဲ့ အရင်းရှင်စနစ်ဟာ အဆုံးစွန် ရိုင်းပျခဲ့တာကတော့ နာဇီတွေ၊ ဖက်ဆစ်တွေပေါ်လာတဲ့ အထိဖြစ်ခဲ့ပါတယ်။
ကားလ်မာ့ခ်စ် ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေကို လက်တဆုပ်စာလူတန်းစားတရပ်ကပဲ ခေတ်အဆက်ဆက် ကိုင်တွယ်ခဲ့ပြီး သူတို့ကိုယ်ကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေနဲ့ ပြည်သူလူထုအများစုကို ဖိနှိပ်ခဲ့တာကို တန်ပြန်တဲ့အနေနဲ့ ပြည်သူလူထုဟာ အာဏာကို လက်ဝယ်ရရင် ဘယ်တော့မှ လူတန်းစားတရပ်လက်ထဲကိုပြန်မရောက်အောင် ဆိုပြီး တပါတီစနစ်ကို ရေးဆွဲခဲ့တယ်။ ဒါပေမယ့် ကားလ်မာ့ခ်စ် ရဲ့ တပါတီစနစ်ဟာ အာဏာရှင်စနစ် မဟုတ်ဘူး။ ပါတီတွင်း လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်တွေ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တွေအပြည့်ပါတယ် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ထားတဲ့ တပါတီစနစ်ပဲဖြစ်ပါတယ်။ ဆရာဦးစိန်ဝင်း ဆိုလိုချင်တာလည်း အဲဒီ သဘောပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကလည်း ထုံးစံအတိုင်း စာအုပ်ထဲမှာ ပဲ ရှိပါတယ်။(မမေ့ဖို့က ကားလ်မာ့ခ်စ် ကိုယ်တိုင် ဘယ်တော်လှန်ရေးမှာမှ မပါခဲ့ဘူး) တကယ့်တကယ်တမ်း လူတွေက အာဏာနဲ့ထိတွေ့တဲ့အခါ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ရှိလာတဲ့အခါ အဲဒီတပါတီစနစ်ဟာ ကြောက်စရာအကောင်းဆုံး အာဏာရှင်စနစ်ကို
ပြန်မွေးထုတ်ပြန်တော့တာပါပဲ။
အရင် ဆိုဗီယက်တို့ ၊ တရုတ်တို့မှာ ခေါင်းဆောင်ကြီးဆို ဧရာမဓါတ်ပုံကြီးတွေနဲ့ လူတွေကလည်း ဘယ်တော့မှ ထမင်းမ၀တဲ့ ရှုသိုးသိုး မျက်နှာကြီးတွေနဲ့ မှတ်မိကြဦးမှာပါ။ ကျနော်ကတော့ ဒီလူကြီးတွေမျက်နှာ ကို မှတ်မိနေသေးတယ်။ ဆိုဗီယက် က ဘရက်ဇညက်တို့၊ မော်စီတုန်းတို့၊ မဆလက ဦးစန်းယုတို့ အမြဲတမ်း ရှုတည်တည်မျက်နှာကြီးတွေလေ။ လူတဦးချင်းတယောက်ချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်တွေ ဆိပ်သုဉ်းပြန်တော့ အဲဒီတော်လှန်ရေးဆိုတာကြီးတခါ ကျဆုံးပြန်တာပေါ့။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ စနစ်တွေ အမျိုးမျိုးပြောင်းပြီး ခုထိ ပြည်သူအများစုရဲ့ ဘ၀တွေကတော့ မကောင်းသေးပါဘူး။ ခု အရင်းရှင်စနစ်ကနေ အမျိုးမျိုးပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာ နဲ့ ဒီမိုကရေစီ စနစ်နဲ့ ကမ္ဘာကို ပဲထိန်းမောင်းနှင်နေပါတယ်။ဈေးကွက်စီးပွားရေးဆိုတာ အရင်းရှင်စီးပွားရေးလုံးဝ မဟုတ်ပါဘူး။ အရင်းရှင်စီးပွားရေး ဟာ အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ကိုသာ ကိုယ်စားပြုတည်ဆောက်ထားတဲ့စနစ်ပါ။ ဈေးကွက်စီးပွားရေးမှာတော့ ဈေးကွက်သာ ပဓါနကျတဲ့စနစ်ပါ။ ဒါဆိုဈေးကွက်ဆိုတာ ဘာလဲ လို့မေးခွန်းထုတ်ကြည့်ပါ။ ဘောဂဗေဒမှာ ဈေးကွက်ဆိုတာ လူ တွေ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ Market is people.တဲ့။
ဒီတော့ ဈေးကွက်စီးပွားရေးဟာ လူတွေ တနည်းအားဖြင့် စားသုံးသူပဓါန စီးပွားရေးစနစ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီတော့ ရှင်းပြီပေါ့။ ဈေးကွက်လိုအပ်ချက်က ဘာလဲ ဆို.. စားသုံးသူတွေဟာ အကောင်းဆုံးအရည်အသွေးကို၊ အချိုသာဆုံးဈေးနှုန်းနဲ့၊ ပေါပေါများများ လွယ်လွယ်ကူကူ ၀ယ်ချင်ပါတယ် တဲ့။ အဲဒါ ခေတ်အဆက်ဆက် စားသုံးသူတွေရဲ့ လိုအပ်ချက်ပါပဲ။ ဒါကိုပဲ အဓိကထားယှဉ်ပြိုင်ထုတ်လုပ်နေ၊ ရောင်းချနေရတာပါ။ ကုန်စည်တွေကိုမှ ဒါမျိုးလိုချင်တာမဟုတ်ဘူး။ လူတွေရဲ့ဆန္ဒက နယ်ပယ် အသီးသီးမှာ ၀န်ဆောင်မှုအပါအ၀င် နယ်ပယ်အသီးသီးမှာလည်း အဲဒီ စံသတ်မှတ်ချက်အတိုငးပဲ လိုချင်ပါတယ်။ ဘယ်အထိ လိုချင်သလဲ ဆိုရင် အုပ်ချုပ်တဲ့ စနစ်၊ အုပ်ချုပ်တဲ့အစိုးရကိုလည်း အဲဒီ လိုပဲ လိုချင်ပါတယ်။ အစိုးရဆိုတာ ဟိုလိုနေ၊ ဒီလိုနေ အမိန့်တွေ ပေးပြီး ကန့်သတ်မယ့် လူမျိုးတွေကို မလိုချင်တော့ဘူး။ ကျနော်တို့လိုချင်တဲ့အစိုးရဟာ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီလို အဖွဲ့အစည်းမျိုးပဲလိုချင်တယ်။ လွယ်လွယ်ကူကူ ဥပမာ တခုပေးပါမယ်။ လှိုင်သာယာ က အက်ဖ်အမ်အိုင်မြို့ မှာ နေကြည့်ပါ။(အရင်တုန်းက ခုတော့ နည်းနည်းမကောင်းတော့ဘူးပြောတယ်) မြို့ထဲဝင်လာတာနဲ့ ခင်ဗျားဟာ မြို့နေမြို့သူမြို့သားဆိုတာနဲ့ လုံခြုံရေးဝန်ထမ်းက ခင်ဗျားကို အလေးပြုပြီး ၀င်းတံခါးဖွင့်ပေးမယ်။ ခင်ဗျားအိမ်ရှေ့မှာ ရေမ၀ပ်စေရဘူး၊ လမ်းမီးတွေလင်းရမယ်။ အမှိုက်မရှိစေရဘူး။ တကယ်လို့ အမှိုက်တွေ့ရင်၊ လမ်းမီးမလင်းရင်၊ ရေ၀ပ်နေရင် အဲဒီ မြို့အုပ်ချုပ်တဲ့ ကော်မီတီကို ခင်ဗျား ဖုန်းနဲ့လှမ်းဆဲလို့ရတယ်။ သူတို့ ချက်ခြင်း လာပြီးဝန်ဆောင်မှုပေးမယ်။ တောင်းပန်မယ်။ ခင်ဗျားဘက်က လိုတာက လစဉ်ကြေးမှန်မှန်ပေးဖို့ပါပဲ။ အရင် အက်ဖ်အမ်အိုင်မှာ လူနေကျဲတုန်းက မြို့ကော်မီတီဟာ စည်းကမ်းအမျိုးမျိုးနဲ့နေထိုင်သူတွေကို ကန့်သတ်ခဲ့တယ်။ ဆေးအရောင်မသုတ်ရ၊ မြို့ထဲမှာ ဆိုင်မဖွင့်ရ၊ တချို့ မုန့်ဟင်းခါးဆိုင်လေးဘာလေး ကိုယ့်အိမ်ထဲဖွင့်ရင် လုံခြုံရေးက လာပြီး ဆိုင်ကို သိမ်းသွားတာမျိုးတွေ ရှိခဲ့တယ်။ တဖြည်းဖြည်း လူနေစိတ်လာတဲ့အခါမှာတော့ မြို့နေတွေက မြို့မိမြို့ဘများကော်မီတီဆိုတာ ဖွဲ့ပြီး အဲဒီ မြို့သာယာရေးကော်မီတီနဲ့ အပြိုင် စကားပြောလာတယ်။ ငါတို့ဆိုင်တွေဖွင့်မယ် ကအစ ပေါ့။ ခုတော့ အက်ဖ်အမ်အိုင်ဟာ လမ်းတိုင်းမှာ ဆိုင်တွေနဲ့ စည်လို့ကားလို့။ အဲဒါ ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံပါ။ဒီမိုကရေစီ စနစ်မှာ၊ ဈေးကွက်စီးပွားရေးဟာ အင်မတန်မှ သဟဇာတ စနစ်ဖြစ်တယ်။ (စစ်ဖို့တော့ လိုပါသဗျာ)။ ပြည်သူလူထုရဲ့ အဆုံးစွန်သော အန္တိမလိုချင်တဲ့ အစိုးရပုံစံကတော့ အစိုးရမလို၊ စည်ပင်သာယာပဲ လိုတယ် ဆိုတာပါပဲ။ ကျနော်တို့ကို ဟိုဟာလုပ်၊ ဒီဟာလုပ် အမိန့်ပေးတဲ့အစိုးရမျိုးကို မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကို ဖြည့်ဆည်းပေးမယ့် အဖွဲ့အစည်းပဲ လိုချင်တယ်။ စိတ်တိုင်းမကျရင် အချိန်မရေးဖြုတ်လို့ရရမယ်။ နောက်တဖွဲ့ကို စမ်းခန့်ကြည့်မယ်။ အကောင်းဆုံးဝန်ဆောင်မှု၊ အကောင်းဆုံးပြည်သူ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ အဖွဲ့အစည်းဟာ အစိုးရသက်တမ်းကြာမှာပဲ။
အဲဒါ အတိုင်းတိုင်းအပြည်ပြည်က ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပဲ ဖြစ်ပါကြောင်းဗျာ။        ။

ချိုတူးဇော်

အမေစုပြောတဲ့ လူငယ်နှင့် အိုင်တီ

အမေစုပြောတဲ့ လူငယ်နှင့် အိုင်တီ

by Sophia Sofia Chan on Monday, June 27, 2011 at 9:34pm
[By Mizzima မဇ္ဈိမ]

(အင်တာဗျူး)

Rebecca Henschke| တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၈ မိနစ်

(ရန်ကုန်) Asia Calling မှ Rebecca Henschke နှင့် KBR 68H အင်ဒိုနီးရှား ရေဒီယို အသံလွှင့်ဌာနတို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မကြာသေးခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာလူငယ်များ အကြောင်း၊ ဆက်သွယ်ရေးနှင့် အိုင်တီနည်းပညာ ပြောင်းလဲမှုကြီးကို သတိထားမိကြောင်းလည်း ဒေါ်စုက ထည့်သွင်း ပြောဆိုသွားသည်။

မွေးနေ့မှာ ဘာတွေလုပ်နေပါသလဲ။

“ကျမမွေးနေ့မှာ အတော်များများခဲ့ပါတယ်။ လူငယ်ဂီတပြိုင်ပွဲ နောက်ဆုံးနေ့ကို ကျင်းပခဲ့ပါတယ်။ လူငယ်တွေဘဝမှာ လုပ်စရာအလုပ်တခုခု အမြဲရှိနေတယ်ဆိုတာ သိစေဖို့နဲ့ သူတို့ထူးချွန်တဲ့နေရာမှာ အောင်မြင်စေရေးအတွက်လေ့ကျင့်ဖို့ အခွင့်အလမ်းပေးခဲ့တာဖြစ်ပါတယ်။ အခုကြားနေရတဲ့ ဂီတဟာ ဒီပြိုင်ပွဲက ဂီတပါပဲ၊ ခု အကြို ဗိုလ်လုပွဲ အဆင့် ရောက်နေပါပြီ”

ဒီပြိုင်ပွဲမှာ လူငယ်တွေ နိုင်ငံရေး လူ့အခွင့်အရေးတွေ အကြောင်း သီဆိုပြိုင်ပွဲ ဝင်နိုင်ပါသလား။

“ခုအထိတော့ ကျမကြားရတဲ့ သီချင်းအများစုဟာ ဒီ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေ အကြောင်းပါပဲ”

သူတို့ ဒီသီချင်းတွေကို လူထုကြားထဲမှာကော ဖျော်ဖြေမှာလား။

“ဟုတ်ပါတယ်၊ ရုံးမှာ ဒီသီချင်းတွေကို သူတို့ သီဆိုယှဉ်ပြိုင်ခဲ့ ပြီးပါပြီ။ ကျမမွေးနေ့မှာ အများရှေ့မှာပဲ နောက်ဆုံး ဗိုလ်လုပွဲအနေနဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ကြည့်ချင် နားထောင်ချင်တဲ့သူ အားလုံး ဒီပြိုင်ပွဲကို လွတ်လွတ်လပ်လပ် လာရောက် ကြည့်ရှုနိုင်ပါတယ်”

ဂျကာတာကို ရောက်လာတဲ့ လူငယ်တချို့နဲ့စကားပြောကြည့်တော့ နိုင်ငံရေးကို စိတ်မဝင်စားတဲ့အကြောင်း၊ စိတ်ဝင်စားမှု လျော့ကျလာတဲ့အကြောင်းတွေပြောကြပါတယ် ဒါကိုကောသိပါသလား။

“လူငယ်တချို့က စိတ်မဝင်စားတာရှိမှာပါ ဒါပေမဲ့တကယ့်ကို စိတ်ဝင်စားတဲ့သူတွေလဲ ရှိပါတယ်။ ဒီတော့ ဘယ်လို လူငယ်တွေနဲ့ ရှင်စကားပြောခဲ့သလဲ ဆိုတာပေါ် မူတည်မှာပါ။ အခွင့်ထူးခံ အသိုင်းအဝိုင်းကတော့ ဒီမိုကရေစီကို စိတ်မဝင်စားတာ နိုင်ငံရေးကို စိတ်မဝင်စားတာ ရှိပါတယ်။ ဒီလိုပဲ ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ လူငယ်တွေကလဲ သူတို့နိစ္စဓူဝ အလုပ်ထက်ပိုပြီး ဘာကိုမှ မစဉ်းစားအားဘူး။ ဒါပေမဲ့ အခုပိုပြီးတွေ့လာရတာက သူတို့ဘဝတွေကို မကျေမနပ်ဖြစ်နေတဲ့ လူငယ်တွေဟာ အပြောင်းအလဲဖြစ်ဖို့ သူတို့တခုခုလုပ်မှ ဖြစ်တော့မယ် ဆိုတာကို တဖြည်းဖြည်း သိလာနေကြပါပြီ”

ဒေါ်စုမွေးနေ့မှာ လူငယ်တွေကို နိုင်ငံရေးအကြောင်း သီချင်းဆိုခိုင်းတဲ့ စိတ်ကူးကလဲ ကြီးမားတဲ့ အပြောင်းအလဲပဲလား။

“ ကျမတို့ လူငယ်တွေဟာ ဒီမိုကရေစီနဲ့ နိုင်ငံရေးအကြောင်းကို အမြဲပဲသီဆိုနေကြပါတယ်။ ဖိနှိပ်မှုတွေ ဘယ်လိုပဲရှိရှိ၊ ကန့်သတ်မှုတွေ ဘယ်လိုပဲရှိရှိ ကျမတို့လုပ်သင့်တယ်ထင်တဲ့ အလုပ်တွေကို လုပ်ဖို့ အမြဲကြိုးစားနေပါတယ်။ အခုထူးခြားတာက ဒီလုပ်ငန်းမှာ လူငယ်တွေပိုပြီး ပါဝင်လိုကြတာကို တွေ့ရပါတယ်”

ပိုများလာတယ်ဆိုတာ သံဃာတော်တွေ အုံကြွမှု ကာလကထက် ပိုများလာတာပါလား။

“အဲဒီအချိန်က ကျမက နေအိမ် အကျယ်ချုပ် ကျနေဆဲမို့ ဒီအကြောင်းမသိပါဘူး။ ဒါပေမဲ့ သေချာတာက ကျမနောက်ဆုံး နေအိမ် အကျယ်ချုပ် ချခံရတဲ့ ၈ နှစ်ကထက် စာရင်တော့ ပိုများလာပါတယ်”

ခုလိုနေ အိမ်အကျယ်ချုပ်ချခံရလို့ အဆက်ပြတ်နေရာကနေ ပြန်လွတ်လာတဲ့အခါ တခြားဘာထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့ရပါသေးလဲ။

“ဆက်သွယ်ရေးမှာ တိုးတက်မှုကြီး အိုင်တီတော်လှန်ရေးကြီးလဲ မြန်မာပြည်ရောက် လာတာကို တွေ့ရပါတယ်။ တခြားနိုင်ငံတွေနဲ့စာရင် ရှေ့တန်းရောက်၊ မရောက် မပြောနိုင်ပေမယ့် ဒီဆက်သွယ်ရေး တော်လှန်ရေးကြီးက အတိုင်းအတာတခုအထိ  မြန်မာနိုင်ငံကို ရောက်လာခဲ့တာ သေချာပါတယ်။ ဒါကြောင့်ပဲ လူငယ်တွေဟာ ကျမတို့ လုပ်နေတာတွေကို စိတ်ဝင်စားလာကြတယ် ကျမတို့လုပ်နေတာတွေကို အမီလိုက်လာနိုင်ကြတယ်”

မိန့်ခွန်းတွေ အမှာစကားတွေကို အပြင်ရောက်အောင် ဗွီဒီယိုလင့်တွေ တခြား ဒစ်ဂျစ်တယ် နည်းလမ်းတွေ သုံးပြီး လုပ်လာနိုင်တာ တွေ့ရပါတယ်။ ဒေါ်စုလုပ်နေတဲ့ အရေးကိစ္စတွေအတွက် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဖို့ မြန်မာနိုင်ငံ အပြင်ထွက်ပြီး တခြားနိုင်ငံတွေ ဥပမာအားဖြင့် ထိုင်း တရုတ်နိုင်ငံတွေကို ထွက်ပြီး မလုပ်နိုင်ဘူးလား။

“နောက်လအတွင်း မြန်မာပြည်ထဲမှာ ကျမခရီးထွက်မှာပါ။ ဒီ့မတိုင်ခင် ရန်ကုန်မြို့ အပြင်မထွက်နိုင်တာကတော့ ဒီမှာလုပ်စရာတွေ အများကြီးရှိနေလို့ပါ။ ဒါပေမဲ့ ရန်ကုန်မြို့ အပြင်ထွက်နိုင်ဖို့ အချိန်ရလာအောင် ကြိုးစားခဲ့ပါတယ်။
 နောက်လထဲမှာ စထွက်မှာပါ။ မြန်မာပြည် အပြင်ထွက်ဖို့ ဆိုတာကတော့ ကျမထင်ပါတယ် နည်းနည်း စောပါသေးတယ်။ ကျမနိုင်ငံပြင်ပ ထွက်သွားခဲ့ရင် လက်ရှိအစိုးရက ကျမကို ပြန်လာခွင့်ပေးမယ်လို့ မထင်နိုင်သေးပါဘူး”

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းတော့ လွတ်လွတ်လပ်လပ် အကန့်အသတ်မရှိ သွားနိုင်တယ်မဟုတ်လား။

“ကန့်သတ်မှုတွေလုပ်မလား မလုပ်ဘူးလားဆိုတာလဲ ကျမမသိပါဘူး။ သူတို့ အပေါ်ပဲ လုံးဝမူတည်ပါတယ်။ ဒါပေမယ့် ကျမမှာ ကိုယ့်နိုင်ငံတွင်း လွတ်လွတ်လပ်လပ် ခရီးထွက်ခွင့်ရှိတယ်လို့တော့ ထင်ပါတယ်”

လွတ်လာပြီးကတည်းက ဘယ်နေရာတွေမှာ အအောင်မြင်ဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါသလဲ။

“ကျမထင်တာ ဒီမိုကရေစီ ကွန်ရက်တွေဖွဲ့တာမှာ အရှိန်အဟုန် သိပ်ကောင်းခဲ့တာ အတွက်တော့ အားရတယ်။ လူငယ်တွေ ပညာရေးတွေလို ကိစ္စတွေနဲ့ ပတ်သက်လို့ တခြားနိုင်ငံတွေထိ ကွန်ရက်က ကျယ်ပြန့်သွားပြီ။ ကွန်ရက်က စုံပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ ရှေ့နေကွန်ရက် အတော်စုံတယ်။ ပညာရေးကတော့ အဓိကပေါ့”

ဘာတွေများလဲ နည်းနည်း ထပ်ရှင်းပြလို့ရမလား။

“ကျမတို့ အခမဲ့ကျောင်းတွေ ဖွင့်ခဲ့ပါတယ်။ ဒီကျောင်းတွေကို မျှော်လင့်မထားတဲ့နှုန်းနဲ့ကို တိုးဖွင့်နိုင်ခဲ့ပါတယ်။ သိပ်ကိုမြန်ပါတယ်။ ဒီနည်းဟာ အတော်အလုပ်ဖြစ်တယ်။ ပညာရေးက မြန်မာပြည်မှာ အတော်ဈေးကြီးတယ်။ တိုင်းပြည်က ဆင်းရဲပေမယ့် ပညာရေးစရိတ်က အတော်ကြီးတယ်။ အစိုးရကပေးတဲ့ ပညာရေးက အခမဲ့မဟုတ်ဘူး။ မိဘတွေက ကျောင်းမထားနိုင်တဲ့ ကလေးတွေကို အခမဲ့ပညာရေး ပေးနိုင်အောင် ကျမတို့ လုပ်နေတယ်”

ဒီလို လူမှုရေးကိစ္စတွေ လုပ်နေရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရသွားလိမ့်မယ်လို့ ထင်ပါသလား။

“သူတို့ လုပ်ချင်တာကို လုပ်မှဖြစ်မယ်ဆိုတာကို လူထုနားလည်စေချင်တာပါပဲ။ တခြားလူတွေအပေါ် မှီခိုနေလို့ မဖြစ်ဘူး။ အမှီခိုကင်းတဲ့ စိတ်ဓါတ်ကို ရစေချင်လို့ မှီခိုချင်တဲ့စိတ်ကို လျော့ပါးအောင်လို့ တချိန်တည်းမှာ လုပ်တတ် ကိုင်တတ်အောင်လဲ လုပ်ပေးနေတာ”

ဒေါ်စုအပေါ်မှာ လူပုဂ္ဂိုလ်အနေနဲ့ရော၊ ထင်ရှားတဲ့သူ တဦးအနေနဲ့ရော မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် သိပ်မှီခိုလွန်းနေတယ်လို့ ထင်ပါသလား။

“ကွန်ရက်တွေဖွဲ့စည်းတာကိုက ထိုင်နေလို့မရဘူး၊ သူများကိုအားကိုးလို့မရဘူး၊ ကိုယ့်ဘာသာလုပ်မှရမယ် ဆိုတာကို လူတွေသိစေချင်လို့ပါပဲ”


ခုလောလောဆယ် အရှေ့အလယ်ပိုင်းဒေသမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နေတာကို
 တွေ့နေရပါတယ်။ မြန်မာပြည်မှာကော ဒီသတင်းတွေ ဖော်ပြခွင့် ပြုပါသလား။

“အရှေ့အလယ်ပိုင်းက အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဆင်ဆာဖြတ်တာ နည်းနည်းပါးပါးတော့ ရှိမယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေကတော့ ဒီသတင်းတွေကို သိနေတာပါပဲ။ တကယ်စိတ်ဝင်စားရင် သတင်းဆိုတာ ရေဒီယိုတို့ အင်တာနက်တို့ကနေ ရနေတာပါ”

ဒီသတင်းတွေက လူတွေကို တစုံတရာ လှုံ့ဆော်ပေးနိုင်တယ်လို့ ထင်ပါသလား။

“ကျမတို့မြန်မာနိုင်ငံမှာလဲ ဒီလိုတွေဖြစ်လာနိုင်မလားလို့ စဉ်းစားကြတာတွေ ရှိပါတယ်။ အခု အရှေ့အလယ်ပိုင်းမှာ
 ဖြစ်နေတာတွေက မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်နဲ့ ၂ဝဝ၇ နှစ်က ဖြစ်ခဲ့တာတွေနဲ့ နှိုင်းယှဉ် ပြောဆိုလာတာတွေလဲ ရှိလာပါတယ်”

ဆွေးနွေးဝိုင်းတွေမှာ သောတရှင်တွေ အမေးများတာက မြန်မာပြည် ဒီမိုကရေစီရရှိရေး တိုက်ပွဲမှာ အပြင်ကလူတွေ ဘာလုပ်ပေးနိုင်မလဲ ဆိုတာပါ။

“ပထမဆုံးအချက်ကတော့ ကျမတို့မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ လူတွေသိနေဖို့ လိုပါတယ်။ ကျမတို့ စိတ်ပူတာ ပြီခဲ့တဲ့နှစ် နိုဝင်ဘာလက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေအပေါ်မှာ သိပ်ထင်ထားကြမှာကိုပါပဲ။ ရွေးကောက်ပွဲတွေလဲ လုပ်ပြီးပြီ အရပ်သား အစိုးရဆိုတာကြီးလဲ ပေါ်လာပြီ၊ မြန်မာပြည်မှာ နောက်ထပ် လုပ်စရာ ဘာမှမကျန်တော့ဘူးလို့ လူတွေထင်မသွားကြဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ရက်အနည်း ငယ်အတွင်းကပဲ ကချင်လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရတပ် အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာကို သိလိမ့်မယ်ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ နီးပါး အပစ်အခတ် ရပ်ထားရာကနေ ခုလိုတိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုတာ ဆုတ်ယုတ်တာကို ပြတာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ဒီမိုကရေစီရေးတို့မှာ တိုးတက်မှုတွေရှိနေပြီလို့ အလွယ်တကူ ပြောလို့တော့မရဘူးလို့ ကျမထင်ပါတယ်”

တိုက်ပွဲတွေဖြစ်နေတာဟာ တရုတ်ပြည်က ရေအားလျှပ်စစ် စီမံကိန်းတွေ တည်ဆောက်နေတဲ့ မဟာဗျူဟာကျတဲ့ နေရာတွေမှာ ဖြစ်နေတာ ဆိုတော့ အဲဒီနေရာတွေမှာ အခြေအနေတွေ ဘယ်လိုရှိတယ်လို့ သိထားပါသလဲ။

“ရေဒီယိုမှာကြားတာထက်တော့ ကျမတို့ပိုမသိပါဘူး။ နယ်စပ်ဒေသမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကချင်ခေါင်းဆောင်တွေ ပြောတာကြားပါတယ်။ တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးစေလိုတယ်လို့ သူတို့ပြောတာလဲ ကြားပါတယ်”

တိုင်းရင်းသားအရပ်သားတွေ ထောင်ပေါင်းများစွာ ထိုင်းနဲ့ တရုတ်နိုင်ငံကို တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရတယ်လို့လဲ ကြားပါတယ်။ ထိုင်းနိင်ငံကလဲ မြန်မာပြည်က နောက်ထပ် ဒုက္ခသည်တွေ သူတို့ဆီ ရောက်လာတာကို လက်မခံချင်တော့သလိုလဲ ရှိပါတယ်။ တရုတ်ကလဲ ဒီဒုက္ခသည်တွေကို လွန်ခဲ့တဲ့ ၃ ရက်က နယ်စပ်ဖြတ်ကျော်ခွင့် မပေးခဲ့ပါဘူး။ မကြာခင် ကမ္ဘာ့ဒုက္ခသည်နေ့လဲ ရောက်ပါတော့မယ်။ အိမ်နီးချင်းနိုင်ငံ တွေကို ဘာများပြောချင်ပါသလဲ။

“ပထမဆုံး ပြောချင်တာကတော့ ဒုက္ခသည်ဆိုတာ ဖြစ်ချင်လို့ ဖြစ်ရတာ မဟုတ်ပါဘူး။ အခြေအနေအရ မလွှဲမရှောင်သာလို့ ဒုက္ခသည် ဖြစ်လာရသူတွေပါ။ သူတို့နိုင်ငံထဲ နောက်ထပ် ဒုက္ခသည်တွေ ဝင်မလာစေချင်ရင် ပြည်တွင်းရေး ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံကို သူတို့ကူညီသင့်တယ်လို့ ကျမထင်ပါတယ်။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ဆိုတာ ကျမတို့လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လုံး ကြိုးစားခဲ့တဲ့ ကိစ္စပါပဲ”

မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ညီညွတ်ရင် အစိုးရပြုတ်ကျမယ်လို့ ထင်ပါသလား။

“ညီညွတ်ရေးဆိုတာ အပတ်တကုတ်လုပ်ရတဲ့ဟာမျိုး၊ အထူးသဖြင့် တိုင်းရင်းသား ပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာ အတော်အပတ်တကုတ် လုပ်မှရမယ်။ ညတွင်းချင်း ဒီလို ညီညွတ်သွားကြလိမ့်မယ်လို့တော့ ကျမ မထင်ဘူး။ တချိန်လုံး ကြိုးစားရမယ့်အရာပဲ။ အချင်းချင်း ပစ်တာခတ်တာကတော့ ညီညွတ်ရေးအတွက် အဖြေမဟုတ်ပါဘူး”

ဒါဆိုရင် ဒီအဖွဲ့အစည်းတွေကို ပိုပြီးငြိမ်းငြိမ်းချမ်းချမ်း ချဉ်းကပ်လုပ်ဆောင်စေချင် တာပါလား။ သူတို့ရဲ့ လက်နက်ကိုင် တိုက်ပွဲကိုကော ထောက်ခံပါသလား။

“တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာပဲ အကုန်လုံးမူတည်တယ်လို့ ကျမ မထင်ပါဘူး။ အစိုးရပေါ်မှာပဲ ပိုတာဝန်ရှိတယ်လို့ ကျမထင်ပါတယ်။ တိုင်းပြည်မှာ အပစ်အခတ်ရပ်စဲထားမလား မထားဘူးလားဆိုတာ ဆုံးဖြတ်နိုင်ခွင့်ကလဲ သူတို့မှာဘဲ ရှိတာကိုး”

ငြိမ်းငြိမ်းချမ်းချမ်း ပျော့ပျော့ပျောင်းပျောင်း ချဉ်းကပ် လုပ်ဆောင်တာထက် စာရင် အစိုးရကို စစ်ပုံစံ ပိုဆန်တဲ့ အုံကြွမှုမျိုး လုပ်ဖို့လိုတယ်လို့ကော ထင်ပါသလား။

“ ငြိမ်းငြိမ်းချမ်းချမ်း ပျော့ပျော့ပျောင်းပျောင်း ဆိုတာလဲ လမ်းမှန်တော့ မဟုတ်ဘူး ထင်ပါတယ်။ ငြိမ်းချမ်းဖို့တော့ လိုတယ် ပျော့နေလို့တော့ မဖြစ်ဘူး။ ဂန္ဓီကြီးက ပြောခဲ့တယ်။ အကြမ်းမဖက်လမ်းကို လိုက်ရတာ အကြမ်းဖက်လမ်းကို လိုက်ရတာထက် သတ္တိပိုရှိဖို့လိုတယ်တဲ့။ ဘာလို့လဲဆိုတော့ ပိုကြိုးကြိုးစားစား ခက်ခက်ခဲခဲ လုပ်ရမှာမို့တဲ့။ ကျမတို့ ငြိမ်းချမ်းတဲ့လမ်းကိုရွေးတာ ကျမတို့ပျော့တဲ့လမ်းကို ရွေးတယ်လို့တော့ မဆိုလိုပါဘူး”



မြန်မာနိုင်ငံက ရေနက်ဆိပ်ကမ်းလို စီးပွါးရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင် နေကြတဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက သောတရှင်တွေ အနေနဲ့ကကော သူတို့နိုင်ငံက လူထုအခြေပြု အဖွဲ့အစည်းတွေက
 မြန်မာနိုင်ငံမှာ သူတို့အစိုးရတွေက လုပ်နေတဲ့ စီးပွါးရေး လုပ်ငန်းတွေအပေါ် ဘယ်လိုဖိအားမျိုးတွေပေး
 နိုင်ပါသလဲ။

“ရေတိုအကျိုးစီးပွါးကိုကြည့်တာထက် ရေရှည်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တာဝန်သိသိ ကြည့်ကြဖို့ သူတို့အစိုးရတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ရင် ကောင်းပါတယ်။ နှစ်နိုင်ငံအကြား အရေးအကြီးဆုံး အချက်က အစိုးရနှစ်ရပ်ကြား ဘယ်လောက်သင့်မြတ်တယ်ဆိုတာ မဟုတ်ဘူး၊ ရေရှည်မှာ နှစ်နိုင်ငံပြည်သူတွေ ဘယ်လောက်သင့်မြတ် အဆင်ပြေတယ်ဆိုတာက ပိုအရေးကြီးတယ်လို့ ကျမထင်တယ်။ နှစ်နိုင်ငံပြည်သူတွေကြား ကောင်းမွန်တဲ့ဆက်ဆံရေး ရှိဖို့ဆိုတာ သူတို့ဘယ်လောက် မျှမျှတတယှဉ်ပြိုင် လုပ်ကိုင်ခွင့်ရတယ်ဆိုတဲ့အပေါ် မူတည်တယ်ဆိုတာ သူတို့အစိုးရတွေ သိအောင်လုပ်ပေးနိုင်ရင် ပိုကောင်းတယ်လို့ ကျမထင်ပါတယ်”

အခုလောလောဆယ် ဘယ်နေရာတွေမှာ မျှမျှတတ မရှိဘူးလို့ထင်ပါသလဲ။ ဒီဖွံ့ဖြိုး တိုးတက်မှုတွေက
 မြန်မာပြည်သူတွေအတွက် ဘာမှ အကျိုးမရှိဘူးလား။

“ဒါတကယ့်ကို မမျှတတာပါ။ မြန်မာပြည်ထဲမှာရှိတဲ့ လူတချို့အတွက်တော့ အကျိုးရှိပါတယ်။ မြန်မာပြည်သူ အများစုကြီးအတွက် အကျိုးရှိတယ်လို့တော့ ကျမ မထင်ပါဘူး”

မွေးနေ့အတွက် ဆုတောင်းရမယ်ဆို ဘာဆုကိုတောင်းမလဲ။

“ရှင်းရှင်းလေးပါ၊ ဒါကျမတို့ အားလုံး ကြာရှည်ကြာများ အတူတူတောင်းနေကြတဲ့ ဆုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး အမြန်ဆုံးရပါစေလို့ပဲ ဆုတောင်းပါမယ်”

ဒါဖြစ်နိုင်လိမ့်မယ်လို့ကော ထင်ပါသလား။ ဒါတနေ့မှာ တကယ်ဖြစ်လာလိမ့်မယ်လို့ ကောထင်ပါသလား။

“သိပ်ကိုမျှော်လင့်ပါတယ်။ ကျမတို့လုပ်နိုင်တာနဲ့အမျှ ရမှာပါပဲ။ ကြိုးကြိုးစားစားလုပ်ရင် အောင်မြင်မှာပါ”

တချို့က မေးခိုင်းပါတယ်။ ဒေါ်စုကို ဘယ်အရာတွေက ရယ်မောစေပါသလဲတဲ့။

“ကျမကို ရယ်အောင် လုပ်နိုင်တာ အများကြီးရှိပါတယ်။ တခါတရံ အစိုးရလုပ်နေတာ တွေကလဲ ရယ်ရတာဘဲ။ တခါတရံ သူတို့လုပ်တာ သိပ်ကို ရယ်စရာကောင်းတယ် ဟာသတွေပဲ။ မငိုချင်ရင် ရယ်နေမှ ရမှာ”

Credit to Big Brothers & Sisters

သံဝေဂ

သံဝေဂ

by Kyaw Thu on Sunday, June 26, 2011 at 3:00pm
သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/ခ ရပ်ကွက် ကျိုက္ကဆံဘုရားအရှေ့ဘက်မုဒ်၊ ငြိမ်းချမ်းရေးကျောင်း တိုက်၏ တတိယနာယကဆရာတော် ဘဒ္ဒန္တ ကောဝိဒမထေရ် သက်တော် (၈၃) နှစ်၊ ၀ါတော် (၅၉) ၀ါ သည် ၂၁.၆.၂၀၁၁ (အင်္ဂါနေ့) ည (၈း၀၅) နာရီအချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါ၍ ယနေ့ ၂၅.၆.၂၀၁၁ (စနေနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် ငြိမ်းချမ်းရေးကျောင်းတိုက် မှ ရေဝေးသုဿန် သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးယာဉ် (ဆရာတော်ကြီးပုံတော်တင်)၊ အထူးနိဗ္ဗာန်ယာဉ် ကြီးနှင့် အသင်းသားများက ပင့်ဆောင်၍ အန္တိမ အဂ္ဂိဈာပနအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့သည်။
          တစ်ချိန်တည်း၌ တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် မင်္ဂလာသုခပါဋ္ဌိတက္ကသိုလ် ဘဒ္ဒန္တ သုန္ဒရ သက်တော် (၇၅)၊ ၀ါတော် (၅၅) ၀ါ သည် ၂၁.၆.၂၀၁၁ (အင်္ဂါနေ့) ည (၂၃း၀၀) နာရီအချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါ၍ ယနေ့ ၂၅.၆.၂၀၁၁ (စနေနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆရာတော်ကြီး၏ ပုံတော်တင် ရှေ့ပြေးမော်တော်ယာဉ်နှင့် အထူးနိဗ္ဗာန်ယာဉ်ကြီးတို့ဖြင့် အသင်းသားများ အုပ်စု (၂) စုခွဲကာ ၀ိုင်းဝန်းကုသိုလ်ယူ ပင့်ဆောင်ကာ အန္တိမ ဈာပနအခမ်းအနားအား တစ်ပြိုင်နက်တည်း ရေဝေးသုဿန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခု ချမ်းသာ နောင်ချမ်းသာ ဘယ်ဟာရွေးကြမယ်
ခွင့်ကောင်းဆိုတာ များသူငါ နှစ်ခါရခဲ့တယ်
သာသနာထဲ ကြုံကြိုက်ဆဲ အားခဲချင့်သဖွယ်
သူများသေမှ သံဝေဂ ရကြများသူငါ
ကြားတုံးခဏ သံဝေဂ ပျောက်ကြသိပ်မကြာ
မြင်တုံးခဏ သံဝေဂ ပျောက်ကြသိပ်မကြာ
ကိုယ်တိုင်အနန္တ သေခဲ့လှ သေရအုံးမည်သာ။
(မဟာသိပံ္ပဆရာတော်ဘုရားကြီး)











မိုဘီဂျီနိုနဲ့ ငြိမ်းချမ်းရေး ကမ်ပိန်း

မိုဘီဂျီနိုနဲ့ ငြိမ်းချမ်းရေး ကမ်ပိန်း

by John Glenn on Monday, June 27, 2011 at 5:49am
မိုဘီဂျီနိုနဲ့ ငြိမ်းချမ်းရေး ကမ်ပိန်း




ဒီတပတ်အစီအစဉ်ကတော့ အင်တာနက်ပေါ်က ငြိမ်းချမ်းရေးလှုပ်ရှားမှုအကြောင်းကို တင်ဆက်ပေးထားပါတယ်။

ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ်နဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေက စစ်မက်ဖြစ်ပွားနေမှုတွေ ရပ်တန့်ကြဖို့
ပြောဆိုနေကြတဲ့ အသံတွေဆူညံလာသလို ဗုံးပေါက်ကွဲမှုတွေအပြီးမှာ လူတွေကြား ပိုမိုစိုးရိမ်လာတဲ့ အကြောင်းတွေကို ထုတ်ဖော်ပြောဆို လာကြတာတွေ့ရပါတယ်။

အင်တာနက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေထွန်းကားတဲ့၊ လွတ်လပ်ကြတဲ့ တခြားကမ္ဘာ့နိုင်ငံတွေမှာတော့ ခေတ်မှီနည်းပညာတွေသုံးပြီး လှုံ့ဆော်လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော်ပြောဆိုမှုတွေဟာ ပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ကြသလို မြန်မာတွေလည်း အဲဒီလောက် မကျယ်ပြန့်ပေမယ့် အင်တာနက်မှာတော့ အမြင်ချင်းဖလှယ်တာတွေ ဆန္ဒထုတ်ဖော်တာတွေ ရှိကြပါတယ်။

ဒီအကြောင်းကို စာရေးဆရာ၊ ဒါရိုက်တာတဦးဖြစ်တဲ့ ကိုချိုတူးဇော်က မိုဘီဂျီနိုအစီအစဉ်မှာ ပြောပြထားပါတယ်။

ကိုချိုတူးဇော်ပြောပြသွားတဲ့ မိုဘီဂျီနိုအစီအစဉ်ကို နားထောင်ချင်ရင် အောက်ဖော်ပြပါ လင့်ခ်မှတဆင့် သွားရောက်နားထောင်နိုင်ပါတယ်။

http://www.bbc.co.uk/burmese/programmes/2011/06/110626_mobigeno_chotuzal.shtml

Sunday, June 26, 2011

ရန်ငါစည်းတကယ်ပြတ်မပြတ်ကိုယ်တိုင်သာစမ်းစစ်ကြည်.တော.


ဗမာပြည်နိုင်ငံရေးသမားဆိုသူများ(ပညာတတ်ကြီးများ)သည်ရှေ့ခြေလှမ်းတိုးဖို.မစဉ်းစားကြပဲ
နောက်ကြောင်းရာဇဝင်များကိုသာချီးချောက်ရေနူးချင်သည်ကများနေသည်ယနေ.ခေတ်လူငယ်
တို.မအကြတော.ဟုသာပြောလိုက်ချင်သည်၊
ကွန်မြူနစ်တိုင်းလဲရန်သူမဟုတ်၊အရင်းရှင်တိုင်းလည်းအကြွေးရှင်များမဟုတ်ကြတော.သည်ကိုလူငယ်
တွေကောင်းကောင်းသဘောပေါက်နေပြီဖြစ်သည်၊
ယနေ.လူငယ်တွေအတွက်လိုအပ်နေသည်မှာရှေးကမားမားမတ်မတ်နှင်.အတုယူစရာ၊စံပြုစရာခေါင်းဆောင်
တွေရဲ.လမ်းညွုန်မှုအောက်ရောက်ရှိဖို.သာလိုသည်၊
ကွန်မြူနစ်မကောင်းကြောင်းဝါဒဖြန်.နေရမည်.အချိန်မဟုတ်တော.ပါ၊ဒိုင်အာခီအုပ်ချုပ်ရေးတို.၊စက္ကဖြူစီမံကိန်း
တို.ကျန်ခဲ.ပြီဖြစ်သည်၊

Friday, June 24, 2011

“ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး”

“ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး”

ဒီနေ့မနက် ၈ နာရီလောက်မှာ ထိုင်-မြန်မာ နယ်စပ် အမှတ် ၁ ဒုက္ခသည်စခန်း အတွင်းမှာ ရှိတဲ့ လူသွားလမ်းနဲ့ ကားလမ်းမတွေတလျှောက် လူတွေပြည့်ကြပ်လို့နေပါတယ်။
အယောက်လေးထောင်လောက် ရှိတဲ့လူအုပ်ကြီးက “ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေး… ဒို့အရေး(၂)။ ကရင်နီပြည် အချုပ်အချာအာဏာ တည်တန့်ခိုင်မြဲရေး… ဒို့အရေး(၂)။နယ်ချဲ့အစိုးရအာဏာပိုင် များ ကျဆုံးရေး…..ဒို့အရေး(၂)။ ကရင်နီအမျိုးသားခုခံတော်လှန်ရေး… အောင်ရမည်…အောင်ရမည် (၂)။” ဆိုတဲ့ကျွေးကြော်သံတွေနဲ့ ရပ်ကွက် -၈ အားကစားကွင်းပြင်ဆီကို တစ်စီတစ်တန်းကြီး ချီတက်သွားကြပါတယ်။ အဲဒီထဲက အများစုကတော့ကရင်နီမျိုးနွယ်စုတွေထဲကကျောင်းသားလူငယ် လေး တွေပါဘဲ။

nationalday2011
ကျောင်းသူကျောင်းသားနှင့် မိဘပြည်သူများ အခမ်းအနားရှိရာသို့ ချီတက်နေစဉ် (ဓါတ်ပုံ-ကေတီ)
သူတို့လေးတွေဟာ ယခု ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ဟောပြောပွဲအခမ်းအနားကိုသွားရောက်လေ့လာကြမှာပါ။ ကရင်နီ အမျိုးသား နေ့ဟာ ကရင်နီပြည်မှာနေထိုင်တဲ့ မျိုးနွယ်စုတွေအားလုံးကိုကိုယ်စားပြုတယ်ဆိုပေ မယ့် မြန်မာစစ်အစိုးရအဆက်ဆက် လက်ထက်မှာတော့ အသိအမှတ်မပြုဘဲပိတ်ပင်ထားခြင်းခံရ တဲ့အတွက် ပြည်တွင်းမှာ နေထိုင်တဲ့ကရင်နီလူငယ်တွေအနေနဲ့ ကိုယ့်မှာအမျိုးသားနေ့ရှိမှန်းတောင်မသိကြတော့ ပါဘူး။

“ဒီနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ဟာ ဗမာ လုံးဝ အသိမှတ် မပြုဘူး။ ဗမာလုံးဝ လက်မခံဘူး။ အဲဒါကြောင့်မို့လို့ ကျနော် ဒီစကားကို ပြောရင် ဗမာကို တော်တော် ထိခိုက်တယ်။ သမိုင်းအရ ပြန်ထောက်လို့ရှိရင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည် ဖြစ်တယ်ဆိုတာ ဒါသက်သေ။ သက်သေပြခြင်း ဖြစ်တဲ့အတွက်ကြောင့် ဗမာ အစိုးရ အဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့ စာရင်းထဲမှာ မထည့်ဘူး။”

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဒု-ဥက္ကဌ ခွန်းအယ်ဘယ်တွီးက ယခု ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခန်းအနားကိုတက်ရောက်တဲ့ လူအယောက် ၄ ထောင်ကျော်ရှေ့မှောက်မှ ဟောပြောသွားခဲ့တာပါ။
nationalday2011a
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဒု-ဥက္ကဌ ခွန်းအယ်ဘယ်တွီးက မိန့်ခွန်းပြောကြားစဉ် (ဓါတ်ပုံ-ကေတီ)
မြန်မာအစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ နေနေရတဲ့အတွက် ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီးလေ့လာသင်ယူ ရမယ့် အခွင့်အလမ်းမရှိခဲ့တဲ့ ကရင်နီပြည်တွင်းမှ လူငယ်အမျိုးသမီးဖြစ်တဲ့ မော်ဌေးမြာကယခုလိုပြော ပါတယ်။

“အနှောက်ဖက်ကမ်းမှာတော့ လွတ်လပ်ရေးနေ့ဆိုရင်တော့ အခမ်းအနားတွေတက်ဖူးတယ်။တိုင်းရင်းသား ကိုခေါ်ပြီး ၀တ်စုံတွေနဲ့တက်ဖူးတယ်။ ကရင်နီအမျိုးသားနေ့ကိုတော့ အနှောက်ဘက်ကမ်းမှာမတက်ဖူး ဘူး။ ဒီ ၂၀၁၀ ရလပိုင်း၊ ၁၇ ရက်နေ့မှာ ဒီဒုက္ခသည်စခန်းကို စရောက်လာပါတယ်။ဒီဒုက္ခသည်စခန်း ရောက်မှ ကရင်နီအမျိုးသားနေ့ကျင်းပတယ်။ စာမေးပွဲမှာလည်း မေးဖူးတယ်။ ဒီတခေါက်တော့ကိုယ်တိုင် တက်ရောက်ဖူးတယ်ပေါ့။”

ကရင်နီသမိုင်းကြောင်းရ လွန်ခဲ့တဲ့ BC ၇၃၉ နှောက်ပိုင်း ကရင်နီအမျိုးသားတို့ကိုနှစ်တစ်ရာတိုင် ကျွန်အဖြစ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ယွန်းတွေကို ကရင်နီအမျိုးသားတရပ်လုံးမှ စုစည်းညီညွတ်မှုဖြင့် တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။

ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ဗမာဘုရင်နဲ့ ဗြိတိသျှဘုရင်အစိုးရတို့ကကရင်နီ ပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် အသိအမှတ်ပြုရန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့တဲ့နေ့ရက်ကို အစွဲပြုပြီးပြည်နယ် အတွင်း မှီတင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးတို့မှ ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာရခြင်းနဲ့ ပတ်သက်ပြီး ခွန်းအယ်ဘယ်တွီးက အခန်းအနားမှာ ယခုလိုရှင်းပြပါတယ်။

“မင်းတုန်းမင်းခေတ်မှာတော့ ကရင်နီနယ်မြေကိုသိမ်းမယ် တကဲကဲလုပ်လာကြတယ်။ နှောက်တော့ ဗြိတိသျှနဲ့ထိပ်တိုက် ပြဿနာကို မရင်ဆိုင်ရအောင်ဆိုတဲ့အနေနဲ့ ဆိုတော့ သဘောက ကရင်နီကို ကြားနေနိုင်ငံပုံစံမျိုးရှိပြီးတော့ ကရင်နီနဲ့လွတ်လွတ်လပ်လပ်နေဖို့။ ကျနော်တို့ ဘယ်အဖွဲ့အစည်းကမှ ၀င်ရောက်ချုပ်ချယ်ချင်တာ မရှိဖို့ဆိုတဲ့အနေနဲ့ သက္ကရစ် ၁၈၇၅ခု ဇွန်လ ၂၁ရက်နေ့ ဒီလိုနေ့အချိန်အခါမှာ ဗြိတိသျှနဲ့ အင်းဝဘုရင်က သဘောတူညီချက်အရ ဗြိတိသျှကိုယ်စားလှယ်… ဗမာဘက်မှာဆိုရင် ဗမာဘုရင် ကင်းဝန်မင်းကြီးက ဗမာပြည်ကိုယ်စားပြုပြီးတော့ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ...အသိအမှတ်ပြုတယ်။ လက်မှတ်ထိုးတယ်။”
nationalday2011b
အခမ်းအနားသို့ တက်ရောက်အားပေး နားထောင်ကြတဲ့ မိဘပြည်သူများနှင့် ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-ကေတီ)
ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်ကြောင်း ဗမာဘုရင်နဲ့ဗြိတိသျှဘုရင်အစိုးရ တို့ကနေပြီး ဘယ်လိုအသိအမှတ်ပြုခဲ့ကြလဲဆိုတာနဲ့ ပတ်သက်ပြီး ကရင်နီသမိုင်းမှတ်တမ်းများစုစည်း ရေးသားသူ ခူးဘျားရယ်ပေါလူက ယခုပြောပါတယ်။

“ဖြစ်စဉ်က အနောက်ကရင်နီဖြစ်တဲ့ ခွိစနဲ့ ခွိကေးဖိုးဒူရဲ့သား ခွိစခွသီ သူ့နယ်မြေတည်မြဲရေးကနယ်ချဲ့ အင်္ဂလိပ်တွေကို သွားပြီးတော့မှ မဟာမိတ်ဖွဲ့လိုက်တယ်။ ဒီအပေါ်မှာ သူတို့ရရှိတဲ့အမြတ်ကမဟာမိတ် အင်္ဂလိပ်တွေ ပါဝင်မှုပေးပြီးတော့မှ သီးခြားလွတ်လပ်ရေးအတွက် လွမ်းမိုးဖို့ကြိုးစားတယ်။ ဒါပေမယ့် လွမ်းမိုးဖို့ကြိုးစားတုန်းမှာဘဲ အနောက်အုပ်စုက အင်္ဂလိပ်ဆီမှာသွားပြီးတော့မှသူ့ရပ်ရွာဒေသတည်မြဲရေး အတွက် ရယူလိုက်တော့။ ဟိုဘက်ကအနောက်အုပ်စုက ပိုပြီးအားကောင်းတာကိုး၊အကောင် ပိုကြီးတော့ အင်္ဂလိပ်ပါဝင်မှုနဲ့… သီးခြားလွတ်လပ်တဲ့ နေရာပေးရမယ်ဆိုပြီးတော့မှ ဗမာပြည်ကအသိအမှတ်ပြုလိုက် ရတယ်။”

ယနေ့ ကျရောက်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ကရင်နီပြည်တွင်းမှအပ ပြည်ပရှိ ကရင်နီအမျိုးသားတွေ သွားရောက်နေထိုင်ကြတဲ့ အမေရိကန်၊ ဖင်လန်၊ သြစတေးလျးနဲ့ နယူးဇီလန်နိုင်ငံတို့မှာလည်း ကျင်းပပြုလုပ်ကြလို့ သိရပါတယ်။

လိုအပ်နေသော ညီမျှခြင်းများ....

လိုအပ်နေသော ညီမျှခြင်းများ....


 ဝေဟင်စစ်ဆင်ရေးများကို နှစ်သက်သော ကြောင့် တိုက်လေယဉ်မှုးဘ၀ကို ခံယူခဲ့သော်လည်း တကယ့်လက်တွေ့ မှာ ခက်ခဲကြမ်းတမ်းလွန်းပြီး အသက်ကို အလောင်းအစားပြုရသော တိုက်လေယဉ်မှုးဘ၀ ကို
 စွန့် လွှတ်  လိုသော ကြောင့် အထက် တာဝန်ရှိသူများကို ၄င်း၏ ချင့်ချိန်တွက်ဆမှုများ မှန်ကန်တိကျ ခြင်းမရှိတော့ဘဲ ဦးနှောက်စွမ်းဆောင်ရည် မှာ ပုံမှန်မဟုတ်ကြောင်းဖြင့် အကြောင်းပြပြီး မြေပြင်တာဝန်များသာ ထမ်းဆောင်ခွင့် ပြု၇န် တောင်းဆိုခဲ့သည်။ တာဝန်ရှိသူများက တင်ပြချက်အစအဆုံးကို သုံးသပ်ပြီးအမှန်တကယ် စွမ်းဆောင်ရည် ကျဆင်းသူသည် မိမိကိုယ်တိုင်၏ ချို့ ယွင်းချက်များကို သိမြင်နိုင်ခြင်းမရှိကြောင်းနှင့် ယခုတင်ပြချက်မှာ စွန့် စားမှုတာဝန်များကို ရှောင်လွှဲလိုသော တိုက်လေယဉ်မှုးတစ်ဦး ၏ တင်ပြချက်များအဖြစ်သတ်မှတ်ပြီး ပိုမို ကျွမ်းကျင်မှု၊နှင့် အတွေ့ အကြုံးများများရှိစေ၇န် အတွက်ကို သာ ဆက်လက်လေ့ကျင့်စေခဲ့ပြီး catch22 မစ်ရှင်ဖြင့် ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။ဂျိုးဇက်ဟယ်လာဆို သော စာရေးဆရာတစ်ဦး ၏ လေယဉ်မှုးဇာတ်ကောင် ကို အခြေခံရာမှ အမေရိကန် စာဖတ်သူ လူထုအကြား အပြောနှင့် အလုပ် တစ်ထပ်တည်းမကျလာသော အခြေအနေများ ကို catch22ဟု ခေါ်ဝေါ်သုံးစွဲကြသော အလေ့ဖြစ်လာကြသည်။
 
 တိုးတက် လှုပ်ရှားနေ ကြသော လူမှုဝန်းကျင်များတွင် အလားတူ စိန်ခေါ်မှုများကို ထိပ်တိုက် နဖူးတွေ့ ဒူးတွေ့ ရင်မဆိုင် လိုကြသည် များကို တွေ့ မြင်ခဲ့ကြရသလို တွေ့ မြင်နေရဆဲများ လည်းရှိနေသည်။အထူးသဖြင့် ယှဉ်ပြိုင်မှုများလှသော ကြော်ငြာလုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်းများ တွင် အုပ်ချုပ်ရေးပိုင်းများမှ အမြဲ ကြားရလေ့ ရှိကြသော စကားများအဖြစ် " အိုင်ဒီယာတွေ လို နေတယ် ၊ ဆန်းသစ်မှု တွေပေးပါ " ဆိုသည်များဖြစ်သည်။ တက်သစ်စလူငယ်များမှ ၄င်းတို့ တောင်းဆိုသော လိုအပ်ချက်များပေးလာသော  အချိန်မှာ တော့ လက်ခံကြပါသလား။ လက်မခံပါဘူး။ အဖြေက ရှင်းပါသည် ဆန်းသစ်မှုမှန်ပါသော် လည်း ပုံစံသစ်များ အတွက်   အတွေ့ အကြုံ မရှိသေးမှုများက စွန့် စားလွန်းရာကျနေ သည် ဟုသုံးသပ်ကြပြန်ပါတယ်။

 တုံ့ ပြန်မှုအဖြစ် အိုင်ဒီယာ အသစ် လမ်းအသစ် က ကောင်းတော့ကောင်းပါတယ် ဒါပေမယ့် မျက်စိစပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆုံးသတ်သွားပြီး အုပ်ချုပ်ရေးပိုင်း၏ catch22 ဖြစ်လာပါတယ်။ ဒီလို မျိုးမဖြစ်စေရေ့းအတွက် အိုင်ဒီယာ ခန်းခြောက်မှုများ မကြုံစေဖို့ အတွက် သုတေသနလုပ်ငန်းတွေ ကို အားပေးခြင်းဖြင့် အတွေ့ အကြုံလုံလောက်သော တည်ဆောက်မှုအသစ်များကို ကြိုဆိုနိုင်မည် ဖြစ်သည်။  လက်တွေ့ မပါသော မည်သည့် လုပ်ငန်းတွင်မှ စာရွက်နှင့် နမူနာ များပေးနေမျှ သက်သက် ဖြင့် ပြည့်စုံ ပြီးခြောက်ပြစ် ကင်းသော တိုးတက်မှုကို ရရှိမည် မဟုတ်ပေ။
 
 စီးပွားရေး လုပ်ငန်းကြီးများ၊ အများပြည်သူနှင့်ဆိုင်သော ပတ်ဝန်းကျင်နယ်ပယ် များတွင်ပင် ထိပ်ပိုင်းနေရာမှ ပုဂ္ဂိုလ် များ၏ အတွင်းကျသော တွေးခေါ်မှု  မှ ထွက်ပေါ်လာသော လက်သုံးစကားများတွင် လည်း catch22 ရှိပါသေးသည်။ တကယ် တော် ပြီးထူးချွန်မယ့်လူ များသာ ရှိလာမယ် ဆို ၀မ်းမြောက်ဝမ်းသာ နေရာဖယ်ပေး ဖို့ အသင့်ပါ။ အခုတော့ အားကိုးလောက်တဲ့ အရည်အချင်းရှိသူ ဆို မတွေ့ ရလို့  ဒီနေရာကို သည်းခံပြီးတာဝန်ယူနေရပါတယ်။တကယ်ပင် အခြေအနေများဆိုးရွား လာမည်စိုးသောကြောင့် မဖြစ်မနေတာဝန်ယူပေးနေရ သလို ပုံဖမ်းနေကြသည်။

 အမှန် တကယ် ထူးချွန်သော ပုဂ္ဂိုလ် များမှ တာဝန်ယူနိုင်သော စွမ်းရည်များရှိလာသော အခါ "အင်း...ဒီလူ ဟာဖြင့် တော်လွန်းနေတယ် ရှေ့ ကို နေရာရလာတဲ့ အခါ ငါ့ ထက်သာလွန်သွားနိုင်တယ်။မဖြစ်ချေဖူး။ သူ့ ရဲ့ အစွမ်းအစတွေ မှေးမှိန်ထားမှ လုပ်ပိုင်ခွင့်တွေထိန်းချုပ်ထားမှ  ငါ့ အခြေအနေ ကောင်းနိုင်လိမ့်မယ်"ဆို တဲ့ အတွေးမျိုး ပြောင်းပြီး catch22 ၀င် သွား ပြန်ပါ တယ်။
 
 နိုင်ငံ၏ ဘဏ္ဏာရေးလို ငွေကာမိစေ၇န် အတွက် အများပြည်သူနှင့် သက်ဆိုင်သော လမ်းမသုံးပြုခများ၊ ကား၊ ရထား၊ လေယာဉ်ကဲ့သို့  ကုန်စည်စီးဆင်းမှု အရေးပါသော အပိုင်းများတွင် အခွန်အခများတိုးမြှင့် ကောက်ခံခြင်းကြောင့် နှုန်းထားစရိတ်များတိုးမြှင့် လာသဖြင့် ပြည်သူ့ ဝင်ငွေ ကျဆင်းလာခြင်းသည် အခွန်ရှောင်သူများ ပိုမိုများပြားလာပြီး လိုငွေပြမှု မသက်သာစေသည့် အပြင် ပိုမိုဆိုးရွားလာစေသည် ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ခြင်း ကို လည်း catch22 ဟုသတ်မှတ်ကြသည်။

 ပြောင်းလဲမှုတစ်ခု ပြုပြင်မှုတစ်ခု ကို စတင်မယ် ဆိုရင် အကောင်းနှင့် အဆိုး (သို့ ) အမှန်နှင့် အမှား အစွန်းနှစ်ဖက်လွတ်စေမည့်  catch22ကို သတိပြုသော ညီမျှခြင်း အချိုးညီ အခြေအနေ မျိုးကို ထောက်ဆဆင်ခြင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

Written by : Ohnmar 

Thursday, June 23, 2011

23.06.2011နေ.ဖတ်စရာသတင်းများ

သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ကျေးသီးမြို့ နယ်ရှိ တပ်စခန်းတခုအား မြန်မာစစ်တပ် အင်အား ၃-၄ ရင်းပူးပေါင်း၍ ယမန်နေ့ မနက်ပိုင်းမှစ၍ထိုးစစ် ဆင်တိုက်ခိုက်ရာ ယနေ့မနက်ပိုင်းအထိစခန်းအပြင် ဖက်၌ အပြန်အလှန် ဝန်းရံထားကြ ကြောင်းဝမ့်ဟိုင်း ဌာနချုပ်မှ အရာရှိတဦးကပြောသည်။“ မနေ့ကမနက် ၈ နာရီ ၁၅ မှာစပစ်တယ်။ မြန်မာစစ်တပ်ဖက် သီပေါ မုံးလာက ခလရ ၁၄၇ ၊ မိုင်းနောင် ခလရ ၂၈၆၊ မိုင်းရယ် ခမရ ၃၂၅ ၊ နမ့်လန် ၅၀၄ စတဲ့ ပူးပေါင်းတပ်အချို့ ပါတာတွေ့ရတယ်။

လက်နက်ကြီးတွေနဲ့ ချ တယ်။ ကျနော်တို့ တာ့ဖာဆောင်တပ် စခန်း က အင်အား ၃၀ လောက်နဲ့ဘဲခံစစ်ဆင်နေပါတယ်” ဟု အဆိုပါ အရာရှိ ကပြောသည်။သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တာ့ဖာဆောင်တပ်စခန်းမှာ သီပေါ-ကျေးသီး မိုင်းရယ်ကြား နမ့်ဟဲန်ချောင်း အနီး ရှိ ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စုတွင်ဖြစ်သည်။ ၈ နာရီ ၁၅မိနစ်ကစသည့် တိုက်ပွဲမှာ ပစ်လိုက်ရပ်လိုက်ဖြင့် ညပိုင်း အထိ ပစ်ခတ်ခဲ့ကြပြီး ယနေ့ မနက်ပိုင်းအထိအပြန်အလှန်အင်အား ဖြည့်ကာ နှစ်ဘက်အထပ်ထပ်ဝန်းရံနေကြသေး ကြောင်း ဝမ့်ဟိုင်းမှ သျှမ်းပြည်တပ်မတော်အရာရှိကပြော သည်။




Tang_Yanတိုက်ပွဲဖြစ်ပွါးရာနေရာပြမြေပုံ

“ အဲဒီတာ့ဖာဆောင်စခန်းမှာ ကျနော်တို့ တပ်မဟာ ၃၆ ရဲ့ တပ်ရင်း ၇၆၆ ရှိတယ်လေ။ ဗမာစစ်တပ်ကလှုပ်ရှား စစ်ဗျူဟာ ၂ လက်အောက်ခံ ခလရ ၂၂ က ကျနော် တို့စခန်းကိုဝိုင်းရံလိုက်တယ်။ သူတို့မှာ အင်အား ၇၀ လောက်ရှိမယ်။ မိုင်းရယ်အခြေစိုက် ခလရ ၆၇ ကို သူတို့စစ်ကူထပ်တောင်းထားတယ်။ ကျနော်တို့ရဲ့ တပ်မဟာ ၂၇ ရဲ့ တပ်ရင်း ၁၈၇ က ဗမာစစ်သားတွေရဲ့ အပြင် ဖက်ကနေ ဝိုင်းပတ်ပိတ်စို့တိုက်ခိုက်တယ်။ တိုက်ပွဲက မနက် ၈ ခွဲကနေ ည ၁၀ နာရီခွဲလောက်အထိ သေနတ် ဖေါက် နေတုန်း”အဆိုပါတိုက်ပွဲမှ သေကြဒဏ်ရာရမှုကိုမူ မသိရသေးဟုလည်းဆိုပါသည်။“

ကျနော်တို့နယ်မြေအကြောင်း ကျနော်တို့လောက် ဘယ်သူကသိနိုင်မှာလဲ မဟုတ်ဘူးလား။ ဒီတိုက်ပွဲမှာ ဗမာတပ်တွေ ဘယ်လောက်သေတယ်ဆိုတာ မသိရသေးပေမယ့် သူတို့ အများကြီး သေကြေဒဏ်ရာရမှာ သေချာတယ်။ သန်းခေါင် လောက်ကစပြီး ပစ်ခတ်တိုက်ခိုက်တာ တွေ မရှိတော့ပေမယ့် ဒီမနက်အထိ နှစ်ဘက် အပြန်အလှန်ပိတ်ဆို့ထားတုန်း” ဟုလည်း ပြောဆိုလိုက်သည်။

အလားတူ ၁၇ ရက်နေ့က ဖြစ်ပွါးခဲ့သော တိုက်ပွဲများအနက် တန့်ယန်း - လားရှိုး ကားလမ်းပေါ် ရှိမိုင်းရယ်မြို့ နယ် ဟိုယ အုပ်စု၌မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် တကြိမ် ညနေ ၅ နာရီခွဲတွင်တကြိမ် မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းလည်း SSPP/SSA အရာရှိတဦးကထပ်လောင်းဖြည့်စွက် သည်။“ ၁၇ ရက်နေ့တုန်းက မိုင်းရယ်မြို့နယ် ဟိုယ အုပ်စုမှာ တိုက်ပွဲတကြိမ်ဘဲ သျှမ်းသံတော်ဆင့်က သတင်း ထုတ်လွှင့်သွား တာတွေ့ရတယ်။

တကယ်တော့ အဲနေ့ ဟိုယမှာဘဲ ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ နေ့ခင်း ၁ နာရီ မိနစ် ၄၀ က ဟိုယအုပ်စု နမ့်တောင်တွေ-ဟိုတုန်းရွာနားမှာ SSPP/SSA ရဲ့ တပ်မဟာ ၁ တပ်ရင်း ၈၅၁ က မြန်မာစစ်တပ်ရဲ့ ခလရ ၆၇ နဲ့ ဗိုလ်မွန်း -မန့်ပန်ဌာနေ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နဲ့ ပစ်ခတ်ခဲ့ရတယ်။ မြန်မာစစ် တပ်ဖက်က ၃ ယောက်သေ တယ်။ သူတို့ရဲ့ M 22 တလက်သိ ရမိတယ်။

နောက် ညနေ ၅ နာရီခွဲကျတော့ SSPP/SSA တပ်မဟာ ၁ ရဲ့ အမှတ် ၉ မြို့နယ်အုပ်ချုပ်ရေး တပ်က မိုင်းရယ်အခြစိုက်မြန်မာတပ်နဲ့ ဟိုယ အုပ်စု မှာတိုက်ပွဲထပ်ဖြစ်တယ်။ အဲ့မှာလဲ ဗမာဖက်က ၃ ယောက်သေတယ်။ တပ်ကြပ်ကြီးတယောက်ပါ တယ်။ သူတို့ရဲ့ MA 1လက်နက်တလက် ရတယ်” ဟု ဆိုပါသည်။သျှမ်းပြည်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် ဝမ့်ဟိုင်းဌာနချုပ်သိမ်းပိုက်နိုင်ရေးအတွက်ဓါတု လက်နက်သုံးသင့်က သုံးရမည်ဟု နေပြည်တော်စစ် ရုံးချုပ်မှ အမိန့်ချကြောင်း ခိုင်လုံသောလားရှိုးစစ်တိုင်း ရုံး သတင်းရပ်ကွက် ကသျှမ်းသံတော်ဆင့်သို့ပြောပြဖူးသည်။


အစိုးရသတင်း မမှန်ကန်ကြောင်း ကချင်လူထုကို KIA ရှင်းလင်းချက်ထုတ်ပြန်
ဇွန်လ ၂၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကချင်ပြည်နယ်တွင် ရက်သတ္တပတ်ကျော်ကြာ ဖြစ်ပွားနေသည့် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့အ ကြား ပစ်ခတ်မှုတွင် KIA ဘက်က စတင် ပစ်ခတ်ခြင်းဖြစ်သည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားခြင်းမှာ မှန်ကန်မှု မရှိ ကြောင်း KIA က ဇွန်လ ၂၀ရက်နေ့စွဲဖြင့် ကချင်လူထုကို ရှင်းလင်းစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၁ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့က အစိုးရ သတင်းစာတွင် ထုတ်ပြန်သည့် သတင်းသည် မှန်ကန်ခြင်းမရှိဘဲ ပြည်သူများ အဖြစ်အ ပျက်မှန်ကို သိရှိနိုင်ရန် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း KIA ၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

KIA တပ်ဖွဲ့များက ခြိမ်းခြောက်ခြင်း၊ စတင်ပစ်ခတ် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် မိမိတပ်မတော် စစ်ကြောင်းများ က မလွှဲမရှောင်သာ ပြန်လည်တိုက်ခိုက်ခဲ့ရသလို မိမိတပ်မတော်သားများနှင့် နိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ်စီမံကိန်းအား ကာ ကွယ်စောင့်ရှောက်လိုသည့် ရည်မှန်းချက်တခုတည်းဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး အခြားသော ရန်လိုဖိနှိပ်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်မရှိကြောင်း ဇွန်လ ၁၇ရက်စွဲဖြင့် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

KIA သတင်းထုတ်ပြန်ချက်တွင် ၂၀၁၁ခုနှစ်၊ ဇွန်လ ၉ရက်နေ့မှ ယနေ့အချိန်ထိ KIAတပ်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ် ပွားလျှက်ရှိသလို KIO-KIA အနေဖြင့် ပြည်သူအများ စိုးရိမ်ပူပန်လျှက် ဒုက္ခကြုံတွေ့ရမည်ကို မလိုလားကြောင်း၊ အစိုးရစစ်တပ်နှင့် KIA တပ်ဖွဲ့တို့အကြား တင်းမာမှု ဖြစ်စဉ် အခြေအနေ အသေးစိတ်ကို အချက်ပေါင်း ၂၄ချက်ဖြင့် လူထုအား ရှင်းလင်းထားသည်။

ထိုအချက်များထဲတွင် ဇွန်လ ၈ရက်နေ့က KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၅) ရှေ့တန်းစခန်းသို့ နယ်ကျွံဝင်ရောက်လာသည့် ရဲတပ် သား ရဲနိုင်၊ မွန်းလွဲ ၂ နာရီခွဲတွင် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် နယ်ကျွံဝင်ရောက်လာသည့် ခမရ(၄၃၇)မှ ဗိုလ်ကြီးမြတ်ကိုကို နှင့် ဗိုလ်ကိုကိုဝင်းတို့အား ခေတ္တ ထိန်းသိမ်းထားခဲ့ပြီး ၎င်းတို့၏ လက်နက်များနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။

သို့သော် အစိုးရတပ်မှာ ၎င်းတို့တပ်ဖွဲ့ဝင်များအား ပြန်လွှတ်ပေးရန် ဆက်သွယ်လာခဲ့သော်လည်း တစ်ဖက်တွင်မူ စစ်ရေးပြင်ဆင် ကာ ခမရ(၄၃၇)နှင့် (၃၄၈)တပ်ဖွဲ့ဝင်များသည် ဇွန်လ ၉ရက်နေ့တွင် ဆန်ဂန်ကျေးရွာသို့ ရောက်ရှိလာပြီး KIA ရှေ့တန်းကင်းစခန်း ကို စတင် ပစ်ခတ်ကာ KIA ဆက်ဆံရေးရုံးကို ၀ိုင်းအပြီး ဒုတပ်ကြပ်ချန်းယိန်းအား ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်သတ်ဖြတ်ခဲ့သည် ဟု ဖော်ပြထားသည်။

KIA နှင့် အစိုးရစစ်တပ် တိုက်ပွဲများ ဖြစ်ပွားမှုအပေါ် ကချင်ပြည်သူများအနေဖြင့် ကေအိုင်အိုကို လက်နက်ချစေလိုသည့် သဘော ထားမရှိကြောင်း ကချင်သတင်းဌာန အယ်ဒီတာ လဖိုင်နော်ဒင်းက ယခုလို ပြောသည်။

“အစိုးရက ဘယ်လိုပဲ သတင်းထုတ်ပြန်ပါစေ။ ကချင်လူထုအားလုံး နားလည်သဘောပေါက်တယ်။ စပြီး တင်းမာလာတဲ့အချိန်က တည်းက ကေအိုင်အိုအနေနဲ့ လက်နက်မချဖို့၊ အဖြေရှာဖြေရှင်းဖို့။ တိုက်လာမယ်ဆိုရင် ပြန်တိုက်ဖို့ ကချင်ပြည်သူတွေက လိုလား ပြီးသားပါ။ ကေအိုင်အို လုပ်ရပ်တွေအားလုံးဟာ ကချင်ပြည်သူ ထောက်ခံတယ်။”ဟု ပြောသည်။

မြန်မာအစိုးရ စစ်တပ်နှင့် KIA သည် လအတန်ကြာ စစ်ရေး တင်းမာမှုများနောက်ပိုင်း ဇွန်လ ၉ရက်နေ့က ကချင်ပြည်နယ်၊ မိုး မောက်မြို့အနီး တိုက်ပွဲများ စတင်လာသည့်အတွက် ကချင်ပြည်နယ် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ဝိုင်းမော်တို့မှ ရွာသူရွာသား ၂ သောင်းကျော်မှာ တရုတ်နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယင်းသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒေသခံ ရွာသူရွာသားများမှာ လုံလောက်သည့် အကူအညီထောက်ပံ့မှု မရရှိသလို အချို့ မှာ တောတောင်ဒေသများတွင် ဖြစ်သလိုနှင့် ပုန်းအောင်းနေထိုင်နေကြရသည့်အတွက် ကချင်စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ကောက်ခံရရှိသည့် အရေအတွက်ထက် ပိုများနိုင်ကြောင်းလည်း ကချင်သတင်းဌာန အယ်ဒီတာက ပြောသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့၏ အပစ်အခတ် ရပ်စဲရေးမှာ ၁၇နှစ်တာ ကြာမြင့်ခဲ့ပြီးနောက် ယခုနှစ်မှသာ နှစ်ဖက်တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။


ပူတာအိုခရိုင်တွင် မြန်မာတပ်နှင့် KIA တိုက်ပွဲစတင်လာ
Wednesday, 22 June 2011 16:24 KNG


ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်၊ မလိခမြစ်နှင့် ခရန်ခမြစ် ကြား (Mali-Hkrang Walawng)ဒေသတွင် ဇွန် ၂၂၊ ယနေ့ ဗုဒ္ဓဟူး ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှ စတင်ပြီး မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲစတင် လာသည်။

KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နှင့် ပူတာအိုမှ မြန်မာစစ်တပ်ကြား ခရန်ခ မြစ်ညာတွင် တိုက်ပွဲဖြစ်ခြင်းဖြစ်သည်ဟု တပ်မဟာ ၁ သတင်းရပ်ကွက်ကဆိုသည်။

ယခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု လိုင်ဇာဌာနချုပ်မှ KIA အရာရှိတစ်ဦးကလည်း ကချင်သတင်းဌာန သို့ အတည်ပြုပြောဆိုသည်။

ဇွန် ၉ ရက် မြန်မာ-KIA တိုက်ပွဲများစတင်လာကာ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲများ နေရာအနှံ့ဖြစ်လာသည်။



ကချင်အမျိုးသမီးများ မတရားကျင့်ခံရ
သန်းထိုက်ဦး Wednesday, 22 June 2011 18:55



တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်က အမျိုးသမီးများကို မတရားပြုကျင့်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခုက အင်္ဂါနေ့တွင် စွပ်စွဲလိုက်သည်။



အုပ်စုလိုက် မတရားကျင့်ခံရသူ အမျိုးသမီး အနည်းဆုံး ၁၈ ဦး ရှိပြီး ထိုအထဲမှ ၄ ဦး သေဆုံးသွားကြောင်း ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“၂၅ ယောက်လောက် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ခံရတယ်လို့ ပြောပေမယ့် ၁၈ ယောက်ကိုပဲ အတည်ပြုနိုင်တယ်၊ ဒီအချက်အလက်တွေကို ဒေသခံ ပေါ်တာနဲ့ အထဲမှာ အလုပ်လုပ်နေတဲ့ လူတွေဆီက ရတယ်” ဟု KWAT အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှယ်လီဆိုင်းက ဧရာဝတီကို ရှင်းပြသည်။

ထိုအမှုများမှာ ယခုလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ဖြစ်ပွားခဲ့ကြောင်း၊ မတရားကျင့်ခံရသူတို့မှာ မိုးမောက်၊ မိုးညှင်း၊ မန်စီ၊ ဒေါဖုံးယမ် မြို့နယ်တို့မှ ဒေသခံများ ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

ခြေမြန်တပ်ရင်း အမှတ် ၄၃၇၊ ခြေလျင်တပ်ရင်း အမှတ်၂၃၇၊ ၁၄၁ ၊ ၁၄၂၊ ၁၃၉ တို့မှ စစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိုးမောက်မြို့နယ်အတွင်းရှိ ဖြစ်ရပ်တခုတွင် အမျိုးသမီး ၆ ဦး မတရားကျင့်ခံရပြီး၊ ကလေးငယ် ၇ ဦး အသတ်ခံရကြောင်း ဖော်ပြထားသည်။

ဧရာဝတီက ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အစိုးရက KWAT အဖွဲ့၏ စွပ်စွဲချက်နှင့် ပတ်သက်၍ တုန့်ပြန်ခြင်း မပြုသေးကြောင်း တွေ့ရသည်။

ကချင်ပြည်နယ်တွင် ယခုလ ၉ ရက်နေ့မှ စတင်ပြီး အစိုးရစစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်များ တိုက်ပွဲ ဖြစ်ပွားနေသည်။

ထိုအမှုများသည် အစိုးရ ထိန်းချုပ်သည့် ဒေသများတွင် အဖြစ်များသည့် အတွက် စုံစမ်း စစ်ဆေးရန် အခက်အခဲ ရှိကြောင်း KIA၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)က ပြောသည်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး အရေ အတွက်က ထုတ်ပြန်ထားတာထက် ပိုများဖို့ပဲ ရှိပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တချို့ရွာတွေက ဘယ်သူတွေ ကျန်ရစ်ခဲ့သလဲ ဆိုတာ မသိကြဘူး သက်သေ အထောက် အထားတွေ ရအောင် ကြိုး စားနေပါတယ်” ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။

ဒေသခံများ လုံခြုံရာသို့ တိမ်းရှောင်ရန် တိုက်တွန်းထားသည့် ကချင်လူငယ် အဖွဲ့တဖွဲ့၏ ထုတ်ပြန်ချက်ကို ဇွန်လ ၁၆ ရက်နေ့က ကျေးရွာများတွင် ဖြန့်ဝေခဲ့ကြောင်း လိုင်ဇာမြို့ဒေသခံ တဦးက ပြောသည်။

စစ်ဖြစ်ပွားရာ ဒေသများတွင် အစိုးရ စစ်တပ်က မတရားပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဆိုသည်။

“ကရင်ပြည်နယ် ဘက်မှာ ကြည့်မလား၊ ရှမ်းပြည်နယ် ဘက်မှာ ကြည့်မလား၊ ဒီလို နေရာတိုင်းမှာ အမြဲတမ်း ဒီမုဒိန်းကျင့်တာ ကိုတော့ စစ်လက်နက်သဖွယ် အသုံပြုနေကြတာပဲ အဲဒီလိုမျိုး စစ်ပွဲတွေ ဖြစ်တဲ့နေရာတိုင်းမှာ ဒီမုဒိန်းကျင့်မှုဆိုတာ အမြဲတွေ့ ကြုံနေရတယ်”ဟု WLB အထွေထွေ အတွင်းရေးမှူး မတင်တင်ညိုက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် တခြားသော အမျိုးသမီးအဖွဲ့များကလည်း ထိုနည်းတူ သုံးသပ်ကြသည်။

၂၀၀၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ကရင်အမျိုးသမီး အစည်းအရုံး KWO ၏ အစီရင်ခံစာတစောင်တွင် အစိုးရ စစ်တပ်များက ကရင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းပန်း နှိပ်စက်မှု၊ သတ်ဖြတ်မှု၊ လုပ်အားပေး ခိုင်းစေမှုပေါင်း ၄၀၀၀ ကျော်ကို မှတ်တမ်းတင်ထားသည်။

ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) ၏ “မုဒိန်းကျင့်ခွင့် လိုင်စင်” အမည်ရှိ အစီရင်ခံစာ တစောင် ၂၀၀၂ ခုနှစ်တွင် ပေါ်ပေါက်လာရာ စစ်အစိုးရတပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မတော် မတရားမှုများကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာ ကာလအတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီး မြန်မာအာဏာပိုင်တို့ ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးရန် လူ့အခွင့်အရေး အဖွဲ့များက လှုံ့ဆော်နေကြသည်။ ထိုကော်မရှင် ပေါ်ပေါက်ရေး အတွက် ထောက်ခံပေးရန်လည်း ဥရောပ သမဂ္ဂကို မကြာသေးခင်က တောင်းဆိုခဲ့ကြသည်။



မြစ်ကြီးနားမြို့ မှာ ဗုံးပေါက်မှု နှစ်မှု ဖြစ်ပွါး
2011-06-22 RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ မနေ့ ည ၁၀ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု နှစ်မှု ဖြစ်ပွါး ခဲ့တယ်လို့  သတင်း ရရှိပါတယ်။
ပထမတစ်လုံးက ရဲစခန်းရှေ့ မှာ ရှိတဲ့ ဆိုင်ခန်းဟောင်းတွေမှာ ပေါက်ကွဲတာ ဖြစ်ပြီး၊ နောက်တလုံးက လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ပေါက်ကွဲတာလို့  ဒေသခံ တဦးက ပြောပါတယ်။ ဒါပေမယ့် ထိခိုက် ဒဏ်ရာ ရတာ မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မြို့တွင်းမှာ အခုမနက် အသွားအလာ အရောင်းအဝယ်တွေလည်း ပုံမှန်အခြေအနေ မှာ ရှိတယ်လို့ သိရပါတယ်။

ကချင် လွတ်မြောက်ရေး အဖွဲ့  KIO နဲ့ ဦးသိန်းစိန် အစိုးရကြား စစ်ရေးအရ တင်းမာနေတဲ့ အချိန်မှာ အခုလို ပေါက်ကွဲမှု ဖြစ်တဲ့ အတွက် ဒါဟာ ဘယ်သူဘယ်ဝါ ရဲ့ ဆောင်ရွက်ချက်လည်း ဆိုတာ ရှင်းရှင်းလင်း မသိရသေးပါဘူး။

လက်ရှိကာလမှာ အစိုးရတပ်တွေ အင်အားဖြည့်တာကို တားဆီးနိုင်ဖို့  ပျောက်ကြား စနစ်နဲ့  ခုခံစစ် ဆင်နွှဲနေတဲ့ KIA အနေနဲ့ တချို့လမ်းတွေ၊ တံတားတွေကို ဖြတ်တောက်တာတွေတော့ ရှိတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။ စနေနေ့ထုတ် အစိုးရထုတ် သတင်းစာမှာတော့ KIA က ချိုးဖျက်လိုက်တဲ့ တံတားပေါင်း (၂၅) စင်း ရှိနေပြီး ဒေသတွင်း ဖွံ့ ဖြိုးရေးတွေကို KIA က နှောက်ယှက်နေတယ်လို့ ရေးသားထား ပါတယ်။




ဒေါ်လာဈေးကျ၍ သွင်းကုန်ပစ္စည်းများ ဈေးမြှင့်ရောင်း
နရီလင်းလက် Wednesday, 22 June 2011 19:04



မြန်မာ ပြည်တွင်း၌ အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းများ အရှုံးပေါ်နေခြင်းကို အစားထိုးသည့် အနေဖြင့် သွင်းကုန် ပစ္စည်းများပေါ်တွင် ဈေးနှုန်းမြှင့်၍ ရောင်းချနေသည်ဟု သိရသည်။

ယင်းသို့ ဈေးနှုန်းမြှင့်ရောင်းချခြင်းကြောင့် ဈေးကွက်အတွင်းရှိ အခြေခံ စားသောက်ကုန် ပစ္စည်းများ၊ အိမ်အလှဆင်နှင့် အိမ် ဆောက်ပစ္စည်းများ ၊ စိုက်ပျိုးရေးသုံးပစ္စည်း ၊ စက်ယန္တရားကြီးများ စသည့် သွင်းကုန် ပစ္စည်းဈေးနှုန်း၂ ဆခန့် မြင့်တက် လကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက ပြောပြသည်။

အိမ်ဆောက်ပစ္စည်းဖြစ်သော ဘိလပ်မြေ တအိတ်လျှင် အမျိုးအစားအလိုက် ဥပမာ ယခင်က ကျပ် ၇၀၀၀ တန် ဘိလပ်မြေသည် ကျပ် ၉၀၀၀ သို့ မြင့်တက်သွားခဲ့သည်။

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များသည် ငွေကြေးအရှုံး ပြဿနာကို ဖြေရှင်းနိုင်ရန် တင်သွင်းလာသည့် သွင်းကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်ရောင်းချခြင်းအပြင် ယခင်က ခေတ္တရပ်နားထားသည့် သွင်းကုန်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်လာခြင်းများ ရှိလာ သည်ဟုလည်း သိရသည်။

ပို့ကုန် သွင်းကုန် လုပ်ငန်းလုပ်ကိုင်သူများသည် တင်ပို့သည့် ကုန်ပစ္စည်းမှ ပြန်လည်ရရှိလာသော ငွေကြေးတန်ဖိုးနှင့်ညီမျှသော သွင်းကုန် ပစ္စည်းကို တင်သွင်းခွင့် ရရှိသည်။

“ဒေါ်လာဈေးကျတော့ ပို့ကုန် လုပ်ငန်းရှင်တွေအကုန်ထိတယ်။ သွင်းကုန်ကတော့ ပုံမှန်မလုပ်ရင်တောင် ကိုယ့် စားသုံးသူက ကုန်ပစ္စည်းလိုချင်တယ်ဆို မှာပေးတာမျိုးရှိတယ်။ အခု မှာတဲ့လူမရှိလည်း ဈေးကွက်ထဲမှာ ဘယ်ပစ္စည်းကစားသုံးသူလိုအပ်နိုင် မလဲကို ဆုံးဖြတ်ပြီး ပို့ကုန်က ရလာတဲ့ ငွေသားကို ကုန်ပစ္စည်းဝယ်သွင်းလိုက်တာပေါ့”ဟု ပဲအမျိုးမျိုး ရောင်းဝယ်တင်ပို့သည့် လုပ်ငန်း လုပ်ကိုင်သူတဦးက ဧရာဝတီကို ပြောသည်။

၎င်းက ဆက်၍“ငွေသားဆို တော်တော်ရှုံးတယ်လေ။ ကုန်ပစ္စည်းကျတော့ ကိုယ်က ဒီမှာ အချိန်လေးကြည့်ပြီး ဈေးပြန်တင်
ရောင်းလို့ရတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေ အရှုံးပေါ်နေလို့ ဆိုပြီး အစိုးရက ပြည်တွင်းဒေါ်လာဈေး တန်ဖိုးကို မြှင့်ပေးတာ မရှိဘူး။ အရှုံးကိုတောင့်မခံနိုင်ရင် ကုမ္ပဏီပြုတ်မှာဆိုတော့ ကိုယ့်ပြဿနာ ကိုယ်ရှင်းရတာပဲ”ဟု ပြောဆိုသည်။

ပြည်တွင်း ဈေးကွက်၌ အမေရိကန်ဒေါ်လာ တန်ဖိုးသည် ယမန်နှစ် နှစ်ဆန်းပိုင်းတွင် တဒေါ်လာလျှင် ကျပ် ၁၀၀၀ ရှိခဲ့ရာမှ ပြီး ခဲ့ သည့် ရက်သတ္တတပတ် နှစ်ပတ်ခန့်အတွင်းမှစတင်ပြီး ထပ်မံကျဆင်းလာရာ ယနေ့ ပေါက်ဈေး တဒေါ်လာလျှင် ၇၈၅ ကျပ် သာရှိသည်။

“လောလောဆယ် သွင်းကုန်ပဲ တော်တော်လေး လုပ်ဖြစ်နေတယ်။ တရုတ်နဲ့ ဗီယက်နမ်ကနေ ဓာတ်မြေသြဇာ သွင်းတာပါ။ လက်ရှိ အနေအထားမှာ ကုမ္ပဏီက သွင်းကုန်နဲ့ လည်ပတ်နေရတဲ့ သဘောမျိုးဖြစ်နေတာပေါ့”ဟု 7 Golden Enterprise Ltd မှ တာဝန်ခံ တဦးက ပြောသည်။

ပဲတီစိမ်း၊ ပဲလွန်းဖြူ ၊ ပဲထောပတ်နှင့် နှမ်း တို့ကို တရုတ်နှင့် ထိုင်ဝမ်နိုင်ငံသို့ တင်ပို့နေပြီး လွန်ခဲ့သည့် လအနည်းငယ်မှ စတင်၍ ဒေါ်လာတန်ဖိုး ကျဆင်းလာခြင်း ၊ ပဲဈေးနှုန်းများ ကျဆင်းလာနေခြင်းတို့ကြောင့် လက်ရှိ ပို့ကုန်လုပ်ငန်းကို ရပ်ဆိုင်းထားသည် ဟုလည်း ၎င်းက ဆိုသည်။

7 Golden Enterprise Ltd တာဝန်ခံက ဆက်၍“ပို့မယ်လို့ ပြောထားပြီးသားကုမ္ပဏီတွေကျတော့ အရှုံးခံပို့ရတာပေါ့။ ပို့ကုန်မှာ ရှုံးထားတဲ့ငွေကို ပြန်ကာမိနိုင်ဖို့ သွင်းကုန်မှာ ဈေးမတင်လို့မရဘူးဖြစ်သွားတာပေါ့။ ဓာတ်မြေသြဇာ တအိတ်ကို ဥပမာ-လွန် ခဲ့တဲ့ လက ကျပ် ၁၅၀၀၀ ဆို အခု ကျပ် ၁၇၀၀၀ လောက်နဲ့ ရောင်းရတယ်”ဟု ပြောသည်။

ဒေါ်လာတန်ဖိုး ကျဆင်းသောကြောင့် ပို့ကုန်တွင် ငွေကြေးနစ်နာမှုများစွာကြုံတွေ့နေရသော်လည်း လက်ရှိ တင်သွင်းနေသည့် ကုန်ပစ္စည်းများကြောင့် လုပ်ငန်းဆက်လက်လည်ပတ်နေသည်ဟု Myanmar Steel & Cement Co.,Ltd မှ တာဝန်ရှိသူ တဦး က ပြောသည်။

အဆိုပါ ကုမ္ပဏီသည် ပို့ကုန် အနေဖြင့် မတ်ပဲ ၊ ပဲစင်းငုံ ၊ ပဲတီစိမ်း ၊ ပြောင်း တို့ကို အိန္ဒိယ ၊ အီတလီ ၊ ပါကစ္စတန် နိုင်ငံများသို့ တင်ပို့နေပြီး သွင်းကုန်အနေဖြင့် အမေရိကန် ၊ ဂျပန် ၊ ကိုရီးယားနိုင်ငံတို့မှ ဘိလပ်မြေ ၊ PVC ပိုက်အမျိုးမျိုး ၊ မြေတူးစက် ၊ မြေ သယ်စက်များကို စင်္ကာပူနိုင်ငံမှ တဆင့် တင်သွင်းနေသည်။

“ဒေါ်လာဈေးကျတဲ့အပေါ်မူတည်ပြီး ပို့ကုန်မှာ အများကြီးနစ်နာပေမယ့် သွင်းကုန်မှာ ကိုယ်က အများကြီးဈေးတင်လိုက်ရင် ကုမ္ပဏီကြီးအနေနဲ့ နာမည်မပျက်အောင် ၊ တောင့်ခံနိုင်အောင် အရှုံးခံရောင်းပေးရတာမျိုးဖြစ်နေတာပေါ့”ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောပြသည်။

အိမ်ဆောက် ပစ္စည်းများ တင်သွင်းရောင်းချပေးနေသည့် Al-Ameen International Co.,Ltd မှ ဦးမောင်မောင်သန်း က “လက်ရှိ သွင်းကုန်တခုပဲ လုပ်နေတော့ သိပ်အဆုံးအရှုံးမရှိဘူးပြောရမယ်။ ဒါပေမယ့် ဈေးကွက်မှာ ဒေါ်လာဈေးကျပြီး
မြန်မာငွေ တန်ဖိုး မာနေတယ် ဆိုပေမယ့် ၀ယ်လိုအားမရှိတဲ့ ပြဿနာတက်နေတယ်။ ကိုယ့်ကုန်ပစ္စည်းကလည်း အစား အသောက်တို့ ၊ ဆေးဝါးတို့လို မရှိမဖြစ်မဟုတ်တာလည်း ပါတာပေါ့”ဟု ပြောသည်။

လွန်ခဲ့သည့် ၃ လခန့်မှ စတင်၍ ဈေးကွက်အတွင်း ၀ယ်လိုအား မရှိဘဲ ၊ ရောင်းလိုအားသာများနေကြောင်း ၊ အသုံးမပြုမဖြစ် ကုန်ပစ္စည်းများသာ အနည်းငယ်ရောင်းချရသည့် အခြေအနေတွင်ရှိကြောင်း သူက ဆက်ပြောသည်။

ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခတဦးက“ဒေါ်လာဈေးကို တည်ငြိမ်အောင် မလုပ်ပေးနိုင်သေးသရွေ့ ကတော့ အကျိုးဆက်တွေက အများကြီးဖြစ်နေဦးမှာပဲ။ လုပ်ငန်းရှင်တဦးတည်း ထိခိုက်တာမဟုတ်ဘူး။ မြန်မာငွေတန်ဖိုး ဘယ်လောက်တက်တက် စားသုံးသူမှာလည်း ကုန်ဈေးနှုန်းမကျတဲ့ ပြဿနာ ၊ လက်ထဲမှာ ငွေမရှိတဲ့ ပြဿနာက တက် နေ ဦးမှာပဲ”ဟု ပြောဆိုသည်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် ပို့ကုန် သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်နေကြသည့် မြန်မာလုပ်ငန်းရှင်ပေါင်း ၄၀၀၀ ခန့်ရှိကြောင်း၊ ၂၀၀၇ အတွက် မြန်မာ့ကုန်သွယ်ရေး လုပ်ငန်းမှ ဒေါ်လာ သန်း ၈၀၀၀ ကျော်ရရှိခဲ့ပြီး ဒေါ်လာ သန်း ၃၀၀၀ နီးပါး ပြန်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ စာရင်းများအရ သိရှိရသည်။




ပဲခူးမြစ်ရေလျှံ ရွာ ၂၀ ကျော် ရေကြီး
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၂ မိနစ်



ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးမြစ် ရေလျှံတက်မှုကြောင့် ပဲခူးတိုင်း ကဝမြို့နယ်ရှိ ရွာပေါင်း ၂၀ ကျော်တွင် ရေကြီးမှု
ဖြစ်ပွားလျက် ရှိသည်။

ဇွန် ၁၈ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းသဖြင့် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် ရေကြီးမှုသည် ကဝမြို့နယ်တွင်းမှ နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲတို့ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ပျိုးစပါးခင်းများ ရေမြုတ်ကုန်တော့သည်။

ဗုဒ္ဓဟူးနေ့တွင်လည်း မိုးရွာသွန်းနေပြန်ရာ မြစ်ရေကျရန် စောင့်နေရသည့် လယ်သမားများအတွက် ကူးသန်းသွားလာရေးပင် ခက်ခဲလာသည်။ ရွာအချို့တွင် ရွာတွင်းသွားလာမှုကိုပင် လှေကို အသုံးပြုနေရသည်။

“နောက် ၃ ရက်လောက်ဆက်တိုက် ဖြစ်နေမယ်ဆိုရင်တော့ ပျိုးပင်တွေ ပုပ်ကုန်တော့မှာပေါ့။ အခုကတော့ လယ်ကန်သင်းတွေကို မြုတ်နေတာ။ ဘာမှ လုပ်လို့မရဘူး။ မိုးကလည်း ၄ ရက်ဆက်တိုက် ရွာနေတာ ခုထိ မနားသေးဘူး” ဟု လယ် ၁၂ ဧက ရေမြုတ်ခံနေရသည့် ကမာကလဲ ရွာမှ လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ် ပဲစိုက်ရာသီတွင် ပဲခူးတိုင်းအတွင်း ပဲသီစိမ်း စိုက်သူများအားလုံး ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသလို ရရှိသည့် ပဲတီစိမ်း ဈေးကျမှုနှင့် ကြုံခဲ့ရသော တောင်သူများအတွက် ပျိုးစပါး ဆုံးရှုံးမည့် အခြေအနေ ဖြစ်သည်။

“ မျိုးထပ်ကျဲရရင်တော့ အကြွေး ထပ်တင်ဖို့ပဲ ရှိတယ်” ဟု လယ်သမားတဦးက ပြောသည်။

ပဲခူးမြစ် ရေကြီးမှုသည် ၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ပိုမိုတိုးလာခဲ့သည်။ မြစ်ရေကြမ်းပြင်
မြင့်တက်နေသည့် မြစ်ထဲတွင် ပဲခူးမြစ်သည်လည်း အပါအဝင် ဖြစ်ပြီး ရေအနက် ၁၅ ပေခန့်သာရှိပြီး မြစ်အကျယ်မှာ ယခင်က ပေ ၃၀၀ ခန့် ရှိသော်လည်း ရန်ကုန်မြစ်ဝ အဝင်တွင် ပေ ၅ဝခန့်သာ ရှိတော့သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောထားသည်။

ပဲခူးရိုးမတောရှိ သစ်ပင်များကို အဆမတန် ခုတ်ယူ အသုံးပြုနေခြင်းကြောင့် မြစ်အောက်ဘက်ပိုင်းရှိ မြေပြန့် စိုက်ပျိုးခင်းများတွင် ရေကြီးရေလျှံ ဖြစ်နေခြင်း ဖြစ်ကြောင်း သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း - FREDA မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း က ပြောသည်။

“ဟိုးအရင်တုန်း ကတော့ ပဲခူးရိုးမ တောကြီးက ရှိနေတော့ ရေထိန်းထားတာကိုး အခုတောမရှိတော့ ရေက ဒလဟောဆင်းတော့ ရေက ပဲခူးမြစ်တင်မကဘူး ကြာရင် ပဲခူးပါ ရေမြုတ်မှာ။ တောကိုထိန်းဘို့ရာ သစ်ပင်ရှိရမယ်။ ချုံပုတ်ရှိရမယ် အနည်းဆုံး မြက်ရှိရမယ်။ အဲဒါတွေထိန်းမှ ရေစီးက တန့်သွားတာကိုး။ အခုဟာ သဘာဝကို ဖျက်ဆီးတဲ့ အတွက် ဆိုးကျိုးတွေ ခံရတာပေါ့” ဟု ဦးအုန်း က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ၂၀၁၀ ခုနှစ် ထုတ်ပြန်ချက် အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပါရှိသည်။

သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီး လောင်စာအဖြစ် အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်းဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေတောပေါက်ရာ ပြည်နယ်နှင့်တိုင်းများ ဖြစ်သည်ဟု ဆိုသည်။


အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဒေါ်စုနှင့် တွေ့ဆုံဟုဆို
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၄ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် နီရူပါမာရောင်းနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးကြသည်ဟု ရန်ကုန်မှလာသော Indo-Asian News Service သတင်းတွင် ပါရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များပါ ပါဝင်သော အစည်းအဝေးက တနာရီခန့်ကြာမြင့်ဟု IANS သတင်းတွင် ရေးသားထားသည်။ သုံးရက်ကြာ အိန္ဒိယ ကိုယ်စားလှယ်၏ ခရီးစဉ် ပထမဆုံးနေ့တွင် တွေ့ဆုံခြင်းသည် အိန္ဒိယအနေဖြင့် မြန်မာအတိုက်အခံ ခေါင်းဆောင်နှင့် ပထမဆုံး အဆင့်မြင့် တွေ့ဆုံမှုလည်း ဖြစ်သည်။

အိန္ဒိယတွင် ပညာသင်ကြားခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စနီရူပါမာရောင်းတို့ “ နှစ်ယောက်သား အိန္ဒိယနဲ့
မြန်မာဆက်ဆံရေး အကြောင်း ပြောကြတယ်” ဟု IANS က အိန္ဒိယအရာရှိ တဦးကို ကိုးကား၍ ရေးသားထားသည်။

ထူးခြားနေသည်မှာ အကြီးတန်း အရာရှိတဦးမှ လွဲ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များက
တွေ့ဆုံမှုကို မသိရှိကြခြင်း ဖြစ်သည်။

တွေ့ဆုံပါသည်ဟု ဖြေကြားသူကတော့ ဆွေးနွေးမှု အကြောင်းအရာကို ဖြေဆိုရန် ငြင်းဆိုပြီး အစောပိုင်းက အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် တွေ့ဆုံရန် အစီအစဉ် မရှိသော်လည်း “ ဝေဖန်မှုခံရမှာ စိုးသဖြင့်” လာရောက် တွေ့ဆုံခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး အက်စ်အမ် ခရစ်ရှ်နားခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အင်္ဂါနေ့က နေပြည်တော်တွင် ဒုတိယသမ္မတ တင်အောင်မြင့်ဦးနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

အိန္ဒိယမှ လှူဒါန်းဆောက်လုပ်ပေးခဲ့သော တန် ၅ဝဝ ဆံ့ Food Security Shelter တခုကို စာရွက်စာတမ်းများ လွှဲပြောင်းပေးခြင်းနှင့် တာလေ မြေငလျင်ဘေးအတွက် ငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ထို့အပြင် မြင်းခြံမြို့တွင် စက်မှုသင်တန်းကျောင်း တကျောင်း ထူထောင်ပေးရန် အိန္ဒိယက သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သေးသည်ဟုလည်း ပါရှိသည်။

ခရီးစဉ်မတိုင်ခင်တွင် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးက နှစ်နိုင်ငံ နယ်ခြားဒေသများကို ဆက်စပ်ပေးထားသည့် ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း အကြောင်းသည်လည်း ထည့်သွင်း ဆွေးနွေးမည့် အရာတခုဟု နယူးဒေလီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ဒီမိုကရေစီအရေးကို ကျယ်ကျယ်လောင်လောင် ထောက်ခံခဲ့သည့် အိန္ဒိယသည် အရှေ့မျှော်ဝါဒ ကျင့်သုံးလာချိန်အတွင်း မြန်မာအစိုးရနှင့် ဆက်ဆံရေး ကောင်းရန် ဦးစားပေး လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို အမီလိုက်နိုင်ရန် ကြိုးစားနေသည့် အိန္ဒိယသည် နောက်ကွယ်တွင် မြန်မာ့ ဒီမိုကရေစီအရေး အတွက် နားချ ပြောဆိုမှုမျိုးရှိသည်ဟု လေ့လာသူများက ပြောသည်။



မြန်မာလူ့အခွင့်အရေး စုံစမ်းမှု အမေရိကန် ထောက်ခံဖို့ ဒေါ်စု တိုက်တွန်း

By ဦးအောင်လွင်ဦး


မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနိုင်မယ့် ကော်မရှင်တရပ် ကုလသမဂ္ဂက ဖွဲ့စည်းပြီး တာဝန်ပေးအပ်နိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက အားပေးထောက်ခံဖို့ မြန်မာ့ဒီမိုကရေစီ   ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို သိရဖို့ ရည်ရွယ်ကျင်းပတဲ့ ၀ါရှင်တန်မြို့တော်က အမေရိကန် အောက်လွှတ်တော်အတွင်း ပြုလုပ်တဲ့ ကြားနာပွဲတရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းလိုက်တာပါ။ အပြည့်အစုံကို အောက်လွှတ်တော်ကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။



လျှို့ဝှက်ချက် မျက်နှာဖုံးကို ထိုးဖောက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲတရပ် ကျင်းပရာမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အားပေးဖို့၊ လူ့အခွင့်အရေး အခြေအနေတွေကို တိတိကျကျ သိရအောင် လုပ်နိုင်မယ့် လုပ်ရပ်တွေကို အားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိရဖို့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ထားတာကို ကြည့်မယ်ဆိုရင်ပဲ သိနိုင်တဲ့ အကြောင်းကိုလည်း အမေရိကန် အောက်လွှတ်တော် ကြားနာပွဲကိုက ပေးပို့တဲ့ ဗွီဒီယို ထွက်ဆိုချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

“ဒီဆုံးဖြတ်ချက်အပေါ် အင်မတန့် အင်မတန် အလေးအနက်ထား စဉ်းစားမယ်၊ မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီ ရရှိဖို့ ဘယ်လောက်တောင် အလှမ်းဝေးနေသေးသလဲ၊ ဒီလမ်းစကို ရောက်တောင် ရောက်သေးရဲ့လား ဆိုတာ ကောင်းကောင်း နားလည်နိုင်ပါလိမ့်မယ်။