သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, February 1, 2012

ပခုက္ကူခရိုင်တွင် ဒေသခံများ၏ လိုအပ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ကွင်းဆင်းမေးမြန်း

ကျော်ဆုမွန် (myanmar time)

အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလေ့လာရန် ပခုက္ကူမြို့သို့ ဇန်န၀ါရီလ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ လာရာ ဒေသခံများက လှိုက်လှဲစွာ ကြိုဆိုနေကြစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ

By သားညွန့်ဦး

ဓာတ်ပုံ ASSOCIATED PRESS

ရွှေဝါရောင် သံဃာများ သင်္ကန်းဆီးခွင့်ရ(RFA)

2012-02-01

ပြစ်မှု ကျူးလွန်သူများ အဖြစ် အစွပ်စွဲခံခဲ့ရတဲ့ ရွှေဝါရောင် သံဃာများကို ဒီကနေ့ တိုင်း သံဃာ့မဟာနယကအဖွဲ့က သင်္ကန်းဆီးခွင့် ပြုလိုက်ပါတယ်။
 

စာဖတ်တော့မယ် ဆိုရင်

ရွေုအမြုတေ
PDF Print E-mail
Written by မသီတာ (စမ်းချောင်း)   
Thursday, 12 January 2012 17:11
|

စာဖတ်ပါလို့ ပြောမိတဲ့ အခါ ဘာစာတွေ ဖတ်ရမှာလဲလို့ တစ်နည်း၊ ဖတ်ချင်တဲ့ စာတွေက စာမျက်နှာတွေ ပေါ်မှာ မရှိဘူးလို့ တစ်ဖုံတုံ့ ပြန် လာကြ ပြန်တာပါ။ ဟောပြောပွဲ၊ ဆွေးနွေးပွဲ အချိန်ကာလ တိုတိုလေးမှာ ဘယ်စာရေး ဆရာတွေရဲ့ စာတွေကို ဖတ်ရ မလဲလို့ အမေး ခံရရင် ပိုပြီး အဆင်မပြေ ပါဘူး။



မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရ


PDF Print
Wednesday, 01 February 2012 15:46(weekly eleven)
မြန်မာနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်း ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အများဆုံးချေးယူခဲ့သည့် နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။

တရုတ်တောင်ပိုင်း မြစ်ရေ ဓာတုအဆိပ်သင့်မှု လူ ခုနစ်ဦးကို ဖမ်းဆီး

By ဗွီအိုအေ(မြန်မာဌာန)

တရုတ်ပြည်တောင်ပိုင်းက မြစ်တစ်မြစ်ထဲမှာ စက်မှုလုပ်ငန်းတွေက အဆိပ်သင့် ဓာတုပစ္စည်း Cadmium စီးဝင်ခဲ့တာကြောင့် တာဝန်ရှိတဲ့ ကုမ္ပဏီတွေက အလုပ်အမှုဆောင် အရာရှိ ၇ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တရုတ်က ပြောပါတယ်။  ခု ဖြစ်ရပ်ကြောင့် ဒေသခံ ပြည်သူ သန်းပေါင်းများစွာ အနေနဲ့ ရေသုံးစွဲမှု အန္တရာယ် ကြုံတွေ့နေရပါတယ်။

အမေရိကန်မြေပေါ်တွင် အီရန်တိုက်ခိုက်နိုင်ခြေ ပိုတိုးလာ

By ဗွီအိုအေ(မြန်မာဌာန)

အမေရိကန် မြေပေါ်မှာ အီရန် က တိုက်ခိုက်လာနိုင်ခြေ တိုးများလာနေတယ်လို့  အမေရိကန် ထောက်လှမ်းရေး အကြီးအကဲက ပြောလိုက်ပါတယ်။
အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီရဲ့ရှေ့မှောက်မှာ ကမ္ဘာတ၀ှမ်းက အမေရိကန် အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်လာနိုင်မယ့် အခြေအနေကို အစစ်ခံရာမှာ အမေရိကန်အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး James Clapper နှစ်စဉ် လုပ်နေကျ အကဲဖြတ်ချက်ကို တင်ပြသွားတာပါ။

ဆီးရီးယားကို အရေးယူရေး လုံခြုံရေးကောင်စီကို ကလင်တန်တိုက်တွန်း


ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယားငြိမ်းချမ်းရေးအစီစဉ်ကို ထောက်ခံ ပါရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းဖို့ ပြင်ဆင်နေပါပြီ။ သမ္မတ Bashar al-Assad အစိုးရရဲ့ အကြမ်းဖက်မှုတွေကို အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီးတဲ့နောက် ၀န်ကြီးကလင်တန်က ခုလို စီစဉ်နေတာဖြစ်ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာကျင်းပမယ့် ဆီးရီးယားအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အတူ ၀န်ကြီးကလင်တန် တက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး ပိုမိုပြောင်းလဲဖို့ လိုသေး ကိုဇာဂနာ ပြော(RFA)

2012-01-31

ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာတယ် ဆိုပေမယ့် ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေး လိုက်တာဖြစ်လို့ အပြည့်အဝ ဝမ်းသာစရာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်နေတဲ့ လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောလိုက်ပါတယ်။
RFA

ဒေါ်အောင်ဆန်းစုကြည် မြိုင်မြို့နယ်အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လေ့လာ(RFA)

2012-01-31

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျေးရွာနှစ်ရွာမှာ ဗြိတိန်နိုင်ငံ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေးဌာန အထောက်အပံ့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သွားရောက် လေ့လာခဲ့ပါတယ်။

စင်္ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ

ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၆ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်္ကာပူနိုင်ငံမှ နည်းပညာနှင့် သင်တန်းများ ရယူသွားရန် တနင်္လာနေ့က နှစ်နိုင်ငံ လက်မှတ်ရေးထိုးကြကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လူ့ဘောင်သစ် ဥက္ကဋ္ဌ ခေါင်းဆောင်၍ ဦးအောင်မင်းနှင့် တွေ့မည်

ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၁ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။         ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS က မြန်မာအစိုးရကိုယ်စားလှယ်များနှင့် အလွတ် သဘောတွေ့ဆုံရန် ကိုယ်စားလှယ် သုံးဦးရွေးချယ်ထားပြီးဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုဦးဆောင်ကော်မတီ Central Leading Committee အဖွဲ့ဝင်များ ဖြစ်သည့် ဦးတိုးတိုးထွန်း
နှင့် ဦးဇော်ဇော်ထွန်းတို့ သုံးဦးကို ဇန်နာဝါရီ ၁၃ ရက်နေ့ ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်သည့် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှ ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ ရေ ဖြန့်ဝေထိန်းချုပ်မှု ဈေးကွက် ထိုင်းကုမ္ပဏီ ဝင်ရောက်ရန် စီစဉ်


နေမျိုးဇင် လွတ်မြောက်ပြီးနောက် တရားစီရင်ရေးကို အသိအမှတ်ပြု

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၉ မိနစ်


ချင်းမိုင်(မဇ္စျိမ) ။        ။ အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ပေးလိုက်သည့် ဆုံးဖြတ်ချက်ကြောင့် အစိုးရ၏ တရားစီရင်ရေး မဏ္ဍိုင်ကို  ကြိုဆိုဂုဏ်ပြုကြောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းသို့ တရားမဝင် ပစ္စည်းသွင်းယူရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်အမှုကို ဗုဒ္ဓဟူးနေ့က အင်းစိန်တရားရုံးမှ စီရင်ချက်ချရာတွင် ၎င်းကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စွဲတဲ့အမှုမျိုး လွတ်တယ်ဆိုတာ ကျနော် မကြားဖူးပါဘူး။ အခုတော့ တရားသူကြီး က ရဲရဲဝံ့ဝံ့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီးတော့ လွှတ်လိုက်ပြီဆိုတာ ကြားရတဲ့အခါမှာ တနိုင်ငံလုံးရဲ့ အနာဂတ်ရော၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးအတွက်ရော လေးစားဂုဏ်ယူစွာနဲ့ အသိအမှတ် ပြုလိုက်ပါတယ်” ဟု ဦးနေမျိုးဇင်က မဇ္စျိမကို ပြောသည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အခြေခံ လုပ်ငန်းများ ဒေါ်စု သွားရောက်လေ့လာ

ကျော်ခ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၃၃ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဌာန Department for International Development- DFID ၏ အကူအညီဖြင့် ပြုလုပ်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အခြေခံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်
လေ့လာခဲ့သည်။