သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, October 2, 2011

Suu Kyi discusses amnesty, peace and Myitsone with gov't minister

RFA Interview with President Adviser U Ko Ko Hlaing (part-1)

မြစ်ဆုံစီမံကိန်းရပ်တံ့သည့် သတင်း ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

မြစ်ဆုံစီမံကိန်းရပ်တံ့သည့် သတင်း ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ယနေ့ တွေ့ဆုံအပြီးတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဆိုသော သတင်းအား ကြိုဆိုကြောင်း ပြောသည်။

dassk uaungkyi“ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ထောက်ထားပြီးတော့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ ပြည်သူ့အသံ နားထောင်တာ ကောင်းပါတယ်။ ဒီဟာက အစိုးရတိုင်း လုပ်ရမယ့် အလုပ်ပါ။ ပြည်သူ့အသံနားထောင်ရမယ်၊ ပြည်သူရဲ့ စိုးရိမ်မှုတွေကို တကယ်ပဲ လေးလေးနက်နက် နားထောင်ပြီးတော့ ဖြေရှင်းပေးရမယ်။ ကျမအနေနဲ့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တတိယအကြိမ်မြောက် တွေ့ဆုံရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ၊ ဧရာဝတီ မြစ် ထိန်းသိမ်းရန် နှစ်ဦးနှစ်ဘက် ပူးပေါင်းမည့် အရေးကိစ္စ၊ ပြည်တွင်း တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဥပဒေဘောင် ပြင်ပတွင် ရောက်ရှိနေသော လက်နက်ကိုင်များ ဥပဒေဘောင်အတွင်း ရောက်ရှိရေးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရေး စသည့်အချက် လေးချက်ကို အဓိက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းအရာ များနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် နှစ်ဦးနှစ်ဘက် သဘော တူညီထားကြောင်း ဦးအောင်ကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်၊ မ၀င် သိရှိလိုကြောင်း သတင်းထောက်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲများကို မူအရ မဆန့်ကျင်ပါကြောင်း၊ ရွေးကောက်ပွဲ အခြေအနေနှင့် ပုံစံကို ကြည့်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေကြားသည်၊

“ကျမတို့က ရွေးကောက်ပွဲကို မူအရ မဆန့်ကျင်ဘူး။ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံတယ်။ ဒီလိုရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ၊ အခင်းအကျင်း တွေကိုပဲ ကျမတို့ ကြည့်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။

ဝန်ကြီး ဦးအောင်ကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် အစိုးရနှင့် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ကတိပြု ပြောဆိုခဲ့သည်။

ကျွန်တော်အရွယ်ရောက်လူလားမြောက်ခဲ.ပြီ

ကျွန်တော်အရွယ်ရောက်လူလားမြောက်ခဲ.ပြီ

by Tharchit Zaw on Saturday, October 1, 2011 at 10:03pm
အရွယ်ရောက်တယ်ဆိုတာဘာကိုပြောတာပါလဲဆိုတာခပ်ငယ်ငယ်တုန်းကမသိခဲ.
ရိုးအမှန်ပါ။လူကြီးတွေကလူငယ်တွေကိုပြောကြတယ်၊မင်းတို.အရွယ်ရောက်လာကြ
ပြီတဲ.
သည်စကားကိုခပ်ငယ်ငယ်ကတည်းကကြားဖူးခဲ.ပါတယ်၊အဓိပါယ်ဆိုလိုရင်းကို
တော.အတိအကျမသိခဲ.ရိုးအမှန်ပါပဲ၊

ဒါနဲ.ကိုယ်ချစ်ခင်လေးစားရတဲ.ဆရာသမားကိုမေးကြည်.တော.
အရွယ်ရောက်တယ်ဆိုတာ၊တနည်း အင်္ဂလိပ်လို mature ဆိုတာခန္ဒာကိုယ်ကြီးထွားဖွံ.ဖြိုးလာ
တာလောက်ကိုမဆိုလိုဘူးကွ၊
စိတ်ဓာတ်ရင်.ကျက်တည်ငြိမ်ပြီးအမှန်ကိုရှု.မြင်သုံးသပ်တပ်တဲ.စိတ်ထားရှိလာတာ
ကိုဆိုလိုတာပါတပည်.ရေတဲ.၊

ဒါဆိုစိတ်ဓာတ်ရင်.ကျက်တယ်ဆိုတာကကောဘာပါလဲလို.ဆိုတော.
အချိန်တန်လာရင်မင်းဒီစကားရဲ.အဓိပါယ်ကိုကောင်းစွာနားလည်လာမှာပါကွာ၊
အချိန်ကိုစောင်.လိုက်ပါတဲ.၊မင်းရဲ.ဖြစ်သန်းလာတဲ.ဘဝအတွေ.အကြုံပေါ်မှာ
မူတည်ပြီးမင်းဒါကိုကောင်းကောင်းသုံးသပ်နားလည်လာနိုင်လိမ်.မယ်တဲ.၊

အခြေခံကတော.ကိုယ်.ကိုကိုယ်ထိန်းသိမ်းပြီးဘဝကိုတည်ဆောက်ကြပါ၊
စိတ်ဓာတ်ရင်.ကျက်စွာထားပါ၊စိတ်သဘောထားကြီးမြတ်ပါစေတဲ.၊ဒါပေမယ်.
မင်းဒီထက်ပိုပြီးနားလည်လာနိုင်မှာပါလို.ပြောခဲ.တာကိုကြားနာမိခဲ.ဖူးပါတယ်၊

ကျွန်တော်ဟာကျောင်းသားဘဝအလွန်လောက်ကတည်းကငြင်းတာခုန်တာကို
အလွန်ဝါသနာပါခဲ.ဖူးပါတယ်၊
သူငယ်ချင်းတွေမတွေ.လိုက်နဲ.တွေ.လိုက်ရင်စကားနိုင်လုပြီးငြင်းကြခုန်ကြတာများ
ပါတယ်၊ဘယ်သဘောတရားမဆိုငြင်းလိုက်လို.ကိုယ်.ဘက်ကအသာစီးရမှလဲကျေနပ်
မိခဲ.ပါတယ်၊ကိုယ်.ဘက်ကအသာစီးမရခဲ.လို.ဆိုရင်တော.အဲဒါတညလုံးအိပ်မပျော်အောင်
ထိုင်တွေးတော.တာပါပဲ၊နောက်တနေ.ဘယ်လိုစကားနဲ.ပြန်ချေပပြီးအနိင်ယူရမလဲဆိုတာကို၊
ပြီးတော.ကိုယ်.စိတ်နဲ.ကိုယ်ပဲမောပြီးကျန်နေခဲ.ပါတယ်၊

တခါကဒီမထွက်လာခင်လေးသူငယ်ချင်းတယောက်နဲ.နိုင်ငံရေးအကြောင်းကိုငြင်းခုန်ရာကနေနောက်ဆုံး
ဒေါသတွေပါထွက်လာပြီးငယ်ကျိုးငယ်နာတွေပါဖော်ကုန်တဲ.အဆင်.ထိရောက်ကုန်
ပါတယ်၊
တကယ်တော.သူလဲအမှန်၊ကိုယ်လဲအမှန် ၂ဘက်စလုံးကငြင်းနေကြတာ၊အဆုံးမရောက်
နိုင်ဘူး၊နောက်တော.အဲဒီတယောက်နဲ.ခပ်ခွာခွာစကားတောင်မပြောနိုင်ကြတော.တဲ.အဆင်.
ထိဆိုပါတော.၊
ပြည်ပကိုထွက်လာခဲ.တဲ.အထိတောင်ငယ်သူငယ်ချင်းအပေါ်သိတ်ဟက်ဟက်ပက်ပက်
မနှုတ်ဆက်ခဲ.မိဘူး၊ကိုယ်မှန်တယ်ထင်လို.၊

အဲအခုပြည်ပကိုရောက်လာတော.စိတ်ကအရင်ကနဲ.မတူအောင်ပြောင်းလဲလာခဲ.ပါတယ်၊
ပြည်ပမှာကိုယ်ယုံကြည်ရတဲ.ပတ်ဝန်းကျင်ကောင်းမတွေ.ခဲ.တာအမှန်ပဲ၊
တယောက်နဲ.တယောက်ကြားဆက်ဆံရေးမှာလဲပွင်.လင်းမှုနဲ.ရိုးသားမှုဆိုတာရှာမတွေ.ခဲ.
မိဘူး၊အပေါ်ယံကြောတွေနဲ.ပဲဆက်ဆံနေကြရတယ်၊
နိုင်ငံရပ်ခြားမှာဆက်ဆံရေးကမင်းဘယ်လောက်အထိငွေသုံးနိုင်သလဲဆိုတာနဲ.၊အလုပ်ဘယ်လောက်
ကောင်းနေလဲဆိုတာပဲကြည်.ကြတယ်၊တယောက်နဲ.တယောက်နဲ.ကြားဆက်ဆံရေးအဆင်ပြေဖို.က
ငွေကအဓိကပဲဆိုတာပါပဲ၊

ကြာတော.ကျွန်တော်မပျော်ပိုက်တော.ဘူး၊ဒီအချိန်မှာစိတ်ကဘာဖြစ်လာလာဆိုတော.
မြန်မာပြည်မှာကျန်ခဲ.တဲ.အပေါင်းအသင်းကိုသွားပြီးသတိရမိခဲ.တယ်၊
စိတ်ထဲမှာသူနဲ.ကိုယ်နဲ.ဆွေးနွေးငြင်းခုန်ခဲ.ကြတဲ.အချိန်တွေကိုပြန်ပြီးလွမ်းမိသွားတယ်၊
သူနဲ.ကိုယ်ငြင်းခုန်ခဲ.ကြတာတွေ၊ဒေါသထွက်ခဲ.ကြတာတွေကိုပြန်စဉ်းစားရင်း
တဖြည်းဖြည်းနဲ.ကျွန်တော.ဟာတယောက်ထဲကျိတ်ရီနေမိတယ်၊ပြုံးနေမိခဲ.တယ်၊

ကြည်.စမ်းငါတို.လွန်ခဲ.တဲ.နှစ်တွေတုန်းကပြောကြဆိုကြငြင်းကြတာဟာသိတ်ကို
ခလေးဆန်ပြီးရီစရာကောင်းနေခဲ.တာကိုလဲပြန်ပြီးတွေးမိသွားတယ်၊ဒါကိုတွေးမိသွား
တာနဲ.တပြိုင်နက်ထဲမှာကျွန်တော.တော်တော်လေးကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်နေမိ
တယ်တကိုယ်တည်း၊ ကိုယ်တိုင်လဲစိတ်လက်တော်တော်လွပ်လပ်ပေါ.ပါးသွားခဲ.တယ်၊

ဒါနဲ.ပဲသူ.ကိုဖုန်းဆက်စကားပြောအုန်းမှဆိုပြီးဖုန်းဆက်လိုက်တော.သူ.ညီမတယောက်
လာကိုင်ပါတယ်၊ကျွန်တော်ကလဲဘယ်သူဘယ်ဝါဖြစ်ကြောင်းပြောလိုက်ပြီးသူငယ်ချင်းကို
ခေါ်ပေးပါဆိုတော. သူ.ညီမက ငိုသံကြီးနဲ.ကိုကိုဆေးရုံပေါ်မှာအရေးပေါ်တင်ထားလိုက်ရပြီ
တဲ.၊ဘာဖြစ်လို.လဲလို.မေးကြည်.တော.အူမကြီးကင်ဆာတဲ.၊သိတ်မကြာခင်ရက်ကပဲသွေးပေါင်
တွေထိုးကျလို.အခုသတိလစ်နေပြီးကိုယ်မာဝင်သွားတဲ.အဆင်.ရောက်သွားပါတယ်တဲ.၊
ရောဂါကလဲစုံတယ်တဲ.၊အသည်းလဲထိထားတယ်၊
 အခုတောင် BED SORE တွေဖြစ်နေလို.၊သူကတော.ဘာမှမသိတော.ပါဘူးတဲ.၊
အကိုအကြောင်းကိုတောင်ဆေးရုံမတင်ခင်တုန်းကသူကပြောနေသေးတယ်၊အကိုမရှိတာ
သူ.အတွက်ပျင်းစရာဖြစ်နေတယ်တဲ.၊စကားပြောဖို.အဖော်မရှိတော.လို.တဲ.။အကို.ကိုတော.
သိတ်ခင်ရှာပါတယ်လို.ပြောပါတယ်၊
ကျွန်တော်လဲဘာတခုကိုမှပြန်မပြောနိုင်အောင်အံ.အားသင်.လွန်းလို.ငိုင်ကျသွား
ပါတယ်။
ကျွန်တော်.စိတ်ဟာဟိုးအရင်နောက်ဆုံးအဖြစ်အပျက်ကလေးငြင်းကြခုန်ကြတာကိုပြန်ရောက်
သွားပါတယ်။နောက်ဆုံးထွက်ခွာလာတဲ.အချိန်အထိလူကြီးလူကောင်းမဆန်စွာဟက်ဟက်ပက်ပက်
နှုတ်တောင်မဆက်မိခဲ.တဲ.ကိုယ်.ကိုကိုယ်ဘယ်လိုမှခွင်.လွုတ်ပေးလို.မရအောင်ကိုဖြစ်သွားမိပါတယ်။

သိတ်မကြာသေးတဲ.အချိန်လေးကတောင်သူနဲ.ငြင်းတာလေးကိုသတိရမိပြီးတယောက်တည်းရယ်မိရင်း
သူ.ကိုသတိရလို.ဖုန်းဆက်လိုက်တော.မှပဲစိတ်မကောင်းစရာသူ.ရဲ.သတင်းကိုကြားမိခဲ.ရတယ်၊
သွားပြီလို.ဒီအချိန်မှာဘယ်လိုမှသူ.ကိုတောင်းပန်ဖို.ဆိုတာမဖြစ်နိုင်တော.ဘူး၊လူကြီးလူကောင်းဆန်ဆန်
ပြန်တောင်းပန်ဖို.လုပ်တဲ.အချိန်မှာသူလဲသိမသွားခဲ.တော.ဘူး၊အရမ်းနောက်ကျသွားပြီဆိုတာသိလိုက်ရ
တယ်၊

နောက်ထပ်သိတ်မကြာခင်ရက်လေးမှာပဲဖုန်းထပ်ဆက်လိုက်တော. ညကပဲသူဆုံးသွားပြီဆိုတာကို
ဖုန်းထဲကတဆင်.ကြားလိုက်ရတယ်၊
ကျွန်တော.ရဲ.စိတ်တွေဟာထိန်းချုပ်နိုင်စွမ်းမရှိအောင်ဖြစ်သွားခဲ.တယ်၊၊ကျွန်တော်.ရင်ထဲကခံစားချက်
ကိုအရင်ဆုံးအလုပ်လုပ်ပေးလိုက်တာကျွန်တော်.ရဲ.မျက်လုံးအိမ်တွေပါပဲ၊မျက်ရည်တွေတားမရအောင်
ပြည်.လျှံသွားခဲ.မိပြီ၊

ကျွန်တော်မသုတ်တော.ပါဘူး၊စိတ်ကိုအတားအဆီးမထားစေချင်တော.တာဖြစ်လို.လွပ်လပ်ခွင်.
ပေးထားလိုက်ပါတော.တယ်၊

သူ.ရက်လည်မှာဖုန်းထပ်ဆက်လိုက်တော.သူ.အမေကိုယ်တိုင်ဖုန်းလာကိုင်ပြီးသားရေ၊သားသူငယ်ချင်းက
သားပြန်လာရင်လက်ဆောင်ပေးဖို.သူရည်ရွယ်ပြီးဝယ်ထားခဲ.တဲ.အင်္ကျီလေးတထည်ရှိပါတယ်၊မနှစ်က
တည်းကဝယ်ထားတာ၊အန်တီအခုမှသူ.ဗီဒိုကိုထုတ်ကြည်.မှအမှတ်ရသွားတာပါ၊

ဘာအကျီင်္လဲလို.ကျွန်တော်ကမေးတော. သားအတွက်သူဝယ်ထားတာ ဖျင်ကြမ်းနဲ.လုပ်ထားတဲ.
ပင်နီအကျီလေးပါ။သားပြန်လာမှလက်ဆောင်ပေးဖို.ပါတဲ.၊ကျွန်တော်လဲ ချက်ခြင်းကျွန်တော်.လိပ်စာ
ပေးလိုက်ပြီးအဲဒါလေးကိုသားဆီကိုဆက်ဆက်ပို.ပေးပါလို.၊သားပြန်လာတဲ.အထိမစောင်.ပါရစေနဲ.လို.
ပြောလိုက်ပါတယ်၊

သိတ်မကြာတဲ.အချိန်၂ပတ်လောက်အတွင်းမှာပဲလူကြုံနဲ. ကျွန်တော်.ဆီကိုသူငယ်ချင်းရဲ့လက်ဆောင်ဖျင်ကြမ်း
ပင်နီအကျီလေးရောက်လာပါတယ်၊


ကျွန်တော်လဲအမြန်ပင်ထုတ်ပြီးဝတ်ကြည်.ပြီးမှန်ထဲကြည်.လိုက်တော.ကျွန်တော.ပုံအစားသူငယ်ချင်းရဲ.
ပုံကမှန်ထဲမှာပေါ်လာပါတယ်၊

ကျွန်တော်ရုတ်တရက်နောက်ကိုဆုတ်လိုက်တော.သူကတည်တည်ငြိမ်ငြိမ်နဲ.ပြုံးပြီးကြည်.လိုက်ပါတယ်၊
ကျွန်တော်လဲခဏတွေသွားပါတယ်၊ပြီးမှစိတ်ကိုတည်ငြိမ်စွာထားရင်ပြန်ပြုံးလိုက်ကာ
"သူငယ်ချင်းရေ  ငါအခုအရွယ်ရောက်ပါပြီကွာလို."  ပြန်ပြောလိုက်တော.သူကပြုံးပြီးပြန်
ပျောက်သွားခဲ.ပါတယ်၊
 အကျီလေးဟာကျွန်တော်နဲ.ကွတ်တိပါ၊သေသေချာချာတိုင်းပြီးဝယ်ပေးလိုက်သလိုပါပဲ၊
မှန်ထဲမှာအကြာကြီးငေးစိုက်ကြည်.နေမိတုန်းပဲ၊သူငယ်ချင်းပြန်ပေါ်လာရင်တချိန်ကငြင်းခဲ.
ကြတာကိုပြန်ပြောရင်းရီနေရအောင်ပါ၊

ဒါပေမယ်.ထပ်ပေါ်မလာခဲ.တော.ပါဘူး၊ကျွန်တော်.စိတ်တွေလဲပြန်လွင်.သွားကာကျွန်တော်.
ဆရာဆီပြန်ရောက်သွားပါတယ်၊

ကျွန်တော်အခုတော.တချိန်ကကျွန်တော.်ဆရာပြောခဲ.တဲ.အရွယ်ရောက်တယ်ဆိုတဲ.စကားနဲ.
ပတ်သက်ပြီးသတိရလိုက်မိပါတယ်၊

"အချိန်တန်လာရင်မင်းဒီစကားရဲ.အဓိပါယ်ကိုကောင်းစွာနားလည်လာမှာပါကွာ၊
အချိန်ကိုစောင်.လိုက်ပါတဲ.၊မင်းရဲ.ဖြစ်သန်းလာတဲ.ဘဝအတွေ.အကြုံပေါ်မှာ
မူတည်ပြီးမင်းဒါကိုကောင်းကောင်းသုံးသပ်နားလည်လာနိုင်လိမ်.မယ်တဲ.၊"ဒါပေမယ်.
မင်းဒီထက်ပိုပြီးနားလည်လာနိုင်မှာပါကွာ "တဲ.၊၊



(သားချစ်)