သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, December 18, 2011


တရုတ်သံအမတ်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့

တွေ့ဆုံ

 
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
“ကျနော်တို့နဲ့ နှစ်ပေါင်းများစွာ အဆက်အဆံ မရှိတာကနေ အခုက ပထမဆုံး နွေးနွေးထွေးထွေး ထိတွေ့ဆက်ဆံမှုပါ။ သီးခြားခေါင်းစဉ်နဲ့ ဆွေးနွေးတာတော့ မရှိပါဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးခွန်သာမြင့်က ဧရာဝတီသို့ ပြောသည်။

ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က..( ပန်းချီ ထိန်လင်း )

ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က..( ပန်းချီ ထိန်လင်း )

by Maung Maung Wann on Monday, December 19, 2011 at 11:45am

             ( ကျနော် တော်ယုံစာမျိုးကို ဖတ်ကြည့်ပါလို့ ပြောခဲပါတယ်...ဒါပေမဲ့...ဒီစာလေးကိုတော့ ပြီးအောင်ဖတ်ပေးပါ...မှတ်ချက်လေးတွေပေးခဲ့ပါ...တကယ့်အဖြစ်အပျက်များပါ.....ကျနော့်ငယ်သူငယ်ချင်း ( ပန်းချီ ထိန်လင်း ) ကိုယ်တွေ့အကြောင်းအရာထဲက...တစိတ်တဒေသလေးပါ....။ )
                                                                                         ( မောင်မောင်ဝမ်း )


များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်း စကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ ဟုတ်တာ မဟုတ်တာအပထား စိတ်ထဲရှိတာ လျောက်ပြီး အချိန် မစေ့မချင်း ပြောရတော့တာပေါ့။ ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာ မဟုတ်ဘဲ တကယ်ကို သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက အကြောင်းကို ပြောမလို့ပါ။

ပ၇ိက္ခရာအတွေး



သားငယ်စကာင်္ပူမှ တစ်ခေါက်ပြန်လာစဉ်က Gilletteမုတ်ဆိတ်ရိတ် ကိရိယာတစ်ခုကို ပေးသွားခဲ့သည်။ ကိုယ့်မှာလည်း အိန္ဒိယ လုပ်ပဲလားမသိ ဓါးသွားနှစ်ချောင်းပါ မုတ်ဆိတ်ရိပ် “ဂျုတ်” တစ်ခု ရှိနေသေးသည်နှင့် သူ့ပစ္စည်းကို မသုံးဖြစ်ခဲ့ ဟိုတစ်လောကတော့ ကိုယ့်ကိရိယာ ဓားသွားအသင့် မရှိသည်နှင့် သူပေးခဲ့သည့် ဂျုတ်ကိုပင်ထုတ်ပြီး သုံးနေမိသည်။ အတော်လေးတော့ အသုံးခံပါသည်။ နှစ်လလောက်ဘဲ ကြာလေမည်လား မသိတော့ပါ၊အတန်ငယ်တုံးသလိုလိုရှိလာသည်နှင့်ဓားသွားအသစ်တစ်ကပ်လောက် ၀ယ်ဦးမှပါလေဟု အောက်မေ့ပြီး စတိုးဆိုင်ကြီးတစ်ခုတွင် ၀င်ပြီးမေးကြည့်လိုက်တော့ ဓားသွားငါးခုပါ တစ်ကဒ်ကို ၆၂၅ ကျပ်ဆိုဘဲ။ ကိုယ်သုံးနေကျ ဓားသွားကို လမ်းဘေးဆိုင်တစ်ဆိုင်မှာ မေးကြည့်တော့ ဓားသွား ငါးခုရော ဂျုတ်ပါ တစ်စုံ ၁၅၀ ကျပ်။ အပေါဆုံးလို့ဘဲပြောပြော အဲသည် အပေါစားဓားသွားကလည်း တစ်ချောင်းဆိုလျှင် နှစ်လလောက်တော့ သုံးရသည်ပင်။ မုတ်ဆိတ် ပြောင်ပြောင်စင်စင် ရိတ်လို့ရလျှင်ပြီးတာဘဲဟု အောက်မေ့ပြီး အပေါစား ဓါးသွားကိုပင်ဝယ်ပြီး သုံးလိုက်ပါသည်။ 

ယောက်ဖရေ၊သွေးစည်းဖို.သွေးနှောကြစို.လေး

ယောက်ဖရေ၊သွေးစည်းဖို.သွေးနှောကြစို.လေး

by Tharchit Zaw on Sunday, December 18, 2011 at 4:31pm
မြန်မာနိုင်ငံမှာဗမာလူမျိုးအပါအဝင်တိုင်းရင်းသားလူမျိုး၈မျိုးရှိပါတယ်၊
ခပ်ငယ်ငယ်ကလေးဘဝကတည်းကအော်ကျက်ခဲ.ရတာဆိုတော.ဖန်
တရာကျေအောင်အလွတ်ရနေခဲ.ပါပြီ၊

မြန်မာပြည်ရဲ.ပြည်နယ်ပြည်မ၊တောင်တန်းမကျန်လွပ်လပ်ရေးရခဲ.တာ
ကြာခဲ.ပါပြီ၊ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာတိုင်းရင်းသားသွေးစည်း
ညီညွတ်မှုကိုရယူနိုင်ခဲ.ပေမယ်.လွပ်လပ်ရေးရပြီးနောက်ပိုင်းမှာပဲတိုင်းရင်း
သားသွေးစည်းညီညွတ်မှုလဲပျက်ပြားခဲ.ပြီးတိုင်းရင်းသားလက်နက်ကိုင်တွေ
အဖြစ်တော်လှန်လာလိုက်ကြတာယနေ.အချိန်အထိပြည်တွင်းစစ်တွေလဲတ
မစဲနိုင်ခဲ.သေးပါဘူး၊