သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, June 16, 2011

16.06.2011နေ.ဖတ်စရာသတင်းများ(ဗမာ.သွေးပေးပို.သည်)

မန်မာနိုင်ငံဆိုင်ရာ ကုလ အချိန်ပြည့် ကိုယ်စားလှယ် ခန့်မယ်2011-06-15 RFA


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေနဲ့ မြန်မာ အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေး ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ အချိန်ပြည့် အထူး ကိုယ်စားလှယ် တစ်ဦးကို မကြာခင် ခန့်အပ်တော့မယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်က မနေ့က သတင်း ထုတ်ပြန် ပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်း များစွာ ကြုံတွေ့နေခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းတွေကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပေမယ့် သမ္မတ ဦးသိန်းစိန် အနေနဲ့  ပြုပြင် ပြောင်းလဲရေးတွေ ကျယ်ကျယ် ပြန့်ပြန် ပြုလုပ်ဖို့ အပါအ၀င် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အားမြှင့် ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောဆို ထားတဲ့ အပေါ်မှာတော့ ကြိုဆိုရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မာတင် နက်ဆာကီးက သတင်းထောက်တွေကို ပြောပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အချိန်ပြည့် အထူး ကိုယ်စားလှယ် ခန့်အပ်တော့မယ့် ကိစ္စကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မြန်မာ့ မိတ်ဆွေ နိုင်ငံတွေနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဆောင် အာချွိုင်း Soung-ah Choi က RFA ကို ပြောပါတယ်။ အခု မြန်မာ အစိုးရသစ်က ကုလသမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ဖို့ ကတိပြုထား ပါတယ်။

ဒါနဲ့ ပတ်သက်လို့ မစ္စတာ ဘန်ကီမွန်းက မြန်မာ့ မိတ်ဆွေ နိုင်ငံများ အဖွဲ့နဲ့ ပြီးခဲ့တဲ့ သတင်းပတ်က တွေ့ဆုံရာမှာ အချိန်ပြည့် အထူး ကိုယ်စားလှယ် ခန့်အပ်တော့မယ် ဆိုတာ ပြောဆိုခဲ့တာ ဖြစ်ကြောင်း၊ ဘယ်တော့ နောက်ဆုံးထား ခန့်အပ်မယ်ဆိုတာ သတ်မှတ်ထားတာ မရှိသေးကြောင်း ပြောပါတယ်။ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေ အတွက် ကူညီ ဆောင်ရွက် ပေးသွားမယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ပြောဆို ခဲ့ပါတယ်။

ငြိမ်းချမ်းရေးပြန်လုပ်ဖို့ မြန်မာစစ်တပ်ကိုပြော

BBC News ။  15-6-2011

ယူကေနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အငယ်တန်းဝန်ကြီး jeremy Browne က မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်သဘောတူ ညီချက် ပြန်ယူသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ယူဖို့ အငယ်တန်းဝန်ကြီးပြောဇွန်လ ၁၀ ရက် ရက်စွဲနဲ့ Burma Campaign UK ကို ရေးသားတဲ့စာမှာ အခုလိုရေးသားထားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ လက်ထက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ယူခဲ့ပြီးနောက်မှာ မနှစ်က စလို့ ဒီနှစ်အထိ ငြိမ်းချမ်းရေး သဘောတူညီချက် သုံးခုကို ချိုးဖျက်ပြီး မြန်မာစစ်တပ်က တိုင်းရင်း သားတွေ အပေါ် ထိုးစစ်တွေ ဆင်ခဲ့တယ်လို့ ဝန်ကြီးရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။မြန်မာအစိုးရသစ်ရဲ့ စစ်တပ်က မကြာသေး ခင်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။


ဂရိပါလီမန်ပြင်ပမှာ ရဲနဲ့ဆန္ဒပြသူတိုက်ခိုက်
BBC News ။  15-6-2011


ဂရိနိုင်ငံရဲ့ ပါလီမန်အပြင်ဘက်မှာ ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်နေပြီး၊ အစိုးရရဲ့ အသုံးစရိတ်လျှော့ချရေးနဲ့ပတ်သက်တဲ့ အစီအစဉ်သစ်အပေါ် ပြည်သူထောင်ပေါင်း များစွာက ကန့်ကွက်နေကြပါတယ်။

ဆန္ဒပြသူတွေက ရဲတွေကို ကျောက်တုန်းနဲ့ ပေါက်ခဲ့ကြပြီး၊ ရဲတွေကလည်း မျက်ရည် ယို ဗုံးတွေနဲ့ လူအုပ်ကို ပြန်ပစ်ခဲ့ ပါတယ်။ ဒီနေ့ တနေ့လုံး ကိုတော့ ဆန္ဒပြပွဲတွေ ဆက်တိုက် လုပ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အလုပ်သမားတွေနဲ့ အစိုးရဆောင်ရွက်ချက်ကို မကျေနပ်သူတွေရဲ့ ဆန္ဒပြမှုတွေကြောင့် ဆေးရုံတွေ၊ အများပြည်သူသုံး ပို့ဆောင်ရေး ကွန်ရက်နဲ့ အသံလွှင့်ရုံတွေပါ ထိခိုက်ကုန် တယ်လို့ သိပါတယ်။



ဇေကမ္ဘာနှင့် လယ်သမားများ အငြင်းပွား
 ဆလိုင်း ဟံသာစန်း | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၀ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။      ။ လွှတ်တော်အမတ်တဦးပိုင် ကုမ္ပဏီမှ အငြင်းပွားဖွယ်ရာ လျော်ကြေးပေး သိမ်းယူခဲ့သော ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ လယ်ဧက ၈ဝဝ ကျော်တွင် လယ်စိုက်ခွင့် ရှိ/မရှိနှင့် ပတ်သက်ပြီး ထပ်မံအငြင်းပွားမှု ဖြစ်ပွားနေသည်။

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရွှေနံ့သာကျေးရွာအုပ်စု ရွှေနံ့သာနှင့် ပေါင်းကူရွာရှိ လယ်သမား ၇၁ ဦးထံမှ လယ်မြေများကို တဧကလျှင် ၆ သိန်းကျပ်ပေးကာ လယ်မြေများကို ယမန်နှစ်က သိမ်းယူခဲ့သည်။

ထိုလယ်မြေများပေါ်တွင် လယ်မစိုက်ရန် ဒေသအာဏာပိုင်များနှင့် ကုမ္ပဏီဝန်ထမ်းများက လက်ရှိတွင် တားမြစ်နေခြင်းကြောင့် ကုမ္ပဏီအနေဖြင့် ကတိဖောက်ဖျက်သည်ဟု လယ်သမားများဘက်က စွပ်စွဲပြောဆိုနေကြသည်။

“ဦးလေးတို့ လယ်ထဲဆင်းသွားပြီး ကန်သင်းရိုးတွေပေါက်၊ လယ်ကွက်တွေ ပြင်ဆင်နေကြတဲ့အချိန်မှာ သူတို့က လာတားတယ်။ သီးစားခွင့် ခင်ဗျားတို့လက်ထဲမရောက်ခင် လယ်ကွက်ကို မပြင်ကြနဲ့လို့ လာတားတယ်။ မင်္ဂလာဒုံ အုပ်ချုပ်ရေးမှူး ပါတယ်၊ မယကနဲ့ ရယကတွေ ပါတယ်” ဟု လယ်ဧက ၅ဝ ကျော် သိမ်းယူခံခဲ့ရသည့်
 ရွှေနံ့သာကျေးရွာမှ လယ်သမားကြီးတဦးက မဇ္ဈိမကို ပြောသည်။

ရွှေနံ့သာကျေးရွာမှ အမည်မဖော်လိုသူ လယ်သမားတဦးကလည်း “ဟိုတပတ်က လယ်ထွန်ဖို့ ပြင်နေတုန်း သီးစားမချခင် စိုက်လို့မရဘူးဆိုပြီး ကုမ္ပဏီလုံခြုံရေးတွေလာတားတယ်” ဟု ဆိုသည်။

လယ်မြေများပေါ်တွင် အဆောက်အဦများ မဆောက်လုပ်မီအထိ လယ်ပိုင်ရှင် ၇၁ဦး အနေဖြင့် ဆက်လက် လယ်စိုက်နိုင်သည်ဟု အစောပိုင်းတွင် ဦးခင်ရွှေက သဘောတူခွင့်ပြုချက် ပေးခဲ့သည်ဟု လယ်သမားများက
 ပြောသည်။

“လယ်သမားတွေကလည်း သူပေးတဲ့ ကတိအတိုင်းပဲ စိုက်တာ အခုမှ ၂ဝ၁ဝ တမိုးပဲ ရသေးတယ်။ အခု ၂ဝ၁၁ ကျတော့ သူတို့က အလုပ်လုပ်ချင်လို့ ဖျက်တဲ့ အခါကျတော့ လယ်သမားတွေက စီးပွားရေးတွေ၊ သားသမီးတွေ ပညာရေး အကုန်လုံး ပျက်စီးကုန်ပြီး ဒုက္ခဖြစ်နေတယ်”ဟု အခင်းဖြစ် လယ်ဧက ၅ဝ ပိုင်ဆိုင်ခဲ့သူ ဦးကျော်စိန်က
 ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီက တာတမံများကို ဘူဒိုဇာနှင့် ဖြိုဖျက်ခဲ့ခြင်းကြောင့် ရေဝင်၍ ပျက်စီးသော လယ်များအတွက် တဧကလျှင် ကျပ် ၃သိန်းစီ လျော်ကြေးပေးခဲ့သည်။

လက်ရှိတွင် ဇေကမ္ဘာ ကုမ္ပဏီက စက်မှုဇုန် စီမံကိန်းအတွက် သိမ်းယူထားသည့် လယ်မြေများပေါ်တွင် ကွန်ကရစ်လမ်းများ၊ လမ်းမီးတိုင်များ ဆောက်လုပ်နေပြီး လျှပ်စစ်မီးကြိုးများလည်း သွယ်တန်းနေကြောင်း လယ်သမားများက ပြောသည်။

လယ်များကို ယမန်နှစ်ဧပြီလအတွင်း လျော်ကြေးပေးဝယ်ယူစဉ်ကပင် တဧကလျှင် ကျပ်သိန်း ၂ဝ အထိ
 ဈေးပေါက်ခဲ့သော်လည်း ဈေးနှိမ်ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများဘက်က ပြောသော်လည်း ကုမ္ပဏီဘက်ကတော့ ဂရုဏာကြေးဆောင်း၍ ပိုပိုသာသာပင် ပေးခဲ့သည်ဟု စောဒက တက်ခဲ့သည်။

“သူပြောတာက ကျနော်က ခင်ဗျားတို့လယ်တွေကို ဝယ်တာမဟုတ်ဘူး၊ ဇေကမ္ဘာကုမ္ပဏီက သိမ်းတာ မဟုတ်ဘူး၊
 နိုင်ငံတော်က သိမ်းတာ။ နိုင်ငံတော်ကသိမ်းရင် ငွေသောင်းဂဏန်း လောက်ပဲ ပြန်ရမယ်” ဟု ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ခေါ်ယူတွေ့ဆုံသော တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ ရွှေနံ့သာရွာမှ လယ်သမားတဦးက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှာ ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရ လက်ထက် နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ရွှေမန်း (လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) နှင့် ခမည်းခမက် တော်စပ်သူ ဖြစ်သည်။

မဇ္ဈိမက ဦးခင်ရွှေကို ဆက်သွယ်မေးမြန်းရာ “အိုးအိမ်ဦးစီးဌာနက မြေစိုက်၊ အန်ကယ်တို့က Development စိုက်ပြီးတော့ လုပ်ကြတာပါ။ အဲဒါကြီးကို အန်ကယ်က ဒီလယ်ကို ဝယ်ပါတယ်တဲ့။ အန်ကယ်က ဝယ်ပိုင်ခွင့်လည်း မရှိဘူး၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဝယ်လို့မရဘူး လယ်ဆိုတာက။ နိုင်ငံတော်ပိုင်ပဲ ဖြစ်တယ်။ နိုင်ငံတော်လုပ်မှ ရမယ်။ အဲဒါကြီးကို လူတွေက အမြင်လွဲနေကြတာ” ဟုသူက  ပြောသည်။

“တချို့က မနှစ်က လမ်းဖော်တဲ့အချိန်မှာ စပါးစိုက်တယ်။ စပါးစိုက်တော့ အဲဒီစပါးတွေက မလွတ်တာတွေကော၊ အန်ကယ်တို့ ရေမြောင်းတွေ၊ လမ်းတွေ လုပ်တဲ့အချိန်မှာ ထိခိုက်တာတွေ ရှိတယ်။ တကယ်တမ်းကျတော့ အဲဒီမြေတွေက တဧကမှာမှ ၅ဝ လောက် ထွက်တာ။ ၅ဝ ဆိုရင် စပါးထွက်ပြီး ပြန်ရောင်းရင် တသိန်းခွဲလောက်ပဲ ရမယ့်ကိစ္စအတွက်  ၃ သိန်း ပေးခဲ့တယ်။ နစ်နာမှစိုးလို့” ဟုသူက ဆက်ပြောသည်။


စစ်ကြောင့် တောင်ယာကို စွန့်ခွာကြပြီ
 ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၂ မိနစ်



ချင်းမိုင် (မဇ္ဈိမ) ။     ။ ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား ၇ ရက်အကြာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေမှုကြောင့် စိုးရိမ်ကြောင့်ကြနေကြသည့် ဒေသခံတို့မှာ လုပ်လက်စ တောင်ယာ လုပ်ကိုင်ခြင်း ရပ်တန့်ထားကြသည်။

စိုက်ပျိုးစရာသီဖြစ်သည့် ယခုကာလတွင် စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရန်အတွက် တောင်ယာများကို ခုတ်ထွင် ရှင်းလင်း၍ စတင်စိုက်ပျိုးရန် ပြင်ဆင်နေကြချိန် တိုက်ပွဲ ဖြစ်သဖြင့် ဝိုင်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ မန်စီ၊ လိုင်ဇာ၊ မြစ်ကြီးနား စသည့် မြို့နယ်များမှ ဒေသခံ တောင်ယာလုပ်ငန်းများမှာ အင်္ဂါနေ့မှ စတင်၍ ရပ်ဆိုင်းလိုက်ကြရခြင်း ဖြစ်သည်။

“ ဒီမနက်မိုင်းကွဲတဲ့ တံတားနားကို ကျနော်သွားကြည့်တော့ အဲဒီနားက ဆဒုန်းတောင်ပေါ်မှာ တောင်ယာမလုပ်တော့ပဲ မြို့ဘက်ကို ပြန်ဆင်းလာတဲ့ တောင်သူ အယောက် ၆ဝ-၇ဝ လောက်လမ်းပေါ်မှာ အများကြီးပဲ တွေ့လိုက်ရတယ်။ အားလုံးက အထုပ်ကိုယ်စီနဲ့ပေါ့ သူတို့ ဆက်မလုပ်တော့ဘူး။ ဒါကျနော် ခနလေးပဲ တွေ့လိုက်တဲ့ လူအုပ် တခြားနေရာတွေမှာ ဘယ်လောက်တောင် ပြန်နေကြပြီလဲ စဉ်းစားကြည့်” ဟု မြစ်ကြီးနားမြို့တွင် နေထိုင်နေသည့် NDAK ဘဏ္ဍာရေးမှူးဟောင်းမု ရင်ဒေါင်ခေါင်းက မဇ္ဈိမကိုပြောသည်။

လယ်ယာသုံး ပစ္စည်းများ ပြန်လည် သယ်ဆောင်လာကြသည့် တောင်ယာသမားများမှာ မိုးဦးကျ မိုးစပါး စိုက်ရန်အတွက် တောင်တန်းများပေါ်ရှိ တောများကို ခုတ်ရှင်းလင်း၍ စပါးစိုက်ပျိုးကြသူများဖြစ်ပြီး တိုက်ပွဲရှိန် မြင့်လာနိုင်မှာကို စိုးရိမ်ကာ အိမ်ပြန်ကြခြင်း ဖြစ်သည်။

“ပြန်လာတယ်ဆိုတော့ သူတို့လုပ်ငန်းက ထိခိုက်သွားပြီလေ။ လယ်လဲမရှိ တောင်ယာလုပ်ငန်းသမားတွေ အားလုံး ပြန်လာကြတာ။ တိုက်ပွဲတွေမရပ်ရင်တော့ လာမယ့်နှစ်အတွက် ဝမ်းစာရေးကတော့ အခက်တွေ့မှာပေါ့ဗျာ” ဟု မုရင်ဒေါင်ခေါင်း က ပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင်လည်း တိုက်ပွဲများ ကျယ်ပြန့်လာမှာကို စိုးရိမ်ထိတ်လန့်မှု တိုးလာနေသည်။

“မကြောက်ပဲ နေပါ့မလားဗျာ။ ဗုံးသံတွေကြားရင် ကြောက်လန့်နေကြတာပဲ။ အခုတောင် လူတွေက ဟိုရွှေ့မလို ဒီရွှေ့မလို့ အသံတွေထွက်နေကြပြီ။ ဈေးထဲမှာလည်း ကုန်ဈေးနှုန်းတွေက တက်ချင်လာပြီ၊ လမ်းခရီးမကောင်းရင် ကုန်အသယ်အပို့က ပြဿနာ ရှိလာတယ်။ ဒီအတိုင်းဆို နောက် ၂ ရက်လောက် ဆိုရင်တော့ မြို့ပေါ်မှာ ကုန်ဈေးနှုန်း မြင့်တက်လာနိုင်တယ်” ဟု ဖျက်သိမ်းခံလိုက်ရသည့် KSPP ပါတီဟောင်းမှ ဦးတူးရော် က မဇ္ဈိမကို ပြောသည်။

ဝိုင်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ မန်စီနှင့် လိုင်ဇာ မြို့နယ်များ အောက်ရှိ ဒေသခံများမှာမူ တောင်ယာလုပ်ငန်းများ ရပ်ဆိုင်းလိုက်သည့် အပြင် နေရပ်ကို စွန့်ခွာ၍ တရုတ်နိုင်ငံ ရွှေလီနှင့် ကြယ်ခေါင် မြို့နယ်များအတွင်းသို့ သွားရောက်တိမ်းရှောင်မှုတွေ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံတို့က ပြောသည်။

“အခုဟာက လယ်မလုပ်တော့ပဲ အိမ်ပြန်ရင်လည်း စစ်တပ်က ပေါ်တာဆွဲမယ် ဆိုတော့။ တရုတ်ပြည်ထဲ သွားနေဖို့ ဆုံးဖြတ်ကြတာပေါ့။ တရားဝင်သွားကြတာ မဟုတ်ဘူး။ လိုင်ဇာမြစ်ကို ဖြတ်ပြီးတော့ အောက်လမ်းက ခိုးဝင်သွားကြ တာ။ ဒီနေ့သွားတာတင်ကို ၁၅ဝဝဝ ကျော်လောက်ရှိမယ်။ နည်းတာမဟုတ်ဘူး” ဟု လိုင်ဇာမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ဒေသခံအချို့မှာ ကချင်ပြည်နယ်အတွင်း မငြိမ်သက်မှုများကြောင့် တရုတ်နိုင်ငံနယ်စပ် ကျေးရွာများနှင့် မြို့များတွင် အိမ်ခန်းများ ကြိုတင်ငှားရမ်းခြင်း ဆွေမျိုးများကို ကြိုတင်အကြောင်း ကြားခြင်းမျိုး ပြုလုပ်ထားကြသည်ဟု စုံစမ်းသိရှိရသည်။ ပြောင်းရွှေ့သွားသူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီး အများစုဖြစ်ကြောင်းသိရပြီး ရွာလုံးကျွတ် ပြောင်းရွှေ့သွားသူများလည်း ရှိကြောင်း ပြောပြကြသည်။

“ရွာမှာ ပြေးနိုင်လွှားနိုင်တဲ့ အမျိုးသားတွေကို အိမ်စောင့်အဖြစ် ထားခဲ့တယ်” ဟု တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသူတဦးက ပြောသည်။

ဇွန်လ ၉ ရက်နေ့က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် မိုးမောက်နှင့် ဗန်းမော်ဒေသများမှ ပြောင်းရွှေ့လာကြသည့် ဒေသခံများ အဆိုအရ တိုက်ပွဲတွင် အစိုးရ စစ်တပ်မှ အသေအပျောက်များသည်ဟု ဆိုသည်။ စစ်မြေပြင်၌ အစိုးရ စစ်တပ်မှ ထောင်သားများကို ပေါ်တာများအဖြစ် အသုံးပြုသလို ဒေသခံရွာများမှ အမျိုးသားများကိုလည်း ပေါ်တာများ အသုံးပြုရန် ခေါ်ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။

အစိုးရစစ်တပ်က လာမည့်ရက်ပိုင်းအတွင်း၌ မြေပြင်မှ တပ်မ ၂ ခုစေလွှတ်ကာ ထိုးစစ်ထပ်မံ တိုးချဲ့သွားရန် ရှိသည့်အပြင် ဝေဟင်မှ လေယာဉ်များဖြင့်လည်း အသုံးပြု တိုက်ခိုက်ဖွယ်ရှိသည်ဟု ဒေသတွင်း အစိုးရစစ်တပ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည့် ကချင်ခေါင်းဆောင်တဦးက ပြောသည်။

လိုင်ဇာမြို့ပေါ်တွင် ဗုဒ္ဓဟူးနေ့ မနက် တနာရီအချိန်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးကာ သတိဖြင့် နေထိုင်ကြရန် စာများ ဖြန်ဝေခဲ့သည်ဟု ဆိုသည်။

“အိပ်ရေးပျက်တဲ့ညတွေများပြီ။ ဘယ်အချိန် လက်နက်ကြီးကျမလဲ၊ မြို့ထဲမှာဖြစ်မလဲနဲ့ ညကလည်း အိမ်မပျော်ဘူး။ ကိုယ်တယောက်တည်းဆို တရုတ်ဘက်ကို ချက်ခြင်းပြေးသွားလို့ရတယ်။ မိသားစုက ရှိတယ်လေ။ မြို့ပြင်ဘက်တွေက အုန်း၊ ဒိုင်းနဲ့အသံတွေကြားရင် ပိုအိပ်မပျော်လေပဲ” ဟု လိုင်ဇာမြို့ခံ ကားသမားတဦးက ညည်းညူသည်။

အင်္ဂါနေ့က ကားလမ်းများပေါ် ဗုံးကွဲသည့် သတင်းပျံ့နှံ့သွားပြီးနောက် ခရီးသည်ကား ကုန်သည်ကားများ သွားလာမှုမရှိတော့သလို ယနေ့တွင်လည်း လိုင်ဇာနှင့် မြစ်ကြီးနား ခရီးသည်ကား တစီးသာ ထွက်ဖြစ်ခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲကာလတွင် ကချင်ပြည်နယ်အတွင်း၌ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီတို့ကို ဒေသခံတို့က မဲပေးရွေးချယ်ခဲ့ကြသော်လည်း ယခုအချိန်တွင် ပျောက်နေကြသည်ဟု ဦးတူးရော်က ပြစ်တင်ပြောဆိုလိုက်သည်။

“ဒီပါတီတွေက ဖွဲ့ကတည်းက အစိုးရအလိုကျ ဖွဲ့ကြတာပဲလေ။ သူတို့ကို မဲပေးတဲ့လူတွေ ဒီလိုဖြစ်တော့ သူတို့ ဘာမှလာလုပ်ပေးတာလဲမှရှိဘူး။ ဒီလူတွေကိုသွားမျှော်ပြီး အားကိုးနေလဲ အလကားကပဲ။ လုပ်ပေးနိုင်တဲ့ အဆင့်တွေလည်း တဖွဲ့မှ မရှီဘူး” ဟု ဦးတူးရှော်က ပြောသည်။

ပါတီများနည်းတူ ကချင် ပြည်နယ်ဝန်ကြီးအပါအဝင် ပြည်နယ်မြို့ပေါ်များရှိ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများ ကလည်း နှုတ်ဆိတ်ငြိမ်သက်နေကြသည်။  အလားတူ နိုင်ငံပိုင်သတင်းစာများတွင်လည်း ပျောက်ကွယ်နေဆဲ ဖြစ်သည်။


တိုက်ပွဲအတွက် နှစ်ဖက် အသင့်အနေထားရှိ
 ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၈ မိနစ်



ချင်းမိုင် (မဇ္စျိမ) ။      ။ အစိုးရတပ်များနှင့် အပြန်အလှန် တိုက်ခိုက်ရန် စစ်ရေး ပြင်ဆင်မှုမှာ နှစ်ဖက်စလုံး အသင့် အနေအထား ရှိနေကြပြီ ဖြစ်ကြောင်း KIO ဗဟိုကော်မတီဝင် ဦးလနန်က ပြောဆိုလိုက်သည်။

အစိုးရတပ်ဖွဲ့ အင်အားဖြည့်တင်းကာ လိုင်ဇာမြို့အနီးစခန်း ၃ ခုမှ ၁ဝ၅ မမ၊ ၁၂ဝ မမ အမြောက်များဖြင့် KIO ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်သို့ ချိန်ရွယ်ထားသည်ဟု KIO ဘက်က ပြောသည်။ လိုင်ဇာမှ ၈ မိုင်ခန့်အကွာရှိ နားလုံစခန်း၊ လိုင်ဇာမြို့မှ ၁၄ မိုင်အကွာရှိ နမ်ဆန်ယန်စခန်း လိုင်ဇာနှင့် ၂၅ မိုင်ခန့်အကွာရှိ မိုးမောက်မြို့နယ်ခွဲ ဒေါ့ဖုန်းယန်တို့မှ ချိန်ရွယ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။


 ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းတရပ်တွင် KIO က အစောပိုင်းရက်များတွင် လက်ဖြောင့်တပ်သားများ အသုံးပြု တိုက်ခဲ့သည်ဟု ဆိုသည်။

ဦးလနန်က စစ်ပြင်ဆင်ထားမှုကို ထုတ်ဖော်ပြောဆိုရန်  ငြင်းဆိုလိုက်ပြီး “အခုတော့ နှစ်ဖက် သတိနဲ့ အသင့် အနေအထား ဖြစ်နေကြတယ်။ သူတို့ဘက်ကလည်း ပစ်တာ မရှိသေးဘူး။ သူတို့နဲ့က မဝေးတော့ဘူး” ဟု မဇ္စျိမကို ပြောသည်။

စစ်ပွဲများက ကချင်အမျိုးသားတို့၏ မျိုးချစ်စိတ်ကို တိုးပွားလာစေပြီး ဖေ့စ်ဘွတ်သုံး ကချင်အသိုင်းအဝိုင်းတွင် ကချင်အလံများကို ထုတ်ဖော်ပြသမှုများ ရုတ်ချည်း မြင့်တက်လာနေသည်။

KIO အနေဖြင့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား တော်လှန်နေရခြင်း
 ဖြစ်ကြောင်းနှင့် 'မလွှဲမရှောင်သာ၍' ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း မြန်မာ့ တပ်မတော် တပ်ဖွဲ့ဝင်များသို့ အသိပေး ကြေညာချက် တစောင် ယနေ့ ထုတ်ပြန်လိုက်သည်။

“ကျနော်တို့က ဘယ်လိုနည်းလမ်းနဲ့ လုပ်နေတယ်ဆိုတာ ကမ္ဘာကို သိခိုင်းစေချင်တာပဲ။ ဒါကြောင့် ကျနော်တို့ဘက် ဝင်လာတဲ့လူတွေ၊ အမြဲတမ်း လက်ခံတယ်။ ကျနော်တို့ရဲ့ စစ်ဆင်ရေးကို သိဖို့ ကြေညာလိုက်တာပဲ။ ရှေ့တန်းမှာ တိုက်နေတဲ့ စစ်သားတွေ အတွက်လည်း သူတို့ လုံခြုံရေးအတွက်လည်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဘက်ကို
 ရောက်လာရင် အမြဲတမ်း ကြိုဆိုနေတယ်ဆိုတာ” ဟု ဦးလနန်က ပြောသည်။

ဗလမင်းထင် တံတားမှ ဝိုင်းမော်မြို့သို့ သွားသည့် နန်မြစ်ချောင်းပေါ်ရှိ မရမ်းသံတံတားအား အင်္ဂါနေ့ ည ၈ နာရီခွဲချိန်တွင် ဖျက်ဆီးခဲ့သလို၊ ဝိုင်းမော်မြို့မှ လိုင်ဇာသွားသည့် လမ်းပေါ်မှ မလိ သံတံတားကိုလည်း ဖျက်ဆီးလိုက်ပြီး ဖြစ်သည်။ သို့သော် တံတားမှာ ပျက်စီးခြင်း မရှိဘဲ သွားလာနိုင်သေးသည်ဟု ဒေသတွင်း သတင်းရပ်ကွက်များက ပြောသည်။

အရှည် ၁ဝဝ ပေ၊ အကျယ် ၁၅ ပေ ရှိသော မရမ်းတံတားကို ဖြတ်၍ အစိုးရဘက်က စစ်အင်အား ဖြည့်တင်းပေးနိုင်မည့် လမ်းကြောင်း ဖြစ်သောကြောင့် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော် လမ်းပေါ်တွင်
 ပြေးဆွဲနေသော ကားများ ဖြတ်သန်းမှုများ ပြတ်တောက်သွားသည်။

အစိုးရတပ်ဘက်မှ နမ်ဆန်ယန်၊ နားလုံ၊ လဂျားယန် စသည့်တပ်စခန်းများတွင် အနည်းဆုံး အင်အား ၅ဝဝ ခန့်ရှိမည်ဟု ခန့်ရရပြီး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်တွင်မူ တပ်ဖွဲ့အင်အား ၂ဝဝ ခန့်ရှိမည်ဟု ကချင်ပြည် လွတ်လပ်ရေးကောင်စီ KIC အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ယော်ထုံက ခန့်မှန်းပြောဆိုသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ဦးသိန်းဇော်နှင့် ဝန်ကြီးအဖွဲ့များ၊ စည်းရုံးရေးမှူးများက မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် တိုက်ပွဲ မဖြစ်ပွားရန် ဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။

“ဒီမနက် မြစ်ကြီးနားမှာ ပြည်နယ်ဝန်ကြီးတွေ စည်းဝေးတယ်။ မတိုက်ကြဖို့ စည်းဝေးကြတယ်။ ကျနော်တို့ဆီလည်း ကြားလူလွှတ်မယ်လို့ သတင်းကြားရတယ်။ အစိုးရဘက်က နည်းနည်းထူးခြားနေတယ်။ ဖုန်းနဲ့ အသိတွေထဲကနေ အကြောင်းကြားလာတာတော့ ရှိတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လိုင်ဇာမြို့ အနီးပတ်ဝန်းကျင်ရှိ နားလုံ၊ ဒွန်ခုံး၊ မဒီးယန်၊ လမိုင်ယန်၊ နမ်ဆန်ယန် စသည့်ဒေသများမှ စစ်ပြေးဒုက္ခသည်များ ၁ဝဝဝ ကျော်ကို KIO ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်တီက လိုင်ဇာမြို့ရှိ စာသင်ကျောင်း၊ ဘုရားကျောင်း စသည့် နေရာများတွင် နေရာချထားပေးသည်။

တရုတ်ပြည်ဘက်သို့ ထွက်ပြေးသည့် ဒေသခံများကို စစ်ပွဲမဖြစ်သေးသဖြင့် တရုတ်က ပိတ်ထားသည်ဟု ဦးလနန်က ပြောသည်။


ကချင်ဒေသခံ ၂ သောင်းခန့် တရုတ်နယ်စပ်ဘက် စစ်ရှောင်
Wednesday, 15 June 2011 17:55 သျှမ်းသံတော်ဆင့်


ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIAနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့် ကချင်ဒေသခံ ၂ သောင်းခန့် ယနေ့နံနက်ပိုင်းတွင် တရုတ်နယ်စပ်ဘက် ထွက်ပြေးရောက်ရှိလာကြောင်း သိရ သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီး တစ်ဝိုက်ရှိ ကျေးရွာသားများသည် နှစ်နိုင်ငံနယ်စပ်မြို့ လွယ်ဂျယ် တစ်ဘက်ကမ်း တရုတ်ပိုင် လားရင်းဒေသဘက် ထွက်ပြေးလာသည်ဟု ဒေသခံများက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။လွယ်ဂျယ် ကျောင်းထိုင် ဆရာတော်တစ်ပါးက“ ဒီနေ့မနက်ပြေးလာကြတာ ၂ သောင်းလောက်ရှိမယ် လွယ် ဂျယ်မြို့ပေါ်နဲ့ လွယ်ဂျယ်နားက ရွာတွေက အများဆုံး”ဟု ပြောသည် ။

လွယ်ဂျယ်မြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်သည့် ဝင်းဟိုင်း ၊ အုံလုံ ၊ မန့်လင် ၊ ကုန်းဆာ ၊ လွယ်ဂျယ် ၊ မန့် ကောင်း ၊ တုံ့ဟုန်းနှင့်နောင်းပုံရွာများမှ ဒေသခံများ ဖြစ်ကြောင်း သိရသည် ။နောက်ထပ်ဒေသခံတစ်ဦးက “ အခုအခြေအနေက သဲသဲလေးပဲကျန်တော့တယ် တံတားတွေလည်းချိုး လိုက်ပြီ ကား အသွားအလာ လုံးဝမရှိတော့ဘူး စစ်ဖြစ်မှာ စိုးရိမ်တာလည်းပါတယ်  ကေအိုင်အေ ကလည်း ဒီနားမှာရှိတဲ့ရွာတွေမှာ ယောက်ကျားတွေကို ပြည်သူ့စစ် မလုပ်မနေရ လိုက်ကောက်နေတယ် ကြောက်လို့ ပြေးကြတာပေါ့ ” ဟု ဆိုသည်။


တရုတ် - မြန်မာနယ်စပ် တစ်လျှောက်တွင် တရုတ်လုံခြုံရေး ယခင်ထက် အင်အား တိုးမြှင့်ချထားသော်လည်း နယ်စပ်နေ ပြည်သူများအတွက် နယ်စပ် အဝင်အထွက်မခက်ခဲကြောင်း သူက ဆိုသည် ။ယခုအခါ KIA ဌာနချုပ်လိုင်ဇာမြို့ခံများလည်း တရုတ်နိုင်ငံဘက် ပစ္စည်းများရွှေ့ပြောင်းနေကြောင်းသိရသည်။



ဘဲငါးရာတောင်တွင် ရှေးရခိုင် ဘုရင်များ၏ ၀ှက်ထားခဲ့သော ရတနာသိုက် ရှာတွေ့ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ထုတ်ဖေါ်ရေးသား
News Date:6/15/2011 နိရဉ္ဖရာ သတင်းဌာန


ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ဘဲငါးရာ တောင်အနီး ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ဘုရင့်ရတနာ သိုက်ကို ခေတ်မီ High Tech (NASA-Te- chnology Digital Image)နည်းဖြင့် ရှာဖွေ တွေ့ရှိ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ထုတ်ဖေါ် ရေးသားသည်။

သမိုင်းဝင်လဲ ဖြစ်တာ ကြောင့် အစိုးရခွင့်ပြုချက်နဲ့မှ တူးခွင့်ရမှာ မို့လို့ပေါ့'' ဟု ဦးစိုးသိန်းက ဆက်လက်ပြော ပြခဲ့သည်။ အထက်ဖော်ပြပါသတင်းဆောင်း ပါးအား ဦးထွန်းကျော်ရီ(စစ်တွေ)၏ ဖလား ၀ါးနယူးစ် ဂျာနယ်အတွဲ(၆)၊ အမှတ်-၄၉နှင့် ၅၀တို့တွင် နှစ်ပတ်ဆက်တိုက်ဆောင်းပါး အဖြစ်ဖော်ပြခဲ့သည့် ကုလားတန်မြစ်အနောက် ဘက်ကမ်းမှ သမိုင်းဝင်ဘဲငါးရာတောင်နှင့် ထူးခြားသောဖြစ်ရပ်များေ ဆာင်းပါးအား ကိုးကား၍ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါ သည်။

''ပြီးခဲ့တဲ့ငါးလလောက်က ဖလား ၀ါးနယူးစ်ဂျာနယ်မှာ အခန်းဆက်ပါခဲ့တဲ့ ဦးထွန်းကျော်ရီ(စစ်တွေ)ရဲ့ ဆောင်းပါးကို ဖတ်ပြီး နှစ်ပတ်အတွင်းမှာပဲ ဒီရှေးဟောင်း ရတနာတွေ မြှုပ်နှံထားတဲ့နေရာကို ရှာခဲ့ တယ်။ အဲဒီနှစ်ပတ်အတွင်းမှာပဲ ရှာတွေ့ခဲ့ တာပါ။ အဲဒီနောက်ပိုင်း သတင်းထုတ်ပြန် ဖို့ တော်တော် လေး စဉ်းစားနေခဲ့ရတယ်။

မတော်လောဘသမားတွေနဲ့ မသမာသူတွေ သိသွားမှာ စိုးတယ်။ ထို့ပြင် ဘဲငါးရာတောင်ရိပ်ထိုး သော ပတ်ဝန်းကျင်ကျေးရွာဒေသများတွင် ဘဲမွေးကာ စားသောက်ခြင်း၊ ဘဲဥစားခြင်း မရှိရဆိုသည့် အယူအဆမှာ ၎င်းင်းဒေသရှိ ရှေးဘိုးဘေးစဉ်ဆက်ကပင် ယုံကြည်ကျင့် သုံးလာခဲ့ကြသည်မှာ ဤတောင်၏ထူးခြား ချက်ပင်ဖြစ်ကြောင်းသိရသည်။

ယင်းတောင် တွင် နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့ည ၌ အတ္တလောက၊ ပရလောက သားတို့လာ ရောက်ဆေးပေါင်းလေ့ ရှိသည်ဟု ဒေသခံ များက ယုံကြည်နေကြဆဲပင်ဖြစ်သည်။ ဘဲငါးရာတောင်တွင် ရတနာ သိုက်ရှိသည်ဟု လူအများသိရှိလာသည့် အခါသိုက်တူးသမားများ မကြာခဏ လာ ရောက်ခဲ့ကြပြီး ရတနာသိုက်ရယူရန် ကြိုး စားခဲ့ကြသော်လည်း အကြောင်းတစ်ခုခု ကြောင့် အစီအစဉ်ပျက်သွားတတ်သည်ဟု ဘဲငါးရာတောင်မှ ရှေးလူကြီးများက ပြော ကြသည်။

(စမ်းမတွိ-ကုလားတန်မြစ် လက်တက်တစ်ခုဖြစ်သော စမ်းမတွိချောင်း၊ ထိုနေရာတွင် နန်းမြို့ တည်ခဲ့ခြင်းဖြစ်သည်) ပုဂံမင်း ဘုရင် စောမွန်နစ်မှာလည်း အဆိုပါ ရွှေ၊ ငွေ၊ ရတနာများကို ရှာမတွေ့ခဲ့ဘဲ နောက်ပြန်လှည့်သွားခဲ့ရသည်ဟုဆိုသည်။ အဆိုပါရတနာသိုက်အား မက် မောသော ပုဂံမင်းစောမွန်နစ်မှာစုံစမ်းရှာ ဖွေရင်း စမ်းမတွိမြို့ကို တိုက်ခိုက်ခဲ့ပြန်သည်။

ဘုရင်သက်မင်းငအောင်လာသည်လည်း မြှုပ် နှံထားခဲ့သည့်ရတနာတို့ကို မယူနိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်၌ပင် နတ်ရွာစံခဲ့သည်ဟု ဆိုသည်။ ထို့နောက် အဆိုပါ ရတနာသိုက် မပျက်စီးမဆုံးရှုံးရအောင် ဘဲငါးရာရှင်မနှင့် နတ်ကောင်း နတ်မြတ်တို့အား ကူညီစောင့် ရှောက်ပေးတော်မူပါဟု တိုင်တည်ကာ အဓိ ဋ္ဌာန်ပြုထားခဲ့သည်ဟု ဆိုသည်။

အေဒီ ၆၃၈ခုနှစ်တွင် နတ် ရွာစံ သောဝေသာလီခေတ်စန္ဒြားမင်းဆက် ကိုးဆက်မြောက် စူလစန္ဒြားမင်း နတ်ရွာစံစဉ် မိဖုရားကြီးစန္ဒာဒေ၀ီ၏သားတော်သက် မင်း ငအောင်လာမှ ထွက်ပြေးတိမ်းရှောင်စဉ်ပါ လာသော နန်းစဉ်ရတနာရွှေ၊ ငွေကျောက် သံပတ္တမြားတို့ကို ရန်သူ၏လက်မှလွတ်ကင်း စေရန် ဘဲငါးရာ တောင်ထိပ်ရှိ အနောက် တောင်ဘက်တွင် ယန္တရားအစီအမံများဖြင့် တွင်းတူးကာ မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

အဆိုပါတောင်တန်း၏ အနီး ၀န်းကျင်တွင် မြတ်စွာဘုရား၏ဓာတ်တော်၊ မွေတော်များဌာပနာသော သမိုင်းဝင်စေတီ တော်များတည်ရှိကာ ဤဘဲငါးရာတောင် ပေါ်တွင် ဘဲများ နေထိုင် ကျက်စား ခဲ့ဖူးကြောင်း၊ ယင်းကိုအစွဲပြု၍ဘဲငါးရာတောင်ဟုအမည် တွင်လာခြင်းဖြစ်ကြောင်းသိရသည်။ ရှေး ရခိုင်ဘုရင်များသည် စစ်ရှုံး၍ ဘေးလွတ်ရာ သို့ထွက်ပြေးသောအခါ ၎င်းင်းတို့သယ်ဆောင် နိုင်သော အဖိုးတန် ရတနာပစ္စည်းများ ပါတစ် ပါတည်းသယ်၍ ဘေးလွတ်ရာသို့ပြေးလေ့ရှိ သည်ဟု ဆိုသည်။

ဘဲငါးရာတောင်သည် ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် ၁၆ မိုင်အကွာ ကုလားတန်မြစ် အနောက် ဘက်ကမ်း ယိုးတရုတ်စံပြကျေးရွာကြီးအနီး စစ်တွေ-ရန်ကုန်ကားလမ်းမကြီး၏ အနောက်ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။ တောင်ထိပ်၏ အမြင့်မှာ ပေ ၁၃၆၀ခန့် မြင့်မားပြီး အရှည် ၅၆၃ ပေ နှင့် အကျယ် ၄၆ပေရှိကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၏ ဗဟိုချက်မတွင် တည် ရှိကြောင်း သိရသည်။ ယင်းရတနာသိုက်နေရာအား လွန်ခဲ့သည့်ငါးလလောက်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရဟု ပြောသည်။

''ဒီရှေးဟောင်းဘုရားတွေမြှုပ် နှံထားတဲ့နေရာကို တရားဝင်တူးဖော်ချင်ရင် နိုင်ငံတော်ကနေ တရားဝင်ခွင့်ပြုမိန့်တောင်း ခံရမယ်။ ပြီးရင် အဲဒီနေရာတွေကို ကွင်းဆင်း အသေးစိတ်တိုင်းထွာပြီးမှ စနစ်တကျ တူးဖော်သင့်ပါတယ်။ ရှေးဘုရင် တွေမြှုပ်နှံထားတဲ့ ရတနာသိုက်တကယ်ရှိပြီ ဆိုတာကိုတော့ အတည်ပြုလို့ရပါပြီ''ဟု ဒဂုံ တက္ကသိုလ်ဘူမိဗေဒဌာနမှအငြိမ်းစား ပါ မောက္ခ ဦးစိုးသိန်းက ပြောကြောင်း ဖေါ်ပြသည်။

ထို့ပြင် ယင်း နေရာများကို ကွင်းဆင်းတိုင်းတာပြီးမှ မြှုပ်နှံ သည့်နေရာကိုအတည် ပြုထားခြင်းဖြစ် ကြောင်း ဖေါ်ပြသည်။ အဆိုပါ သတင်းတွင် ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ရတနာသိုက် နေရာကိုံငါ့ High Tech Geology (NASA ထုတ်ထားသော ဂြိုဟ်တု Lan-dsat-7 ETM+(2000) Di-gital Image Data ရှိ Spectrum လိုင်းများကို အထူးပြုလေ့လာခြင်း ဖြင့် ၎င်းင်းရတနာသိုက်များမြှုပ်နှံထားသည့် နေရာရှစ်နေရာတွေ့ရှိရသည်ဟု Global 9 Education မှသိရကြောင်း ဖေါ်ပြသည်။

မမေသဇင်ဆိုသူ သတင်းထောက်ရေးသားသော သတင်းကို ဇွန်လ ၉ ရက်နေ့က ရန်ကုန် မီဒီယာ အုပ်စုက အင်တာနက် စာမျက်နာတွင် ထိုသို့ ထုတ်ဖေါ်ရေးသားခဲ့ခြင်း ဖြစ်သည်။


သီတဂူဆရာတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံ

2011-06-15 RFA



မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညနေ သုံးနာရီခန့်က ရန်ကုန်တိုင်း မြောက်ဒဂုံ မြို့နယ်မှာ ရှိတဲ့ သီတဂူ ဗုဒ္ဓ တက္ကသိုလ်ကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးဥာဏိဿရကို တွေ့ဆုံ ဖူးမျှော်ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။




မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း မြောက်ဒဂုံ မြို့နယ်မှာ ရှိတဲ့ သီတဂူ ဗုဒ္ဓ တက္ကသိုလ်ကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးဥာဏိဿရကို တွေ့ဆုံ ဖူးမျှော်ခဲ့စဉ်။


"ဆရာတော်ဘုရားကြီးနဲ့ တွေ့တဲ့အခါမှာ ဆရာတော် ဘုရားကြီးက သူ ဗုဒ္ဓ တက္ကသိုလ် ဖွင့်လှစ်ထားတဲ့ အခြေအနေတွေနဲ့ နောက်သာသနာ အကျိုး ဆောင်ရွက်ထားချက်တွေကို မိန့်ကြားပါတယ်။ နောက် ဗုဒ္ဓသမိုင်းနဲ့ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အချက်တွေ စုဆောင်းထားပုံကိုလည်း ရှင်းပြပါတယ်။ အထွေထွေ အတွင်းရေးမှူးကလည်း ၀မ်းမြောက်ဝမ်းသာ နာယူပါတယ်။

" ညနေ (၅) နာရီထိ ဆရာတော်နဲ့ ဆွေးနွေးပြောဆိုကြပြီးနောက် ဗုဒ္ဓ တက္ကသိုလ်မှာပြင်ဆင်ဆောင်ရွက် ထားချက်တွေကို ဆရာတော်က လိုက်လံပြသခဲ့ပါတယ်။ မြောက်ဒဂုံမြို့မှာရှိတဲ့ သီတဂူ ဆရာတော်ရဲ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို လာမယ့် ဇွန်လ (၁၆) ရက်နေ့ကနေ (၂၁) ရက်နေ့ အထိ ငါးရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို အစိုးရ အာဏာပိုင်တွေ အပြင် နိုင်ငံရေး ပါတီတွေကိုလည်း တက်ရောက်ဖို့ ဆရာတော်က ဖိတ်ကြားထားပါတယ်။