သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ
Tuesday, July 26, 2011
သူတို.ရေးချယ်ခဲ.တဲ.ဒီမိုကရေစီဆိုတာ
အစိုးရ၏ပုံသဏန်ဆိုသည်မှာလူ.သဘာဝ၏ပုံပန်းအတိုင်းသာဖြစ်သည်၊
နိုင်ငံတော်ဆိုသည်မှာကျောက်တုံးကျောက်ခဲများကိုထုဆစ်ထားချင်းမဟုတ်
ပြည်သူတို.၏စရိုက်နှင်.အညီအချိုးအစားညီသောအဖွဲ.ကြီးသာဖြစ်လာပေတော.သည်၊
(ပလေတို)
နော်ဝေးဗုံးခွဲသူ စိတ္တဇဝေဒနာသည်အဖြစ် တရားခံရှေ့နေ ယူဆ
နော်ဝေးဗုံးခွဲသူ စိတ္တဇဝေဒနာသည်အဖြစ် တရားခံရှေ့နေ ယူဆ
နော်ဝေးနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူ အန်းဒါးစ် ဘယ်ရင်း ဘရက်ဗစ်ခ် (Anders Behring Breivik) ဟာ စိတ္တဇ ဝေဒနာသည်တဦး ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောဆိုလိုက်ပါတယ်။
တရားခံ ဘရက်ဗစ်ခ်ရဲ့ အကျိုးဆောင်ရှေ့နေ ဂိုင်း လစ်ပ်စတက် (Geir Lippestad) က သောကြာနေ့က ၇၆ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအပေါ် လူထုရဲ့ တုံ့ပြန်ချက်တွေကိုရော သေဆုံးသူ ဦးရေကိုပါ ဘရက်ဗစ်ခ်က ဘာမှ မသိရှိဘူးလို့ အော့စ်လိုမြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
သူ့ရဲ့အမှုသည် အနေနဲ့ ရူးသွပ်နေပါတယ်လို့ ၀န်ခံ ထွက်ဆိုသွားမလား ဆိုတာကတော့ ပြောဖို့ စောသေးတယ်လို့ ပြောပါတယ်။
အော့စ်လိုမြို့လယ်မှာ ဗုံးခွဲခဲ့တာနဲ့ လူငယ်စခန်းကို သေနတ်နဲ့ ပစ်ခဲ့တာတွေကို ဘရက်ဗစ်ခ်က ၀န်ခံ ဖြောင့်ချက်ပေးခဲ့ပေမဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် စွဲဆိုတာကိုတော့ အပြစ်မရှိဘူးလို့ ပြောပါတယ်။
ဥရောပကို မွတ်ဆလင်တွေက ကိုလိုနီအဖြစ် သိမ်းပိုက်မယ့် အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သူက အခုလို လှုပ်ရှားခဲ့ရတာလို့ ပြောပါတယ်။
ရှေ့နေ လစ်ပ်စတက်ကတော့ သူ့ရဲ့အမှုသည်ဟာ ကြံ့ခိုင် အားရှိအောင် ဆေးသောက်နေရတဲ့အကြောင်း နော်ဝေးမှာရှိတဲ့ အစ္စလမ်ဆန့်ကျင်ရေး အဖွဲ့ဝင်တဦး ဖြစ်တယ်လို့ ပြောပေမဲ့ နော်ဝေး ရဲတပ်ဖွဲ့နဲ့ သုတေသီတွေကတော့ သူ့ရဲ့အပြောအပေါ် သံသယတွေ ပွားနေကြပါတယ်။
၎။ သရဏီယတရားတော်လာ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်တတ်ခြင်း။
၎။ သရဏီယတရားတော်လာ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်တတ်ခြင်း။
ဗုဒ္ဓ မှရဟန်းတော်များသို့  ညွှန်ပြခဲ့ရာတွင် ရရှိလာသော  ဆွမ်း ၊ ကွမ်း ၊ အစရှိသည်တို့ ကို  တစ်ပါးတည်းမဖြစ်စေဘဲ  အခြား ရဟန်းများနှင့် မျှတဝေဖန်
သုံးဆောင်ကြပါဟု မိန့် ကြားခဲ့သည်။ လူသားတို့ သဘာဝမိမိပိုင်စိုးဥစ္စာကို  တပါးသူမျှဝေစေရမည်ဆိုသည်မှာ သာမန်အတ္တစွန့် နိုင်ရုံမျှဖြင့် မဖြစ်နိုင်ကြပါ။ ဆွေမျိုးညာတိများကဲ့သို့ အတွက်သာ လွယ်ကူချောမောနိုင်ပါသော်လည်း သွေးမတော် သားမစပ် မိမိကိုအကျိုးမရှိနိုင်သူများအတွက် မူ မျှတဝေဖန်ဖို့ ရာ အတ္တအစွဲကင်းကင်းရှိနိုင်သူ ၊ မေတ္တာတရားနှင့် ကိုယ်ချင်းစာတရားပြည့်ဝမှူများ  ပြီးပြည့်စုံမှသာလျှင်ဖြစ်နိုင်ပေမည်။
မြန်မာနိုင်ငံတွင်နာဂစ်မုန်တိုင်းကျရောက်စဉ်က ပြည်တွင်းပြည်ပရှိနေသူများ မှဒုက္ခရောက်နေသူများ ကို  မိမိနှင့် မည်သို့ မျှမသက်ဆိုင် ၊ရင်းနှီးကျွမ်းဝင် ခြင်းမရှိသော်လည်း ကိုယ်ချင်းစာတရားပြည့်ဝ သူများ၏ မေတ္တာဖြင့် သဘာဝဘေးဒုက္ခသည်များ အတန်အသင့်  အေးချမ်းခဲ့ရသည် ။ ထိုသို့ မျှတဝေဖန်နိုင် သူများ မရှိပါက ဒုက္ခရောက်နေသူများတွင် ကိုယ်တိုင်အားဖြင့် ဆင်းရဲဒုက္ခများကို သည်းခံနိုင်သည့်တိုင်အောင်  မိသားစုအတွက်လိုအပ်လာသူများ၏ ဆန္ဒဇောများသည် မလျော်သောလမ်းသို့ ဦးတည်လာပါက သဘာဝဘေး အန္တရယ်ထက်သာလွန်သော  အန္တရယ်များ ပတ်ဝန်းကျင်အားလုံးသို့ သက်ရောက် လာပေ မည်။
မျှတဝေဖန်သုံးစွဲတတ်သောအခြေခံစိတ်ဓါတ်သည်  အသက်အရွယ်ရမှ ဆောင်ရွက်ရသည်မဟုတ်ဘဲ  ငယ်စဉ်ဘ၀ကပင် ပျိုးထောင်သင့်လှသည် ။ မိမိသည်ကောင်းမွန်သော မိတ်ဆွေကောင်း ၊ အပေါင်း အသင်းကောင်း ၊ ၀န်းကျင်ကောင်းများနှင့်ပတ်သက်နေထိုင်စေလိုပါက  ထိုကောင်းမွန်သောအချက် အလက်များကို မိမိထံတွင်ဦးစွာဖွံ့ ဖြိုးအောင် ကြိုးစားရမည်ဖြစ်သည်။ ကိုယ်ချင်းစာတရားနှင့် တပါးသူအပေါ်ပေးကမ်းဒါနပြုခြင်း မျှဝေခံစားတတ်ခြင်းများသည် ရိုင်းသူ ကိုယဉ်ကျေးစေပြီး  ၊ ရန်မီးများ ကိုပင်ငြိမ်းချမ်းစေနိုင်သည် ။ တပါးသူ၏ ကောင်းကျိုးကိုသာဆောင်ရွက်လို ကြသော မေတ္တာစိတ်ရှိသူများ၏ တန်ပြန်မေတ္တာ အရောင်ဟပ်မှူအချို့ ကို ပမာပြပါဦးမည်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံမှ ဆုတ်ခွာစနယ်စွန် ၊ နယ်ဖျား များမငြိမ်သက်ဘဲ သူခိုးဓားပြများလည်း သောင်းကျန်းခဲ့ချိန်ကအဖြစ်အပျက်တစ်ခုဖြစ်သည် ။ ရွာတစ်ရွာမှ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသို့  သေပြေး ရှင်ပြေး ထွက်လာသူတစ်ဦးက ဆရာတော်ကြီးထံတစ်ညတာနားခိုခွင့်တောင်းသောအခါ ဆရာတော် ကြီးမှ သင့်တော်ရာနေရာပေး၍  အစားသောက်များကျွေးမွေးပြီး တည်းခိုစေခဲ့သည်။သန်းခေါင်အချိန် သို ရောက်သောအခါ  တည်းခိုသော ဧည့်သည်က ဆရာတော်၏ဘုရားခန်းအတွင်းရှိ ငွေဆင်းတုနှင့် ငွေထည်ပစ္စည်းများကို ဂုန်အိတ်ဖြင့်အသေအချာထုတ်ပိုးပြီး ခြေဖွနင်းကာကျောင်းမှထွက်ခွာသွားခဲ့ သည်။ လူစိမ်း၏ဆောင်ရွက်မှူ များကို အစမှအဆုံးတိုင် စောင့်ကြည်နေသော ဆရာတော်သည် ကျောင်းတွင်းရှိ သူများသိသွားပါက ဒုက္ခတွေ့ မည်စိုးသဖြင့် ဆိတ်ဆိတ်သာနေခဲ့သည်။
မကောင်းမှူသည်တာရှည်မခံကြောင်း ကို ပစ္စည်းခိုးသူမကြာခင် သိမြင်လာရသည် ။ သင်္ကာမကင်းသောရွာသားများ လိုက်ဖမ်းသောကြောင့် ဘုန်းတော်ကြီးကျောင်းသို့ ပြန်ပြေးလာခဲ့ပြီး ကျောင်းအောက်တွင် ပုန်းအောင်းနေခဲ့သည် ။ နောက် မှလိုက်လာသောရွာသားများက သူခိုးဟုထင်ရသူတစ်ဦး ကျောင်းပတ်ဝန်းကျင်တွင်တွေ့ ခဲ့ရကြောင်း နှင့် ပစ္စည်းပျောက်ရှခြင်းရှိမရှိစစ်ဆေးရန် ဆရာတော်အား သတိပေးကြသည်။
ဆရာတော်က ကျောင်းထိုင်အစဉ်အဆက်ထိန်းသိမ်းထားခဲ့သော ငွေဆင်းတုတော်နှင့် ငွေထည်ပစ္စည်း အချို့ ပျောက်ဆုံးသွားကြောင်း ပြောပြခဲ့သည်။ ဒေါသသွေးဆူ စိတ်လှုပ်ရှားနေကြသော ရွာသားများက  လိုက်လံဖမ်းဆီးရန် ကြိုးစားကြသောအခါ ဆရာတော်မှ " သူ့ ပစ္စည်း သူပြန်ယူတယ်သဘောထားပြီး  ၊  မေ့လိုက်ကြပါ တော့  ၊ လိုချင်နေ တဲ့သူကိုပေးလိုက်ရတာ ၊ ရသူကောပေးသူ ၊ မှာပါအေးချမ်းပါတယ်။ အမျက်မရှိကြပါနဲ့ " ဟုမိန့် တော်မူလိုက်သည် ။
ဆရာတော်၏ဆုံးမ စကားသံကိုကြားသော ကျောင်းအောက် ပုန်းနေသည့်သူခိုးမှာ မျက်ရည်ပေါက်ကြီးငယ်ကျလျှက် နောင်တကြီးစွာရသော်လည်း လူထုကို ကြောက်လန့် သောကြောင့် မထွက်ရဲဘဲရှိနေခဲ့ သည်။(သူယုတ်သည် သူတော်ကောင်းကို အနိုင်ယူ၏၊ အကုသိုလ်ကို ကမကျော်လွန်နိုင်.....မလေးရှားဆရာတော်ဥူးစရိယ) ရွာသားများလည်းဆရာတော်၏ ဆုံးမစကားနှင့် ကျေနပ်ကြပြီးအသီးသီးပြန်သွားကြသောအခါမှ သူခိုးလည်း ပုန်းအောင်းရာမှထွက်လာ၍ ဆရာတော်ထံ ပစ္စည်းများအားလုံးပြန်အပ်ပြီး မှားမိသမျှဝန်ချတောင်းပန်ကာ သူ၏ဘ၀တွင် နောက်တစ်ကြိမ်ယ္ခုကဲ့သို့  ခိုးမှူကျူးလွန်ခြင်းမျိုးမည်သည့်အခါမှ ပြုတော့မည် မဟုတ်ဘဲ ကိုယ်ကျိုးစွန့်  သူ၊ အများကောင်းကျိုးဆောင်သူသာဖြစ်စေပါမည်ဟု ကတိထားသစ္စာပြုခဲ့သည်။
ဖြစ်ရပ်လေးသည် ရိုးရှင်းပါသော်လည်း မေတ္တာတရားဖြင့် သရဏီယတရားတော်နှင့်အညီ မျှတဝေဖန်နိုင်ခြင်း ကြောင့်  ပြုပြင်ရခက်သောလူတစ်ဦးကို  ဒုတ် ၊ ဓါး ၊လက်နက် မပါဘဲ အပြီးတိုင်အသိတရား ရသွားစေခဲ့သည်။ မိမိတို့ နေထိုင်သောပတ်ဝန်းကျင် သာယာတိုးတက်ရေး ၊ နေထိုင်မှူအဆင့်မြင်မားရေးများသည် တစ်ဦး တစ်ယောက်တည်း၏စွမ်းဆောင်မှူဖြင့်  အောင်မြင်ပြည့်စုံနိုင်သည်မဟုတ်ဘဲ တဦးချင်းစီကိုယ်တိုင် ကိုယ်ချင်းစာစိတ် ၊ မျှတဝေဖန်လိုစိတ် ၊ဆိုသောသရဏီယ တရားတော်များ ပြည့်စုံမှသာလူသားတိုင်း လိုလားတောင့်တကြသော လုံခြုံခြင်း အေးချမ်းခြင်းနှင့် စိတ်ချမ်းသာနှစ်လိုဖွယ်ရှိသော လူပတ်ဝန်းကျင်ကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ကြပေမည်။ ကိုယ်ချင်းစာတရားများ ကို ဗုဒ္ဓ၏ သရဏီယတရားတော်လာ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်တတ်ခြင်း အတိုင်းဆင်ခြင်နိုင်ကြ၍ မိတ်ကောင်းဆွေကောင်း၊ ၀န်းကျင်ကောင်းများနှင့် တွေ့ ထိကြုံဆုံခွင့်ရသော သူများဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက်...
၃။ သရဏီယ တရားတော်လာ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျောတတ်ခြင်း။
၃။ သရဏီယ တရားတော်လာ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျောတတ်ခြင်း။
မိမိ၏သဘောဆန္ဒထက် တစ်ပါးသူအဆင်ပြေစေလိုသည့် ရည်ရွယ်ချက်ဖြင့် တွေးတောကြံစည် လုပ်ဆောင်သမျှတိုင်းမှာ မေတ္တာသတိကင်းလွတ်မှု မရှိခြင်း ကို မေတ္တာမနောကံတည်ခြင်းမည်ပါသည်။အရာခပ်သိမ်း မေတ္တာစိတ် ဦးဆောင်သူမှာ
အမှတ်တမဲ့ လုပ်ဆောင်မှုများ တွင်ပင် မရည်ရွယ်ဘဲ လုပ်ဆောင်ချက်များတွင် မေတ္တာ၏ပုံရိပ်များထင်ဟပ် နေလေ့ရှိပါသည်။ အေးသောသဘာဝရှိသည့် ကန်ရေပြင်ကို ဖြတ်ပြီးတိုးဝင်လာသောလေသည် အေးမြသော အတွေ့ အထိရှိ ပြီး ၊ ပူလောင် သောမီးတောက်လျှံကို ဖြတ်၍တိုက်ခတ်လာသောလေတွင် ပူလောင်ခြင်းအခိုးအငွေ့ များ သာယှက်သန်းနေမည်ဖြစ်သည်။
မိမိတို့ သည်လည်း လူသားသဘာဝ အမြဲတည်ငြိမ်နိုင်ခြင်း မရှိပါသော်လည်း အမှတ်ရသောတစ်ခဏ တွင်မေတ္တာစိတ်ယှဉ်ပြု မူမိပါက နှမ်းစေ့အမြောက်အမြား စုမိခြင်းဖြင့် နှမ်းဆီရရှိနိုင်လို အလေ့အကျင့်များမှ မေတ္တာမနောကံများ အသားကျပြုကျင့်လာနိုင်ကြောင်း ဥပမာတစ်ခုဖြင့်လေ့လာနိုင်ပါသည်။မေတ္တာမနောကံအလေ့အကျင့်များသည် မိမိတွင်သာမက  နီးစပ်ရာသို့ ကူးစက်တတ်သည် ကိုလည်းယခုဥပမာတွင် တွေ့မြင်သုံးသပ်နိုင်ပါလိမ့်မည်။
အမျိုးသားတစ်ဦး အခပေးကားရပ်နားသော နေရာတစ်ခုတွင် ကားရပ်နားနေစဉ် ၄င်း၏ရှေ့ မှကားတွင် သတ်မှတ်ချိန်ကျော်လွန်သဖြင့် ဒဏ်တပ်ရန်ရဲမှ လျှောက်လာသည်ကို တွေ့ သဖြင့် အလျင်အမြန်ပင် ကားရပ်နားခပေးရသော မီတာတံရှိ အကြွေထည့်သော သေတ္တာအတွင်းသို့ အကြွေစေ့ တချို့ ထည့်ပေးခဲ့ပြီး ကားကို ဆက်မောင်းလာခဲ့သည်။ထိုသို့ ကူညီခဲ့သော သူ၏အမှတ်တမဲ့ အကူအညီကို လည်းမေ့မေ့ပျောက်ပျောက်ရှိနေခဲ့သည်။
ထိုအမျိုးသား ၏မေ့ပျောက်ခြင်းများကို အစဖော်ပေးသူမှာ ဇနီးဖြစ်သူ ၏အံ့သြ၀မ်းသာသော ပြန်ပြောင်းပြောပြမှုများပင်ဖြစ်သည်။ "ကျွန်မဒီနေ့  ဈေးဝယ်ထွက်တော့ ငွေရှင်းကောင်တာတန်းစီနေရတာ ကြာလို့  ကားရပ်နားခဒဏ်ကြေးအတပ်ခံ ရတော့မယ်ဆို ပြီးစိတ်ပူတာနဲ့ ကုန်အောင်စာရင်းမရှင်းဘဲ တစ်ဝက်တစ်ပျက်နဲ့  ဆိုင်ထဲကထွက်လာခဲ့တာ။ထင်တဲ့အတိုင်းရဲက ကျွန်မကားအနားမှာရှိ နေတယ်။ ဒေါ်လာတစ်ရာတန် ချလံတော့ကျွန်မ ဆင့်ငါးဆယ်နဲ့ လဲရပြီထင်ခဲ့တာ။ရဲက အမကြီး ကံကောင်းတယ် အချိန်ပိုကြေးကို ဟော..ဟို က ဆိုင်ထဲဝင်သွားတဲ့လူက ရှင်းသွားတယ်လို့ ပြောတယ်။
ဒါနဲ့ ကျွန်မလဲ ကျေးဇူးတင်စကား သွားပြောတော့ အံ့အားသင့်စရာ စကားတစ်ချို့ ကို ပြောသွားတယ်။ သူကိုယ်တိုင်လည်းအခု လိုအတွေ့ အကြုံ ရှိဖူးပြီး၊ စာနာ ကူညီခဲ့ဖူးသူတစ်ဦးကြောင့် ဒဏ်ကြေးလွတ် ခဲ့ရ လို့ ဒီကတည်းက သူနဲ့ တိုက်ဆိုင်တဲ့ အခက်အခဲတွေကို အမြဲကူညီလေ့ရှိ နေပါတယ်တဲ့။ ဒီအလေ့အကျင့်ကို သင်ပေးခဲ့တာ အမကြီးရဲ့ ကားကို မောင်းခဲ့ဖူးတဲ့သူ တစ်ယောက်ဘဲ ဖြစ်ပါတယ်။ ကျွန်တော့်ကို သူကူညီခဲ့စဉ်အခါက အခုအမကြီး လို ကျေးဇူးတင် စကား မပြောခဲ့ရတာကြောင့် ကားနံပါတ်ကလေးဘဲ မှတ်ထားခဲ့နိုင်ပါတယ်။ သူ့ ကို အမကြီးပြောပြပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော် အနေနဲ့ သူ့ ရဲ့ကူညီမှုကို အလွန် အတုယူလေးစားပြီး လိုက်နာကျင့်သုံးလျက် ရှိကြောင်း ကျေးဇူးပြုပြီး ပြောပေးပါလို့  ကျွန်မကို မှာလိုက်သေးတယ်။ " ဆို ပြီးတော့ တိုက်ဆိုင်မှုက အံ့အားသင့်လောက်ပါကြောင်း ခင်ပွန်း ဖြစ်သူကို ပြောပြခဲ့ပါတယ်။ဒီတော့ ခင်ပွန်းဖြစ်သူ က " မိမိစိုက်ပျိုးတာကို မိမိရိတ်သိမ်းခွင့် ရတာတစ်ခုပါဘဲ" ဟု ညင်သာစွာ မှတ်ချက်ပေးခဲ့သည်။
အနောက်တိုင်း လူနေမှုကို အခြေခံထား သော ဥပမာ ဖြစ်ပါတယ်။နေထိုင်မှုတွေ ကွဲပြားကြပေမယ့် မေတ္တာအခြေခံ အသွေးအရောင်မှာ မခြားနားတာကို တွေ့ မြင်ရပါတယ်။ဗုဒ္ဓကိုယ်တော်တိုင် ၀ိနည်းနှင့် သုတ္တန်  နှစ်ဂိုဏ်းကွဲနေသော  ရဟန်းပေါင်း ကုဋီအတွင်း ရေကျန်တစ်ခု အစပြုခဲ့တဲ့မညီညွတ်မှုကို ကြိုးစားဖြန်ဖြေပါသော် လည်း "သံဃာအား ဘုရားမဆန်သာ"ဘဲ ၀ါးရုံတောထဲ တစ်ပါးတည်းထွက်လာခဲ့ပါတယ်။တောထဲမှာ တော နေကျင့်ကြံနေကြသော ရဟန်းသုံးပါးနှင့် တွေ့ ဆုံစဉ်မှာ သရဏီယ တရားတော်၏ အဆုံးအမအတိုင်းနေ ထိုင်နေ ကြသော ရဟန်းတို့ ၏ကျင့်ကြံနေထိုင် ခြင်းများကို ကြားနားပြီး သာဓုခေါ်ဆိုနိုင်ခဲ့ပါတယ်။
ရဟန်းတို့ မှ ဘုရားရှင်၏ အမေးများကို ပြန်လည် လျှောက်ထားကြရာတွင် " မိမိ တို့ တစ်ပါးနှင့် တစ်ပါး သီတင်းသုံဖော် အဖြစ် ရိုသေလေးစားစွာ ဆက်ဆံကြပြီး၊တစ်ပါး နှင့်တစ်ပါး အပြု အမူ အပြောအဆိုများတွင် ငြို ငြင် ခြင်းမဖြစ်ရအောင် မေတ္တာနှင့်ယှဉ်ဆင်ခြင် ကြသောကြောင့် တွေးတော ကြံစည်မှုများးသည်လည်း အလိုလို မေတ္တာဖြင့်သာ တွေးခေါ်လာကြသည့် အလျောက် မိမိ လက်ခံနိုင်ခြင်း လက်မခံနိုင်ခြင်းကို ဘေးဖယ်ပြီး တစ်ပါးသူ အဆင်ပြေစိတ်ချမ်းသာစေခြင်း ကို ဆုကြီးတစ်ခုလို သိမြင်နေကြကြောင်း ဘုရာရှင် နှင့် သူတော်ကောင်းများ သာဓုခေါ်ထိုက်သော အဖြေများကို ဖြေကြားခဲ့ကြပါတယ်။
မညီညွတ်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ အခွင့်အရေးယူတတ်ခြင်းများသည် ယနေ့ ခေတ်၏ရေစီးကြောင်းတစ်ခုသဖွယ် ဖြစ်နေပါသော် လည်း ပြုသူအသစ် ဖြစ်သူ အဟောင်းဖြစ်သည် နှင့်အညီ သရဏီယ တရားတော်လာ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျောတတ်ခြင်း များမှ မိမိ တို့ ၏ မေတ္တာ ပျိုးပင်များ ကို စိုက်ပျိုး ရိတ်သိမ်း နိုင်ကြပါလိမ့်မည်။
(၂) သရဏီယ တရားတော်လာ ချစ်ခင်မြတ်နိုးဖွယ်ရာနှူတ်အမူအရာရှိခြင်း
(၂) သရဏီယ တရားတော်လာ ချစ်ခင်မြတ်နိုးဖွယ်ရာနှူတ်အမူအရာရှိခြင်း
ကိုယ်အမူအရာများကဲ့သို့ ပင် ၀စီ၏သတိမြဲမှူအဖြစ် မိမိ၏စကားသံတိုင်း ၊ စကားလုံးတိုင်းမှာ မေတ္တာလွမ်းမှူ ပါဝင်နေဖိုအရေးကြီးပါတယ်။ စကားပြောတဲ့အခါတပါးသူနာ ပျော်လွယ်စေတဲ့ စိတ်နဲ့  ချိုချိုသာသာ ၊အေးအေးချမ်းချမ်း ပြောတတ်ခြင်းကမေတ္တာဝစီကံမြောက်ပါတယ် ။
ချစ်ခင်မှူ ကိုဖြစ်ပေါ်စေတာ ခံတွင်းလက်လေးသစ်က ဖြစ်သလို ငြိုးသူ ရန်ဘက်အမုန်းဆက် စေတာကလည်း ၊ခံတွင်းလက်လေးသစ် ကသာဖြစ်တာကြောင့် နှူတ်အမူအရာသတိထားစရာ တွေအများကြီးရှိပါတယ် ။စကားတစ်ခွန်း ပြောချင်စိတ်ဖြစ်လာတဲ့အချိန်တိုင်း မပြောမီ မိမိကိုယ်တိုင် ကိုယ်စားဝင်ရောက် ခံစားကြည့်သင့်ပါတယ်။ကြမ်းကျွံလို့ နုတ်ရသော်လည်းစကားကျွံသော် ပြင်ရခက်ပါတယ်။ ပြောချင်ဇောနဲ့ တစ်ဇွတ်ထိုးပြောမိတဲ့အခါ ၊ နှူတ်လိုမရတဲ့စကားကျွံမှူတွေ မဖြစ်သင့်တဲ့အမှားမျိုးတွေကိုကြုံ တွေ့ ရတတ်ပါတယ် ။ မိမိပြောမယ့်စကားမှန်ပြီဆိုရင်လည်း ၊ မှန်တဲ့အတိုင်းပြောဖို့ မသင့်သေးပါဘူး ။ ဇာတ်လမ်းတိုလေးတစ်ခုကို ဥပမာ ထားပြီးဆင်ခြင် ကြည့်ရှူမှတ်သားနိုင်ပါတယ် ။
တစ်ချိန်က လူငယ်တစ်ယောက်ဟာ အမှန်ကိုအလွန်ပြောတယ်ဆိုပြီး နာမည်ကြီးတဲ့အဘွား အိုတစ်ယောက် အကြောင်းကြားပြီး တွေ့ ချင်စိတ်ရှိတာနဲ့ အဘွားအို ရှိတဲ့ရွာကိုအရောက်လာ လာခဲ့ပါတယ် ။ အဘွားအိုနေတဲ့ ရွာကိုရောက်တော့ ရွာသားတွေက ရှူံ့ မဲ့ပြီးအဘွားအို ကိုမနှစ်သက်တဲ့ မျက်နှာအမုအရာတွေနဲသူ့ ကိုလမ်းညွှန်ပေးလိုက်ပါတယ်။ ဒီလိုနဲ့  လူငယ်ဟာအဘွားအိုကိုတွေတဲ့ အခါ အဘွားက အမှန်တရားကို အလွန်ပြောအားကြီးလို့  ရွာထဲမှာမထားဘဲ ရွာပြင်ထုတ်ခံထားရတာ ကြားလို့ စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ စကားစမြည် ပြောဆိုဖြစ်ကြတာ နေစောင်းသွားတဲ့အထိပါ ဘဲ ။ လူငယ်ကမိုးချုပ်နေပြီမို့ အဘွားအိုကိုပြန်ခွင့်တောင်းပြီး ပြန်တဲ့အချိန်အဘွားအိုရဲ့အိမ်နဲ့ မလှမ်းမကမ်းအရောက် ရေခပ်သွားတဲ့မိန်းမပျိုတစ်ချို့  ရှေ့မှာတော့ ထိုလူငယ်ရဲ့အမှန်တရားကို မြတ်နိုးတာတွေ ပျောက်ပျက်သွားခဲ့ပါတယ် ။ အဘွားအိုရဲ့မှန်ကန်လွန်းတဲ့ပြောစကားများ ဖြစ်တဲ့ " ဟဲ့..မျက်စိတစ်ဖက်လပ် နေတဲ့သူငယ် မင်းထီးကျန်ခဲ့ တယ်ကွယ့် " ဆိုတဲ့မှန်လွန်းတဲ့စကားကြောင့် ဘဲဖြစ်ပါတယ် ။ သူငယ်ကအဘွားကြီး ထီးကျန်ခဲ့တယ်ရိုးရိုးပြောပါလား ၊မှန်လွန်းလို့  ရွာပြင် ထုတ်ခံရတာ နည်းတောင်နည်းသေးတယ်လိုတုံ့ ပြန်ခဲ့ပါတယ် ။
မိမိ ပြောမယ့်စကား ကိုနားထောင်သူ၏ အကျိုးအတွက် အရင်စဉ်းစားပြီးမှ ပြောသင့်ပါတယ်။သရဏီယတရား အနှစ်သာရ လည်းမည်ပါမည် ။ စကားကမှန်ပါတယ် ၊ အကျိုးလည်းရှိတိုင်း ပြောဖို့  တော်မတော် အတွက်အချိန်အခါ ကိုစောင့်သင့်ပါတယ် ။အချိန်နဲ့ နေရာဒေသရွေးချယ်မှူ မှားယွင်းတဲ့ အခါအန္တရာယ်ကို လက်ယပ် ခေါ်မိတတ်ပါတယ်။ ပြောသင့်တဲ့အချိန်ကျော်လွန်သွား ခဲ့ရင် မပြောသင့်တဲ့ စကားတွေရှိတတ်ပါတယ် ။
စကားပြောရာမှာ ရင့်ကျက်ပြီး ၊ပညာနှလုံးရည် ပြည့်ဝတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့စံတစ်ချို့မှာ----ဘုရားရှင် ကဟောပြောမှူတွေ ကိုဟုတ်မှန်တဲ့ နာယူသူအကျိုးဖြစ်မဲ့ တရားကိုသာ နေရာဒေသနဲ့ ပုဂ္ဂိုလ်ကို ကြည့်ပြီးမြွက်ကြား လေ့ရှိပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ ဘယ်လို အချိန်အခါမျိုးမှာမဆို ကြမ်းတမ်းစူးရှတဲ့ စကားလုံးတွေ သုံးစွဲတာ မတွေ့ ရပါဘူး။ အပြစ်ကင်းပြီး နားဝင်ချိုတဲ့ ၊ကြည်ညို ချစ်ခင်စေတဲ့ ၊စိတ်နှလုံး အာရုံထဲ စွဲမြဲစေတဲ့ ၊ပရိတ်သတ်ရဲ့ ဘ၀င်ကို ချမ်းမြေ့ဖွယ် ဖြစ်စေတဲ့ မြတ်နိုးစရာ စကားများ သာဟောကြားလေ့ရှိပါတယ်။ 
မေတ္တာ ဓါတ်လွှမ်းခြုံမှူနဲ့ ဝစီကံကို သတိမြဲတဲ့ဘုရားရှင် မှာပေါ်လွင်သော အဆင်းသဏ္ဏန်ရှိပါ တယ်။ ဘုရားရှင် ပြောလေ့ရှိတဲ့ နှူတ်ဆက်စကားမှာ" လာပါ ၊သင်ရဲ့လာခြင်းဟာကောင်းသော လာခြင်းပါ" ဆိုပြီး ဖိတ်ခေါ်လေ့ရှိပါတယ် ။ဘုရားရှင်၏ နှူတ်ဆက်စကားကို ကြားရသူတိုင်းက အတိုင်းမသိ ၀မ်းသာကြည်နူး ကြရပါတယ်။ အခုလိုကြည်နူးစေရတဲ့အကြောင်းအရာတွေမှာ ဘုရားရှင်၏ စကားပြောနည်းဖြစ်တဲ့ လူတစ်ယောက်ရဲ့ အလေ့အထ၊နှစ်သက်မှူ ၊အပြုအမူနဲ့ ၊အတွေ့ အကြုံအနုအရင့်ကိုသုံးသပ်ပြီးမှပြောလေ့ရှိတာကြောင့်ဖြစ်ပါတယ်။ 
သုံးသပ်မှူ၏ အကျိုးကျေးဇူး အဖြစ်ဘုရားရှင်ရဲ့ စကားသံကို တွေ့ ကြုံကြားနာဖူးသူတိုင်းမှာ  မေ့မရအောင် ချစ်ခင်ကြည်ညို သွားစေခြင်းပဲဖြစ်ပါသည်။ဘုရားရှင် ကိုယ်တော်တိုင် မလစ်ဟင်းအောင်  ကျင့်သုံးခဲ့တဲ့ သရဏီယတရားတော် များထဲမှ ၀စီကံမေတ္တာ ၊ ချစ်ခင်မြတ်နိုးဖွယ်နှူတ်အမူ အရာဖြင့်မိမိတို့ ၏ ပတ်ဝန်းကျင်မှ မိတ်ဆွေသင်္ဂဟများ၊ ဆွေမျိုးညာတိများအတွက် ၊အနည်းငယ် မျှသတိကပ် မိကြမည်ဆိုလျှင်ဖြင့် " နှူတ်ကောင်း လျှင် ပြည်စိုး " နိုင်ကြပေလိမ့်မည် ။
ဗုဒ္ဓ ဟောသော မိတ္တဗလဋီကာ
ဗုဒ္ဓ ဟောသော မိတ္တဗလဋီကာ  
ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် တရားစာပေ၊ကျမ်းများမှ တဆင့်အသိဉာဏ် အလင်းနှင့် ဆုံးမပေး တော်မူသောဂေါတမဗုဒ္ဓ၏ တရားတော်များနှင့် ဂန္ဓာရုံဘုံကျော်ဆရာတော် ဘုရားကြီးအား ဤနေရာမှ ကျေးဇူးတရားများ ကိုရှိခိုးဦးတင်ပါ၏ ဘုရား....။
နေ့ စဉ်မြင်တွေ့ ကြားနာ ပြောဆိုနေကြရသမျှ တွင်သရဏီယတရား( ၆-ပါး) အားစွဲကိုင်၍သတိ ဆောင်နိုင်ကြမည်ဆိုပါအကျိုးတရား များပြားလှပြီး လူဘ၀နေထိုင်မှူ အတွက်ထောက်အကူများ စွာရှိကြောင်း ကျင့်ကြံ သူတိုင်း သိရှိကြပေမည်။
" သရဏီယ" ပါဠိစကား၏မြန်မာအနက်မှာစက္ကန့် တိုင်း(သို့ )အချိန်တိုင်းသတိတရရှိခြင်းဟု အနက်ပြန်သည်။ "သရဏီယ" တရားတော်မှ ချစ်ခင်နှစ်လိုဖွယ် အရည်အသွေး( ၆-မျိုး)ကိုဗုဒ္ဓတရား တော်လာအတိုင်း၊ ဗုဒ္ဓကိုပမာ စံထားရေးသား သွားပါမည်။
သရဏီယ တရားစွဲမြဲသူတိုင်း ကိုချစ်ခင်နှစ်လိုသူ ပေါများကြပြီး၊ ထိုသူရောက်မလာနိုင်သော အရပ်တွင်သူသာရှိလျှင် ကောင်းလိမ့်မည်ဟု တမ်းတကြရ စမြဲဖြစ်သည်။ အဆိုပါပုဂ္ဂိုလ် နှင့်တွေကြုံဖူးသူ တိုင်းကမကြာမကြာ သတိတရရှိ နေကြပေလိမ့်မည်။ လူမှူဆက်ဆံရေးဖြင့် အဓိကရပ်တည်ထား သောလူသား၏ သဘောသဘာဝအတိုင်း မိမိကိုအမှတ်ရ နေခြင်းကို ဆန္ဒရှိလိုကြပေမည်။ 
စီးပွားရေး၊ လူမူရေး ၊ပညာရေး မည်သည့်နယ်ပယ် အသိုင်းအ၀န်းအတွက်မဆို  လူထုအများ ၏ချစ်ခင်ကြည်ညိုလေးစားခြင်း မခံရသော သူများသည်အောင်မြင်မှူ အစစ်အမှန်ကို ချဉ်းကပ်နိုင် မည်မဟုတ်ပေ။ စစ်မှန်သောအောင်မြင်မှူ၏ ဇစ်မြစ် တည်တံ့မွေးဖွားရာသည် " သရဏီယ "တရားမှာ သာအခြေပြုကြပေသည်။
ရိုသေလေးစားမှူတွင် ချစ်ကြောက်ရိုသေ နှင့်မုန်းကြောက်ရိုသေ နှစ်မျိုး အနက် "သရဏီယ" တရား ဖြင့်ပြည့်စုံသူများ  ရရှိသော ရိုသေလေးစားမှူမျိုးမှာ ချစ်ကြောက်ရိုသေဟု သတ်မှတ်ရပေမည်။
မိမိလုပ်ငန်းကိစ္စများ အတွက်အခြားသူတို့ ၏ လိုလားစွာ ပူးပေါင်းမူများစွာလိုအပ်ပါက သရဏီယ တရားသည် အကောင်းဆုံး စည်းရုံးရေးဖြစ်သည်။ ချစ်ခင်ရင်းနှီးသူများအကြား ငြင်းခုံမှုမဖြစ်စေရန်ထိန်းကွပ် ပေးနိုင်သော အကောင်းဆုံးနည်းလမ်းကောင်း လည်းဖြစ်ပေသည်။ ညီညွတ် မျှတမှူများ ကို ရှေးရှုစေသော အကောင်းဆုံးကျင့်စဉ်မည်၏။အလွန်ကောင်းမြတ်လှသော ဗုဒ္ဓသြ၀ါဒတစ်ခုအဖြစ် သရဏီယ တရား( ၆-ပါး)ကိုအစဉ်တိုင်း ပြောမည်ဆိုပါက-
(၁) ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း
(၂) ချစ်ခင်မြတ်နိုးဖွယ် နှူတ်အမူအရာရှိခြင်း
(၃) ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း
(၄) ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မှူရှိခြင်း
(၅) ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း
(၆) ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ ပင်ဖြစ်ပါသည်။
(၁) သရဏီယတရားတော်လာ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း။
မိမိ၏ကိုယ်အမူအရာတိုင်းမှာ ချစ်ခင်နှစ်လိုဖွယ်ရှိစေရေး လှူပ်ရှားမှူတိုင်းမှာ မေတ္တာဓါတ်ပေါင်းစပ်ပေးရန် လိုပါသည်။ မေတ္တာ၏  အနက်သဘော အတိုင်း မေတ္တာစိတ်မှာ အများစိတ်ချမ်းသာ အဆင်ပြေစေချင်စိတ်၊ လောကကောင်းကျိုး ၊ ဘာသာ၊သာသနာကောင်းကျိုး ဆောင်ချင်စိတ်များပြည့်နှက်နေပါတယ်။  မိမိကို မြင်တွေ့ သူတွေ စက္ကုအာရုံချမ်းသာ စေချင်စိတ်ကလည်း မေတ္တာဓါတ်ကြောင့်ပင်ဖြစ်ပါသည်။ပမာအားဖြင့် မိမိ၏နေအိမ်၊ရုံးခန်းပတ်ဝန်းကျင်ကို လာရောက်ကြသူတွေ စိတ်ချမ်းသာအောင်ပြင်ဆင်ခင်းကျင်းထားခြင်း၊ မျက်စိပသာဒဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မေတ္တာစိတ် လှူပ်ရှားမှူများ ကြောင့်မေတ္တာကံ မြောက်နေခြင်းဖြစ်သည်။
ကြီးသူကိုရိုသေ၊  ငယ်သူကိုလေးစားသော  အပြုအမူများသည်လည်း မေတ္တာကံပါမှသာ ပြီးမြောက်ပေသည်။ မိမိအနီးဝန်းကျင်မှ မကျန်းမာခြင်း၊ချို့ တဲ့ခြင်း များရှိပါက ကြည့်ရှူစောင့်ရှောက်တတ် ခြင်းသည်လည်းမေတ္တာကံမည်၏။ ထိုသို့ သောမေတ္တာကံများကို လှူပ်ရှားမှူတိုင်းမပြတ်မလတ် ဆောင်ရွက်သွားခြင်းက ချစ်ခင်မြတ်နိုးဖွယ်ကိုယ်အမူအရာ ကိုအလိုလျှောက် ဖြည့်ဆည်းပြီး ဖြစ်လာပေမည်။
Monday, July 25, 2011
မြန်မာနိုင်ငံ၏ ကဏ္ဍကြီးငါးရပ်တွင် အမေရိကန်နိုင်ငံက အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိုနှိုင်းသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ၏ ကဏ္ဍကြီးငါးရပ်တွင် အမေရိကန်နိုင်ငံက အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိုနှိုင်းသွားမည် ဖြစ်ကြောင်း
စက်တင်ဘာလ ၂၄ ရက်နေ့ နယူးယောက်မြို့တွင် ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ကဏ္ဍကြီး ငါးရပ်၌ အာဆီယံ နိုင်ငံများသာမက အမေရိကန် ပြည်ထောင်စု ပါ ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည် ဖေါ်သွားရန် ညှိနှိုင်း ဆွေးနွေးမည် ဖြစ်သည်။
 အဆိုပါ တွေ့ဆုံမှုသည် စင်္ကာပူ နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီး အစည်းအဝေး၏ နောက်ဆက်တွဲ ဖြစ်ပြီး ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပချိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေး ကျင်းပမည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
 မြန်မာနိုင်ငံနှင့်  ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍကြီး ငါးရပ်တွင် ကူးသန်းရောင်းဝယ်ရေး နှင့် ရင်းနှီုးမြုပ်နှံမှု။ ဒေသတွင်း လုံခြုံရေး၊ သဘောဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင် လုံခြုံမှု၊ ရာသီဥတုပြောင်းလဲရေး ဆိုင်ရာ ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို ဆောင်ရွက်သွားရန် ရည်ရွယ် ထားကြောင်း သိရသည်။
 အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟယ်လာရီ ကလင်တန်က အာဆီယံနှင့် သက်ဆိုင်သော ဒေသတွင်း ဖိုရမ်များသည် အာရှတိုက် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ကျသော ဗိသုကာများပင် ဖြစ်ကြောင်း ဗီယက်နန်နိုင်ငံသို့ ဇွန်လိုင်လက ရောက်ခဲ့စဉ် သုံးသပ်ပြောကြားခဲ့ကြောင်း ယနေ့ထုတ် The Myanmar Post ဂျာနယ် အရ သိရသည်။
Sunday, July 24, 2011
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း ( ၆ )
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း ( ၆ )
ဘာသာပြန်သူ - ကိုကျော်ထင်   (အပိုင်း ( ၅ ) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
အာဏာရှင်စနစ်မှဒီမိုကရေစီသို့
လက်တင်အမေရိကနိုင်ငံရေးတွင် စစ်ဘက်တို့၏ ပါဝင်စွက်ဖက်မှုသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပျက်ခဲ့ပေသည်။ အများစုသည် “ဖွဲ့စည်းပုံကျပုံစံ” “institutional model” အဖြစ်နှင့်ဖြစ်ပျက်ခဲ့ပေသည်။ ဤဖွဲ့စည်းပုံကျပုံစံတွင် လက်နက်ကိုင်တပ်ဖွဲ့များက အဖွဲ့အစည်းပုံစံ တခုအဖြစ်နှင့် အစိုးရ၏ အာဏာများကို သိမ်းပိုက်ကာ ကိုင်တွယ်ကျင့်သုံးခြင်းပင်ဖြစ်သည်။ မကြာသေးမီက ဖြစ်ပျက်သော ဥပမာများတွင် အီကွေဒေါ (၁၉၇၂-၇၉) ဘရာဇီး (၁၉၆၄-၈၄) အာဂျင်တီးနား (၁၉၇၆-၈၃) နှင့် ဥရုဂွေး (၁၉၇၃-၈၄) တို့ ပါဝင်ပေသည်။ ကိစ္စတခုစီတွင် အစိုးရအဖွဲ့ဝင် တသီးပုဂ္ဂလများသည် သြဇာအာဏာနှင့် ထိန်းချုပ်နိုင်မှုတို့တွင် သူတို့၏ လုပ်ဖေါ်ကိုင်ဖက်များထက် မြင့်တက်အောင် ကြိုးစားခဲ့သော်ငြားလည်းပဲ ထိပ်ပိုင်းအစိုးရ အရာရှိများပါဝင်သော အစိုးရတရပ်အားဖြင့် ပူးတွဲအာဏာကို ကျင့်သုံး ခဲ့ကြပေသည်။
တခြားသော လက်တင်အမေရိက နိုင်ငံများသည် စစ်အုပ်ချုပ်ရေးအား "တသီးပုဂ္ဂလပုံစံ" "personelist mode” အားဖြင့် တွေ့ကြုံခဲ့ကြပြီး ဖြစ်သည်။ ဤကိစ္စတွင် လက်နက်ကိုင် တပ်ဖွဲ့များသည် ၄င်းတို့၏ခေါင်းဆောင်ဖြစ်သော အာဏာရှင်အား အထောက်အကူပြုသည့် အဖွဲ့အစည်းတရပ် အသွင်ဖြင့်ရပ်တည်ကာ သူတို့၏နိုင်ငံရေး အခန်းကဏ္ဍကို ကန့်သတ်ခဲ့ပေသည်။ စပိန်အာဏာရှင် ဖရန်စစ်ကိုဖရန်ကို (Francisco Franco) (၁၉၃၉-၁၉၇၅) နှင့် ချီလီအာဏာရှင် ဗိုလ်ချုပ်ကြီး အောဂတ်စတိုပီနိုရှေး (General Augusto Pinochet) (၁၉၇၃-၈၉) တို့ လက်ထက်တွင် ဖြစ်ပွားခဲ့သော ပုံစံများသည် အကောင်းဆုံးဥပမာများပင် ဖြစ်သည်။ ၁၉၅၄ နှင့် ၁၉၈၉ အကြား ဗိုလ်ချုပ်ကြီး အဲလ်ဖရက်ဒို စထရော်ရက်စနာ General Alfredo Stroessner လက်အောက်၌ ပါရာဂွေးတွင် မက်က်ခ်ဆ်ဝီဘာ် ( Max Weber) က အဓိပ္ပါယ်ဖွင့်ဆိုခေါ်ဝေါ်သော "အစိုးရက အုပ်ချုပ်ခံသူများအား ရုပ်ဝတ္ထူပစ္စည်းအကူအညီပေးပြီး ထိုရုပ်ဝတ္ထုပစ္စည်း လက်ခံသူများထံမှ အစိုးရက အပြန်အလှန်အားဖြင့် သစ္စာရှိမှုနှင့် နာခံမှုပြန်လည်ရယူကာ အစိုးရက အာဏာရယူဆွဲကိုင်သော အစိုးရ” တမျိုးရှိခဲ့ပေသည်။ ပနားမားတွင် ဗိုလ်ချပ်ကြီး အိုမာတိုရီဂျို့စ် (General Omar Torrijos) (၁၉၆၈-၈၁) နှင့် ထိုနောက်ဖြစ်သော ဗိုလ်ချုပ်ကြီး မက်နူရယ်အန်တိုနီယိုနိုရီရေးဂါး (General Manuel Antonio Noriega) (၁၉၈၂-၈၉) တို့က ထိုကဲ့သို့သော အလားတူအာဏာရှင်အစိုးရများကို ဦးဆောင်ခဲ့ပေသည်။ စစ်ဘက်တို့သည် ထိုအစိုးရနှစ်ရပ်စလုံး၌ အထက်တွင် တင်ပြခဲ့သော အဖွဲ့အစည်းအဖြစ် တက်ကြွစွာ ပါဝင်ခဲ့ပေသည်။ ဟေတီမှ လက်နက်ကိုင်တပ်ဖွဲ့များသည် ဗိုလ်ချုပ်ကြီး ရောင်းစီဒရာစ် General Raoul Cedras အုပ်ချုပ်ခဲ့သည့် ၁၉၉၁ နှင့် ၁၉၉၄ ကာလအတွင်း ထိုကဲ့သို့သော အသွင်အဖြစ် ရှိခဲ့ပေသည်။
တခြားသော လက်တင်အမေရိက အစိုးရများသည် ထိုပုံစံနှစ်မျိုးအကြားရှိ တစုံတရာသော အခြေအနေမျိုးတွင် ကျရောက်ခဲ့သည်လည်း ရှိသလို တမျိုးမှတမျိုးသို့ တဖြည်းဖြည်း ဖြစ်ပေါ် တိုးတက်ပြောင်းလဲသွားသည်လည်း ရှိပေသည်။ ဥပမာအားဖြင့် ပီရူးတွင် စစ်အစိုးရသည် ၁၉၆၈ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး အစပထမပိုင်းတွင် အဖွဲ့အစည်းဆိုင်ရာအရ (institurional) ထက် ပုဂ္ဂိုလ်ဆိုင်ရာအရ (personalist) ကပို၍ ဖြစ်ပျက်ခဲ့ပေသည်။ လက်နက်ကိုင်တပ်ဖွဲ့များသည် တဦးတည်းသောခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂျူအန်ဗာလက်စ်ကို အာလ်ဗာရာဒို (General Juan Velasco Alvarado) ကို ဆရာတင် လွှဲအပ်ထားပေသည်။ များစွာသော တခြားသော စစ်ဘက်အရာရှိများသည် ကက်ဘိနက် အစိုးရ၀န်ကြီးများအဖြစ်၎င်း၊ ပြည်သူ့စီးပွားရေးလုပ်ငန်းဒါရိုက်တာများ အဖြစ်၎င်း၊ နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ အလယ်အလတ်အဆင့် စီမံခန့်ခွဲသူများအဖြစ်၎င်း သြဇာလွှမ်းမိုးသော နိုင်ငံရေးရာထူးနေရာများကို ရယူဆွဲကိုင်ခဲ့ပေသည်။ ၁၉၇၅ ခုနှစ်တွင် ပုဂ္ဂိုလ်ရေး အရဦးဆောင်သော ဗာလက်စ်ကိုအစိုးရသည် ပို၍အဖွဲ့အစည်းပုံအရ လုံးလုံးဖြစ်သွားသည့် စစ်ဘက်အစိုးရအား လမ်းပေးခဲ့ပေသည်။ ဗိုလ်ချုပ်ကြီး ဖရန်စစ်စကိုမော်ရေးစ်ဘာမူဒက်ဇ် (General Francisco Morales Bermudez) ဦးဆောင်သော ထိုအစိုးရသည် မကြာမီကာလမှာပင် ဒီမို ကရက်တစ်အုပ်ချုပ်ရေးအား ဖြစ်ပေါ်သွားစေခဲ့သည့် အသွင်ကူးပြောင်းမှုတခုကို စတင်လုပ်ဆောင် ခဲ့ပေသည်။
၁၉၇၀ ခုလွန် နှောင်းပိုင်းနှစ်ကာလများအတွင်း အမေရိကန်အစိုးရသည် နိုင်ငံခြားရေး မူဝါဒလမ်းညွှန်မူဝါဒ အသစ်အား ချမှတ်ခဲ့ပေသည်။ ထိုမူဝါဒအသစ်သည် လက်တင်အမေရိက နှင့် အခြားသောနေရာများတွင် နောက်ဆက်တွဲဖြစ်ပေါ်စေသော ဒီမိုကရေစီအသွင်ကူးပြောင်းမှုအား ကူညီဖြစ်ပေါ်စေခဲ့ပေသည်။ လူ့အခွင့်အရေးအား လေးစားရေးဟူသည် သမတဂျင်မီကာတာ၏ နိုင်ငံခြားရေးမူဝါဒအသစ်၏ အဓိကမှတ်ကျောက်ဖြစ်လာခဲ့ပြီး တစုံတခုသော လက်တင်အမေရိက တခုခုအား အကူအညီပေးရေး အတွက်စဉ်းစားရာတွင်လည်း အဓိကလက္ခဏာသတ်မှတ်ချက်ဖြစ် လာခဲ့ပေသည်။ ထိုမူဝါဒရေးရာအပြောင်းအလဲသည် ဆက်သွယ်ရေးနည်းပညာနယ်ပယ်မှ အကြီးအကျယ် တိုးတက်ပြောင်းလဲမှုများနှင့်အတူ ဖြစ်ပေါ်ခဲ့ပြီး ထိုမူဝါဒအသစ်၏ သက်ရောက်မှုကို လည်းဖြစ်ပေါ်စေခဲ့ပေသည်။
သို့သော် ကာတာအုပ်ချုပ်ရေးအဖွဲ့သည် လက်တင်အမေရိကတလျှောက်လုံးတွင် ရှိနေသော အာဏာရှင် အစိုးရအားလုံးလိုလိုသို့ ထိုမူဝါဒအသစ်အား ညီမျှစွာ ကျင့်သုံးခဲ့သည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် ဗဟိုအမေရိကတွင် ဆိုဗီယက်ထောက်ခံအားပေးသည့် ကွန်မြူနစ်သူပုန်များနှင့် စစ်အစိုးရများ ဖြစ်ပျက်ခဲ့သော နိုင်ငံတကာဆိုင်ရာအရဖြစ်သည့် ပြည်တွင်းစစ်များတွင် စစ်အစိုးရများအား အမေရိကန်အစိုးရသည် အကူအညီပေးလေ့ ရှိခဲ့ပေသည်။ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ်နှင့် လူ့ခွင့်အရေးလေးစားရေး မူဝါဒများကို အမေရိကန်အစိုးရသည် တောင်ပိုင်း လက်တင်အမေရိကနိုင်ငံများ အပေါ်တွင်သာ ပို၍အလေးပေး ဆောင်ရွက်ခဲ့ပေသည်။ ထိုနိုင်ငံများသည် ၄င်းတို့နှင့်အလားတူ ဗဟိုအမေရိကနိုင်ငံများထက် လက်ဝဲ၀ါဒီများ လုပ်ဆောင်သော အဖျက်အမှောင့်လုပ်ငန်းများ၏ ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုများကို ပို၍နည်းပါးစွာသာ ရင်ဆိုင်ခဲ့ရပေသည်။ တောင်ပိုင်းလက်တင်အမေရိက စစ်အစိုးရများ၏ လူ့အခွင့်အရေးချိုး ဖေါက်မှုများအပေါ် အမေရိကန်အစိုးရ၏ ဝေဖန်မှုများသည် ထိုအစိုးရများအား အထီးကျန်ဖြစ်သွား စေအောင် ကူညီနိုင်ခဲ့ပြီး နောက်ဆုံးတွင် ထိုခေါင်းဆောင်များအား အရွေးချယ်ခံရသော အာဏာဆက်ခံသူများအား အာဏာလွှဲပြောင်းပေးလာအောင် စည်းရုံးဆွဲဆောင်နိုင်ခဲ့ပေသည်။
လက်တင်အမေရိက ဒီမိုကရက်တစ် အစိုးရအသစ်များသည် သူတို့အရင်အာဏာအဆင့်ဆင့် ဆက်ခံရယူခဲ့သော အာဏာရှင်များက အမွေထားရစ်ခဲ့သည့် ဆက်လက်ဖြစ်ရှိနေသော ပြဿနာရပ်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။ ဤအာဏာရှင်များ၏ အမွေအနှစ်တို့အနက် ပြည်သူတို့၏ မှတ်ဥာဏ်အစုပေါင်း (collective memory) တွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများသည် အသစ်လိုမျိုးပင် ဆက်လက်၍ လတ်လတ်ဆတ်ဆတ်ပင် မှတ်မိသလိုမျိုး ဖြစ်နေသော တစုံတခုသော ပြဿနာရပ်များတွင် ထိုကဲ့သို့ ကျူးလွန်ခဲ့မှုများအတွက် တာဝန်ရှိမှုများအား တရားဝင်အားဖြင့် လွတ်ငြိမ်းခွင့် ဥပဒေများဖြင့် အပြစ်ဖြေပေးခြင်း လွတ်ငြိမ်းခွင့်ပေးခြင်းများ ပြုလာခဲ့တာတောင်မှ ပြဿနာများ ဆက်လက်ရှိနေဆဲ ဖြစ်ပေသည်။
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၅)
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၅)
ဘာသာပြန်သူ - ကိုကျော်ထင် (အပိုင်း (၄) ကို ဒီနေရာ တွင် နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
လက်တင်အမေရိက နိုင်ငံများသည် ကမ္ဘာလုံးခြမ်းဒေသ အပြင်ဘက်  (အမေရိကတိုက် အပြင်ဘက်) က လက်နက်ကိုင် ပဋိပက္ခများတွင် သူတို့၏ ပါဝင်မှုများကို ကန့်သတ်ခဲ့ပေသည်၊ ဒုတိယကမ္ဘာစစ် ကာလအတွင်းက ဘရာဇီးသည် အီတလီတွင် မဟာမိတ်တို့၏ တိုက်ပွဲဝင်မှုများကို ကူညီရန်အတွက် ကြည်းတပ်မတစ်ခုကို စေလွှတ် ပေးပို့ခဲ့ပေသည်။ မက္ကဆီကိုသည်လည်း ပစိဖိတ် စစ်နယ်ဝန်း (Pacific theater) မှ မဟာမိတ်တို့၏ အားထုတ်မှုများသို့ များစွာသော ကင်းလှည့်နှင့် သင်တန်းသုံး လေယာဉ်များကို ပေးပို့ထောက်ပံ့ ကူညီခဲ့ပေသည်။ ကိုလံဘီယာ နိုင်ငံတစ်ခုသာ ကိုရီးယားစစ်ပွဲတွင် အပေါ့စား ခြေလျင်တပ်ရင်းတစ်ရင်း (an infantry battalion) ကို ပေးပို့လျက် ပါဝင်ခဲ့ပေသည်။
မကြာသေးသော နှစ်ကာလများအတွင်း လက်တင်အမေရိက နိုင်ငံများသည် ကုလသမဂ္ဂ ကမကထပြု ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းမစ်ရှင်များတွင် ပါဝင်လုပ်ဆောင်သည့် ဒေသအပြင်ဘက် စစ်ဘက်ဆိုင်ရာ လှုပ်ရှားလုပ်ဆောင်မှုများတွင် ပါဝင်ရန် သတ်မှတ် ကန့်သတ်လာခဲ့သည်။ အာဂျင်တီးးနားနှင့် ဥရုဂွေးတို့သည် ထိုကဲ့သို့သော လုပ်ဆောင်မှုများတွင် အတက်ကြွဆုံး ပါဝင်သူများဖြစ်သည်။ ၁၉၉၁ ခုနှစ်ကတည်းက ခရိုအေးရှား (Croatia) တွင် တပ်သား ၉၀၀ ကျော် ပါဝင်သော အာဂျင်တီးနားတပ်ဖွဲ့များ အမှုထမ်းလာခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ၁၉၉၄ ခုနှစ် ကတည်းကလည်း တပ်သား ၄၀၀ ကျော် ပါဝင်သော အာဂျင်တီးနားတပ်ဖွဲ့များ အခြေပြု ပါဝင်ခဲ့ပြီး ဖြစ်သည်။ ဥရုဂွေးမှ တပ်သား ရာပေါင်းများစွာ ပါဝင်သော တပ်ဖွဲ့များသည် ၁၉၉၂ - ၉၃ ခုနှစ် ကမ္ဘောဒီးယားတွင်လည်းကောင်း မိုဇမ်ဘစ်တွင် ၁၉၉၃ - ၉၄ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ဆောင်မှုများတွင်လည်းကောင်း ပါဝင်လာခဲ့ပြီး လောလောဆယ်ကာလတွင် အင်ဂိုလာ (Angola) တွင် တပ်ရင်းတစ်ရင်း အခြေပြုထားပေသည်။ တခြားသော လက်တင် အမေရိကနိုင်ငံများသည် ကက်ရှ်မီးယား (Kashmir)၊ ဟိုင်တီ (Haiti) နှင့် တခြားသော အာဖရိကနိုင်ငံများ၏ ကုလသမဂ္ဂ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းမစ်ရှင်များတွင် စစ်တပ်ဖွဲ့များကို ပေးပို့စေလွှတ် ထောက်ပံ့ ကူညီခဲ့ပေသည်။ ပါရှန်ပင်လယ်ကွေ့စစ်ပွဲ (Persian Gulf War) ကာလအတွင်းက အာဂျင်တီးနားသည် အီရတ်အား တိုက်ခိုက်ရန်အတွက် မဟာမိတ်တပ်ဖွဲ့များအား ဖရီးဂိတ် (Frigate)  (၂) စင်းအား ပေးပို့ စေလွှတ် ကူညီထောက်ပံ့ခဲ့ပေသည်။
အတိုချုပ်အားဖြင့် ပြောရလျှင် လက်တင်အမေရိကသည် လူ့အဖွဲ့အစည်း၏ အရာအားလုံးသို့ သက်ရောက်မှု ဖြစ်စေသည့် အလုံးစုံစစ်ပွဲ (total war) အမျိုးအစား၏ အတွေ့အကြုံမျိုး မရှိပေ။  မကြာသေးမီ ကာလအထိ ဖြစ်ပျက်သော လက်နက်ကိုင် ပဋိပက္ခများသည် အတိုအားဖြင့်  အတော်ပင် အရေးမပါလှသော နယ်စပ်အငြင်းပွားမှုများ အဖြစ်သို့ ကန့်သတ်ခံခဲ့ရပြီး ဖြစ်ပေသည်။ ထိုအပရိကဖြစ်သော ပဋိပက္ခများသည် ယှဉ်ပြိုင်ရင်ဆိုင် ဖြစ်ပွားနေသော နိုင်ငံများမှ ပြည်သူများအနေဖြင့် မမြင်နိုင်လောက်နီးနီးပင် ဖြစ်ခဲ့ပေသည်။ ၁၉၄၅ နောက်ပိုင်းတွင် များစွာသော ဥရောပတိုက် နိုင်ငံများမှ တိုက်ခိုက်ခဲ့ကြသော ကိုလိုနီိဆိုင်ရာနှင့် လွတ်လပ်ရေးတိုက်ပွဲ များကဲ့သို့ပင် ဖြစ်သည်။
ပြည်တွင်း စစ်ပွဲလေးများတောင်မှ ဖြစ်ပွားသော အရေးပါသော ပြည်တွင်းပဋိပက္ခများသည် မကြာသေးမီ နှစ်ကာလများအတွင်းမှာပင် လက်တင်အမေရိက နိုင်ငံတိုင်းလိုလိုအား ဖိစီးနှိပ်စက်ခဲ့ပြီး ဖြစ်သည်။ ယင်းတွင် အထိအခိုက် မခံရသော လူတန်းစားဟူ၍ မရှိခဲ့ပေ။ ထိုပဋိပက္ခများက ချန်ထားပစ်ခဲ့သော ဒဏ်ရာဒဏ်ချက်များကို အချိန်ကလည်း မကုစားနိုင်ခဲ့ပေ။ အထူးသဖြင့် ၁၉၇၀ ခုလွန်နှစ်များက အာဂျင်တီးနား၊ ချီလီနှင့် ဥရုဂွေးတို့တွင် ဖြစ်ပျက်သော မြို့ပြအခြေပြု “ညစ်ပတ်သောစစ်ပွဲများ” “dirty wars “ နှင့် ၁၉၈၀ ခုလွန်နှစ်များတွင် အယ်လ်ဆာဗေဒိုနှင့် နီကွာရာဂွါတွင်၎င်း၊ ၁၉၅၀ ခုလွန်နှစ်များမှ ၁၉၉၀ ခုလွန်နှစ်များအထိ ဂွာတီမာလာတွင် ဖြစ်ပျက်သော ကျေးလက်အခြေပြု သောင်းကျန်းမှုများ ဖြစ်ပေသည်။
၁၉၈၀ ခုနှစ်ကတည်းကစ၍ ပီရူးလူမျိုး ၂၅၀၀၀ ခန့်သည် ဆန်ဒါရိုလူမီနိုဆို (တောက်ပသောလမ်းကြောင်း) (Sendero Luminoso – Shining Path) တို့၏ လက်ထဲတွင် သေဆုံးခဲ့ရပြီး ဖြစ်သည်။ ၄င်းအဖွဲ့သည် မော်ဝါဒီ (Maoist) ပြောက်ကျား လှုပ်ရှားမှုအဖွဲ့ဖြစ်ပြီး ၄င်း၏ ကျော်ကြားလှသော ရက်စက်မှုသည် ကမ္ဘောဒီးယား ခမာရုဂ်ျအဖွဲ့ (Cambodia’s Khmer Rouge) ၏ ဆင်တူယိုးမှားလိုမျိုးပင် ဖြစ်ခဲ့ပေသည်။ ပီရူးစစ်တပ်မှ ကျေးလက်ဒေသတွင် သောင်းကျန်းမှု တန်ပြန်တိုက်ဖျက်ရေး တံမြက်လှည်း စစ်ဆင်ရေးများ ဆင်နွှဲသောအခါတွင်လည်း ထောင်ပေါင်းများစွာသော အရပ်သားပြည်သူများ အသတ်ခံခဲ့ရပြန်ပါသည်။ ထိုကဲ့သို့သော အပိုင်းတွင် ကိုလံဘီယာသည် ၁၉၆၀ ခုလွန် နှစ်များကတည်းက အမြဲတန်းလိုလို ဖြစ်နေသော ပြောက်ကျား အကြမ်းဖက်မှုများကို ကြုံတွေ့ ခံစားနေခဲ့ရပေသည်။ ကိုလံဘီယာ ပြောက်ကျားလှုပ်ရှားမှုများနှင့် မူးယစ်ဆေးဝါး ကုန်သည် စီးပွားရေးသမားများ၏ ထိုးဖောက် ၀င်ရောက်နိုင်မှုသည် သြဇာတိက္ကမနှင့် အတော်အတန် ကြီးမားသော အာဏာပိုင် အစိုးရက အမျိုးသား နယ်မြေအပေါ်၌ ကျင့်သုံး ဆောင်ရွက်လည်ပတ်သော အချုပ်အခြာ အာဏာစနစ်အား ကြီးကြီးမားမားပင် ကန့်သတ်ခဲ့ပြီးဖြစ်သည်။ အတော်အတန် ကြီးမားသော အစိတ်အပိုင်းများသည် အစိုးရထိန်းချုပ်မှုစနစ်၏ အပြင်ဘက်တွင် သိသိသာသာပင် ရှိနေခဲ့ပေသည်။
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၄)
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၄)
ဘာသာပြန်သူ -ကျော်ထင်  (အပိုင်း (၃) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
တောင်အမေရိကတိုက်အတွင်း ဖြစ်ပေါ်သော ငြိမ်းချမ်းရေးဆိုင်ရာ လက်တင်အမေရိကဒေသ၏ ခေတ်ပေါ်ဓလေ့ ထုံးစံသို့ ဖြစ်ပွားသော တခြား ခြွင်းချက်တစ်ခုမှာ အီကွေဒေါ (Equador) နှင့် ပီရူး (Peru) တို့အကြား ရေရှည်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုပင် ဖြစ်သည်။ အမေဇုန်နစ် (Amazonic) နိုင်ငံအဖြစ် အီကွေဒေါနိုင်ငံ၏ အဆိုပြုတင်ပြမှုအား  ပီရူးနိုင်ငံက အရှည်သဖြင့်ပင် ငြင်းဆိုလာခဲ့ပြီး ပီရူးနိုင်ငံ ပိုင်နက်နယ်မြေအတွင်း အမေဇုံဒေသအဖြစ် လုပ်ကိုင်ခွင့် အခွင့်အလမ်း ရရှိအောင် အီကွေဒေါတို့၏ ကြိုးပမ်းအားထုတ်မှုအား ပီရူးတို့က ခုခံလာခဲ့ပြီးလည်း ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် နှစ်နိုင်ငံတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုအပေါ်၌ စစ်ပွဲတိုတစ်ပွဲ ဖြစ်ပွားခဲ့ပေသည်။  ထိုစစ်ပွဲတွင် ပီရူးတို့က အီကွေဒေါတို့၏ တောင်ပိုင်းပြည်နယ်ဖြစ်သော အယ်လ်အိုရိုပြည်နယ် (El Oro province) အား ကျူးကျော်ဝင်ရောက်ခဲ့သည့်အပြင် ဒုတိယ အကြီးဆုံးမြို့ဖြစ်သော ဂွေယကွင်း (Guayaquil) မြို့အား ၀ိုင်းရံထားခဲ့ပြီးနောက် အီကွေဒေါတို့ ရူံးနိမ့်ခဲ့ပေသည်။
စစ်ပွဲဖြစ်ပွားလာနိုင်သည်ဟု စိတ်အာရုံစူးစိုက်မှုများ ဥရောပတွင် ဖြစ်ပေါ်လာခဲ့မှုများနှင့်အတူ ကမ္ဘာလုံးခြမ်းဒေသ တည်ငြိမ်ရေးအား ထိန်းသိမ်းရန် စိတ်စောနေမှုများက အမေရိကန်ပြည်ထောင်စုမှ ထိုပဋိပက္ခအား သံတမန်နည်းအားဖြင့် စနက်တံဖြုတ်ရန်အတွက် ၀င်ရောက်စွက်ဖက် လာစေခြင်းအား ဖြစ်ပေါ်စေခဲ့ပေသည်။ နှစ်နိုင်ငံစလုံးမှ အမေရိကန် ကြားဝင်ကမကထ လုပ်ပေးခဲ့သော ၁၉၄၂ခုနှစ် ရီအိုဒီဂျနေးရိုး သဘောတူညီချက် (1942 Protocol of Rio de Janeiro) အား လက်ခံခဲ့ကြရပြီး ထိုသဘောတူညီချက်က အီကွေဒေါတို့၏ အမေဇုံဆိုင်ရာ အဆိုပြုချက်အား ထိရောက်စွာ ငြင်းပယ်နိုင်ခဲ့ပေသည်။
နယ်စပ်အငြင်းပွားမှုက အနာပြည်တည်သည် အထိ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အီကွေဒေါ၏ သာမန်လူထုအကျိုးကို ရည်မှန်းသည့်ဝါဒအား ဆွဲကိုင်သူ သမ္မတ ဂျိုဆေးမာရီယာ ဗယ်လာစ်ကိုအီဘာရာ (Jose Maria Velasco Ibarra) က အီကွေဒေါနိုင်ငံသည် အာမခံပေးသည့် နိုင်ငံများဖြစ်သည့် အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စည်းကြပ် ကန့်သတ်မှု တင်စီးမှုများကို ခံနေရသောကြောင့် ၁၉၄၂ ရီအိုဒီဂျနေရိုး သဘောတူညီချက်အား တရားမ၀င်ကြောင်း လူသိရှင်ကြား ရှုတ်ချ စွပ်စွဲ ကြေညာခဲ့ပေသည်။ သို့သော်လည်း သူသည် ပယ်ဖျက်ရန်အတွက် မည်သည့် လုပ်ဆောင်မှုကိုမျှ မပြုလုပ်ခဲ့ပေ။ အနှစ် ၂၀ ခန့်အကြာ ၁၉၈၁ ခုနှစ်တွင် အငြင်းပွားမှုသည် ထပ်မံ၍ မီးတောက်လောင် လာခဲ့ပြန်ပါသည်။
ယင်းမှာ အီကွေဒေါစစ်တပ်များက ပြိုင်ဆိုင် အငြင်းပွားနေသော ဒေသအား သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး (၃) ရက်မျှသော ကာလတိုအတွင်းတွင်ပင် ပီရူး စစ်တပ်က ၄င်းအီကွေဒေါ စစ်တပ်ဖွဲ့များကို ပြန်လည်၍ မောင်းထုတ်နိုင်ခဲ့သည်။ တိုက်ခိုက်မှုများသည် ၁၉၉၅ တွင် အသစ်တဖန် ပြန်လည် ဖြစ်ပွားလာခဲ့သေးပြီး (၂) လခန့် ကြာမြင့်ပြီးနောက် အင်တာမာရာတီ ကြေညာချက် (Itamaraty Declaration ) အား လက်မှတ်ထိုးခဲ့ကြခြင်းနှင့်အတူ အဆုံးသတ်ခဲ့ကြပေသည်။ ယင်းတွင် မိုးမက်ပ် (Momep) ခေါ် အာဏာ (၄) ခုဖြင့် စောင့်ကြည့်သည့် တပ်ဖွဲ့များ  (a four –power observer force ) ဖြစ်ပေါ်တိုးတက် တည်ရှိလာခဲ့သည်၊ ထိုအချိန်ကတည်းကစ၍ နှစ်နိုင်ငံစလုံးတို့သည် အငြင်းပွားနေသော နယ်စပ်ပြဿနာအား သံတမန်ရေးနည်းလမ်းဖြင့် အဖြေရှာအားထုတ်ရန် ကြိုးပမ်းလာခဲ့ကြပေသည်။
(၂၀) ရာစုတွင် ဖြစ်ရှိခဲ့သော နယ်စပ်အငြင်းပွားမှုများအနက် လက်နက်ကိုင် ပဋိပက္ခအဆင့်အထိ ရောက်ရှိခဲ့သော နောက်ထပ်အငြင်းပွားမှု တစ်ခုမှာ အယ်လ်ဆာဗေဒို (El Salvador) နှင့် ဟွန်ဒူးရပ်စ် (Honduras) တို့အကြား ဖြစ်ပွားသော ၁၉၆၉ ဆောကာ (brief 1969 Soccer War) စစ်ပွဲတို ပင်ဖြစ်သည်။ ထိုစစ်ပွဲဖြစ်ပွားစေရန် နယ်စပ်ကိစ္စ၊ ကုန်သွယ်ရေးကိစ္စနှင့် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အငြင်းပွားမှုများက မီးထိုးပေးခဲ့ခြင်းဖြစ်သည်။ ဗင်နီဇွဲလား (Venezuela) နှင့် ကိုလံဘီယာ (Colombis) တို့အကြား ပဋိပက္ခဖြစ်နေသော မြစ်နှင့်ရေကြောင်းဆိုင်ရာ အဆိုပြုမှုများနှင့် ပတ်သက်၍ ရေတပ်ဆိုင်ရာ အော်ကျယ်ဟစ်ကျယ် အငြင်းအခုံလေး အနည်းငယ် ဖြစ်ခဲ့သော်လည်း လက်နက်ကိုင် ပဋိပက္ခအဆင့်အထိ မရောက်ရှိလာခဲ့ပေ။ ထိုကဲ့သို့သော လက်တင်အမေရိကနိုင်ငံများအကြား (၂၀) ရာစု၏ စစ်ဘက်ပဋိပက္ခမီး ပြန်လည်ထတောက် လောင်လာမှုများသည် လက်တင်အမေရိက အတွင်းတွင်သာ အချိန်၊ နယ်ပယ်အကျယ်အ၀န်းနှင့် အင်အားအရင်းအမြစ် အကန့်အသတ်များ အရသာ ဖြစ်ပွားခဲ့ပေသည်။
ယင်းသည် ၁၉၈၂ ဖောက်ကလန်စ်/မားလ်ဗွီးနာ့စ် (Falklands/Malvinas) စစ်ပွဲဖြစ်ပွားသည်အထိ မှန်ကန်ခဲ့ပေသည်။ ယင်းဖောက်ကန်စ်/မားလ်ဗွီးနာ့စ် စစ်ပွဲတခုတည်းသာ အမေရိကတိုက်များမှ အာဂျင်တီးနား (Argentina) နှင့် ဂရိတ်ဗြိတိန်တို့အကြား (Great Britain) အမေရိကတိုက်များ၏ အပြင်ဘက်မှ နိုင်ငံတစ်ခုဖြစ်သော အငြင်းပွားနေသောကျွန်းအား ထိန်းသိမ်းကန့်သတ်မှုများ ဆက်လက်ပြုလုပ်သည့် ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခ ဖြစ်ခဲ့ပေသည်။
နယ်စပ်ပိုင်ဆိုင်မှု အဆိုပြုမှုများနှင့် ပတ်သက်၍ များစွာသော သံတမန်ရေးဆိုင်ရာ အငြင်းပွားမှုများသည် အနာပြည်တည်သည်အထိ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ နီကာရာဂွာ (Nicaragua) က ကိုလံဘီယာဆန်အာဒရဲစ် (Colombia’s San Andres) နှင့် ပေ၇ာဗင်ဒဲစီရာ (Providencia) ကျွန်းများကို ၄င်းတို့ပိုင်ဆိုင်ကြောင်း အဆိုပြုတင်ပြ ပြောဆိုလာခဲ့သည်။ ဂွာတီမာလာက (Guatemala) လည်း ဘီလီဇဲနယ်မြေ (Belize’s terrority) အား ၄င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုလာခဲ့သည်၊ ထိုအချိန်က ဘယ်လီဇဲသည် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြု ခံခဲ့ရပြီးဖြစ်သည်။ ဗင်နီဇွဲလားကလည်း ဂူယာနာ (Guyana)၊ ထရီနီဒာ့ (Trinidad) နှင့် ထိုဘာဂို (Tobago) တို့၏ လောလောဆယ်အားဖြင့် ဆုပ်ကိုင်ထားသော နယ်မြေများအား ၄င်းတို့လည်း ပိုင်ဆိုင်ကြောင်း တင်ပြပြောဆိုလာခဲ့သည်။ ဘိုလီဗွီးယားနှင့် ချီလီတို့အကြားက ဆက်ဆံရေးသည် ပစိဖိတ်စစ်ပွဲ (War of the Pacific) ၁၈၇၉-၈၄ ပြီးကတည်းက ထာဝစဉ် ဆက်လက် တင်းမာလာနေခဲ့ပေသည်။
ထိုအချိန်က ဘိုလီးဗီးယားတို့က ၎င်း၏ ကမ်းရိုးတန်းဒေသများအား ချီလီလက်ထဲသို့ ဆုံးရှူံးခဲ့ရပြီး ၎င်းဒေသများသည် ပစိဖိတ်သမုဒ္ဒရာသို့ ချဉ်းကပ်ရောက်ရှိသည့် အချုပ်အခြာ နယ်မြေများဖြစ်၍ လွမ်းဆွတ် နေခဲ့သောကြောင့် ထိုကဲ့သို့ ဆက်လက် တင်းမာနေခဲ့ခြင်းလည်း ဖြစ်ပေသည်။
ကွဲပြားခြားနားသော လက်တင်အမေရိက နိုင်ငံများ - အပိုင်း (၃)
ကွဲပြားခြားနားသော လက်တင်အမေရိက နိုင်ငံများ - အပိုင်း (၃)
ဘာသာပြန်သူ - ကျော်ထင်  (အပိုင်း (၂) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)
တောင်အမေရိကနိုင်ငံများမှ တချို့သော စစ်အစိုးရများသည် ၁၉၆၀ ခုလွန်နှစ်များနှင့် ၁၉၇၀ ခုလွန် နှစ်များအတွင်း အခြေအမြစ်မှစ၍ ပြုပြင်ပြောင်းလဲသော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ မူဝါဒအသစ်များ ချမှတ်ဆောင်ရွက်ခဲ့သည် ဆိုသော်ငြားလည်း အများစုမှာ အတိတ်ကာလကို ပြတ်ပြတ်သားသား ချိုးဖျက်ဆောင်ရွက်သော အခြေခံအုတ်မြစ် တည်ဆောက်ရေး အစိုးရများ (foundational regimes) အဖြစ် ၄င်းတို့ကိုယ်ကို၎င်းတို့ ပုံမဖေါ်ကြပေ။ အမှန်တကယ်အားဖြင့် ဆိုရလျှင် သူတို့ကိုယ်တိုင်က မှန်ကန်ကြောင်း ထုတ်ဖေါ်ပြသ ပြောဆိုမှုများနှင့် တရားဝင်မှု ဆိုသည်ကို ဒီမိုကရက်တစ် အုပ်ချုပ်ရေးအား လက်တွေ့ကျကျ တတ်နိုင်သမျှ စောနိုင်သမျှ စောစောပြန်လည် တည်ဆောက်ရန်ဆိုသည့် ၄င်းတို့၏ ကျမ်းကျိန်ပြောဆိုမှု အပေါ်တွင် မှီတည်နေပေသည်။ ထို့အပြင် သူတို့သည် သူတို့ကိုယ်ကိုသူတို့ ဒီမိုကရက်တစ်အစိုးရ၏ အမြဲတမ်း တခြားနည်းလမ်းတစ်ခု (permenant alternative) အဖြစ် မကြည့်မြင်ပေ။
ဘရာဇီးနိုင်ငံ သမ္မတ ဂျူအန်မာရီယာဘော်ဒါဘယ်ရီ (Juan Maria Bordaberry) (၁၉၇၁-၇၆) သည် ၁၉၇၆ ခုနှစ်တွင် အထက်ပါကဲ့သို့ အခြေခံကျကျ ပြုပြင်ပြောင်းလဲသော နိုင်ငံရေးစနစ်ကို တည်ထောင်ရန် ကြိုးပမ်းခဲ့ပေသည်။ သို့သော်လည်း ဘရာဇီးနိုင်ငံ မျဉ်းတလျှောက်တွင် အကန့်အသတ်ရှိသော ဒီမိုကရေစီစနစ်ကိုသာ ကြိုက်နှစ်သက်ခြင်း ရှိသောကြောင့် လက်နက်ကိုင်တပ်ဖွဲ့များက သူ့အား အာဏာနေရာမှ ဖယ်ရှားခဲ့ပေသည်။ ချီလီအာဏာရှင် သြဂတ်စတိုပီနိုချေးသည်လည်း ချီလီ၏ သမားရိုးကျ ဒီမိုကရက်တစ်စနစ်အား အစားထိုးရန် အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့် အစိုးရအား တည်ဆောက်ရန်ဟု ပြောဆိုခဲ့ပေသည်။ သို့သော်လည်း ၄င်းတွန်းထိုးပြောဆို ဆောင်ရွက်ခဲ့သော ၁၉၈၀ အခြေခံဥပဒေက အဆိုပါ အခြေခံကျကျ ပြုပြင်ပြောင်းလဲသော အစိုးရ တည်ဆောက်ရေးဆိုသော အစီအစဉ်အား ကဖျက်ကယက် လုပ်ခဲ့သည့် တရားဝင်လုပ်ငန်း လမ်းညွှန်ဘောင်များကို ချမှတ်ခဲ့ပေသည်။
တိုင်းပြည်၏နောက်ပိုင်းတွင် ဒီမိုကရေစီအုပ်ချုပ်ရေးသို့ ပြန်လာရေးအတွက် အခြေခံလုပ်ငန်း လမ်းညွှန်မှုများကို ချမှတ်ခဲ့ပေသည်။ ဒီမိုကရက်တစ် အစိုးရ၏ တာရှည်ခံသော တခြားနည်းလမ်းတစ်ခုကို တည်ဆောက်ရန် စစ်ဘက်တို့၏ ဆန္ဒရှိမှု၊ မရှိမှုက နောက်ဆုံးတွင် ဒီမိုကရေစီ စံနှုန်းများ ရှောင်လွှဲမရစွာဖြင့် ပြန်လာခြင်းကို ပြုလုပ်ခဲ့ပေသည်။ ယေဘူယျအားဖြင့် ပြောရလျှင် နိုင်ငံ၏အကြပ်အတည်း ကာလများတွင် ပြည်သူများ စည်းမျဉ်းစည်းကမ်းလိုက်နာရေး (public order) ကို ထူထောင်ရန်နှင့် အချင်းများ ရန်ဖြစ်နေသော နိုင်ငံရေးအင်အားစုများ အကြားမှ ပဋိပက္ခအား အလွန်အကျွံ မဖြစ်အောင် ထိန်းပေးရန်တို့အတွက် စစ်တပ်ဖွဲ့များသည် နိုင်ငံရေးလောကမှ တော်တော်နှင့် မစွန့်ခွာနိုင်ဘဲ စစ်တန်းလျားများကို ချန်ထားခဲ့ကြပေသည်။ စစ်တပ်ဖွဲ့များက နိုင်ငံရေးအရ ၀င်ရောက်စွက်ဖက်ရန် အတင်းအကြပ် အကြောင်းအရင်း ဖြစ်စေသော ပဋိပက္ခအကြပ်အတည်းများ ဖြစ်ပေါ်ရှုပ်ထွေးလာသည့်အခါ စစ်ဘက်အုပ်ချုပ်ရေး ဆက်လက်ဖြစ်ပေါ်ရေးအတွက် မှန်ကန်ကြောင်း သက်သေပြကြပြန်ပေသည်။ ထိုကြောင့် ၁၉၈၀ ခုလွန် နှစ်များတွင် လက်တင်အမေရိက စစ်ဘက်အစိုးရ အားလုံးလိုလိုက လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခံရသူများအတွက် လမ်းပေးခဲ့မှုများသည် ရှားရှားပါးပါးပင် အံ့သြစရာ ကောင်းခဲ့ပေသည်။    
ငြိမ်းချမ်းရေးဇုံ
၂၀ ရာစုအတွင်းက လက်တင်အမေရိက နိုင်ငံများသည် နယ်စပ် ဖြတ်ကျော်ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခများနှင့် နပန်းလုံး နေခဲ့ပြီးဖြစ်သည်။ ခြွင်းချက်တစ်ခုမှာ ၁၉၃၀ မှ ၁၉၃၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ချာကိုးစစ်ပွဲ (Chaco War) ပင်ဖြစ်သည်။ ထိုစစ်ပွဲတွင် ဘိုလီးဗွီယား (Bolivia) နှင့် ပါရာဂွေး (Paraguay) တို့အကြား မိုးခေါင်၍ ခြောက်သွေ့ကာ လူနေကျဲပါးသော ဒေသအား ထိန်းချုပ်ရန်အတွက် ကြိုးပမ်းကြရင်းမှ တိုက်ခိုက်ခဲ့ကြသော စစ်ပွဲဖြစ်သည်။ ၄င်းတို့၏ ရည်ရွယ်ချက်မှာ ရေနံထွက်ရှိမည်ဟု အရံရေနံတွင်းများ ထိုဒေသတွင် ရှိမည်ဟု ထင်မြင်ခဲ့၍ (နောင်ထွက်ပေါ်လာမှုများအရ မှားယွင်းသည်ဟု ဆိုနိုင်သော) တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဘိုလီးဗီးယားတို့၏ ရှူံးနိမ့်မှုက အလယ်အလတ်ကျသော ၄င်း၏အစိုးရအား အစိတ်စိတ် အမွှာအမွှာ ဖြစ်သွားစေခဲ့ပြီး လက်ဝဲနှင့်လက်ျာ နှစ်ဖက်စလုံး၏ သက်တမ်းတိုသော စစ်ဘက်အစိုးရအား အာဏာ ရရှိလာစေခဲ့ပေသည်။ ရေရှည်တွင် ထိုရှူံးနိမ့်မှုက ၁၉၅၂ တွင် ပေါ်ပေါက်ခဲ့သော အမျိုးသားတော်လှန်ရေးအား လမ်းခင်းပေးခဲ့ပြီး ပို၍နိမ့်ကျသော လူတန်းစားများအတွက် ဒီိမိုကရေစီကို ချဲ့ထွင်ပေးခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ပြောရလျှင် စစ်ပွဲပြီးနောက် စစ်အာဏာသိမ်းခဲ့သည်။ စစ်ပွဲအောင်နိုင်ခဲ့မှုမှ ရရှိခဲ့သော သြဇာတိက္ကမက အာဏာကို ဆုပ်ကိုင်ထားနိုင်ရန်အတွက် အကူအညီပေးခဲ့သည်။ နောက်ဆုံးတွင် ရှည်လျားသော ဗိုလ်ချုပ်ကြီး အယ်လ်ဖရက်ဒို စထရောစနာ (General Alfredo Stroessner) (၁၉၅၄-၈၉) အာဏာပိုင်အစိုးရအား ပေါ်ပေါက်သွားစေနိုင်ခဲ့ပေသည်။
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၂)
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၂)
ဘာသာပြန်သူ - ကိုကျော်ထင် ( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
ကျူးဘားနှင့် နိုင်ကွာရာဂွာတို့မှ တော်လှန်ရေး အစိုးရများသည် ထိုအမျိုးသားကာကွယ်ရေး တပ်ဖွဲ့များနေရာတွင် စစ်သားစစ်စစ် စစ်တပ်ဖွဲ့များဖြင့် အစားထိုးခဲ့ကြသည်။ အမေရိကန် တပ်မတော်ပြီးနောက် ဒိုမီနီကန် ပြည်သူ့အစိုးရသည် အသစ်ဖြစ်သော စစ်သားစစ်စစ် လက်နက်ကိုင် တပ်ဖွဲ့များကို တည်ထောင်ခဲ့သည်ဟု ဆိုသော်လည်း အမှန်စင်စစ်မှာ ဆိုဗီယက်ပုံစံ တပ်မတော်များပင် ဖြစ်ပေသည်။ ၁၉၉၀ တွင် ဆန်ဒီနစ်တာစ် (Sandinistas) တို့၏ ရွေးကောက်ပွဲ ရှူံးနိမ့်မှုပြီးနောက် နိုင်ကွာရာဂွာ တပ်မတော်သည် နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများကို တွေ့ကြုံ ဖြတ်သန်းခဲ့ပြီး ၁၉၉၅ ခုနှစ် နောက်ဆုံးလောက်အထိ မည်သည့်နိုင်ငံရေးမှ အရောစွက်မခံသော စစ်သားစစ်စစ် လက်နက်ကိုင်အင်အားစုများ (nonpartisan military force) ဖြစ်လာခြင်းသို့ ရောက်ရှိစေရန် အတော်အတန်ကြီးမားသော တိုးတက်မှုများကို ပြုလုပ်ခဲ့ပေသည်။ 
၁၉၇၀ ခုလွန်နှစ်များနှင့် ၁၉၈၀ ခုလွန်နှစ်များအတွင်း ပနားမားနိုင်ငံတွင် ဗိုလ်ချုပ်ကြီးများဖြစ်သော အိုမာတိုရီဂျိုးစ်( Omar Torrijos ) နှင့် မာနူရယ်အန်တိုနီယိုနော်ရီရေးဂါး (Mauel Antonio Noriega) တို့သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအား တောင်အမေရိက မျဉ်းကြောင်းတလျှောက်ရှိ သေးငယ်သော ပညာရှင်ပီသသည့် (တနည်းအားဖြင့် ကြေးစားတပ်) တစ်ခုအဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းခဲ့ပေသည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၈၉ ခုနှစ်တွင် ဖြစ်ပွားသော ကျူးကျော်မှု၏ နိုးထမှုတွင် ၄င်းတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဟေတီသည် ပနားမားနိုင်ငံတွင် ခံစားခဲ့ရသော အလားတူ ကံကြမ္မာမျိုးကို ခံစားခဲ့ရသည်။ ၄င်းမှာ ထိုအချိန်က ဟေတီ စစ်ဘက်အုပ်ချုပ်သူများနှင့် ဖြုတ်ချခံထားရသော သမ္မတ ဂျီးဘာထရဲဒ်အရစ်စတစ် (Jean Bertrand Aristide ) အကြားတွင် အမေရိကန်၏ ကြားပွဲစားလုပ်ကာ ညှိနှိုင်းသဘောတူညီချက် ရလာဒ်၏ အကျိုးဆက်ပင် ဖြစ်ပေသည်။
၁၉၉၄ အောက်တိုဘာလတွင် သမ္မတရုံးလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်ပြီး ကာလတိုအတွင်းမှာပင် သမ္မတ အရစ်စတစ်သည် တပ်ဖွဲ့ပေါင်း ၇၀၀၀ ကျော် အင်အားရှိသော ဟေတီစစ်တပ်အား အဖွဲ့ဝင် ၂ ဒါဇင်ထက် ပိုနည်းသော တေးဂီတ အဖွဲ့တစ်ခုအဖြစ်သို့ လျှော့ချပစ်ခဲ့သည်။ သူသည် ၁၉၉၅ ခုနှစ်တွင် ရွေးကောက်ခံရသော လွှတ်တော်အသစ်သို့ ထိုတည်ဆောက်ထားမှုအား ဖျက်သိမ်းပေးရန် မေတ္တာရပ်ခံ အဆိုပြု တင်ပြချက်တစ်ခုကို အလေးအနက်ပြု တင်ပြခဲ့ပေသည်။ ဟေတီနှင့် ပနားမားတို့သည် ၁၉၄၈ ခုနှစ်တွင် ၄င်း၏တပ်မတော်ကို ဖျက်သိမ်းခဲ့သော ကော်စတာရီကာကဲ့သို့ပင် အခက်အလက်စုံသော တပ်မတော် (full-fledged military force) တစ်ခုမရှိသော လက်တင်အမေရိကမှ နိုင်ငံများအဖြစ်သို့ အတူလက်တွဲ ရောက်ရှိလာကြပေသည်။
၁၉၈၀ ခုလွန်နှစ်များအတွင်း အယ်လ်ဆာဗေဒိုနိုင်ငံသည် များစွာသော ၄င်း၏ အိမ်နီးချင်း နိုင်ငံများကဲ့သို့ ၄င်း၏အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (National Guard ) ကို စစ်သားစစ်စစ် တပ်မတော် ကြေးစားတပ်မတော်ဖြင့် အစားထိုးခဲ့ပေသည်။ တပ်မတော်သည် ၄င်း၏ အစိတ်အပိုင်း တရပ်အနေဖြင့် စစ်ဆင်ရေးဆိုင်ရာ စွမ်းရည်တွင် ကြီးကြီးမားမား အောင်မြင်မှုရှိခဲ့သော်လည်း ဆက်လက်ဖြစ်ပေါ်နေသော ဖာရာဘူဒိုမာတီ အမျိုးသားလွတ်မြောက်ရေးတပ်ဦး (Farabundo Marti National Liberation Front) လက်ဝဲပြောက်ကျား သူပုန်များအား ကြားနေဖြစ်သွားအောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်ရာတွင်မူ နောက်ဆုံးတွင် ရှူံးနိမ့်ခဲ့ပေသည်။
အကျိုးဆက်အနေဖြင့် တပ်မတော်သည် အယ်လ်ဆာဗေဒိုနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အဆင့်သစ်တစ်ခုကို အစပြုပေးခဲ့သည့် အစိုးရနှင့် ပြောက်ကျားသူပုန်တို့အကြား အမေရိကန် ကြားပွဲစားလုပ်ပေးသော သံခင်းတမန်ခင်းဆိုင်ရာ နိုင်ငံရေး ပြေလည်ထူထောင်မှု တစ်ခုကို  အတင်းအကြပ်အားဖြင့် လက်ခံခဲ့ရပေသည်။ တချိန်တခါတုန်းက အယ်လ်ဆာဗေဒိုနိုင်ငံ၏ လွှမ်းမိုးမှုပြုသော နိုင်ငံရေး အင်အားစု ဖြစ်ခဲ့သည့် တပ်မတော်သည် ၁၉၉၀ ခုလွန်နှစ်များတွင် ၄င်း၏ ဘတ်ဂျက်နှင့် လုပ်ငန်းမစ်ရှင် နှစ်ခုစလုံးတို့တွင် ကျဉ်းမြောင်း သေးငယ်လာသည်အထိ သြဇာအာဏာ ကျဆင်းလာခဲ့ပေသည်။
အမေရိကန်ပြည်ထောင်စု ပုံသဏ္ဍန်မျိုးဖြင့် ကြီးကြီးမားမား တူစွာ ဖွဲ့စည်းထူထောင်ထားသော ဗဟိုအမေရိကဒေသမှ စစ်တပ်ဖွဲ့များနှင့် မတူဘဲ တောင်အမေရိကဒေသမှ စစ်တပ်ဖွဲ့များသည် ၄င်း၏ မူလအစကို အဓိကအားဖြင့် ဥရောပ အထူးသဖြင့် ဂျာမနီ၏ ပုံစံဖြင့် ခြေရာခံ ထူထောင်ခဲ့ပေသည်။ ထို စစ်တပ်ဖွဲ့များ၏ အပြုအမူများသည် ၄င်းစစ်တပ်ဖွဲ့များအား အမျိုးသားနှင့်နိုင်ငံ နှစ်မျိုးစလုံးကို ထူထောင်သူများအဖြစ် အခွင့်ထူးခံ အဆင့်အတန်းကို ပေးရန် သဘောတူခဲ့သော ၁၉ရာစု အစောပိုင်း တောင်အမေရိက လွတ်လပ်ရေးစစ်ပွဲများတွင် စတင် အမြစ်တွယ်ခဲ့ပေသည်။ အများစုသည် ၁၉ ရာစု နှောင်းပိုင်းတိုင်အောင် ပညာရှင်စစ်တပ်ဖွဲ့များ (ကြေးစားတပ်မတော်များ) ဖြစ်မလာခဲ့ကြပေ။ ဗင်နီိဇွဲလား ကိစ္စတွင် ပုံမှန်အားဖြင့် ပြင်သစ် (သို့မဟုတ်) ဂျာမနီကဲ့သို့သော နိုင်ငံခြားဆရာများ၏ ဦးဆောင်မှုအောက်တွင်ရှိသည့် ၁၉၃၀ ခုလွန်နှစ်များသို့ တိုင်အောင်ထိ ဖြစ်မလာခဲ့ပေ။ ဘရာဇီးကိစ္စတွင်လည်း ထိုသို့ပင် ဖြစ်ပေသည်။
အနည်းဆုံးအားဖြင့် ၁၉၆၀ ခုလွန်နှစ်များတိုင်အောင် တောင်အမေရိက လက်နက်ကိုင် တပ်ဖွဲ့အားလုံးနီးပါး လိုလိုပင် ၄င်းတို့ကိုယ်ကို၎င်းတို့ အရပ်သားအုပ်စုကွဲများ တကျက်ကျက် စကားများခြင်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လူထု စည်းမျဉ်းစည်းကမ်း လိုက်နာမှုများကိုပင် ထိခိုက်စေနိုင်သော အပျက်အစီး ဖြစ်စေမှုများကို ကာကွယ်ရန်အတွက် စစ်တပ်အနေဖြင့် အလယ်အလတ်ရှိသော လုပ်ပိုင်ခွင့် အာဏာရှိသူများ (moderating power) အဖြစ် ရှုမြင်ကြပေသည်။ များစွာသော စစ်ဘက်အရာရှိများက ယင်းကာလ (သို့မဟုတ်) ယင်းအရာများပြီးနောက် ဒီမိုကရက်တစ် ပုံမှန်ထုံးစံစနစ်များ ပြန်လည်ထူထောင်မည့် ယာယီကြားကာလ လုပ်ငန်းမစ်ရှင် (သို့မဟုတ်) ညှိနှိုင်းမှုပြုလုပ်ရန် အချိန်ဆွဲထားပေးသောကာလ (cooling-off period) များတွင် အခါအားလျော်စွာအားဖြင့် အာဏာ သိမ်းပိုက်ထားမှုများသည် မှန်ကန်ကြောင်း သက်သေပြ ပြောဆိုတတ်ကြပေသည်။
ချီလီနှင့်ဥရုဂွေးနှစ်နိုင်ငံသည် တောင်အမေရိက၏ စစ်ဘက် အာဏာသိမ်းမှုတွင် အလေ့အထရှိခြင်းမှ ကြီးကြီးမားမားပင် လွတ်မြောက်ခဲ့ပေသည်။ ၄င်းတို့နှစ်နိုင်ငံသည် အဆင့်မြင့်မြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ၏အဖွဲ့အစည်းများ ရှိသည်ဟူ၍၄င်း၊ ဒေသတွင်း တည်ငြိမ်သော ပါတီစနစ်များရှိသည် ဟူ၍၄င်း ကြွားဝါကြပေသည်။ ဥရုဂွေးသည် စစ်ဘက်အာဏာသိမ်းမှုကို နှစ်ကြိမ်သာ တွေ့ကြုံခဲ့ဖူးပေသည်။ အတိုချုပ်အားဖြင့် ဖြစ်ပျက်ခဲ့သည့် ၁၉၃၀ ခုလွန်နှစ်များက ဖြစ်ပျက်ခဲ့မှုတစ်ခုနှင့် နည်းနည်း အချိန်ပိုကြာကြာ ဖြစ်ပျက်ခဲ့သော ၁၉၇၀ ခုလွန်နှစ်များ အစပိုင်းနှင့် အလယ်ပိုင်းနှစ်များတွင် ဖြစ်ပျက်ခဲ့သည့် တစ်ခုတို့ ဖြစ်ပေသည်။ ဒုတိယဖြစ်ပျက်ခဲ့မှုတွင် လက်နက်ကိုင် တပ်ဖွဲ့များသည် ရွေးချယ် တင်မြှောက်ခံထားရသော အစိုးရကို ဖြုတ်ချခဲ့ပေသည်။ ရည်ရွယ်ချက်မှာ စွမ်းအားရှိသော လက်ဝဲယိမ်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စည်းမျဉ်း စည်းကမ်းများကို ဖြိုဖျက်ကာ ဆိုဗီယက် ညွန့်ပေါင်းဆိုရှယ်လစ် အစိုးရများ ထူထောင်ရန် ကြိုးပမ်းမှုများဟု လက်နက်ကိုင်တပ်ဖွဲ့များက သိမြင်သဘောပေါက် နားလည်ထားသည်များကို ကြိုတင်ဟန့်တား ကာကွယ်ရန် ဖြစ်ပေသည်။ ဆန့်ကျင်ဘက်အားဖြင့် တခြားသော တောင်အမေရိက နိုင်ငံများသည်မူကား အရပ်ဘက်အုပ်ချုပ်မှုနှင့် စစ်ဘက်အုပ်ချုပ်မှုတို့အကြား မကြာခဏပင် တလှည့်စီ ဘယ်ညာယိမ်းထိုး ဖြစ်ပွားနေခဲ့မှုကို ချိန်သီးလှုပ်ရှားမှုအဖြစ် ရှုမြင်ဖြစ်ပျက်ခဲ့ပေသည်။
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၁)
ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၁)
ဘာသာပြန်သူ -  ကိုကျော်ထင်
လက်တင်အမေရိကတွင် အမျိုးမျိုးသော ထူးခြားသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ပုံစံများကို တွေ့နိုင်ပေသည်။ မက္ကဆီကိုသည် တစ်ခုတည်းသော ဖြစ်ရပ်ကိစ္စလိုမျိုးကို ဖွဲ့စည်းဖြစ်ပေါ်ခဲ့ပေသည်။ ၄င်း၏စစ်တပ်သည် ၁၉၁၃ ခုနှစ်တွင် စတင်ခဲ့သော တော်လှန်ရေးအတွင်းတွင် အမြစ်တွယ် ပေါက်ဖွားလာခဲ့ပြီး ၁၉၃၀ ခုလွန် နှစ်များအတွင်းတွင် ဖွဲ့စည်းပုံစံတကျ အသွင်ဖြစ်လာခဲ့ပေသည်။
Mexico Army
မက္ကဆီကို၏ အလယ်ဗဟို စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းမှာ တိုင်းပြည်၏ တစ်ခုတည်းသော နိုင်ငံတော် အဖွဲ့အစည်းနှင့် ပါတီစနစ်ဖြင့် တင်းကြပ်စွာ ဆယ်စုနှစ်ပေါင်းများစွာ ချည်နှောင် ခံထားရသော တပ်မတော်ပင် ဖြစ်ပေသည်။ တပ်မတော်သည် ၄င်းကိုယ်ကို ၄င်းနိုင်ငံ၏ တရားဝင် လုပ်ပိုင်ခွင့်ရှိမှုကို ရောင်ပြန်ဟပ်ပြသည့် အမျိုးသားရေးကျသော မည်သည့်နိုင်ငံရေးမျှ မရောစွက်သော လက်နက်ကိုင် အင်အားစုအဖြစ် ပုံဖေါ်ခဲ့သော်လည်း လက်တွေ့တွင်မူ ၁၉၄၀ ခုလွန် နှစ်များကတည်းက နိုင်ငံအား အုပ်ချုပ်သော ဖွဲ့စည်းပုံကျ တော်လှန်ရေးပါတီ  Institutional Revolutionary Party (PRI) ၏ လက်မောင်း (arm) တစ်ခု အသွင်သဖွယ် အမှုတော် ထမ်းခဲ့ပေသည်။
မက္ကဆီကို လက်နက်ကိုင်တပ်ဖွဲ့များသည် အမေရိကန်ပြည်ထောင်စုနှင့် လက်တင်အမေရိက စစ်ဘက်ပုံစံ နှစ်မျိုးစလုံး၏ သြဇာသက်ရောက်မှုကို ရောင်ပြန်ဟပ်ပြပေသည်။ သူတို့သည် အမေရိကန် ပြည်ထောင်စုထံမှ စစ်ဘက်အသုံးဆောင်များနှင့် နည်းဗျူဟာပိုင်းဆိုင်ရာ ညွှန်ကြားချက်များကို ရယူသော်ငြားလည်း သူတို့၏ စစ်ဆင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ဖွဲ့စည်းပုံစံတကျဖြစ်သော ဖွဲ့စည်းပုံနှင့် ဓလေ့စရိုက်များမှာ လက်တင်အမေရိကပုံစံနှင့် ပို၍နီးကပ်စွာ ဆင်တူပေသည်။ ပထ၀ီနေရာ အနေအထားအရ မက္ကဆီကိုသည် အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်စွာ တည်ရှိနေမှုကြောင့် ၄င်း၏ လက်နက်ကိုင် တပ်ဖွဲ့များသည် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းမစ်ရှင်များထက် ရဲလုပ်ငန်းများကို ပို၍ယူခဲ့ပြီး မက္ကဆီကိုသည် လေတပ်နှင့် ရေတပ်  နှစ်မျိုးစလုံးကို အရွယ်အစားအရရော အရေးကြီးမှုအရပါ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်ခဲ့ပေ။ တခြားတဖက်တွင် တိုင်းပြည်၏ ဂွာတီမာလာ( Guatemala ) ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ဆင်တူသော စစ်ဆင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်မှုကို ဦးဆောင်ဖြစ်ပေါ်စေခဲ့ပေသည်။
ထိုစစ်ဆင်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို ၁၉၉၅ ခုနှစ်အစောပိုင်းတွင် ချီးယားပါ့စ် (Chiapas ) ရှိ ဇာပါတစ်တာ့စ် (Zapatistas ) တို့ကို ဆန့်ကျင်သည့် တပ်မတော်၏ သောင်းကျန်းမှု ဆန့်ကျင်တိုက်ဖျက်ရေး အားထုတ်မှုများနှင့် တွဲဖက်ဖြစ်ပေါ်သည့် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများတွင် ပြသခဲ့ပေသည်။ မက္ကဆီကို လက်နက်ကိုင်တပ်ဖွဲ့များသည် ပုံစံအရ အရပ်သား အာဏာပိုင်များအား နာခံသည်ဟု ပြသခဲ့သော်လည်း သူတို့၏ ကိုယ်ပိုင်အုပ်ချုပ် လုပ်ပိုင်ခွင့်သည် မကြာသေးသော ဆယ်စုနှစ်များအတွင်း PRI ၏ အင်အားနှင့် လုပ်ပိုင်ခွင့်အာဏာ ကျဆင်းနေစဉ်တွင် ဖြေးဖြေးနှင့်မှန်မှန်ပင် တိုးတက်နေခဲ့ပေသည်။ သူတို့သည် နိုင်ငံတော်သို့ အထူးသီးသန့်ဖြစ်စွာ ဦးတည်ဖြစ်ပေါ်သည့် စစ်ဘက်၏ သစ္စာရှိမှုနှင့် လိုက်လျောညီထွေ ဖြစ်ပေါ်သော အပြုအမူများကို ချမှတ်ခြင်းအားဖြင့် ပညာရှင်ပီသသော ခွဲထွက်မှုကို ပို၍နက်ရှိုင်းစေရန် ကြိုးပမ်းခဲ့ပေသည်။
ဗဟိုအမေရိကနှင့် ကာရစ်ဘီယန် (Caribbean ) ဒေသမှ နိုင်ငံများသည် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး၏ အမျိုးမျိုးအဖုံဖုံဖြစ်မှု၊ စုံလင်မှုကို ပြသခဲ့ပေသည်။ ၄င်းတို့အနက်မှ နိုင်ငံများစွာတို့သည် လက်တင်အမေရိက၏ အစဉ်အလာဖြစ်သော ပြည်တွင်းနိုင်ငံရေးတွင် ပုံမှန်လိုပင် ၀င်ရောက် စွက်ဖက်သော အလေ့အကျင့်နောက်သို့ လိုက်ခဲ့ကြသည်။ ဂွာတီမာလာ လက်နက်ကိုင် တပ်ဖွဲ့များသည် ထိုပုံစံ၏ စံနမူ ဖြစ်ခဲ့ပေသည်။ ရွေးကောက်ခံရသည့် အရပ်သားအုပ်ချုပ်မှု ပြန်လာသည့်နောက်ပိုင်း ၁၀ နှစ်ကျော်ကျော်ခန့် အထိပင် ၄င်းတို့သည် ပြည်တွင်းနိုင်ငံရေး၏ စွမ်းအားအရှိဆုံးသော ဇာတ်ဆောင်အဖြစ် ဆက်လက် ရပ်တည်နေခဲ့ပေသည်။ ဟွန်ဒူးရပ် (Honduran) လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း ဂွာတီမာလာရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြည်တွင်းနိုင်ငံရေးအပေါ် သြဇာသက်ရောက်မှုများထက်စာလျှင် နည်းပါးသော်လည်း ထိုအစဉ်အလာ ဖြစ်သော ပုံစံအား ဥပမာပေးနိုင်လောက်အောင် ပြသခဲ့ပေသည်။
Mexico Security Guard
တခြားသော အလွန်အမင်းဖြစ်မှုတစ်ခုမှာ ကျူးဘားလက်နက်ကိုင် တပ်ဖွဲ့များပင် ဖြစ်သည်။ ၄င်းတို့သည် ဂွာတီမာလာမှ သူတို့ကဲ့သို့သော လက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ပင် ကြီးမားသောနိုင်ငံရေး သြဇာအာဏာကို သုံးစွဲခဲ့သော်လည်း သူတို့သည် အရပ်သားအစိုးရကို ထောက်ပံ့ပေးရန် လုံးလုံးလျားလျားပင် သံန္နိဌာန် ပြုထားကြပေသည်။ ကျူးဘားစစ်တပ်သည် ဖီဒယ်ကယ်စ်ထရို (Fidel Castro”s ) ၏ အစိုးရကို လုံးလုံးလျားလျားပင် နာခံမှု ပေးထားပေသည်။ ၄င်း ရိုင်စင်ဒီတားရဲ (raison d”etre ) ဟူသည်မှာ နိုင်ငံခြားကဖြစ်စေ ပြည်တွင်းကဖြစ်စေ ဖြစ်ပေါ်လာသော စိန်ခေါ်မှုအားလုံးကို ဆန့်ကျင်၍ အစိုးရအား ကာကွယ်သွားရန် ဟူ၍ ဖြစ်ပေသည်။ ကျူးဘားစစ်ဘက်တို့သည် မကြာသေးသော နှစ်များအတွင်းတွင်ပင် ထိုခိုင်မာသော ရပ်တည်မှု ရုပ်လုံးပုံသဏ္ဍန်အား နိုင်ငံ၏ သယံဇာတ အရင်းအမြစ်များ လျော့နည်းလာနေသည့် အချိန်မှာပင် ဆက်လက် ထိန်းသိမ်းထားခဲ့ကြသည်။
စစ်ဘက်စစ်စစ်ဖြစ်သော စစ်တပ်ဖွဲ့များနေရာတွင် ဗဟိုအမေရိကဒေသနှင့် ကာရစ်ဘီယံဒေသတို့တွင် အမေရိကန်ပြည်ထောင်စုသည် “အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များ” “national guards” ဟု ခေါ်သော တ၀က်တပျက်စစ်ဘက်နှင့် ပုလိပ်တပ်ဖွဲ့များ (quasi-military police forces ) ကို အချိန်ကာလ ရှည်လျားစွာပင် ဖန်တီးထားခဲ့ပေသည်။ ၄င်းတို့တွင် ရပ်ရွာငြိမ်သက်အောင် ထိန်းသိမ်းပေးရန်၊ စီးပွားရေးနှင့် လူမှုရေးဘ၀ကို တည်ငြိမ်အောင် ထိန်းသိမ်းပေးရန်နှင့် ၄င်းတို့ ထောက်ခံထားသော အစိုးရကို အာဏာနေရာတွင် မြဲနေစေရန်အတွက် ကူညီပေးရန်တို့တွင် တာဝန်ရှိပေသည်။ ထိုအမျိုးသားကာကွယ်ရေး တပ်ဖွဲ့များသည် နောက်ဆုံးတွင် ကံမကောင်းစွာဖြင့် အဆုံးသတ်ခဲ့ရပေသည်။ ၄င်းတို့အနက် တချို့မှာ ၁၉၅၉ တွင် ကျူးဘားတွင်လည်းကောင်း၊ ၁၉၆၅ တွင် ဒိုမီနီကန် (Dominican) တွင်လည်းကောင်း၊ ၁၉၇၉ တွင် နိုင်ကွာရာဂွာ (Nicaragua) တွင် လည်းကောင်း ဖြစ်ပွားသော တော်လှန်ရေး သူပုန်ထမှုများကို ဆုံးရှူံးခဲ့ပေသည်
လွတ်မြောက်နေတဲ့ မြို့ဆီမှာ
လွတ်မြောက်နေတဲ့ မြို့ဆီမှာ
ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး
ခုတလော ရွေးကောက်ပွဲဝင်မဲ့ အုပ်စုတွေဆီက အသံတချို့ကြားနေရတယ်။ အထူးသဖြင့် စကားအမျိုးမျိုးပြောတတ်တဲ့
NDF ပါတီက ဦးခင်မောင်ဆွေ နဲ့ ENC က ဆလိုင် လျှံမုန်း။ ဦးခင်မောင်ဆွေ က ချီလီ နဲ့ တောင်ကိုရီးယား လို တဖြည်းဖြည်းပြောင်းယူရမယ် လို့ ဆိုသလို၊
ဗွီအိုအေ တိုက်ရိုက်လေလှိုင်းမှာချင်းအမျိုးသားလေး ဆလိုင်းလျှံမုန်း ကလည်း တောင်ကိုရီးယားမှာလည်း ဒီလိုပဲတဖြည်းဖြည်းပြောင်းလဲယူခဲ့တာ
ဖြစ်တယ် လို့ ဆိုပြန်တယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက “ဘယ်လို တဖြည်းဖြည်းပြောင်းခဲ့တာလဲဆိုတဲ့အချက်”ကို ရှင်းရှင်းလင်းလင်းမပြောခဲ့ပါ။
ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး လျှောက်သွားနေသလိုမျိုး----------------
(၁) နောက်ခံကားချပ်ကွာခြားမှု
နိုင်ငံတကာအသိုင်းအဝိုင်း က ဗမာပြည်နိုင်ငံရေးအနေအထားဟာ အာဖရိကနိုင်ငံတွေမှာ ဖြစ်နေတဲ့ အနေအထားနဲ့သိတ်မကွာလှဘူး ဆိုတာ သဘောပေါက်နေတယ်။ လူမျိုးစုတွေများတယ်။ သဘောထားမတူညီမှုတွေများတယ်။ ကရင်အမျိုးသားအစည်းအရုံး နဲ့ အန်စီယူဘီ လို တပ်ပေါင်းစုက
ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်တိုက်တွန်းနေချိန်မှာ၊ ဗမာလူမျိုးစု ကို ဘေးဖယ်ထားတဲ့ ENC ( Ethnics National Council) မှ ဆလိုင်းလျှံမုန်း က ရွေးကောက်ပွဲဝင်ပြီး တဖြည်းဖြည်းပြောင်းလဲရမယ် လို့ဆိုတယ်။ ဝ ဒေသစစ်ခေါင်းဆောင်တွေက သူ့ရဲ့နယ်မြေမှာ ရွေးကောက်ပွဲမကျင်းပဖို့ သတိပေးတားမြစ်ထားတယ်။ ဒါကလည်း အထူးအဆန်းတော့မဟုတ်ဘူး။ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်ပြီး ကျောင်းသားတွေ
တောခိုလာချိန်မှာ ကရင်နဲ့မွန် က ဘုရားသုံးဆူစခန်းကိုရဖို့ တိုင်းရင်းသားအချင်းချင်းချနေတဲ့ဘဝ။ ထို့အတူပဲ ဗမာတိုင်းရင်းသားကို ကြည့်လိုက်ပြန်
တော့လည်း ပြည်ပမှာထွက်ပြေးလာတဲ့ ကျားသားမိုးကြိုးပစ် ၁၉၉၀ လွှတ်တော်အမတ်များ အသက်ရောရှိသေးကြရဲ့လား လို့ မေးယူနေကြတဲ့အဖြစ်၊
ဗမာပြည်လောက် တယောက်တပေါက်ဖြစ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဘယ်နိုင်ငံမှ မရှိပါဘူး။
ဒါကြောင့် သူများနိုင်ငံတွေနဲ့ယှဉ်မပြောခင် ကိုယ့်အနေအထားကို ပထမဆုံးစဉ်းစားစေချင်ပါတယ်။ တန်ရာတန်ရာနှိုင်းသင့်ပါတယ်။
နိုင်ငံတကာအနေအထားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
ချီလီအာဏာရှင် ပီနိုချေး နဲ့ တောင်ကိုရီးယားစစ်အာဏာရှင်တွေကို ထောက်ခံခဲ့သူက အမေရိကန်ပြည်ထောင်စုဖြစ်တယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု က သူထောက်ခံတဲ့အာဏာရှင်တွေနာမည်ပျက်လာပြီဆိုရင်၊ ပြန်လည်ဖြုတ်ချဖို့ ဖိအားပေးနိုင်ခဲ့တယ်။
လူထုလှုပ်ရှားမှုကိုထောက်ခံအားပေးခဲ့တယ်။ ပီနီုချေး ( ချီလီ)၊ ဖာဒီနန်မားကို့စ် ( ဖိလစ်ပိုင်)၊ ဆူဟာတို ( အင်ဒိုနီးရှား)၊ ရှားဘုရင် ( အီရန်) နဲ့
ကိုရီးယားစစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပြန်လည်နားချပြီး နှုတ်ထွက်ပေးဖို့ ဖိအားပေးနိုင်ခဲ့တယ်။
ဒီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေး၊ နိုင်ငံရေးမော်ဒယ်တွေနဲ့နီးစပ်ခဲ့တာကြောင့် လူထုအဖွဲ့အစည်းတွေ ( Civil Societies) အတွက် လှုပ်ရှားနိုင်တဲ့အခွင့်အရေး၊ နေရာတချို့ရှိခဲ့တယ်။
ဗမာစစ်ခေါင်းဆောင်တွေက ဗမာနိုင်ငံရေးသမားတွေမွေးထုတ်ပေးလိုက်တဲ့စစ်အုပ်စုဖြစ်တယ်။ တရုတ်လည်းထိန်းမရသလို၊ အာဆီယံ ကလည်း
ချော့မော့ပေါင်းနေရတဲ့အဖြစ်။ ပိုဆိုးတာက ကွန်မြူနစ်ဇာတ်ပျက် တရုတ်နိုင်ငံက လူထုလှုပ်ရှားမှုကို မထောက်ခံတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲကို
နိုင်ငံတကာကထောက်ခံဖို့ တိုက်တွန်းနေချိန်ဖြစ်တယ်။ ဖိနှိပ်သူဘက်ကထောက်ခံအားပေးပြီး သူများပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တဲ့
တရုတ်ရဲ့ကြောင်သူတော်ကြွက်သူခိုးနိုင်ငံခြားရေးမူဝါဒ ကိုစစ်အစိုးရအနေနဲ့ ကောင်းကောင်းအမြတ်ရနေချိန်ဖြစ်တယ်။
(၂) ချီလီ ပုံသဏ္ဍန်ပြောင်းလဲမှု
စစ်အာဏာသိမ်းခေါင်းဆောင် ပီနိုချေးက ၁၉၈၀ မှာ လူထုဆန္ဒခံယူပွဲကို မဲလိမ်ပြီးသူ့ရဲ့စိတ်တိုင်းကျအခြေခံဥပဒေကို အသက်သွင်းခဲ့တယ်။ အစိုးရစိတ်တိုင်းကျခန့်ထားတဲ့ ကော်မရှင်လက်အောက်မှာ ပြည်သူတွေဆန့်ကျင်ခဲ့ကြပေမဲ့ ပီနိုချေးအစိုးရဟာ ၆၇ ရာခိုင်နှုန်း ကျော်နဲ့အနိုင်ရခဲ့တယ်
ဆိုပြီး ဇွတ်အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ ၁၉၈၀ မှ ၁၉၈၈ အထိ၊ ပီနိုချေးအစိုးရဟာ ကျောင်းသားဆန္ဒပြပွဲတွေ၊ လူထုလှုပ်ရှားမှုတွေ၊ လက်ဝဲသူပုန်တွေရဲ့
မြို့ပေါ်အထိလုပ်ကြံသတ်ဖြတ်မှုတွေ ကို ရင်ဆိုင်ခဲ့ရတယ်။ ( Pinochet File ပီနိုချေး ဖိုင် နဲ့ A Force more Powerful စာအုပ်ကို ကြည့်ပါ)။
ပီနိုချေးကလည်း ရက်ရက်စက်စက်တုန့်ပြန်ခဲ့တယ်။ ပီနိုချေးရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမေရိကန်အစိုးရအတွက်လည်း အရှက်ရစရာဖြစ်လာခဲ့တယ်။ ဒါကြောင့် ၁၉၈၀ ကာလတလျှောက်လုံး တိုးတိုးတိတ်တိတ် ဖိအားပေးခဲ့တယ်။ မရဘူး။ ပီနိုချေး က ရက်စက်မှုတွေ ကို ပိုပြီးလက်ရဲဇက်ရဲလုပ်လာတယ်။ မိုင်းအလုပ်သမားတွေရဲ့သပိတ်တွေစတင်လာပြီ။ ပီနိုချေးကိုဆန့်ကျင်တဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ တဖြည်းဖြည်းအားကောင်းလာပြီး တပ်ပေါင်းစုတခုကိုဖွဲ့ဖို့ပြင်ဆင်ခဲ့ကြတယ်။
၁၉၈၈ မှာ ပီနိုချေး က သူ့ရဲ့သမ္မတသက်တမ်းကို နှစ်ကြိမ်ထက်ပိုလုပ်ချင်တယ်။ ဆန္ဒခံယူပွဲလုပ်တယ်။ ၁၉၈၈ လူထုဆန္ဒခံယူပွဲမှာ ပြည်သူလူထု က ၅၇ ရာခိုင်နှုန်းနီးပါးမဲအရေအတွက် နဲ့ ပီနိုချေးရဲ့အခြေခံဥပဒေကိုငြင်းဆန်လိုက်ကြတယ်။ မဲပေးတဲ့သူအရေအတွက်ဟာ ၉၇ ရာခိုင်နှုန်းရှိတယ် လို့ ဆိုတယ်။ ပီနိုချေးက လူထုဆန္ဒခံယူပွဲရလဒ်ကိုငြင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ချီလီဗိုလ်ချုပ်တွေကို အမေရိကန်ထောက်လှမ်းရေးဗဟို က နီးစပ်အောင်ကြိုးစားထားတယ်။ ပီနိုချေးအနေနဲ့ ရွေးကောက်ပွဲရလဒ် ကို လက်ခံရမယ် လို့
သူ့ရဲ့ဆရာ အမေရိကန်ပြည်ထောင်စုက ညွှန်ကြားထားပြီးသား။ တကယ်တော့ ချီလီ လှုပ်ရှားမှုအောင်မြင်ခဲ့တာက ပီနိုချေးဆန့်ကျင်တဲ့
လူထုလှုပ်ရှားမှုတွေကြောင့်ပါ။ မှတ်တမ်းရုပ်ရှင်တွေကြည့်ရင် ချီလီလူထုလှုပ်ရှားမှုကို အားတက်ဖွယ်တွေ့နိုင်ပါတယ်။
စာအုပ်ဖတ်ချင်ရင် ( A Force More Powerful) ကို ဖတ်ပါ။
ဗမာပြည်မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အခြေခံဥပဒေရေးဆွဲတဲ့ညီလာခံမှာ ဘာတွေတင်ပြခွင့်ရခဲ့ပါသလဲ။
စစ်အုပ်စုက တလေးတစားနားထောင်ထည့်သွင်းခဲ့ပါသလား။ ညီလာခံကို သပိတ်မှောက်ထွက်ခဲ့တဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ခွန်မားကိုဖန်းကိုမေးကြည့်ပါ။
ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ဇိုမီးချင်းအမျိုးသားခေါင်းဆောင်တွေ
အပါအဝင် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးထောင်ချခံခဲ့ရတယ် မို့လား။ ဗမာပြည်နိုင်ငံရေးမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အဆင့်ဟာ
ချီလီနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၈ လူထုဆန္ဒခံယူပွဲထက်ကျော်တဲ့အဆင့် ကို ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အစိုးရက ဘယ်အင်အားကြီးနိုင်ငံကမှ ပြောလို့မရတဲ့ ဖက်ဆစ်အစိုးရ။
ကြောင်သူတော်ကြွက်သူခိုး နိုင်ငံခြားရေးမူဝါဒတွေဆွဲကိုင်နေတဲ့ တရုတ်အပါအဝင် အိမ်နီးချင်း အာဆီယံနိုင်ငံတွေကြားမှာ နေနေရတဲ့ နိုင်ငံ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ အဆင့်မှာ ဘာမှမလုပ်နိုင်တဲ့ဘဝကနေ ပါလီမန်လွှတ်တော်ထဲမှာ ဝင်ရောက်ပြောဆိုကြမယ် ဆိုတော့ ----
မျက်စိလည်နေတဲ့ မိန်းမကြီး ဘုရားနားမှာ တဝဲလည်လည်လျှောက်ပတ်နေတဲ့အဖြစ်ကိုပဲ သွားသတိယမိတော့မယ်။
(၃) ကိုရီးယား ပုံသဏ္ဍန်
နှိုင်းယှဉ်ရဲတဲ့ စိတ်တွေကို အံ့သြမိတယ်။ ဦးခင်မောင်ဆွေလို စကားအမျိုးမျိုးပြောတဲ့သူတွေ နဲ့ တပ်ပေါင်းစုရဲ့မူဝါဒနဲ့သွေဖီနေတဲ့ ဆလိုင်းလျှံမုန်း လို
လူတွေက ကိုရီးယားပြည်သူတွေလို သတ္တိတကယ်ရှိပါရဲ့လား။ “ပတ်ချုံဟီးအာဏာသိမ်းတယ်။ ရွေးကောက်ပွဲလုပ်တယ်။ ဒီလိုနဲ့တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်” လို့ ဆိုခဲ့ပြီး လူထုကဘယ်လိုပြောင်းလဲအောင်လုပ်ခဲ့တာလဲဆိုတာကို မပြောခဲ့တဲ့ ဆလိုင်းလျှံမုန်း ကို
ကိုရီးယား သမ္မတ (၄) ယောက်ကာလ က ဖြစ်ပျက်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အတိုချုပ် မိတ်ဆက်ပေးချင်ပါတယ်။
( ကိုရီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာကို “အသွင်ကူးပြောင်းမှုကာလ၊ စိတ်ကူးယဉ်မှုများနှင့် ကစားဝိုင်းကိုပြောင်းလဲစေသော ဝိညာဉ်များ” ဆောင်းပါးအဖြစ် အတိုချုပ်တင်ပြခဲ့ပါတယ်)
(က) Syngman Rhee
ကိုရီးယားစစ်ပွဲကြောင့်နာမည်ပျက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ဟာ ကျောင်းသားလှုပ်ရှားကြောင့်ပြုတ်ကျခဲ့တယ်။
၁၉၆၀ ဧပြီ (၁၉) လှုပ်ရှားမှုအဖြစ်နာမည်ကြီးခဲ့တယ်။ စစ်တပ်က ကျောင်းသား (၁၂၅) ယောက်ကို သတ်ခဲ့ပေမဲ့ ကျောင်းသားတွေက တဟုန်ထိုးချီတက်သွားတယ်။ စစ်တပ်အနေနဲ့ဆက်မပစ်ရဲတော့ဘူး။ လူထုနဲ့ပူးပေါင်းရတယ်။
(ခ)ပတ်ချုံဟီး
၁၉၇၁ မှာ ရာထူးက နှုတ်ထွက်ပေးရမယ် ဆိုတာသိနေပေမဲ့ ပတ်ချုံဟီး က ပါလီမန်ကိုဖျက်သိမ်းတယ်။အခြေခံဥပဒေကို ဖျက်သိမ်းတယ်။
၁၉၇၃ မှာ ယူရှင်အခြေခံဥပဒေကိုရေးဆွဲတယ်။ ကျောင်းသားဆန္ဒပြပွဲနေတွေ ပေါ်ပေါက်လာပြီး ပတ်ချုံဟီး ကို အာခံကြတယ်။
၁၉၇၉ မှာတော့ ကျောင်းသားလှုပ်ရှားမှုပြန်အားကောင်းလာခဲ့တယ်။ ဘူဆန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး အင်အား (၅) သောင်းရှိတဲ့ လူထုဟာ အစိုးရအဆောက်အဦတွေကိုဝိုင်းရံတိုက်ခိုက်တယ်။ ကျောင်းသားခေါင်းဆောင် (၄၀၀) ကျော်အဖမ်းခံရတယ်။ မြို့ပေါင်းများစွာမှာ အလုပ်သမားသမဂ္ဂရဲ့လှုပ်ရှားမှုတွေပေါ်ပေါက်လာတယ်။ ပူးမလူထုအုံကြွမှုအဖြစ်နာမည်ကြီးခဲ့တယ်။
ပတ်ချုံဟီးက စစ်အုပ်ချုပ်ရေးအရေးပေါ်ဥပဒေပြဋ္ဌာန်းခဲ့တယ်။ စစ်ထောက်လှမ်းရေးနဲ့ ပတ်ချုံဟီး တို့ ကြားမှာ သဘောထားစကွဲနေပြီ။ နောက်ဆုံး စစ်ထောက်လှမ်းရေးခေါင်းဆောင် ကင်ဂျေကြူ က ပတ်ချုံဟီး ကို ညနေစာထမင်းစားဖိတ်ပြီး ပစ်သတ်ပစ်လိုက်တယ်။
(ဂ) ချန်ဒူးဝမ်
ချန်ဒူးဝမ်လက်ထက်မှာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးဖို့တောင်းဆိုလှုပ်ရှားကြတဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့လှုပ်ရှားမှုတွေမရပ်တန့်သေးပါ။
ဆိုးလ်ဘူတာရုံမှာ လူတသိန်းကျော်စုဝေးကြပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ခဲ့ကြတယ်။ ချန်ဒူးဝမ် ကလည်း ကျောင်းသားညီလာခံတွေကို ဝင်ရောက်စီးနင်းပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင် (၅၅) ယောက်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် (၂၆) ယောက်ကို
ဖမ်းဆီးခဲ့တယ်။ စစ်အုပ်ချုပ်ရေး ကို ချဲ့ထွင်ခဲ့တယ်။ ကင်ဒေးဂျုံလည်း အဖမ်းခံခဲ့ရတယ်။
၁၉၈၀ မေလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂွမ်ဂျူးလူသတ်ပွဲကို ချန်ဒူးဝမ်ရဲ့အစိုးရက ထောင်ချီပြီးပစ်ခပ်သတ်ဖြတ်ခဲ့တယ်။
( ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုကြောင့် ချန်ဒူးဝမ်နဲ့နိုတေးဝူး ကို နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူခဲ့တယ်)။
၁၉၈၇ မှာ လူတသန်းကျော်ပါဝင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ဆိုးလ်မြို့မှာ ပေါ်ပေါက်လာခဲ့တယ်။ ကင်ဒေဂျုံ ကို လွှတ်ပေးရတော့တယ်။
ဂွမ်ဂျူးလူသတ်ပွဲဖြစ်ပေါ်ပြီးတဲ့နောက် ကိုရီးယားကျောင်းသားတွေဟာ အမေရိကန်ယဉ်ကျေးမှုဗဟို ကို အကြိမ်ကြိမ်မီးတင်ရှို့ခဲ့ကြတယ်။ ကိုရီးယားစစ်အာဏာရှင်တွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပေးနေတယ် လို့ ယုံကြည်တာကြောင့် ထောက်ပံ့တဲ့သူတွေကိုပါ တိုက်ခိုက်ကြခြင်းဖြစ်တယ်။အမေရိကန်ပြည်ထောင်စု ဟာ သူ့ရဲ့နိုင်ငံခြားရေးရာမူဝါဒတွေကို ပြန်စဉ်းစားလာရတော့တယ်။
ဦးခင်မောင်ဆွေ နဲ့ ဆလိုင်းလျှံမုန်း ခင်ဗျား
တောင်ကိုရီးယားပြည်သူတွေ စစ်အာဏာရှင်ကိုဘယ်လိုဆက်တိုက်ခဲ့ကြသလဲ၊ နိုတေးဝူး နဲ့ ချန်ဒူးဝမ် ဘယ်လိုအဆုံးသတ်ခဲ့သလဲ သိချင်ရင်
Asian Study က တောင်ကိုရီးယားနိုင်ငံအကြောင်းလေ့လာထားတဲ့ ပြဋ္ဌာန်းစာအုပ်တွေသာ ဆက်ဖတ်ပါတော့။
အသေးစိတ်တွေကို ရေးမပြတော့ပါဘူး။ ကိုရီးယား လို ပြောင်းလဲရအောင်၊ တောင်ကိုရီးယားသားတွေလို
ကျနော်တို့တိုင်းရင်းသားတွေ ညီညွတ်မှုရှိကြပါရဲ့လား။ ဆလိုင်းလျှံမုန်းရဲ့ ရွေးကောက်ပွဲဝင်ရေးမူဝါဒဟာ ENC ရဲ့တရားဝင်မူဝါဒဖြစ်ပါသလား။
ဒါဆို--ကရင်အမျိုးသားအစည်းအရုံးနဲ့ ကျန်တဲ့အင်အားစုတွေက ၂၀၁၀ ရွေးကောက်ပွဲကိုထားတဲ့သဘောထားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ENC က ချင်းအမျိုးသားလေးရဲ့သဘောထား ဟာ ဦးအေးသာအောင်ရဲ့စီအာပီပီနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသလို၊
ဝ တိုင်းရင်းသားတွေအတွက် ဒေါသဖြစ်စရာဖြစ်နေပါတယ်။ ဆလိုင်းလျှံမုန်း က ENC ကို ကိုယ်စားပြုနိုင်သလား၊
ENC က တိုင်းရင်းသားတွေကို တကယ်ကိုယ်စားပြုနိုင်သလား ဆိုတာ အရှင်းဆုံးအဖြေတခုကိုပြနေသလိုမျိုးပါပဲ။
ဦးကံအေးရဲ့မေးခွန်းကို ဆလိုင်းလျှံမုန်း က ဖြေတဲ့အခါ
“မတရားတဲ့အခြေခံဥပဒေ တွေကို ရေးဆွဲတဲ့ စစ်ခေါင်းဆောင်တွေကိုသာ အပြစ်တင်ပါတဲ့။ ကျနော်တို့တိုင်းရင်းသားတွေကို အပြစ်လာမတင်ပါနဲ့” လို့ ဆိုပြန်တယ်။ အခြေခံဥပဒေကိုရေးဆွဲတဲ့သူသာ မဟုတ် သွယ်ဝိုက်ထောက်ခံမိရင်၊ တရားဝင်လုပ်ပိုင်ခွင့်ပေးမိရင် လည်း သမိုင်းတရားခံဖြစ်တတ်တယ် ဆိုတာလောက်တော့နိုင်ငံရေးလုပ်တဲ့ ဆလိုင်းလျှံမုန်း တယောက် သဘောပေါက်သင့်ပါတယ်။
ဒါ့ကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခြင်းဟာ သမိုင်းတရားခံမဖြစ်အောင် လုပ်နေကြခြင်းဖြစ်တယ် ဆိုတဲ့
အချက်တချက် ပါဝင်နေတယ် လို့ ယုံကြည်ပါတယ်။
“လမ်းမပေါ်ထွက်ဆန္ဒပြတာဟာ အဆင့်နိမ့်တဲ့နိုင်ငံရေးဖြစ်တယ်”လို့ ဦးခင်မောင်ဆွေက အင်တာဗျုးခဲ့ပါတယ်။ လမ်းမပေါ်ထွက်ဆန္ဒပြတဲ့တောင်ကိုရီးယားကျောင်းသားတွေက အဆင့်နိမ့်ခဲ့တယ် ဆိုရင် ဘာလို့ ကိုရီးယားပုံစံလိုပြောင်းလဲရမယ်လို့ ဆိုခဲ့ပါသလဲ။
ဘာဖြစ်လို့ ချီလီနိုင်ငံလို ပြောင်းလဲချင်ရပါသလဲ။
အဆင့်မြင့်တဲ့ နိုင်ငံရေးဆိုတာ ပြည်ပက ရတဲ့ ဒေါ်လာ (၂) သိန်း ကို ယူ၊ ပါတီထောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သြဇာအနည်းငယ်ရှိတဲ့
သူတွေကို ကျနော်တို့ပါတီမှာ လုပ်ရင် လစဉ် (၅) သိန်းလောက်ထောက်ပံ့ပေးနိုင်တယ် ဆိုတဲ့မက်လုံးပေးတာကိုခေါ်ပါသလား။ (ဟုတ်မဟုတ်တော့ ကာယကံရှင်နဲ့ဘုရားသခင်သာသိပါလမ့်မယ်)။
ကိုယ့်စကားကို မေ့ချင်ယောင်ဆောင်တဲ့လူတွေလုပ်တဲ့နိုင်ငံရေးကို အဆင့်မြင့်နိုင်ငံရေးလို့ ခေါ်ပါသလား။
ဒီမိုကရေစီ ဆိုတာ ဂတိမတည်သူတွေနဲ့လူလိမ်တွေအတွက်လည်း ပြောပိုင်ခွင့်ပေးထားတဲ့ ပတ်ဝန်းကျင်တခု ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာဖို့ ဆိုတာ လူလိမ်တွေအတွက် မဖြစ်နိုင်တဲ့ဘာသာရပ်တခုပါ။
လူလိမ်တွေခေါင်းဆောင်တဲ့ပါတီတွေဟာ ပြည်သူလူထုကို ဘယ်လောက်ထိ သတ္တိရှိရှိ ဦးဆောင်နိုင်မလဲ ဆိုတာ ကိုတော့ မျှော်လင့်ချက်
မထားသော်လည်း ကျနော်တို့ဆက်လက်ကြည့်ရှုကြရအုံးမှာပါ။
ရွေးကောက်ပွဲသပိတ်မှောက်ရင် အကျိုးရှိတာဘာလုပ်မှာလဲ
ဒီမေးခွန်းကို တချို့က အားမလိုအားမရမေးသလို၊ တချို့က စပ်စုချင်လို့မေးကြတယ်။ တချို့က ကိုယ့်ရဲ့စကားမတည်ကြည်မှုကို ဖုံးကွယ်ချင်လို့ သူများကိုအပြစ်ပြောဖို့ ပြင်ဆင်ကြတယ်။ အကျိုးမရှိတဲ့အလုပ် ( ၂၀၁၀ ရွေးကောက်ပွဲ) ကိုလုပ်နေတဲ့သူတွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ကြပါလိမ့်မယ် လို့ ပဲ ယုံကြည်ပါတယ်။ သပိတ်မှောက်မဲ့သူတွေဘက် က အသေးစိတ်ဖြေနေရအောင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံနေရတဲ့လူတွေမဟုတ်သလို၊ အားအားရှိ နိုင်ငံရေး ဝေဖန်ရေးဆရာလိုလို၊ သုံးသပ်သူတွေလိုလို သရုပ်ဆောင်နေတဲ့ ဇာတ်ရူးတွေအတွက် ကုန်ကြမ်းပေးဖို့ မလိုအပ်ဘူးလို့ပဲ
ထင်ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ရေချိန်မှာ ကြည့်ပြီး အရှိန်ယူပြေးခုန်ရတဲ့ ပြိုင်ပွဲတခုပါ။
ရဲရဲတောက်လှုံ့ဆော်နေသူတွေကြောင့်လည်း လူထုလှုပ်ရှားမှုမဖြစ်နိုင်သလို၊ မထင်မှတ်တဲ့ ပြဿနာလေးတွေကစပြီး မီးထလောင်တတ်ပါတယ်။
စံနစ်တကျ ပြင်ဆင်ထားနိုင်တဲ့သူတွေသာ အခွင့်အရေးပေါ်လာတိုင်း အကျိုးရှိရှိ အသုံးချနိုင်မှာပါ။
အောင်မိုးဝင်း
ကိုရီးယားနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းဆီ သို့ အကြောင်းစာအုပ်ဖတ်ချင်ရင်
Christian W. Haerpfer, Patrick Bernhagen, Ronald F. Inglehart, and Christian Welzel တို့ရေးတဲ့ Democratization မှာ အချက်အလက်တွေရနိုင်ပါတယ်။
ချီလီနိုင်ငံလှုပ်ရှားမှုအတွက် အကောင်းဆုံးစာအုပ်ကတော့ Kurt Schock ရဲ့ People Power Movement in Nondemocracy စာအုပ်နဲ့ Peter Ackerman နဲ့ Jack Duvall တို့ရေးသားတဲ့ A Force More Powerful တို့မှာအသေးစိတ်အချက်အလက်တွေတွေ့နိုင်ပါတယ်။
ကျန်တဲ့သူတွေဆီကလည်း လေ့လာသင်ကြား ဖတ်ရှုချင်ပါသေးတယ်။ မျှဝေကြပါအုံး။
တောင်တရုတ်ပင်လယ် သဘောတူညီချက် အမေရိကန်ချီးကျူး
တောင်တရုတ်ပင်လယ် သဘောတူညီချက် အမေရိကန်ချီးကျူး
အာဆီယံအဖွဲ့နဲ့ တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်မူကြမ်း ရရှိခဲ့တဲ့အတွက် ကြိုဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ်ကလင်တန်က ပြောဆိုလိုက်ပါတယ်။ ဒါဟာ ဖြစ်ပေါ်နေတဲ့ တောင်တရုတ်ပင်လယ် တင်းမာမှုကို လျော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရသစ်အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို ချပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် David Gollusts က ဘာလီကျွန်းကနေ သတင်းပေးပို့ထားတာကို ဦးစံမိုးဝေက တင်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်တွင်းက နယ်နိမိတ်အငြင်းပွားနေမှုကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် လိုလားချက်အမျိုးမျိုးနဲ့ ရေးဆွဲထားတဲ့ သဘောတူညီချက်မူကြမ်းမှာ သုံးစွဲထားတဲ့ စကားလုံးတွေကတော့ ၀ိုးတိုးဝါးတား ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီမှုက အမေရိကန်နဲ့ ကာကွယ်ရေးမဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ အပါအ၀င် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ တရုတ်တို့အကြား တင်းမာနေမှုကို လျော့ချနိုင်တဲ့အတွက် စိတ်သက်သာရဖြစ်မိတဲ့ အကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အာဆီယံ ၀န်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က သီးခြားတွေ့ဆုံမှုအနေနဲ့ ပထမဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရရှိထားတဲ့ သဘောတူညီမှုအတွက် ကြိုဆိုလိုက်သလို မြောက်ကိုရီးယား နျူကလီးယားကိစ္စကိုလည်း အာရုံစိုက် ဆွေးနွေးမယ်လို့ သူက ပြောပါတယ်။
“တောင်တရုတ်ပင်လယ်တွင်း လိုက်နာရမယ့်စည်းမျဉ်းတွေနဲ့ ပတ်သက်တဲ့ ကြေညာချက်အတွက် အကောင်အထည်ဖော်ရမယ့် လမ်းညွှန်ချက်တွေကို ထည့်သွင်းရာမှာ တရုတ်နဲ့အာဆီယံတို့ ပူးပေါင်း ဆောင်ရွက်ဖြစ်ကြတဲ့အတွက် ကျမ ချီးကျူးပါတယ်။ ဒါ့အပြင် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးနဲ့ ငြိမ်ချမ်းရေးအတွက် တရုတ်နဲ့အမေရိကန်ကြား ထားရှိတဲ့ တူညီတဲ့သဘောထားတွေကိုလည်း ကျမတို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။”
တောင်တရုတ်ပင်လယ်တွင်းက အရေးပါတဲ့ ကုန်သွယ်ရေကြောင်းလမ်းနဲ့ စွမ်းအင်အရင်းအမြစ် ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ထိုင်ဝမ်အပါအ၀င် အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နန်စတဲ့ နိုင်ငံတွေနဲ့ အငြင်းပွားနေမှု တိုးပွားနေခဲ့တာပါ။ ၀န်ကြီး မစ္စ်ကလင်တန်နဲ့ တွေ့ဆုံ ဆွေးနွေးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယင်း က ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရေးကို မြင်တွေ့လိုတဲ့ အကြောင်း ပြောပါတယ်။
“လမ်းညွှန်ချက်တွေ အဆုံးသတ်ရေးဟာ အင်မတန် ထူးခြားအရေးပါတဲ့အရာ ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒေသတွင်း အိမ်နီးချင်းကောင်းတွေအကြား ရေရှည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းသွားဖို့ ဖြစ်ပါတယ်။ လိုလားချက်အသီးသီးနဲ့ အငြင်းပွားနေမှုကို ပြေလည်မှုရအောင် နည်းမှန်လမ်းမှန်နဲ့ ကိုင်တွယ်ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။”
အမေရိကန် အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ်ကမ့်ဘဲလ် ကလည်း လမ်းညွှန်ချက်ကိစ္စနဲ့ပတ်သက်ပြီး ကြိုဆိုကြောင်း ကနဦး ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း တိုးတက်တဲ့ နိုင်ငံရေးအခြေအနေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ဒါဟာ အရေးပါတဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ကြိုဆိုပါတယ်။ တင်းမာမှုတွေ လျော့ကျ သွားလိမ့်မယ်လို့လည်း ထင်ပါတယ်။ တိုးတက်မှုပါ။ ဒါပေမဲ့ ဒါဟာ ပထမခြေလှမ်းပဲ ရှိပါသေးတယ်။ တရုတ်နဲ့ အာဆီယံအကြား ဆက်ပြီးတော့ အတူတကွ လုပ်ဆောင်တာတွေကို မြင်ရဖို့လိုပါတယ်။”
သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထိပ်တန်းတာဝန်ရှိသူက အာဆီယံ ဆွေးနွေးပွဲအတွင်း မြောက်နဲ့တောင် ကိုရီးယား ကိုယ်စားလှယ်တွေ အနေနဲ့ သံခင်းတမန်ခင်း ဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းအပေါ် ကြိုဆိုကြောင်း ပြောပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား တို့ ဆွေးနွေးပွဲပြုလုပ်နိုင်ချေ ရှိတဲ့အကြောင်း ဂျပန်သတင်းဌာနရဲ့ သတင်းကိုတော့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူက ခိုင်ခိုင်မာမာ ငြင်းဆိုပါတယ်။ မြောက်နဲ့တောင် ကိုရီးယား ပြဿနာအပေါ် တိုးတက်မှု တစုံတရာ မတွေ့ရသေးသရွေ့ အဲဒီလို တွေ့ဆုံမှုမျိုးဟာ တွေတောင်မတွေးနိုင်သေးဘူးလို့ ပြောပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ်ကမ့်ဘဲလ်ဟာ အခု သီတင်းပတ်အစောပိုင်းက ဘာလီမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ပြီးတော့ မြန်မာအရပ်သား အစိုးရနဲ့ ၀ါရှင်တန်အကြား ဆက်ဆံရေး တိုးတက်စေဖို့အတွက် လမ်းညွှန်မှုတွေ ရှင်းရှင်းလင်းလင်း ချပြခဲ့တယ်လို့ သိရပါတယ်။ သမ္မတ အိုဘားမား အစိုးရအနေနဲ့ အရင်စစ်အစိုးရတို့အကြား ဘာမှအဖြေမရှာနိုင်ခဲ့တဲ့ကိစ္စဟာ လုံးဝ စိတ်ပျက်စရာ ကောင်းပါတယ်။ အခု အာဏာပိုင်အသစ်တွေအနေနဲ့ အထီးကျန်ဆန်နေတဲ့ မြန်မာ့နိုင်ငံရေးကို အဆုံးသတ်နိုင်ဖို့ အရင်အစိုးရနဲ့မတူတဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်မှုတွေ လုပ်ဖိုလိုတယ်လို့ ပြောပါတယ်။
စနေနေ့ အာဆီယံအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး မစ္စ် ကလင်တန်က ကြေညာချက် ထုတ်ပြန်ရာမှာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စေဖို့အတွက် အချက်အလက်တွေကို ချပြခဲ့တယ်လို့ မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောဆို ဆွေးနွေးဖို့၊ တိုင်းရင်းသားတွေအပေါ် စစ်ရေးအရ တိုက်ခိုက်နေမှုတွေကို ရပ်တန့်ဖို့၊ ကုလသမဂ္ဂ ဆုံးဖြတ်ထားတဲ့အတိုင်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်နေမှု မလုပ်ဖို့ စတာတွေ ပါဝင်ပါတယ်။ ဆက်လက်ပြီးတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ့်ဘဲလ် က မြန်မာခေါင်းဆောင်သစ်တွေဆီက ဖြစ်နိုင်ချေရှိတဲ့ အလင်းရောင် အစအနလေးတွေကို အစောပိုင်းမှာ ပြသခဲ့ပေမဲ့ ဘာအကျိုးသက်ရောက်မှု ဖြစ်လာတာကိုမှ အမေရိကန်ဘက်က မတွေ့ရဘူးလို့ ဆိုပါတယ်။ ဆက်ဆံရေး ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ရမယ့် အခြေအနေ ကုန်သွားတာပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Friday, July 22, 2011
အိန္ဒိယ အရှေ့မျှော်ဝါဒ လားရာ
အိန္ဒိယ အရှေ့မျှော်ဝါဒ လားရာ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မဟာဗျူဟာအရ အရေးကြီးပြီး၊ မြန်မာနဲ့ ဆက်ဆံရေးအတွက်ပါ အရေးပါတဲ့ မူဝါဒပါ။ ဒီဝါဒကို စစ်အေးတိုက်ပွဲနောက်ပိုင်း ချမှတ်ခဲ့ပြီး အိန္ဒိယရဲ့ အဓိကကျတဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်လာပါတော့တယ်။ ၁၉၉၁ ခုနှစ် အိန္ဒိယဝန်ကြီးချုပ် ပီဗီ နာရာဆင်ဟာဝရောင်း အစိုးရလက်ထက်မှာ ချမှတ်ခဲ့တာပါ။ အရှေ့တောင်အာရှ၊ အရှေ့အာရှ နိုင်ငံတွေနဲ့ စီးပွားရေးအရ၊ မဟာဗျူဟာအရ ထိတွေ့ဆက်ဆံပြီး အိန္ဒိယရဲ့ ကမ္ဘာ့အမြင် မဟာဗျူဟာ အရွေ့လို့ ယူဆပါတယ်။  မစ္စတာဝရောင်းနောက်ပိုင်း ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဘတ်ဂ်ျပါယီး၊ လက်ရှိဝန်ကြီးချုပ်
 ဒေါက်တာမန်မိုဟန်ဆင်းက ဆက်ကိုင်စွဲပြီး အကောင်အထည် ဖော်ပါတယ်။
အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေဟာ ဆင်းရဲနွမ်းပါးမှု၊ ခိုးကိုးရာမဲ့မှု၊ ခေတ်နောက်ကျမှု၊ မဖွံ့ဖြိုးမတိုးတက်၊ မတည်ငြိမ်မှုတွေ ရှိနေပါတယ်။ ဒီပြည်နယ်တွေရဲ့ ဆိုးဝါးနိမ့်ကျတဲ့ အခြေအနေတွေနဲ့ တိုင်းပြည်အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ သြဇာနယ်ပယ်ကို ပြောင်းလဲချဲ့ထွင်ဖို့အတွက် အရှေ့မျှော်ဝါဒဟာ တဖြည်းဖြည်းနဲ့ အရေးပါလာခဲ့တာပါ။
 နောက်တချက်က တရုတ်နိုင်ငံရဲ့ ကြီးမားကျယ်ပြန့်လာတဲ့ သြဇာအာဏာကို ပြန်ထိန်းညှိနိုင်ဖို့ လက်တွေ့ကျတဲ့ မူဝဒါအဖြစ်ပါ အများက မှတ်ယူကြပါတယ်။ ပင်မမူဝါဒအဖြစ်တောင် ဆိုနိုင်တယ်။ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ မဟာဗျူဟာသမားတွေကလည်း ဒီအရှေ့မျှော်ဝါဒအပေါ် ဆွေးနွေးဝေဖန် အကြံပြုတာတွေ၊ လေ့လာသုံးသပ်တာတွေ အထပ်ထပ် လုပ်ကြပါတယ်။
၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယ နယ်စပ်စစ်ပွဲပြီးကတည်းက
အိန္ဒိယဟာ တချိန်တုန်းက မြန်မာပြည်သူတွေ ရဲ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံ
အားပေးတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်က စပြီး မြန်မာစစ်အုပ်စု အပေါ် တောက်လျှောက် ကိုင်စွဲခဲ့တဲ့ မပူးပေါင်းရေး၊ ဆန့်ကျင်ရေး မူဝါဒဟာ ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်က စပြီး အိန္ဒိယဟာ မြန်မာစစ်အုပ်စုကို ဝေဖန်
 ထောက်ပြတာတွေ ရပ်တန့်ပြီး ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ခဲ့ပါတယ်။
ဒီနှစ်နိုင်ငံဟာ တောင်အာရှနဲ့ အရှေ့အာရှဒေသတွင်းမှာ မဟာဗျူဟာအရ ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။ တရုတ်က အိန္ဒိယရဲ့ အိမ်နီးချင်းနဲ့ ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နဲ့ ကုန်သွယ်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အနီးကပ် ဆောင်ရွက်လာပြီး မြန်မာ၊ နီပေါနဲ့ ဘင်္ဂလာဒေ့ခ်ျကို လွှမ်းမိုးဖို့ ကြိုးစားလာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် တရုတ်မှာ တိန့်ရှောင်ဖိန် အာဏာရပြီးနောက် အာရှနိုင်ငံတွေကို လက်ဝဲဝါဒအခြေခံမူအပေါ် အခြေခံတဲ့ ဆက်ဆံရေးပုံစံထက် စီးပွားရေးနဲ့ ကုန်သွယ်ရေးကို အခြေခံတဲ့ ဆက်ဆံရေး မူဝါဒကို ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။ တချိန်က မြန်မာအစိုးရကို တိုက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ ကို လူအား၊
 ငွေအား၊ လက်နက်အား ကူညီခဲ့တဲ့ တရုတ်နိုင်ငံဟာ နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားလာခဲ့ပါတယ်။
တရုတ်ရဲ့ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ စီးပွားရေးအရ၊ မဟာဗျူဟာအရ သြဇာနယ်ပယ်ချဲ့ထွင်လာနေမှုကို ဟန့်တားနိုင်ဖို့ အိန္ဒိယဟာ စစ်အေးကာလတုန်းက ကိုင်စွဲခဲ့တဲ့ မူဝါဒတွေ၊ လုပ်ရပ်တွေကို စွန့်လွှတ်ခဲ့ပါတယ်။ အဲဒီနောက် အရှေ့မျှော်ဝါဒကို စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ တခြားအာရှနိုင်ငံတွေကို စီးပွားရေး ကုန်သွယ်ရေးအရ ပိုမိုနီးစပ်အောင်၊ မဟာဗျူဟာအရ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ယဉ်ကျေးမှုအရ သမိုင်းနောက်ခံအရ နီးစပ်မှုတွေ အားဖြည့်လုပ်ဆောင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ဒေသတွင်း ဈေးကွက်တခု ဖြစ်လာဖို့၊ နောက်ထပ်ချဲ့ထွင်ဖို့ ကြိုးပမ်းလာခဲ့ ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတွေနဲ့  မဟာဗျူဟာအရ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ကိုလည်း လုပ်လာခဲ့ပါတယ်။ ဒီမူဝါဒရဲ့ အကျိုးဆက်အရ အိန္ဒိယ-မြန်မာ ဆက်ဆံရေးပုံစံဟာ အကြီးအကျယ်
 ပြောင်းလဲ လာစေတော့တာပဲ ဖြစ်ပါတယ်။
အိန္ဒိယဟာ တချိန်တုန်းက မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်ကစပြီး မြန်မာစစ်အုပ်စုအပေါ် တောက်လျှောက်ကိုင်စွဲခဲ့တဲ့ မပူးပေါင်းရေး၊ ဆန့်ကျင်ရေး မူဝါဒဟာ
 ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယဟာ မြန်မာစစ်အုပ်စုကို ဝေဖန်ထောက်ပြတာတွေ ရပ်တန့်ပြီး ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြစ်လာတဲ့အချိန် အိန္ဒိယက မြန်မာ့အရေးကို စောင့်ကြည့်ခဲ့ပါတယ်။ ပြည်တွင်းရေး ဝင်မစွက်လိုဘူး၊ ဒီမိုကရေစီထွန်းကားဖို့
 မြန်မာပြည်သူတွေကပဲ ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။ အိန္ဒိယရဲ့ မြန်မာအပေါ် ထိတွေ့ဆက်ဆံတာက
 နိုင်ငံတကာ အလယ် စစ်အစိုးရအပေါ် ဝေဖန်မှုတွေ လျော့ကျစေခဲ့ပါတယ်။
တရုတ်ကို ဟန့်တားဖို့၊ ကုန်းတွင်းပိတ် ပြည်နယ်တွေ ပင်လယ်ထွက်ပေါက်ရဖို့၊ အရှေ့တောင်အာရှနဲ့ အရှေ့အာရှ
 နိုင်ငံတွေကို ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် မြန်မာဟာ အိန္ဒိယအတွက် မရှိမဖြစ် နိုင်ငံဖြစ်လာနေပါပြီ။ ဒါကြောင့် အိန္ဒိယ အနာဂတ်ခရီးကို စတင်ဖို့ ပထမဆုံးတွေ့တဲ့ နိုင်ငံကတော့ မြန်မာပါပဲ။ လက်ရှိမှာ မြန်မာရဲ့ စတုတ္တအများဆုံး ကုန်သွယ်ဘက်က အိန္ဒိယပါ။ မြန်မာကို မဆက်ဆံမပေါင်းသင်းဘဲ အိန္ဒိယဟာ သူ့အရှေ့မျှော် ဝါဒကို ဘယ်လိုမှ
 ရှေ့ဆက်တိုးလို့ မရနိုင်ပါဘူး။ ဒါကြောင့် မြန်မာပြည်ဟာ အိန္ဒိယရဲ့ မဟာဗျူဟာ တခုလုံအးတွက် အရေးပါတဲ့ အနေအထားအထိ ရောက်လာခဲ့ပါတယ်။ အိန္ဒိယဆက်ဆံထိတွေ့လိုတဲ့ နိုင်ငံတွေဆီ အရောက်သွားဖို့ ပထမဦးဆုံး တံတားအဖြစ် မြန်မာက ရှိနေတာပါ။ တရုတ်က မြန်မာကို မဟာဗျူဟာ မိတ်ဖက်အဖြစ် တိုးမြှင့်ဆက်ဆံသလို၊ အိန္ဒိယကလည်း သူ့မဟာဗျူဟာနိုင်ငံအဖြစ် ဆက်ဆံလိုတဲ့ ဆန္ဒရှိပါတယ်။ မြန်မာဟာ အရှေ့အာရှ၊ အရှေ့တောင် အာရှနဲ့ တောင်အာရှ ၃ ခုဆုံရာမှာ တည်ရှိနေတဲ့အတွက် ပထဝီအနေအထားအရ အရေးပါတဲ့ နိုင်ငံပါပဲ။
တနည်းအားဖြင့်ဆိုရင် မြန်မာနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မြန်မာကို တရုတ်ရင်ခွင်ထဲကနေ
ဆွဲထုတ်ပြီး သူ့ရင်ခွင်ထဲ ရောက်လာအောင် ဆောင်ရွက်ရေးနဲ့ မြန်မာကို သူတို့ရဲ့ တံခါးပေါက်တခုသဖွယ် အသုံးပြုနိုင်ရေးပဲ ဖြစ်ပါတယ်။ ဆက်ဆံတဲ့နေရာမှာ အိန္ဒိယရဲ့ အားနည်းချက်ကတော့ တရုတ်လို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီဆိုအာဏာ မရှိတာဘဲ ဖြစ်ပါတယ်။
အိန္ဒိယဟာ မြန်မာ-တရုတ် ဆက်ဆံရေးတိုးမြှင့်လာတာကို သိပ်သဘောမတွေ့ပါဘူး။ အရှေ့မျှော်ဝါဒ အောင်မြင်ဖို့
 မြန်မာအစိုးရနဲ့ ပေါင်းသင်းဆက်ဆံနေရတာပါ။ ဒါကို သဘောပေါက်တဲ့ မြန်မာအစိုးရကလည်း တရုတ်ကို ထိန်းညှိဖို့ အိန္ဒိယနဲ့ ဆက်ဆံတာပါ။ ဒါကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဆိပ်ကမ်းဆောက်ခွင့် ပေးပြီးတော့ စစ်တွေမှာ အိန္ဒိယကို ဆောက်ခွင့်ပေးထားတာပါ။ အိန္ဒိယ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က အရှေ့မျှော်ဝါဒ အကောင် အထည်ဖော်ရာမှာ လမ်းပြမြေပုံ မရှိဘူး၊ ဒါကြောင့် မြန်မာနဲ့ ပေါင်းသင်းဆက်ဆံရာမှာ တရုတ်နဲ့ ယှဉ်လိုက်ရင် အမြဲပဲ နောက်ကောက်ကျနေတယ်လို့ ဝေဖန်ကြပါတယ်။ အိန္ဒိယ-မြန်မာဆက်ဆံရေးမှာ တရုတ်ဟာ အဓိက ဇာတ်ကောင် အနေနဲ့ ရှိနေတယ်ဆိုတာ အိန္ဒိယ သဘောပေါက်ပါတယ်။
မြန်မာဟာ တရုတ်ကို စီးပွားရေးအရရော၊ စစ်လက်နက်ပစ္စည်းအရပါ မီခိုနေတာဟာ အိန္ဒိယ ရေရှည် အကျိုးစီးပွား
ကို ထိခိုက်စေတယ်လို့ အိန္ဒိယက တွက်ဆပါတယ်။ ဒါကြောင့် မြန်မာနဲ့ တိုးမြှင့်ဆက်ဆံတာတွေ လုပ်ခြင်းအားဖြင့် တရုတ်ရဲ့ ဒေသတွင်း ကျယ်ပြန့်လာနေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးသြဇာကို လျှော့ချနိုင်မယ်လို့ ယူဆထား
တာပါ။ တရုတ်ကတော့ အိန္ဒိယ အရှေ့မျှော်မူဝါဒကို အလုပ်မဖြစ်လို့ပဲ မြင်ပါတယ်။ တရုတ်မီဒီယာတွေကလည်း
အိန္ဒိယ အရှေ့မျှော်ဝါဒဟာ မကြာမီ အဖျားရှူးမယ့်၊ ကျဆုံးသွားမယ့် မူဝါဒအဖြစ် ဝေဖန်ပါတယ်။ ဒီဝါဒဟာ အိန္ဒိယ
က တရုတ်ကို ကြောက်လို့ ပေါ်လာတာပါ။ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို နားမလည်ဘူးလို့လည်း တရုတ် အင်တာနက်သတင်းဌာနရဲ့ ဆောင်းပါးရှင်တဦးက ဆိုပါတယ်။ အိန္ဒိယကတော့ သူ့ဝါဒဟာ တရုတ်နဲ့လည်း
 ပြန်လည်သင့်မြတ်စေချင်တဲ့ အပိုင်းတွေ ပါဝင်တယ်လို့ ဆိုခဲ့ပါတယ်။
အတိတ်ကာလမှာ တရုတ်ရေတပ်ဟာ ပစိဖိတ်သမုဒ္ဒရာထဲ လှည့်လည်သွားလာနေပေမယ့် အခုအခါမှာတော့ အိန္ဒိယ သမုဒ္ဒရာထဲရှိ မြန်မာ၊ ပါကစ္စတန်၊ သီရီလင်္ကာနဲ့ အီရန်နိုင်ငံတွေမှာ သူတို့ စစ်သင်္ဘောတွေ ဆိုက်ကပ်နိုင်အောင်
 ရေတပ်စခန်းတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေတာတွေ ရှိပါတယ်။ အကောင်အထည်လည်း ဖော်နေပါတယ်။
 ကျောက်ဖြူဆိပ်ကမ်းဆိုရင် တရုတ်စစ်သင်္ဘောတွေ တရားဝင်ဆိုက်ကပ်ခွင့်ကို ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးပါပြီ။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ ခြေလှမ်းတွေကို အိန္ဒိယကလည်း ပြန်လည်ဟန့်တားနိုင်ဖို့ ပင်လယ်ပြင် ကာကွယ်ရေး တည်ဆောက်ဖို့နဲ့ အိန္ဒိယ သင်္ဘောတွေအတွက်
 ရေတပ်သုတေသနဌာနသစ်တခု တည်ဆောက်ရေး စီမံကိန်းတွေကို ဒီနှစ် ဇန်နဝါရီမှာ စတင် အကောင်အထည်
 ဖော်နေပါပြီ။
အရှေ့မျှော်ဝါဒ အကောင်အထည်ဖော်တဲ့အခါ တခြားနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်ဖို့၊ ကုန်သွယ်ရေး တိုးမြှင့်ဖို့ အိန္ဒိယ ကြိုးပမ်းတာပါ။ ဒေသတွင်း အဖွဲ့အစည်းတွေမှာလည်း အိန္ဒိယဟာ ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့လာရပါတယ်။ ဘင်္ဂလာဒေ့ခ်ျ၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါ ပါဝင်တဲ့ BIMSTEC ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘာဒီးယား၊ ထိုင်း၊ အိန္ဒိယနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ဦးဆောင်ဦးရွက် ပူးပေါင်းဆောင်ရွက်နေသလို အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ အာရှပစိဖိတ် စီးပွားပူးပေါင်းဆောင်ရွက်ရေး APEC မှာ အဖွဲ့ဝင်ဖြစ်ရေး စတဲ့ ဒေသတွင်း၊
 နိုင်ငံတကာမှာပါ တဖြည်းဖြည်း ခြေဆန့်ဖို့ ကြိုးပမ်းနေပါတယ်။
အိန္ဒိယဟာ သူ့ကုန်သွယ်ရေးကွန်ယက် ပိုမို ကျယ်ပြန့်လာဖို့
ဒီဝါဒဟာ အိန္ဒိယက တရုတ်ကို ကြောက်လို့
 ပေါ်လာတာပါ။တရုတ် ပြည်သူ့လွတ်မြောက်
 ရေး တပ်မတော်ကို နားမလည်ဘူးလို့လည်း တရုတ် အင်တာနက်သတင်းဌာနရဲ့ ဆောင်းပါး ရှင် တဦးက ဆိုပါတယ်။ အိန္ဒိယကတော့ သူ့ဝါဒဟာ တရုတ်နဲ့လည်း ပြန်လည် သင့်မြတ်
 စေချင်တဲ့ အပိုင်းတွေ ပါဝင်တယ်လို့ ဆိုခဲ့ ပါတယ်။
အတွက် ဆက်သွယ်ရေး လမ်းမကြီးတွေကိုလည်း ငွေကုန်
 ကြေးကျခံပြီးတော့ တိုးမြှင့်လုပ်ဆောင်လာပါတယ်။ ဒုတိယကမ္ဘာစစ်က အသုံးပြုခဲ့တဲ့ အိန္ဒိယ-အာသံပြည်နယ်နဲ့ တရုတ်ယူနန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရော့ခ်စတီး ဝတ်လမ်း၊ အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်း တခု ဖြစ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ ချစ်ကြည်ရေးလမ်း၊ အိန္ဒိယ မဏိပူပြည်နယ် မိုးရေးမြို့ ဆက်သွယ်တဲ့ တမူး-ကလေးဝလမ်း၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ် ဇိုခွားသာနယ်စပ်မှ ချင်းပြည်နယ် ရိဒ်ခေါ်ဒါ မြို့နယ်ခွဲ-တီးတိန်-ကလေးမြို့-
ကလေးဝလမ်း၊ အိန္ဒိယ နာဂလဲန်းပြည်နယ် နန်ပေါင်မြို့ ကနေ မြန်မာနိုင်ငံ ပန်ဆောင်-နန်းယွန်း-ရှင်ဗွေယန်-တနိုင်း-မြစ်ကြီးနား ဆက်သွယ်တဲ့ လီဒိုလမ်းမကြီးတို့ကို တိုးချဲ့ တည်ဆောက်နေပါတယ်။ ဒီလမ်းတွေဟာ အိန္ဒိယရဲ့ မြန်မာ့မြေကို ခြေကုပ်ယူပြီးတော့ တခြားနိုင်ငံတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။
အိန္ဒိယက သူ့လမ်းကြောင်းတွေကို တိုးချဲ့လာတဲ့အခါ မြန်မာစစ်အုပ်စုအနေနဲ့ ပြည်တွင်းမှာ လူ့အခွင့်အရေး
ဘယ်လိုပဲ ချိုးဖောက်နေပါစေ၊ ဒီမိုကရေစီအင်အားစုတွေကို ဘယ်လိုပဲ ဖိနှိပ်နေပါစေ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံ
ရမယ် ဆိုပြီးတော့ လက်ခံထားပြီးဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံတာကို အိန္ဒိယမီဒီယာ အသိုင်းအဝိုင်းက အိန္ဒိယရဲ့ ဒီမိုကရေစီအရေးနဲ့ အကျိုးစီးပွားအရေး အားပြိုင်ပွဲလို့ သုံးနှုန်းပြောဆိုကြပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံပေါင်းသင်းနေတာဟာ အိန္ဒိယအဖို့ ရှက်စရာဆိုပြီးတော့ အိန္ဒိယဒီမိုကရေစီအင်အားစုတွေ၊ အနောက်နိုင်ငံကြီးတွေက ဝေဖန်ကြပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစီမူဘောင်ကို စွန့်ခွာပြီးတော့ အကျိုးစီးပွားတခုထဲကိပဲ ကြည့်ပြီးတော့ ဆက်ဆံနေတယ်လို့ ထောက်ပြပြောဆိုတာကိုလည်း အိန္ဒိယအစိုးအရအနေနဲ့ သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ မြန်မာအစိုးရနဲ့ ဆက်ဆံတာဟာ သူတို့အတွက် လက်တွေ့ ကျတယ်၊ သူတို့မဟာဗျူဟာ တခုလုံးအတွက် အရေးပါတယ်လို့ပဲ မှတ်ယူပါတယ်။
မြန်မာနဲ့ ဆက်ဆံတဲ့နေရာမှာ ကုန်သွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးကို အဓိကအာရုံစိုက် လုပ်ဆောင်ပါတယ်။ နယ်စပ် တလျှောက်ရှိ အိန္ဒိယခွဲထွက်ရေး တော်လှန်ရေး အင်အားစုတွေကို ဖယ်ရှား ရှင်းလင်းချင်တဲ့အတွက် မြန်မာအစိုးရ အကူအညီ လိုအပ်ပါတယ်။ တချို့ခွဲထွက်ရေး အင်အားစုတွေဟာ မြန်မာ့မြေပေါ်မှာ အခြေစိုက်ထားလို့ သူတို့ကို
 နှိမ်နှင်းဖို့အတွက် အိန္ဒိယက မြန်မာကို လက်နက်တွေ ဈေးပေါပေါနဲ့ ထုတ်ရောင်းခဲ့တာတွေ ရှိပါတယ်။
အိန္ဒိယဟာ ၂ဝဝ၅ ခုနှစ်မှာ ရခိုင်ပြည်ကထွက်တဲ့ ဓာတ်ငွေ့တွေကို တင်ဖို့ခွင့်ရဖို့အတွက် သဘောတူညီမှုတွေ ရခဲ့ပေမယ့် ပိုက်လိုင်းဖြတ်သန်းဖို့ ဘင်္ဂလားဒေ့ခ်ျနဲ့ သဘောတူညီမှု မရခဲ့တဲ့အတွက် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဓာတ်ငွေ့ကို မြန်မာက တရုတ်ကို ရောင်းချခဲ့ပါတယ်။ မြန်မာဟာ ပထဝီအနေအထားအရ အိန္ဒိယအတွက် အလွန်အရေးပါတဲ့ နိုင်ငံပါ။ အိန္ဒိယဟာ မြန်မာဆီက သဘာဝဓာတ်ငွေ့ရဖို့အတွက် ဆက်ပြီး ကြိုးစားတုန်းပါ။ တချိန်တည်းမှာပဲ သူ့ဖြိုးတိုးတက်ရေးနဲ့အတူ လိုအပ်နေတဲ့ စွမ်းအင်ရဖို့အတွက် ရေအားလျှပ်စစ် စီမံကိန်းတွေမှာ
လည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ၁၉၉ဝ ခုနှစ်တုန်းက အမေရိကန် ဒေါ်လာ သန်း ၉ဝ ရှိခဲ့တာကနေ ၂ဝဝ၅ ခုနှစ်မှာ ၅၆၉ သန်းအထိ တိုးလာခဲ့တယ်။ ၂ဝဝ၇-၂ဝဝ၈
ခုနှစ်မှာ ၉၉၅ သန်း ကျော်ခဲ့ပါတယ်။
အစပထမမှာ နှေးသလိုလိုရှိခဲ့တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒ လုပ်ငန်းစဉ်တွေဟာ တဖြည်းဖြည်းနဲ့ ခြေလှမ်းကျဲကျဲ လှမ်းလာနေပါပြီ။ အဒီအထဲက အကြီးမားဆုံး စီမံကိန်းတခုက မြန်မာနိုင်ငံရဲ့ အဓိကမြစ်တမြစ်ဖြစ်တဲ့ ကုလားတန် (ခေါ်) ကစ္ဆပနဒီမြစ်ကို အသုံးပြုပြီးတော့ အိန္ဒိယကုန်းတွင်းပိတ် ပြည်နယ်တွေ ပင်လယ်ထွက်ပေါက် ရရှိဖို့၊ အိန္ဒိယရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ပိုမိုသွက်လာစွာ ဆောင်ရွက်နိုင်ဖို့ ကုလားတန်မြစ်ကြောင်း ဘက်စုံ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုစီမံကိန်းပါပဲ။ ဒီစီမံကိန်းဟာ အရှေ့မျှော်ဝါဒတခုလုံးအတွက် အရေးပါဆုံး စီမံကိန်းလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂ဝဝ၈ ခုနှစ်မှာ မြန်မာ-အိန္ဒိယ စစ်အစိုးရတို့ သဘောတူခဲ့ပါတယ်။ ဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ သန်း ၁၁ဝ အကုန်အကျခံ တည်ဆောက်မယ့် အိန္ဒိယက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး စီမံကိန်းကြီး တခုလည်း ဖြစ်ပါတယ်။
ဒီစီမံကိန်းအပေါ် အိန္ဒိယက ပုံအောထားကြောင်း အိန္ဒိယ အရှေ့မြောက်ဒေသဆိုင်ရာ ဌာနဝန်ကြီး ဘီကေ ဟန်ဒီကွီက ဆိုပါတယ်။ ဒီစီမံကိန်းမှာ လက်ရှိအသုံးပြုနေတဲ့ စစ်တွေဆိပ်ကမ်းကို တိုးချဲ့တည်ဆောက်ဖို့၊ တန်ချိန် ၆ဝဝဝ ရှိ သင်္ဘောကြီးတွေ ဝင်ထွက်သွားလာနိုင်ဖို့ ကုလားတန်မြစ်ကို ချဲ့ထွင်၊ အနက်တူးပြီး သောင်တွေကို ဖယ်ရှားရှင်းလင်းဖို့နဲ့ ပလက်ဝမြို့နဲ့ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် အဝေးပြေးကားလမ်း ဖောက်လုပ်ဖို့တို့ ပါဝင်ပါတယ်။ စစ်တွေ ဆိပ်ကမ်းကို အိန္ဒိယက တည်ဆောက်၊ အသုံးပြု၊ လွှဲပြောင်းစနစ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မြန်မာအစိုးရက တည်ဆောက်၊ လွှဲပြောင်း၊ အသုံးပြုဖို့ သဘောတူဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းတခုလုံးကို ၂ဝ၁၃ မှာ အပြီးသတ် ဆောက်လုပ်မယ်လို့ ဆိုပါတယ်။ စစ်တွေဆိပ်ကမ်း တိုးချဲ့တည်ဆောက်တာနဲ့ ကုလားတန်မြစ်ကြောင်း သောင်တူးဖော်ရေး လုပ်ငန်းတွေကို အိန္ဒိယ ပုဂ္ဂလိကကုမ္ပဏီ ESSAR က တည်ဆောက်မှာပါ။ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေကို ၂ဝ၁ဝ ခုနှစ်ကနေ စတင်အကောင်အထည် ဖော်နေပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းက လမ်းဖောက် လုပ်ခြင်းတွေကို အိန္ဒိယပုဂ္ဂလိက ကုမ္ပဏီ Ircon က တည်ဆောက်မှာပါ။ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေကို ၂ဝ၁ဝ ခုနှစ်ကနေ စတင်အကောင်အထည်ဖော်နေပြီး ဒီစီမံကိန်းနဲ့အတူ စစ်တွေမြို့မှာ ဂိုဒေါင် ၂၉ လုံးကို တည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။ နောက်ပြီး မြစ်ကြောင်းတလျှောက်ရှိ ဆိပ်ကမ်းငယ်လေးတွေမှာ အရေးပေါ် ဆေးခန်းတွေ ဖွင့်လှစ်ထားရှိဖို့လည်း ပါဝင်ပါတယ်။
ဒီစီမံကိန်းကြောင့် အိန္ဒိယဟာ ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်တွေရဲ့ ပင်လယ်ထွက်ပေါက် ရရှိသွားမှာ၊
 ဖြစ်ပြီးတော့ အရှေ့တောင်အာရှနိုင်ငံတွေကို ထိတွေ့ဆက်ဆံဖို့ လမ်းပွင့်သွားမယ့် အကျိုးကျေးဇူးတွေ  ရရှိလာမှာ
 ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အခြေပြုပြီး ရခိုင့်ကမ်းလွန် ပင်လယ်ပြင်ကနေ ထပ်မံထွက်ရှိမယ့် သဘာဝ ဓာတ်ငွေ့တွေ ရယူတင်ပို့နိုင်ဖို့လည်း အိန္ဒိယက မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်းကြောင့် အိန္ဒိယဟာ အကျိုးကျေးဇူး အတော်များများ ရရှိဖို့ အလားအလာရှိပေမယ့် မြန်မာပြည်သူတွေရဲ့ ဘဝကတော့ သိပ်ပြီး မျှော်လင့်လို့ ရမယ် မထင်ပါဘူး။ မြန်မာ့ စီးပွားရေး လေ့လာသုံးသပ်သူ တချို့ကတော့ အိန္ဒိယ အရှေ့မျှော်ဝါဒနဲ့ ကုလားတန် စီမံကိန်းကြောင့် မြန်မာနိုင်ငံဟာ ကြားခံကုန်သွယ်ရေးကြောင့် တိုးတက်မူတွေ ဖြစ်လာနိုင်တယ်၊ အိန္ဒိယ တိုးတက်လာရင် မြန်မာဟာလည်း အလိုလိုလိုက်ပြီး တိုးတက်လာမယ်၊ ဒေသခံပြည်သူတွေရဲ့  အလုပ်အကိုင် အခွင့်အလှမ်းတွေ ရလာမယ်လို့ ပြောဆို ကြတာတွေလည်း တွေ့ရပါတယ်။
လက်တွေ့မှာတော့ ဒေသခံပြည်သူတွေ ရရှိတဲ့ အလုပ်အကိုင် အခွင့်အလှမ်းဆိုတာက အုတ်ပြောင်း၊ သဲထမ်း
 အောက်ခြေ အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့
လည်း ဒီစီမံကိန်းအပေါ် ရွှေဂတ်စ်စီမံကိန်းတို့၊ ထားဝယ် ရေနက်စီမံကိန်းတို့လောက် စိတ်ဝင်တစား မရှိကြဘူးလို့ သိရပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်တဲ့ ရခိုင်မြစ်ချောင်းများ ကွန်ယက်ကတော့ ဒီစီမံကိန်းဟာ
 ဒေသတွင်း ပြည်သူတွေရဲ့ ဘဝကို ထိခိုက်စေနိုင်တယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ စီမံကိန်း
 ကြောင့် မြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူတွေရဲ့ လက်ရှိ  နေ့စဉ်ဘဝ အလုပ်အကိုင်တွေ ပျက်စီး သွားနိုင်တယ်၊ သင်္ဘောကြီးတွေ ဝင်ထွက်သွားလာမှာ ဖြစ်တဲ့အတွက် မြစ်ကို မှီခိုပြီး လုပ်ကိုင် စားသောက်နေသူတွေရဲ့ ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်၊ စီမံကိန်း တည်ဆောက်တဲ့အခါမှာလည်း နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေယာသိမ်းယူမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ ရှိလာမယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့ရဲ့ တောင်းဆိုချက်
ကုလားတန်မြစ်ကြောင်းတလျှောက်မှာ မြို့နယ် ၆ မြို့နယ်နဲ့ လူဦးရေ ၁ သန်းကျော် နေထိုင်ကြ ပါတယ်။
ကတော့ဒီစီမံကိန်းဆောင်ရွက်တဲ့အခါ အများပြည်သူ ထင်သာမြင်သာ ရှိဖို့ လိုအပ်တယ်၊ ဒေသခံပြည်သူ တွေနဲ့
ညှိနှိုင်း တိုင်ပင် ပူးပေါင်း ပါဝင်မှုတွေ ရှိရမယ၊် စီမံကိန်းရဲ့ အကျိုးကျေးဇူးတွေကို မဖွံ့ဖြိုးမတိုးတက်တဲ့ အသိုင်းအဝိုင်း
 တွေဆီ ဦးတည်ရမယ်၊ စီမံကိန်းမှာ ပါဝင်ပတ်သက်သူတွေ အားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ရှိရမယ်လို့ ဆိုပါတယ်။
စစ်တွေဆိပ်ကမ်း တိုးချဲ့တည်ဆောက်တဲ့အခါမှာ လက်ရှိအသုံးပြုနေတဲ့ စစ်တွေဆေးရုံကြီး၊ စာတိုကန် စစ်တွေ
 ဈေးကြီးတွေ၊ အိမ်ရာတွေကို နေရာပြောင်းရွှေ့ရမယ်လို့ ပြောဆိုနေတာတွေလည်း ကြားသိရပါတယ်။ စစ်တွေ
 ဆေးရုံကြီးကိုတော့ အိန္ဒိယက ပြန်လည်တည်ဆောက်ပေးမယ်လို့ ဆိုကြပါတယ်။ နောက်ပြီးတော့ ဆိပ်ကမ်း တည်ဆောက်တဲ့ အခါ ပျက်စီးသွားမယ့် ရပ်ကွက်တွေကို လူအများ အနားယူဖို့ ပန်းခြံတွေ ဆောက်လုပ်ပေးမယ် လို့လည်း သိရပါတယ်။ ဒါဟာ ဒေသခံပြည်သူတွေကို ငွေကြေးနည်းနည်းသုံးပြီး နှစ်သိမ့်လိုတဲ့ သဘောလို့ ယူဆရပါတယ်။ ကုလားတန်မြစ်ကြောင်းတလျှောက်မှာ မြို့နယ် ၆ မြို့နယ်နဲ့ လူဦးရေ ၁ သန်းကျော် နေထိုင်ကြ ပါတယ်။ နောက်ထပ် ဒီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေကို ဘယ်လို ရိုက်ခတ်မှု ရှိလာမလဲ ဆိုတာကတော့ ဆက်ပြီးလေ့လာစောင့်ကြည့်ရဦးမှာပါ။
အရှေ့မျှော်ဝါဒနဲ့ ကုလားတန် စီမံကိန်းကတော့ အိန္ဒိယ၊ မြန်မာ၊ ဒေသတွင်း နိုင်ငံတွေကို အပြောင်းအလဲတွေ ဖန်တီးလာဦးမယ်ဆိုတာ အသေအချာပါပဲ။ ဒီနေရာမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ကိုင်
 ဆောင်ရွက်နေပေမယ့် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ ဒီမိုကရေစီနိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီမြတ်နိုးတဲ့ ပညာရှင်တွေက မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲဖို့အတွက် အခုထိ မျှော်လင့်တောင့်တ
 နေဆဲဖြစ်တယ် ဆိုတာပါပဲ။ အိန္ဒိယအနေနဲ့ တခုစဉ်းစားသင့်တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ အပြောင်းအလဲ မဖြစ်ဘဲ မြန်မာအစိုးရနဲ့ အကျိုးစီးပွားတခုထဲကို မျှော်ကိုးပြီး ရေရှည် လက်တွဲလုပ်ဆောင်နေမယ်ဆိုရင် အိန္ဒိယအကျိုးစီးပွားအတွက်ရော၊ မြန်မာပြည်အတွက်ပါ ဆိုးကျိုးရလဒ်တွေပဲ ဦးတည်သွား နိုင်ပါတယ်။ နှစ်နိုင်ငံ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆက်ဆံရေး၊ နှစ်ဦးနှစ်ဖက် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်ရင် လက်ရှိ
 မြန်မာပြည်အပေါ် ထားရှိတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ဦးမှာပါ။ တရုတ်ကို အမီလိုက်ဖို့အတွက် အိန္ဒိယရဲ့ လုပ်ဆောင်နေမှုတွေဟာ သိက္ခာရှိတဲ့ လုပ်ရပ်တွေအဖြစ် ရှုမြင်ကြည့်ဖို့တော့ ခက်ခဲပါတယ်။
ကနေ့အချိန်မှာ မြန်မာပြည် အရှေ့ဘက်ခြမ်းမှာ တရုတ်စီမံကိန်းတွေကြောင့် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အိန္ဒိယအနေနဲ့ သင်ခန်းစာယူနိုင်ဖို့၊ သတိပြုမိဖို့လည်း လိုအပ်ပါတယ်။ တချိန်ချိန်မှာ ဒီလိုပဋိပက္ခတွေဟာ အိန္ဒိယဘက်ကိုလည်း ဦးတည်မသွားနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ မြန်မာအစိုးရအနေနဲ့လဲည်း အိန္ဒိယက အရှေ့မျှော်ဝါဒ၊ တရုတ်က တောင်မျှော်ဝါဒဆိုပြီးတော့ အပြိုင်အဆိုင် သြဇာနယ်ပယ် ချဲ့ထွင်လာနေမှုအပေါ် ရေတို အကျိုးစီးပွား တခုထဲကိုပဲ ကြည့်ပြီး ဆက်ဆံနေရင်တော့ အင်အားကြီး နိုင်ငံတွေကြားမှာ ကြားညှပ်မည့်ကိန်း မလွဲဧကန်
 ရောက်လာမယ်လို့ သုံးသပ်မိကြောင်းပါ။