2011-07-07
၁၉၆၂ ခုနှစ် ဇူလိုင် ( ၇ ) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက ထုတ်ပြန်ခဲ့တဲ့ မတရားတဲ့ ကျောင်းဆောင် စည်းကမ်းတွေကို ကန့်ကွက်ပြီး ရန်ကုန် တက္ကသိုလ်ဝင်း အတွင်း အာခံ ဆန့်ကျင်တဲ့ ဆန္ဒပြကြတဲ့ ကျောင်းသား ကျောင်းသူတွေကို စစ်တပ်က ရက်ရက်စက်စက် မောင်းပြန် လက်နက်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြပါတယ်။
RFA
ယောကျာင်္းပဲကွာ
ထောင်အပြင်တန်းမရှိပါဘူးဆိုတဲ.
စကားတွေလည်းရှိခဲ.တယ်
ဒါပေမယ်.တန်းရှိမနေသေး
အသံတွေလုံနေဆဲနရံလေးဖက်အစုံနဲ.
အေးစက်တိတ်ဆိတ်တဲ.
အခန်းကျဉ်းကျဉ်းတွေရှိနေသေးတယ်
အရောင်စုံနေတဲမျက်ဝန်းတွေလဲ
ဒီအခန်းကျဉ်းလေးထဲမှာပဲရှိနေကြတုန်းပဲ
( ကိုထွန်းအောင်ကျော်အား ခေါင်းဖြတ်သတ် ခဲ့သော ကုန်း )
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ကို တင်ပြခဲ့တာ အပိုင်း (-၆-) ကိုရောက်ရိှလာခဲ့တယ်။ ဒုတိယအဆင့် ကို ရောက်လာပြီ လို့ ဆိုရပါလိမ့်မယ်။ ဒီ အဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရသူတွေကို လေးလေးနက်နက် တိုက်တွန်း ချင်တာ လေးတခုရှိပါတယ်။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော်၊ သူငယ်ချင်းတွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သိက္ခာရှိရှိ ကာကွယ်ခုခံသောအားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင်ထွက်ဆွေးနွေး ကြပါ။ တယောက်ချင်း ဆီဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ်၊ လိုအပ်မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ သူများရေးတဲ့ဆောင်းပါးတွေမှာ မှတ်ချက်ဝင်ပေးတာမျိုးတွေ၊ ပဟေဋိ ပုစ္ဆာတပုဒ်တွက် သလိုမျိုး မေးခွန်းထုတ်နေတဲ့လုပ်ရပ်တွေ၊ ပြဇာတ်ထဲက ဒဏ်ရာအနာတရမင်းသားတယောက် ကိုယ့်ရဲ့ကြေကွဲမှုကို အယားဖြေ တယောထိုး ငိုကြွေးနေတာမျိုးတွေကို ရပ်သင့်ပါပြီ။ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ သစ္စာရှိဖို့လိုပါတယ်။
ကျနော်ကတော့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်၊ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း ဥက္ကဋ္ဌ) ၊ ရဲဘော်စိုးဝင်းသန်း နဲ့ ကျဆုံးခဲ့သော အပြစ်မဲ့ကျောင်းသားများ၊ ကိုယ့်ရဲ့ယုံကြည်မှုကို ရိုးသားသန့်စင်စွာ သတ္တိရှိရှိ ရပ်တည်ခဲ့တဲ့ နန်းအောင်ထွေးကြည်နဲ့ တခြားရဲဘော်တွေအတွက် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားပါမယ်။
2012-01-21
အကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားတွေ ကျန်နေသေးပြီး သူတို့အားလုံးကို လွှတ်ပေးဖို့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်း ဆောင်ရွက်သွားဖို့ရှိကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။
(Photo:RFA/Tyler Chapman)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
By မအေးအေးမာ
ဓာတ်ပုံ ASSOCIATED PRESS
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရှင်းလင်းပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၁၊ ၂၀၁၂)
မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိတော့အောင် လုပ်ဆောင်မယ်လို့ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာ ပြုလုပ်တဲ့ (၅၉) ကြိမ်မြောက် ကုလသမဂ္ဂ ကလေးအခွင့်အရေး ဆိုင်ရာ စာချုပ် ကော်မတီရဲ့ ကြာသပတေးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)
အွန်လိုင်းကနေ မူပိုင်ခွင့် ချိုးဖောက်ခိုးယူတာတွေကို ပစ်မှတ်ထားတဲ့ ဥပဒေမူကြမ်းတစ်ခုကို နောက်သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်က ရွှေ့ဆိုင်းလိုက်ပါတယ်။ အထက်လွှတ်တော်က အဲဒီဥပဒေမူကြမ်းနဲ့ အောက် လွှတ်တော်က အလားတူဥပဒေမူကြမ်းတွေကို ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ အင်တာနက်ကုမ္ပဏီတွေက အွန်လိုင်းစာမျက်နှာ ပိတ်ပစ်တာတွေကို လုပ်ခဲ့ပြီးတဲ့နောက်မှာ အခုလို ရွှေ့ဆိုင်းလိုက်တာပါ။
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ်ကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာအပေါ် အမေရိကန်စစ်ဘက် ထိပ်တန်း တာဝန်ရှိသူတစ်ဦးနဲ့ အစ္စရေးခေါင်းဆောင်တွေ သောကြာနေ့က တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။ အီရန်နိုင်ငံဟာ အဲဒီ နျူကလီးယားအစီအစဉ်ကို အနုမြူဗုံးထုတ်လုပ်ဖို့ အသုံးပြုနေတယ်လို့ နှစ်နိုင်ငံစလုံးက စိုးရိမ်နေတာပါ။
2012-01-21
၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု မှာ ပါဝင်ခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခံရပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတဲ့ သံဃာအပါး ၃ဝ သိမ်ထပ်ပွဲကို ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
Demo Waiyen
၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဖမ်းဆီး ထိန်းသိမ်းခံရပြီး ၂ဝ၁၁ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်မြောက်လာသည့် သံဃာတော် အပါး ၃ဝ ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ပါသည်။
ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ဆရာတော် အရှင်ဂမ္ဘီရ အပါအဝင် သံဃာအပါး ၃ဝ နဲ့ တခြား ပင့်သံဃာ ၁၁ အပါအဝင် စုစုပေါင်း ၄၁ ပါးကို သိမ်ထပ်ပွဲ ပြုလုပ်ပေးခဲ့ကြောင်း အရှင်ဂမ္ဘီရရဲ့ အမတော် မခင်သူဌေးက ပြောပါတယ်။
ယနေ့မွန်းလွဲပိုင်း ပြုလုပ်လျှက်ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင် အဖွင့်နှုတ်ဆက်စကားပြောကြားရာမှာ ယနေ့ကာလဟာ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူနဲ့ ပြုပြင်ပြောင်းလဲရေး မလုပ်လိုသူအကြားမှာ လွန်ဆွဲမှုတရပ် ဖြစ်ပေါ်လျှက်ရှိနေကြောင်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေဘက်ကနေပြီး ရပ်တည်သွားမယ်လို့ပြောဆိုသွားပါတယ်။
YPI
၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ
2:37 pm
ရိုက်တာသတင်းဋ္ဌာနမှ ဦးအောင်လှထွန်းက ၈၈ အနေနဲ့ ပါတီတည်ထောင်မတည်ထောင် မေးမြန်းရာမှာ
၈၈ မျိုးဆက်မှ ကိုကိုကြီးက ၎င်းတို့အနေနဲ့ ပါတီတည်ထောင်မှာ မဟုတ်ကြောင်း၊ ၎င်းတို့အဖွဲ့ အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး၊ အခုလို ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတာဟာ အင်မတန်စွန့်စားရတဲ့ ထောက်ခံမှု တစ်ခုဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
YPI
၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
Saturday, 21 January 2012