သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, August 23, 2011

ထိုးဆင်းနေပြန်တဲ့ ဒေါ်လာဈေး

ထိုးဆင်းနေပြန်တဲ့ ဒေါ်လာဈေး



နယူးဒေလီ(မဇ္ဈိမ) ။      ။ ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူသည့်နေ့မှာပင် အမေရိကန် ဒေါ်လာ၏ မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ၆၈ဝ ကျပ်သို့  ရုတ်တရက် စံချိန်တင် ကျဆင်းသွားခဲ့ကြောင်း နိုင်ငံခြားငွေ
ရောင်းဝယ်သူများက ပြောသည်။

အစိုးရသစ်မှ နိုင်ငံခြားငွေလဲနှုန်းကို ပြင်ဆင် ပြောင်းလဲ သတ်မှတ်ရန် ကြိုးပမ်းနေဆဲတွင် ကျပ် ၇၅ဝ ဝန်းကျင်
ပေါက်ဈေးရှိနေသည့် ဒေါ်လာဈေးမှာ တနင်္လာနေ့တွင် ကျပ် ၇ဝဝ အောက် ကျဆင်းခဲ့ကာ ဆယ်နှစ်အတွင်း အနိမ့်ဆုံး ဖြစ်သွားခြင်းဟု ငွေလဲလှယ်ဌာနများက ဆိုသည်။ ၂ဝဝ၁ ခုနှစ်က တဒေါ်လာလျှင် ၉ဝဝ ကျပ် ဝန်းကျင် အထိသာ ကျဆင်းခဲ့ဘူးသည်ဟု ရည်ညွှန်းကြသည်။

“ ဈေးကျနေပေမယ့် ရောင်းတဲ့သူများတယ်” ဟု ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ  နိုင်ငံခြားငွေ ရောင်းဝယ်သူတဦး
က ဆိုသည်။

dollarထိုသို့ ဒေါ်လာဈေး ကျဆင်းမှုမှာ မည်သည့်အချိန်တွင် ရပ်မည်ကို ခန့်မှန်း၍ မရနိုင်သေးကြောင်းလည်း စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က သုံးသပ်သည်။

“အခြေခံတွေ ပြောင်းလဲသွားတယ်လို့ ယူဆတယ်၊ အခုက တယောက်ယောက်က ဈေးကစားတာမဟုတ်ဘဲနဲ့ အခြေခံကိုက ပြောင်းသွားတာပေါ့၊ အဲဒါက ဘယ်မှာ ရပ်မယ်လို့ ပြောလို့မရဘူး” ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ) က ပြောသည်။

၂ဝဝ၉ နှစ်ကုန်ပိုင်းမှ စတင်ကာ တစစ ကျဆင်းလာခဲ့သည့် ပြည်တွင်း ဒေါ်လာဈေးမှာ ဇွန်လ အတွင်း ကျပ် ၇၅ဝ
အထိ ထိုးဆင်းသွားခဲ့ပြီး ပို့ကုန်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဌာနများ၊ ပြည်ပတွင် အလုပ် လုပ်ကိုင်သူများနှင့်
ပြည်တွင်းရှိ FEC လခစားများ ကမောက်ကမ ဖြစ်ခဲ့ရသည်။

ဒေါ်လာ ငွေလဲနှုန်း ကျဆင်းခြင်းမှုသည် မြန်မာ့စီးပွားရေးကို ရိုက်ခတ်မှုကြောင့် သမ္မတ ဦးသိန်းစိန်က စီးပွားရေး လုပ်ငန်းရှင်များကို သြဂုတ်လ ၁၇ ရက်နေ့ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

ဒေါ်လာဈေး ကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်မှုမရှိစေရန်နှင့် အလုပ်လက်မဲ့ ပြဿနာများ မဖြစ်ရန်
ပြည်ပပို့ကုန်လုပ်ငန်းများကို ပို့ကုန်ခွန် မကောက်ခံတော့ဘဲ အမြတ်ခွန် ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သြဂုတ်လ
၁၈ ရက်နေ့တွင် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
 
ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံသားများ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ၁ဝ ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းသို့ သြဂုတ်လ
၁၉ ရက်နေ့မှ စတင်ကာ ခြောက်လတာ လျှော့ပေါ့ပေးရန်လည်း ပါဝင်သည်။

ပို့ကုန်ခွန်များကင်းလွတ်သော်လည်း ဒေါ်လာဈေး ကျဆင်းသည့်ဒဏ်ကို ခံနေရဆဲပင်ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းများ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

“စက်ရုံတွေမှာက အလုပ်တွေလည်း ရှိပါတယ်။ ဒါပေမယ့်  အလုပ်သမားတွေကို ရှင်းပေးစရာ ပိုက်ဆံမရှိဘူး
ဖြစ်နေတယ်။ ပိတ်ပစ်လို့ မဖြစ်တော့ ဒီလိုပဲ စခန်းသွားနေကြရတယ်၊ ” ဟု ဦးမြင့်စိုးက ပြောသည်။ ဒေါ်လာဈေး
နှင့် ချိတ်ဆက်နေသည့် FEC မှာလည်း တယူနစ်လျှင် ကျပ် ၆၂ဝ ပေါက်ဈေးရှိသည်။

ယခုကဲ့သို့ ဒေါ်လာဈေးကျဆင်းခြင်းမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့်လည်း ဆက်နွယ်သည့် အကြောင်းတရပ်
ဟု ဦးခင်မောင်ညို(ဘောဂဗေဒ) ကဆိုသည်။

“ကမ္ဘာမှာက ရွှေဈေးတက်ရင် ဒေါ်လာက ကျလာတယ်လေ။ အဲဒီအချက်ကလည်း အတိုင်းအတာတခုထိ ပါတာပေါ့” ဟု ဦးခင်မောင်ညိုက ပြောသည်။

ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း ဒေါ်လာပေါက်ဈေး ဆက်တိုက် ကျလာသဖြင့် မြန်မာ့ရွှေဈေး ထင်သလောက်
ဈေးမတက်နိုင်ဟု ရွှေဆိုင်များက ပြောသည်။

လွန်ခဲ့သည့် ၂ ရက်ခန့်တွင် ကမ္ဘာ့ရွှေဈေး ကမ္ဘာ့ရွှေဈေး တအောင်စ (၁ ဒဿမ ၇၆ ကျပ်သား) လျှင် ဒေါ်လာ
၁၈၅ဝ ခန့် ပေါက်ဈေး ရှိနေချိန်တွင် ရန်ကုန်ရွှေဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇ သိန်း အထက်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာသဖြင့် တနင်္လာနေ့တွင် ကမ္ဘာ့ရွှေဈေး  ဒေါ်လာ ၁,၈၇ဝ အထိ မြင့်တက်သွာခဲ့သော်လည်း  အခေါက်ရွှေ တကျပ်သားလျှင် ၆၈၈,ဝဝဝ ကျပ်သာ ဈေးဖွင့်ခဲ့သည်။ 

သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးမြင့်က တနင်္ဂနွေနေ့တွင် ပြီးဆုံးသွားခဲ့သည့် ၃ ရက်တာ အမျိုးသား
အဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးမှု အလုပ်ရုံဆွေးနွေးပွဲတွင်လည်း “ မြန်မာငွေလဲနှုန်းကိစ္စ” ခေါင်းစဉ်ဖြင့် စာတမ်း
တင်သွင်း ဖတ်ကြားခဲ့သေးသည်။ လက်ရှိ တရားဝင် ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ
ခြောက်ကျပ်မျှသာ ဖြစ်သည်။

လာမည့် အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ပညာရှင်များ
လာရောက် ကာ ငွေလဲနှုန်းများကို ပြုပြင်ရန် ဆောင်ရွက်ရန်အတွက် နည်းလမ်းရှာအကူညီပေးမှာဖြစ်သည်။

မြန်မာ့စီးပွားရေး အကျပ်တည်း အချို့ဖြစ်ခဲ့ဟု သမ္မတ ဦးသိန်းစိန်ပြော

မြန်မာ့စီးပွားရေး အကျပ်တည်း အချို့ဖြစ်ခဲ့ဟု သမ္မတ ဦးသိန်းစိန်ပြော



ချင်းမိုင် (မဇ္ဈိမ) ။      ။ ကမ္ဘာ့စီးပွားရေး ရိုတ်ခတ်မှုက မြန်မာ့စီးပွားရေးတွင် အကျပ်အတည်းအချို့ ဖြစ်ပေါ်လာခဲ့ သည်ဟု သမ္မတဦးသိန်းစိန်က တနင်္လာနေ့က ပြောကြားသွားသည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပုံမှန် အစည်းအဝေး စတင်သောနေ့တွင် သမ္မတက မိန့်ခွန်း ပြောကြား
သွားရာတွင် "နိုင်ငံတကာ ငွေကြေးစနစ်များရဲ့ မတည်ငြိမ်မှု၊ ကမ္ဘာ့စီးပွားရေး အခြေအနေ ယိမ်းယိုင်နေမှုစတဲ့
External Factor များကြောင့်လည်း ပြည်တွင်း စီးပွားရေးအပေါ် ရိုတ်ခတ်မှုများ ဖြစ်ပေါ်နေပါတယ်။ ဒီလိုဆက်နွယ်
ဖြစ်ပေါ်မှုများအရ ကျနော်တို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေမှာ အကျပ်အတည်းအချို့ ဖြစ်ပေါ်လာခဲ့တာတွေ
လည်း ရှိပါတယ်” ဟု ထည့်သွင်းပြောကြားသွားသည်။

ထို့အပြင် မြန်မာနိုင်ငံ နေရာအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှု၏ အကျိုးဆက်ကြောင့် စပါးခင်းများ ပျက်စီးခြင်းဖြစ်မှုကိုလည်း အသိအမှတ်ပြုပြောကြားသွားသည်။
theinseninandtwopre
ကမ္ဘာ့စီးပွားရေး ရိုတ်ခတ်မှုက မြန်မာ့စီးပွားရေးတွင် အကျပ်အတည်းအချို့ ဖြစ်ပေါ်လာခဲ့သည်ဟု သမ္မတဦးသိန်းစိန် ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

“အစိုးရအနေနဲ့ တောင်သူလယ်သမားများ ထုတ်လုပ်မှုစားရိတ် လွတ်ကင်းစေရန်လည်း ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းပြီး ကူညီပံ့ပိုးမှုများ ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ပါရှိသည်။

ယနေ့တွင် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်ရာတွင် မြန်မာကျပ်ငွေဈေးမှာ ၆၈ဝ ကျပ်နှုန်းဖြင့် စံချိန်တင်
 မြင့်တက်နေချိန်လည်းဖြစ်သည်။ ဒေါ်လာပေါက်ဈေး ကျဆင်းခြင်းက ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်း၊ နိုင်ငံခြားငွေနှင့် လစာရရှိသူများ ပြည်ပတွင် အလုပ်သွားလုပ်နေသူများ၏ "အိမ်ပြန်ပို့ငွေ" များ ကျဆင်း ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ပြောကြားသွားရာတွင် "ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်
ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကို အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ကာ ကျနော်တို့ရဲ့ မှန်ကန်တဲ့ စေတနာကို ထုတ်ဖေါ်ပြသလျက်ရှိပါတယ်" ဟု ပါရှိသည်။



ယင်းအပြင် ကြိုးနီစနစ်တွေ ဆက်လက် ဆွဲကိုင်ထားသူများနှင့် တာဝန်သိမှု တာဝန်ယူမှုကင်းမဲ့ပြီး အဂတိ လိုက်စားမှု များကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကာ ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်းနှင့်၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူလိုကြောင်းလည်း  ထည့်သွင်းပြောသွားသည်။

ပြည်တွင်းမီဒီယာများနှင့် နိုင်ငံခြားသတင်းထောာက်များ ပထမဆုံးတက်ရောက်ခွင့်ရခဲ့သည့် အစည်းအဝေးတွင်
 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း မီဒီယာများ၏ ဝေဖန်မှုများကို ခံယူသွားမည်ဟု ထုတ်ဖေါ်ပြောကြားသွားသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော်မတီပေါင်း ၁၉ ခု ကိုဖွဲ့စည်းရန် လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းမှ အဆိုပြုတင်သွင်းခဲ့သည်။

ယင်းကော်မတီများမှာ နိုင်ငံသားများ၏ မူလ အခွင့်အရေး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ကော်မတီ၊ တိုင်းရင်းသား
များ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ နိုင်ငံတကာရေးရာ ကော်မတီ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီ၊ ယဉ်ကျေးမှုနှင့်
 ပြည်သူ့ဆက်ဆံရေးကော်မတီ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီ၊ ရင်းနှီးမြှပ်နှံမှုနှင့် စက်မှု ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ စသည့် ကော်မတီ ၁၉ ခုကို ဖွဲ့စည်းရန် အဆိုပြုတင်သွင်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းမှ အမြတ်ခွန်၊ တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်ခွန်၊ ဝင်ငွေခွန် စသည်တို့နှင့် ပတ်သက်သည့် ဥပဒေများကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် အဆိုပြုတင်သွင်းခဲ့သည်။

တနင်္လာနေ့ အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ် ၂၁၁ ယောက် တက်ရောက်ပြီး ပြည်သူ့လွှတ်တော်တွင် ၃၈၉ ယောက်တက်ရောက်ကာ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်အမတ် စုစုပေါင်း ၆ဝဝ တက်ရောက်ခဲ့သည်။

အင်္ဂါနေ့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ သီးခြားစီကျင်းပရန်ရှိပြီး သောကြာနေ့ တွင် လွှတ်တော်နှစ်ရပ်လုံးကို တပေါင်းတည်းပြန်လည်ခေါ်ယူယူဖွယ်ရှိကြောင်း လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။


လွှတ်တော် အစည်းအဝေးတက်ရောက်နေသည့် ပုံများ
သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ် :: ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို နေပြည်တော်တွင် တနင်္လာနေ့တွင် စတင်ခေါ်ယူရာ သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ်။ သမ္မတနှင့် ဒုတိယသမ္မတများ ဖြစ်ကြသော သူရဦးရွှေမန်းနှင့် ဒေါက်တာ စိုင်းမောက်ခမ်း တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပြည်သူ့လွှတ်တော် အတွင်းတွေ့ရစဉ် :: ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ယူမှုကို နေပြည်တော်တွင် တနင်္လာနေ့ သြဂုတ် ၂၂ ရက်၊ ၂၀၁၁ ခုနှစ်တွင် စတင်ပြုလုပ်သည်။ ဓာတ်ပုံ- မဇ္ဈိမ။ ပြည်သူ့လွှတ်တော် အတွင်းတွေ့ရစဉ် :: ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ယူမှုကို နေပြည်တော်တွင် တနင်္လာနေ့ သြဂုတ် ၂၂ ရက်၊ ၂၀၁၁ ခုနှစ်တွင် စတင်ပြုလုပ်သည်။ ဓာတ်ပုံ- မဇ္ဈိမ။ လွှတ်တော် ဆင်းလာသော အမတ်များ :: ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို နေပြည်တော်တွင် တနင်္လာနေ့ သြဂုတ် ၂၂ ရက်၊ ၂ဝ၁၁ ခုနှစ် စတင်ပြုလုပ် အပြီး လွှတ်တော် ဆင်းလာသော အမတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ လွှတ်တော် ဆင်းလာသော အမတ်များ :: ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို နေပြည်တော်တွင် တနင်္လာနေ့ သြဂုတ် ၂၂ ရက်၊ ၂ဝ၁၁ ခုနှစ် စတင်ပြုလုပ် အပြီး လွှတ်တော် ဆင်းလာသော အမတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ လွှတ်တော် ဆင်းလာသော အမတ်များ :: ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို နေပြည်တော်တွင် တနင်္လာနေ့ သြဂုတ် ၂၂ ရက်၊ ၂ဝ၁၁ ခုနှစ် စတင်ပြုလုပ် အပြီး လွှတ်တော် ဆင်းလာသော အမတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ လွှတ်တော် ဆင်းလာသော အမတ်များ :: ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို နေပြည်တော်တွင် တနင်္လာနေ့ သြဂုတ် ၂၂ ရက်၊ ၂ဝ၁၁ ခုနှစ် စတင်ပြုလုပ် အပြီး လွှတ်တော် ဆင်းလာသော အမတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

Burma holds second session of the Union Parliament