တရုတ် ဒုတိယသမ္မတ Xi Jinping
တရုတ် ဒုသမ္မတ ရှီကျင်းပင် (Xi Jinping) ဟာ အမေရိကန် နိုင်ငံကို လေးရက်ကြာခရီး လာရောက်နေပါတယ်။ သူဟာ အမေရိကန် သမ္မတအိမ်ဖြူကိုလည်း သွားရောက်ဖို့ ရှိပါတယ်။
ဒီနှစ်ကုန်လောက်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့အကြီးအကဲ ဖြစ်လာမယ်လို့ မျှော်လင့်ရတဲ့ ရှီကျင်းပင်ဟာ တနင်္လာနေ့မှာ အဲချိုင်းနား (Air China) ဂျက်လေယာဉ်နဲ့ ဝါရှင်တန်မြို့ပြင်က လေယာဉ်ကွင်းကို ဆိုက်ရောက်လာခဲ့ပါတယ်။ သူဟာ အင်္ဂါနေ့မှာ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) နဲ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
ပဋိပက္ခတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသခံတွေဆီ အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr.Vijay Nambia က တိုက်တွန်းလိုက်ပါတယ်။
By featured, ခင်ဦးသာ on February 14, 2012 3:19 pm
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲဖြစ်ရေး အစိုးရက ပြင်ဆင်ထားကြောင်း ဥရောပ ကော်မရှင်အား
သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။
ဥရောပ ကော်မရှင်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ မဟာမင်းကြီး Mr. Andris Piebalgs သည် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့စဉ် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတရေးအတွက် တိုက်တွန်းခဲ့ပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများကိစ္စ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ရိုက်တာ သတင်း၌ ရေးသားထားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း (ဓာတ်ပုံ - AP)
By featured, ဧရာဝတီ on February 14, 2012 5:40 pm
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတလျှင်
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စတင်စဉ်းစား နိုင်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။
ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Mr. Dirk Niebel နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့မနက် ၁၁ နာရီက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံအပြီး ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
Mr. Dirk Niebel နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ယနေ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
2012-02-13
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar က မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး လိုအပ်ချက်တွေဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု အားကောင်းလာဖို့ လိုတယ်လို့ ဒီကနေ့ ပြောဆိုပါတယ်။
courtesy of European Commission
2012-02-14
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဝန်ကြီး မစ္စတာ Dirk Niebel တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
ဂျာမန် ၀န်ကြီး မစ္စတာ Niebel က ကြားဖြတ် ရွေးကောက်ပွဲအပေါ် အီးယူနိုင်ငံတွေရဲ့မူဝါဒနဲ့ ပတ်သက်ပြီး မိမိဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အထူး အရေးကြီးကြောင်း ယုံကြည်ပါတယ်လို့ သတင်းထောက်တွေကို Mr. Niebel က ပြောသွားခဲ့ပါတယ်။
2012-02-13
လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ သာဓုကျောင်းတိုက်က ထွက်ခွာမယ့် ရွှေည၀ါ ဆရာတော် ဦးပညာသီဟဟာ မထွက်ခွာခင် ဆွမ်း ဒါယကာ ဒါယိကာမအပေါင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆွမ်းခံကြွရင်း နှုတ်ဆက်ဖို့ စီစဉ်ထားပါတယ်။
RFA
2012-02-13
အင်အားကြီးနိုင်ငံတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း တောရိုင်းဥပဒေ ကျင့်သုံးတတ်တဲ့အပေါ် သတိပြုကြဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ မိန့်ခွန်းမှာ ဖေါ်ပြထားပါတယ်။