သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, February 4, 2012

ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက်

မင်းသက် | စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၀ မိနစ်


ရန်ကုန် (မဇ္ဈိမ)။   ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက မဇ္ဈိမကို ပြောသည်။

သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေသည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေသည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

“ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့
ပြင်ဆင်နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီက သန်းခေါင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။

“ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်” ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု ပြောဆိုခဲ့သည်။

ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မျိုးသိဏ်း | စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၅၉ မိနစ်


(မဇ္ဈိမ) ။         ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပိုင်းကဏ္ဍအချို့သည် ပြည်သူလူထုအတွက် အကျိုးမရှိသည့်အတွက် ပြင်ဆင်ရမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့က
ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quitana နှင့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က နေအိမ်တွင် တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်။ (ဓါတ်ပုံ - မဇ္ဈိမ)

လူမှုရေးသူရဲကောင်း ဇနီးမောင်နှံ (ကျော်သူ)



လူမှုရေးသူရဲကောင်း ဇနီးမောင်နှံ (ကျော်သူ)


နာရေးဆိုလျှင် အများက မင်္ဂလာမရှိဘူး။ ရှောင်ရင်း၊ ရွံ့ရှာစရာအဖြစ် သတ်မှတ်ကြတယ်။ ကြောက်လန့်စရာဟု ထင်မြင်ကြပြီး ဝေးဝေး ပြေးကြပြန်တယ်။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-)(အောင်မိုးဝင်း )

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-) ကို ရေးနေရင်းက၊ ဖြည့်စွက်ချက် တခုကို ထည့်ပေးရတော့မယ် ဆိုတာ သဘောပေါက်ခဲ့ကြတယ်။ ဒီလိုထည့်ဖို့ရာ အကြောင်းဖန်လာခြင်းရဲ့အဓိကအကြောင်းရင်းကတော့  ကိုမိုးသီးဇွန် ဗဟိုကော်မတီ ရဲ့ ၁၉၉၂ ( မတ်လ) မှာ ထုတ်ဝေခဲ့တဲ့စာတစောင်နဲ့ သူ့ရဲ့ စရိုက်လက္ခဏ၊ ပြောဆိုနေမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂမှ ရဲဘော်များ နဲ့ မြောက်ပိုင်းဒေသမှ ထွက်ပြေးလွတ်မြောက်လာသူများ သေသေချာချာဖတ်စေချင်ပါတယ်။ ကျောင်းသားခေါင်းဆောင်လို့ ကြွေးကြော်နေတဲ့သူတွေဟာ မြောက်ပိုင်းဒေသမှာ နှိပ်စက်ဖမ်းဆီးခံခဲ့ရ၊ အသတ်ခံခဲ့ရတဲ့သူတွေအပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာ သိစေချင်လို့ပါ။
စာရဲ့ အဆုံးသတ်မှာ တင်ပြထားတဲ့ ဒေါက်တာနိုင်အောင်ရဲ့စာ ဟာ ဒီဆောင်းပါးရဲ့ အဓိကအချက်အလက် လို့ ပြောလိုက်ချင်ပါတယ်။

ကျွန်တော်အရွယ်ရောက်လူလားမြောက်ခဲ.ပြီ

by Tharchit Zaw on Saturday, October 1, 2011 at 11:03pm

အရွယ်ရောက်တယ်ဆိုတာဘာကိုပြောတာပါလဲဆိုတာခပ်ငယ်ငယ်တုန်းကမသိခဲ.
ရိုးအမှန်ပါ။လူကြီးတွေကလူငယ်တွေကိုပြောကြတယ်၊မင်းတို.အရွယ်ရောက်လာကြ
ပြီတဲ.
သည်စကားကိုခပ်ငယ်ငယ်ကတည်းကကြားဖူးခဲ.ပါတယ်၊အဓိပါယ်ဆိုလိုရင်းကို
တော.အတိအကျမသိခဲ.ရိုးအမှန်ပါပဲ၊

ဒါနဲ.ကိုယ်ချစ်ခင်လေးစားရတဲ.ဆရာသမားကိုမေးကြည်.တော.
အရွယ်ရောက်တယ်ဆိုတာ၊တနည်း အင်္ဂလိပ်လို mature ဆိုတာခန္ဒာကိုယ်ကြီးထွားဖွံ.ဖြိုးလာ
တာလောက်ကိုမဆိုလိုဘူးကွ၊
စိတ်ဓာတ်ရင်.ကျက်တည်ငြိမ်ပြီးအမှန်ကိုရှု.မြင်သုံးသပ်တပ်တဲ.စိတ်ထားရှိလာတာ
ကိုဆိုလိုတာပါတပည်.ရေတဲ.၊

သမိုင်းထဲရောက်သွားသော ၈၈ အရေးအခင်း

အလုပ်ထဲမှာ အသက်နှစ်ဆယ်ကျော်လူငယ်လေးတွေ အများကြီးတွေ့လာရတော့ ၈၈ အရေးအခင်းဟာ သမိုင်းထဲကိုဝင်စပြုနေပြီ ဆိုတာသတိထားမိလာတယ်။  သူတို့လေးတွေအတွက်  ၈၈ အရေးခင်းဟာ သမိုင်းတစ်ခုဖြစ်သွားပေမယ့် ၈၈ မှာလူရွယ်ဘဝပဲရှိသေးတဲ့  ကျွန်တော်တို့အတွက်တော့စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပါပဲ ။ အချိန်တွေက ကုန်လွယ်လိုက်တာ--------------။ 

      ၈၈ အရေးခင်းတုန်းက ကျွန်တော့အသက်က ၁၈ နှစ်ပါ။  ဆယ်တန်းကျောင်းသား  အထက ၃ သင်္ကန်းကျွန်း မှာကျောင်းတတ်ပါတယ်။ ကျွန်တော်တို့ကျောင်းက သင်္ကန်းကျွန်း ဘီအိုစီကွေ့ အရင်ဧရာဝတီရုပ်ရှင်ရုံ ဘေးကနေ သင်္ကန်းကျွန်းဘူတာဘက်ကိုအသွား  လမ်းချိုးလေးဘေးမှာတည်ရှိပါတယ်။ ပတ်ဝန်းကျင်ရပ်ကွက်မှာတော့ အိန္ဒိယနွယ်ဝင် ဟိန္ဒူမွတ်ဆလင် အများစုရှိတဲ့ရပ်ကွက်ပါ။
           xxx   xxx   xxx   xxx   xxx