မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ကိုဝိုင်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်၏ အမွှာအစ်ကို အန်ထော်နီ အဲရစ် သည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ GHRE သို့ တနင်္လာနေ့က သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။
By ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အသင့်ဖြစ်နေသလို စီးပွားရေးပြဿနာတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကတိတွေအတွက်လည်း အသင့်ဖြစ်နေပြီလို့ အမေရိကန်မှာရောက်နေတဲ့ တရုတ် ဒုသမ္မတ ရှီကျင်းပင်က အမေရိကန်ခေါင်းဆောင်တွေကို ပြောလိုက်ပါတယ်။
By featured, ဧရာဝတီ on February 15, 2012
သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှုနှင့် ပြုလုပ်နေသော မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ မှုများကို အားရကြောင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူ အညီများ ပေးသွားမည် ဖြစ်ကြောင်း
ဥရောပ သမဂ္ဂ(EU)က ပြောသည်။
EU ဖွံ့ဖြိုးရေး ကော်မရှင်နာ Andris Piebalgs နှင့် ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံစဉ်(ဓာတ်ပုံ - ဧရာဝတီ)
By featured, ဧရာဝတီ on February 15, 2012
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်သည် ပြည်သူလူထုနှင့် ပိုမို နီးစပ်ရန် လိုအပ်ပြီး တပ်မတော်နှင့် ပြည်သူ လက်တွဲပြီး
ဒီမိုကရေစီရရှိရန် ဆောင်ရွက် သွားလိုကြောင်း ယနေ့ ပြောဆို လိုက်သည်။
လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
By featured, WILLIAM BOOT / ဧရာဝတီ on February 15, 20121,
မြန်မာနိုင်ငံတွင် အထူးစီးပွားရေး ဇုန်များ၊ ဆိပ်ကမ်းများ၊ မီးရထားလမ်းများ၊ စက်ရုံများ၊ ပြည်တွင်းဝင်လာမည့် နိုင်ငံခြားခရီးသွား ဧည့်သည် ၅ သိန်းကျော် အစရှိသည်ဖြင့်
အောင်မြင်သော စီးပွားရေးတခုစီသို့ အရောက် လှမ်းမည့်အရေး တွင်တွင် ကျယ်ကျယ် ဆွေးနွေးပြောဆို နေကြချိန်တွင် အလွန်အရေးကြီးသော အရာတခု ကျန်နေသေးသည်။ ထိုအရာသည်ကား လျှပ်စစ်စွမ်းအင်ပင် ဖြစ်သည်။
ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းခွင် (ဓာတ်ပုံ - ဧရာဝတီ)
သေရေးရှင်ရေးဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ဖြစ်လာတဲ့ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှမညည်းဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦးလိုလူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲက ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့လူ ရှိကိုမရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေးအကျဉ်းသားတွေကိုကူညီတဲ့အလုပ်ကို ကိုယ့်အသိစိတ်နဲ့ ကိုယ် သတ္တိရှိရှိလုပ်ခဲ့တဲ့ သာယာဝတီ အင်န်အယ်လ်ဒီပါတီဝင် ဦးကျားကြီးလိုလူမျိုး မြန်မာပြည်မှာ တော်တော်ရှားပါတယ်။
By featured, ခင်ဦးသာ on February 15, 2012
တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည် အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များက
ဆွေးနွေး တောင်းဆိုကြကြောင်း သိရသည်။
၂၀၁၀ ပြည့် မတ်လ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ မြင်တွေ့ရသည့် တပ်မတော်သားများ (ဓာတ်ပုံ - AP)
By featured, ရန်ပိုင် / PATRICK BOEHLER on February 15, 2012 4,890ဧရာဝတီ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး လုပ်ကွက် တခုအဖြစ်သာ မရှုမြင်ရန် ပြောဆို
လိုက်သည်။
Southern People Weekly မဂ္ဂဇင်း မျက်နှာဖုံး