“ခါလီကရိုး” ကို အကြောက်ဆုံး
By featured, ဆလိုင်း ဟံသာစန်း on January 10, 2012 2:01 pm in ဆောင်းပါး /
“ကျမမှာ တီဘီရောဂါရှိမှန်း သိတဲ့အချိန်မှာ အိမ်ရှင်က နင်အိမ်အသစ်ရှာတော့ ဆိုပြီး အိမ်ပေါ်က နှင်ချလိုက်တယ်” လို့ ပြောလာသူက အိန္ဒိယနိုင်ငံ
နယူးဒေလီမြို့မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ ချင်းတိုင်းရင်းသူ မမောမောကြီး ဖြစ်ပါတယ်။
သူမဟာ နယူးဒေလီမြို့ ဗီကပ်စ်ပူရီ (Vikas Puri) နယ်မြေ ဘိုဒဲလား (Budella) ရပ်ကွက်ထဲက နေအိမ်တခုရဲ့ ဆယ်ပေပတ်လည် မွဲခြောက်ခြောက် အခန်းကျဉ်းလေးမှာ ငှားနေစဉ်မှာပဲ တီဘီရောဂါ ခံစားရလို့ ဆေးကုသနေချိန် ဒေသခံ အိန္ဒိယနိုင်ငံသား အိမ်ရှင်က အခုလို နှင်ချခံခဲ့တာပါ။
အမေရိကန် ကိုယ်စားလှယ်နှစ်ဦး ထပ်မံရောက်ရှိ
မြန်မာနိုင်ငံအတွက် အမေရိကန်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲ (ဓါတ်ပုံ မဇ္ဈိမ)
ကိုဝိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၄ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံအတွက် အမေရိကန်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် အထူးသံ လူးဝစ်ဆီဒါဘက်ကာတို့နှစ်ဦး နေပြည်တော်သို့ တနင်္လာနေ့က ရောက်ရှိ လာကြောင်း AFP သတင်းတပုဒ်တွင် ဖော်ပြသည်။