သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, March 4, 2012

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဟောပြောပွဲနေရာ ခွင့်မပြုသေး


 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော် ခရီးစဉ်အတွင်း လူထုမဲဆွယ်စည်းရုံးဟော ပြောမည့် နေရာနှင့်ပတ်သက်၍အာဏာပိုင်များ က ယခုအချိန်အထိ ခွင့်ပြုချက် မပေးသေးကြောင်း သတင်းရသည်။
(ဓာတ်ပုံ - ja.wikipedia.org)

ဒေါ်စု ဟောမယ့် တနင်္ဂနွေ စစ်ကိုင်းဝန်ထမ်းတွေ ရုံးတက်ရမည်


2012-03-03
စစ်ကိုင်းမြို့ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောမယ့် ဒီနေ့မနက်မှာ ရုံးပိတ်ရက် ဖြစ်ပေမယ့် စစ်ကိုင်းမြို့က ဝန်ထမ်းတွေ ရုံးမှာ အသင့်ရှိနေကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
မနေ့ မနက်ပိုင်းလောက် ကတည်းက တနင်္ဂနွေနေ့မှာ ဝန်ထမ်းတွေကို ဘယ်မှမသွားဘဲ ရုံးမှာ အဆင်သင့် နေပေးဖို့ ညွှန်ကြားထားတဲ့အကြောင်း မီးရထားဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးလူထု သိန်းနဲ့ချီပြီး ကြိုဆို


2012-03-03
ရန်ကုန်ကနေ တံတားဦးလေဆိပ်ကို လေယာဉ်နဲ့ ရောက်ရှိသွားတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သိန်းနဲ့ချီတဲ့ မန္တလေးတိုင်း လူထုက မိုးရွာနေတဲ့ ကြားထဲမှာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
demowaiyen